← Chapters

ကျုပ်ရဲ့ကိုယ်ပိုင်ဆိုင်

Vol. 38 Ch. 517

ကျုပ်ရဲ့ကိုယ်ပိုင်ဆိုင်

Vol. 38 Ch. 517

“ဒီကျောက်တုံးလေးက အတော် လှတာပဲ ”

မိုဝူကျီက ပွင့်ချပ်သုံးလွှာ မီးတောက်နှလုံးသား ကျောက်တုံးကို ဟိုဟိုဒီဒီ ကစားရင်း ပြောလိုက်သည်။ ထို့နောက် သူက မီးတောက် နှလုံးသားကျောက်တုံးကို ကျောက်စိမ်းသေတ္တာထဲ ပြန်ထည့်လိုက်သော်လည်း အာကာပြင် စူးစိုက် ရတနာစံအိမ်မှ အမျိုးသမီးဆီ ပြန်မပေးပေ။

ချားခိုင်က ထိုအခြေအနေကို မြင်သည့်အခါ သူက ဤမီးတောက် နှလုံးသား ကျောက်တုံးကို ရရန် ဆက်ကြံနေပါက မိုဝူကျီနှင့် ရန်သူ ဖြစ်သွားလိမ့်မည်မှန်း သိထားသည်။

မည်သို့ဖြစ်ဖြစ် မိုဝူကျီ ရောက်မလာလျှင်ပင် အောင်းထျန်းချန်က သူ့အား မီးတောက်နှလုံးသား ကျောက်တုံးကို အသာတကြည် ပေးမည် မဟုတ်ပေ။ မိုဝူကျီက ဤသို့ ပြောလာသောကြောင့်သူက တည့်တိုးသာ ပြောလိုက်တော့သည်။

“အကြီးအကဲမို ကြိုက်တယ်ဆိုရင် ကျုပ် မယူတော့ပါဘူး။ အကြီးအကဲမိုပဲ ယူလိုက်ပါ ”

ထိုသို့ပြောပြီး အောင်းထျန်းချန်ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ထူးထူးဆန်းဆန်း ပြောလိုက်သည်။

“အခု တာအိုရောင်းရင်းအောင်းက ဘယ်လိုများ ပေးလျော်မလဲဆိုတာ ကျုပ်တကယ် စိတ်ဝင်စားမိသား ... တာအိုရောင်းရင်းအောင်းက ဒီမီးတောက် နှလုံးသားကျောက်တုံး အတွက် ဦးအောင် ပေးချေပေးလိမ့်မယ် ထင်တယ်”

အောင်းထျန်းချန်က နှာခေါင်းရှုံ့ကာ လှည့်ထွက်သွား၏။

သူက မီးတောက်နှလုံးသား ကျောက်တုံးကို လက်လျှော့ပေး နိုင်သော်လည်း မိုဝူကျီက ဤမီးတောက်နှလုံးသား ကျောက်တုံးကို သူ့အင်မော်တယ် ကျောက်များဖြင့် ဝယ်ပေးဖို့ မျှော်လင့်နေသည်ဆိုလျှင်တော့ အိပ်မက်မက်နေသည်သာ ဖြစ်လိမ့်မည်။

မိုဝူကျီက မထူးမခြားနား ပြောလိုက်သည်။

“အောင်းထျန်းချန် ... ဒီကနေ လျော်ကြေးမပေးဘဲ ထွက်သွားမယ်ဆိုရင် ကျုပ်အနေနဲ့ လုပ်စရာ နှစ်ခုပဲရှိတယ်။ ပထမတစ်ချက်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို ရွှေမြစ်နဂါးနဲ့ ပတ်သက်သမျှ အကုန်အဆုံးသတ်လိုက်ဖို့ တောင်းဆိုလိုက်မယ်။ ဒုတိယအချက်အနေနဲ့ ကျုပ် ဒီကျောက်တုံးကို ဝယ်ပြီးသွားရင် ခင်ဗျား ဘယ်နေရာကနေ ရောက်လာလာ ရိုက်ပစ်မယ်။ ဒါနဲ့ စိတ်မပူပါနဲ့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို အကူအညီ မတောင်းပါဘူး။ ကိုယ့် စွမ်းအားနဲ့ကိုယ် ရိုက်မှာပါ”

