← Chapters

နောက်ဆုံးအထိ မာနကြီးခြင်း

Vol. 38 Ch. 515

နောက်ဆုံးအထိ မာနကြီးခြင်း

Vol. 38 Ch. 515

မိုဝူကျီက ထိုသို့ အလျင်လိုနေသည့်သူ ဟုတ်ဟန် မပေါ်သည့် အချက်မှာရှန်းမူချင်အား စိတ်ရှုပ်ထွေးသွား စေသည်။အကယ်၍ သူက တစ်ခုခု အကြံအစည်ရှိလျှင်ပင် ပြဿနာကို ဖြေရှင်းရန် ထိုသို့ နည်းလမ်းကို မသုံးလောက်ပေ။

ပြဿနာကို အသင့်တော်ဆုံး ဖြေရှင်းနည်းက အမြဲတမ်း ရှိမနေဘူးလား။ 

သို့သော်လည်းရတနာစံအိမ်ကို ဟန့်တားမည့် မိုဝူကျီ၏ နည်းလမ်း ကျရှုံးသွားသည်နှင့်မိုဝူကျီအနေနှင့် သေချာပေါက် သေဆုံးရလိမ့်မည်။

အာကာပြင် စူးစိုက် ရတနာစံအိမ်၏ ကျောက်ခြင်္သေ့ကို ဖျက်ဆီးလိုက်သောကြောင့် သူမအနေဖြင့် ရှေ့ထွက်လာလျှင်ပင် မိုဝူကျီအလောင်းကိုအင်္ဂါအစုံအလင် ကျန်ရှိစေဖို့ရာ ခက်ခဲပေလိမ့်မည်။

***

“ကျုပ် ရတနာစံအိမ်မှာ ဘယ်သူက လာရှုပ်ရဲတာလဲ”

ခပ်ကျယ်ကျယ် အသံတစ်သံ ထွက်ပေါ်လာပြီး ကာကီရောင် ဝတ်ရုံနှင့် လူလတ်အမျိုးသားက မိုဝူကျီရှေ့ ရောက်ရှိလာသည်။

ယခု ရတနာစံအိမ် ပထမထပ်တွင် လူဆယ်ယောက်ကျော် ရှိသော်လည်း မယုံနိုင်လောက်အောင် ငြိမ်သက်နေလေ၏။ တချို့ဧည့်သည်များကပြဿနာကြားညှပ်မည် စိုးရိမ်၍ ထွက်ပြေးသွားကြပြီး ထွက်မသွားကြသည့် လူများမှာဘေးတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေကြသည်။

အရူးမဟုတ်သရွေ့ ယနေ့တွင် ကိစ္စအကြီးကြီ ဖြစ်လာတော့မည်မှန်း ပြောနိုင်လိမ့်မည်။ အကယ်၍ အာကာပြင် စူးစိုက် ရတနာစံအိမ်အနေဖြင့် ဤသို့ အရှက်ခွဲခံရပြီး အပေါ်ထိ မတိုင်ကြားခဲ့ဖူးဆိုလျှင်သူတို့က လက်ရှိအနေအထား ရောက်လာမည် မဟုတ်ပေ။

မိုဝူကျီက သူ့ရှေ့တွင် ရှိနေသည့် လူလတ်အမျိုးသားကို ခြုံငုံကြည့် လိုက်သည့်အခါ မုတ်ဆိတ်မွေးနှင့်အတူ လူသတ်လိုစိတ် အပြည့်ဖြစ်နေသည့် မျက်လုံး ကျဉ်းကျဉ်းကို မြင်လိုက်ရသည်။ ဤလူလတ်အမျိုးသားက သူ့အား ချက်ချင်း သတ်ပစ်လိုသည်မှာ သိသာလှသည်။ သို့သော်ငြားသူက ထိုအတွေးကို ချိုးနှိမ်ထားလေ၏။

တော်တော်သည်းခံနိုင်အား ကောင်းတာပဲ ...

