ရာသီစက်ဝန်း အသစ် ရောက်ရှိလာခြင်း
Vol. 37 Ch. 509
ဆုတ်ယုတ်မှု ရာသီမှာ အဆုံးသတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မန်နာနှင့် အမတေ စွမ်းအင်များ အပေါ် ချုပ်နှောင်ထားသည့် လောက၏ သံကြိုးများမှာ ပြတ်တောက်လု နီးနီး ဖြစ်နေခဲ့ချေပြီ။ အချိန် စွမ်းအင်၏ ချည်နှောင်မှုကား ဖြည်းညင်းစွာပင် ဆုတ်ယုတ်လာ၍ ဗဟိုနယ်မြေ အပါအဝင် ဒေသငါးခုကို ဖိနှိပ်အားသည့် စွမ်းအင်များမှာ ကွယ်ပျောက်လာ၏။
ပုံမှန်ဆိုလျှင် ၎င်းက လူတိုင်း တုန်နေအောင် ကြောက်လန့်ရသည့် မိစ္ဆာရာသီ ရောက်ရှိလာတော့မည် လက္ခဏာပင် ဖြစ်သည်။
မိစ္ဆာရာသီ...
မိစ္ဆာရာသီမှာ လူတိုင်း၏ နှလုံးသားထဲ၌ အိပ်မက်ဆိုး အဖြစ် တည်ရှိနေသောရ ရာသီပင် ဖြစ်သေည်။ ထိုရာသီကို ရောက်တိုင်း အဆုံးမဲ့ နာကျင်မှုများ၊ ကြေကွဲမှုများနှင့် သေဆုံးမှုများကို လူတိုင်း တွေ့ကြုံ ခံစားကြရသည်။ မိစ္ဆာရာသီတိုင်း၌ အစွန်းလေးဖက် လောကနယ်မြေ၏ လူဦးရေ ထက်ဝက်ခန့်မှာ အချိန်မတိုင်မီ ကြွေလွင့်ကြလေ့ ရှိသည်။
သို့သော်လည်း ယခုတွင်တော့ မိစ္ဆာရာသီ မရှိတာ့ပြီ။ အစွန်းလေးဖက် နယ်မြေတိုင်းတွင် တော်ဝင် ကလေးငယ်များ မွေးဖွားလာခြင်းနှင့် အတူ လောကကြီး၏ ဥပဒေသများမှာလည်း ပြောင်းလဲသွားခဲ့ချေပြီ ဖြစ်သည်။
သို့သော်လည်း အပြောင်းအလဲက အကောင်းဖြစ်မည်လား အဆိုးဖြစ်မည်လား ဆိုတာကိုတော့ မည်သူမှ မသိနိုင်ကြချေ။ အချို့က နတ်ဘုရား ပူဇော် ပသပွဲများ ကျင်းပကာ အပြောင်းအလဲက ကောင်းချီး မင်္ဂလာများကို ယူဆောင်လာဖို့ ဆုတောင်းနေကြသည်။
ကံမကောင်းစွာပင် နတ်ဘုရားများမှာ သူတို့’ ဆုတောင်းများကို လုံးဝ ဂရုမစိုက်ပုံ ရသည်။ အဘယ်ကြောင့် ဆိုသော် ရာသီ စက်ဝန်း အပြောင်းအလဲက ကောင်းမွန် မလာသည့် အပြင် ယခင် မိစ္ဆာရာသီထက်ပင် ပိုမို၍ ဆိုးရွားသွားခဲ့သောကြောင့်ပင်။
ကမ္ဘာအနှံ့ နတ်ဘုရား ပူဇော်ပွဲများ ကျင်းပနေစဥ်မှာပင် မည်သူမှ မျှော်လင့် မထားသည့် အပြောင်းအလဲ တစ်ခုမှာ လောကကြီး အတွင်း စိမ့်ဝင် ကျရောက်လာခဲ့၏။ ကြောက်မက်ဖွယ် ကောင်းသည့် ပြောင်းလဲမှု... အလွန့် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းသည့် ပြောင်းလဲမှုပင်။
ဆုတ်ယုတ်မှု ရာသီ၏ စည်းမျဥ်းများဖြင့် ကန့်သတ် ချုပ်နှောင်ခြင်း ခံထားရသည့် အမတေ စွမ်းအင်များမှာ လုံးဝ ပျောက်ကွယ်သွား၏။ လောက၏ မန်နာများမှာလည်း ဤကမ္ဘာ၌ တစ်ခါမှ မရှိခဲ့ဖူးသယောင်ပင်။