ထိုသို့ ပြောပြီး မိုဝူကျီက အောင်းထျန်းချန်ကို အေးစက်စက် ကြည့်လိုက်သည်။ ထိုစကားများကို ပြောစဉ်က နောက်နေခြင်း မဟုတ်ပေ။ သူက ဂုဏ်ထူးဆောင် အကြီးအကဲ တစ်ယောက်ဖြစ်၍ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဤကိစ္စတောင်းဆိုရန် ပြဿနာ ရှိမည် မဟုတ်ပေ။ အကယ်၍ မဟာမိတ်အဖွဲ့က ဤသို့ရိုးရှင်းသည့် ကိစ္စကို လုပ်ဆောင်မပေးနိုင်လျှင် သူက ဂုဏ်ထူးဆောင် အကြီးအကဲ မဖြစ်ဖို့ရာသာအလိုရှိ၏။

အောင်းထျန်းချန်ကို ဘယ်နေရာတွေ့တွေ့ ရိုက်မည် ဆိုသောစကားမှာ မိုဝူကျီက လိမ်ညာနေခြင်း မဟုတ်ပေ။

သူက အောင်းထျန်းချန်ကို လုံးဝ မကြောက်ပေ။ သူ့ဇစ်မြစ်ဖြင့် သူကနောက်ခံရှိသည့် အောင်းထျန်းချန်နှင့် တိုက်ပွဲအကြီးကြီး တိုက်ပွဲဖြစ်သွားလျှင်ပင် သူ့အနေဖြင့် အကျိုးဆက် ရင်ဆိုင်ရမည် မဟုတ်ပေ။ ပို၍ အရေးကြီးသည်က အောင်းထျန်းချန်နှင့် တိုက်ပွဲဖြစ်လိုက်ခြင်းမှာ သူ့အတွက် အကျိုးဆက် မဟုတ်ဘဲ အကျိုးမြတ်ကိုသာ ဆောင်ကျဉ်းပေး လာလိမ့်မည်။

သို့သော် အောင်းထျန်းချန်အတွက် ခြားနားသွားပေလိမ့်မည်။ တစ်စုံတစ်ယောက်က သူ့တံခါးဝထိ ရောက်လာသောကြောင့် သူက ဘာမှ မလုပ်လိုက်လျှင် သူ့မျက်နှာပျက်ရရုံသာ ရှိ၏။

အောင်းထျန်းချန်က ရပ်လိုက်ပြီး သူ့မျက်ဝန်း၌ စူးရှသည့် အလင်းတစ်ချက် ဖြတ်ပြေးသွား၏။ သူ့စိတ်ထဲမှ သတ်ဖြတ်လိုစိတ် မြင့်တက်လာသည်။ အကယ်၍ စူးခရာ အင်မော်တယ် မြို့ဟောင်းမှာသာ မဟုတ်ပါက သူက မိုဝူကျီကို တိုက်ခိုက်ပြီး လောက်လေပြီ။

သို့သော်လည်း သူ့ဆင်ခြင်တုံတရား ရှိနေသေးသောကြောင့် တူကျူဆီ သိုလှောင်လက်စွပ် တစ်ကွင်း ပစ်ပေးကာ

“ဒါက မီးတောက်နှလုံးသား ကျောက်တုံးအတွက် ပိုက်ဆံပဲ  ... နှုတ်ဆက်ခဲ့ပါတယ် ... ”

ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားတော့သည်။ အရိုးဆုံးပြောရလျှင်သူ စတင်ကျင့်ကြံစဉ်မှ စ၍ဤသို့ မကျေမနပ်မှု မခံစားရဖူးပေ။ အကယ်၍ ဖြစ်နိုင်ပါကသူက မိုဝူကျီနှင့် တိုက်ပွဲကြီးတစ်ခု ဆင်နွဲလိုက်ချင်ပြီး သူ့စွမ်းဆောင်ရည်၊ လက်သီးနှင့်ပင် စကားပြောလိုက်ချင်မိသည်။

