← Chapters

အပိုင်း(၄၃၆)

Vol. 30 Ch. 436

အပိုင်း(၄၃၆)

Vol. 30 Ch. 436

ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်ဖြစ်သူ ကျန်းခန်းမှာ သူ့အားတစ်စုံတစ်ယောက်က ရပ်တန့်ရန်အော်လိုက်သည်ကိုကြား

လိုက်ရသောအခါတွင်  သူ၏ဇတ်လမ်းနှင့် သူ့အားကာကွယ်မှုပေးရန်အတွက် သူတော်စင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးက ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟုထင်ခဲ့သည်။ အဘိုးအိုက ရှစ်ဖုန့်အားကြည့်လိုက်ချိန်တွင် ပျော်ရွှင်မှု၊ကျေးဇူးတင်မှုတို့ကသူ့မျက်နှာထက်တွင်ဖြစ်ပေါ်နေသည်။သို့သော် ရှစ်ဖုန့်၏စကားတို့အားကြားလိုက်ရပြီး

သောအခါတွင်သူ၏ အမူအယာမှာ ထပ်မံ၍ မှေးမှိန်မှုတို့ဖြစ်သွားရသည်။

သူကနှလုံးသားထဲမှနေ၍ သက်ပြင်းချလိုက်သည်။

“အားကွာ”

သို့သော် အဘိုးအို၏ အကြည့်တို့က နင်ချန်၏မျက်နှာပေါ်သို့ ကျရောက်လာသောအခါတွင် နင်ချန်အားခေါင်းညိမ့်ပြလိုက်ပြီး ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

နင်ချန်သည်လည်းအဘိုးအို၏ မျက်နှာထားကိုမြင်တွေ့ရပြီးကျေးဇူးတင်စကားတို့အားကြားလိုက်ရသည်။ ထို့နောက်သူက သူ့၏လက်တို့အားသမာသတ်ကျဟန်ဖြင့်

ဝေ့ယမ်းလိုက်ပြီး  ဖြောင့်မတ်သောမျက်နှာဖြင့် ပြောလိုက်သည်။

“ခင်ဗျားကျုပ်ကိုကျေးဇူးတင်စရာမလိုဘူး.. သူယုတ်မာကို ရှင်းထုတ်ပြီး မိစ္ဆာကို အပြစ်ပေးရတာက  ကျုပ်ရဲ့တာဝန်နဲ့  ဝတ္တရားပဲ..”

ဤနေရာအရောက်တွင် နင်ချန်က ရုတ်ခြည်းရပ်တန့်လိုက်သည်။ သူ၏အကြည့်တို့အား   မြစ်ကမ်းပါးပေါ်တွင်ရှိနေသော  ကျင့်ကြံသူအုပ်စုထံသို့ ဖြန့်ကျတ်ကြည့်လိုက်ပြီး ထပ်မံပြောလိုက်သည်။

“ခင်ဗျားတို့တွေလဲ မကောင်းတဲ့ကိစ္စတွေကိုလုပ်ခဲ့တယ်လို့ကျုပ်ကိုမပြောနဲ့နော်”

“ခင်ဗျားတို့တွေ မကောင်းတဲ့ကိစ္စတွေကို လုပ်ခဲ့ကြောင်းကျုပ်ကိုမပြောတာပိုကောင်းမယ်..မဟုတ်ရင်  ကျုပ်နင်ချန်က  ခင်ဗျားတို့ကို ကမ္ဘာအဆုံးထိလိုက်ဖမ်းရမယ်ဆိုရင်တောင်  အမဲလိုက်ရလိမ့်မယ်”

ချက်ချင်းဆိုသလို ဤအကျင့်ပျက်ကောင်၏ အသွင်အပြင်နှင့်မျက်နှာထားက သူ့အား သူယုတ်မာနှင့် မိစ္ဆာများအား အပြစ်ပေးရှင်းလင်းရန်မွေးဖွားလာခဲ့သော  တရားမျှတမှု၏  လူပုဂ္ဂိုလ်တစ်ဦးပုံစံဖြစ်သွားစေသည်။

“ဒီသောက် ဂေါက်ကြောင်ကောင်ကတော့ …သူက တကယ့် ပုဂ္ဂိုလ်တစ်ယောက်လို ဟန်ဆောင်နေသေးတယ်..”

