နောက်ဆုံး စမ်းသပ်မှု
Vol. 37 Ch. 510
ဤရာသီစက်ဝန်းကို ရွေးချယ်ခံများ၏ နောက်ဆုံး စမ်းသပ်မှု အဖြစ် ဝေ့ဝူယင် သတ်မှတ်ခဲ့ခြင်းတွင် မူလဒြပ်စင် ရည်ရွယ်ချက်ကို အသုံးပြုနိုင်ကြောင်း ရှာဖွေ တွေ့ရှိခြင်းက တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်ချေ။
ထိုရည်ရွယ်ချက်ကို ကြယ်တာရာ အင်အားနှင့် ပေါင်းစပ်လိုက်သော အခိုက်၌ ဟင်းလင်းပြင် အကျဉ်းထောင်၊ ဟင်းလင်းပြင် အမှတ်အသားနှင့် ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်း ကဲ့သို့သော စွမ်းရည်များကိုပါ အသုံးပြုလာနိုင်သည်ကို တွေ့လိုက်ရသည်။ အိုရီ၏ ဝိညာဉ် ဆင်းတု ပင်လျှင် အတားအဆီး မရှိပဲ လွတ်လပ်စွာ ထုတ်ဖော် နိုင်ပေသည်။
သူ၏ ကျင့်ကြံခြင်း အဆင့်က အရမ်းကြီး မမြင့်မားသည်မှာ ကံဆိုးလှသည်။ မဟုတ်လျှင် မြေဆွဲအား စွမ်းအင်၊ လောကနယ်မြေနှင့် လောကီမျက်လုံး စွမ်းအင်များကိုပါ စမ်းသပ်နိုင်လိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်၏ မျက်နှာထက်၌ ခါးသီးသည့် အပြုံးတစ်ခု ပေါ်လာခဲ့၏။ ပထမ၌ နယ်မြေ အသီးသီးတွင် တော်ဝင် ကလေးငယ်များ ပေါ်လာခြင်းနှင့် မိစ္ဆာရာသီမှာ ပျောက်ကွယ်သွားကာ သာယာဝပြောသည့် စီးဆင်းခြင်း ရာသီများ တစ်ခေါက်ပြန်လည် ရောက်ရှိလာလိမ့်မည်ဟု သူ ထင်မှတ်ခဲ့သေးသည်။ ထို့ကြောင့်ပင် လောကသခင်နှင့် အချိန်သခင်များ သူတို့၏ စွမ်းရည်များကို အပြည့်အဝ ပြန်မရသေးခင် ကိစ္စများကို အပြတ်ဖြတ်နိုင်ဖို့ သူ ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း မျှော်လင့်ထားသည်နှင့် ခြားနားစွာပင် အစွန်းလေးဖက် လောကနယ်မြေမှာ ဒြပ်စင် တိုကင်များ အားလုံး ပိုင်ရှင် အသီးသီး၏ လက်သို့ ကျရောက်သွားပြီးသည့် နောက်တွင် တော်ဝင် ကလေးငယ်များ တစ်ယောက်နှင့် တစ်ယောက် ယှဉ်ပြိုင် တိုက်ခိုက်စေရန် အတွက် ဤရာသီကို ဖန်တီးခဲ့သည်။
ဤရာသီ၌ လောကနယ်မြေ ဒေသခံများမှာ လုံးဝ အသုံးမဝင်သလောက်ပင် ဖြစ်သည်။ အစကတည်းက သူ တွေးမိခဲ့သည့် ပြဿနာ တစ်ခု ဖြစ်သည့် တော်ဝင် ကလေးငယ်များ နောက်ခံ အင်အားဖြင့် ထင်တိုင်းကြဲခြင်းမှာ ဤထူးဆန်းသော ရာသီဥတု၏ ပိတ်ပင် တားဆီးမှုကို ခံခဲ့ရသည်။ သူတို့က ရှင်သန်ခြင်း အတွက် ကိုယ်တိုက်ကိုယ်ကျ တိုက်ခိုက်ရလိမ့်မည် ဖြစ်သာ်။
