အန္တရာယ်များသော ပိုင်ချီထျန်း
Vol. 38 Ch. 524
မိုဝူကျီက တစ်ခုခု ပြန်မပြောလိုက်နိုင်ခင် သူ့အပေါ် လွှမ်းမိုးလာသည့် လူသတ်ငွေ့ကို ခံစားလိုက်ရသည်။ ပိုင်ချီထျန်းက တစ်လက်မမှ မရွေ့လျားသော်လည်း မိုဝူကျီက ရွေ့ပြောင်းစွမ်းရည် ထုတ်သုံးဖို့ရာ တုံ့ဆိုင်းမနေပေ။
ရွေ့ပြောင်းစွမ်းရည်မှာ သူ့လျို့ဝှက် ကတ်များအနက် တစ်ခု ဖြစ်ပေသည်။ ထိုစဉ် သူတို့က မတိုက်ခိုက်ရ သေးသော်လည်း မိုဝူကျီက အသုံးပြုလိုက်ရလေပြီ။ အကြောင်းမှာ သူက အန္တရာယ် အာရုံခံနိုင်စွမ်း မြင့်မား၍ ဖြစ်သည်။
မိုဝူကျီ ရွေ့ပြောင်းစွမ်းရည် ထုတ်သုံးလိုက်သည့် အခိုက်အတန့်၌ မီးခိုရောင် အလင်းတန်း တစ်ချက် ရောက်ရှိလာပြီး ပျောက်ကွယ်လုစ ဖြစ်နေသည့် မိုဝူကျီ၏ ပုံရိပ်ကို နှစ်ပိုင်း ပိုင်းပစ်လိုက်လေသည်။
မိုဝူကျီ စိတ်ထဲ တုန်လှုပ်မိသွားသည်။ သူက မနီးမဝေးမှ သားရဲနှင့် တူသည့် ထူးထူးဆန်းဆန်း အရာကို တွေ့မြင်လိုက်ရသည်။ ဤသားရဲ၏ ဦးခေါင်းမှာ တြိဂံ ပုံသဏ္ဌာန် ဖြစ်ကာ မြွေနှင့် တူပေသည်။ ပို၍ ထူးခြားသည့် အချက်မှာ သူ့ဦးခေါင်းထက်၌ သရဖူကဲ့သို့ မီတာ အတော်ရှည်လျားသည့် ဓားသွား ပါရှိနေသည်။ မိုဝူကျီက သူမြင်မိသည်မှာ မမှားယွင်းကြောင်း သေချာနေသည်။ ဓားသွားသရဖူ တစ်ခု ဖြစ်၏။
သူက ထိုဓားသွား သရဖူဆီ စိတ်စွမ်းအား ပို့လွတ် လိုက်သည့်အခါ အေးစက်စက် လူသတ်ငွေ့နှင့်အတူ ခြိမ်းခြောက် အန္တရာယ်ပေးနိုင်သည့် အငွေ့အသက်များကို ခံစားမိလိုက်သည်။ ထိုသားရဲမှာ အကြမ်းဖျင်းအားဖြင့် တစ်မီတာခွဲမျှ ရှည်လျား၏။ တစ်ကိုယ်လုံးမှာ မီးခိုရောင် သမ်းနေသည်။ တြိဂံ သဏ္ဌာန် ဦးခေါင်းနှင့် ဓားသွား တို့ ရှိသည့်အပြင် နံရိုး သုံးချောင်းသာ ရှိလေ၏။
ထိုလူက သူ့အား လုပ်ကြံဖို့ရာ ကြိုးစားခဲ့ပေသည်။ သူက နောက်ဆုံးအချိန်လေးမှ သတိထားမိခဲ့သည်။ အကယ်၍ သူ့ရွေ့ပြောင်း စွမ်းရည်ကြောင့်သာ မဟုတ်လျှင် ခံစားသိရှိလျှင်ပင် ထိုသားရဲ၏ တိုက်ခိုက်မှုကို ခံနေရ လောက်လေ၏။
