အပိုင်း(၄၃၇)
Vol. 30 Ch. 437
အနက်ရောင်မြစ်ကမ်းပါးပေါ်တွင် ရိုးဖြောင့်သော စိတ်ထားရှိသည့် ကျင့်ကြံသူတစ်ဦးက အနက်ရောင်မြစ်ထက်မှ အဖြူရောင်ပုံရိပ်အားစိုက်ကြည့်ကာ ပြောလိုက်သည်။
“အဲ့အဖြူရောင်နဲ့လူငယ်လေးက ဆိုးယုတ်တဲ့လူတွေကိုသူက အထူးတလည်သတ်ဖြတ်တာ
လို့ပြောခဲ့တာမလား.. ဒါပေမဲ့…ဘာလို့သူက အဲ့လူငယ်လေးက အပြစ်မဲ့တဲ့သူကိုသတ်နေတာ
ကိုဘာလို့မတားတာလဲ”
ကျင့်ကြံသူကထိုသို့ပြောလိုက်ရာတွင် အားလုံးကသူ့အား အရူးတစ်ယောက်ကဲ့သို့ကြည့်လိုက်ကြသည်။
“သူခုဏတုံးက ပြောခဲ့တယ်…မင်းကဘယ်လိုဖြစ်ပြီးတော့ သူ့ကိုယုံနိုင်ရတာလဲ.. အဲ့တာထက်ပိုတာကသူသာ ဆိုးယုတ်တဲ့ သူတွေကို ရှင်းလင်းမယ်ဆိုရင်သူမသိတဲ့
သူတွေကိုပဲလုပ်မှာပေါ့..သူတို့ကတစ်ဖွဲ့တည်းဖြစ်ပြီး မြစ်ကိုအတူတူဖြတ်ကူးနေတဲ့ဟာ သူတို့ကိုသူက ရှင်းပစ်မှာတဲ့လား”
အနက်ရောင်မြစ်ကမ်းပါးပေါ်တွင် နှစ်လိုဖွယ်ကောင်းပြီး လှပသော အမေနှင့်သမီးဖြစ်သည့် ဘိုးဘေးနယ်ပယ် နှစ်ယောက်ကလည်း အနက်ရောင်မြစ်အား ကြည့်နေကြသည်။ မိန်းမငယ်လေးက သူမ၏ ပါးစပ်အားဖွင့်ဟ၍ မိခင်ဖြစ်သူကို တိုးဖျော့စွာမေးလိုက်သည်။
“အမေ.. သမီးတို့တွေ ဒီမြစ်ကိုပြီးရင်ဖြတ်ကူးကြမှာလား.. အဖေက တကယ်ပဲ မြစ်ရဲ့တစ်ဖက်ခြမ်းမှာရှိနေတာလား.. သူက သေခြင်းတားမြစ်နယ်မြေထဲကိုရောက်တာ နှစ်ပေါင်းများစွာရှိနေပြီ.. သူလုံခြုံစွာရှိပါအုံးမလား”
သမီးဖြစ်သူ၏ စကားအားကြားလိုက်ရသောအခါတွင် လှပသောအမျိုးသမီးက သူမ၏ခေါင်းအားလှည့်၍ သမီးဖြစ်သူကိုကြည့်လိုက်သည်။ သူမ၏ ဆုံးဖြတ်ချက်ပြတ်သားသော မျက်နှာထားက လှပပြီးစွဲဆောင်မှုရှိသောမျက်နှာထက်တွင် ပေါ်လွင်နေ၏။သူမက ကောင်မလေးအားပြောလိုက်သည်။
“ဟုတ်တယ်..အမေ့ရဲ့အာရုံခံမှုက မမှားနိုင်ဘူး.. သမီးအဖေက သေချာက်ပေါက်ကိုမသေသေးဘူး.. သူက အမေတို့ကို ဟိုဘက်မှာစောင့်နေတယ်.. အမေတို့သူ့ကိုရှာတွေ့တာနဲ့ အမေတို့မိသားစုပြန်ပြီးတော့ ပေါင်းဖက်နိုင်ပြီ…သမီးအမေ့
ကိုယုံကြည်မှရမယ်”
“ဟုတ်”
