← Chapters

မျှော်လင့်ချက် ကင်းမဲ့နေသည့် ရုပ်တု

Vol. 38 Ch. 526

မျှော်လင့်ချက် ကင်းမဲ့နေသည့် ရုပ်တု

Vol. 38 Ch. 526

ပုံမှန်အားဖြင့် သူတို့က ရတနာရှိသည့် နေရာသို့ ရောက်နေလျှင်ပင် ဤကဲ့သို့ လူတစ်ယောက်မှ မရှိဘဲ နေမည် မဟုတ်ပေ။ မိနစ်အတော်ကြာ၌ မိုဝူကျီက မည်သို့ပင် ဖြစ်နေစေကာမူ  သူ့ကျင့်ကြံဆင့်ကို အခြေကျရန်သာ အရင်ဆုံး  ကြိုးစားလိုက်တော့သည်။  သူ လိုအပ်သည့် ပစ္စည်းများကို လက်စွပ်ထဲ ပြန်စီရီထားလိုက်ပြီး အသုံးမပြုသည့် ရတနာများကိုတော့ သူ့ထာဝရ ကမ္ဘာလောကထဲ ထည့်ထးလိုက်သည်။ သူက စေတီရတနာကို မွမ်းမံသန့်စင်ရန် လိုအပ်သေး၏။

အသက်ရှုကြိမ် အနည်းငယ် ကြာပြီးနောက် မိုဝူကျီက ထာဝရ ကမ္ဘာလောကထဲ ပြန်ဝင်လိုက်သည်။ မိုဝူကျီ၏ မိုးကြိုးစမ်းသပ်ချက်နှင့် မီးတောက် ဆင့်ကဲပြောင်းလဲ မှုတို့ကြောင့် ဖြစ်ပေါ်လာသည့်  ရုတ်ရုတ်သည်းသည်း ကိစ္စများလည်း ငြိမ်ကျသွားလေ၏။

သူ ထာဝရ ကမ္ဘာလောကထဲ ပြန်ဝင်သည့်အခါ မိုဝူကျီ ပထမဆုံး လုပ်သည့်အရာမှာ  သတ္တုဓာတ် သဘာဝ စွမ်းအား ထည့်ထားသည့် ကျောက်စိမ်းသေတ္တာကို အရင်ဦးဆုံး ထုတ်လိုက်ခြင်း ဖြစ်သည်။ သူက အားလုံးရှေ့ မဖွင့်ရဲသည်မှာ ထိုအရာမှာ သတ္တု သဘာဝ အမြုတေ ဖြစ်နေကြောင်း တွေးမိ၍ ဖြစ်၏။  အကယ်၍ သတ္တု သဘာဝ အမြုတေဖြစ်နေလျှင် သူ့ထာဝရ ကမ္ဘာလောကလေးမှာ နောက်တစ်ကြိမ် ဆင့်ကဲ ပြောင်းလဲလာလိမ့်မည်။

ပို၍ အရေးကြီးသည်မှာ ထာဝရ ကမ္ဘာလောကကို မြေ သဘာဝ အမြုတေ သုံးလိုက်စဉ်က အသက်ဓာတ် ကုန်ခမ်း၍ သေလုနီးပါ ဖြစ်သွားခဲ့သည်။ ထို့ကြောင့်  သတ္တု သဘာဝ အမြုတေ ရလာသည့်အခါ သူ့အနေဖြင့် ဂရုစိုက်ရန် ပို၍ လိုအပ်သည်။  ရက်အတော်ကြာ ကုန်ဆုံးသွားပြီးနောက် သူက ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်လာလာချင်း တန်းထုတ် မရဲသေးပေ။ ယခု သူက အပြည့်အဝ ပြန်လည် ကောင်းမွန်သွားပြီး ရွမ်ရှန်းအဆင့် တက်လှမ်းသွားပြီ ဖြစ်၍  သူ့အနေနှင့် ခမ်းခြောက် မသေလောက်တော့ဘူး မဟုတ်လား။

မိုဝူကျီက ကုသဆေးလုံး အမျိုးအစား အစုံအလင်ကို ထုတ်ထားလိုက်ပြီး ဘေးတွင် ချလိုက်သည်။ ထို့နောက်မှ ကျောက်စိမ်း သေတ္တာကို ဖွင့်လိုက်သည်။

