မင်းက ထိပ်သီးတာအိုဂိုဏ်းနဲ့ မသင့်တော်ဘူး
Vol. 37 Ch. 511
“ကြားတာတော့ ယုံရင်အင်မော်တယ် နယ်မြေရဲ့ ကောင်းကင် ဧကရာဇ်က ယူသွားတာတဲ့။ နတ်ဆိုး စန္ဒာအင်မော်တယ် ကျောင်းတော်ရဲ့ ဂူက ဒဏ်ရာ,အပြင်းအထန်နဲ့ ထွက်ပြေး သွားရတယ်။ ကောလာဟလတွေ ထဲမှာတော့ ဂူထွက်မပြေးခင် ယုံရင်အင်မော်တယ် နယ်မြေ ကောင်းကင် ဧကရာဇ်ရဲ့ ကိုယ်လုပ်တော် တစ်ယောက်ကို ဖမ်းသွား နိုင်လိုက်တယ်တဲ့ ”
တုံ့ဟွားလုံက သူ့အလုပ်ကို တာဝန်ကျေအောင် လုပ်ပေသည်။ လမ်းပေါ်မှ ကြားရသည့် ကောလာဟလတွေပါ ထည့်ပြောပြလေ့ ရှိ၏။
မိုဝူကျီက ဆက်မေးတော့မည့်ဆဲဆဲတွင် မိုဝူကျီတို့ ရှိရာနှင့် မျက်နှာချင်းဆိုင် လမ်းဘက်၌ လူအုပ်လိုက်ကြီး ရောက်ရှိလာသည်။ ရောက်ရှိလာသည့် ရှစ်ယောက်လောက်ထဲမှ နှစ်ယောက်ကိုသာ မိုဝူကျီ မှတ်မိလေသည်။ တစ်ယောက်မှာ ယန်းယဲ့၏ နာမည်ခံ ဇနီးဖြစ်သည့် မုရုန်ရှန်းယွီ ဖြစ်နေပြီး နောက်တစ်ယောက်မှာ မုရုန်ရှန်းယွီ နောက်မှ အနီးကပ် လိုက်ပါလာတတ်သည့် ချောင်းချန်ယန် ဖြစ်၏။
လက်ရှိ၌ ချောင်းချန်ယန်မှာ နောက်တွင် ရှိနေပြီး မုရုန်ရှန်းယွီက အဆင့်မြင့်ဟန် ပေါက်သည့် ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် အတူတူ ရှေ့မှ လျှောက်လှမ်းလာသည်။ ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးတွင် ပြတ်သားသည့် သွင်ပြင်ရှိလေ၏။ အားလုံးက ထိုသူမှာ လျှပ်စီးဝိညာဉ်ကြော ပိုင်ရှင်မှန်း ပြောနိုင်ကြပေသည်။ အကြောင်းမှာ သူ့တစ်ကိုယ်လုံးကို သိပ်သည်းသော လျှပ်စီးဓာတ်များ လွှမ်းခြုံထား၍ ဖြစ်သည်။ ထိုစဉ် ထိုသူမှာ မုရုန်ရှန်းယွီနှင့် စကားပြောရင်း ပြုံးရယ်မောနေသည်။
ထိုအပြုံးများမှာ ယခင် ချောင်းချန်ယန် တစ်ယောက် မုရုန်ရှန်းယွီနှင့် စကားပြောနေစဉ် ဖြစ်ပေါ်လာတတ်သည့် အပြုံးမျိုး ဖြစ်ပေသည်။
“အစ်ကိုကြီး ..... ရှေ့က ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်က ဂူကျိကျန်းတဲ့ ... သူက မဟာဗောဓိ အင်မော်တယ်နယ်မြေ လျှပ်စီးဂိုဏ်းရဲ့ ကြယ်ရှစ်လုံး ပါရမီရှင်လေ။ တကယ်လို့ သူက ကျိုးပျက်ကမ္ဘာကို မသွားဘူးဆိုရင် မဟာယီရှန်း အဆင့် ရောက်နေလောက်ပြီ။ ဒီပါရမီရှင်တွေက ကျုပ်တို့ဆီ လာနေတယ် ... ကျုပ်တို့တွေ ...”