မိန်းမငယ်လေးက ဆိတ်ငြိမ်စွာခေါင်းညိမ့်လိုက်ပြီး သူမ၏ ပန်းကဲ့သို့လှပသောမျက်နှာထက်တွင် လွမ်းမောတမ်းတသောမျက်နှာထား
တစ်ခုဖြစ်ပေါ်လာသည်။
အနက်ရောင်မြစ်ကမ်းပါးပေါ်တွင် သေခြင်းတားမြစ်နယ်မြေမြေပုံပေါ်ရှိမှတ်သားထားသော မီတာတစ်ရာခန့်ကျယ်ဝန်းသည့် အနက်ရောင်မြစ်အားရှစ်ဖုန့်နှင့်အ
ခြားသူနှစ်ယောက်တို့မှာ ဂရုတစိုက်လုံခြုံစွာဖြင့် ဖြတ်ကူးခဲ့သည်။
ရှစ်ဖုန့်နှင့် အခြားသူနှစ်ဦးတို့၏ အမြန်နှုန်းဖြင့် သူတို့ ဂရုတစိုက်နှင့် ဖြည်းဖြည်းချင်းသွားလျှင်တောင် တစ်မိနစ်ဆိုသည်မှာသူတို့အတွက် ဖြတ်သန်းရန်လုံလောက်သည်ထက်ပင်ပိုသည်ဖြစ်သည်။
မြေပြင်ပေါ်သို့ ရောက်ရောက်ချင်း ဤနေရာအား သူတို့ စတင်ငေးစိုက်ကြည့်လိုက်ကြသည်။
သူတို့၏အောက်တွင် အပျက်အစီးတစ်ခုရှိနေဆဲဖြစ်သည်။
မတူညီသော အရွယ်အစားများရှိကြည့် ကျောက်ခဲများက အပုံလိုက်ဖြစ်နေပြီး ရေပြင်ညီအတိုင်းလဲလျောင်းနေသော ကျောက်တိုင်များလည်းရှိသည်။
သို့သော် သူတို့၏ရှေ့ သိပ်မဝေးသောနေရာတွင် သိပ်သည်းသော မီးခိုးရောင်မြူများအတွင်း တောင်နှစ်လုံး ထွက်ပေါ်နေသည်။ ၎င်းတို့၏အလယ်တွင် တောင်ကြားချိုင့်ဝှမ်းတစ်ခုရှိပုံပေါ်၏။
“ငါ့ရဲ့ချစ်လှစွာသော ဆွဲဆောင်မှုရှိတဲ ဂျူနီယာညီမလေး ဝူရှန့်က အဲ့တောင်ကြားချိုင့်ဝှမ်းထဲမှာရှိလိမ့်မယ်”
နင်ချန်က တောင်ကြားချိုင့်ဝှမ်းထံသို့ ထိုးညွှန်ပြပြီးပြောလိုက်သည်။
ရှစ်ဖုန့်က နင်ချန်၏ စကားလုံးများအား သံသယမဝင်ပေ။ဤငကြောင်သာ တကယ်ကို ယွဲ့ဝူရှန့်၏ ကိုယ်အတွင်း၌ ငရဲဘုံကိုးခု ခြေရာခံအမှတ်အသားအား လျှို့ဝှက်စွာထည့်သွင်းခဲ့သည်ဆိုလျှင် ဤအကွာအဝေး၌ သူမအား သေချာပေါက်အာရုံခံနိုင်စွမ်းရှိလိမ့်
မည်ဖြစ်သည်။
“သွားစို့”
ရှစ်ဖုန့်က နင်ချန်နှင့် ချီလင်ဘုရင်တို့အားပြောလိုက်သည်။
ရှစ်ဖုန့်က ဦးဆောင်ပြီး တောင်ကြားချိုင့်ဝှမ်းထံသို့ တစ်ဟုန်ထိုးပြေးသွားလိုက်သည်။နင်ချန်နှင့်ချီလင်ဘုရင်တို့ကလည်း သူ့နောက်မှလိုက်လာကြသည်။