ထို့အပြင်မိုဝူကျီက ဤလူ၏ ကျင့်ကြံဆင့်မှာ မဟာယီရှန်းအဆင့် ကျော်လွန်နေသည်ဟန် ပေါ်နေပြီး သူက မဟာကျီရှန်း နှင့် မဟာလောရှန်း အဆင့်တွင်လည်း ဖြစ်နေနိုင်သည်။

မိုဝူကျီက ဤလူကို အနိုင်မယူနိုင်ကြောင်း သေချာသော်လည်းအနည်းဆုံး သူက အမှတ်အသားပြား ထုတ်ပြလိုက်လျှင် တခြားလူမှာသူ့ကို မရိုက်ရဲကြောင်း သိနေသည်။

“လာရှုပ်တာတဲ့လား”

မိုဝူကျီက မထူးမခြားနား ပြန်ပြောလိုက်သည်။

“ကျုပ် ဂျုနီယာညီလေးက ဒီမှာ ဒဏ်ရာအပြင်းအထန် ရသွားတယ်။ တစ်ယောက်ယောက်သူ့ကို ထွက်ပြီး မကူရင် သေနေလောက်ပြီ။ ဒီနေ့ ကျုပ်ကဒီကိုလာပြီး လာရှုပ်တာ မဟုတ်ဘူး။ ခင်ဗျားအဖြေကို မကျေနပ်ရင်တော့ဒီအာကာပြင် စူးစိုက်ရတနာစံအိမ်က စူးခရာအင်မော်တယ် မြို့ဟောင်းမှာ ဆက်ရှိနေစရာ မလိုအပ်တော့ဘူး”

အာကာပြင် စူးစိုက် ရတနာစံအိမ်မှ လူလတ်ကြီးကို ဆိုမထားနှင့်ဘေးနားမှ ရပ်ကြည့်နေသူများပင် လေအေးများ မှုတ်ထုတ်လိုက်ကြသည်။

အာကာပြင် စူးစိုက် ရတနာစံအိမ်၏ တည်ရှိမှုကို အဆုံးသတ်ပစ်ဖို့ရာဘယ်လို အာဏာမျိုးများ ရှိနေတာလဲ ....

လူလတ်အမျိုးသား၏ စိတ်ထဲမှ ဒေါသူပုန် ထကြွလာသော်လည်း သူက တည်တည်ငြိမ်ငြိမ်သာ ပြန်ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ အထဲမှာ ဆွေးနွေးရအောင်လေ ”

မိုဝူကျီက အဘယ်ကြောင့် ဤနေရာသို့ ရောက်လာရသည်ကိုသူ သိ၏။ တုံ့ဟွားလုံဒဏ်ရာရခဲ့စဉ်က သူလည်း မြင်တွေ့လိုက်ရသည်။ တုံ့ဟွားလုံကို ကယ်တင်ပေးသွားသောရှန်းမူချင်ပင် ထိုသို့ မပြောရဲပေ။

သူ့ရှေ့တွင် ရှိနေသောကျင်းရှန်းအဆင့် ကျင့်ကြံသူက ဘယ်လို အခွင့်အရေးနဲ့များ သူတို့ ရတနာစံအိမ်ကို ပျောက်ကွယ်သွားရမယ်လို့လာပြောနေတာလဲ ....

သူ ဘာမှ မလုပ်ရဲသည်မှာ ရယ်မောဖွယ် ကောင်းနေပေလိမ့်မည်။ သူ မိုဝူကျီကို မသတ်ခင်အနည်းဆုံး ရှင်းရှင်းလင်းလင်း နားလည်မှုတစ်ခုတော့ လိုအပ်လေသည်။

မိုဝူကျီက သူ့ကို ဘာမှပြန်မပြောဘဲ အထဲသို့ ဝင်သွားကာ ဒုတိယထပ်ထိ တက်သွားသောကြောင့်တုံ့ဟွားလုံလည်း မိုဝူကျီနောက်မှ လိုက်ပါသွားလိုက်သည်။