တုံ့ဟွားလုံက မိုဝူကျီ နားကပ်ကာ သတိတကြီး ပြောပြလိုက်သည်။
တုံ့ဟွားလုံက လမ်းရှောင်ရန် အကြံ ပေးချင်သော်လည်း သူ့အစ်ကိုကြီးမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲ ဖြစ်နေပြီ ဖြစ်ရာ ထိုအဆင့်အတန်းမှာ ပါရမီရှင် တစ်ယောက်ထပ် သာသောကြောင့် သူတို့က လမ်းဖယ်ပေးရန် မလိုအပ်ပေ။
မိုဝူကျီက ချောင်းချန်ယန် အကြည့်တို့မှာ မုရုန်ရှန်းယွီ၏ ခန္ဓာအပေါ် ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်။ ဂူကျိကျန်းက ချောင်းချန်ယန် ကိုယ်စား အစားထိုး ခံရသည်ကို မြင်၍ ရယ်ချင်မိလာသည်။ မုရုန်ရှန်းယွီ မျက်လုံးထဲ၌ လက်ရှိ ချောင်းချန်ယန်မှာ သူမအနေဖြင့် ချောင်းချန်ယန် အတွက် ထားပစ်ခဲ့သည့် ယန်းယဲ့အလား ဖြစ်နေကြောင်း ခန့်မှန်းမိသည်။
ထိပ်သီးတာအိုဂိုဏ်းမှ အမျိုးသမီးများမှာ အမှန် နှလုံးသား မဲ့ကြသည်။ သာမန် အမျိုသမီး တစ်ယောက်က ဤသို့သော အခြေအနေမျိုးတွင် ချောင်းချန်ယန်၏ တန်ဖိုးကိုတော့ ထည့်စဉ်းစား ပေးလိမ့်မည်။ အကယ်၍ သူမက ချောင်းချန်ယန်နှင့် ရှေ့ဆက်မတိုးရန် ရည်ရွယ်ထားလျှင်ပင် သူမအနေဖြင့် ရံဖန်ရံခါ စကားလေးပြောပြီး သူကို သူတို့ရှေ့ သွားခွင့်လေး ပေးသင့်ပေသည်။
တုံ့ဟွားလုံက သူ့စကား မဆုံးလိုက်သော်လည်း မိုဝူကျီက နားလည်သောကြောင့် ပခုံးကို ပုတ်ပေးရင်း ပြောလိုက်သည်
“ငါတို့တွေ ဘေးဖယ်လိုက်ပေးပြီးတော့ ပါရမီရှင်တွေကို အရင် သွားခိုင်းလိုက်ကြတာပေါ့”
သူ့အကြီးအကဲ အဆင့်အတန်းမှာ တခြားလူများကို အနိုင်ကျင့်ဖို့ရာ မဟုတ်ပေ။ သူ့ကိုသူ ကာကွယ်ဖို့အတွက်သာ ဖြစ်ပေသည်။ မိုဝူကျီက ဤပါရမီရှင်များနှင့် ပတ်သက်နေရလောက်အောင် အထိ ပျင်းရိမနေပေ။
“ယန်းယဲ့လား ... ဒီမှာ ဘာလုပ်နေတာလဲ”
မုရုန်ရှန်းယွီက နောက်အမျိုးသားနှင့် လုံးဝ ချစ်ကျွမ်းဝင် နေသည်လည်း မဟုတ်သလို ယန်းယဲ့ကိုလည်း လုံးဝ မေ့မပစ်နိုင်သေးပေ။ သူမက မိုဝူကျီကို လမ်းပေါ် တွေ့သည့်အခါ ရပ်ကာ မျက်မှောင်ကြုတ်ရင်း ချက်ချင်း မေးလိုက်သည်။
မုရုန်ရှန်းယွီက ရပ်လိုက်သောကြောင့် ဂူကျိကျန်းက အားလုံးကို ရပ်လိုက်စေပြီး မုရုန်ရှန်းယွီနှင့် ယန်းယဲ့ကို စိတ်ဝင်တစား ကြည့်နေကြသည်။
“ရှန်းယွီ ဒီအမျိုးသားက ဘယ်သူလဲ”
