← Chapters

ကယ်ပေါက်

Vol. 37 Ch. 513

ကယ်ပေါက်

Vol. 37 Ch. 513

“နင် အဲဒီ မိစ္ဆာနည်းလမ်းကို သုံးချင်တာ သေချာလား... အခြား တစ်ယောက်ရဲ့ ကျင့်ကြံခြင်းကို ကူညီဖို့ ကိုယ့်ကိုယ်ကို ထိခိုက်တဲ့ လမ်းစဥ်ကို လျှောက်မယ်‌ပေါ့...”

အမှောင်ရိပ်ထဲမှ အံ့အားသင့်နေသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

ထန်ရှင်းယွင်မှာ အခြေခံ ဝါးမျိုခြင်းက မည်သည့် အရာ ဖြစ်သည်ကို မသိချေ။ သို့သော်လည်း နာမည် အရဆိုပါက ၎င်းက မိစ္ဆာ ကျင့်ကြံသူများ အသုံးပြုသည့် နည်လမ်းတစ်ခု ဖြစ်ပုံ ရသည်။ မိစ္ဆာ ကျင့်ကြံသူ ဆိုသည့် အသုံးအနှုန်းမှာ အခြားလူများ၏ အသက်အင်အားများ၊ အမတေ စွမ်းအင်များနှင့် ကျင့်ကြံခြင်း အခြေခံများကို ထူးဆန်းသော ကျင့်စဥ်များ၊ အစီအရင်များဖြင့် သူတို့ ကိုယ်ပိုင်ပြု၍ ကျင့်ကြံကြသူများကို ဆိုလိုသည်။

ပိုင်ယုရှီ၏ အသံက တွေဝေခြင်းများ ကင်းမဲ့နေ၏။

“အမှန်ပါပဲ...”

လက်ရှိ အခြေအနေများ အရဆိုလျှင် ဝေ့ဝူယင်မှာ ရွေးချယ်ခံ တစ်ယောက် ဖြစ်ရန် အလွန် နီးကပ်နေချေပြီ ဖြစ်သည်။ သို့သော်လည်း သူမ ဂရုမစိုက်ချေ။

လင်းမင်က ထိုနည်းလမ်းကို ရွေးချယ်ခဲ့ခြင်း မဟုတ်ချေ။ သူမ ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ဝေ့ဝူယင်မှာ ယုတ်မာ အောက်တန်းကျသော နည်းလမ်းများကို အသုံးပြုကာ အမှားကြီး တစ်ခု ကျူးလွန်ခဲ့သည်။ သူက ရွေးချယ်ခံ တစ်ယောက် ဖြစ်ဖို့ မထိုက်တန်ချေ။ ထိုလူယုတ်မာကို တူညီသော နည်းလမ်းကို သုံး၍ တန်ပြန်ခြင်းက အဓိပ္ပာယ် ရှိပေသည်။

ဝိညာဥ်လမ်းလျှောက်သူက အမှောင်ရိပ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်၏။

“နင့် အနေနဲ့ သူ့ကို လောကနယ်မြေတစ်ခု ဖွဲ့စည်းဖို့ ကူညီချင်တယ် ဆိုရင်တောင် လုပ်လို့ ရမှာ မဟုတ်ဘူး... အာကာသ ပဲ့တင်သံ အဆင့် ယောက်ျား ကျင့်ကြံသူ တစ်ယောက် အတွက် အဲဒီလို လုပ်ဖို့ ဆိုရင် ကျင့်ကြံသူ သုံးယောက် လိုအပ်တယ်... အလင်းပြန်ခြင်း အဆင့် တစ်ယောက်၊ မြေဆွဲအား လွတ်‌မြောက်ခြင်း အဆင့် တစ်ယောက်နဲ့ လောကသခင် အဆင့် တစ်ယောက်တို့ပဲ... နောက်ပြီး သူတို့ အားလုံး လုံးဝ မထိမတွေ့ရသေးတဲ့ သန့်စင်တဲ့ အပျိုစင်တွေ ဖြစ်ရမယ်”

“ ... “

ပိုင်ယုရှီမှာ တိတ်ဆိတ်သွားကာ ထန်ရှင်းယွင်ကို တစ်ချက် လှမ်းကြည့်လိုက်၏။

“ဘာလဲ...”