သို့သော်လည်း သူက ယနေ့ခံစားခဲ့ရသည့် မကျေမနပ်မှုများကို မေ့မပစ်နိုင်ပေ။ သူက မိုဝူကျီသည် စူးခရာအင်မော်တယ် မြို့ဟောင်းတွင် တစ်ဘဝလုံး နေနေလိမ့်မည်ဟု မယုံပေ။ မိုဝူကျီသာ စူးခရာအင်မော်တယ် မြို့ဟောင်းမှ ထွက်လာသရွေ့ သူ့အသက်ယူဖို့ရာ ကြိုးစားမည့်သူ့အား အပြစ်မတင်သင့်ပေ။

ယနေ့တော့ လက်လျှော့လိုက်ရုံမှ အပ ရွေးချယ်စရာ မရှိပေ။ ရွှေမြစ်နဂါး၏ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့အပေါ် အမှီသဟဲပြုနေရမှုမှာ မသေးလှပေ။ ရွမ်ရှန်းအဆင့် တက်လှမ်းဖို့ရာသူ အသုံးပြုခဲ့ရသော ဆေးလုံးပင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ ဖြစ်၏။ ထို့အပြင် ရွှေမြစ်နဂါးမှ ဗာမဟာကျီရှန်း အဆင့်မှ အင်မော်တယ် ဘုရင်အဆင့်အထိ ဆေးလုံးများစွာ လိုအပ်နေသေး၏။

အကယ်၍ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို ရန်စမိပါက သူ့ရွှေမြစ်နဂါးအနေဖြင့် တခြားလူ ခြေထောက်အောက် ဖြည်းဖြည်းချင်း ကျရောက်သွားရလိမ့်မည်။

သူ တကယ်ကြောက်ရွံ့သည့် နောက်တစ်ချက်မှာ မိုဝူကျီက သူ ဘယ်နေရာမှ ရောက်လာလာ ရိုက်နှက်မည့် အကြောင်း ဖြစ်၏။ သူ အောင်းထျန်းချန်က မာနကြီးသူ တစ်ဦး ဖြစ်ပေသည်။ အကယ်၍ ကျင်းရှန်းအဆင့် ကျင့်ကြံသူက သူ့ဆီ ရောက်ရောက်လာပြီး တိုက်ခိုက်နေလျှင် သူ့ဂုဏ်သတင်း လျော့ကျမသွားပေဘူးလား။ မိုဝူကျီ၏ စွမ်းအားက မည်မျှ ထူးခြားဆန်းကြယ်ကြောင်း ပြောနေစရာ မလိုပေ။ တစ်ဖက်လူ၏ စွမ်းအားက အလွန်နိမ့်နေလျှင်ပင် သူက တစ်ဖက်လူကို မည်သို့ သတ်ရဲမည်နည်း။

ယခု မိုဝူကျီက သူအလိုရှိရာ ရသွားသောကြောင့် တူကျူနှင့် ချားခိုင်ဘက် လှည့်ကာ ပြောလိုက်သည်။

“တာအိုရောင်းရင်းတူနဲ့ တာအိုရောင်းရင်းချားကို ကျေးဇူးတင်ပါတယ်။ ဒီမိုက အခု သွားတော့မှာမလို့ နောင်ကျမှ ပြန်တွေ့ကြတာပေါ့ ... ”

သူက အောင်းထျန်းချန်ကို တောင်းပန်ခိုင်းဖို့ရာ မဖြစ်နိုင်ကြောင်း သိထားသည်။ သူတို့နှစ်ဦးတည်း နောင်ကျထပ်တွေ့ဖြစ်လျှင် သေရေး ရှင်ရေး တိုက်ပွဲဖြစ်လာလိမ့်မည်။