မိုဝူကျီက အပြင်ဘက်တွင် မဆွေးနွေးလိုပေ။ စူးခရာအင်မော်တယ် မြို့ဟောင်းဖြစ်၍ ဤနေရာရှိ ဆေးလုံးတာအို မဟာမိတ်အဖွဲ့၏ အာဏာအကြောင်း နည်းနည်းသာ သိပေ၏။ အကယ်၍ သူက အပြင်ဘက်၌ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေလျှင်အကြီးအကဲ တစ်ယောက် ဖြစ်နေသော်ငြားဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို မျက်နှာ ပျက်စေရုံသာမက သူ့ဘက်မှအားသာချက် ပျောက်ဆုံးသွားနိုင်သည်။

မိုဝူကျီက ဒုတိယထပ်ထိ တက်သွားသည်ကို မြင်သောအခါ လူလတ်အမျိုးသားက အတော်လေး သတိထားလိုက်သည်။

သူက ပိုဒေါသထွက်လာလေလေ ပိုသတိကြီးလာလေလေ ဖြစ်၏။ ထိုအရာမှာ သူ့ကို စူးခရာအင်မော်တယ် မြို့ဟောင်း၌ ကြာကြာနေနိုင်စေသည့်နိယာမတစ်ခုသာ ဖြစ်သည်။

ဒုတိယထပ်တွင်အတားအဆီးတစ်ခုသာ ရှိနေရာ မိုဝူကျီက အလွယ်တကူ ဆွဲဖြဲ၍ ဝင်သွားလိုက်သည်။

လူလတ်အမျိုးသားက မိုဝူကျီ၏ အပြုအမူကို မြင်သောအခါ သူက ကြောင်အမ်းသွားသည်။ မိုဝူကျီ၏ အပြုအမူကို စုတ်ဖြဲပစ်လိုက်သည့် သာမန်အပြုအမူအရ လျှော့မတွက်ရဲတော့ပေ။ ထိုအရာမှာအစီအရင်တာအိုနှင့် ပတ်သက်လာလျှင်သူက ထိပ်တန်းပညာရှင် ဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

အစီအရင်တာအိုကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သော လူတစ်ယောက် ... သူ့တွင် ကျင့်ကြံဆင့် မြင့်မြင့် မရှိသေးသောကြာင့် သူက အင်မော်တယ် အစီအရင် မဟာမိတ်အဖွဲ့မှ ဖြစ်နေမည်လား။ ထိုသို့ဆိုလျှင်ပင် သူ့အာကာပြင် စူးစိုက် ရတနာစံအိမ်အနေဖြင့် ကြောက်နေစရာ မလိုပေ။

အခန်းထဲတွင် လူသုံးယောက် ရှိနေပြီး လူငယ်နှစ်ယောက်နှင့် မိန်းမလှလေး တစ်ယောက်တို့ ဖြစ်သည်။ သူမက မိုဝူကျီ၏ အပြုအမူကို မြင်လိုက်သောအခါ မိုဝူကျီကို တအံ့တဩ ကြည့်လိုက်မိသည်။

ဘယ်အချိန်က ဒီလို လူရမ်းကား ရှိနေတာလဲ။

မိုဝူကျီက အမျိုးသမီးကို ဂရုမစိုက်ပေ။ သူက အတွေ့အကြုံ ကြွယ်ဝသည့်သူ ဖြစ်၍ တစ်ချက်တည်း ကြည့်ရုံဖြင့်ထိုအမျိုးသမီးမှာ အရေးကြီး ပုဂ္ဂိုလ် မဟုတ်မှန်း ပြောနိုင်၏။ သို့သော်လည်း လူငယ်နှစ်ယောက်မှာ အရှိန်အဝါ အငွေ့အသက်များအရသူတို့တွင် အတော်လေး အလှမ်းကွာသော ဝိညာဉ်စွမ်းအား အငွေ့အသက်များ ရှိကြောင်း ခံစားမိသည်။ မိုဝူကျီက ထိုလူနှစ်ယောက်မှာကြယ်ခုနစ်လုံးအဆင့် ပါရမီရှင် အောင်းထျန်းချန်နဲ့ ချားခိုင်သာ ဖြစ်ပေလိမ့်မည်မှန်း မှန်းဆမိလိုက်သည်။

