← Chapters

ကျုပ် သဘောမတူဘူး

Vol. 38 Ch. 521

ကျုပ် သဘောမတူဘူး

Vol. 38 Ch. 521

မိုဝူကျီ လက်ထဲရှိနံပါတ်မှာ ၃ ဖြစ်သည့်အတွက် ကူးသန်းရေး အစီအရင်ထဲ၌ တတိယမြောက် ဖြစ်ပေသည်။

ကူးသန်းရေး အစီအရင်၌ လူအပြည့် ဖြစ်လာသည့်အခါ ရွှေရောင်မှိန်ဖျဖျ အလင်းရောင်က လှည့်ပတ်ထွက်လာကာ သူတို့ဘေးပတ်လည်မှ မြင်ကွင်းများမှာလည်း ဝေဝါးလာတော့သည်။

ခန့်မှန်းမရလောက်တော့သည့် အချိန်ကြာမြင့်ပြီးနောက် မိုဝူကျီက သူ့ခြေထောက်အောက်ရှိ မြေကြီးကို သတိပြုမိပြီး သူတို့ရောက်ပြီ ဖြစ်ကြောင်း သိလိုက်သည်။

မိုဝူကျီက စိတ်စွမ်းအား ဖြန့်ကြက်ထားလိုက် ပြီးနောက် မကြာခင် သူတို့က မြက်တောထဲ ရောက်နေသည်ကို တွေ့လိုက်ရပြီး ဤနေရာရှိ ဝိညာဉ်စွမ်းအားများမှာ အတော်လေး သိပ်သည်းလွန်းလှသည်။

သူ့ရှေ့ရှိ မြောင်းနေရာကို မိုဝူကျီက စိတ်စွမ်းအားဖြင့် ထိုးဖောက်ဖို့ရာ ကြိုးစားလိုက်သော်လည်း တားဆီးခံလိုက်ရသည်။ အမြင်နှင့်တင် ကျိုးပျက်ကမ္ဘာ၏ တတိယအလွှာမှာ ဤမြောင်းနေရာနောက်တွင် ရှိပေလိမ့်မည်။ တတိယအလွှာ မဖွင့်သေးသည်သာ ဖြစ်ပေလိမ့်မည်။

မကြာခင် မိုဝူကျီက တခြားသော ကျင့်ကြံသူများလည်း သူနှင့်အတူတူ နေရာတစ်ခုသို့ ရွေ့ပြောင်းခံလိုက်ရကြောင်း သိလိုက်သည်။ သူက လက်ယာဘက် ရှေ့ဆုံးတွင် ဖြစ်၏။

ကုန်းယီ ပြောနေသည့် နေရာကောင်း ဖြစ်ပေလိမ့်မည်။ သို့သော် မိုဝူကျီက ဤသို့သော အကျိုးမြတ်မှာ မလိုအပ်ကြောင်း ခံစားမိလိုက်သည်။ ရှေ့ လက်ယာဘက်တွင် ရပ်နေခြင်းက အများဆုံး သူ့ကို ရှေ့ဆုံးမှ ဝင်ခွင့်ရနိုင်ခြင်းသာ ဖြစ်၏။ သို့သော်ငြား သူက ဤနေရာသို့ ရောက်နေပြီ ဖြစ်သည့်အတွက် မိုဝူကျီ အမြင်အရ စောစီးစွာဝင်ဝင်၊ နောက်ကျ ဝင်ဝင် မကွာခြားလှပေ။

ရက်များစွာ ကုန်လွန်သွားပြီးနောက် မိုဝူကျီက စတင် ပျင်းရိလာသည်။ ထိုစဉ် သူ့ရှေ့မှ တည်နေရာတစ်ခုလုံး အပြင်းအထန် တုန်လှုပ်သွားလေ၏။

အဆက်မပြတ် တုန်ခါသံများ ထွက်ပေါ်လာပြီးနောက် မြောင်းနေရာအတွင်း၌ အက်ကွဲကြောင်းများ ရုတ်ခြည်း ပေါ်လာသည်။