အလွန်လျှင်မြန်စွာဖြင့်ပင် သုံးယောက်သား တောင်ကြားချိုဝှမ်းဝင်ပေါက်ဆီသို့ ရောက်ရှိလာသည်။ ရုတ်တရက် ပြင်းထန်သော မြည်ဟိန်းသံတစ်ခုက တောင်ကြားချိုင့်ဝှမ်းမှထုတ်လွှတ်လာ၏။
ရုတ်ခြည်းဆိုသလို ပြင်းထန်သော ခရမ်းရောင်ရေစီးများက ဒလဟော တောင်းကြားချိုင့်ဝှမ်းအတွင်းမှ စီးဆင်းထွက်လာသည်ကို သူတို့သုံးယောက်သားမြင်တွေ့လိုက်ကြရသည်။၎င်းမှာ တောင်ကျရေများလျှံလာသကဲ့သို့ပင်ဖြစ်သည်။ သို့သော် ပြင်းထန်သောရေစီးကြောင်း၏ အရောင်က နက်မှောင်သော ခရမ်းရောင်ဖြစ်သည်။
နက်မှောင်သော ခရမ်းရောင်ရေစီးကြောင်းအားကြည့်ကာ တောင်ကြားချိုင့်ဝှမ်းအဝင်ဝ၌ လွင့်မျောရပ်တည်နေကြသော ပုံရိပ်သုံးခုမှာ ချက်ချင်းပဲ ဘေးဘက်သို့ အပြင်းရွေ့လိုက်ကြသည်။နောက်ဆက်
တွဲအနေဖြင့် ရှစ်ဖုန့်က ဘယ်ဘက်ခြမ်းသို့တစ်ဟုန်ထိုးဦးတည်သွားစဉ်တွင် နင်ချန်နှင့် ချီလင်ဘုရင်တို့ကတော့ညာဘက်ခြမ်းသို့ရောက်ရှိသွားသည်။
ပုံရိပ်သုံးခုမှာ တောင်ကြား ချိုင့်ဝှမ်းအတွင်းမှ တစ်ဟုန်ထိုး တလိပ်လိပ်စီးဆင်းလာသော နက်မှောင်သည့်ခရမ်းရောင် ရေစီးကြောင်းအား လျှင်မြန်စွာရှောင်လိုက်ကြသည်။ ရှစ်ဖုန့်က ဘယ်ဘက်ခြမ်းတွင်တစ်ဦးတည်း လွှင့်မျောရပ်တည်နေပြီး ဘယ်ဘက်ခြမ်းရှိတောင် ကသူ့ရှေ့တွင်ရှိနေသည်။ ရှစ်ဖုန့်မှာတောင်ကြားချိုင့်ဝှမ်းအတွင်း
မှတစ်ဟုန်ထိုးစီးဆင်းနေဆဲဖြစ်သော နက်မှောင်သည့်ခရမ်းရောင် ရေစီးကြောင်းအား လေးနက်သောမျက်နှာထားဖြင့် စိုက်ကြည့်နေသည်။ ရေစီးကြောင်းတွင် လျှပ်စီးနှင့်မိုးကြိုးတို့၏ ပြင်းထန်လှသောစွမ်းအားများ ကို ရှစ်ဖုန့်အာရုံခံမိသည်ဖြစ်သည်။ စွမ်းအားတို့က သူအာရုံခံနိုင်သည့်အတိုင်းအတာထက်သာလွန်သည်ဖြစ်သည်။
အကယ်၍သူသာတောင်ကြားချိုင့်ဝှမ်း
အတွင်းရှိနေခဲ့ပြီး နက်မှောင်သည့် ခရမ်းရောင်ရေစီးကြောင်းနှင့်တိုက်မိခဲ့လျှင် သေချာပေါက်သူသည်ပြာအဖြစ်သို့သက်ဆင်းရလိမ့်မည်ဖြစ်သည်။ အကယ်၍သူ့၌ သွေးချပ်ဝတ်ရှိနေခဲ့သည်ဆိုလျှင်ပင် သူ့အတွက်ခြွင်းချက်ရှိနေလိမ့်မည်မဟုတ်ပေ။
“ဒါက ကမ္ဘာပေါ်က ဘယ်လိုတောင်ကြားချိုင့်ဝှမ်းမျိုးလဲ..