လောကသခင်များမှာ လောကနယ်မြေများကိုပင် ထုတ်ဖော်နိုင်စွမ်း မရှိတော့ချေ။ အကယ်၍ အတင်းအကြပ် ကြိုးစားပါက အင်အား တစ်ခုမှာ ကုန်းမြေတိုက်ကြီးထဲမှ ထွက်ပေါ်လာကာ သူတို့၏ ခန္ဓာကိုယ်များနှင့် ပေါင်းစည်း၍ ကျင့်ကြံခြင်း အခြေခံကို ဘာမှ မကျန်တော့သည် အထိ ဖယ်ရှားပစ်လိမ့်မည် ဖြစ်သည်။
ဘေးဥပဒ်ပင်လယ်ရှိ လောကသခင် တစ်ယောက်မှာ ထိုအရာကို လက်မခံနိုင်ရာ အဆုံးစွန်ထိ တွန်းအားပေးဖို့ ကြိုးစားခဲ့သည်။ သို့သော်လည်း အဆုံးသတ် ရလဒ်ကား ပြင်းထန်စွာ ပေါက်ကွဲ၍ သေဆုံး သွားခဲ့ရခြင်းပင်။
ထို့နည်းတူစွာပင် အချိန်စွမ်းအင်ကို ဖော်ထုတ်ရန် ကြိုးပမ်းကြသည့် အချိန်သခင်များမှာလည်း ဆိုးရွားသော တန်ပြန် သက်ရောက်မှုများကို ခံစားကြရသည်။ အချို့ဆိုလျှင် ကျင့်ကြံခြင်း အဆင့် လျော့ကျသွားခြင်း အထိ ဆိုးဆိုးရွားရွား ကြုံတွေ့ကြရ၏။
မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များမှာ မြေဆွဲအား စွမ်းအင်များကိူ အသုံးပြုနိုင်ခြင်း မရှိတော့။ အလင်းစွမ်းအင်များမှာလည်း လုံးဝ ချိပ်ပိတ်ခံလိုက်ရပြီ ဖြစ်သည်။ ထို့နည်းတူစွာပင် ဟင်းလင်းပြင် အကျဥ်းထောင်၊ ဟင်းလင်းပြင် အမှတ်အသား စသည့် အာကာသ ပဲ့တင်သံ အဆင့်၏ စွမ်းအင်များမှာလည်း ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။ ဝိညာဥ်ဆင်းတုများကိုပင် ဖော်ထုတ်နိုင်စွမ်း မရှိကြတော့။
သွေးပျက်မှု၊ ထိတ်လန့်မှုနှင့် တုန်လှုပ် ချောက်ချားမှုများမှာ ကုန်းမြေတိုက်ကြီး တစ်ခုလုံးရှိ ကျင့်ကြံသူများ အကြားတွင် ပျံ့နှံ့နေ၏။ နှစ်ပေါင်း ရာနှင့်ချီ ကြာအောင် သွေးချွေးများ ရင်းနှီး၍ ကျင့်ကြံထားခဲ့သည့် စွမ်းအားများ ပျောက်ကွယ်သွားခြင်းကို မည်သူက အလွယ်တကူ လက်ခံနိုင်မည်နည်း။ သူတို့ ခံစားနေရသည့် ထိတ်လန့် တုန်လှုပ်မှု အဆင့်ကား စိတ်ကူးမယဥ်နိုင်လောက်အောင်ပင်။
ထိုနေ့ရက်များ၌ အစွန်းလေးဖက် လောကနယ်မြေတစ်ခုလုံးမှာ ပရမ်းပတာ အခြေအနေသို့ ကျရောက်နေခဲ့၏။ များစွာသော ဒေသခံများမှာ မျှော်လင့်ချက် တစ်ခု ရလိုရငြား ရည်ရွယ်ချက်ဖြင့် အတူတကွ စုပေါင်းကာ ဘုရားကျောင်းများဆီကို သွားရောက် ကြသည်။
သို့သော်လည်း တံခါးများ ပိတ်ထားသည်ကိုသာ တွေ့ရ၏။ လက်ရှိ၌ နယ်မြေကြီး ခြောက်ခုတွင် ငါးခုမှာ ဝေ့ဝူယင်၏ လက်အောက်သို့ ကျရောက်သွားခဲ့ပြီ မဟုတ်ပါလား။