တတိယအလွှာ ဖွင့်တော့မည် ဖြစ်ရာ မိုဝူကျီပင် စိတ်လှုပ်ရှားမိလာသည်။

“ဘုန်း ဘုန်း ဘုန်း ”

မြောင်းနေရာမှာ ရုတ်ခြည်း တစ်စစီ ဖြစ်သွားပြီး အားလုံးရှေ့၌ မြူဆိုင်းနေသည့် မထင်မရှားနေရာတစ်ခု ပေါ်လာသည်။

မိုဝူကျီက မတ်တတ်ရပ်လိုသော်ငြား သူ့ဆီ သိပ်သည်းလှသော စွမ်းအားလှိုင်းကြီး စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ သူက မကျင့်ကြံနေသော်လည်း သူ့ကျင့်ကြံဆင့် တဖြည်းဖြည်း မြင့်လာကြောင်း အမှန်တကယ် ခံစားမိနေသည်။

ထိုစဉ် မိုဝူကျီက ကုန်းယီ၏ စကားများကို ကောင်းကောင်း သဘောပေါက် သွားတော့သည်။ ကျိုးပျက်ကမ္ဘာ အလွှာသစ်ဖွင့်သည့် အချိန်တိုင်း အကျိုးမြတ်များစွာ ရရှိလိမ့်မည်။

ကျိုးပျက်ကမ္ဘာထဲ မဝင်လိုရသေးကြောင်းကို အသာထား ယခုအချိန် သူ ဝင်သွားလျှင်ပင် ကျင့်ကြံမိပေလိမ့်မည်။

မိုဝူကျီသာ မကဘဲ အားလုံးက အသည်းအသန် ကျင့်ကြံနေကြသည်။ ထိုသို့မျိုး သဘာဝနှင့် ရှေးဦးစွမ်းအားများက ကျင့်ကြံခြင်းအတွက် အသင့်တော်ဆုံး ဖြစ်ပေသည်။ ရွမ်ရှန်း ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများပင် မဟာယီရှန်းအဆင့် မရောက်အောင် ထိန်းထားရင်း အပြင်းအထန် စုပ်ယူနေကြသည်။

ထိုစဉ် နေရာကောင်းကောင်း ရထားခြင်းက အရေးပါမှုမှာ သိသာလာသည်။ မိုဝူကျီက လက်ယာဘက်ရှေ့ဆုံးတွင် ရှိသောကြောင့် ပုံမှန်အားဖြင့်သူက အကျိုးများစွာ ရရှိပေသည်။

ဟွမ်းရှုရန် မျက်နှာမှာ အုံ့မှိုင်းလာပေသည်။ ကျိုးပျက်ကမ္ဘာ ဦးဆုံး ဖွင့်သည့်အခါ အကျိုးများစွာ ရရှိမည်မှန်း သိထားသည်။ သို့သော်လည်း တတိယအလွှာ၏ အကျိုးခံစားခွင့်မှာ ယခင်နှစ်လွှာထက် အဆများစွာ အားကောင်းနေပေ လိမ့်မည်ဟု မထင်ထားမိပေ။

သူက မကျင့်ကြံလျှင်ပင် ဤရှေးဦးစွမ်းအားကို ခိုင်မာကျစ်သည်းလာအောင် ပြုလုပ်ပြီး သူ့အင်အားအဖြစ် တိုးပွားလာနိုင်စေသည်။ ထိုစဉ် သူက ဖြည်းဖြည်းချင်း နောင်တရလာသည်။ မိုဝူကျီကို ထိုနေရာ မပေးလိုက်သင့်ပေ။ ယခု သူက နောက် ရောက်နေသောကြောင့် သူ့အကျိုးမြတ်မှာ ပို၍ နည်းပါးသွားလေ၏။

မိုဝူကျီက ကျင်းရှန်း နောက်ပိုင်းအဆင့်မျှသာ ဖြစ်ပေသည်။ ယခု သူ့ကို အင်မော်တယ် လေ့ကျင့်ရေး ရေကန်မှ စွမ်းအားများထက် အဆများစွာ အားကောင်းသော စွမ်းအားတစ်ခုက လွှမ်းခြုံပေးထားသောကြောင့် အချိန်တိုအတွင်း ကျင်းရှန်း ထိပ်ဆုံးအဆင့်ထိ ရောက်သွားနိုင်လိမ့်မည်။