ချီလင်ဘုရင်က အကျင့်ပျက်ကောင်နင်ချန်အားကြည့်လိုက်ပြီး  အထင်သေးစွာဖြင့် အသံတိုးတိုးပြောလိုက်သည်။

ခဏကြာပြီးနောက်တွင် ရှစ်ဖုန့်၏အကြည့်တို့က အဘိုးအိုကျန်းခန်းပေါ်သို့ ထပ်မံ၍ စူးစိုက်ရောက်ရှိလာသည်။ သူက အဘိုးအို၏ဘေးသို့လျှောက်သွားပြီး အလွန်တိုးသောအသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီ ..ခင်ဗျားအခုပျံသန်းပြီးကြိုးစားလို့ရပြီ.

.မှတ်ထားပါ..သတိထားဂရုစိုက်ပြီးတော့ ဘာဆူညံသံကိုမှ မပြုလုပ်မိစေနဲ့”

“ကောင်းပြီ”

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးသည့်နောက်တွင်  ကျန်းခန်းက လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိမ့်လိုက်သည်။ သူသေမလားရှင်မလားဆိုသည့်ရလဒ်ကိုကား မကြာမီအချိန်အတွင်းသိရလိမ့်မည်ဖြစ်သည်။

ထို့နောက်မကြာခင်တွင်  ကျန်းခန်း၏ ပုံရိပ်မှာလှုပ်ရှားသွားပြီး   အနက်ရောင်မြစ်ထံသို့ပျံသန်းသွားလိုက်သည်။ သို့သော် ကျန်းခန်းမှာရှစ်ဖုန့်၏ ညွှန်ကြားချက်များအတိုင်းလိုက်နာပြီး အရမ်းကိုဂရုစိုက်သတိထားသည်ဖြစ်သည်။ သူက ဘာဆူညံသံကိုမှ မပြုလုပ်ခဲ့ပဲ  လမ်းတစ်လျှောက်တွင် ဘာ အန္တရာယ်ကိုမှလည်းမတွေ့ခဲ့ပေ။ သို့သော်မကြာခင်တွင်  ကျန်းခန်း၏ပုံရိပ်မှာ သိပ်သည်းသောမီးခိုးဖြူရောင်မြူများအတွင်းဖုံးကွယ်သွားသည်။

ကျန်းခန်းမှာ  အနက်ရောင်မြစ်အတွင်းသို့ပျံသန်းသွားသော တတိယမြောက်လူဖြစ်သည်။ သူသည် ဂရုစိုက်မှုအရှိဆုံးသောသူလည်းဖြစ်သည်။သူက အဝေးဆုံးသို့ပျံသန်းသွားနိုင်ခြင်းနှင့်  မီးခိုးဖြူရောင်မြူခိုးများ ဖုံးလွှမ်းသွားပြီးသည့်နောက် အခြားသူများ၏ မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားနိုင်သော ပထမဆုံးသူလည်းဖြစ်သည်။

အချိန်များပို၍ကုန်ဆုံးသွားသည်။ ဤအကြိမ်တွင် အနက်ရောင်မြစ်မှာ  တည်ငြိမ်မြဲတည်ငြိမ်နေဆဲဖြစ်သည်။  ဘာစိတ်မချမ်းမြေ့ဖွယ်အော်ဟစ်သံ

ကိုမှကြားရခြင်းမရှိသလို  ကြီးမား‌သော ဘာရေပွက်သံကိုမှလည်း  မကြားရပေ။ ကျန်းခန်းလေကိုထိုးခွင်းပျံသန်းသွားသော အမြန်နှုန်းအားအခြေခံ၍   အနက်ရောင်မြစ်အားသူ့အနေဖြင့် ဖြတ်သန်းပြီး ဖြစ်သင့်သည်ဖြစ်သည်။

“ဘာလှုပ်ရှားမှုမှမရှိဘူး.. ဘာလှုပ်ရှားမှုမှ လုံးဝရှိမနေဘူး..  အဘိုးကြီး မြစ်ကိုတကယ်ဖြတ်ကူးသွားတာများဖြစ်နေနိုင်မလား”

