← Chapters

တိုင်ယုရှီ

Vol. 37 Ch. 506

တိုင်ယုရှီ

Vol. 37 Ch. 506

“သူက နီးစပ်နေပြီ ဆိုပေမဲ့ ဒြပ်စင် တိုကင် ကိုးခုလုံးကို မရသေးဘူးလေ... ယုံကြည်ချက် ပြင်းထန်ပြီး ဒီလို အလောင်းအစားမျိုး လုပ်မိတဲ့ အတွက် သူ နောင်တရနေဦးမှာ မြင်ယောင်သေးတယ်...”

မိန်းမငယ်လေးက မကျေမနပ်ဖြင့် မြည်တွန်တောက်တီးလိုက်၏။ သူမကား မင်လုယင်ပင် ဖြစ်ပြီး လေ့ကျင့်ရေး ကုန်းမြေတွင် လာရောက် ကျင့်ကြံသည့် လူငယ်များထဲမှ တစ်ဦးပင် ဖြစ်သည်။ သူမ၏ ဘေးတွင်တော့ ချိုချဥ် လိုမျိုး အပြားများကို စားသောက်နေသည့် လူအိုကြီး တစ်ဦး ရှိနေခဲ့၏။

မင်ယုလင်မှာ လူအိုကြီး၏ အမြဲ စားသောက်နေတတ်သော အလေ့အကျင့်ကို စိတ်အနှောက်အယှက် ဖြစ်သည့် အလား မျက်မှောင်ကြုတ်လိုက်သည်။

“ရှင် ဘယ်လိုထင်လဲ...”

လူအိုကြီးက ပါးစပ်ထဲတွင် ပြည့်နေသည့် ချိုချဥ်များကို ပလုတ်ပလောင်း မြိုချလိုက်ပြီးနောက် အညိုရောင် လွယ်အိတ်ထဲမှ နောက်ထပ် လက်တစ်ဆုပ် ထပ်နှိုက်လိုက်၏။

“ဟမ်... ဘာကိုလဲ...”

သူ၏ ပုံစံက မိန်းမငယ်လေး၏ စကားလုံးများကို သိပ်အလေးထားပုံ မရချေ။

“စောနက ကျွန်မ ပြောတာကို ရှင်ဘယ်လိုထင်လဲ မေးတာ...”

မင်ယုလင်က စိတ်မရှည်စွာဖြင့် ခပ်တင်းတင်း မေးလိုက်၏။

“နင်က ဘာပြောလို့လဲ...”

လူအိုကြီးက နှုတ်ခမ်းကို လျှာဖြင့် သပ်ရင်း လက်များကိုပါ စုပ်လိုက်သည်။ မင်ယုလင်မှာ လူအိုကြီး၏ အမူအရာကို ကြည့်ကာ အတော်လေး ဒေါသထွက် နေခဲ့ပြီ ဖြစ်သည်။

“ရှင်က ကျွန်မရဲ့ ဓမ္မာ ကာကွယ်သူ မဟုတ်ဘူးလား... ဘာလို့ ကျွန်မကို နည်းနည်းလေးမှ အရေးမစိုက် ရတာလဲ”

သူမက အော်ဟစ်လိုက်၏။ လူအိုကြီးက မိန်းမငယ်လေးကို ကြည့်ရင်း အနည်းငယ် သုန်မှုန်သွားသည်။

“နင် ပြောတာ မှန်တယ်... ငါက နင့်ရဲ့ ဓမ္မာ ကာကွယ်သူ ပဲလေ... နင့်ရဲ့ သူငယ်ချင်း မဟုတ်သလို နင့်ရဲ့ အစေခံလည်း မဟုတ်ဘူး... နောက်ပြီး နင်တို့ မျိုးနွယ်က လူလည်း မဟုတ်ဘူး... ငါ နင့်ရဲ့ ကျင့်ကြံခြင်းကို ကာကွယ် ပေးနေတယ်... အမြဲတမ်း အတူတူ ရှိပေးနေတယ် ဆိုတာက နင့်အဘွားရဲ့ မျက်နှာတစ်ခုကြောင့်ပဲ”

“ ... “

မင်ယုလင်မှာ ဘာဆက်ပြောရမှန် မသိတော့အောင် ဖြစ်သွား၏။ သူမက နှုတ်ခမ်းကလေးကို စူလိုက်ရင်း လူအိုကြီးကို ဆောင့်ကြီးအောင့်ကြီး ကျောခိုင်းလိုက်သည်။

လူအိုကြီးက သက်ပြင်းတစ်ချက် ချလိုက်၏။

“နင်တို့လို လူငယ်လေးတွေက ငါတို့ ဓမ္မာ ကာကွယ်သူတွေရဲ့ အဆင့်အတန်းနဲ့ ခွန်အားကို တကယ် မေ့နေကြတာပဲ... နင်တို့ ကလန်တွေက ငါတို့ရဲ့ မျက်လုံးထဲမှာ သေးသေးလေးတွေပဲ ရှိတယ်... နောက်ပြီး ကလန် ခေါင်းဆောင်တွေ ငါတို့ကို ငှားယမ်းခဲ့တာက နင်တို့ကို ကာကွယ်ဖို့ တစ်ခုတည်း မဟုတ်ဘူး... ငါတို့တွေ နင်တို့ကို မျက်စိကျပြီး တပည့် အဖြစ် လက်ခံဖို့ မျှော်လင့်ချက်တွေပါ ပါတယ်”