မိုဝူကျီက နောက်တစ်ဆင့် ထပ်တက်လှမ်းလိုစဉ် ထိုစွမ်းအားများက အားပျော့ကျသွားသည်။

မိုဝူကျီက ကျင့်ကြံခြင်းကို ရပ်တန့်ပစ်လိုက်သည်။ အခြားသော ကျင့်ကြံသူများလည်း ကျင့်ကြံခြင်းကို ရပ်တန့်ပစ်လိုက်ကြပြီး သူတို့ရှေ့မှ နေရာဆီသာ တဟုန်ထိုး သွားလိုက်ကြသည်။ မိုဝူကျီလည်း နောက်ကောက်ကျ ကျန်မနေပေ။ သူ့ရှေ့တွင် မည်သည့်အရာ စောင့်ကြိုနေမည်ကို မသိသော်လည်း ဖွင့်ဖွင့်ချင်း ထွက်ပေါ်လာသည့် စွမ်းအားကြောင့် သူ့အား ကျင်းရှန်း နောက်ဆုံးအဆင့် ရောက်သွားစေလေ၏။ ဤကျိုးပျက်ကမ္ဘာမှာ နေရာကောင်းတစ်ခုသာ ဖြစ်ပေသည်။

တတိယအလွှာထဲ ဝင်လိုက်သည်နှင့် မိုဝူကျီက သူ့အား လူသား သက်ဝင်လှုပ်ရှားမှုများမှ ကာကွယ်ထားသော စွမ်းအားတစ်မျိုးကို ခံစားမိလိုက်သည်။

အဆင့်နိမ့် အင်မော်တယ် ဆေးပင်များကို နေရာအနှံ့ တွေ့ရသောကြောင့် မိုဝူကျီကအဆင့် ၃ နှင့် အဆင့် ၄ အင်မော်တယ် ဆေးပင်များပင် တစ်ခါတစ်ရံ တွေ့ရသေးသည်။

ဤနေရာမှာ နေရာကောင်းတစ်ခု ဖြစ်ရာ မိုဝူကျီက အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် သူက ထိုဆေးပင်များနှင့်အတူ အမြစ်များပင်မကျန် သူ့ထာဝရ ကမ္ဘောလောကထဲ ပို့ဆောင်လိုက်တော့သည်။

သူတို့ သေဆုံးသွားသည် ဖြစ်စေ သူက ထိုအင်မော်တယ် ဆေးပင်များဖြင့် သူ့ထာဝရ ကမ္ဘာလောက လေးကို အလှဆင်မည် ဖြစ်သည်။

တချို့ကျင့်ကြံသူများက မိုဝူကျီနှင့် ဘေးချင်းကပ် သွားလိုက်ကြသေးသည်။ သူတို့ကမိုဝူကျီသည် ကျိုးပျက်ကမ္ဘာ တတိယအလွှာ၌ ထိုအမှိုက်သရိုက် ဆေးပင်များ စုဆောင်းနေသည်ကို မြင်လျှင် ခေါင်းတယမ်းယမ်းဖြင့် ရှေ့ဆက်သွား ကြတော့သည်။

သူတို့အမြင်တွင် မိုဝူကျီက အတွေ့အကြုံမရှိသည့် ယုန်သူငယ် ဖြစ်ပေသည်။

မိုဝူကျီက ဂရုမစိုက်ပေ။ သူက အင်မော်တယ် ဆေးပင်များကို အစီအရီ သိမ်းဆည်းပြီးနောက် တည်နေရာတစ်ခုရွေးကာ ထိုဦးတည်ရာအတိုင်း သွားလိုက်သည်။