“အဲ့လိုပဲဖြစ်လိမ့်မယ်..  ငါတို့တွေ ဂရုတစိုက်နဲ့ ဘာသံမှထွက်အောင် မလုပ်ပဲနေရင်  မြစ်အတွင်းမှာရှိတဲ့ တည်ရှိမှုက ငါတို့ကို သတိမပြုမိတာဖြစ်နိုင်လောက်တယ်”

“ဟုတ်တယ်…အဲ့လိုပဲဖြစ်လိမ့်မယ်… မြစ်ကိုအခုပဲဖြတ်ကူးကြစို့”

“နေအုံး”

များစွာသောကျင့်ကြံသူများက   မြစ်အားဖြတ်ကူးတော့မည့်အချိန်တွင်   အနက်ရောင်မြစ်အားကြည့်နေဆဲဖြစ်သော

ရှစ်ဖုန့်က  သူ၏ညာလက်အားဆန့်ထုတ်လိုက်ပြီး ၎င်းတို့အား တားဆီးလိုက်သည်။ ထို့နောက် ရှစ်ဖုန့်က လှည့်လိုက်ပြီး   ကျင့်ကြံသူများအားအေးစက်စွာကြည့်

လိုက်သည်။

“မင်းတို့နောက်မှဖြတ်..ဒီသခင်လေးတို့

အရင်သွားမယ်”

“ဘာလို့လဲ..ဘာလို့ငါတို့က  မင်းတို့ကို အရင်သွားခိုင်းရမှာလဲ…မြစ်အတွင်းက တည်ရှိမှုက  အခုအိပ်မောကျနေတာဖြစ်လောက်တယ်..ငါတို့အခုမသွားရင်  နောက်ကြ အဲ့တာနိုးလာလိမ့်မယ်”

ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ဦးက မကျေနပ်စွာဖြင့်ပြောလိုက်သည်။

“ဟုတ်တယ်….”

၎င်းနောက်မှလိုက်ပါ၍ ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးကလည်း ငြင်းဆိုလိုက်သည်။ သို့သော်  စကားလုံးနှစ်လုံးတည်းသာပြောပြီးချိန်တွင်   ပြောနေခြင်းအားသူ့ကိုယ်သူ အတင်းအကျပ်ရပ်တန့်ပစ်လိုက်သည်။

ထို့နောက်သူတို့အားလုံး စကားပြောနေခြင်းရပ်တန့်သွားသည်။

အဘယ့်ကြောင့်ဆိုသော်  အေးစက်သောမျက်နှာနှင့်လူငယ်က ညာလက်ကိုဆန့်ထုတ်ပြီး  အစောပိုင်းကစကားပြောခဲ့သော ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ် ကျင့်ကြံသူ၏ မျက်နှာအား ဆုပ်ကိုင် လိုက်သည်ကိုသူတို့မြင်တွေ့

လိုက်ကြရသောကြောင့်ဖြစ်သည်။

ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ် တစ်ယောက်ဖြစ်သော်လည်း လူငယ်၏ရှေ့မှောက်တွင်သူ့အနေဖြင့်  ခုခံရန်ဘာခွန်အားမှရှိမနေချေ။လူငယ်ကသူ၏မျက်နှာအားဆုပ်ကိုင်ထားပြီးသူ့အားမြေပြင်ပေါ်မှ ဆွဲမြှောက်လိုက်သည်။

ထို့နောက် ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်၏  ဒွာရငါးပေါက်မှ  သွေးတန်းငါးခုထွက်လာပြီး  လူငယ်၏လက်ဖဝါးအတွင်း ဝင်သွားသည်ကို လူအုပ်မှာ ထိတ်လန့်စွာဖြင့်စောင့်ကြည့်နေကြရ၏။ ကျင့်ကြံသူ၏ခန္ဓာကိုယ်မှာ ကျောက်ချင်းယွင်၏ အလောင်းကဲ့သို့ လျှင်မြန်စွာရှုံ့တွသွားပြီး  မံမီ အလောင်းတစ်ခုဖြစ်လာသည်။