နောက်ဆုံး၌ အားလုံးမှာ နောက်ဆုံးသော မျှော်လင့်ချက် ဖြစ်သည့် ဒြပ်စင်ရှစ်ခု တော်ဝင် သားတော် တည်ရှိရာ ပျက်သုဥ်းခြင်း နယ်မြေကို ခရီးထွက်၍ အဖြေကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။ မန်နာ၊ ချီနှင့် ကြယ်တာရာ အင်အားများ အလုံးစုံ ပျောက်ကွယ်နေမှုနှင့် အတူ ယောက်ျားများ၊ မိန်းမများနှင့် ကလေးငယ်များမှာ အန္တရာယ်များပြားလွန်းလှသည့် ထိုရီရှည်ကြီးကို ခြေကျင်လျှောက်ကြရလိမ့်မည် ဖြစ်သည်။
သို့သော်လည်း အသက်ထက် ပို၍ အရေးကြီးသည့် အရာ ဘာမှ မရှိလေရာ မရေမတွက်နိုင်အောင် များပြားလွန်းလှသည့် သန်းပေါင်းများစွာသော လူများမှာ အိမ်များကို စတင် စွန့်ခွာကာ ရာသီစက်ဝန်း အသစ် အတွက် ပျက်သုဥ်းခြင်း နယ်မြေဆီ စတင် ခြေဆန့်ကြလေ၏။
ရာသီစက်ဝန်း အသစ်...
သူတို့ ဘာမှ မသိသေးသည့် ရာသီစက်ဝန်း အသစ်...
နတ္ထိရာသီဟု အမည်ပေးထားသည့် ထိုရာသီစက်ဝန်း အသစ်...
...
အစစ်အမှန် ပျက်သုဥ်းခြင်း မြို့တော်၌ ပုံရိပ်နှစ်ခုမှာ စားပွဲတစ်ဖက် တစ်ချက်တွင် ထိုင်နေခဲ့ကြ၏။ ထိုစားပွဲထက်တွင်တော့ ကျားခုံတစ်ခု ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း ခါတိုင်းနှင့် မတူညီသည်က မည်သည့် ကျားစေ့မှ မရှိပဲ ဗလာနတ္ထိ ဖြစ်နေခဲ့ခြင်းပင်။
“ဒီလောကနယ်မြေမှာ ဘာတွေ ဖြစ်နေတာလဲ...”
ကြယ်တာရာ အင်အား၏ အရည်အသွေး လျော့ကျနေမှုများကို ခံစားမိလေရာ မင်ယုဖုန်းမှာ ထိတ်လန့် တုန်လှုပ်နေခဲ့၏။ သူမ ဝိညာဥ်ဆင်းတုကို ထုတ်ဖော်ရန် ကြိုးစားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း တစ်ခါမှ မအောင်မြင်ခဲ့။ ထိုကဲ့သို့ ကြိုးစားသည့် အခါတိုင်း၌ ထူးဆန်းကာ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အင်အား တစ်ခုက သူမကို လွှမ်းမိုးသွားစမြဲ ဖြစ်သည်။
လူအိုကြီးက အသားညှပ် ပေါင်မုန့်ကဲ့သို့ ထင်ရသည့် စားစရာ တစ်ခုကို ကိုက်ကာ စားနေခဲ့၏။ သို့သော်လည်း သေချာ ကြည့်မည် ဆိုပါက ထိုပေါင်မုန့်၏ ကျောထက်ထက် လိပ်ခွံနှင့် တူသည့် ထူးဆန်းသော အမှတ်အသားများ ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ပေါင်မုန့်များ အကြားရှိ အသားစမှာမူ ဖြူရွရွ အဆင်းရှိကာ ရွှေရောင် အကွက်များနှင့် ပြည့်နှက်နေ၏။ ၎င်းမှာ ကြွတ်ဆတ်ဆတ် အပြာရောင် ဆလတ်ရွက်နှင့် အလွန် လိုက်ဖက်လှကာ တစ်ကိုက် ကိုက်လိုက်တိုင်း စိတ်ကြည်နူးသဖွယ် ကောင်းသည့် အသံများပင် ထွက်ပေါ်နေ၏။
ပါးစပ်တစ်ခုလုံး ပြည့်အောင် ပလုံးပထွေးဖြင့် ဝါးနေသည့် လူအိုကြီးကို ကြည့်ရင်း မိန်းမငယ်လေး၏ အမူအရာက အနည်းငယ် နက်မှောင်သွား၏။
“ရှင်သိတယ်မလား... အဘိုးကြီး”
လူအိုကြီးက ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆို ကျွန်မကို ပြောပြ...”