မိုဝူကျီ၏ မှန်းဆချက်မှာ မှန်ကန်ပေသည်။ ဤလူနှစ်ယောက်မှာ အောင်းထျန်းချန်နှင့်ချားခိုင် ဖြစ်နေ၏။

မိုဝူကျီက လေးစားမှုမရှိ ဝင်လာသည်ကို ကြည့်ကာ အောင်းထျန်းချန်နှင့် ချားခိုင် အကြည့်တို့၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင် ဖြတ်ပြေးသွားသည်။ သူတို့နှစ်ယောက်လုံးမှာ သူတို့ရည်ရွယ်ချက်ကို ဖုံးကွယ်ထားရာ၌ အတွေ့အကြုံ ရှိကြသည့်အတွက် လူသတ်လိုစိတ် ဖြစ်သွားသော်လည်း ချက်ချင်း မတုံ့ပြန်ကြပေ။

တုံ့ဟွားလုံကို တစ်ချက်တည်းဖြင့် သတ်နိုင်သည်ဆိုသော အောင်းထျန်းချန်ကို အထင်မကြီးသင့်ပေ။ အကြောင်းမှာ သူက တုံ့ဟွားလုံမှာ ပုရွက်ဆိတ်သာသာမှန်း သိ၍ ဖြစ်သည်။ အကယ်၍ တုံ့ဟွားလုံသာ သေဆုံးသွားလျှင် ဤအတိုင်း ပြီးဆုံးသွားမည် ဖြစ်သည်။ သို့သော် အကယ်၍ သူသာနောက်ခံကောင်းကောင်းနှင့် တွေ့ဆုံလျှင် ဤသို့ ဦးနှောက်မပါသည့် အရူးပမာ မလုပ်ဆောင်ရဲပေ။

မိုဝူကျီက အာကာပြင် စူးစိုက်ရတနာစံအိမ်မှ ကျောက်ခြင်္သေ့ကို ဖျက်ဆီးခဲ့ကာ ဒုတိယထပ်မှ အတားအဆီးကိုလည်း ဆွဲဖြဲပစ်လိုက်သောကြောင့် သာမန်လူတော့ မဖြစ်နိုင်ပေ။သူတို့ပင် ထိုသို့အရာမျိုး မလုပ်ရဲပေ။ ထို့အပြင်သူတို့က ဤကိစ္စနှင့် ပတ်သက်စရာ မလိုအပ်ပေ။

ဒီလူက ရတနာစံအိမ်မှပြဿနာကို မည်သို့ ဖြေရှင်းမည်နည်း။

အာကာပြင် စူးစိုက် ရတနာစံအိမ်မှ လူလတ်အမျိုးသားက အထဲဝင်လာပြီး မိုဝူကျီကို အေးအေးဆေးဆေး ပြောလိုက်သည်။

“ကျုပ်တို့ ရတနာစံအိမ်နဲ့ ပတ်သက်တဲ့ မိတ်ဆွေရဲ့ ကိစ္စက ဒီနေရာမှာ ဆွေးနွေးဖို့ မလိုပါဘူး။ တခြားအခန်းမှာ ပြောရအောင်”

မိုဝူကျီက လူလတ်အမျိုးသားကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး

“ခင်ဗျားဆီမှာ ညှိနှိုင်းပိုင်ခွင့် မရှိဘူး။ ကျုပ် ဂျုနီယာညီလေးက ဒီထဲက လူတစ်ယောက်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားတာကို ခင်ဗျားက ဒီမှာ ‌ပြောစရာ မလိုဘူးဆိုတော့ သူတို့အပြစ်ကို ခင်ဗျားက လက်ခံချင်တာလား။ အဲဒီလိုဆိုရင်တော့ တခြားအခန်းကို သွားကြတာပေါ့ ”

သူက မိုဝူကျီ စကားများကို ကြားသောအခါ လူလတ်အမျိုးသားက ကြောင်အမ်းလုနီးပါး ဖြစ်နေသေး၏။

ဒီလူက ဘယ်သူလဲ ... သူက ကျောက်ခြင်္သေ့ ကိစ္စကိုတောင် မဖြေရှင်းရသေးဘဲနဲ့ ကြယ်ခုနစ်လုံး ပါရမီရှင် နှစ်ယောက်ကို ရန်စချင်နေတာလား ...