ပိုင်ယုရှီ၏ အကြည့်ကြောင့် ထန်ရှင်းယွင်မှာ အနည်းငယ် စိတ်ရှုပ်သွားသည်။

“အဲဒီ နည်းလမ်းက ဘာလဲ ဆိုတာတောင် သိရသေးတာ မဟုတ်ဘူး... နောက်ပြီး အဲဒါက လင်းမင်ကို ဘယ်လို ကူညီပေးနိုင်မှာလဲ... သုံးနာရီ အတွင်း သူက လောကသခင် အဆင့်ကို ရောက်သွားမှာလား...”

ထိုအခိုက်၌ ထန်ရှင်းယွင်မှာ လင်းမင်ကို ကူညီချင်သည့်တိုင် အနည်းငယ် တွန့်ဆုတ်နေမိ၏။ ပိုင်ယုရှီမှာ သူမထံမှ ကျင့်ကြံခြင်း အခြေခံ ကဲ့သို့ အလွန် အရေးကြီးသည့် တစ်စုံတစ်ရာကို လိုချင်နေကြောင်း သူမ သဘောပေါက်ပေသည်။  သူမ အနေဖြင့် မည်ကဲ့သို့ စိတ်မရှုပ်ပဲ နေနိုင်မည်နည်း။

“သုံးနာရီ အတွင်း ရောက်သွားမှာတော့ မဟုတ်ဘူး... ဒါပေမဲ့ စည်းမျဥ်းတွေ အရဆိုရင် စမ်းသပ်ပွဲကို အနိုင်ရဖို့ အဓိက လိုအပ်တာက လောကနယ်မြေကို ဖွဲ့စည်းဖို့ပဲ...”

ပိုင်ယုရှီ၏ ရည်ရွယ်ချက်ကို နားလည်သည့် အလား ဝိညာဥ် လမ်းလျှောက်သူ၏ အသံက နောက်တစ်ကြိမ် ပျံ့လွင့်လာ၏။

သူမ စောစောက ‌ရေရွတ်ပြခဲ့သည့် လျှို့ဝှက် စည်းမျဥ်း ထဲတွင် လောကနယ်မြေကို ဖွဲ့စည်းနိုင်ခဲ့လျှင် ဆိုသည့် စကားလုံးသာ ပါသည်။ လောကသခင် အဆင့်ကို ‌ရောက်ကို ရောက်ရမည်ဟု ဖော်ပြမထားချေ။ ထိုအရာက ကယ်ပေါက်ဖြစ်သည်။

ပိုင်ယုရှီက ခေါင်းညိတ်လိုက်၏။

“အမှန်ပါပဲ...အဲဒီ အသုံးအနှုန်းကြောင့်ပဲ အခြေခံ ဝါးမျိုခြင်း နည်းလမ်းကို အသုံးပြုဖို့ ကျွန်မ စဥ်းစားမိတာ... ကျွန်မတို့ အနေနဲ့ အဲဒီ နည်းလမ်းကို သုံးပြီး လင်းမင် အတွက် အတုအယောင် လောကနယ်မြေ တစ်ခု ယာယီ တည်ဆောက်ပေးလို့ ရတယ်... သူက အဲဒီ အခွင့်အရေးကို အပြည့်အဝ သုံးပြီး ရွေးချယ်ခံ နေရာကို ရအောင် ယူနိုင်လိမ့်မယ်”

“...”

“ဒါဆိုရင် အဲဒီ မိစ္ဆာ နည်းလမ်းကို သုံးတဲ့ ကျင့်ကြံသူတွေကရော ဘာဖြစ်သွားမှာလဲ...”

တစ်ခဏမျှ ငြိမ်သက်စွာ တွေးတောပြီးနောက် ထန်ရှင်းယွင်က မေးလိုက်၏။ မိစ္ဆာ နည်းလမ်းတစ်ခု အတွက် အသက်၊ ပါရမီနှင့် ကျင့်ကြံခြင်း အခြေခံတို့ကို သူမ မဆုံးရှုံးချင်ပေ။ သူမတွင် အိပ်မက်များ၊ ရည်မှန်းချက်များနှင့် ကိုယ်ပိုင် ဘဝ တစ်ခု ရှိပေသည်။

အကယ်၍ ထိုအရာများကို ဆုံးရှုံးသွားပါက သူမ၏ အဆင့်အတန်းမှာ မျိုးနွယ် အတွင်း အနိမ့်ဆုံး အထိ ကျဆင်းသွားကာ များစွာသော အခွင့်အရေးများကို ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။ လျှို့ဝှက်အာဏာရှင် အဆင့်ကို သူမ ဘယ်တော့မှ ရောက်နိုင်တော့မည် မဟုတ်ပါချေ။ ထန်ရှင်းယွင်မှာ သူမ၏ ဘဝကို ထိုကဲ့သို့ မဖြစ်မခံနိုင်ချေ။

ပိုင်ယုရှီမှာ အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်၏။

“ငါတို့အားလုံးရဲ့ ကျင့်ကြံခြင်း အဆင့်က တစ်ဆင့် နိမ့်ကျသွားလိမ့်မယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... အချိန်တစ်ခု ယူပြီး ပြန်ကျင့်ကြံမယ် ဆိုရင် ငါတို့ရဲ့ ခန္ဓာကိုယ် ပါရမီတွေ၊ မူလယင်နဲ့ ကျင့်ကြံခြင်း အခြေခံကိုပါ ပြန်ပြီး ရနိုင်မှာပါ”

“အဲဒီလောက် ရိုးရှင်းတာလား...”

ထန်ရှင်းယွင်မှာ မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့၏။

“အဲဒီလောက်တော့ ဘယ်ရိုးရှင်းမလဲ... နည်းလမ်းကို အသက်သွင်းဖို့ အတွက် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ကို လိုအပ်တယ်... နောက်ပြီး စောစောက  အရှင် ဝိညာဥ်လမ်းလျှောက်သူ ပြောထားတဲ့ အတိုင်း မူလယင် မပျက်စီးသေးတဲ့ မိန်းကလေး ကျင့်ကြံသူ သုံးယောက် လိုအပ်တယ်...နောက်ပြီး သူတို့ အားလုံးက အဲဒီလို လုပ်ဖို့ လိုလိုလားလားနဲ့ ဆန္ဒရှိရမယ်”

ပိုင်ယုရှီက ရှင်းပြလိုက်၏။

“သူတို့ရဲ့ ဝိညာဥ်တွေ ထိခိုက်သွားမယ် ဆိုတာလည်း ထည့်ပြောဦး...”

ဝိညာဥ်လမ်းလျှောက်သူက လှောင်ပြောင်သည့် လေသံဖြင့် ထပ်ပေါင်း ပြောလိုက်၏။  ပိုင်ယုရှီမှာ ရှင်းလင်းစွာပင် အချက်အလက် အချို့ကို ထိန်ချန်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ထို့အပြင် သူမက “ခန္ဓာကိုယ် ပါရမီ” ဟူသော အသုံးအနှုန်းကိုသာ သုံးကာ “အနာဂတ် အလားအလာ” ကို ချန်ရစ်ခဲ့သည်။

“ဝိညာဥ်တွေ ထိခိုက်မှာလား...”

ထန်ရှင်းယွင်မှာ ထခုန်လိုက်မိ၏။ ဝိညာဥ်မှာ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းရန် အတွက် အလွန်အမင်း အရေးကြီးပေသည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ကာ မျက်လုံးများထဲ၌ မလိုလားသည့် အရိပ်အယောင် အချို့ ပေါ်လာခဲ့သည်။

ပိုင်ယုရှီက တုန်လှုပ်ဟန် မပြပဲ အသာအယာပင် ပြုံးလိုက်သည်။

“နောက်ဆုံး ကျန်နေတဲ့ ဒြပ်စင် ရတနာသိုက်ကို လင်းမင် ရပြီးရင် ငါတို့ရဲ့ ဒဏ်ရာတွေ အားလုံးကို လွယ်လွယ်ကူကူ ကုစားနိုင်မှာပါ... အဲဒီကနေ အကျိုးအမြတ်တောင် ရနိုင်သေးတယ်”

“ဘယ်လိုမျိုးလဲ...”

ထန်ရှင်းယွင်က မေးလိုက်၏။

“ဒြပ်စင် ရတနာသိုက်ထဲမှာ ထာဝရ ဧကရာဇ် ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်တွေ ရှိတယ်... အဲဒီထဲမှာ ဝိညာဥ်အလင်းပွင့်ခြင်း ဆေးရည် ငါးပုလင်းလည်း ပါတယ်... အဲဒါနဲ့ဆို ငါတို့ ဆုံးရှုံးတာထက် ပိုပြီး ပြန်ရမှာ သေချာတယ်... ငါ့ကို မယုံရင် အရှင် ဝိညာဥ် လမ်းလျှောက်သူကို မေးကြည့်လို့ရတယ်”

ပိုင်ယုရှီက ဝိညာဥ် လမ်းလျှောက်သူ သဘောတူမှာကို ယုံကြည်ချက် ရှိသည့် အလား ပြုံးလိုက်၏။ ဝိညာဥ် လမ်းလျှောက်သူက ငြင်းဆိုခြင်း မပြုချေ။

“နင်က ဆေးရည်ပုလင်း ငါးပုလင်း ရှိတယ် ဆိုတော့လည်း ရှိတယ်ပေါ့... ကောင်လေးကလည်း နင်တို့ကို ပေးမှာ သေချာပါတယ်... ဒါပေမဲ့ နင်တို့ ငါ့အကူအညီ လိုချင်ရင် တန်ကြေးကတော့ သေးမှာ မဟုတ်ဘူးနော်”

သူတို့ သုံးယောက်မှာ ဆက်လက် ဆွေးနွေးကြကာ မကြာခင်မှာပင် နောက်ဆုံး သဘောတူညီချက်ကို ချမှတ် သွားကြနိုင်ကြ၏။ အလဲအလှယ် အနေဖြင့် လင်းမင်တို့ ဘက်မှ ဒြပ်စင် ရတနာသိုက်၏ ရှစ်ဆယ် ရာခိုင်နှုန်းနှင့် ထန်မျိုးနွယ်၏ လျှို့ဝှက်ဆန်းကြယ် အဆင့် ရတနာ တစ်ခုကို ပေးအပ်ရမည် ဖြစ်သည်။ ဝိညာဥ် လမ်းလျှောက်သူ ဘက်မှလည်း အစီအရင် ပြီးဆုံးသည် အထိ တာဝန်ယူပေးရမည် ဖြစ်သည်။

ပိုင်ယုရှီမှာ ကြယ်တာရာ အမြုတေ အဆင့်ခုနစ် လောကသခင် အဆင့် တစ်ယောက် ဖြစ်သည်။ သူမက အစီအရင် အတွက် အသုံးပြုမည့် အပျိုစင် မိန်းကလေး သုံးယောက်ထဲမှ တစ်ယောက် တာဝန်ယူမည် ဖြစ်သည်။ ထန်ရှင်ယွင်ကလည်း ဝိညာဥ်အလင်းပွင့်ခြင်း ဆေးရည် သုံးပုလင်း အပါအဝင် ဒြပ်စင် ရတနာသိုက်၏ ဆယ်ရာခိုင်နှုန်းဖြင့် ပါဝင်ပေးရန် သဘောတူသည်။ ဝေစုတစ်ပုံက သူမ အတွက် ဖြစ်ကာ အခြား တစ်ပုံမှာ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ‌လောလောလတ်လတ် တက်ရောက်ထားသည့် သူမ၏ တမန်တော် မိန်းကလေး အတွက် ဖြစ်သည်။

ပိုင်ယုရှီမှာမူ ဘာကိုမှ တောင်းဆိုခြင်း မပြုချေ။ သူမက လင်းမင် ထိုနေရာနှင့် ထိုက်တန်သည် ဟု ယူဆသည့် အတွက် ပေးဆပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

စီနီယာ အမလင်းမှာ ထိုလူငယ်လေး အပေါ် မျှော်လင့်ချက်များစွာ ထားကြောင်း သူမ သိသည်။ နောက်ပြီး သူမ ကိုယ်တိုင်ကလည်း လင်းမင်၏ စိတ်ထားနှင့် ခံယူချက်တို့ကို သဘောကျသည်။ ထို့အပြင် တော်ဝင် စိန်ခေါ်ပွဲတွင်လည်း လင်းမင်မှာ သူမ အတွက် အညံ့ခံခဲ့ခြင်း ဖြစ်သည်။  ၎င်းက ပုံရိပ်ယောင် ကမ္ဘာတွင်သာ ဖြစ်သည့်တိုင် ဘာပဲဖြစ်ဖြစ် သူမ၏ နှလုံးသားကို နွေးထွေးစေသည်။ သူမ အတွက် ဘာမဆို လုပ်ပေးနိုင်သည့် ‌ယောက်ျား တစ်ယောက်ကို တတ်နိုင်သမျှ ပြန်လည် ပေးဆပ်လိုသည်က သူမ၏ ဖြူစင်သော ဆန္ဒ ဖြစ်ပေသည်။

လောကတွင် ကြောက်စရာ အကောင်းဆုံးက မိစ္ဆာများ မဟုတ်သလို နတ်ဆိုးများလည်း မဟုတ်ချေ။ ချစ်ခြင်းမေတ္တာ ကွန်ယက်အတွင်း ကျဆင်းကာ သူချစ်သော အမျိုးသားလေး အတွက် ဘာကိုမဆို လုပ်ပေးရန် အဆင်သင့် ရှိနေသော မိန်းမများပင်။

***

All Chapters