ကျိုးပျက်ကမ္ဘာ၏ တတိယအလွှာက မည်မျှ ကျယ်ဝန်းသနည်း။ ဤနေရာတွင် ကျင့်ကြံသူ အများအပြားရှိသော်လည်း ပစ္စည်းကောင်းများကို အကုန်ယူမသွားနိုင်ကြပေ။

မိုဝူကျီက ဆေးဆိုင် ဖွင့်ချင်သောကြောင့် သူက အင်မော်တယ်ဆေးပင်များ မြင်တိုင်း အလွတ်မပေးချေ။ အားလုံးကို ထာဝရ ကမ္ဘာလောကထဲ ထည့်သိမ်းထားသည်။

ဤနေရာရှိ အင်မော်တယ် ဆေးပင်များမှာ အဆင့်နိမ့်ဆုံး ဆေးပင်ပင် ပန်းမြိုင်ရာ အိမ်တော်မှ အပင်များထက် ပိုတန်ဖိုးကြီးလေသည်။

ပန်းမြိုင်ရာ အိမ်တော်၌အဆင့်နိမ့် ဆေးပင်များစွာ ရှိသော်လည်း အများစုမှာ လူစိုက်ပျိုးထားခြင်းသာ ဖြစ်ပေသည်။ သို့သော်လည်း ဤနေရာရှိ အင်မော်တယ် ဆေးပင်များမှာ သဘာဝအလျောက် ပေါက်ရောက်နေကြပြီး လူအနှောင့်အယှက်မရှိ ကြီးထွားရှင်သန် လာကြခြင်း ဖြစ်သည်။ အကယ်၍ ထိုအမျိုးအစား မတူသည့် ဆေးပင်များကို တူညီသည့် ပြိုင်ဘက်ကင်း အဆင့် ဆေးလုံး ဖော်စပ်မည်ဆိုလျှင် သဘာဝ အပင်များဖြင့် ဖော်စပ်ထားသော ဆေးလုံး၏ အကျိုးသက်ရောက်မှုမှာ အဆင့်ပိုမြင့်ပေလိမ့်မည်။

လဝက်တာ ကုန်ဆုံးသွားပြီးနောက် မိုဝူကျီ၏ ထာဝရ ကမ္ဘာလောကထဲမှ အင်မော်တယ် ဆေးပင်များမှာ တောင်ပုံရာပုံ ဖြစ်နေလေပြီ။ သူ့ကို အနည်းငယ် စိတ်ပျက်သွားစေသည်က သူ့ထာဝရ ကမ္ဘာလောကထဲရှိ ဆေးပင်အပုံလိုက်ထဲ၌ အကောင်းဆုံးမှာ အဆင့် ၆ မျှသာ ဖြစ်ပြီး ကျန်အများစုမှာ အဆင့်နိမ့် ဆေးပင်များ ဖြစ်ကြသည်။ အဆင့် ၇ အင်မော်တယ် ဆေးလုံးအတွက် သူ့၌ တစ်လုံးပင် မရှိပေ။

မည်သို့ပင် ဆိုစေကာမူ ဤမျှအင်မော်တယ်ဆေးပင် အများအပြားဖြင့် သူကအဆင့် ၆ အင်မော်တယ်ဆေးလုံး ဘုရင်အဖြစ် တက်လှမ်းနိုင်လိမ့်မည်။ ဆေးလုံးတာအို၌ သူ လိုအပ်နေသည့်အရာမှာ အသိအမြင် မဟုတ်ဘဲ လေ့ကျင်ဖို့ရာ ဆေးပင်များသာ ဖြစ်၏။

ဤရက်အတွင်း မိုဝူကျီက အဆင့် ၅ မုန်လာဥပြာပွင့် တချို့ကို တူးယူခဲ့သည်။ ထိုစဉ် သူ့စိတ်စွမ်းအား အတွင်းပုံရိပ်များစွာ ပြေးလွှာလာကြသည်။