ဂူကျိကျန်းက မုရုန်ရှန်းယွီကို မိုဝူကျီအား စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။
မုရုန်ရှန်းယွီက အေးဆေး ဖြေလိုက်သည် “သူက ကျမရဲ့ နာမည်ခံခင်ပွန်း ”
“ဪ ...”ချောင်းချန်ယန်မှ လွဲ၍ အခြားသော ပါရမီရှင်များက မုရုန်ရှန်းယွီ၏ စကားကို ကြားသောအခါ မိုဝူကျီနှင့် မုရုန်ရှန်းယွီကို တုန်လှုပ်တကြီး ကြည့်လိုက်ကြသည်။
မိုဝူကျီ၏ မျက်နှာမှာ အမာရွတ်များဖြင့် ပြည့်နေပြီး အားလုံးက တစ်ချက်တည်း ကြည့်ရုံဖြင့် သူ့ကျင့်ကြံဆင့် မှာလည်း အလွန်နိမ့်ကျကြောင်း သိလိုက်ကြသည်။ ထိုအရာများကို ထည့်မတွက်လျှင်ပင် မိုဝူကျီ၏ ဝိညာဉ်စွမ်းအားမှာ မထင်ရှားသည့် အတွက် အားလုံးက သူ့အလားအလာမှာ ကန့်သတ်ချက် ရှိကြောင်း သိပေသည်။ မုရုန်ရှန်းယွီက ကြယ်ခြောက်လုံး ပါရမီရှင် ဖြစ်ရုံသာမက အင်မတန် ဆွဲဆောင်မှု ရှိသော အမျိုးသမီးတစ်ဦး ဖြစ်၏။ ထိုသို့မျိုး ထူးချွန်လှပသော အမျိုးသမီးက မိုဝူကျီကဲ့သို့ ရုပ်ဆိုးကာ သာမန်ကျသည့် လူနှင့် တာအို လက်တွဲဖော် မည်သို့ ဖြစ်နေသနည်း။
အားလုံးက ဂူကျိကျန်းကို လှည့်ကြည့်လိုက်ကြသည်။ သူတို့အားလုံးက ဂူကျိကျန်းမှာ မုရုန်ရှန်းယွီကို လတ်တလော ပိုးပန်းနေခြင်း ဖြစ်ကြောင်း သိထားကြသည်။ ထို့အပြင် မုရုန်ရှန်းယွီက ဂူကျိကျန်းကို ကောင်းကောင်း ဆက်ဆံသည့် အတွက် သူတို့နှစ်ဦးမှာ တာအိုလက်တွဲဖော် ဖြစ်လာရန် အလွန်နီးစပ်နေပြီ ဖြစ်၏။
တချို့က မုရုန်ရှန်းယွီက အဘယ်ကြောင့် သူမနှင့် ယန်းယဲ့၏ ဆက်ဆံရေးအကြောင်း မဖုံးကွယ် ထားသည်ကို နားမလည်ကြပေ။ သူမသာ ကောင်းကောင်း ဖုံးကွယ်ထားနိုင်ပြီး မိုဝူကျီနှင့် တိတ်တဆိတ် ကွာရှင်းလိုက်လျှင် သူမက ဂူကျိကျန်း၏ တာအိုလက်တွဲဖော် ဖြစ်လာဦးမည် ဖြစ်၏။
ဂူကျိကျန်း၏ အမူအရာမှာ တန်းပျက်သွားလေ၏။ သူက မုရုန်ရှန်းယွီကို အမှန်တကယ် သဘောကျ နှစ်သက်သည်။ မုရုန်ရှန်းယွီက အံ့ဩလောက်စရာ ပါရမီရှိရုံ သာမက သူမကို ကြည့်လိုက်မိသည်နှင့် သူမသွင်ပြင်ကိုပါ ချစ်မြတ်နိုး မိသွားခြင်း ဖြစ်ပေသည်။
ပို၍ အရေးကြီးသည်က မုရုန်ရှန်းယွီက သူတို့ တာအိုလက်တွဲဖော် ဖြစ်သွားပြီးလျှင်လည်း လိုက်ကပ်တွယ် နေမည့်လူ မဟုတ်သောကြောင့် သူမက သူ့ကျင့်ကြံခြင်းအပေါ် သက်ရောက်မှု ရှိစေမည် မဟုတ်ပေ။