ထိုအရာက မိုဝူကျီအား သူ့ရွိုက်ကောလေးကို သတိရသွား စေသော်လည်း ထိုအရာမှာ ရွိုက်ကောထက် များစွာ အားကောင်းပေ၏။
“အာ”
မိုဝူကျီက သူ့ဓားသွား သားရဲ၏ တိုက်ခိုက်မှုအား ရှောင်နိုင် လိုက်သည်ကို မြင်၍ ပိုင်ချီထျန်းက အံ့ဩမိသွားသည်။ သူ့မှော်ရတနာကို ထုတ်၍ တိုက်ခိုက်တော့မည့် ဆဲဆဲတွင် ဓားမော့အလင်းက သူ့ဆီ ရောက်ရှိလာကြောင်း ခံစားမိလိုက်သည်။
ထိုဓားမော့အလင်းက ထက်ရှပြီး ဖိနှိပ်နိုင်စွမ်း ရှိသောကြောင့် ဘေးပတ်လည် မီတာ ၃၀၀ အထိ အားလုံးကို ပိတ်လှောင်လိုက်သည့် အလား ဖြစ်သွား၏။ ထိုစဉ် သေခြင်းတရား ဖုံးလွှမ်းနေပြီး ခံစားရခက်သည့် ဖိအားက ပိုင်ချီထျန်းဆီ ရောက်ရှိလာသည်။
ဘယ်လိုလုပ် ဓားမော့အလင်း ဖြစ်နိုင်မှာလဲ ... ထိုအရာမှာ အကာသ ချုပ်နှောင်ခြင်း ဓားမော့စွမ်းအားသာ ဖြစ်ပေသည်။
ထိုဓားမော့ဖြင့် ပိုင်ချီထျန်းက မိုဝူကျီဆီမှ လိမ်လည် လှည့်စားခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်သည်။ သူတို့ အစီအရင်ကို တိုက်စဉ်က မိုဝူကျီသည် သူ့အင်အား၏ ၃၀ ရာခိုင်နှုန်းပင် ထုတ်သုံး မထားပေ။ မိုဝူကျီ၏ အင်အားမှာ သူ့ထက် မနိမ့်ကျပေ။ သူ့ထက် နိမ့်ကျနေဖို့ထက် မိုဝူကျီ၏ သတ်ဖြတ်လိုစိတ်မှာ ပို၍ပင် အားကောင်းနေသေးသည်။
မူလက မိုဝူကျီကို သတ်ဖို့ရာမှာ အလွန်လွယ်ကူသည့် ကိစ္စ ဖြစ်နေလိမ့်မည်ဟု တွေးထင်ထားမိခဲ့သည်။ ပိုင်ချီထျန်းက သူ မည်မျှ နုံ့အမိကြောင်း ယခုအခါမှ သိလိုက်ရ၏။ အကယ်၍ သူသာ မိုဝူကျီက အလွန်အားကောင်းမှန်း သိနေပြီး မိုဝူကျီကို ဖယ်ရှားလိုလျှင်ပင် သူက တစ်ယောက်တည်း လာခဲ့မည် မဟုတ်ပေ။ ယခုအခါ နောက်ဆုတ်ရန် နည်းလမ်း မရှိတော့ပေ။
ပိုင်ချီထျန်းက သူ့စွမ်းအား စက်ကွင်းကို အသည်းအသန် ထုတ်မိသွားသည်။ သူက မိုဝူကျီကို ချုပ်နှောင်ထားပြီး သူ့အား အကောင်းဆုံး လျို့ဝှက် ပညာရပ်ဖြင့် တိုက်ခိုက် လိုလေသည်။ တစ်ချိန်တည်းတွင် ပိုင်ချီထျန်း၏ ဓားသွား သားရဲမှာ သူတို့ နှစ်ယောက်ဆီ ခုန်ဝင်လာသည်။