သို့သော်လည်း ကံမကောင်းစွာပင် ဝေ့ဝူယင်သည် ဒြပ်စင်တိုကင် ကိုးခု အနက် ရှစ်ခုကို စုဆောင်းကာ ကျန် ရွေးချယ်ခံလောင်းများကို ရှင်းလင်းနိုင်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့်ပင် ရွေးချယ်ခံများ အကြားမှ ရှင်းလင်းရေး တိုက်ပွဲများ ရှိတော့မည် မဟုတ်ချေ။ ဘာပဲဖြစ်ဖြစ် အစောကတည်းကပင် သတ်မှတ်ပြီး ဖြစ်လေရာ စည်းမျဉ်းများကတော့ ပြောင်းလဲလိမ့်မည် မဟုတ်ပါချေ။
ဝေ့ဝူယင် လက်ထဲရှိ ဒြပ်စင် တိုကင်ကို ထုတ်ယူ၍ သေချာ ကြည့်ရှု လိုက်ရာ မျက်နှာပြင်ထက်၌ ထူးဆန်းသော စာလုံးများ ပေါ်လာနေသည်ကို တွေ့လိုက်ရ၏။ ထိုစာလုံးများကို ဖတ်ရှုရင်း ဝေ့ဝူယင်၏ မျက်လုံးများက အံ့ဩမှုများနှင့် ပြည့်နှက် လာသည်။ တစ်ခဏကြာအောင် သူ ဒြပ်စင် တိုကင်ကို ကြောင်အစွာ ငေးကြည့် နေမိ၏။
ထို့နောက်တွင်ကား…
"ဟား… ဟား… ဟား…"
ဝေ့ဝူယင်မှာ အရယ်ရဆုံး ပြက်လုံး တစ်ခုကို ကြားလိုက်ရသည့် အလား အူလှိုက်သည်းလှိုက် ရယ်မောလိုက်တော့၏။ သူက ဝမ်းဗိုက်ကို ဆုပ်ကိုင်ရင်း မျက်ရည်များပင် ထွက်ကျလာသည်။
ဒြပ်စင်တိုကင်တွင် ဖော်ပြထားသည့် စကားလုံးများမှာ နောက်ဆုံး စမ်းသပ်မှု အတွက် စည်းမျဉ်းများပင် ဖြစ်သည်။ သို့သော်လည်း ထိုစည်းမျဉ်းများမှာ အလွန် ရိုးရှင်းလှကာ ထိုအထဲမှ ပထမဆုံး စည်းမျဉ်း နှစ်ခုမှာ သူ့ကို အူလှိုက်သည်းလှိုက် ရယ်မောစေခဲ့ခြင်း ဖြစ်သည်။
စည်းကမ်းနံပတ်တစ် အရ စိန်ခေါ်မှုကို မည်သည့် အကွာအဝေးမှ မဆို အသက်သွင်း နိုင်လိမ့်မည် ဖြစ်သည်။
စည်းကမ်း နံပတ်နှစ်… ရွေးချယ်ခံ အားလုံးမှာ ခြောက်လတိုင်း၌ အနည်းဆုံး တစ်ကြိမ်၊ နောက်ဆုံး စမ်းသပ်မှု စတင်ပြီး သုံးနာရီ အတွင်း စတင် စိန်ခေါ်ရမည် ဖြစ်သည်။ အကယ်၍ စိန်ခေါ်ရန် ပျက်ကွက်ခဲ့ပါက လွတ်ကင်းခွင့် ရလိမ့်မည် မဟုတ်ပဲ ကျပန်း ရွေးချယ်ပေးသည့် ပြိုင်ဘက်များနှင့် ရင်ဆိုင်ရပေလိမ့်မည် ဖြစ်သည်။
ဆိုလိုသည်က လင်းမင်တွင် နောက်ထပ် တစ်နှစ် ပြင်ဆင်ရန် အချိန် မရတော့ချေ။ သုံးနာရီ… သုံးနာရီ တိတိသာ ရှိပေသည်။ အကယ်၍ သုံးနာရီ အတွင်း စိန်ခေါ်ရန် ပျက်ကွက်ခဲ့ပါက သူ့အနေဖြင့် အတင်းအကြပ် ရင်ဆိုင်ရန် တွန်းအားပေး ခံရလိမ့်မည် ဖြစ်သည်။
အခြား စည်းမျဉ်များကတော့ ရိုးရှင်းလှကာ မိစ္ဆာ ကဲ့သို့ ထူးဆန်းသော သက်ရှိများထံမှ အမှတ်စုဆောင်းခြင်းလို စမ်းသပ်မှုများသာ ဖြစ်သည်။ ထိုအမှတ်များကို တိုကင် အတွင်း၌ စုဆောင်းကာ ကျင့်ကြံခြင်း အတွက် အသုံးဝင်သည့် အမျိုးမျိုးသော ပစ္စည်းများနှင့် လဲလှယ်နိုင်လိမ့်မည် ဖြစ်သည်။
"ပုံမှန်ဆိုရင် ရွေးချယ်ခံလောင်းက ကိုးယောက် အထိ ရှိရမှာ… အဲ့အတိုင်းသာဆို တိုက်ပွဲတွေက ပိုပြင်းထန်ပြီး ပိုစိတ်ဝင်စားစရာ ကောင်းမှာ သေချာတယ်…"
