Chapters

ပြောင်းလဲခြင်း

Vol. 1 Ch. 1

ပြောင်းလဲခြင်း

Vol. 1 Ch. 1

သွေးစွန်းမြေ

အခန်း ၁

ပြောင်းလဲခြင်း

AD 2890

ရာစုနှစ်များစွာကုန်လွန်ပြီးတဲ့နောက် နေအဖွဲ့အစည်းအတွင်း ကမ္ဘာနှင့်အလားတူ လူသားများ နေထိုင်နိုင်သော ဂြိုလ် ၇ လုံးကို စတင်တွေ့ရှိခဲ့ကြသည်။

ခေတ်မှီနည်းပညာများတိုးတက်လာမှုကြောင့်၊

ဂြိုလ်များ နှင့် စကြဝဠာ အတွင်း ပျံသန်းသွားလာနိုင်သောယဥ်ပျံများပေါ်ထွန်းလာပြီး လူသားများသည်

အပြိုင်ဂြိုလ်များကြားတွင်အမျိုးမျိုးပြိုင်ဆိုင်မှုများဖြစ်လာကြ​လေသည်။လွန်ခဲ့သော ၂၀၂၀ ခုနှစ်အတွင်းခေတ်စားခဲ့သည် ကင်ဆာ ကိုဗစ် လိုမျိုးရောဂါများမှာလူသားများကို ဒုက္ခ မပေးနိုင်တော့ပေ။ကင်ဆာရောဂါများကို ဆေး၃ ရက်ထိုးရုံဖြင့် ပျောက်ကင်းသွားကြလေပြီ။ကူးစက်ရောဂါများ မှာလည်း ယခင်

ပါရာစီတမော သောက်သုံး သလိုအလွယ်တကူ

ကင်းပျောက်သွားကြလေသည်၊ယခုခေတ်တွင်ဒဏ်ရာအများစုမှာ တိုက်ပွဲများကြောင့်ဖြစ်လေသည်။ကမ္ဘာကြီးတစ်ခုလုံး လုံး၀ပြောင်းလဲသွားချေပြီ။

အင်အားကြီးနိုင်ငံများဖြစ်သော ဥရောပနိုင်ငံများနှင့်အမေရိကန် ၊ရုရှား၊တရုတ် ကဲ့သို့ နိုင်ငံကြီးများမရှိတော့ပဲ ကုန်းမြေကြီး ပြောင်းလဲသွားပြီးနောက် အရှေ့ဘက်ကုန်းမြင့်နိုင်ငံများနှင့် အနောက်ကျွန်းစု ဒေသများ ဟူ၍သာရိှတော့သည်။အပြိုင်စကြာ၀ဠာ

အတွင်းမှအမျိုးမျိုးသော မျိုးနွယ်စုများကလည်း

ကမ္ဘာဂြိုလ်အတွင်းကူးသန်း၀င်ထွက်သွားလာနေကြပြီဖြစ်သည်။ခေတ်မှီနည်းပညာများ AI များက နေ့စဥ်သုံးဘ၀တစ်ခုဖြစ်လာသည်။ နိုင်ငံအချင်းချင်းကို

နာရီ၀က်ထက်ပိုမသွားရတော့ပေ၊ သို့သော် ပင်လယ်အတွင်းနှင့် ကောင်းကင်ရှိသားရဲများကြောင့် နိုင်ငံပိုင်နက်များတွင် လေဆာအစီအရင်များ လက်နက်များကိုဖြန့်ကြက်ထားခဲ့ပြီး သားရဲရိုင်းများဘေးမှ

ကာကွယ်ထားကြလေသည်။လူသားတို့၏ ခန္ဓာများမှာအထူးဗီဇမျိုးရိုး ဖြစ်လာသည်၊အသက်၈နှစ် ကျော်က ကားတစ်စီးကို တစ်ယောက်ထဲတွန်းရွေ့နိုင်ပြီးအရွယ်ရောက်ပြီးသူများကို သာမန်ကျည်ဆန်က မထိုးဖောက်နိုင်ပေ အထူးကျည်ဆန်များကိုအသုံးပြုရပေမည်။စကြာ၀ဠာအတွင်း အမျိုးမျိုးသော ကျင့်ကြံခြင်းနည်းလမ်းများ အရေးပါလာခဲ့ပြီး သူရဲကောင်းကျောင်းများလည်း ပေါ်ထွန်းလာခဲ့လေသည်။