ပိုင်ချီထျန်း အမြင်အရ မိုဝူကျီ၏ သဘာဝ အင်မော်တယ် စွမ်းအားများမှာ အလွန်သိပ်သည်း လွန်းနေလျှင်ပင် မိုဝူကျီ၏ စွမ်းအားစက်ကွင်းမှာ သူ့ရွမ်းရှန်း စွမ်းအားစက်ကွင်းထက် အားနည်းပေလိမ့်မည်။ သူသာ မိုဝူကျီ၏ ရူးလောက်သော စွမ်းအားများကို ဖိနှိပ်ထားနိုင်ပါက သူက ဗျူဟာအသစ် တစ်ခု ပြန်စဉ်းစား နိုင်လိမ့်မည်။
စွမ်းအားစက်ကွင်း နှစ်ဖက် ဆုံတွေ့သည့်အခါ ချက်ချင်းဆိုသလို ပိုင်ချီထျန်းက သူ့စွမ်းအား စက်ကွင်းမှာ ကြိတ်ဆုံထဲ ဝင်သွားသည့်အလား ခံစားလိုက်ရသည်။ ဝဲကတော့နှင့် တူသည့် စွမ်းအားများ ထွက်ပေါ်လာပြီး သူ့စွမ်းအား စက်ကွင်းကို တစ်စစီ ဖြည်းဖြည်းချင်း ဝါးမျိုပစ်သွားသည်။ သူ့ရွမ်ရှန်း စွမ်းအားစက်ကွင်းမှာ မိုဝူကျီ၏ ကျင်းရှန်း စွမ်းအားစက်ကွင်းထက် အမှန်တကယ် အားနည်းနေပေ၏။
ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။ သူက ဂုဏ်ထူးဆောင် ထိပ်တန်း ကြယ်အဆင့် ပါရမီရှင် တစ်ယောက် ဖြစ်ပေသည်။
“ဘုန်း”
ဓားမော့အလင်းက ရုတ်ချည်း နောက်ပြန်ဆုတ်လာကာ ပိုင်ချီထျန်း၏ ရဲရဲတောက် ကြေးနီတုတ်နှင့် တွေ့သွားသည့်အခါ အင်မော်တယ် သဘာဝစွမ်းအားများ ပေါက်ကွဲ သွားတော့သည်။ ပိုင်ချီထျန်းက သူ့ဆီ အင်မော်တယ် သဘာဝစွမ်းအားများ တဟုန်ထိုး ရောက်ရှိလာသလို ခံစားလိုက်ရသည်။ သူက ထိုစွမ်းအားများနှင့် အတူ ပေါက်ကွဲ ထွက်တော့မည်ဟု ခံစားလိုက်ရသဖြင့် အဆောင် စာရွက် တစ်ခုကို မြန်မြန် ဆွဲထုတ်လိုက်သည်။ ချက်ချင်း ဆိုသလို မိုဝူကျီက စွန်ပြတ် တစ်ခုလို လွှင့်ထွက်သွားသည်ကို မြင်လိုက်ရသည်။
ပိုင်ချီထျန်း စိတ်ထဲမှ တင်းကျပ်မှုများက ပြေလျော့သွားပြီး မိုဝူကျီ၏ တိုက်ခိုက်မှုမှာ အံ့ဩဖို့ ကောင်းသော်လည်း အသုံးဝင်သည့်ဟန် မပေါ်ပေ။
“ဖူး”
မိုဝူကျီ မြေပြင်ပေါ် ရောက်သည့်အချိန်လေး၌ ပိုင်ချီထျန်းမှာ သွေးတစ်ပွက် အန်သွားရသည်။
“မင်း...”