သူက အောင်းထျန်းချန်ကို ရိုက်ထားသောကြောင့် ပုံမှန်အားဖြင့် ချားခိုင်နှင့် ပျူပျူငှာငှာ ဆက်ဆံမနေလိုပေ။ သို့သော် ချားခိုင်က သူနှင့် မိတ်ဆွေဖြစ်လိုရန် လိုလားသည့်ဟန် ပေါ်နေသောကြောင့် မိတ်ဆွေ တစ်ယောက်ရှိခြင်းက ရန်သူ တစ်ယောက် ရှိခြင်းထက်ပို၍ သာပေသည်။

“ဒါပေါ့ ဒါပေါ့ ... အကြီးအကဲမိုကို လိုက်ပို့ပါ့မယ်”

တူကျူက ပြုံးဖြီး၍ ပြောလိုက်သည်။

“ကျုပ်လည်း သွားလိုက်ဦးမယ်။ အဆင်ပြေရင် အကြီးအကဲမိုနဲ့အတူတူ သွားချင်ပါတယ် ”

ချားခိုင်လည်း မတ်တတ်ရပ်ကာ ပြုံးပြီး ပြောလိုက်သည်။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ အကြီးအကဲ တစ်ယောက်နှင့် မိတ်ဆွေဖွဲ့ထားခြင်းက ဘာမှ မဆိုးပေ။

***

အာကာပြင် စူးစိုက် ရတနာစံအိမ် အနီးရှိတည်းခိုဆောင်၌ ရှန်းမူချင်က လက်ဖက်ရည်ကြမ်း သောက်ရင်း စောင့်ဆိုင်းနေလေ၏။ သူမက အခြေအနေ မည်သို့ ဖြစ်လာမည်ကို စိတ်ဝင်တစား သိချင်နေမိသည်။

အချိန်အတော်ကြာသည့်အထိ အာကာပြင် စူးစိုက် ရတနာစံအိမ်မှ ဘာသံမှ မကြားသေးသောကြောင့် မိုဝူကျီနှင့် တုံ့ဟွားလုံတို့အထဲ၌ အသတ်ခံလိုက်ရပြီလားဟု တွေးမိသွားသည်။

စူးခရာအင်မော်တယ် မြို့ဟောင်းတွင် သတ်ဖြတ်ခြင်းကို ခွင့်မပြုထားသော်လည်း မိုဝူကျီ၏ ရတနာစံအိမ်၏ ကျောက်ခြင်္သေ့ကို ဖျက်ဆီးခဲ့ပေသည်။ ထိုသို့မျိုး အခြေအနေအောက်၌ မိုဝူကျီ အသတ်ခံရကိန်း ရှိ၏။

အချိန်တချို့ ကြာပြီးနောက် အောင်းထျန်းချန်က လူသတ်လိုစိတ် အပြည့်ဖြင့် ထွက်လာသည်ကို မြင်လိုက်ရသည်။ သူမက မတွေးဘဲ မနေနိုင်တော့ချေ။

ချားခိုင် အနိုင်ရသွားတာလား  ...

အဖြေက မကြာခင် သူမ မျက်စိရှေ့ ပေါ်ပေါက်လာသည်။ သူမ၏ အမြင်မှားနေတာလားဟု တွေးမိသွားပြီး ချက်ချင်း မျက်လုံး ပွတ်ကြည့်လိုက်ရသည်။

မိုဝူကျီနှင့် တုံ့ဟွားလုံတို့က ထိခိုက်ဒဏ်ရာမရှိ ပြန်ထွက်လာလေ၏။ ထိုမျှတင် မကဘဲအာကာပြင် စူးစိုက် ရတနာစံအိမ်၏ ဆိုင်ရှင် တူကျူက သူတို့နောက်တွင် ပြုံးဖြီးလျက် လိုက်ပါလာသည်။ သူက မိုဝူကျီကို လိုက်ပို့ခြင်းမှာ သိသာလှသည်။ ချားခိုင်ပင် မိုဝူကျီဘေးမှ လျှောက်လာရင်း မိုဝူကျီကို လိုက်ပို့ပေးဟန် ပေါ်နေသည်။