ရှစ်ဖုန့်က ရှုံ့တွနေသောအလောင်းအား အမှိုက်တစ်ခုကဲ့သို့ ပစ်ထုတ်ပစ်လိုက်သည်။ သူက ကျင့်ကြံသူများအားအေးစက်စွာထပ်မံကြည့်လိုက်ပြီးပြောလိုက်သည်။

“တစ်မိနစ်…ဒီတစ်မိနစ်အတွင်း  ဒီသခင်လေးတို့တွေမြစ်ကိုဖြတ်ကူးမယ်… မင်းတို့တွေ ငါပြောတာကို မလိုက်နာပဲ နေရဲတယ်ဆိုရင်  ခုဏကအဲ့လူက မင်းတို့အတွက် ဥပမာပဲ”

ရှစ်ဖုန့်က ဤစကားများအားပြောပြီးသည့်နောက် ကျင့်ကြံသူများအား အေးစက်စွာထပ်မံကြည့်လိုက်သည်။သူ့အားမည်သူကမျှ ငြင်းဆိုခြင်းမပြုသည်ကိုတွေ့ရပြီး  ၎င်းတို့ထဲမှ အချို့ဆိုလျှင်  သူကြည့်လိုက်သောအခါ၌ သူ၏ မျက်လုံးတို့အား လွှဲရှောင်လိုက်ကြသည်။

ထို့နောက် ရှစ်ဖုန့်က သူ၏အကြည့်ကိုရုတ်သိမ်းပြီး  ချီလင်ဘုရင်နှင့် နင်ချန်တို့အားပြောလိုက်သည်။

“သွားစို့”

“အင်း”

“ကောင်းပြီ”

ချီလင်ဘုရင်နှင့် နင်ချန်တို့ခေါင်းညိမ့်လိုက်သည်။ ထို့နောက်  သူတို့သုံးယောက် လှည့်လိုက်ပြီး   အနက်ရောင်မြစ်ထံသို့ ပျံသန်းသွားလိုက်သည်။ ပင်ကိုယ်အားဖြင့်ပင် သူတို့သုံးယောက်မှာ အရမ်းကိုဂရုစိုက်ပြီး  ပျံသန်းနေချိန်တွင် ဘာဆူညံသံမှထွက်အောင်ပြု

လုပ်ခြင်းမရှိကြပေ။

ယွဲ့ဝူရှန့်မှာ  အစီအရင်အတွင်း၌ ပိတ်မိနေဆဲဖြစ်ပြီး  သူမသေသည်ရှင်သည်အား မည်သူကမျှမသိကြချေ။ ထို့ကြောင့်  ရှစ်ဖုန့်က သူမအတွက် ဥပမာပြုလုပ်ကာ မြစ်ကိုဖြတ်ကူးရန်လက်ဦးမှုရယူလိုက်ခြင်းဖြစ်သည်။  သတိပေးမှုအားပြုလုပ်ပြီးသည့်နောက်  မည်သူကမှ သူတို့နှင့်အတူ မြစ်အားဖြတ်ကူးရဲခြင်းမရှိကြချေ။

အကယ်၍  သူနှင့်အတူ မြစ်အားဖြတ်ကူးသောသူက ဆူညံသံတစ်ခုအားပြုလုပ်မိပြီး  မြစ်အတွင်းရှိတည်ရှိမှုအား စွဲဆောင်ကာ  သူတို့၏အသက်အား တစ်ပါးသူ၏လက်အတွင်း၌ ထားရခြင်းကိုပြုလုပ်ရလိမ့်မည်ကိုမည်သူကသိနိုင်ပါမည်နည်း။ ယင်းမှာ အမျှော်အမြင်မရှိသော လုပ်ဆောင်ချက်ဖြစ်သည်။ သူသေ၍မရပေ။ ဝူရှန့်ကသူ့အားသူမကိုကယ်တင်ရန်အ