ပိုင်ချီထျန်းက မိုဝူကျီကို မျက်ထောင့်နီကြီးနှင့် ကြည့်လိုက်သည်။ သူက မိုဝူကျီ၏ တိုက်ခိုက်မှုမှာ အသုံးမဝင်ကြောင်း နောက်ဆုံးမှ နားလည်သွားလေ၏။ ပြောရမည်ဆိုလျှင် ရည်ရွယ်ချက် ရှိရှိ ပြုလုပ်သည် ဖြစ်ကာ မိုဝူကျီက သူ့ကို ချိန်ရွယ်ခြင်း မဟုတ်ဘဲ သူ့ဓားသွား သားရဲကိုသာ ပစ်မှတ်ထားခြင်း ဖြစ်၏။
ထိုစဉ် ဓားသွားသားရဲမှာ မြေပြင်ပေါ် လဲကျနေပြီး အသက်ဆက် မရှူတော့ပေ။
ထိုဓားသွား သားရဲမှာ ပိုင်ချီထျန်း၏ အဖိုးတန် သားရဲ ဖြစ်ကာ ယခုအချိန်အထိ များစွာ ကြိုးစား ထားရသော်လည်း မိုဝူကျီ၏ သတ်ဖြတ်မှုကို ခံလိုက်ရလေသည်။
ပိုင်ချီထျန်းက မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
မိုဝူကျီ၏ ခဲနက်ရောင် ဓားသွားမှာ သွေးများဖြင့် ပေရေနေပြီး သတ်ဖြတ်ငွေ့များက ပို၍ သိပ်သည်းလာသည်။
မိုဝူကျီအတွက် ထိုသားရဲကို သတ်ကို သတ်ပစ်ရမည် ဖြစ်၏။ အကယ်၍ သူက အန္တရာယ်ကို အာရုံခံနိုင်စွမ်း နိမ့်ပြီး ရွေ့ပြောင်းစွမ်းရည် မသုံးနိုင်လျှင် သူက ထိုသားရဲ၏ လုပ်ကြံ တိုက်ခိုက်မှုကို ခံနေရလောက်လေပြီ။ သူက ဓားသွား သားရဲ၏ တိုက်ခိုက်မှုကြောင့် မသေလျှင်ပင် သူ့အနေဖြင့် ပိုင်ချီထျန်း လက်ထဲ ကျရောက်နေလောက်၏။
မိုဝူကျီက ဘယ်လိုလုပ် ထိုအမုန်းတရားကို လက်လွတ် နိုင်မည်နည်း။ ထို့အပြင် သူက ပိုင်ချီထျန်းနှင့် ရင်ဆိုင်နေခြင်း ဖြစ်ရာ အကယ်၍ ဓားသွား သားရဲက အသက်ဆက်ရှင် နေသေးလျှင် သူ့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာနိုင်သည်။ ထို့ကြောင့် အစတကည်းမှ သားရဲအပေါ် သူ့စွမ်းအားစက်ကွင်းကို သုံး၍ ဖိနှိပ်ထားလိုက်ကာ အာကာသ ချုပ်နှောင်မှု ထပ်သုံးလိုက်ပြီး သူ့ဓားမော့ဖြင့် အဆုံးသတ် ပေးလိုက်ခြင်း ဖြစ်ပေသည်။
“သေစမ်း”
ဒေါသူပုန် ထနေသည့် ပိုင်ချီထျန်းက သူ့လက်ထဲမှ အဆောင်ကို ပစ်လွှတ်လိုက်ပြီး သူ့ရဲရဲတောက် ကြေးနီတုတ်မှာ မိုဝူကျီ ဘေးပတ်လည်၌ တုတ်အရိပ်ပေါင်း ထောင်ချီ ဝန်းရံလာတော့သည်။ ထိုတုတ်အရိပ်များမှာ မိုဝူကျီ၏ ဘယ်နှင့် ညာ၌ ပုံရိပ်ယောင် နဂါးနှစ်ကောင် ထွက်ပေါ်လာကာ ထွက်ပြေးမည့် လမ်းကြောင်းကို ပိတ်ဆို့ထားသည်။