“ရှင် ကျမမေးခွန်းကို မဖြေရသေးဘူး”မုရုန်ရှန်းယွီက မျက်မှောင်ကြုတ်ကာ ထပ်မေးလိုက်သည်။
မိုဝူကျီက သူမကိစ္စသာ အာရုံစိုက်ဖို့ ပြောချင်သော်လည်း သူ့ဇာစ်မြစ်မှာ ယန်းယဲ့ ဖြစ်နေလေသည်။ အကယ်၍ သူ့တကယ့် ဇာစ်မြစ်ကို ဖော်ထုတ်ချင်လျှင်ပင် သူက လူအများရှေ့၌ မုရုန်ရှန်းယွီကို ရှင်းမပြလိုပေ။ ပို၍ အရေးပါသည်က သူက မုရုန်ရှန်းယွီကို သူမနှင့် တာအိုအချစ် ကစားပွဲ ဆက်မကစားလိုသည့် အကြောင်း ဖြစ်သည်။
မိုဝူကျီက တိတ်ဆိတ်နေဆဲ ဖြစ်သောကြောင့် မုရုန်ရှန်းယွီက နောက်တစ်ခါ သက်ပြင်း ချလိုက်ပြန်သည်။ သူမက ဤရက်အနည်းငယ် အတွင်း မရေတွက် နိုင်လောက်သည့် ပါရမီရှင်များစွာနှင့် ကြုံတွေ့ပြီးသွားပြီ ဖြစ်ရာ သူတို့၏ တာအို ရှင်းပြချက်များကို ကြားသိပြီး သူမက အမြင်ကျဉ်း နေခဲ့မိကြောင်း သတိပြု မိသွားသည်။
ယခု သူမဘေးနားတွင် ရှိနေသော လူများမှာ ပါရမီရှင်ကြားမှ ပါရမီရှင် မဟုတ်ပေဘူးလား။ ချောင်းချန်ယန်က ပို၍ အံ့ဩဖို့ ကောင်းသေး၏။ သူမ ရှေ့တွင် ရှိနေသော ယန်းယဲ့အတွက် သူမကို စိတ်ပျက်လက်ပျက် ခေါင်းသာ ခါမိလိုက်တော့သည်။ ယန်းယဲ့က ဤကျင့်ကြံခြင်း တာအို၏ တာအို ရှင်းလင်းချက်များကို ဘယ်တော့မှ နားလည်နိုင်မည် မဟုတ်ပေ။
သူမက မကြာခင် ဆုံးဖြတ်ချက် ချရမည်ဖြစ်သောကြောင့် အချိန်ဆွဲနေ၍ အကျိုးမရှိပေ။ အကယ်၍ သူမက စူးခရာ မြို့ဟောင်းသို့ မလာခင် ဤပါရမီရှင်များနှင့် ဆုံတွေ့ခဲ့ပါက သူမက ယန်းယဲ့ကို ခေါ်လာဖြစ်မည် မဟုတ်ချေ။
အကယ်၍ သူမက ယန်းယဲ့ကို ချစ်မြတ်နိုးမိ သွားလျှင် မည်သို့ လုပ်ရမည်နည်း။
သူမက သူမဘာသာ နာကျင်စေရုံ သာမက ယန်းယဲ့ကိုလည်း နာကျင်စေလိမ့်မည်။ ယန်းယဲ့မှာ သာမန် ဖြစ်လွန်းသောကြောင့် သူမက သူနှင့် အပြည့်အဝ ချစ်ကျွမ်းမဝင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။
သူမက အလျင်မလိုသင့်ကြောင်း သိသော်လည်း နှောင့်နှေးနေခြင်းက မည်သူ့အတွက်မှ ကောင်းကျိုးမရှိပေ။ ထို့အပြင် ယန်းယဲ့နှင့် သူမ၏ လက်ရှိ အသိုင်းအဝိုင်းမှာ ကမ္ဘာနှစ်ခု အလား ခြားနားနေလေပြီ။
သူမက အနီရောင် လက်ထပ် မှတ်ပုံတင်ကို ထုတ်ကာ မိုဝူကျီဆီ ပေးလိုက်သည်
“ကျမတို့ ဆက်ဆံရေးကို ရပ်စဲကြစို့။ ဒီမှာ ကျမတို့ အရင်တုန်းက လဲထားတဲ့ လက်ထပ် မှတ်ပုံတင် ... ရှင့်ဟာလည်း ကျမကို ပြန်ပေး ...”