ရတနာစံအိမ်မှ ထွက်လာပြီးနောက် ချားခိုင်က လက်နှစ်ဖက် ယှက်ကာ မိုဝူကျီကို နှုတ်ဆက်လိုက်လေ၏။ တူကျူလည်း လောဝတ်စကားတချို့ ပြောပြီးနောက် သူ့ရတနာစံအိမ်ထဲ ပြန်ဝင်သွားတော့သည်။

မိုဝူကျီက အာကာပြင် စူးစိုက် ရတနာစံအိမ်မှ ဆံပင် တစ်ပင်ပင် မကျွတ်ဘဲ ပြန်ထွက်လာလေသည်။

ရှန်းမူချင်က အရူး မဟုတ်ပေ။ သူမက အဖြစ်အပျက်ကို ချက်ချင်း သဘောပေါက်သွား၏။ မျှော်လင့်ထားသည့်အတိုင်း မိုဝူကျီက တုန်လှုပ်           ချောက်ချားဖွယ် ဇစ်မြစ်တစ်ခုမှ ဖြစ်ရမည်။ မဟုတ်လျှင် ချားခိုင်နှင့် တူကျူတို့က ထိုသို့ ပြုမူနေမည် မဟုတ်ပေ။ ရတနာစံအိမ်၏ ကျောက်ခြင်္သေ့ကို ဖျက်ဆီးပြီးနောက် ဆိုင်ရှင်မှ ကိုယ်တိုင် လိုက်နှုတ်ဆက် ရသေးသည် မဟုတ်ပါလော။

ထို့အပြင် အောင်းထျန်းချန်က အရင်ထွက်သွားသောကြောင့် ထိုလူက အရှုံးတချို့ ခံစားလာရန်ဟန် ပေါ်သည်။ အောင်းထျန်းချန်က အဘယ်ကြောင့် ရှုံးရမည်နည်း။ ရှန်းမူချင်က သေချာတွေးတော ကြည့်လိုက်သည့်အခါ အောင်းထျန်းချန်က တုံ့ဟွားလုံကို ဒဏ်ရာရစေခဲ့သူ ဖြစ်ကြောင်း ကောက်ချက် ချလိုက်မိသည်။

ရှန်းမူချင်က အသက်ပြင်းပြင်း ရှူလိုက်သည်။ သူမက မိုဝူကျီနှင့် မိတ်ဆွေဖြစ်ဖို့ရာ အခွင့်အရေး လက်လွတ်ရလိုက်လေပြီ။ ဤကိစ္စရပ်ကြောင့် သူမအနေဖြင့် နိယာမတစ်ခုကို နားလည်သွားစေသည်။ အကယ်၍ လူတစ်ယောက်နှင့် မိတ်ဆွေဖွဲ့လိုလျှင် ဘာကိုမှ ကြောက်နေစရာ မလိုပေ။ အကယ်၍ သူမက အကျိုးမြတ်ကိုသာ ထည့်တွက်ပြီး ခက်ခဲမှုကို ရင်မဆိုင်လိုလျှင် မိတ်ဆွေစစ်ဖွဲ့နိုင်မည် မဟုတ်ပေ။ မိုဝူကျီက သာမန်မဟုတ်ကြောင်း ခန့်မှန်းမိသော်လည်း သူ့ကို ကူညီဖို့ရာ သူမအနေနှင့် တွန့်ဆုတ်နေခဲ့မိသည်။

ကံကောင်းစွာ သူမကမိုဝူကျီနှင့် သိကျွမ်းနေပြီ ဖြစ်၍သူမ၏ ယခင်အားစိုက်မှုများမှာ အလကား မဖြစ်ခဲ့ပေ။ သူမက မိုဝူကျီနှင့် မိတ်ဆွေ ဖြစ်မလာသော်လည်း အနည်းဆုံးတော့ အသိအကျွမ်း ဖြစ်နေသေး၏။ သူမက ကျေးဇူးကြွေးတစ်ခု ထားခဲ့နိုင်သည် မဟုတ်ပါလော။ ထိုအရာက မဆိုးလှပေ။