မည်သူပင် ဖြစ်စေကာမူ မိုဝူကျီထိုစကားများကို ပြောလိုက်ပြီးနောက် မည်သည့် ရွေးချယ်မှုက သူ့ရတနာစံအိမ်အတွက် အကျိုးရှိမည်ဆိုတာကို ကောင်းကောင်း သိ၏။ သူက လက်ကို ဝှေ့ကာ အတားအဆီး ပိတ်လိုက်ပြီးနောက် အေးအေးဆေးဆေး မေးလိုက်သည်။

“ဒီက ဆရာက ဘာအလိုရှိတာလဲ ”

“ဟားဟားဟား ...”

အောင်းထျန်းချန်က ရုတ်တရက် ထရယ်မောလိုက်သော်လည်း သူ့မျက်ဝန်း၌ ဟာသအရိပ်အယောင် ရှိမနေချေ။ ခဏတာ ရယ်မောပြီးနောက် သူက စားပွဲကို ဘမ်းခနဲ ရိုက်ကာ

“ဒီလိုအရူးက ဘယ်နေရာက ထွက်လာတာလဲ . ... မင်းနောက်က ပါးမွှားလေးကို ငါ ရိုက်လိုက်တာ ဘာဖြစ်လဲ။ အဲဒီ ပါးမွှားလေးကို‌တောင် ပြောမနေနဲ့ ဒီလူက မင်းကိုတောင် ရိုက်ပစ်ရဲတယ် ... ”

သူက ပြောလိုက်သည်နှင့် စားပွဲမှာ ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားတော့သည်။ ထို့နောက် အောင်းထျန်းချန်က လက်သီးတစ်ချက် မိုဝူကျီဆီ ပစ်ခွင်းလိုက်သည်။

မိုဝူကျီက တွန့်ဆုတ်မနေဘဲ သူ့နောက်မှ ဓားမော့ကို ဝှေ့ယမ်းလိုက်သည်။

“ဘုန်း”

လက်သီးနှင့် ဓားချက်တို့ ဆုံတွေ့သွားသည့်အခါ အင်မော်တယ် သဘာဝစွမ်းအားများက ပြင်းထန်စွာ ပေါက်ကွဲသွားလေ၏။ အခန်းအတွင်းရှိ အားလုံးမှာ မြန်မြန် ရှောင်ရှားလိုက်ရသည်။

“ဘုန်း ဘုန်း”

အင်မော်တယ် သဘာဝစွမ်းအားများ ဖိနှပ်အောက်တွင် ထိုင်ခုံများလည်း တစ်စစီ ဖြစ်ကုန်တော့သည်။

အောင်းထျန်းချန်က ကြောက်ခမန်းလိလိ ဓားမော့စွမ်းအားကြောင့် လွင့်စဉ်သွားလေ၏။ မိုဝူကျီ၏ ဓားမော့နှင့် တိုက်ရိုက် မထိတွေ့လိုက်ရသော်လည်း ဓားဒဏ်ရာနက်ကြီးက သူ့လက်သီး၌ ထင်းထွက်နေသည်။ အောင်းထျန်းချန်က နောက်အနည်းငယ် ဆုတ်လိုက်ပြီးနောက် ဓားဒဏ်ရာမှ သတ်ဖြတ်ငွေ့ကို ချေဖျက်လိုက်သည်။

မိုဝူကျီက သူ့စွမ်းအားကို သိုလှောင်ထားသည့်အပြင် ဓားမော့ ပါရှိသည့်အတွက် အောင်းထျန်းချန်က သူ့ထက် ကျင့်ကြံဆင့် မြင့်သော်လည်း ထိုသူ၏ လက်သီးချက်နှင့် လက်ရည်တူ ဖြစ်ခဲ့ခြင်း ဖြစ်သည်။