တွေးတောရင်း စည်းမျဉ်းများထဲတွင် ရည်ညွှန်းထားသည့် ရွေးချယ်ခံလောင်းများ ဆိုသည့် အသုံးအနှုန်းမှာ တိုကင် ကိုင်ဆောင်သူများကို မဆိုလိုကြောင်း ဝေ့ဝူယင် သဘောပေါက်လိုက်သည်။ အဘယ်ကြောင့် ဆိုသော် တိုကင် ပိုင်ရှင်များ ဆိုသည့် အသုံးအနှုန်းကိုလည်း အခြား တစ်နေရာ၌ သုံးထားသောကြောင့်ပင်။
တစ်ခဏမျှ တွေးတောပြီးနောက် ဝေ့ဝူယင် နားလည်သွား၏။ ရွေးချယ်ခံလောင်းများမှာ သူနှင့် လင်းမင်တို့ ကဲ့သို့ မူလ ဒြပ်စင် ရည်ရွယ်ချက်ကို မူလဘူတ ပိုင်ဆိုင်ထားသည့် လူများကိုသာ ရည်ညွှန်းခြင်း ဖြစ်ပေလိမ့်မည်။ ကြည့်ရသည်က ဤစမ်းသပ်မှုမှာ သူ မူလ ယူဆထားသည်ထက် အနည်းငယ် ပို၍ ရှုပ်ထွေးနေသည့်ပုံပင်။
ဘာပဲဖြစ်ဖြစ် အရေးမကြီးပါချေ။ သူ့ထံတွင် ဒြပ်စင် တိုကင် ကိုးခုအနက် ရှစ်ခု အထိ ရှိနေခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး စမ်းသပ်မှုမှာ ထင်မှတ်ထားသည်ထက် ပိုမို မြန်ဆန်စွာ ပြီးဆုံး သွားလိမ့်မည် ဖြစ်သည်။
စမ်းသပ်မှု၏ နောက်ဆုံး စည်းမျဉ်းများကို ရှာဖွေတွေ့ရှိခဲ့သည်က ဝေ့ဝူယင် တစ်ယောက်တည်း မဟုတ်ပါချေ။
…
ကောင်းကင်လေပြည်မြို့တော်၊ ဟင်းလင်းပြင် သင်္ဘောကြီး တစ်ခုထဲ၌…
ထန်ရှင်းယွင်မှာ သုန်မှုန်သော အမူအရာဖြင့် တိုကင်ပေါ်ရှိ စည်းမျဉ်းများကို ဖတ်နေခဲ့၏။ ၎င်းမှာ ရှင်သန်မှုနှင့် စစ်ပွဲကို ကိုယ်စားပြုသည့် စမ်းသပ်ပွဲ တစ်ခု ဖြစ်ကာ ရွေးချယ်ခံများ၏ ယှဉ်ပြိုင်မှုနှင့် ကြီးထွားမှု အရှိန်အဟုန်ကို မြှင့်တင်ဖို့ ရည်ရွယ်ပုံ ရသည်။ သို့သော်လည်း ပြဿနာ တစ်ခု ရှိနေချေသည်။
သူမတွင် မူလ ဒြပ်စင် ရည်ရွယ်ချက် မရှိချေ။ ဒြပ်စင် ကိုးခု၏ ရည်ရွယ်ချက်များကိုပင် အကုန်အစင် သူမ နားလည်ခြင်း မရှိချေ။
သို့သော်လည်း… သူမက အလွန် ပါရမီ မြင့်မားသည့် မီးအထူးပြု ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့်ပင် တော်ဝင် ကလေးငယ် တစ်ယောက် ဖြစ်ရန် အဓိက လိုအပ်ချက် ဖြစ်သည့် အကြွင်းမဲ့ မီးတောက် ရည်ရွယ်ချက်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် နားလည်ထားပြီး ဖြစ်သည်။
အသွင်ပြောင်းလဲခြင်းရေ ရည်ရွယ်ချက်ကို နားလည်ထားသည့် ဟယ်ယန်းလဲ့မှာလည်း သူမကဲ့သို့ အတူတူပင်။
အကယ်၍ ဒြပ်စင် တိုကင်ထဲရှိ မူလ အမတေကို သူမ အသုံးပြုခဲ့လျှင်ပင် ဘာမှ ဖြစ်လာလိမ့်မည် မဟုတ်ပါချေ။ အမျိုးမျိုးသော ဒြပ်စင် ရည်ရွယ်ချက်များကို သုံးနာရီ အတွင်း သူမ နားလည်နိုင်လိမ့်မည် မဟုတ်ချေ။ ၎င်းတို့ကို ပေါင်းစပ်ဖို့ ဆိုလျှင် သာ၍ပင် ဝေးသေးသည်။