ဒီလိုမျိုးစွမ်းအားကြီးရေစီးကြောင်းကို ဘယ်လိုမျိုးထုတ်လွှတ်နိုင်ရတာလ..”
ဆက်လက်သွန်းလောင်းထွက်ပေါ်နေ
ဆဲဖြစ်သော ပြင်းထန့်သည့်ရေစီးကြောင်းအားကြည့်ကာ ရှစ်ဖုန့်တစ်ယောက် တောင်ကြားချိုင့်ဝှမ်းအတွင်းရှိနေသည့် ယွဲ့ဝူရှန့်နှင့်ပက်သက်ပြီးပို၍ ပို၍ စိုးရိမ်လာသည်။
ပန်းထွက်စီးဆင်းနေသော ခရမ်ရောင် ရေစီးကြောင်းက မည်သည့်အချိန်၌ရပ်တန့်မည်ကိုမသိနိုင်ချေ။
ထို့နောက် ရှစ်ဖုန့်က လှည့်လိုက်ပြီး သူ့ဘေးတွင်ရှိနေသောတောင်အားကြည့်လိုက်သည်။ တောင်ထိပ်အားသိပ်သည်းသော မီးခိုးဖြူရောင်မြူများက ဖုံးလွှမ်းထားသောကြောင့် သူ့အနြေဖင့် ၎င်းက မည်မျှမြင့်မားသည်ကြီးမားသည်ကို မသိနိုင်ပေ။ သို့သော် ဤတောင်မှာကျတ်တီးမြေဖြစ်ပြီး ဘာအပင် ဘာတိရစ္ဆာန်မှရှိနေခြင်းမရှိသည်ကိုတော့ရှစ်ဖုန့်မြင်ရသည်ဖြစ်သည်။ ၎င်းတွင်သေခြင်းချီနှင့် မှုန်မှိုင်းမှုတို့ ပြည့်နှက်နေသည်။ ၎င်းမှာ တောင်သေတစ်လုံးဖြစ်လိမ့်မည်ဖြစ်သည်။
“အာ”
ရုတ်တရက်ရှစ်ဖုန့် အံ့အားသင့်သောအသံတစ်ခုဖြစ်ပေါ်လာသည်။ကျောက်နံရံပေါ်တွင်လက်သီးဆုပ်အရွယ်မျက်လုံးတစ်ခုပွင့်လာသည်ကိုသူတွေ့လိုက်ရသည်။ ထို့နောက်တွင် နက်မှောင်ပြီး သေနိုင်လောက်သည့် အနက်ရောင်အလင်းတစ်ခုက မျက်လုံးထံမှ ပစ်လွှတ်လာ၏။
သို့သော် စွမ်းအင်က အရမ်းတော့ မပြင်းထန်ပေ။၎င်းမှာ ဘိုးဘေးနယ်ပယ်အတွင်းရှိကျင့်ကြံသူတစ်ဦး၏တိုက်ခိုက်မှုတစ်ခုနှင့်ညီမျှသည်။ရှစ်ဖုန့်အတွက်မူ ၎င်းကသူ့အား လုံးဝခြိမ်းခြောက်နိုင်စွမ်းမရှိပေ။
ရှစ်ဖုန့်က သူ၏ညာလက်သီးကိုတင်းနေအောင်
ဆုပ်လိုက်ပြီး အနက်ရောင်အလင်းထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။ သူ၏လက်သီးက အနက်ရောင်လင်းတန်းနှင့် တွေ့ဆုံသွားပြီးနောက်ဆုံးတွင်မျက်လုံးအားထိမှန်သွားကာ အပိုင်းပိုင်းခြေမွဖျက်စီးပစ်လိုက်သည်။ တောင်နံရံပေါ်တွင် လက်သီးရာတစ်ခုကျန်ရစ်နေခဲ့ပြီး စေးကပ်သောအနက်ရောင်အရည်တို့က ပုံရိပ်ထံမှ ဖြည်းညှင်းစွာ စီးဆင်းကျလာသည်။
“သောက်ချီးပဲ..ဒီသောက်နေရာက တောင်မှာတောင် စိတ်ဝိညာဉ်တစ်ခုဖြစ်လာတယ်..အဲ့တာက မျက်လုံးတွေတောင် ဖြစ်နေပြီ”