အကယ်၍ မိုဝူကျီသာ နောက်ဆုတ်လိုက်ပါက ပိုင်ချီထျန်း၏ လက်ထဲ ကျရောက် သွားလိမ့်မည်။ ယခုအခါ ဓားသွား သားရဲမှာ အသတ်ခံလိုက်ရပြီ ဖြစ်ရာ ပိုင်ချီထျန်း၏ စိတ်ထဲ၌ ဒေါသများဖြင့်သာ ပြည့်နှက်နေသည်။ သို့သော် ပိုင်ချီထျန်းက ဒေါသကြောင့် အရူး ဖြစ်လာမည့်သူ မဟုတ်ပေ။ သူက မိုဝူကျီသည် အတော်လေး အံ့ဩဖို့ ကောင်းကြောင်း သိထားပေသည်။ မဟုတ်လျှင် မိုဝူကျီက ဓားမော့ တစ်ချက်တည်းဖြင့် သူ့သားရဲကို သတ်နိုင်လိမ့်မည် မဟုတ်ချေ။
သူ့ဓားသွား သားရဲ၏ အဆင့်မှာ သိပ်မမြင့်မား သော်လည်း အရိပ်ပမာ ဖြစ်နေပြီး လှုပ်ရှားမှုများမှာလည်း အရိပ်အယောင် မကျန်ရှိသည့်အတွက် ဖမ်းဖို့ရာ အလွန်ခက်ခဲပေသည်။ သူတို့နှစ်ယောက် ရင်ဆိုင်နေစဉ် မိုဝူကျီက သူ့သားရဲကို သတ်နိုင်ခဲ့ပေ၏။ လျှပ်တစ်ပြက် တိုက်ကွက် ဖြစ်နေလျှင်ပင် ထိုမျှ ရိုးရှင်းမည် မဟုတ်ပေ။ ထိုစဉ် သူက မိုဝူကျီကို ဖြုံလောက်သည့် ရန်သူအဖြစ် သတ်မှတ်မိလိုက်သည်။
မိုဝူကျီက နောက်ဆုတ်ရန် တစ်ခါမျှ မတွေးမိပေ။ သူက ထွက်မပြေးရုံသာမက ပိုင်ချီထျန်းဆီ ချီတက်သွားပြီး လက်သီးတစ်ချက် ထိုးလွတ်လိုက်သည်။
မိုဝူကျီ၏ လက်သီးချက်မှာ သာမာန်အတိုင်း ဖြစ်နေသော်လည်း ရိုးရှင်းသည်ဟု ဆိုဖို့ရာ အလှမ်းကွာလွန်း လှပေသည်။
နေရာတစ်လျှောက် ပူလောင်သည့်စွမ်းအားများ ထွက်ပေါ်လာကာ ထိုလက်သီးမှာ သူ့လျို့ဝှက်ပညာရပ် တစ်ခု ဖြစ်သည့် စွမ်းအားစက်ကွင်းချေဖျက် လက်သီးချက် ဖြစ်ပေသည်။
“ဘုန်း ဘုန်း ”
စွမ်းအားစက်ကွင်းချေဖျက် လက်သီးချက်မှာ ပိုင်ချီထျန်း၏ နဂါးနှစ်ကောင်ကို တစစီ လုပ်ပစ်လိုက်သည်။ ပေါက်ကွဲသံများက လေထုခွင်း၍ ထွက်ပေါ်လာသည်။ တစ်နေရာတည်း၌ ဗုံးများစွာ ပေါက်ကွဲသွားသည့် အလား ဖြစ်သည်။ ပေါက်ကွဲမှုများက နေရာအတွင်း လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာစေကာ အတော်လေး ပျက်စီး သွားစေ၏။
မိုဝူကျီ၏ စွမ်းအား စက်ကွင်းချေဖျက် လက်သီးချက်က ပိုင်ချီထျန်း၏ ရဲရဲတောက် ကြေးနီတုတ်ကို ချေဖျက်လိုက်သည့် အတွက် တုန်လှုပ်မှုများက မရပ်မနား ထွက်ပေါ်လာသည်။ ပေါက်ကွဲမှုအတွင်း မိုဝူကျီက သူ့ကိုယ်ပိုင် ဘေးကင်းမှုကိုပင် ဂရုမစိုက်ဘဲ ပိုင်ချီထျန်းဆီ ပဟေဠိဆန်ဆန် စက်ဝန်းတစ်ခု ပို့လိုက်သည်။ ထိုအရာမှာ မိုဝူကျီ၏ သတ်ဖြတ်ရေး