သို့သော်လည်း လူအိုကြီးက အဖက်မလုပ်ပဲ လက်ထဲရှိ အသားညှပ် ပေါင်မုန့်ကိုသာ နောက်ထပ် တစ်ကိုက်ကိုသာ ကိုက်လိုက်၏။
“ရှင်...”
မင်ယုဖုန်း စားပွဲခုံကို ဆွဲလှန်ကာ ဒေါသများကို ပေါက်ကွဲပစ်ချင်နေပြီ ဖြစ်သည်။ သို့သော်လည်း လူအိုကြီးမှာ သူမ ဘေးကင်းလုံခြုံဖို့ တစ်ခုတည်း အတွက် ငှားယမ်းထားသည့် ဓမ္မ ကာကွယ်သူ တစ်ယောက်သာ ဖြစ်ကြောင်း ပြန်လည် တွေးတောရင်း စိတ်ကို ပြန်လည် ထိန်းလိုက်၏။ သူမက အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း ထိုအစားကျူးသည့် လူအိုကြီးကို လျစ်လျူလိုက်သည်။
“ဒီတစ်ကြိမ် လောကနယ်မြေရဲ့ အပြောင်းအလဲတွေက မိစ္ဆာရာသီတွေနဲ့ လုံးဝ မတူဘူး... ခန့်မှန်းကြည့်ရသလောက် ဆိုရင် အဲဒါက ကျင့်ကြံသူ တစ်ယောက်ရဲ့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းနဲ့ ဗျူဟာ အခင်းအကျင်း စွမ်းရည်ကို စစ်ဆေးဖို့ ရည်ရွယ်ထားပုံ ရတယ်... ဒါပေမဲ့ အဲဒါက ဘာလို့ ပြောင်းလဲရတာလဲ... နောက်ပြီး ဘာတွေထပ်ပြီး ပြောင်းလဲဦးမှာလဲ”
သူမက မသိနားမလည်ခြင်းများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်လေ၏။
အခြားတစ်ဖက်၌ လူအိုကြီးကတော့ အသာအယာပင် ပြုံးလိုက်လေသည်။
“သူ ရှာဖွေနိုင်မလား ဆိုတာ ငါ သိချင်မိတယ်...”
ငွေရောင် မျက်လုံးများနှင့် ချောမော ခန့်ညားသည့် လူငယ်တစ်ဦး၏ ပုံရိပ်မှာ သူ့အတွေးထဲ ဖြည်းညင်းစွာ နေရာယူလာခဲ့၏။
“သူက အစောကြီးတည်းက ကြိုသိနေတာမျိုးတောင် ဖြစ်ကောင်း ဖြစ်နိုင်တယ်”
...