လက်သီးပုံရိပ်နှင့် စေးပျစ်သော အနက်ရောင်အရည်တို့အားကြည့်၍ ရှစ်ဖုန့်က သူ့ကိုယ်သူပြောလိုက်သည်။
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ ကိုယ်အတွင်းရှိနေသော ကောင်းကင်မီးတောက်ကရုတ်တ
ရက်ပြောလိုက်သည်။
“အံ့ဖွယ်သရဲဘဲ..တကယ့်ကို အံ့ဖွယ်သရဲပဲ… ကျောက်တော်တစ်ခုက စိတ်ဝိညာဉ်တစ်ခုဖြစ်လာဖို့အတွက် ရှည်လျားတဲ့အချိန်ကာလတစ်ခုအပြင် ထူးဆန်းတဲ့တိုက်ဆိုင်မှုတွေအဖုံဖုံလည်းလိုအပ်သေးတယ်..ဒီလိုမျိုးနေရာမှာ ကျောက်တောင်တစ်ခုက စိတ်ဝိညာဉ်တစ်ခုဖြစ်လာလိမ့်မယ်လို့ ငါလုံးဝမမျှော်လင့်ထားခဲ့ဘူး.. ကောင်လေး စီးကျနေတဲ့ ကျောက်တောင်ရဲ့ အဆီအနှစ်တွေကိုမြန်မြန်စုဆောင်းလိုက် .အဲ့တာကမင်းအတွက်ကြီးမားတဲ့ အကျိုးကျေးဇူးတွေဖြစ်စေလိမ့်မယ်”
“ကြီးမားတဲ့အကျိုးကျေးဇူးလား.. ဘာအကျိုးကျေးဇူးလဲ..”
ရှစ်ဖုန့်က စီးကျနေသည့် စက်ဆုပ်ဖွယ်ကောင်းပြီးဆိုးရွားသော စီးကျနေသည့် အနက်ရောင်အရည်တို့အားကြည့်၍ ကောင်းကင်မီးတောက်အား စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်။ သို့သော်သူကတုန့်ဆိုင်းနေခြင်းတော့မရှိပေ။ ကောင်းကင်မီးတောက်မှာ မရေတွက်နိုင်သောနှစ်ပေါင်းများစွာ
ရှင်သန်နေထိုင်ခဲ့သည့် ရှေးကျသည့် သူတစ်ဦးဖြစ်သောကြောင့်၎င်းက ကြီးမားသောအကျိုးကျေးဇူးတို့အား ယူဆောင်ပေးမည်ဟုပြောသည်ဆိုလျှင် ယင်းကအမှန်တကယ်ဖြစ်လိမ့်မည်သာဖြစ်သည်။ သူ၏ညာလက်အားဖျက်ခနဲလှုပ်ရှား
မှုနှင့်အတူ ကျောက်စိမ်းပုလင်းတစ်ပုလင်းအား
သူ၏သိုလှောင်လက်စွပ်အတွင်းမှထုတ်ယူ
လိုက်ပြီး ဆိုးရွားသော အနက်ရောင်အရည်တို့အား သိုလှောင်ရန်အတွက် ၎င်းကိုအသုံးပြုလိုက်သည်။
“အနက်ရောင်ကျောက်တောင်ရဲ့အရည်ကို မင်းရဲ့အရိုးတွေထဲပေါင်းစည်းပြီးတော့ မင်းကိုယ်ကိုပိုအားကောင်းအောင်လုပ်
လို့ရတယ်”
ကောင်းကင်မီးတောက်ကပြောလိုက်သည်။
“တကယ်လား”
ကောင်းကင်မီးတောက်၏ စကားတို့အား ကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က ပျော်ရွှင်စွာဖြင့်ထပ်မံ၍မေးလိုက်သည်။ သူ၏မျက်လုံးတို့က အနက်ရောင်အဆီအနှစ်တို့အား သိုလှောင်ထားသော ကျောက်စိမ်းပုလင်းပေါ်သို့ ကျရောက်နေ၏။