တိုက်ကွက်ဖြစ်သည့် သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်း ဖြစ်ပေသည်။ သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်း ပေါ်လာသည်နှင့် တစ်ယောက်က ရှင်သန်စဉ် တစ်ယောက်က သေဆုံးရမည် ဖြစ်၏။ နောက်ဆုတ်ဖို့ရာ နည်းလမ်း မရှိပေ။ ထိုစဉ် နေရာတစ်ခုလုံးမှာ မှေးမှိန် ကျသွားလေ၏။ ပိုင်ချီထျန်းက တည်ငြိမ်သွားပြီး သူ့အတိတ်အကြောင်း ပြန်လည်တွေးတော မိသွားကာ ထိုမြင်ကွင်း၌ မျှောပါသွားသည်။
သူက လှပသော စက်ဝန်း တစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုစက်ဝန်းအတွင်း၌ အရောင်မျိုးစုံ ပါရှိနေပြီး ထိုအရောင်များမှာ သူ့အတိတ်မှ ကျော်ကြားမှုများနှင့် မှတ်ဉာဏ်များ ဖြစ်ပေသည်။ တစ်ချိန်တည်းတွင် ထိုစက်ဝန်းလှလှလေး၌ မီးခိုးရောင်ကို မြင်တွေ့လိုက်ရသည်။ ထိုမီးခိုးရောင်မှာ အသက်စွမ်းအားများ ကင်းမဲ့နေဟန် ပေါ်သည်။
ဒါက လျှို့ဝှက်ပညာရပ်ပဲ ...
ပိုင်ချီထျန်းက ထိုအတွေး တွေးမိစဉ် မီးခိုးရောင်က သူ့ရင်ဘတ်ပေါ် တံဆိပ် ကပ်လိုက်သည်။
သူ့ကို အဆုံးမဲ့သည့် သေခြင်းတရားများက လွှမ်းခြုံသွားလေသည်။ ပိုင်ချီထျန်း၏ မျက်လုံး၌ အကြောက်တရားများ ပြည့်နှက်လာသည်။ သူ့စိတ်ထဲ၌ နောင်တတရားများ ကြီးစိုးလာမိသည်။ သူက ဤနေရာ ရောက်လာခြင်းကို နောင်တ ရမိသလို မိုဝူကျီအပေါ် သေခြင်းတရား အဆောင်ကို သုံးလိုက်သည့် အတွက်လည်း နောင်တရမိသည်။ အကယ်၍ သူသာ ထိုအဆောင်ကို အသက်သွင်းရန် အချိန်မဖြုန်းမိပါက ဤအခြေအနေသို့ ကျရောက်သွားမည် မဟုတ်ပေ။ သူက မိုဝူကျီ၏ သေကွင်းသေကွက် တိုက်ကွက်များနှင့် ကြုံတွေ့လျှင်ပင် ရှောင်ရှား နိုင်လိမ့်မည်။
သို့သော် ယခုကား အလွန် နောက်ကျသွားလေပြီ။ သူ ပစ်လွတ်လိုက်သည့် အဆောင်ကိုလည်း ပြန်လည် မရုတ်သိမ်းနိုင်တော့ပေ။
ပိုင်ချီထျန်းမှာ ကျယ်ပြောပင်လယ် အင်မော်တယ်ဂိုဏ်း၏ ကြယ်အဆင့် ပါရမီရှင် တစ်ယောက် ဖြစ်ကာ ယခုတွင်မူ သူက သေဆုံးရတော့မည် ဖြစ်၏။ သူက လုံးဝ ငြိမ်ကျ သွားတော့သည်။ သူ့အမူအယာများမှာ မပြောင်းမလဲ ရှိနေပြီး မိုဝူကျီကိုသာ အေးစက်စွာ စိုက်ကြည့်နေမြဲ ဖြစ်သည်။
သူက အသတ်ခံလိုက်ရင်ရောလည်း ဘာအရေးလဲ ... သူက မိုဝူကျီကို တစ်ပါတည်း ဆွဲခေါ်သွားမည် ...