လက်ထပ် မှတ်ပုံတင်ကို လမ်းပေါ်၌ လဲလှယ်မည်လား …
မိုဝူကျီက မုရုန်ရှန်းယွီကို တအံ့တဩ ကြည့်လိုက်သည်။ သူက ထိပ်သီးတာအို ဂိုဏ်းသားများကို ပုံမှန် သဘောတရားများဖြင့် ရှင်းမပြနိုင်ကြောင်း သိထားသည်။ ပို၍ အတိအကျ ဆိုရလျှင် သူတို့ကား လူကျင့်ဝတ်ကို လုံးဝ ဂရုမစိုက်ကြပေ။
မိုဝူကျီက လက်ထပ် မှတ်ပုံတင်ကို ယူကာ မကြည့်ဘဲ သိုလှောင်လက်စွပ်ထဲ ပစ်ထည့်ထားလိုက်သည်။ ထို့နောက် မိုဝူကျီက မုရုန်ရှန်းယွီ ဘေးနားမှ ပါရမီရှင်များကို ကြည့်လိုက်ရင်း ထိုအထဲ၌ သူမ ဆုံးဖြတ်ချက်ကို နှိုးဆွပေးခဲ့သည့် လူပါမည် ဖြစ်ကြောင်း ယုံကြည်သည်။
မုရုန်ရှန်းယွီက မိုဝူကျီ၏ အကြည့်ကို သတိပြုမိ၍ မသက်မသာ ခံစားမိလိုက်သည်။ သူမက ဝန်မခံသော်လည်း ဤပါရမီရှင် တွေ့ဆုံပွဲကြောင့် ကျိုးပျက်ကမ္ဘာ မဝင်ခင် ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။
သူမက ထိပ်သီး တာအိုဂိုဏ်းသား ဖြစ်၍ အရိုးကြေကြေ အရည်ခန်းခန်း အချစ်မျိုးနှင့် ချစ်ပြီး သူမ ဝိညာဉ်နှင့် စိတ်နှလုံး နူးညံ့သွားပြီးနောက် သူမ တာအိုနှလုံးသားကို ဖြည်းဖြည်းချင်း ပြည့်စုံလာရန် ဆန္ဒရှိပေသည်။
“ရှင် ဘယ်လို ခံစားရမယ် ဆိုတာ သိပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံကျ ကံတရားလိုမျိုး အရာတွေအတွက် တောင်းဆိုချက် အရမ်းများနေလို့ မရဘူးလေ”
မုရုန်ရှန်းယွီက အနည်းငယ် အားနာဟန်ဖြင့် ပြောလိုက်သည်။
ယန်းယဲ့က သူမ တာအိုနှလုံးသားကို သန့်စင်ပေးနိုင်ရန် ကူညီဖို့ရာ လိုက်ပါလာခြင်း ဖြစ်၏။ ယန်းယဲ့က ကျိုးပျက်ကမ္ဘာ၌ သေဆုံး သွားနိုင်သော်လည်း ကံကောင်းပါက အခွင့်အရေး တချို့နှင့်လည်း တွေ့ဆုံနိုင်သေး၏။ ကျိုးပျက်ကမ္ဘာသို့ မဝင်ရောက်ခင် သူမက ယန်းယဲ့ကို သူမနှလုံးသားမှ အပြီးအပိုင် မေ့ပျောက်နိုင်ကာ သူတို့ကြားမှ ကံတရားကို အဆုံးသတ် ခဲ့နိုင်မည်ကို မည်သူ ကြိုသိထားမည်နည်း။
သူမက မိုဝူကျီကို နှစ်သိမ့်ပေးချင်သော်လည်း မည်သို့ လုပ်ဆောင်ရမည်ကို မသိပေ။
မိုဝူကျီက လက်ဝေ့ပြကာ
“ကိစ္စမရှိပါဘူး။ ကျုပ်တို့ ကံတရား ... ဒီလိုမျိုး အဆုံး ... သတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် ...”