ထို့အပြင် လက်ရှိ၌ သူမ၏ ကျင့်ကြံခြင်း အခြေခံ အားလုံးမှာ တားမြစ်ခြင်း ခံထားရသေးသည်။ ထန်ရှင်းယွင်မှာ လမ်းပျောက်နေကာ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေခဲ့တော့၏။
"သေမျိုးတွေရဲ့ အစီအစဉ်တွေက နတ်ဘုရားတွေ အတွက် ရယ်စရာ တစ်ခု ဖြစ်နေတာလား"
ဝေ့ဝူယင်ကို နောက်ပြန်ဆုတ်စေခဲ့သည့် အသံမှာ ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ထွက်ပေါ် လာခဲ့၏။ မခံချင်စိတ်နှင့် လှောင်ပြောင်လိုသည့် အရိပ်အငွေ့တို့မှာ ထိုအသံထဲတွင် စိမ့်ဝင်နေသည်။ သူမကဲ့သို့ သေမျိုး အကန့်အသတ်ကို ကျော်လွန်နေသည့် ပညာရှင် တစ်ယောက် ပင်လျှင် နောက်ဆုံး စမ်းသပ်ပွဲ၏ အသေးစိတ် စည်းမျဉ်းများကို မသိခဲ့ပဲ ပါဝင် ပတ်သတ်ရန် ကြိုးစားမိခဲ့သည်။
သို့သော်… လက်တွေ့၌ ဘာအကျိုးထူးခဲ့သနည်း။ လင်းမင်အား ကူညီရန် သူမ၏ ကြိုးပမ်းအားထုတ်မှုများ ပင်လျှင် အတော်လေး ရယ်စရာ ကောင်းသည်ဟု သူမ ခံစားရသည်။ ၎င်းက အရူး တစ်ယောက် သဖွယ် ဆက်ဆံ ခံလိုက်ရခြင်းမျိုးပင်။
ပုံမှန်အတိုင်း ဆိုလျှင် နောက်ဆုံး စမ်းသပ်မှုမှာ ပါဝင်သူများ အကြား ပြိုင်ဆိုင်မှုကို တဖြည်းဖြည်း အရှိန်အဟုန်မြှင့်ကာ အမြင့်မားဆုံးသော စွမ်းရည်များကို ထုတ်ဖော်ပြသဖို့ ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း ယခုတွင်တော့ ထိုကဲ့သို့ ဘယ်တော့မှ ဖြစ်လာလိမ့်မည် မဟုတ်ပါချေ။
ဒြပ်စင် တိုကင်ကို ကိုင်ဆောင်ထားသူ ဟူ၍ ဝေ့ဝူယင်နှင့် ထန်ရှင်းယွင်တို့ နှစ်ဦးတည်းသာ ရှိကာ ရွေးချယ်ခံ ဖြစ်ရန် အရည်အချင်းများကို ပိုင်ဆိုင်သူ ဟူ၍လည်း လင်းမင်နှင့် ဝေ့ဝူယင်တို့ နှစ်ဦးတည်းသာ ရှိပေသည်။ နောက်ပြီး ထန်ရှင်းယွင်မှာ မူလ ဒြပ်စင် ရည်ရွယ်ချက်ကို ပိုင်ဆိုင်ထားခြင်း မရှိလေရာ စွမ်းအင် အကုန်လုံး ဖိနှိပ်ခံထားရပေသည်။
လင်းမင်၏ အခြေအနေကတော့ ပို၍ပင် ဆိုးရွားသေးသည်။ ဝိညာဥ် အစီအရင်မှာ သူ၏ ကျင့်ကြံခြင်းနှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ အရေးအကြီးဆုံး အစိတ်အပိုင်းတိုင်းကို ချိပ်ပိတ်ထားကာ တစ်ခါ ဖယ်ရှားလိုက်တိုင်း ပြင်းထန်သည့် တန်ပြန် သက်ရောက်မှုများကို ခံစားနေရသည်။
ထန်ရှင်းယွင်မှာ ထိုအသံကို ကြားလိုက်ရရာ လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်၏။ သူမ၏ နှလုံးသားရှိ ဒေါသလှိုင်းများကား ပေါက်ကွဲလု မတတ် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
“ဘာကြောင့်လဲ... ဘာကြောင့် ဒီလောက် မမျှတရတာလဲ...”