တွက်စောင့်နေပြီး  ဟုန်ယွဲ့ကလည်း သေခြင်းတားမြစ်နယ်မြေမှ နတ်ဘုရားဆေးပင်အားရှာဖွေကာ

သူမအားကယ်တင်ပေးရန်အတွက်သူ့ကို

စောင့်ဆိုင်းနေသည်ဖြစ်သည်။

ကျင့်ကြံသူအုပ်စုမှာ ရှစ်ဖုန့်နှင့်အခြားသောသူများ အနက်ရောင်မြစ်အတွင်းပျံသန်းသွားသည်ကို တိတ်ဆိတ်စွာကြည့်နေကြသည်။ ရှစ်ဖုန့်၏ သတိပေးမှုအောက်တွင် ဤတစ်မိနစ်အတွင်းမည်သူကမျှ  မြစ်အား ဖြတ်ကူးရဲခြင်းမရှိကြချေ။ ကျင့်ကြံသူတစ်ဦးမှာ ဒေါသထွက်နေသော်လည်း သူ၏ဘေးတွင် ကြယ်လေးပွင့်သူတော်စင်နယ်ပယ်

ကျင့်ကြံသူရှိနေသောကြောင့် အသံထွက်ရဲခြင်းမရှိပေ။ဤကျင့်ကြံသူမှာ  အဖြူရောင်ဆံပင်နှင့်အဘိုးအိုဖြစ်ပြီး   နီကြင်ကြင်အသားအရေရှိသည်။ သူက ကြယ်လေးပွင့်သူတော်စင်နယ်ပယ်

ကျင့်ကြံသူဖြစ်ပြီး ဤနေရာတွင် ကျင့်ကြံမှုအဆင့်အမြင့်ဆုံးသူဖြစ်သည်။

“စီနီယာ..စီနီယာရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဘာလို့ အစောက အဲ့မောက်မာတဲ့လူကိုမတားတာလဲ..”

ဒေါသထွက်နေသော်လည်း စကားပြောရဲခြင်းမရှိသောကျင့်ကြံသူက မေးလိုက်သည်။

ထို့နောက် များစွာသောလူများက ကြယ်လေးပွင့်သူတော်စင်နယ်ပယ်၏ ပြောစကားကိုနားစွင့်လိုက်ကြသည်။ အဘိုးအိုကပြောလိုက်သည်။

“အဲ့လူငယ်က ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ဦးပဲ..ငါ့မျက်လုံးထဲမှာ သူက ဘာမှမဟုတ်ဖူး..ငါကြောက်တာက အဖြူရောင်နဲ့လူငယ်ကို.. ငါတောင်မှ သူ့ရဲ့ကျင့်ကြံမှုအဆင့်ကို ဖောက်မမြင််နိုင်ဘူး.. မင်းတို့လိုပဲငါလည်း သူ့ကို ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်

ကျင့်ကြံသူအဖြစ်ပဲ မြင်ရတာ”

“ဘာ.. အဲ့လူငယ်ကလေ..စီနီယာတောင်မှလား.. သူ့အသက်က ဘယ်လောက်မို့လဲ..သူကအရမ်းငယ်သေးတယ်.. သူက ဘယ်ကျင့်ကြံမှုအဆင့်ကိုရောက်နေတာလဲ”

အဘိုးအို၏စကားအားကြား

လိုက်ရသောအခါတွင် ကျင့်ကြံသူတစ်ယောက်က အလန့်တကြားအော်ပြောလိုက်သည်။

“ငါမသိဘူး.. သူကငါတို့ထက်အများကြီး ပိုအစွမ်းထက်တယ်.. သူက အစစ်အမှန်ပါရမီရှင်တစ်ဦးပဲ..

သူ့ရဲ့အနာဂတ်အောင်မြင်မှုတွေက စိတ်ကူးလို့မရနိုင်အောင်ရှိလိမ့်မယ်.”

အဘိုးအိုက မြစ်အားဖြတ်ကူးနေသောလူသုံးယောက်မှ အဖြူရောင်နှင့်လူငယ်အားကြည့်ကာ သက်ပြင်းချလိုက်သည်။

သူက သူ၏တစ်ဘဝလုံးတွင် သတိနှင့်နေခဲ့ပြီး မသေချာသည့် ဘာအရာကိုမှ လုပ်ဆောင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် ပင်ကိုယ်အားဖြင့်သူသည် ရှစ်ဖုန့်နှင့်နင်ချန်တို့သုံးယောက်အား ရှေ့ထွက်၍ တားဆီးရဲခြင်းမရှိပေ။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters