ကြယ်အဆင့် ပါရမီရှင် ဖြစ်တော့လဲ ဘာအရေးလဲ
Vol. 38 Ch. 523
“အဲဒါဆို ကျန်နေတဲ့ အသီးတွေ ကျတော့ရော” တစ်ယောက်က ဝင်မေးလိုက်သည်။
မိုဝူကျီက လက်နှစ်ဖက် ယှက်ကာ “ကျန်ရှိတဲ့ အင်မော်တယ် ဘုရင်တာအို အသီးတွေကို ကျူပ်ကို ပေးဖို့ မျှော်လင့်ပါတယ်”
မိုဝူကျီက ထိုစကားများ ပြောလိုက်သည်နှင့် သူ့အပေါ် အမြင်ကောင်း ရှိသည့် ချန်းဟူပင် မသာမယာ ဖြစ်မိသွားသည်။
သူက မိုဝူကျီကို ခွဲဝေပေးဖို့ရာ အကြံပေးခဲ့ခြင်းမှာ သူက မိုဝူကျီကို မျက်နှာသာ တချို့ ပေးချင်လို၍ ဖြစ်သည်။ အကယ်၍ မိုဝူကျီက အသီးများကို ဤသို့ ခွဲဝေပေးမည်ဆိုလျှင် အရမ်း တစ်ကိုယ်ကောင်း ဆန်နေသည် မဟုတ်ပါလော။ သူတို့က မိုဝူကျီကို ပေးရန် သဘောတူထား ကြသော်လည်း မိုဝူကျီက တောင်းဆိုထားခြင်း မဟုတ်ပေ။ ထို့အပြင် ဤနေရာရှိ အားလုံးမှာ မိုဝူကျီနှင့် မသက်ဆိုင်သည့်အတွက် သူတို့က ဘာကြောင့် ထိုသို့ လုပ်ပေးရမည်နည်း။
“ဟားဟား ... အင်မော်တယ် ရောင်းရင်းမို ... အားလုံးကို ခင်ဗျားအပိုင် ယူမယ်ဆိုတော့ ကျုပ်တို့တွေက အလကား လုပ်ပေးရသလို ဖြစ်မနေဘူးလား”
ပိုင်ချီထျန်းက ထိုအခွင့်အရေးကို အရယူကာ ဝင်ထောက်လိုက်သည်။
“အင်မော်တယ်ရောင်းရင်းမို ခင်ဗျား ဒီအသီးတွေ ဘာလို့ လိုချင်တာလဲဆိုတဲ့ အကြောင်းပြချက်တော့ ပေးသင့်တယ် မဟုတ်လား” ဝိညာဉ်စွမ်းအားများ တောက်ပနေသည့် လူငယ်လေးက ရှေ့ထွက်လာကာ လေးလေးနက်နက် ပြောလိုက်သည်။
မိုဝူကျီက ထိုလူကို မသိသော်လည်း ထိုလူမှာ ကြယ်အဆင့် ပါရမီရှင် ဖြစ်လိမ့်မည်မှန်း မှန်းဆမိသည်။ မဟုတ်လျှင် သူ့၌ ထိုသို့ အားကောင်းသည့် ဝိညာဉ်စွမ်းအား အငွေ့အသက်များ ရှိနေမည် မဟုတ်ပေ။
“အင်မော်တယ် ရောင်းရင်းတို့ ... လူတော်တော်များများက ကျုပ်နောက်ခံကို သိချင်ကြမယ်လို့ ထင်တယ်” မိုဝူကျီ ပြောပြီးသည်နှင့် ကျောက်စိမ်းပြားကို ထုတ်လိုက်ကာ …
“ အားလုံး ကျုပ်ရဲ့ အမှတ်အသားပြားကို ကြည့်ရုံနဲ့ သိပါ့လိမ့်မယ်။ ကျုပ်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် စူးခရာအဖွဲ့ခွဲရဲ့ အကြီးအကဲ တစ်ယောက်ပါ။ ပြီးတော့ ကျုပ်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အဆင့် ၇ ဆေးလုံးဧကရာဇ် နွန်ယုံနဲ့ ရင်းနှီးတယ်”
မိုဝူကျီ၏ အကြီးအကဲ အမှတ်အသားပြားကို မြင်ပြီး အားလုံးက လေအေးများ မှုတ်ထုတ်လိုက်ကြသည်။ ဤသို့ ငယ်ရွယ်သော လူငယ်လေးက အကြီးအကဲတစ်ယောက် ဖြစ်နေခြင်းမှာ သူတို့ စိတ်လွတ်သွားစေ၏။ မိုဝူကျီအတွက် ဤမျှ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ခွဲ၏ အကြီးအကဲတစ်ယောက် ဖြစ်နေသောကြောင့် လူတော်တော်များများက မိုဝူကျိနှင့် နွန်ယုံတို့က ရင်းနှီးသော ဆက်ဆံရေး ရှိကြောင်း ယုံကြည်သွားကြသည်။ မဟုတ်လျှင် မည်သို့ ဖြစ်နိုင်မည်နည်း။
ထိုစဉ် အားလုံးက ဟွမ်းရှုရန်သည် မိုဝူကျီနှင့် ယှဉ်ပြီး မတိုက်ရဲသည့် အကြောင်းကို နားလည်သွားကြတော့သည်။ နိုက်ဟော်ပင် ဘာမှ မလုပ်ရဲပေ။
ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ခွဲ၏ အကြီးအကဲ တစ်ယောက် ဖြစ်နေသည့်အပြင် ဆေးလုံး ဧကရာဇ် နွန်ယုံနှင့် ရင်းနှီးသည့် ဆက်ဆံရေး ရှိနေခြင်းမှာ အတော်လေး အံ့အားသင့်ဖို့ ကောင်းပေသည်။ မည်သူကမှ မိုဝူကျီ အမှတ်အသားပြားကို အတုဟု မတွေးမိကြတော့ပေ။ ထိုသို့မျိုး အမှတ်အသားပြားဖြင့် ယခင်မှ ဖြစ်ပျက်ခဲ့သော ကိစ္စများ အားလုံးကို ရှင်းပြပြီးသား ဖြစ်သွားလိမ့်မည်။
အားလုံးက ကြောင်အမ်း ကြည့်နေသည်ကို မြင်၍ မိုဝူကျီက ကျောက်စိမ်းပြားကို ပြန်သိမ်းကာ ပြောလိုက်သည်
“ဒီနေရာမှာ ရှိတဲ့ အားလုံးက ဂိုဏ်းကြီးတွေရဲ့ တပည့်တွေဆိုတာ သိပါတယ်။ ခင်ဗျားတို့တွေအတွက် ဆေးလုံး ရဖို့ဆိုတာလည်း လွယ်လိမ့်မယ်။ ဒါပေမဲ့ အားလုံးက ဆေးလုံး အမျိုးမျိုးတော့ မရနိုင်ဘူးလေ ... ဥပမာ ဒီ အင်မော်တယ် ဘုရင်ဆေးလုံးတွေပေါ့”
မိုဝူကျီ စကားကို ကြားသည့်အခါ ချန်းဟူနှင့် အခြားသော ကျင့်ကြံသူများက နားလည် သွားတော့သည်။ သူတိုက မိုဝူကျီကို တအံ့တဩ ကြည့်လိုက်ကြပြီး မေးလိုက်ကြသည်။
“အကြီးအကဲမို ဆိုလိုတာက ...”
မိုဝူကျီက သူတို့စကားကို အတည်ပြုပေးလိုက်သည်။
“အားလုံး တွေးနေတာ မှန်ပါတယ်။ ကျုပ် ဆိုလိုတာက အားလုံးက ကျုပ်ကို ဒီအသီးတွေကို ပေးမယ်ဆိုရင် ကျုပ်က ဆေးလုံး ဧကရာဇ်နွန်ယုံဆီ ဖော်စပ်ခ မပါဘဲ အင်မော်တယ်ဘုရင် ဆေးလုံးကို ဖော်စပ်ပေးဖို့ အကူအညီတောင်းကြည့်ပါ့မယ်။
ဒါပေမဲ့ အခြေအနေတစ်ခုတော့ ရှိတယ်။ ကျုပ်က နောက်ထပ် ပါဝင်တဲ့ အင်မော်တယ် ဆေးပင်တွေကို တာဝန်မယူနိုင်တော့ ဆေးလုံးတစ်သုတ်မှာ အင်မော်တယ်ဘုရင် ဆေးလုံး လေးလုံးပဲ ပေးနိုင်မယ်”
ဆေးလုံး ဧကရာဇ် နွန်ယုံကို တောင်းဆိုပေးမည် ဆိုသော စကားမှာ အလိမ်အညာသာ ဖြစ်ပေသည်။ မိုဝူကျီက ဆေးလုံးဧကရာဇ်နွန်ယုံကို တစ်ကြိမ် တစ်ခါမျှသာ တွေ့ဖူးလေသည်။ ထိုပုံရိပ်မှာ နွန်ယုံ ကိုယ်တိုင် မဟုတ်ဘဲ နွန်ယုံ၏ အင်မော်တယ် စိတ်စွမ်းအား၏ ငွေမျှင်လေးမျှသာ ဖြစ်ပေသည်။
မိုဝူကျီက ထိုစကားများ ပြောရဲသည့် အကြောင်းအရင်းမှာ သူက အချိန်တိုအတွင်း အဆင့် ၇ ဆေးလုံး ဧကရာဇ်အဆင့် တက်လှမ်း နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေ၍ ဖြစ်ပေ၏။
အကယ်၍ သူ ကျိုးပျက်ကမ္ဘာ မဝင်ခင် ထိုသို့အတွေးမျိုး မတွေးရဲခဲ့ပေ။ သို့သော် ကျိုးပျက်ကမ္ဘာထဲ ဝင်ရောက်လာပြီးနောက် အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်လာဖို့ရာ ခက်ခဲတော့မည် မဟုတ်ကြောင်း ခံစားမိနေသည်။ သူ့ဆေးလုံး တာအိုနှင့်အတူ များပြားစွာသော အင်မော်တယ် ဆေးပင်များဖြင့် သူက အဆင့် ၇ ဆေးလုံးဧကရာဇ် မဖြစ်လာမှသာ ထူးဆန်း နေပေလိမ့်မည်။
သူက ယခု အဆင့် ၅ ဆေးလုံးဘုရင် ဖြစ်နေလေပြီ။
“အင်မော်တယ် ရောင်းရင်းမို စကားတွေက အမှန်ပဲလား” ချန်းဟူ ကိုယ်တိုင်ပင် ထိုမေးခွန်းကို မေးလိုက်စဉ် စိတ်လှုပ်ရှား မိနေသည်။
အင်မော်တယ်ဘုရင် ဆေးလုံးမှာ မဟာလောရှန်းအဆင့်မှ အင်မော်တယ် ဘုရင်အဆင့်အဖြစ် တက်လှမ်းပေးရန် ကူညီပေးနိုင်သည့် အဆင့်၇ ဆေးလုံး ဖြစ်၏။ ဆေးလုံး ဧကရာဇ်သာ ဖော်စပ်နိုင်သော အရာဖြစ်သည်။ အင်မော်တယ်လောက တစ်ခုလုံး၌ အဆင့် ၇ ဆေးလုံးဧကရာဇ် အရေအတွက်မှာ လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ ရပေသည်။ ထိုမျှ နည်းပါးလှသော ဆေးလုံး ဧကရာဇ်သာ ရှိ၍ သူတို့က ကြုံရာကျပါး လူတစ်ယောက်ကို အဘယ်ကြောင့် အင်မော်တယ်ဆေးလုံး ဖော်စပ်ပေးမည်နည်း။
ရှင်းရှင်းလင်းလင်း ပြောရလျှင် ကြယ်အဆင့် ပါရမီရှင် အတွက်လျှင်ပင် သူတို့အနေဖြင့် ဆေးလုံးဧကရာဇ် အကူအညီတောင်းရန် ဂိုဏ်းကို တောင်းဆိုရလိမ့်မည်။ ထိုသို့ ဖြစ်လာပါက ဂိုဏ်းအနေဖြင့် ဆေးလုံး တစ်သုတ်စာ၏ ရာခိုင်နှုန်းအလိုက် ပေးရရုံတင် မကဘဲ ပို၍ တောင်းဆိုခြင်း ခံရလိမ့်မည်။
မိုဝူကျီက အင်မော်တယ် ဘုရင်ဆေးလုံး တစ်သုတ်လျှင် ဆေးလေးလုံး ပေးမည့်အကြောင်း ပြောသည့်အခါ ထိုအရာမှာ ဆေးဖော်စပ်ခ အလကားဖြစ်ခြင်းနှင့် ညီမျှပေ၏။ အင်မော်တယ်ဘုရင် ဆေးလုံး တစ်သုတ်စာ၌ ဆေးခြောက်လုံးမျှသာ ပါဝင်၏။ ဆိုလိုသည်မှာ ဆေးလုံး ဧကရာဇ်အနေနှင့် ဆေးနှစ်လုံးသား သူ့အတွက် သိမ်းထားမည် ဖြစ်ကာ ဘာကိုများ ထပ်တောင်းဆို နေရဦးမည်နည်း။ ပုံမှန် ဆေးလုံး တောင်းဆိုချက်အတွက် သူတို့က ဆေးလုံး၏ ငါးဆယ်ရာခိုင်နှုန်းကို ပေးရသည့်အပြင် အင်မော်တယ် ကျောက်များနှင့် အင်မော်တယ် ဆေးပင်များလည်း ပေးချေရသေးသည်။ ထိုဆေးလုံး တောင်းဆိုချက်များမှာ အင်မော်တယ်ဘုရင် ဆေးလုံး အဆင့် မဟုတ်သေးပေ။
“ကျုပ် မိုဝူကျီက ဆေးလုံးတာအို အင်မော်တယ် အဖွဲ့ခွဲ အကြီးအကဲ တစ်ယောက်အနေနဲ့ ဘယ်လိုလုပ် လိမ်ညာပါ့မလဲ။ ပြီးတော့ ကျုပ်ကိုယ်တိုင်လည်း စူးခရာအင်မော်တယ် မြို့ဟောင်းမှာ ဆေးဆိုင် ဖွင့်တော့မှာဆိုတော့ အင်မော်တယ် ရောင်းရင်းတို့ လာရောက် လည်ပတ်နိုင်ပါတယ်။ အားလုံးက မလိုလားဘူး ဆိုရင်လည်း ကျုပ် စကားတွေကို မေ့ပစ်လိုက်ပါ။ ကျန်ရှိနေတဲ့ အင်မော်တယ်ဘုရင် တာအိုအသီးတွေကို အပိုင်းပိုင်း ခြမ်းပြီး ယူကြမယ် ဆိုရင်လည်း ကျုပ်က မငြင်းပါဘူး” မိုဝူကျီက တည့်တိုးသာ ပြောလိုက်သည်။
“အကြီးအကဲမို ... တကယ်လို့ ကျုပ်က အင်မော်တယ်ဘုရင် ဆေးလုံး မလိုချင်ဘူး ဆိုရင်ရော”
သာမာန်ရွမ်ရှန်း အဆင့် ကျင့်ကြံသူ တစ်ယောက်က လက်နှစ်ဖက် ဆုပ်လျက် မေးလိုက်သည်။ မိုဝူကျီက ချက်ချင်း သတိပြုမိ သွားလေသည်။ အင်မော်တယ် ဆေးလုံးမှာ တန်ဖိုးကြီးသော်လည်း တချို့သော ကျင့်ကြံသူများအတွက် အလှမ်း ကွာလွန်းလှသည်။ အင်မော်တယ်ဘုရင် ဆေးလုံးက အင်မော်တယ်ဘုရင် ဆေးလုံးအတွက် ဖြစ်ကာ ဤနေရာရှိ လူအများစုမှာ ရွမ်ရှန်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ဤနေရာရှိ လူအားလုံးအတွက် မဟာယီ အစစ်အမှန် ဆေးလုံးက ပို၍ အဖိုးတန်ပေလိမ့်မည်။ မိုဝူကျီက ထိုအတွေး တွေးမိသည့်အခါ ပြုံးကာ …
“အင်မော်တယ်ဘုရင် ဆေးလုံးကို မလိုချင်တဲ့ အင်မော်တယ် ရောင်းရင်းတွေအတွက် ကျုပ်က ဆေးလုံး နှစ်သုတ်စာကို ဝန်ဆောင်ခ မယူဘဲ ဖော်စပ်ပေးပါ့မယ်။ မဟာယီ အစစ်အမှန် ဆေးလုံး ဖြစ်ဖြစ်၊ မဟာယီရှန်း ဆေးလုံးဖြစ်ဖြစ် ပြဿနာ မဟုတ်ပါဘူး။ ဒီဆေးလုံး နှစ်မျိုးလုံးက တစ်သုတ်ကို ၁၂ လုံး ပါမှာဆိုတော့ ခင်ဗျားကို ရှစ်လုံး ပေးနိုင်တယ်”
“ကောင်းပြီ ကျုပ် မင်ကျီဟောင် သဘောတူတယ်” စောစောလေးမှ မေးထားသည့် ကျင့်ကြံသူက တွေဝေခြင်းမရှိ သဘောတူလိုက်သည်။
မဟာယီ အစစ်အမှန် ဆေးလုံးမှာ မဟာယီရှန်းအဆင့် တက်လှမ်းဖို့ရာ ဖြစ်ပြီး မဟာယီရှန်းအဆင့် ဆေးလုံးမှာ မဟာကျီအင်မော်တယ်အဆင့်မှ မဟာလောရှန်းအဆင့် တက်လှမ်းဖို့ ကူညီပေးနိုင်သည့် အဆင့်၆ အင်မော်တယ် ဆေးလုံး ဖြစ်၏။ သူတို့ တန်ဖိုးများမှာ အင်မော်တယ်ဘုရင် ဆေးလုံးနှင့် နှိုင်းယှဉ်၍ မရသော်လည်း နှစ်မျိုးလုံးမှာ ရရန်ခက်ခဲသော အရာများ ဖြစ်ကြသည်။
“ကျုပ်လည်း သဘောတူတယ်”
“သဘောတူပါတယ်”
လူတော်တော်များများက သဘောတူကြသည်။ မိုဝူကျီ၏ အမြင်အရ ကျင့်ကြံသူများက သဘောတူကြလိမ့်မည် ဖြစ်ကြောင်း ခန့်မှန်းမိလေသည်။ သူ ဆိုလျှင်လည်း သဘောတူမိပေလိမ့်မည်။ သာမာန်ကျင့်ကြံသူ တစ်ယောက်အတွက် သူတိုက အင်မော်တယ်ဘုရင် ဆေးလုံးဖြင့် ဘာလုပ်ရမည်နည်း။ ကျန်နေသည့် အသီးများကို ခွဲဝေယူလျှင်ရော ဘာအကျိုးမြတ် ရမည်နည်း။ မိုဝူကျီက ထိုအသီးများကို ဆေးလုံးအဖြစ် ပြောင်းပေးမည် ပြောသည်ကို အရူးသာ သဘောမတူဘဲ နေလိမ့်မည်။ ထိုအခွင့်အရေးကို လက်လွတ်သွားသည့် ကျင့်ကြံသူများအတွက် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့သို့ ကိုယ်တိုင်သွားရုံသာ တတ်နိုင်ပေလိမ့်မည်။ သို့သော်လည်း ထိုအရာက မလွယ်ကူလှချေ။ ချန်းဟူက လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည် ။
“ကျုပ်လည်း သဘောတူပါတယ်”
အားလုံး သဘောတူနေကြ သည်ကို မြင်၍ ပိုင်ချီထျန်းလည်း ဘာမှ မပြောရဲတော့ပေ။ ချန်းဟူက တဲ့တိုး ပြောလိုက်သည်။
“အင်မော်တယ် ရောင်းရင်းမို... ဆေးလုံးဧကရာဇ် နွန်ယုံနဲ့ ဘာလို့ ထပ်ပြီး မဆွေးနွေး ကြည့်တာလဲ။ အင်မော်တယ်ဘုရင် ဆေးလုံး ဖော်စပ်တဲ့အခါကျ ကျုပ်တို့ကို ဆေးလုံးငါးလုံး ရအောင်လေ ...
အဲဒီအစား ဒီမှော်ရတနာကို အင်မော်တယ် ရောင်းရင်းမိုကို ပေးလိုက်ပါ့မယ်။ ကျောက်စိမ်း ပေလွှာထဲက ကျင့်စဉ်ကိုတော့ အားလုံး ရေးမှတ်ကြတာပေါ့။ ဒါပေမဲ့ နဂိုမူလ ပေလွှာကိုတော့ အင်မော်တယ် ရောင်းရင်းမိုဆီ ပေးလိုက်ကြမယ်”
ချန်းဟူလည်း အတော်လေး ဝေခွဲမရ ဖြစ်နေလေသည်။ အားလုံးက ကျင့်စဉ်ကို ရေးမှတ်နိုင်သော်လည်း တစ်ယောက်သာ မှော်ရတနာကို ရယူနိုင်မည် ဖြစ်ပေသည်။ မိုဝူကျီက အားနာစွာ ပြောလိုက်သည်
“ဒါတော့ ကျုပ်လည်း မပြောတတ်ဘူး။ စီနီယာနွန်ယုံကို အကူအညီ တောင်းပြီးတော့ တစ်သုတ်စာကို ဆေးတစ်လုံးပဲ ပေးမယ်ဆိုရင် ... သူ့ဆီ တောင်းဆိုဖို့တောင် ကျုပ်တော့ မဝံ့မရဲ ဖြစ်မိတယ်။ ဒါပေမဲ့လည်း အင်မော်တယ် ရောင်းရင်းတို့က ကျုပ် ဆေးစံအိမ်မှာ ဆေးလာ ဝယ်ရင်တော့ ၉၀ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးပါ့မယ်။ ဒါနဲ့ ကျုပ် ဆေးစံအိမ်နာမည်က တျန်းဂျီဆေးစံအိမ်ပါ ... ”
အင်မော်တယ်ဘုရင် ဆေးလုံးမှာ မဟာဗျူဟာ ဆေးလုံး ဖြစ်ပေသည်။ မိုဝူကျီက တျန်းဂျီဂိုဏ်းကို တည်ထောင် လိုသောကြောင့် အင်မော်တယ်ဘုရင် ဆေးလုံးတိုင်းမှာ အဖိုးတန်ပေသည်။ သူက စေတီသဏ္ဍာန် မှော်ရတနာ တစ်ခုအတွက် ဆေးလုံးရာကျော်ကို လက်လွတ် ပေးနိုင်မည်နည်း။ သူက ထိုတောင်းဆိုချက်ကို လုံးဝ လျှော့ပေးမည် မဟုတ်ပေ။
“အဲဒီလို ဆိုမှတော့ အင်မော်တယ် ရောင်းရင်းမိုရဲ့ စကားအတိုင်းပဲပေါ့ ... အားလုံးက ကျင့်စဉ် ကူးနေတုန်း အင်မော်တယ် ရောင်းရင်းမိုက အင်မော်တယ်ဘုရင် တာအိုအသီးတွေကို ခူးပေးထားပါ့လား ”
ချန်းဟူက သူ လုပ်ကိုင်သည့် ကိစ္စများ၌ အမြဲတည့်တိုးသာ လုပ်ကိုင်တတ်သည်။ ထိုသို့ ပြောပြီးနောက် ကျောက်စားပွဲပေါ်မှ ပေလွှာကို လေထဲ မြှောက်လိုက်သည်။ ကျောက်စိမ်း ပေလွှာပေါ်၌ အတားအဆီး မရှိသည့်အတွက် အားလုံး၏ စိတ်စွမ်းအားများက ထိုအကြောင်းအရာများကို ဖတ်ရှုနိုင်ကြသည်။ အစီအရင်အကြောင်း ရေးသားထားသည့် ကျောက်စိမ်းပေလွှာ တစ်ခုသာ ဖြစ်၏။ လူတော်တော်များများက ကျောက်စိမ်း ပေလွှာကို မြင်လိုက်သည့်အခါ စိတ်ဝင်စားမှု လျော့နည်း သွားကြသည်။ သူတို့က ဆက်တိုက် ရေးမှတ်နေကြသော်လည်း နားလည်၊ မလည်တော့ မည်သူမျှ မသိပေ။
ထိုစဉ် မိုဝူကျီက အပင်မှ အသီး ၁၂၁ ပင်ကို ခူးဆွတ်ကာ ကျောက်စိမ်း သေတ္တာထဲ ထည့်၍ အားလုံးကို တစ်ခုစီ ပေးလိုက်သည်။ ထို့နောက် သူက အင်မော်တယ်ဘုရင် တာအိုအသီးပင် တစ်ပင်လုံးကို တူးယူကာ ထာဝရ ကမ္ဘာလောကထဲ ထည့်လိုက်တော့သည်။
ဤနေရာရှိ လူအားလုံးမှာ သူနှင့် အတူတူလောက်သာ ဖြစ်ကြပြီး သူ့ထက် အားကောင်းနေသည့်သူ မပါရှိပေ။ ထို့ကြောင့် မိုဝူကျီက သူ့ထာဝရ ကမ္ဘာလောက အကြောင်း သိသွားမည်ကို မစိုးရိမ်ခြင်း ဖြစ်သည်။ ချန်းဟူက ကျောက်စိမ်းပေလွှာနှင့် စေတီ မှော်ရတနာကို မိုဝူကျီဆီ ပေးလိုက်ပြီး …
“အင်မော်တယ် ရောင်းရင်းမို ... နောင်ကျ ဆေးလုံးအတွက် ခင်ဗျားကို ဘယ်လို လာရှာရမလဲ”
မိုဝူကျီက ထိုအကြောင်းကို တွေးထားပြီးသား ဖြစ်၏။ သူက ကျောက်စိမ်းတချို့ ထုတ်ကာ ကျောက်စိမ်းပြား အဖြစ် ထွင်းထုလိုက်သည်။ ထို့နောက် လူတိုင်းကို ကျောက်စိမ်းပြား ပေး၍ …
“ဒီကျောက်စိမ်းပြားမှာ ကျုပ် အမှတ်အသား ပါတယ်။ တကယ်လို့ အချိန်ကျလာရင် အင်မော်တယ် ရောင်းရင်းတို့က ကျုပ်ကို တျန်းဂျီဆေးစံအိမ် ဒါမှမဟုတ် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှာ လာရှာလို့ ရပါတယ်။ တစ်ခုတော့ ရှင်းအောင် ပြောထားရဦးမယ်။ ကျုပ်ကို ဆေးဖော်စပ်ခိုင်းဖို့ ရှာတယ်ဆိုရင် နောင်နှစ်နှစ် ကြာမှ ရမယ်”
“ရပါတယ်” မိုဝူကျီက ရှင်းမပြလျှင်ပင် ကျင့်ကြံသူအများစုက နားလည်ကြသည်။
သူတို့အတွက် ကျိုးပျက်ကမ္ဘာထဲ ဝင်ဖို့ရာ မလွယ်ကူလှပေ။ မည်သူကများ မြန်မြန် ပြန်ထွက်ချင် မည်နည်း။ လူအုပ်ကြီးက နေရာအနှံ့ ထွက်ခွာ သွားကြတော့သည်။ အကျိုးမြတ် အများဆုံး ရရှိသူမှာ မိုဝူကျီ ဖြစ်သော်လည်း တခြားသူများက စိတ်မပျက်ကြပေ။ သူတို့က အင်မော်တယ်ဘုရင် တာအိုအသီးကို ရရှိရုံသာမက ဆေးလုံး ဧကရာဇ်ဆီ ဆေးလုံး တောင်းဆိုပေးမည့် ကတိစကားလည်း ရလာသည် မဟုတ်ပါလော။
မိုဝူကျီက အတော်လေး ကျေနပ်မိနေသည်။ သူက ဆေးလုံး အသုတ်ရာကျော်ကို ကူညီဖော်စပ်ရမည် ဖြစ်သော်လည်း သူ ရရှိမည့် အကျိုးမြတ်နှင့် နှိုင်းယှဉ်ကြည့်၍ မရပေ။ ထို့အပြင် သူ့ဆေးလုံးတာအိုမှာ တိုးတက်ဖို့ရာ လေ့ကျင့်နေဖို့သာ လိုအပ်ပေသည်။
မိုဝူကျီက မိုင်ရာချီ မသွားရသေးခင် တစ်ယောက်ယောက် နောက်မှ လိုက်လာကြောင်း ခံစားမိလိုက်သည်။ မိုဝူကျီ ရပ်လိုက်သည့်အခါ ပိုင်ချီထျန်း၏ ပုံရိပ်က သူ့ရှေ့ ပေါ်လာလေ၏။ သူက မိုဝူကျီ လမ်းကို ပိတ်ထားကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်
“အကြီးအကဲမိုရဲ့ နောက်ခံက သာမာန် မဟုတ်မှန်း ကျုပ် သိပါတယ်။ ကျုပ်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အကြီးအကဲကို ဘာမှ မလုပ်နိုင်တာလည်း အမှန်ပါ။ ဒါပေမဲ့ ခင်ဗျား ယူသွားတဲ့ ကျောက်စိမ်းသေတ္တာက ကျုပ်အတွက် တော်တော် အသုံးဝင်တယ်။ ကျုပ်ကို ပေးဖို့ မျှော်လင့်ပါတယ်။ ခင်ဗျား အလိုရှိတဲ့ အရာကို ပြောပါ ကျုပ် ပြန်လျော်ပေးပါ့မယ်။ ပြောရရင် ဒီအင်မော်တယ်ဘုရင် တာအိုအသီး ပေးဖို့တောင် ဆန္ဒရှိပါတယ်”
မိုဝူကျီက စိတ်ထဲတွင် လှောင်လိုက်မိသည်။ လွန်ခဲ့သည့် အချိန်လေးကပင် ပိုင်ချီထျန်း၏ လူသတ်ငွေ့များကို ရှင်းရှင်းလင်းလင်း ခံစားနေမိသား ဖြစ်၏။ ဤပိုင်ချီထျန်းက ရွမ်ရှန်း နောက်ပိုင်းအဆင့် ဖြစ်ကာ သူက ရွှမ်ရှန်းအဆင့်နှင့် တစ်လှမ်းသာ ကွာဝေးနေသည့် ကျင်းရှန်း ထိပ်ဆုံးအဆင့် ဖြစ်ပေသည်။ အကယ်၍ သူတို့ တိုက်ခိုက်ပါက သူ့အနေနှင့် ကြောက်ရွံ့နေစရာ မလိုပေ။
ကြယ်အဆင့် ပါရမီရှင် ဖြစ်နေတော့ရော ဘာအရေးလဲ ...
**