သူမက ခြေဖနှောင့်ကို ပေါက်လိုက်ရာ ဟင်းလင်းပြင် သင်္ဘောတစ်ခုလုံးမှာ တုန်ရီသွား၏။ ကံကောင်းထောက်မစွာပင် စွမ်းအင်များ ကန့်သတ်ခံထားရသောကြောင့် သင်္ဘောမှာ ပေါက်ကွဲ မသွားခြင်း ဖြစ်ပေသည်။
သူမ လင်းမင် အပေါ် မျှော်လင့်ချက် ကြီးကြီး ထားခဲ့သည်။ သူ အခက်အခဲများကို ဖြတ်ကျော်ကာ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာဖို့ သူမ ကြိုးစားခဲ့သည်။ လင်းမင်က အလွန် ပါရမီ မြင့်မားသည်။ အလုပ် အလုပ်ကြိုးစားသည်။ သို့သော်လည်း ယခုတွင်တော့ သူက ယုတ်မာပက်စက်သည့် နည်းလမ်း တစ်ခုကြောင့် ရှုံးနိမ့်ရတော့မည် ဖြစ်သည်။ ထိုလူယုတ်မာမှာ အဘယ်ကြောင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ ဖြစ်လာနိုင်မည်နည်း။ သူတို့က မျက်လုံးများ ကန်းနေကြသလော။
“သူက မထိုက်တန်ဘူး...”
ထန်ရှင်းယွင်မှာ စိတ်ကို မထိန်းချုပ်နိုင်တော့ရာ အသံကုန် အော်ဟစ် လိုက်မိတော့၏။ သူမ၏ ရေခဲ မျက်လုံးများကား ပြင်းပြသော ဒေါသမီးတောက်များဖြင့် ပြည့်လျှံနေပေသည်။
“ ... “
အရိပ်များထဲမှ အသံရှင်က မတုန့်ပြန်ပါချေ။ ထန်ရှင်းယွင်မှာ နာကျည်းစွာဖြင့် အော်ဟစ် ရယ်မောလိုက်မိ၏။ သူမ၏ ရယ်မောသံက ခါးသက်မှုများဖြင့် ပြည့်နှက်နေပေသည်။
“ငါ ဒီလို အဖြစ် မခံနိုင်ဘူး... တကယ်လို့ အစစ်အမှန် ဒြပ်စင်ဂိုဏ်းက သူ့ကို ရွေးချယ်ခံ အနေနဲ့ လက်ခံလိုက်ရင် ငါ့မှာ ရှိသမျှ အရာအားလုံးနဲ့ ရင်းပြီး အဲဒါကို ဖျက်ဆီးပစ်မယ်... ထန်ယင်ဝူကို သုံးရရင်တောင်မှ...”
မိန်းကလေး၏ အသံက တုန်ခါနေကာ ပြင်းထန်သော အမုန်းတရားများဖြင့် ပြည့်နှက်နေ၏။
“သူက ထိုက်တန်တယ်လို့ နင်ထင်လား...”