***

မိုဝူကျီက မြစ်ပြင် အင်မော်တယ် တည်းခိုဆောင်ကို ချက်ချင်း မပြန်သေးဘဲ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ဆီ ဦးတည်လိုက်သည်။ တုံ့ဟွားလုံမှ တစ်ဆင့် ကုန်းယီသည် ဆိုင်ပြီးစီးသွားကြောင်း လာပြောထား၍ သူက ဆိုင်အခြေအနေကို သွားကြည့်ချင်မိသည်။

“အကြီးအကဲမို ”

မိုဝူကျီကဆေးလုံးတာအို အင်မော်တယ်မဟာမိတ် စူးခရာအဖွဲ့ခွဲဆီ ရောက်သည့်အခါ ကုန်းယီကသတင်း ကြားထား၍ သူ့အား စောင့်နေလေသည်။

မိုဝူကျီက လေးလေးစားစား ပြောလိုက်သည်။

“တာဝန်ခံကုန်း  ... ကျုပ်က အကြာကြီး တံခါးပိတ်ကျင့်ကြံ နေမိသွားတယ်။ အကူအညီအတွက် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မှာပဲ ”

ကုန်းယီက မျက်လုံးပေါက် မမြင်နိုင်တော့သည့်အထိ ပြုံးရင်း မြန်မြန် ပြောလိုက်သည်။

“ဘာမှ မဖြစ်ပါဘူးဗျာ ... ကျုပ်တို့တွေ ဆိုင်ကို တွေ့ထားတယ်။ အဓိကကတော့ စီမံခန့်ခွဲရေးမှူး ကုန်းရဲ့အကူအညီကြောင့်ပါ။ ကျုပ်က တောက်တိုမယ်ရ ကူညီပေးတာလောက်ပါပဲ”

သူက ပြောလိုက်ရင်း ကုန်းယီက စာလိပ်တစ်လိပ် ထုတ်ပေးကာ မိုဝူကျီဆီ ပေးလိုက်သည်။

“ဒါက ဆိုင်ရဲ့ စာချုပ်ပါ။ နောင်ကျ ဒီဆိုင်က အကြီးအကဲမို အပိုင် ဖြစ်လာပါလိမ့်မယ်”

မိုဝူကျီက ဆိုင်တစ်ခု ငှားရမ်းချင်သော်လည်း ကောချီက သူ့အား တစ်ဆိုင် ဝယ်ပေးလိမ့်မည်ဟု ထင်မထားမိပေ။

“အဲဒီဆိုရင်တော့ အစ်မကောကို ကျေးဇူးတင်ရတော့မှာပဲ။ ကျုပ်ကိုယ်တိုင် တွေ့ပြီး သူမဆီ ပိုက်ဆံ ပေးလိုက်ပါ့မယ် ”

စူးခရာအင်မော်တယ် မြို့ဟောင်းအတွင်း ဆိုင်တစ်ဆိုင် ဝယ်ယူဖို့ရာ တန်ဖိုးသေးလှမည် မဟုတ်ပေ။ မိုဝူကျီက မတတ်နိုင်လျှင်ပင် ဈေးနှုန်းကိုတော့ သိချင်မိသေး၏။ ထိုအခါမှ သူ မည်သို့ ပြန်ပေးရမည်ကို စဉ်းစားနိုင်လေမည်။

ကုန်းယီက မြန်မြန် ပြောလိုက်သည်။

“စီမံခန့်ခွဲရေးမှူး ကောရယ်၊ အဖွဲ့ခေါင်းဆောင် ရှန့်နဲ့ ဆေးလုံးဘုရင် ရွင်းအန်တို့က အရေးကြီးကိစ္စကြောင့် စူးခရာ အင်မော်တယ်မြို့ကနေ ထွက်သွားကြတယ်။  အဖွဲ့ခေါင်းဆောင် ရှန့်က သူပြန်ရောက်လာတဲ့အခါ အကြီးအကဲမိုကို ဂုဏ်ပြုပွဲအတွက် ဖိတ်ကြားလိုက်မယ်ဆိုပြီး ပြောသွားပါတယ်”

စူးခရာအင်မော်တယ် မြို့ဟောင်းမှ အရေးတကြီး ကိစ္စကြောင့် ထွက်သွားသည်လား...

ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ခွဲမှ အရေးကြီး ပုဂ္ဂိုလ်များအားလုံး ထွက်သွားရသောကြောင့် သေချာပေါက် ကိစ္စအသေးလေး မဟုတ်နိုင်ပေ။

“အကြီးအကဲမိုကို ဆိုင်လိုက်ပြပါ့မယ် ”

ကုန်းယီက ဉာဏ်ထက်ပေသည်။ မိုဝူကျီက စီမံခန့်ခွဲရေးမှူးကောနှင့် အဖွဲ့ခေါင်းဆောင်ရှန့်ပင် မိတ်ဆွေဖြစ်နေကြသည့် စွမ်းဆောင်ရည်ရှိသူ ဖြစ်ပေသည်။ ယခု သူ့တွင် အခွင့်အရေး ရလာပြီ ဖြစ်၍ မိုဝူကျီကို ကူညီပေးပြီး ရင်းနှီးလာရန် ကြိုးစားကြည့်ရမည်။

“ကောင်းပြီလေ  ... အဲဒီဆိုရင်တော့ တာဝန်ခံကုန်းတော့ အလုပ်ရှုပ်ရတော့မှာပဲ ”

မိုဝူကျီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

***

ကုန်းယီ ရှာပေးသည့် ဆိုင်နေရာမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့နှင့် နာရီဝက်မျှသာ သွားရုံဖြင့် ရောက်လေသည်။ အရမ်းဝေးလွန်းသည်ဟု ယူဆ၍ မရပေ။ စူးခရာအင်မော်တယ် မြို့ဟောင်း၏ အရှုပ်ဆုံးနေရာတွင် မဟုတ်သော်လည်း လူအသွားအလာတော့ မပြတ်ပေ။

မိုဝူကျီကို ကျေနပ်သွားစေသည်က ဤဆိုင်ခန်းမှာ မသေးငယ်သလို နေရာမှာ မီတာရာချီ ကျယ်ဝန်းပြီး သုံးထပ် ပါရှိ၏။

စူးခရာအင်မော်တယ် မြို့ဟောင်း၌ ဤသို့မျိုး ဆိုင်ရှိသည်မှာ အတော်လေး အံ့ဩစရာ ကောင်းလှသည်ဟု ယူဆ၍ ရနေလေပြီ။ တချို့ဂိုဏ်းများပင် ဤသို့နယ်မြေ မရနိုင်ပေ။

ဆိုင်ထဲ ဝင်လိုက်သည်နှင့် မိုဝူကျီက တောက်ပြောင်နေသော ဗီရိုများကို မြင်လိုက်ရသည်။ ဗီရိုများမှာ ဗလာကျင်းနေသော်လည်း အနေအထားကို ခင်းကျင်းထားသူက မည်မျှ ကြိုးစားထားကြောင်း သိသာနေသည်။

“တာဝန်ခံကုန်းကို ကျေးဇူးတင်ပါတယ် ”

မိုဝူကျီက ကျေးဇူးတင်ကြောင်း လေးလေးနက်နက် ဖော်ပြလိုက်သည်။

ကုန်းယီက နေရခက်စွာလက်ကို အသာဝှေ့ပြလိုက်သည်။ သူက တစ်ခုခု ပြောချင်သော်လည်း ပြောဖို့ရာ အဆင်မပြေဖြစ်နေဟန် ပေါ်သည်။

မိုဝူကျီက သိချင်စွာ မေးလိုက်သည်။

“တာဝန်ခံကုန်းက တစ်ခုခုများ ပြောစရာရှိလို့လား”