မိုဝူကျီက ယန်းယဲ့၏ လက်ထပ် မှတ်ပုံတင်ကို မုရုန်ရှန်းယွီအား ချက်ချင်း ပြန်ပေးလိုသော်လည်း သိုလှောင်လက်စွပ်ထဲ စိတ်စွမ်းအား ကျရောက် သွားသည်နှင့် လက်ထပ် မှတ်ပုံတင် မရှိကြောင်း သတိပြု မိလိုက်သည်။ သူက ယန်းတျန်းယုမှ ယန်းယီဆီ ပေးလိုက်သည့် သိုလှောင်လက်စွပ်၌ ပါသွားပေလိမ့်မည်။
မုရုန်ရှန်းယွီက မိုဝူကျီ၏ မသာမယာ မျက်နှာ အနေအထားကို ကြည့်ကာ မိုဝူကျီက သူပြောသလို မဟုတ်ဘဲ လက်ထပ် မှတ်ပုံတင်ကို မပေးလို၍သာ ဖြစ်မည်ဟု တွေးထင်သွားသည်။ မိုဝူကျီက လက်ထပ် မှတ်ပုံတင် မပေးလျှင်ပင် သူမအပေါ် သက်ရောက်မှု ရှိမည် မဟုတ်ပေ။ သို့သော် သူမ၏ စိတ်နှလုံးသား၌ အနှောင်အဖွဲ့ တစ်ခုတော့ ဖြစ်တည် သွားပေလိမ့်မည်။
“အားနာပါတယ်။ ကျုပ်ဆီမှာ လက်ထပ် မှတ်ပုံတင် မရှိဘူး။ ကျုပ် ညီမလေး ယန်းယီဆီ ထားခဲ့မိလိုက်လို့ ... မင်း လိုတဲ့အချိန် သူမဆီက တောင်းလိုက်ပါ”မိုဝူကျီက ဆက်တိုက်ဆိုသလို အားနာစကား ဆိုလိုက်သည်။
မုရုန်ရှန်းယွီက ခေါင်းညိတ်ကာ စိတ်အေးလက်အေး သက်ပြင်းချလိုက်ပြီး
“ရပါတယ်။ ဒီနေရာက ကိစ္စတွေ ပြီးသွားတော့မှ သွားလိုက်ပါ့မယ်”
သူမ စကားအဆုံးတွင် မုရုန်ရှန်းယွီက ဂူကျိကျန်းဘက် လှည့်ကာ ရှင်းပြလိုက်သည်
“စီနီယာ အစ်ကိုကျိကျန်း ... အချိန်ယူမိတဲ့ အတွက် အားနာပါတယ်။ သွားကြစို့လေ”
ဂူကျိကျန်း မျက်နှာ၌ အပြုံးပန်းများ ပွင့်နေသည်။ သူ့ကြောင့် မုရုန်ရှန်းယွီက သူမ သစ္စာကို ပြသသည့် အနေဖြင့် ထိုစကားများကို လမ်းပေါ် ပြောခဲ့ရုံသာမက သူမက ယန်းယဲ့နှင့် ဆက်ဆံရေးကိုလည်း ပြတ်ဆဲ ပစ်လိုက်လေ၏။ သူမလိုမျိုး အမျိုးသမီးက သူ့ချစ်သူဖြစ်ဖို့ရာ သေချာပေါက် ထိုက်တန်ပေ၏။
“မုရုန်ရှန်းယွီ ...”မိုဝူကျီက ထွက်သွားတော့မည့် ဖြစ်သည့် မုရုန်ရှန်းယွီကို လှမ်းခေါ်လိုက်သည်။
မုရုန်ရှန်းယွီအတွက် မိုဝူကျီနှင့် သူမက လုံးဝ မသက်ဆိုင်သူများ ဖြစ်သွားလေပြီ။ အများဆုံး သူမက သူ့ကို အသိအမှတ် ပြုသေးကြောင်း ဝန်ခံမိလိမ့်မည်။ မိုဝူကျီက သူမနာမည်ကို ခေါ်လိုက်သည့်အခါ သူမအား မျက်မှောင်ကြုတ် သွားစေသည်။
မုရုန်ရှန်းယွီ မျက်မှောင် ကြုတ်လိုက်သည်ကို သိသော်လည်း မိုဝူကျီက ဆက်ပြောလိုက်သည်
“မင်း မကြိုက်လောက် ပေမဲ့လည်း မင်းကို ပြောစရာ တစ်ခုရှိတယ်။ ပြောကိုပြောရမယ်”