မီးတောက်ကောင်းကင်ဒေသကို နေရာရွှေ့ပြောင်းပြီးနောက် ဝေ့ဝူယင်မှာ အဆင့်မြင့် မီးရည်ရွယ်ချက်ကို အာရုံခံခြင်းဖြင့် အချိန်ဖြုန်းနေခဲ့ကာ ထူးဆန်းသော အခြေအနေ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့၏။ ပူပြင်းသော ပြာမှုန်များထဲ၌ အထွတ်အထိပ် ရည်ရွယ်ချက်တစ်ခု ဖြစ်သည့် မီးတောက်ပြာမှုန် ချော်ရည်ပူ စွမ်းအားများ ကိန်းအောင် နေပေသည်။
ဝေ့ဝူယင် ထိုရည်ရွယ်ချက်ကို နားလည်ထားပြီး ဖြစ်ရာ နှိုက်နှိုက်ချွပ်ချွပ် လေ့လာဆင်ခြင် မနေတော့ချေ။ သို့သော်လည်း အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးတွင် အထွတ်အထိပ် ရည်ရွယ်ချက်များကို ဆွဲကိုင်ထားသည့် နေရာများ ရှိနိုင်ကြောင်း သူ အတွေးတစ်ခု ပေါ်လာခဲ့သည်။ ၎င်းက အချိန်နှောင်းနေသည့် ရှာဖွေ တွေ့ရှိမှု တစ်ခု ဖြစ်သည့်တိုင် သူ့အတွက် စိတ်ဝင်စားစရာ ကောင်းပေသည်။
အဆင့်မြင့် မီးရည်ရွယ်ချက်ကို အလင်းမီးတောက် ရည်ရွယ်ချက်ဟု ခေါ်သည်။ ၎င်းမှာ ဆန်းကြယ်စွာပင် အလင်းစွမ်းအင်များကို လောင်စာအဖြစ် အသုံးပြုကာ တုန့်ပြန်နိုင်စွမ်း ရှိသည်။ ၎င်းမှ ထုတ်လွှတ်သည့် မီးခိုးများမှာ အလင်းရောင်ကို ပိတ်ဆို့ တားဆီးနိုင်စွမ်း ရှိ၏။ ထို့ကြောင့်ပင် မီးတောက်ကောင်းကင် ဒေသ၏ ကောင်းကင်က အမြဲမှောင်မိုက်နေခြင်း ဖြစ်သည်။ ကောင်းကင်ရှိ မီးခိုးရောင် တိမ်တိုက်များမှာ ရိုးရိုးတိမ်များ မဟုတ်ပါချေ။ ၎င်းတို့မှာ နေ၏ အလင်းရောင်ကို လောင်စာတစ်ခုသဖွယ် စားသုံးကာ အဆက်မပြတ် လောင်ကျွမ်းနေသည့် မီးခိုးငွေများပင် ဖြစ်ပေသည်။
ဝေ့ဝူယင် တိမ်တိုက်များ၏ တစ်စိတ်တစ်ပိုင်းကို တွန်းဖယ်လိုက်သော အခါ မီးခိုးလုံးများ အထက်မှ စုပြုံ ပေါက်ကွဲလာသည့် အလင်းစွမ်းအင်များနှင့် ကြုံတွေ့လိုက်ရ၏။ တစ်ခဏအတွင်းမှာပင် သူ၏ မျက်လုံးများက ပြာဝေသွားကာ ဘာကိုမှ မြင်နိုင်စွမ်း မရှိတော့ချေ။ ကံကောင်းထောက်မစွာပင် မသေမျိုး မျက်လုံးက ချက်ချင်း တုန့်ပြန်လာကာ ထိခိုက်မှုများကို ကုစားပေးလိုက်သည်။
ကောင်းကင်ဘုံ နတ်မျက်လုံး၏ နောက်ဆုံး စွမ်းရည်မှာ မသေမျိုး မျက်လုံးပင် ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ၎င်းမှာ မျက်လုံးများ၏ အထွတ်အထိပ် အခြေအနေကို ထိန်းပေးထားနိုင်စွမ်း ရှိသည့် စွမ်းရည် တစ်မျိုးပင် ဖြစ်သည်။ ထိုစွမ်းရည်က မည်သည့် နေရာမျိုး၌ အသုံးကျမည်ကို ဝေ့ဝူယင် အမြဲတမ်း စဥ်းစားမရဖြစ်ခဲ့သော်လည်း ယခုတွင်တော့ သိရှိသွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံး၏ စွမ်းရည်လေးမျိုး ဖြစ်သည့် ကောင်းကင်ဝိညာဥ် မျက်လုံး၊ ပုံရိပ်ယောင် မျက်လုံး၊ မသေမျိုး မျက်လုံးနှင့် အမှန်တရာ မျက်လုံးတို့ အနက် မသေမျိုး နတ်မျက်လုံးမှာ သူ မထိန်းချုပ်နိုင်ပဲ အလိုအလျောက် ပြုမူသည့် တစ်ခုတည်းသော စွမ်းရည်ပင် ဖြစ်လေသသည်။