ကုန်းယီက မြေပြင်ပေါ် ရုတ်ခြည်း ဒူးထောက်ချလိုက်ပြီး

“အကြီးအကဲမို  ... ကျုပ်ဆေးလုံးတာအိုက မတိုးတက်လာတာ ကြာပါပြီ။ အကြီးအကဲမိုများ ကျုပ်ဆရာ ဖြစ်ပေးနိုင်မလား ”

မိုဝူကျီက တုန်လှုပ်မိသွားသည်။ ဤလူမှာ အတော်လေး အံ့ဩဖို့ကောင်း၏။ ကုန်းယီက မဟာယီရှန်းအဆင့် ရောက်နေသော်လည်း ကျင်းရှန်းအဆင့် ကျင့်ကြံသူကို ဆရာ တင်လိုသည်လား...

“ထပါ ... ကျုပ်လည်း သင်ယူတုန်းဆိုတော့ တပည့် လက်မခံနိုင်သေးဘူး”

မိုဝူကျီက မထူးမခြားနား ပြောလိုက်သည်။

သူက တပည့် လက်မခံလို၍ မဟုတ်ဘဲ ကုန်းယီက သူ့တပည့်ဖြစ်ဖို့ရာ သူ့သတ်မှတ်ချက် မပြည့်မီ၍ ဖြစ်သည်။

ကုန်းယီက စိတ်မချမ်းမြေ့စွာ ထရပ်လိုက်သည်ကို မြင်သောအခါ မိုဝူကျီက နှစ်သိမ့်ပေးလိုက်သည်။

“ခင်ဗျားက ဆေးလုံးတာအို အင်မော်တယ်မဟာမိတ် အဖွဲ့ခွဲရဲ့ တာဝန်ခံဆိုတော့ ဒီကိုလာဖို့ အဆင်မပြေ ...”

“အကြီးအကဲမို ... ဒီကိုလာပြီး ခင်ဗျားအတွက် အလုပ် လုပ်ပေးနိုင်ပါတယ်။ ကျုပ်တို့ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က ဒီလိုကိစ္စတွေကို သိပ်ဂရုမစိုက်ပါဘူး။ ကျုပ်တို့ ဆေးလုံးဆရာတွေက မဟာမိတ်အဖွဲ့ရဲ့ ချုပ်နှောင်မှုကို မခံရဘူး။ သူတို့လုပ်ချင်တာ လုပ်လို့ ရပါတယ် ”

ကုန်းယီက မြန်မြန် ပြောလိုက်သည်။

မိုဝူကျီက လေးလေးနက်နက် စဉ်းစားကြည့်လိုက်သည်။ သူ့ဆိုင် ဖွင့်တော့မည်ဆိုလျှင် အကူအညီတချို့ လိုအပ်ပေလိမ့်မည်။ ဤကုန်းယီက မျက်နှာလို မျက်နှာရ လုပ်တတ်သော်ငြား သူက အတွေ့အကြံ ကြွယ်ဝသူ ဖြစ်၏။ မိုဝူကျီက တွေးမိလိုက်သောကြောင့် ခေါင်းညိတ်ပြလိုက်သည်။

“ဒီလိုဆိုမှတော့ ဒီမှာ လာအလုပ်လုပ်ပါ။ ရံဖန်ရံခါ ထောက်ပြပေးလို့ ရပါတယ်။ ဒါပေမဲ့ ဆရာအဖြစ် သတ်မှတ်တာတော့ အဲဒီအကြောင်းကို မပြောဘဲ နေကြစို့ ”

“အကြီးအကဲမိုကို ကျေးဇူးတင်ပါတယ် ”

ကုန်းယီက ပျော်ရွှင်သွားကာ ပြောလိုက်သည်။ သူ အလိုရှိသည့်အရာမှာ မိုဝူကျီဘေးနား နေပြီး ဆေးလုံးတာအိုကို လေ့လာလိုခြင်း ဖြစ်၏။

***

All Chapters