မုရုန်ရှန်းယွီက အမူအရာ ကင်းမဲ့စွာ ရပ်နေသည်။
မိုဝူကျီက ဝမ်းနည်းခြင်း သို့မဟုတ် စိတ်ပျက်ခြင်း ဘာကိုမှ မခံစားရသည့် အတွက် ရယ်မောလိုက်သည်။ မုရုန်ရှန်းယွီက သူ့ချစ်သူ နောက်ကျော၌ နောက်တစ်ယောက်နှင့် လိုက်ပါသွားမည့် ကိစ္စကိုလည်း ဂရုမစိုက်ချေ။ တုံ့ဟွားလုံ၏ သတင်းများက သူ့ဘေးကင်းမှုကို စိတ်ချစေနိုင်သော်လည်း အသက်မဲ့ တာအိုဂိုဏ်း၏ လျှို့ဝှက်နယ်မြေအတွင်း ရှိနေစဉ် အန္တရာယ်ကြီးကြီး နေခဲ့ရသည်။ ဤနေရာ၌ သူ့ကိုယ်တိုင် ပို၍ တိုးတက်လာသောကြောင့် သူက မုရုန်ရှန်းယွီကို ဤစူးခရာ အင်မော်တယ်မြို့ဟောင်းသို့ ခေါ်ဆောင်လာပေးသည့် အတွက် အလွန် ကျေးဇူးတင်မိသည်။
“မင်းနဲ့ ထိပ်သီးတာအိုဂိုဏ်း ကျင့်စဉ်နဲ့ မလိုက်ဖက်ဘူး” မိုဝူကျီက လေးလေးနက်နက် ပြောလိုက်သည်။
“နောက်ထပ် ရှိသေးလား”မုရုန်ရှန်းယွီက မိုဝူကျီကို တည်ငြိမ်စွာ ကြည့်နေသည်။
“မရှိတော့ဘူး”
မိုဝူကျီက သူပြောလိုက်သည့် အကြောင်းအရင်းမှာ ထိပ်သီး တာအိုဂိုဏ်းမှာ ထိပ်သီးဂိုဏ်းတစ်ခု ဖြစ်ကြောင်း ခံစားမိ၍ ဖြစ်သည်။ ထိုသို့မျိုး ဂိုဏ်းသားတစ်ယောက်က အချစ်အပေါ် သစ္စာအရှိဆုံး ဖြစ်သင့်သော်လည်း မိုဝူကျီအတွက် မုရုန်ရှန်းယွီမှာ အချစ်နှင့် ပတ်သက်လာလျှင် မကြာခဏ စိတ်ပြောင်းလဲ နေတတ်သည်။ သူမက ထိပ်သီးတာအို ဂိုဏ်းသား ဖြစ်ရန် မသင့်တော်ပေ။
မုရုန်ရှန်းယွီက နှုတ်ဆက်စကားပင် မဆိုဘဲ ထွက်သွားလေ၏။
မိုဝူကျီက ခေါင်းခါကာ တုံ့ဟွားလုံကို ပုတ်လိုက်ပြီး
“ဟွားလုံ ... ငါတို့လည်း ပြန်ပြီး အနားယူသင့်ပြီ”
ထိုစဉ် သူက မုရုန်ရှန်းယွီ ထက်ပင် ပိုစိတ်အေး သွားသေး၏။ သူက အစပိုင်း၌ ရှုပ်ထွေးနေသော ထိုသို့မျိုးအရာမှာ အလွယ်လေး ဖြေရှင်းပြီးသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။
“ရှင်က ယန်းယဲ့လား ... ခဏလောက် နေပါဦး”ကြည်လင် ပြတ်သားသည့်အသံက မိုဝူကျီကို လှမ်းခေါ်လိုက်သည်။
မိုဝူကျီက လှည့်ကြည့်လိုက်သောအခါ အမျိုးသမီး တစ်ဦးကို မြင်လိုက်ရသည်။ သူက ထိုအမျိုးသမီးမှာ မုရုန်ရှန်းယွီတို့နှင့် လမ်းလျှောက်လာသည့် တစ်ဖွဲ့တည်းမှ ဖြစ်ကြောင်း မှတ်မိလိုက်သည်။ ယခု မုရုန်ရှန်းယွီက ထွက်သွားပြီ ဖြစ်ရာ ဘာအတွက်များ သူမက ပြန်ရောက်လာသနည်း။
***