နောက်ဆုံး ရည်ရွယ်ချက်ကို ရရှိပြီးနောက်၌ သူ့တွင် အထွတ်အထိပ် ရည်ရွယ်ချက် ရှစ်ခုနှင့် အဆင့်မြင့် ရည်ရွယ်ချက် တစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။ ၎င်းက ပြည့်စုံခြင်း မရှိသည့်တိုင် ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကိုတော့ ဖွဲ့စည်း၍ ရနိုင်ပြီ ဖြစ်သည်။
သို့သော်လည်း... ထိုအခိုက်တွင်ပင် အိုရီက ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကို ဖွဲ့စည်းပြီးသည်နှင့် ပြန်ပြင်၍ မရနိုင်ကြောင်း သတိပေးလာ၏။ သူ၏ အဆိုအရဆိုလျှင် မူလဒြပ်စင် ရည်ရွယ်ချက်မှာ ညွှန်ကြားချက် လက်စွဲ တစ်ခု ဖြစ်ကာ ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်မှာ အပြီးသတ် ထုတ်ကုန်ဖြစ်သည်။ ၎င်းမှာ ဖွဲ့စည်းပြီးသည်နှင့် ထာဝရ တည်ရှိတော့မည် ဖြစ်သည်။
ဝေ့ဝူယင် ဒြပ်စင် နှလုံးသာ ရည်ရွယ်ချက်ကို ပြီးပြီးရော မတည်ဆောက်ချင်ပေ။ ငရဲ၏ ကပ်ဘေးများကို ရင်ဆိုင် ကြုံတွေ့ရမည့် လူတစ်ယောက် အနေဖြင့် အကောင်းဆုံးသော ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်ကိုသာ ဖွဲ့စည်းချင်သည်။ ကြည့်ရသည်က ထိုရည်ရွယ်ချက်ကို ဖွဲ့စည်းဖို့ အတွက် အချိန်တစ်ခု ထပ်မံ စောင့်ဆိုင်းသင့်သည့်ပုံပင်။
စိတ်ပျက်လက်ပျက်ပင် ဝေ့ဝူယင် ပျက်သုဥ်းခြင်း နယ်မြေသို့ ပြန်လည် နေရာ ကူးပြောင်းလိုက်၏။ သူ ပြန်လည် ရောက်ရှိပြီး မကြာခင်မှာပင် လောက၏ အပြောင်းအလဲများမှာ စတင်ကာ နေရာယူလာခဲ့လေတော့သည်။
ကောင်းကင်ဘုံ နတ်မျက်လုံးဖြင့် ဝေ့ဝူယင် ပထမဆုံး သတိထားမိသည့် အရာနှစ်ခုကား...
နံပတ်တစ်... မူလ အမတေများ အော်ရာများ ပျောက်ကွယ်သွားခြင်းပင်။ လူအိုကြီး ပြောသည့် စကားအတိုင်း ဆိုပါက တိုကင်များမှ မူလ အမတေကို မရရှိထားသည့် လူများမှာ သူတို့၏ မူလဒြပ်စင် ရည်ရွယ်ချက်များကို ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။
နံပတ်နှစ်... သူ၏ ဆေဘာ နှလုံးသား ရည်ရွယ်ချက်မှာ ပြင်းပြင်းထန်ထန် ထိန်းချုပ်ခံလိုက်ရခြင်းပင် ဖြစ်သည်။ သို့သော်လည်း မူလဒြပ်စင် ရည်ရွယ်ချက်ကတော့ လုံးဝ ကောင်းမွန်နေဆဲပင်။
“ဆိုတော့ကာ ဒါက ရွေးချယ်ခံတွေ အတွက် နောက်ဆုံး စမ်းသပ်မှုပေါ့”