လောလောဆယ်တွင်ရှစ်ဖုန့်မှာသူ၏ သိုင်းပညာအပေါ်၌သာ အာရုံစူးစိုက်နေဆဲဖြစ်သည်။ သူ၏ကာယခန္ဓာကိုယ်အတွက် များစွာကျင့်ကြံထားခြင်းမရှိပေ။ ယခင်က သွေးနီရောင်ကမ္ဘာအတွင်း၌ရှိနေသော
အချိန်တွင် သူ၏ကာယခန္ဓာကိုယ်က ကြက်သွေးရောင်ရေအား ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက်စုပ်ယူခဲ့သည်။ သူ၏ကာယခန္ဓာကိုယ်က အင်ပါယာအဆင့်သို့ရောက်ရှိခဲ့သည်။ သို့သော် အင်ပါယာနယ်ပယ်ဆိုသည်ကား သူ၏ယခင်ဘဝက စွမ်းအားကြီးငရဲဘုံကိုးခု ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် များစွာ ကွာခြားသည်ဖြစ်သည်။
ယခင်ဘဝကသူ၏ စွမ်းအားကြီးငရဲဘုံကိုးခု ခန္ဓာကိုယ်အားစဉ်းစားမိသောအခါတွင် ရှစ်ဖုန့်မှာသူ၏လက်ရှိ ကာယခန္ဓာကိုယ်အား မကျေမနပ်ဖြစ်မိသည်။
ထျန်းဟန်တိုက်ကြီးပေါ်တွင် များစွာသော အံ့ဖွယ်ခန္ဓာကိုယ်များပေါ်ထွက်ခဲ့သည်ဖြစ်သည်။ ဥပမာအနေဖြင့် ရှစ်လင်၏ မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်မှာ စွမ်းအားကြီး အံ့ဖွယ်ခန္ဓာကိုယ်များထဲမှတစ်ခုဖြစ်သည်။ မွေးရာပါစိတ်ဝိညာဉ်ခန္ဓာကိုယ်အပြင် များစွာသောအခြားအံ့ဖွယ်ခန္ဓာကိုယ်များ
သည်လည်း ထျန်းဟန်တိုက်ကြီးပေါ်၌ပေါ်ပေါက်ခဲ့သည်ဖြစ်သည်။၎င်းတို့မှာ ဖရိုဖရဲခန္ဓာ၊ လူသားမျိုးနွယ်သူတော်စင်ခန္ဓာ၊သဏ္ဍန်ငါးခု ခန္ဓာနှင့်ပြိုင်ဘက်ကင်း ကြီးစိုးခြင်းခန္ဓာတို့ဖြစ်ကြသည်။ စွမ်းအားကြီးဖွဲ့စည်းပုံမျိုးစုံပင်ဖြစ်သည်။
သို့သော် ၎င်းတို့အားလုံးမှာ မွေးရာပါ ဖွဲ့စည်းပုံများပင်ဖြစ်ကြ၏။
မျိုးဆက်တစ်ခု၏ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်သူ ငရဲဘုံကိုးခု ဧကရာဇ်က ငရဲဘုံကိုးခု ပညာရပ်များအားဖန်တီးခဲ့ပြီး ၎င်းတို့ကြားထဲတွင် ကျင့်ကြံသူတစ်ဦးအား ဒီနေ့ပြီးနောက်နေ့၌ လွန်စွာ စွမ်းအားကြီးသော ငရဲဘုံကိုးခု ခန္ဓာကိုယ်အားရရှိစေနိုင်သည့် ငရဲဘုံကိုးခု ခန္ဓာလေ့ကျင့်ရေးနည်းလမ်းလည်း
အပါအဝင်ပင်ဖြစ်လေသည်။
ဆက်ရန်………
ဘာသာပြန်သူ-ARISE