မိုဝူကျီက ဂရုမစိုက်ပေ။ တတိယအလွှာအတွင်း လူများစွာ ဝင်ရောက်ထား သောကြောင့် ရံဖန်ရံခါ တချို့လူများနှင့် ဆုံတွေ့မိလေသည်။ သူ့ကျင့်ကြံဆင့်မှာ အလွန်နိမ့်ကျနေသော်လည်း ကူးသန်းရေး မျှော်စင်အတွင်းမှ အဖြစ်အပျက်များကြောင့် လူတော်တော်များများက သူ့အား ရှောင်ရှားသွားကြသည်။

သို့သော် ဒုတိယ လူအုပ်ကြီးနှင့် တတိယ လူအုပ်ကြီးများက တူညီသည့် ဦးတည်ရာသို့ သွားနေသည်ကို ထပ်မြင်တွေ့လိုက်ရသည့် အခါ မိုဝူကျီက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိသွားသည်။ ရတနာတစ်ခုခု ရှိနေသည်သာ ဖြစ်ရမည်။ မဟုတ်လျှင် အားလုံးက တစ်နေရာတည်း သွားနေစရာ မလိုပေ။

သူက ဝင်လာစဉ် အဖွဲ့မရှိသောကြောင့် တစ်ယောက်တည်း တစ်ကိုယ်တည်း သမားသာ ဖြစ်နေပေရာသတင်းထူး တစ်ခုမျှ မရခဲ့ပေ။

ရတနာက မည်သည့်အရာ ဖြစ်နေပါစေ ကျင့်ကြံသူများစွာကို ဆွဲဆောင်နိုင်သောကြောင့် မိုဝူကျီလည်း အင်မော်တယ်ဆေးပင် တူးယူမှုကို လက်လျှော့လိုက်တော့သည်။ ဤနေရာတွင် အင်မော်တယ် ဆေးပင်များစွာ ရှိနေသည့်အတွက် နောင်အနာဂတ်၌လည်း တူးယူဖို့ရာ အချိန်များစွာ ရှိပေသည်။ သို့သော် ရတနာများစွာ မရှိသည့်အတွက် သူ လွဲချော်သွားပါက အမှန်တကယ် ဖြုန်းတီးမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။

မိုဝူကျီက သူ့သင်္ဘောပျံကို ထုတ်ကာ သူတို့နောက်မှ မြန်မြန် လိုက်သွားလိုက်သည်။ ပျံသန်းရေး လွန်းပျံမှာ အဆင့်၇ အင်မော်တယ် ပစ္စည်းဖြစ်သည့်အတွက် လွတ်မြောက်ရန် သုံးဖို့ရာသာ ရည်ရွယ်ထားပြီး ထသွားထလာ မသုံးပေ။

နှစ်နာရီအကြာ၌ မိုဝူကျီက ရပ်တန့်လိုက်သည်။ ဤနေရာတွင် လူအုပ်လိုက်ကြီး ရှိနေပြီး ဤလူအုပ်ကြီးကမြေပုံကို ပတ်လည် ဝန်းရံနေကြသည်။

မိုဝူကျီ၏ အစီအရင်တာအို အဆင့်မှာ အဆင့် ၃ အစီအရင် ဆရာအဆင့် ရောက်နေပြီ ဖြစ်၍ဤမြေပုံကို မြင်လိုက်သည်နှင့် သဘာဝ တားမြစ် အစီအရင်ဖြစ်ကြောင်း သိလိုက်သည်။ ထို့အပြင် ဤအစီအရင်ကို မြင်ကွင်းမှ ဖုံးကွယ်ထားသောကြောင့် သတိမမူဘဲ ဖြတ်သွားမိလျှင် သတိပြုမိမည် မဟုတ်ပေ။

အမြင်နှင့်တင် ဤနေရာရှိ တချို့လူများမှာ အစီအရင် ကျွမ်းကျင်နှံ့စပ်သူများ ဖြစ်ကြောင်း သိနိုင်သည်။

မိုဝူကျီက သင်္ဘောပျံကို သိမ်းဆည်းကာ လူအုပ်ကြီးဆီ လျှောက်လာလိုက်သည်။ သူက ထိုမြေပုံရှေ့ ရောက်လာသည်နှင့် အဖြစ်အပျက်ကို နားလည်လိုက်သည်။