ရုတ်တရက် အသံပိုင်ရှင်က တိုးတိတ်စွာ မေးလိုက်၏။
“ကျွန်မ အတွက်တော့ လုံးဝ သေချာတယ်... အရှင် ဝိညာဥ် လမ်းလျှောက်သူ”
အခြား အသံတစ်ခုမှာ ခန်းမအတွင်း ဝင်ရောက်လာ၏။ သူမကား ပိုင်ယုရှီပင် ဖြစ်လေသည်။ ထိုအခိုက်၌ သူမ၏ မျက်လုံးများက အနည်းငယ် မှေးမှိန်ကာ ပြင်းပြသော ခံစားချက်များနှင့် ပြည့်နှက်နေသည်။ နောက်ဆုံး စမ်းသပ်ပွဲ၏ စည်းမျဥ်းများ အကြောင်းကို သိရှိပြီးနောက်၌ သူမ ရင်တစ်ခုလုံး တင်းကြပ်သလို ခံစားနေရ၏။ အဘယ်ကြောင့်မှန်း မသိသော်လည်း ဝေ့ဝူယင်ကို အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ရွေးချယ်ခံ တစ်ယောက် သူမ မဖြစ်စေချင်ပေ။ ထိုနေရာက လင်းမင် အတွက်သာ ဖြစ်သင့်ပေသည်။
ထန်ရှင်းယွင်က ပိုင်ယုရှီဘက်သို့ လှည့်လိုက်၏။ ထိုမိန်းကလေး၏ ရုတ်ချည်း ပေါ်ထွက်လာမှုကို သူမ အနည်းငယ် အံ့အားသင့်သွားမိသည်။
“ရှင်က အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ တမန်တော်လား...”
ပိုင်ယုရှီ၏ ကျင့်ကြံခြင်း အခြေခံက လောကနယ်မြေများ၏ လွှမ်းမိုးမှုကို ခံမထားရသည်ကို သတိထားမိရ သူမက မေးလိုက်၏။ ရှင်းလင်းစွာပင် သူမ ဤနေရာသို့ ရောက်ရှိလာရခြင်းမှာ အခြေအနေကို လေ့လာဖို့ သက်သက် ဖြစ်သည်။ ပြောရလျှင် သူမက လက်ထောက် ပြိုင်ပွဲ ကြီးကြပ်သူ တစ်ယောက်လိုပင်။
ပိုင်ယုရှီက ခေါင်းညိတ်လိုက်၏။
“ငါ စောစောက နင်ပြောတာကို သဘောတူတယ်... ဒီတော့ ငါတို့ ဘာလုပ်နိုင်မလဲ ဆိုတာ ဆွေးနွေးကြတာပေါ့”
အစောကြီးကတည်းကပင် လင်းမင် အတွက် သူမ ကြေးကြီးကြီး ပေးခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်လေရာ နောက်ပြန်ဆုတ်စရာ အကြောင်း မရှိတော့ချေ။
ထိုမိန်းကလေး နှစ်ယော်ကမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း မျက်လုံးများ တလက်လက် တောက်ပလာခဲ့လေတော့၏။
...
နောက်ဆုံး စမ်းသပ်မှု၏ စည်းမျဥ်းများ အကြောင်းကို စဥ်းစားနေစဥ်မှာပင် ရုတ်တရက် ဝေ့ဝူယင် တစ်ခါမှ မခံစားဖူးခဲ့သည့် ထူးဆန်းသော ခံစားချက် တစ်မျိုးကို ခံစားလိုက်ရ၏။
“ကောင်းကင်တာအိုလား...”
သူ ခပ်တိုးတိုး ရေရွတ်ရင်း ကောင်းကင်ကို မော့ကြည့်လိုက်မိ၏။ ၎င်းက လောကီ ပြန်လည် မွေးဖွားခြင်း ဖြစ်ပေါ်စဥ် အချိန်ကနှင့် ဖြစ်ရပ်ခြင်း တူညီသယောင် ရှိသော်လည်း အနည်းငယ် ကွဲပြားပေသည်။ ၎င်းက ပိုမို တက်ကြွသည်။ ပိုမို အလှမ်းကွာဝေးသည်။
ထိုအခိုက်အတန့်တွင် အလွန် များပြားလွန်းလှသော ကမ္မတန်ဖိုးများ အသုံးပြု ခံလိုက်ရသလို သူ ခံစားရသည်။ အပြစ်သားတို့၏ သွေးမျိုးဆက်မှ တစ်ဆင့် ရှင်းလင်းစွာပင် သူ ထိုအရာကို အာရုံခံနိုင်ပေသည်။
သို့သော်လည်း ၎င်းက သူ့ ကမ္မတန်ဖိုးများတော့ မဟုတ်ချေ။
***