မိုဝူကျီက သေရေး ရှင်ရေး ကံကြမ္မာ စက်ဝန်းကို အသုံးပြုလိုက်သည်နှင့် သူ့တစ်ကိုယ်လုံးကား အားလျော့နည်း လာသည်။ ထိုစဉ် သူက သေခြင်းတရားကို ခံစားမိလိုက်၏။
“ဖူး”
မိုဝူကျီ ထွက်မပြေးနိုင်ခင် အေးစက်စက် စွမ်းအား တစ်ခုက သူ့ခန္ဓာကိုယ်ထဲ ထိုးဖောက် ဝင်ရောက်လာသည်။
သူ့ခန္ဓာကိုယ်မှာ အပေါ်ယံ၌ အဆင်ပြေနေဟန် ပေါ်သော်လည်း မိုဝူကျီက အတွင်းအင်္ဂါများမှာ တစစီ စုတ်ဖြဲ ခံလိုက်ရသလို ခံစားနေရသည်။
ထိုအခါ မိုဝူကျီ စိတ်ထဲ တင်းကျပ်မိသွားသည်။ ထိုရပ်တန့် မရသည့် အေးစက်စက် စွမ်းအားမှာ သူ့ခန္ဓာအနှံ့ ပြန့်နှံ့သွားကာ မိုဝူကျီ၏ ချီသွေးကြောများကိုပါ ဖျက်ဆီးပစ်နေသည်။
ချီသွေးကြောတစ်ခု အပြင်းအထန် ဒဏ်ရာ ရသွားတိုင်း ထိုစွမ်းအားမှာ အဆများစွာ ပိုတိုးပွားလာသည်။
မကောင်းတော့ဘူး ... သူက လုပ်ကြံ ခံလိုက်ရလေပြီ ... ထိုအဆောင်ကြောင့်သာ ဖြစ်ရမည် ...
ထိုစဉ် မိုဝူကျီက လုပ်ကြံခံလိုက်ရမှန်း မသိလျှင် အရူးသာ ဖြစ်တော့မည်။ သူသာ ချက်ချင်း မကုသပါက သူ့ဘဘာဝ သိုလှောင်ရေး လမ်းကြောင်းများ၊ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သူ့အသက်လမ်းကြောင်း အထိ ပျက်စီးလာလျှင် သူလည်း ပိုင်ချီထျန်းနှင့် လမ်းစဉ်အတူတူ လိုက်သွားရလိမ့်မည်။
မိုဝူကျီက တွေးမိလိုက်သည့် အခါ ပိုင်ချီထျန်း၏ လက်စွပ်ကို ချွတ်ယူ လိုက်ပြီးနောက် သူ့ပုံရိပ်မှာ လျှပ်တပြက် ပျောက်ကွယ် သွားတော့သည်။
အမွေးတိုင် တစ်ဝက်စာ ကြာချိန်နောက်တွင် မိုဝူကျီက ရပ်လိုက်သည်။ သူ့ချီသွေးကြော ပျက်စီးမှုများက ပိုပို၍ ဆိုးရွားလာနေပြီ ဖြစ်ရာ သူ့သဘာဝ သိုလှောင်ရေး လမ်းကြောင်းနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကြောင့်သာ မဟုတ်လျှင် သူက ဤနေရာထိ လွတ်လာနိုင်မည် မဟုတ်ပေ။ သူက အန္တရာယ်များမှန်း သိသော်လည်း မိုဝူကျီက မြေသို့ ထိုးဖောက်ပြီး ထာဝရ ကမ္ဘာလောကထဲ ဝင်ရောက် လိုက်တော့သည်။
သူ့အသက်ဓာတ် လမ်းကြောင်းမှာ ကုန်ဆုံးသွားသည့် သူ့အသက် စွမ်းအားများကို ဆက်တိုက် ပြန်လည် ဖြည့်တင်း ပေးနေသည်။ တစ်ချိန်တည်းတွင် သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းနှင့် သဘာဝ စွမ်းအား သိုလှောင်ရေး လမ်းကြောင်းတို့မှာ အသည်းအသန် လှည့်ပတ်နေပြီး အေးစက်စက် စွမ်းအားကို ထိန်းချုပ်ထားပြီး သူ့ပျက်စီးသွားသော ချီသွေးကြောများကို ပြန်လည် ပြုပြင်ပေးနေသည်။
မိုဝူကျီ ထွက်သွားပြီး သိပ်မကြာခင် သူနှင့် ပိုင်ချီထျန်း တိုက်ပွဲ ဖြစ်ထားသော နေရာသို့ အနက်ရောင် ဝတ်စုံနှင့် လူငယ် တစ်ယောက် ပေါ်လာလေ၏။ ထိုအနက်ရောင် ဝတ်စုံနှင့် လူငယ်လေး၏ မျက်ဝန်းမှာ ညို့အားပြင်းပြီး ခမ်းနားထည်ဝါသည့် အလင်းတစ်မျိုး တောက်ပနေသလို ဖြစ်နေ၏။ သူ့အကြည့်က မိုဝူကျီ၏ တစ်ချက်တည်းဖြင့် အသတ်ခံထားရသော ဓားသွား သားရဲဆီ ရောက်ရှိသွားပြီးနောက် အသက်မဲ့နေသော ပိုင်ချီထျန်းကို တစ်ချက် ကြည့်လိုက်သည်။
အချိန်တချို့ အကြာတွင် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးက သူ့ကိုယ်သူ ရေရွတ်လိုက်သည်
“သူက အတော်လေး အားကောင်းတာပဲ။ ဓားသွား သားရဲရဲ့ လုပ်ကြံမှုကို ခံခဲ့ရတဲ့ ကျင်းရှန်းအဆင့် ကျင့်ကြံသူက ရွမ်ရှန်း နောက်ပိုင်းအဆင့်နဲ့ ထိပ်တိုက် ရင်ဆိုင်နိုင်ရုံတင် မကဘူး။ ပိုင်ချီထျန်းနဲ့ သားရဲကိုရော သတ်သွား နိုင်သေးတယ် ...
သူက လွတ်မြောက် သွားသေးတယ်။ တကယ်လို့ ဒဏ်ရာ အပြင်းအထန် ရနေတာသာ မဟုတ်ရင် ဒီအလောင်းတွေကိုတော့ ရှင်းသွားမှာ အမှန်ပဲ။ ဒီလိုဆိုမှတော့ တစ်ခါ ကူညီပေးလိုက်မယ်။
ဒါပေမဲ့ ကျုပ် မတွေ့ပါစေနဲ့လို့ မျှော်လင့်တယ် ... ကျုပ်ကို တွေ့တာနဲ့ ခင်ဗျားရဲ့ ကံဆိုးမှုကိုသာ အပြစ်တင်လိုက်တော့ ...”
အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးက လက်ကို မြောက်ကာ မီးတောက်အလုံးနှစ်ခု ပစ်လွှတ်ကာ ပိုင်ချီထျန်းနှင့် သားရဲကို ပြာအဖြစ် လောင်ကျွမ်း စေလိုက်သည်။ ထို့နောက် သူ့ပုံရိပ်မှာ မိုဝူကျီ သွားသည့် ဦးတည်ရာအတိုင်း ထွက်သွားတော့သည်။
အမွေးတိုင် တစ်ဝက်စာ ကြာချိန်နောက် သူက ရပ်တန့်လိုက်သည်။ သူ ရပ်တန့်လိုက်သည့် နေရာမှာ မိုဝူကျီ၏ ထာဝရ ကမ္ဘာလောကနှင့် မီတာ သုံးဆယ်မျှသာ ကွာဝေးပေသည်။ ထိုစဉ် သူက စိတ်စွမ်းအား ဖြန့်ကျက်ကာ နေရာတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။
***