ဤမြေပုံမှသတ္တုဓာတ် စွမ်းအားများ ထုတ်လွှင့်နေလေသည်။ အစီအရင်အကြောင်း မသိသည့် ကျင့်ကြံသူများပင် ထိုမြေပုံအောက်၌ သတ္တုသဘာဝ ရတနာရှိကြောင်း ပြောနိုင်လိမ့်မည်။

အပေါ်ယံ၌ တိုက်ခိုက်ထားသည့် လက္ခဏာတချို့ ရှိနေသောကြောင့် တချို့ ကျင့်ကြံသူများက အတင်းကျပ်ဖွင့်ဖို့ရာ ကြိုးစားထားကြောင်း သိသာနိုင်သည်။ သို့သော်လည်း ဤသဘာဝ တားမြစ်အစီအရင်မှာ အလွန်အားကောင်း သောကြောင့် ကျိုးပျက်မသွားပေ။

မိုဝူကျီက အစီအရင်ကို သေချာလေ့လာနေစဉ် သာမန်အရပ်အမြင့်နှင့် မျက်နှာမည်းကျင့်ကြံသူ တစ်ယောက်က ရှေ့ထွက်လာကာ ပြောလိုက်သည်။

“ကျုပ်က ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်မှ ပိုင်ချီထျန်းပါ။ ဒီသဘာဝ အစီအရင်နောက်မှာ သေချာပေါက် သတ္တု သဘာဝ ရတနာအမျိုးအစား ရှိလိမ့်မယ်။ ပြီးတော့ အဲဒီမှာ ရတနာမျိုးစုံပါတဲ့ ကိုယ်ပိုင် ဝိညာဉ်နယ်မြေ လိုမျိုးလည်း ရှိနေနိုင်တယ်။ ကျုပ်တို့တွေ ဒီအစီအရင်ကို အတင်းကျပ်ဖွင့်ဖို့ ကြိုးစားကြည့်ကြပေမဲ့ ချက်ချင်းတော့ ရမှာ မဟုတ်ဘူး။ အစီအရင်နဲ့ ပတ်သက်လာရင် ကျုပ်က အနည်းငယ် ကျွမ်းကျင်တယ်ဆိုတော့ ဒိတိုက်ခိုက်မှုကို ကျုပ် ဦးဆောင်ပါ့မယ် ”

မိန်းကလေး တစ်ယောက်က ရှေ့ထွက်ကာ ပြောလိုက်သည်။

“စီနီယာအစ်ကို ပိုင်ကကျယ်ပြော ပင်လယ်အင်မော်တယ် ကျောင်းတော်ရဲ့ ထိပ်တန်း ပါရမီရှင်ဆိုတော့ အစ်ကိုကြီးပိုင် စကားတွေကို ယုံပါတယ် ”

ထိုမိန်းကလေးနောက်၌ နောက်တစ်ယောက်ပါ ရှေ့ထွက်ကာ ပြောလိုက်သည်။

“ကျုပ်လည်း သဘောတူတယ်။ ဒီအစီအရင်ကို တစ်ရက်လုံးလုံး တိုက်ကြည့်ပြီးပြီ ဒါပေမဲ့ တုံ့ပြန်မှု တစ်ခုတောင် မရှိဘူး။ ဒီအစီအရင်က ကျုပ်တို့အဆင့်လောက်နဲ့ အတင်းကျပ် ဖွင့်လိုရတာ မဟုတ်လောက်ဘူး။ အစ်ကိုပိုင်က အစီအရင်မှာ ကျွမ်းကျင်တယ်ဆိုတော့ ကျုပ်တို့အတွက် အစ်ကိုဦးဆောင်ပေးရင် အကောင်းဆုံး ဖြစ်မှာ”

မိုဝူကျီက ဤသတ္တု စွမ်းအားမှာ တစ်ခုခုနှင့် ဆင်တူနေကြောင်း ခံစားမိသော်လည်း ချက်ချင်း မပြောနိုင်ပေ။

ပိုင်ချီထျန်းက နောက်တစ်ကြိမ် ပြောလိုက်သည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျုပ်လည်း ဒီအစီအရင်ကို ခြောက်နာရီအတွင်း ချိုးဖျက်နိုင်မယ်လို့ ယုံကြည်ချက် ရှိတယ်။ ဒါပေမဲ့ ကျုပ်ဆီမှာ တောင်းဆိုချက် အသေးလေး ရှိတယ်။ ဒီအစီအရင်ကို ဖွင့်ပြီးရင် ကျုပ်ကို အရင်ဆုံး ရွေးချယ်ခွင့် ပြုပါ။ ကျုပ်က တစ်မျိုးပဲ ရွေးမှာပါ။ အားလုံးရဲ့ သဘောထားကရော ... ”

“သဘောတူပါတယ် ”

“သဘောတူပါတယ် ”

***

“ငြင်းစရာ မရှိပါဘူး ”

ပိုင်ချီထျန်း၏ စကားများက လူအုပ်ကြီး၏ စိတ်ဝင်စားမှုကို ရရှိသွားလေ၏။ သူတို့ကြားတွင် ပါရမီရှင်များစွာ ရှိသော်လည်း အစီအရင်တာအို၌ ကျွမ်းကျင်နှံ့စပ်သူမှာ အတော်လေး နည်းပါးလှသည်။ ယခု ကျိုးပျက်ကမ္ဘာ၏ တတိယအလွှာ ဖွင့်လိုက်ပြီ ဖြစ်ရာ ရှာတွေ့ဖို့ရာ ရတနာများစွာ ကျန်ရှိပေလိမ့်မည်။ ထို့ကြောင့် ဤနေရာ၌ အချိန်ဖြုန်းမနေလျှင် အကောင်းဆုံး ဖြစ်၏။

သို့သော် သူတို့က မေ့ထားလိုက်ဖို့ရာလည်း မလိုလားပေ။ ထို့ကြောင့် ပိုင်ချီထျန်း၏ တောင်းဆိုချက်ကို မည်သူမျှ မငြင်းဆန်ကြခြင်း ဖြစ်သည်။

သို့သော်လည်း မိုဝူကျီက တခြားအမြင် မရှိပေ။ အကယ်၍ သူသာ ဦးဆောင်သူ ဖြစ်ပါက ဤအစီအရင်ကို ဖျက်ဆီးပစ်ဖို့ရာ ၆ နာရီအထိ ကြာမြင့်မည် မဟုတ်ပေ။

အာ ... မိုဝူကျီက အစီအရင်အတွင်းရှိ အရာကို ရုတ်ခြည်း အမှတ်ရသွားသည်။

“ဒီလိုဆိုမှတော့ အုပ်စုခွဲကြ  ... ”

ပိုင်ချီထျန်း စကားမဆုံးခင် သူက ကြားဝင်ဖြတ်ပြော လိုက်သည်။

“ကျုပ် သဘောမတူဘူး ”

ထိုစကားများမှာ ရုတ်ခြည်းဆန်ကာ ထော်လော်ကန့်လန် ဖြစ်နေသည်။ ထိုစကား ထွက်ပေါ်လာသည်နှင့် အားလုံးက မိုဝူကျီကို လှည့်ကြည့်လိုက်ကြသည်။

အားလုံးက မိုဝူကျီကို မှတ်မိကြသည်။ မိုဝူကျီက နိုက်ဟော်ကို ကြောက်ရွံ့သွားစေသူ ဖြစ်ကာ ဟွမ်းရှုရန်ပင် သူ့အား မနှောင့်ယှက်ရဲပေ။ မည်သူကမျှ မျက်နှာထက်တွင် မပြသသော်လည်း သူတို့အားလုံးက မိုဝူကျီကို အာရုံစိုက်ထားကြသည်။ ယခု မိုဝူကျီက သဘောမတူကြောင်း ပြောလိုက်သည့်အခါ လူအုပ်ကြီးမှာ အပ်ကျသံ ကြားရလောက်အောင် အထိ တိတ်ဆိတ်သွားတော့သည်။

***

All Chapters