အောင်းထျန်းချန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ မိုဝူကျီက ကျင်းရှန်းအဆင့်သာ ရှိသေးသော်လည်း ထိပ်တိုက် ရင်ဆိုင်တွေ့သည့်အခါ မိုဝူကျီက အရေးမသာသည့် အနေအထားတော့ မဟုတ်ချေ။ သူက ရွမ်ရှန်း ပြီးပြည့်စုံခြင်းအဆင့် ရောက်နေသည့်အပြင် ရွှေနဂါး သွေးမျိုးဆက်လည်း ဖြစ်နေသေး၏။

အကယ်၍ ပုံမှန်အခြေအနေဆိုပါက သူက မှော်ရတနာကို ထုတ်၍ မိုဝူကျီနှင့် ရင်ဆိုင်မည် ဖြစ်၏။ သို့သော် မိုဝူကျီ စကားကို အမှတ်ရလိုက်သည့်အခါ သူက မှော်ရတနာကို မထုတ်တော့ပေ။ သူက မိုဝူကျီသည် ရိုးရှင်းသော ဇစ်မြစ် မဟုတ်နိုင်ကြောင်း ခန့်မှန်းမိလိုက်သည်။

အောင်းထျန်းချန်က ဆက်မတိုက်တော့သည်ကို မြင်သောအခါ မိုဝူကျီကအေးစက်စွာ လှောင်ပြုံး ပြုံးလိုက်သည်။ သူ့လက်ထဲမှ ဓားမော့မှာ နောက်ကျောဆီ ပြန်မရောက်သွားခင် လေထုအတွင်း စက်ဝန်းပြတ်အဖြစ် ထွက်ပေါ်လာသည်။

အရူးပင် မိုဝူကျီက မရိုးရှင်းမှန်း သိပေလိမ့်မည်။ ရွမ်ရှန်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်စဉ် လက်ရည်တူ တိုက်ခိုက်နိုင်သူက မည်သို့ ရိုးရှင်းမည့်သူ ဖြစ်မည်နည်း။

အရူးက ဒီလို အားကောင်းမည်လား ...

“ဒီက မိတ်ဆွေ ... ကျုပ်က အာကာပြင် စူးစိုက် ရတနာစံအိမ်ရဲ့ဆိုင်ရှင် တူကျူပါ။ မိတ်ဆွေကို ဘယ်လိုများ ခေါ်ရမလဲ ”

လူလတ်အမျိုးသားက လက်နှစ်ဖက် ယှက်၍ သတိထားကာ မေးလိုက်သည်။ သူ့အသံမှာ ယခင်နှင့် ကွာပြားသွားပြီ ဖြစ်၏။ သို့သော်လည်း အကယ်၍ မိုဝူကျီသာ နောက်ခံအကြီးထဲက မဟုတ်လျှင် အပိုင်းပိုင်း အစိတ်စိတ် လုပ်ပစ်ဖို့ရာ တွေးတောနေသည်။ သို့သော် ယခုတွင် သူ့စိုးရိမ်ကြောင့်ကြမှုမှာ သူ့ဒေါသကို ကျော်လွန်သွားလေပြီ။

ဘေးတွင် ရှိနေသော အမျိုးသမီးက ကြမ်းပြင်ပေါ်မှ အမှိုက်သရိုက်များကို ဖယ်ရှားလိုက်ကာ ကျောက်စိမ်းစားပွဲနှင့် ထိုင်ခံတချို့ကို ထုတ်လိုက်၏။

မိုဝူကျီက ထိုင်ခုံပေါ် ဝင်ထိုင်ဖို့ရာ တွန့်ဆုတ်မနေပေ။ တုံ့ဟွားလုံလည်း သူ့အစ်ကိုကြီး ထိုင်ချလိုက်သည်ကို မြင်သောအခါ သူလည်း ထိုနည်းတူ လိုက်လုပ်လိုက်သည်။ သူက အစ်ကိုကြီး၏ ခမ်းနားမှုကို မလျော့ကျစေရန် ဆုံးဖြတ်ထားလေသည်။ သူ့အစ်ကိုကြီးက ထိုင်လိုက်သည်မှာ နိုင်လိုမင်းထက် အပြုအမူ ဖြစ်နေသေးသည်။