ပြောပြီးသည်နှင့် လူအိုကြီးက ချိုချဥ်များကို ပါးစပ် အပြည့် ထပ်မံ ထည့်သွင်းလိုက်၏။ သူက အခွင့်ထူးခံ အဖြစ် ကိုယ့်ကိုယ်ကို ယူဆနေသည့် ထိုမိန်းမငယ်လေးကို ကြည့်ရင်း ညင်သာစွာ သတိပေးလိုက်သည်။

“ကိုယ့်ရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်တာပါ... ကျန်တာတွေက နင်နဲ့ မသက်ဆိုင်ဘူး”

ယခုတစ်ကြိမ်တွင်တော့ မိန်းမငယ်လေးမှာ လူအိုကြီး၏ စကားကို နာခံဟန်ဖြင့် ခေါင်းညိတ် လိုက်သည်။ ထို့နောက် သူမက တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် လူအိုကြီးကို ကြည့်လိုက်၏။

“မိစ္ဆာရာသီ မရှိတော့ဘူး ဆိုတော့ ဒီလေ့ကျင့်ရေး ကုန်းမြေမှာ အပြောင်းအလဲတွေ ဖြစ်လာမှာလား... ကျွန်မတို့ ပုံမှန်ထက် စောပြီး ထွက်ခွာဖို့ ရှိလား”

လူအိုကြီးက ခေါင်းခါလိုက်သည်။

“မိစ္ဆာရာသီက မရှိတော့တာ မဟုတ်ဘူး ပြောင်းလဲသွားကာ... အန္တရာယ်တွေ ပိုများ လာလိမ့်မယ်... အဲဒါက လေ့ကျင့်ဖို့ အကောင်းဆုံး အခြေအနေကို ရောက်လိမ့်မယ်”

“ဘယ်လိုပြောင်းလဲသွားမှာလဲ...”

မင်ယုလင်က မေးလိုက်၏။

လူအိုကြီးက ပြုံးရုံသာ ပြုံးလိုက်သည်။

“နင် မြင်ရမှာပါ”

ထိုအခိုက်အတန့်တွင်ပင် အနီးအနားရှိ လေထုထဲ၌ ပုံပျက်နေသည့် အရိပ်တစ်ခုမှာ လူအိုကြီး၏ အာရုံ အတွင်း တိုးဝင်လာ၏။ သူ၏ မျက်ခုံးများက စိတ်ဝင်စားမှုဖြင့် အနည်းငယ် မြင့်တက်သွားသည်။

“စပြီး ကျင့်ကြံတော့... နင်တို့မှာ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံဖို့ လပိုင်းလောက်ပဲ အခွင့်အရေး ရှိတော့တယ်... အဲဒီ အခွင့်အရေးကို အမိအရယူပါ”

ထို့နောက် သူက ခြေတစ်လှမ်း လှမ်းလိုက်ကာ လေထုအတွင်း တိုးဝင် ပျောက်ကွယ်သွား၏။ မိန်းမငယ်လေးက နှုတ်ခမ်းကလေးကို စူလိုက်ရင်း နေရာတွင်ပင် ထိုင်ချကာ ကျင့်ကြံရန် အစပျိုးလိုက်တော့သည်။

ဝှစ်...

မိုင်သုံးရာခန့် အကွာအဝေး တစ်နေရာ၌ လူအိုကြီးက တွန့်လိမ်နေသည့် လေထုကြားမှ ခွဲထွက်ကာ ပြန်လည် ပေါ်လာခဲ့၏။

“နှောက်ယှက်မိတဲ့ အတွက် တောင်းပန်ပါတယ်... အရှင် အစားကျူးသူ”

နူးညံ့ညင်သာသည့် အသံတစ်ခုနှင့် အတူ မိုးပြာရောင် ကိုယ်ကြပ် ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမငယ်လေး တစ်ယောက်၏ ပုံရိပ် ထွက်ပေါ်လာခဲ့၏။ သူမက မျက်နှာ အောက်ပိုင်းကို ဇာပုဝါဖြင့် ဖုံးကွယ် ထားသည့်တိုင် ဝိုင်းစက် တောက်ပသည့် မျက်လုံးလေးများက သူမ မည်မျှ လှပကြောင်း ဖော်ညွှန်းနေပေသည်။

“ခင်ဗျားက ယဥ်ကျေးလွန်းနေပါပြီ... ကျုပ်က မိန်းမငယ်လေးကို သင်ခန်းစာ ပေးနေရုံ သက်သက်ပါပဲ... ဒါနဲ့ အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ တမန်တော်က ကျုပ်လို အညတရ တစ်ယောက်ကို ဘာကိစ္စ တွေ့ချင်ရတာပါလဲ”

လူအိုကြီးက ပြုံးပြရင်း ယဥ်ယဥ်ကျေးကျေးပင် ပြန်လည် မေးခွန်းထုတ်လိုက်၏။ သို့သော်လည်း မိန်းကလေးမှာ မလေးမစား ပြုမူရဲခြင်း မရှိပါချေ။ သူမက လက်နှစ်ဖက်ကို ဆုပ်ရင်း လေးလေးစားစားပင် ပြောလိုက်၏။

“ကျွန်မ နာမည်က တိုင်ယုရှီပါ... အရှင် အစားကျူးသူ ဆီကနေ အကူအညီ တစ်ခုလောက် တောင်းချင်လို့ ဒီကို ရောက်လာခဲ့တာပါ”

လူအိုကြီးက မျက်ခုံးများကို ပင့်တင်လိုက်၏။

“ဝိညာဥ် အစီအရင် အတားအဆီးတွေ အတွက်လား...”

တိုင်ယုရှီ၏ မျက်လုံးများက တောက်ပသွားသည်။

“အမှန်ပါပဲ... ကျွန်မ ကိုယ်တိုင်တောင် ဘာထိခိုက်မှု မရှိစေပဲနဲ့ အဲဒီအစီအရင်ကို မချိုးဖျက်နိုင်ပါဘူး... ဒါပေမဲ့ အရှင့် အနေနဲ့ ဆိုရင်...”

သို့သော်လည်း... လူအိုကြီးက သူမ၏ စကားကို ဆုံးသည် အထိ မစောင့်ပဲ လက်ကာကာ တားဆီးလိုက်၏။ ထို့နောက် သူက အသာအယာပင် ပြုံးလိုက်ရင်း...

“ဒါက လေ့ကျင့်ရေး ကုန်းမြေမလား... အဲဒီထက် ပိုပြောရရင် ဒီနေရာက အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရွေးချယ်ခံလောင်းတွေ အတွက် စစ်ဆေးတဲ့ စစ်မြေပြင်ဆိုလည်း ဟုတ်တယ်... တကယ်လို့ သူတို့က ကိုယ့်ပြဿနာကိုတောင် ကိုယ်မဖြေရှင်းနိုင်ဘူး ဆိုရင် ရွေးချယ်ခံ နေရာအတွက် ဘယ်လိုလုပ်ပြီး ထိုက်တန်တော့မှာလဲ”

တိုင်ယုရှီမှာ မျက်နှာ အနည်းငယ် ပျက်သွားသော်လည်း ခေါင်းညိတ်လိုက်၏။

“ကျွန်မ နားလည်ပါတယ်... ဒါပေမဲ့ တစ်ဖက်လူက ကိုယ်ပိုင် ခွန်အားကို သုံးရမယ့် အစား ယုတ်မာ အောက်တန်းကျတဲ့ နည်းလမ်းတွေကို သုံးပြီးတော့...”

“နေပါဦး... ပျက်သုဥ်းခြင်း တော်ဝင်သားတော်က ကိုယ်ပိုင် ခွန်အားကို အသုံးမပြုဘူး ဆိုတာ ခင်ဗျားတို့ ဘာကြောင့် သေချာနေရတာလဲ”

လူအိုကြီးက မေးလိုက်၏။

“ ... “

တိုင်ယုရှီမှာ အနည်းငယ် ကြောင်အသွား၏။ သို့သော်လည်း သူမက ချက်ချင်းပင် ရှင်းပြလိုက်သည်။

“အဲဒီ အစီအရင်မှာ ပါဝင်နေတဲ့ ဝိညာဥ်အင်အားက  အနည်းဆုံး ဝိညာဥ်အမှတ်က ၅၀၀၀၀ အထိ ရှိတယ် ... ပြောရရင် အဲဒါက သေမျိုး အကန့်အသတ်ကိုတောင် ကျော်လွန်နေပြီ... ကြယ်တာရာ သခင်တွေမှာတောင် အရမ်းကို ပါရမီ မြင့်မားတဲ့ ပုဂ္ဂိုလ်တွေပဲ အဲဒီလို ဝိညာဥ် အမှတ်မျိုးကို ပိုင်ဆိုင်နိုင်တယ်... အလင်းပြန်ခြင်း အဆင့် တစ်ယောက်က ကိုယ့်ကိုယ်ကို ထိခိုက်စေတဲ့ ကျင့်စဥ်ကို မသုံးရင် ဘယ်လိုလုပ်ပြီး အဲဒီလို ခွန်အားမျိုးကို ပိုင်ဆိုင်နိုင်မှာလဲ”

လူအိုကြီးက ပြုံးရင်း ခေါင်းတစ်ချက် ညိတ်လိုက်၏။

“ကျုပ် သဘောပေါက်ပါပြီ... ဒါပေမဲ့ ကျုပ်ရဲ့ သဘောထားကတော့ အရင်အတိုင်းပါပဲ... တကယ်လို့ ကိုယ့်ပြဿနာကို ကိုယ်မဖြေရှင်းနိုင်ဘူး ဆိုရင် သူတို့က ‌‌ရွေးချယ်ခံ ဖြစ်ဖို့ မထိုက်တန်ပါဘူး”

ထို့နောက် သူက တိုင်ယုရှီကို ထပ်မံ စကားပြောခွင့် မပေးတော့ပဲ လေထုအတွင်း ပြန်လည် တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့၏။

“ ... “

တိုင်ယုရှီမှာ မူလနေရာတွင်ပင် ‌ငေးငိုက်ကာ ငြိမ်သက်နေမိသည်။ အချိန်အတန်ကြာပြီး နောက်မှ သူမက နှုတ်ခမ်းကို ကိုက်ရင်း မူလနေရာမှ ပျောက်ကွယ်သွား၏။ လူအိုကြီး ဘယ်လိုပဲ ပြောပြော သူမဘက်ကတော့ အကူအညီ ပေးနိုင်မည့် တစ်စုံတစ်ယောက်ကို လိုက်လံ ရှာဖွေရဦးမည် ဖြစ်ပေသည်။

အတန်ကြာပြီးနောက်၌ လူအိုကြီးမှာ ထိုနေရာတွင် ပြန်လည် ပေါ်လာခဲ့၏။ သူက သက်ပြင်းတစ်ချက် ချလိုက်ရင်း တိုင်ယုရှီ ထွက်ခွာသွားသည့် အရပ်မျက်နှာကို လှမ်းကြည့်လိုက်သည်။

“ဘယ်လောက်တောင် မမျှတလိုက်သလဲ... အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ တမန်တော် ကိုယ်တိုင်က အဲဒီ ‌ကောင်လေးကို ကူညီနေတယ်... အစတည်းက ဆုံးဖြတ်ပြီးသား ဆိုရင်လည်း ဘာလို့ အပိုတွေ လုပ်ပြီး ရွေးချယ်ခံ ပြိုင်ပွဲ လုပ်နေ‌သေးတာလဲ... အဲဒီကောင်လေးကို တစ်ခါတည်း ပေးလိုက်ပါလား”

လူအိုကြီး၏ အမြင်၌ ဝေ့ဝူယင်မှာ ရွေးချယ်ခံ နေရာအတွက် အသင့်တော်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။ သူ၏ ဇစ်မြစ်က လျှို့ဝှက် ဆန်းကြယ်လှသည် ဆိုသော်လည်း သူ၏ ပါရမီနှင့် ခွန်အားတို့က ပြိုင်ဘက်ကင်းလွန်းလှသည်။ သို့သော်လည်း ကံမကောင်းစွာပင် အစစ်အမှန် ဒြပ်စင်ဂိုဏ်းမှာ လင်းမင်ကိုသာ ကြိုတင် ရွေးချယ်ထားပုံ ပေါ်သည်။

“ဝေ့ဝူယင်... ဝေ့ဝူယင်... ဒီကလေးက တော်တော် ဉာဏ်များသလို ငါလို အဘိုးကြီးထက်တောင် ပို အကွက်စေ့သေးတယ်...”

လင်းမင်၏ ကိုယ်ပေါ်တွင် ဝေ့ဝူယင် အတားအဆီး ဝင်္ကပါ တစ်ခု ချမှတ်နေသည်ကို အစောကြီးကတည်းကပင် သူ သတိထားမိခဲ့ပြီး ဖြစ်သည်။ ၎င်းက အလွန် ရှုပ်ထွေးလှသည့် အပြင် အင်အား ကြီးမားလွန်းလှသည့် ဝိညာဥ်ခွန်အားလည်း ပေါင်းစပ် အားဖြည့်ထားသေးသည်။ ကြည့်ရသည်က ဝေ့ဝူယင်မှာ အစောကတည်းကပင် လင်းမင် ပြန်လာမည်ကို ကြိုတင် တွက်ချက်ထားကာ လက်ဦးမှု ရယူထားပုံ ပေါ်သည်။

သို့တိုင်အောင် သူက ယခုမှ ဆယ်နှစ်ကျော်သာ ကျင့်ကြံရသေးသည့် အလင်းပြန်ခြင်း အဆင့် ကျင့်ကြံသူလေး တစ်ယောက်သာ ဖြစ်သည်။ နောက်နှစ်နှစ်ဆယ်၊ သုံးဆယ် ကြာပါက မည်ကဲ့သို့ ဖြစ်လာမည်နည်း။ လူအိုကြီးမှာ ဝေ့ဝူယင် အကြောင်း တွေးရင်း မသိစိတ်မှ ကြောက်လန့်လာသလိုပင် ခံစားလိုက်ရတော့၏။

***

အပိုင်း(၅၀၇) ထန်ရှင်းယွင်

ဝေ့ဝူယင်မှာ အစစ်အမှန် ပျက်သုဥ်းခြင်း ဘုရားကျောင်းသို့ ပြန်လည် ‌ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူက အမျိုးမျိုးသော ကိစ္စရပ်များကို တွေးတောရင်း ခုတင်ပေါ်တွင် သက်တောင့်သက်သာ ထိုင်နေခဲ့၏။ တစ်နှစ် အကြာတွင် လင်းမင်နှင့် ရင်ဆိုင်ရမည့် ကိစ္စကိုတော့ သူ စိတ်မပူပါချေ။ သူ ချမှတ်ထားသည့် အစီအရင်များမှာ  လွယ်လွယ်ကူကူနှင့် ပယ်ဖျက်နိုင်မည့် ဖြစ်တည်မှုများ မဟုတ်ပါချေ။

ဝေ့ဝူယင် တြိဂံ သဏ္ဌာန် အစိတ်အပိုင်း တစ်ခု လိုအပ်နေဆဲ ဖြစ်သည့် လက်ထဲမှ နဝဂံ တိုကင်လေးကို ထုတ်ယူလိုက်၏။ ထိုတိုကင်လေးထဲတွင် ကျင့်ကြံခြင်းကို နောက်ထပ် ခြေတစ်လှမ်း တိုးနိုင်မည့် ဒြပ်စင် ရှစ်ခု၏ အထွတ်အထိပ် အဆင့် ရည်ရွယ်ချက်များ ပါဝင်နေပေသည်။

မူလဒြပ်စင် ရည်ရွယ်ကို ရရှိဖို့ ဆိုလျှင် အဆင့်မြင့် ဒြပ်စင် ရည်ရွယ်ချက်ကိုးခုကို တစ်ခုတည်း အဖြစ် ပေါင်းစည်းဖို့ လိုအပ်သည်။ အကယ်၍ အထွတ်အထိပ် အဆင့် ရည်ရွယ်ချက်များကို တစ်စုတစ်စည်းတည်း ပေါင်းစည်း လိုက်ပါက မည်သည့် ရလဒ် ထွက်ပေါ်လာမည်ကို သူ တကယ် စိတ်ဝင်စားနေမိသည်။

တိုကင်လေးကို သေချာစွာ စစ်ဆေးရင်း အထဲရှိ မူလ အမတေ၏ အော်ရာက ယခင်ကထက် ပိုမို ရှင်လင်းကာ ပြည့်စုံလာသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ မူလ အတေ ဆိုသော အသုံးအနှုန်းကို သူ ဝမ်ယုထျန်းထံမှ အရင်ဆုံး ကြားဖူးခြင်း မဟုတ်ချေ။ ဧဒင်ထံမှသာ ဖြစ်သည်။ ကောင်းကင်လောက ကပ်ဘေးကို ဖြတ်ကျော်နေသည့် အတောအတွင်း၌ ဧဒင်က သူ့ကို စကားလုံး နှစ်လုံး ပြောခဲ့သည်။

မူလ အမတေနှင့် မူလ မိုးကုပ်စက်ဝိုင်း အဆင့် ဟူ၍။

နှစ်ကာလများစွာ ကြာမြင့်ပြီးနောက်တွင် သူ “မူလ အမတေ” ဆိုသည့် စကားလုံးကိုပင် မေ့တေ့တေ့ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူ၏ စိတ်နှလုံး အလုံးစုံကို မူလ မိုးကုပ်စက်ဝိုင်း အဆင့် ပေါ်တွင်သာ အပြည့်အဝ မြှပ်နှံထားခဲ့သည်။ ယခု ဒြပ်စင်တိုကင်များ ပေါင်းစည်းသွားကာ ပိုမို ထူထဲသည့် အမတေ အော်ရာ တစ်ခု ဖြစ်ပေါ်လာသော အခါတွင်မှ ထိုမှတ်ဉာဏ်ကို သူ ပြန်လည် အမှတ်ရလာခဲ့ခြင်း ဖြစ်သည်။

“ဒါဆိုရင် သူတို့ရဲ့ ပူပေါင်း အားထုတ်မှုကနေ ပေါင်းစပ်ထားတဲ့ ကောင်းကင်လောက မိုးကြိုးက မူလ အမတေလား... မူလ အမတေက သူတို့ရဲ့ သေမျိုး အဆင့်တွေကို ပေါင်းစပ်ပေးပြီး အသွင်ကူးပြောင်စေခဲ့တာလား”

ဝေ့ဝူယင် တိတ်တဆိတ် ရေရွတ်လိုက်မိ၏။ ထို့နောက် သူက လက်တစ်ဖက်ကို မြှောက်ကာ ခန္ဓာကိုယ်ထဲရှိ ကိုယ်ပိုင် မန်နာ အပိုင်းအစ တစ်ခုကို ဆက်သွယ်လိုက်သည်။ ၎င်းက တောက်ပသည့် ကမ္ဘာတစ်ခု အသွင်ဖြင့် တည်ရှိနေကာ သာမန် မျက်လုံးများဖြင့် မြင်တွေ့နိုင်စွမ်း မရှိချေ။ တောက်ပမှုကသာလျှင် ၎င်း၏ တည်ရှိမှုကို ညွှန်ပြနေသည့် တစ်ခုတည်းသော အရာ ဖြစ်သည်။

ထိုမန်နာကို ထုတ်ဖော်လိုက်သည်နှင့် ဆုတ်ယုတ်မှု ရာသီ၏ ကန့်သတ်ခြင်းကို ခံစားရသည့် လောက၏ မန်နာများမှာ စိတ်လှုပ်ရှားသော အမူအရာများနှင့် သူ့ထံ ဖြည်းညင်းစွာ ချဥ်းကပ်လာနေသည်ကို ဝေ့ဝူယင် ခံစားလိုက်ရသည်။ သူ နှောက်ယှက်ခြင်း မပြုပဲ ကောင်းကင်ဘုံ နတ်မျက်လုံများဖြင့် အပြောင်းအလဲကို တစ်နာရီခန့် ကြာအောင် စိတ်ရှည်စွာ စောင့်ကြည့်နေလိုက်၏။

လောကမန်နာများမှာ ကမ္ဘာကဲ့သို့ ဖြစ်တည်နေသည့် ဝေ့ဝူယင်၏ ကိုယ်ပိုင် မန်နာ အပိုင်းအစ အတွင်း ဖြည်းညင်းစွာပင် စီးဝင် သွား၏။ ထို့နောက် သိသာ ထင်ရှားသည့် သက်ရောက်မှုများ မရှိပဲ ချောမွေ့စွာပင် ပေါင်းစပ်သွားသည်။ ဝေ့ဝူယင် ဖန်တီးထားသည့် ကမ္ဘာက ကျယ်ပြန့်လာခြင်း မရှိသလို ပိုမို တောက်ပလာခြင်းလည်း မရှိချေ။

တစ်နာရီခန့် ကြာအောင် စောင့်ကြည့်ပြီးနောက် ဝေ့ဝူယင်က အခြား လက်တစ်ဖက်ဖြင့် အဖြူရောင် အလင်းလုံး တစ်ခုကို ဆင့်ခေါ်လိုက်၏။ ၎င်းက လုံးဝ ပြီးပြည့်စုံသည့် စက်ဝိုင်း တစ်ခု သဏ္ဌာန်ဖြင့် ရှိနေကာ ဒြပ်စင် အငွေ့အသက်တို့ကို ထုတ်လွှတ်နေသည်။ ထိုအဖြူရောင် အလင်း စက်ဝိုင်းလေးမှာ မူလ ဒြပ်စင် ရည်ရွယ်ချက်မှ တစ်ပိုင်းတစ်စပင် ဖြစ်လေသည်။

ထို့နောက် အလားတူပင် ဝေ့ဝူယင်က ပတ်ဝန်းကျင်ရှိ ကန့်သတ်ခံထားရသည့် ဒြပ်စင် စွမ်းအင်များကို ထိုစက်ဝိုင်းနှင့် ပေါင်းစပ် ကြည့်ရန် ကြိုးစားလိုက်၏။ သို့သ်ေလည်း အံ့အားသင့်စွာပင် ယခုတစ်ကြိမ်တွင်တော့ မူလ ဒြပ်စပ် ရည်ရွယ်ချက်မှာ အတားအဆီးများကို ပယ်ဖျက်နိုင်စွမ်း မရှိပါချေ။

“ရည်ရွယ်ချက်က မပြည့်စုံလို့လား...”

ဝေ့ဝူယင်က မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိ၏။ သေမျိုး ကြယ်တာရာ ဝင်္ကပါ ကပ်ဘေးကို ဖြတ်ကျော်၍ ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိပြီးနောက်တွင် ဆေဘာ နှလုံးသား ရည်ရွယ်ချက်နှင့် ဒြပ်စင် နှလုံသား ရည်ရွယ်ချက် တည်းဟူသော ပိုမို မြင့်မားသည့် ကျင့်ကြံခြင်း လမ်းစဥ် တစ်ခုကို သူ ရှာဖွေ တွေ့ရှိခဲ့သည်။ ကံဆိုးစွာပင်... ထိုအချိန်က သူ့တွင် အဆင့်မြင့် ဒြပ်စင် ရည်ရွယ်ချက် ကိုးခုစလုံး မရှိခဲ့ပဲ ငါးခုကိုသာ ပိုင်ဆိုင်ခဲ့သည်။ သို့သော်လည်း ဆေဘာရည်ရွယ်ချက် နှလုံးသားကိုတော့ သူ ပုံဖော်နိုင်ခဲ့သည်။

ဆောဘာလောက၊ ဆေဘာ နှလုံးသားနှင့် နှိုင်းယှဥ်ပါက မူလဒြပ်စင် ရည်ရွယ်ချက်မှာ “ဆေဘာ ရည်ရွယ်ချက်” တစ်ခုကဲ့သို့  သာမန် ရည်ရွယ်ချက် တစ်ခုသာ ဖြစ်သည်။ ဆေဘာရည်ရွယ်ချက်မှာ ဆုတ်ယုတ်မှု ရာသီ၏ ကန့်သတ်ချက် အားလုံးကို လွယ်လွယ်ကူကူပင် ဖျက်ဆီးပစ်နိုင်ကာ အမတေနှင့်  စွမ်းအင် အားလုံးကို ဆေဘာ စွမ်းအင်အောက်သို့ စုစည်းနိုင်စွမ်း ရှိသည်။

“မူလ ဒြပ်စင် ရည်ရွယ်ချက်ကို ဖွဲ့စည်းဖို့ အတွက် မူလ အမတေကို မလိုအပ်ဘူး ဆိုပေမဲ့ မူလဒြပ်စင် ရည်ရွယ်ချက်ရဲ့ အပြီးပြည့်စုံဆုံး အခြေအနေ ဖြစ်တဲ့ မူလ ဒြပ်စင် နှလုံးသား အဆင့်ထိ ရောက်ဖို့ ဆိုရင်တော့ အဲဒါကို မဖြစ်မနေ လိုအပ်တဲ့ပုံပဲ”

အတွေးများကို နိဂုံးချုပ်လိုက်ပြီးနောက် ဝေ့ဝူယင်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားသလို ခံစားလိုက်ရ၏။ သူက အိုရီကို ဝိညာဥ်အာရုံဖြင့် ဆက်သွယ်လိုက်သည်။

“အစားစားချိန် ရောက်ပြီ ကောင်လေး...”

“ကောင်းတယ်... ကောင်းတယ်...”

စိတ်လှုပ်ရှားနေသည့် အသံနှင့် အတူ အဖြူရောင် အလင်းလုံးလေး တစ်လုံးမှာ ထျန်းတျန်ထဲမှ နေ၍ ရွှင်မြူးစွာဖြင့် တိုးထွက်လာသည်။ ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်ရင်း အထွတ်အထိပ် အဆင့် ရည်ရွယ်ချက် ကိုးခု ပါရှိနေသည့် တိုကင်ကို ၎င်းထံ ပစ်ပေးလိုက်လေတော့၏။

...

တော်ဝင် ညီလာခံ အပြီး၌ အမျိုးမျိုးသော လူသားနှင့် အယ်ဗန် မျိုးနွယ်များမှာ ရည်ရွယ်ချက်မဲ့စွာ ကျန်ရစ်ခဲ့ကြသည်။ သူတို့က တစ်နှစ် တိတိဆိုသည့် နေ့စွဲကို စိတ်ထဲဝယ် အမှတ်သဟာ ပြုကာ အိမ်သို့ ပြန်ခဲ့ကြသည်။ ထိုနေ့မတိုင်ခင် အထိ တော်ဝင် ကလေးငယ်များကြားထဲမှ စစ်ပွဲမှာ အဆုံးသတ်လိမ့်ဦးမည် မဟုတ်ပါချေ။

ဆက်တိုက် ဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် လောကသခင်များ၏ သေဆုံးမှုကြောင့် ကုန်းမြေတိုက်ကြီး တစ်ခုလုံးရှိ ဒေသခံများမှာ တော်ဝင် ကလေးငယ်များ အကြားမှ သန့်ရှင်းသော စိန်ခေါ်ပွဲကို စစ်ပွဲတစ်ခု၊ ဘာသာရေး စစ်ပွဲ တစ်ခု အသွင် ရှုမြင်ခဲ့ကြသည်။ ထိုစစ်ပွဲမှာ အစွမ်း အထက်ဆုံး တော်ဝင် ကလေးငယ်ကို ဆုံးဖြတ်ပေးလိမ့်မည် ဖြစ်ကာ ထိုကလေးငယ်မှာ ကုန်းမြေတိုက်ကြီး တစ်ခုလုံး၏ ဗဟို တော်ဝင် သွေးမျိုးဆက်ကို ဆောင်ကျဥ်းပေးလိမ့်မည် ဖြစ်သည်။ လက်ရှိ၌ နောက်ဆုံး တော်ဝင် ကလေးငယ် နှစ်‌ယောက်သာ ကျန်ရှိပေတော့သည်။ မည်သည့် ရလဒ်ပင် ထွက်ပေါ်လာစေကာမူ သမိုင်းတစ်ခုကို ရေးထိုးကြလိမ့်မည် ဖြစ်ကာ တော်ဝင် ကလေးငယ်များ အကြားမှ စစ်ပွဲ အဖြစ် ထာဝရ မှတ်သားကြပေလိမ့်မည်။

...

“နင် ဘာပြောတယ်...”

တင်းမာမှုများ ပြည့်နှက်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။ ထန်ရှင်းယွင်၏ အသံပင်။ လက်ရှိ၌ သူမမှာ ဟင်းလင်းပြင် သင်္ဘောအတွင်းရှိ ပလ္လင်ကဲ့သို့ ထိုင်ခုံ တစ်ခုပေါ်တွင် ထိုင်နေခဲ့ခြင်း ဖြစ်သည်။ မိန်းကလေး၏ မျက်လုံးများမှာ သုန်မှုန်မှုများဖြင့် ပြည့်နှက်နေ၏။

ထိုအခိုက်၌ သူမတို့၏ ဟင်းလင်းပြင် သင်္ဘောမှာ လေပြည်လွင်ပြင်တွင်ပင် ဆက်လက် ရှိနေသေးဆဲ ဖြစ်သည်။ ဝေ့ဝူယင် ဆိုသည့် လူယုတ်မာ နောက်ပြန်လှည့်လာကာ စည်းမျဥ်းများကို ချိုးဖောက်၍ လင်းမင်အား တစ်ခုခု အန္တရာယ် ပေးမည်ကို သူမ ကြောက်ရွံ့နေမိသည်။

တစ်နှစ်...

တစ်နှစ် ဆိုသော အချိန်ကို လင်းမင် အတွက်  ဝေ့ဝူယင်ထံမှ သူမ မရမက ယူဆောင်ခဲ့သည်။ ထိုတစ်နှစ်ပြည့်လျှင် လင်းမင်မှာ ကိုယ်ပိုင် အခွင့်အရေး အတွက် နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း ယခုတွင်ပင် တမန်တော် တစ်ယောက်ထံမှ စိတ်ပျက်စရာ ကောင်းသည့် သတင်း တစ်ခုကို သူမ ကြားခဲ့ရသည်။

တမန်တော်မှာ ချောမော လှပသည့် မိန်းမငယ်လေး တစ်ယောက် ဖြစ်သည်။ သူမက အရပ် အနည်းငယ် ပုကာ အနက်ရောင် ဆံနွယ်များကို ကျစ်ဆံမြီး သဖွယ် ကျစ်ထား၏။ ငယ်ရွယ်နုနယ်ကာ ကလေး တစ်ယောက်ကဲ့သို့ ပုံပန်း သဏ္ဌာန်ကို ပိုင်ဆိုင်ထားသည့်တိုင် သူမ၏ ကျင့်ကြံခြင်း အခြေခံကတေ့ အလွန် နက်ရှိုင်းလှသည်။ သူမ အသက်ရှူလိုက်တိုင်း၌ အလင်းရောင်စဥ်တန်းများမှာ တုန်ခါနေကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် ပင်လျှင် လှုပ်ရှား အသွင်ပြောင်းနေ၏။

သူမက မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ပင် ဖြစ်လေသည်။ သို့သော်လည်း... စွမ်းအင်လှိုင်းနှင့် အော်ရာများအား မထိန်းချုပ်နိုင်သေးခြင်းကို ထောက်ချင့်ပါက မြေဆွဲအား လွတ်မြောက်ခြင်း မကြာသေးခင် ကာလကမှ လောလောလတ်လတ် တက်လှမ်းထား‌ကြောင်း သိသာလှပေသည်။

“မမလေး... ကျွန်မ... ကျွန်မ...”

မိန်းကလေးမှာ လက်များပင် တုန်ရီကာ စကားလုံးများပင် ထစ်အ သွား၏။ ထန်ရှင်းယွင်၏ ‌ဒေါသကို သူမ ကြောက်လန့်နေသည်မှာ ထင်ရှားလှသည်။

ထန်ရှင်းယွင်က မျက်မှောင်ကြုတ်ကာ သူမကို ကြည့်လိုက်၏။ သို့သော်လည်း သူမက ဘာမှ ထပ်မပြောတော့ချေ။

ထိုမိန်းကလေးမှာ ဤလောကနယ်မြေ ဒေသခံ တစ်ယောက် မဟုတ်ချေ။ သူမနှင့် အတူ လိုက်ပါလာသည့် အစေခံ တစ်ယောက်သာ ဖြစ်ကာ ကိုယ်ရေး တမန်တော် ရာထူးကို ပေးအပ်ထားခြင်း ဖြစ်သည်။ ထန်ရှင်းယွင် ထိုမိန်းကလေးကို အလွန် သဘောကျကာ အဖိုး ထိုက်တန်သည့် ရင်းမြစ်များကို အမြဲလိုလို ဆုချလေ့ ရှိသည်။ မိန်းကလေးကလည်း သူမကို စိတ်မပျက်စေခဲ့ချေ။ အချိန်တို အတွင်းမှာပင် ကြယ်တာရာ အမြုတေ အဆင့်ခြောက် အထိ တက်လှမ်းကာ ထိုက်တန်ကြောင်း သက်သေပြ နိုင်ခဲ့သည်။

ထန်ရှင်းယွင်က သက်ပြင်းတစ်ချက် ချလိုက်၏။ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းချုပ် လိုက်ပြီးနောက် သူမက ညင်သာစွာပင် မေးလိုက်သည်။

“ရှင်းအောင် ပြောပြပါ...”

မိန်းမငယ်လေးမှာ မမလေး ဖြစ်သူ၏ စိတ်အပြောင်းအလဲကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သူမက ဖြည်းညင်းစွာပင် စတင် ရှင်းပြလိုက်သည်။

“မဟာ ဘုန်းတော်ကြီး ကျိဂူက စောစောကတင် သတင်း တစ်ခု ပို့လာတယ်... မဟာ လေပြင်း တော်ဝင် သားတော်ရဲ့ ကျင့်ကြံခြင်း အခြေခံ အားလုံးက ချိတ်ပိတ်ခံထားရတယ် တဲ့”

ထန်ရှင်းယွင်က ပလ္လင်၏ လက်ရန်းကို တဒေါက်ဒေါက် ခေါက်လိုက်၏။

“ချိတ်ပိတ်ထားတယ် ဆိုတာက ဘယ်လိုလဲ”

ထိုအရာကို သူမ ရှင်းရှင်းလင်းလင်း သိ‌ချင်နေမိသည်။ ဘာပဲဖြစ်ဖြစ် လင်းမင်အတွက် အချိန်က တစ်နှစ်သာ ကျန်ရှိတော့သည် မဟုတ်ပါလား။

မိန်းမငယ်လေးက ကျိဂူ ပို့ထားသည့် အသေးစိတ် အချက်အလက်များ အတိုင်း ပြန်လည် ရှင်းပြလိုက်၏။

“တော်ဝင် သားတော်ရဲ့ ထျန်းတျန်၊ စွမ်းအင် ဆုံမှတ်နဲ့ သွေးကြောတွေ အားလုံးက အရမ်းကို အစွမ်းထက်တဲ့ အစီအရင်တစ်ခုနဲ့ ချိတ်ပိတ်ခံထားရတယ်... မဟာ ဘုန်းတော်ကြီးတောင် အဲဒါကို မပယ်ဖျက် ပေးနိုင်ဘူး... လင်းမင် ကိုယ်တိုင် ကြိုးစားမှပဲ တိုးတက်မှုကို နည်းနည်း ရတယ် တဲ့... ဒါပေမဲ့ အဲဒါကို အပြီးတိုင် ဖယ်ရှားဖို့ အတွက်ဆိုရင် အကြမ်းဖျဥ်း ခုနစ်ဆယ့် သုံးနှစ်လောက် လိုတယ်တဲ့”

ထန်ရှင်းယွင်မှာ နှလုံးသား တစ်ခုလုံး တင်းကြပ်သွားသလို ခံစားလိုက်ရ၏။  မည်သူက ထိုမျှ ပြင်းထန်သည့် အစီအရင်မျိုးကို မည်သူက လင်းမင် အပေါ် ချမှတ်ခဲ့သနည်း။

***

All Chapters