အောင်းထျန်းချန်၏ စိတ်နှလုံးမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ သို့သော်လည်း တူကျူက မိုဝူကျီ၏ ဇစ်မြစ်အကြောင်း မသိသေးခင် သူအနေဖြင့် မလှုပ်ရှားရဲပေ။ ချားခိုင်မှာ အောင်းထျန်းချန်နှင့် ပစ္စည်းတစ်ခုအတွက် လုနေကြသည် ဖြစ်ရာ တုံ့ဟွားလုံကို ပညာပေးလိုက်သူမှာ သူ မဟုတ်ချေ။ ထို့ကြောင့် သူ ဝင်မတိုက်သည်မှာ ပုံမှန်ကိစ္စဖြစ်ပြီး သူက မိုဝူကျီကို လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်လိုက်သေး၏။

အမျိုးသမီးက ကျောက်စိမ်း လက်ဖက်ရည်ကြမ်းခွက် တချို့ ယူလာကာ အားလုံးအတွက် လက်ဖက်ရည်ကြမ်း လောင်းထည့်ပေးလိုက်သည်။

မိုဝူကျီက သူ့ကျောက်စိမ်းပြားကို ပစ်ပေးလိုက်ပြီး

“သူဌေးတူ ... တစ်ချက် ကြည့်ကြည့်ပါဦး။ ကျုပ် အဆင့်အတန်းက ခင်ဗျားတို့ ရတနာစံအိမ်ကို အဆုံးသတ်ပစ်ဖို့ လုံလောက်ရဲ့လား။ မလုံလောက်ရင်လည်း နောက်ထပ် ရှိသေးတယ် ... ”

မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲ၏ အကြီးအကဲ အမှတ်အသားပြားကို ထုတ်ပြလိုက်ခြင်း ဖြစ်သည်။ သူက သူ့ဂုဏ်ထူးဆောင် အဆင့် ၄ ဆေးလုံးဘုရင် အဆင့်အတန်းကို ဤသို့သော ကိစ္စအသေးလေးအတွက် ထုတ်သုံးစရာ မလိုကြောင်း ယုံကြည်သည်။

တူကျူက ကျောက်စိမ်းပြားကို လက်ခံလိုက်သည်နှင့် ချားခိုင်နှင့် အောင်းထျန်းချန်လည်း စိတ်စွမ်းအား ပို့လွှတ်၍ စစ်ဆေးကြည့် လိုက်ကြသည်။ ထိုစဉ် အားလုံးက မိုဝူကျီ၏ အမှတ်အသားပြားကို စိတ်ဝင်စားနေကြ၏။

“အကြီးအကဲမို ...”

တူကျူ၏ နှလုံးခုန်နှုန်းမှာ မြန်ဆန်လာပေသည်။ ဤသို့ ငယ်ငယ်ရွယ်ရွယ်ဖြင့် မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲ၏ ဂုဏ်သရေရှိ အကြီးအကဲ ဖြစ်နေလိမ့်မည်ဟု လုံးဝ မတွေးမိပေ။

အကယ်၍ မိုဝူကျီ၏ အမှတ်အသားပြားမှာ အစစ် ဖြစ်နေလျှင် အာကာပြင် စူးစိုက် ရတနာစံအိမ်ကို အဆုံးသတ် သွားစေရမည်ဟုသော စကားမှာ လျှောက်ပြောနေခြင်း မဟုတ်တော့ပေ။ အကယ်၍ ရတနာစံအိမ်က ပို၍ ကြီးမားနေလျှင်ပင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရှေ့၌မူ ပုရွက်ဆိတ်မျှသာ ဖြစ်၏။

မကြာခင် တူကျူက မိုဝူကျီ၏ အမှတ်အသားပြားမှာ အတုမဟုတ်ကြောင်း သိသွားလေ၏။ အကယ်၍ မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အမှတ်အသားပြားကို အတုလုပ်ရဲလျှင် သေခြင်းတရားကို လက်ယက်ခေါ်နေသည်သာ ဖြစ်လိမ့်မည်။

***

All Chapters