ကျောက်စိမ်းသေတ္တာ ဖွင့်လိုက်သည်နှင့် သတ္တု ဘသာဝ စွမ်းအားများက သိပ်သည်းလာသည်။ ရွေရောင် လက်သီးအရွယ် အမြုတေမှာ  ကျောက်စိမ်း သေတ္တာအတွင်း ငြိမ်သက်စွာ ရှိနေသည်။ မြေသဘာဝ အမြုတေနှင့် ယှဉ်လျှင် ဤအမြုတေမှာ အရွယ်အစားအားဖြင့် သေးငယ်၏။ သို့သော်လည်း ဤအရာမှာ သတ္တု သဘာဝ အမြုတေဖြစ်ကြောင်း သေချာသည်။

မိုဝူကျီကို သံသယ ဝင်သွားစေသည်က သတ္တု သဘာဝ အမြုတေ ပေါ်လာသည်နှင့်  တုံ့ပြန်မှု တစ်ခုမျှ မရှိခြင်း ဖြစ်သည်။ ယခင် အဖြစ်အပျက်၌ မြေ သဘာဝ အမြုတေက သူ့အသက်ဓာတ်ကို အသည်းအသန် စုပ်ယူသလိုမျိုးလည်း မဖြစ်လာသောကြောင့် မိုဝူကျီကို အနည်းငယ် စိတ်ပျက်သွားစေသည်။

ဖြစ်နိုင်တာ  ဒီသတ္တု သဘာဝ အမြုတေနဲ့ မြေ သဘာဝ အမြုတေက တူညီတဲ့ စုံလိုက် မဟုတ်တာများလား  ...

မိုဝူကျီက သူ့ထာဝရ ကမ္ဘာနှင့် သတ္တု သဘာဝ အမြုတေကြား စိတ်စွမ်းအားသုံး၍ ဆက်နွယ် ပေးသော်လည်း တုံပြန်မှု မရှိ ဖြစ်နေဆဲ ဖြစ်သည်။ ထို့နောက် သူက အသက်သွေး တစ်စက်ကို သတ္တု သဘာဝ အမြုတေပေါ် ချလိုက်သည်။

အသက်သွေး ကျရောက်သွားသည်နှင့် အမြုတေက အသံကျယ်ကြီး ထွက်လာပြီး ချက်ချင်းဆိုသလို သူ့ထာဝရ ကမ္ဘာဆီ ပြေးဝင် သွားတော့သည်။ ထို့နောက် သူ့အသက်ဓာတ်မှာ ဆက်တိုက် စုပ်ယူ ခံနေရကြောင်း ခံစားမိလိုက်သည်။ မိုဝူကျီက သက်ပြင်းချကာ ထိုင်ချလိုက်သည်။

ဒီလိုမျိုး ထပ်ဖြစ်လာပြီ ... သူက ကောင်းကောင်း ပြင်ဆင်ထားသည့်အတွက် ဤတစ်ကြိမ်၌  သေခြင်းနှင့် အဆုံးမသတ်လောက်ဘူး မဟုတ်လား ...

အသက်ဓာတ်က မိုဝူကျီနှင့် သတ္တု သဘာဝ အမြုတေကြား ဆက်နွယ်မှု ရှိသွားသည်နှင့် အမြုတေက ရွှေရောင်အလင်း အမြောက်အများ ထွက်ပေါ်လာတော့သည်။ ထိုအဆုံးမ ရွှေရောင်အလင်းများက သူ့ထာဝရ ကမ္ဘာဆီ စတင်၍ စိမ့်ဝင်လာသည်။

သတ္တု သဘာဝ အမြုတေမှာ ဆက်တိုက်ဆိုသလို သေးငယ်လာနေပြီး မိုဝူကျီ၏ အသက်ဓာတ်မှာလည်း ဆက်တိုက် ပျောက်ကွယ် လာနေသည်။

သူ့တွင် အသက်ဓာတ် ထောက်ပံ့ပေးရန် အသက်လမ်းကြောင်း ရှိနေသော်လည်း မိုဝူကျီက စတင်၍ အသက်ရွယ် ကြီးရင့်လာသည်။ သူက ဆေးလုံများ သောက်သုံး နေသော်လည်း မေ့မြောသွားခြင်းမှ  ကာကွယ် မပေးနိုင်ပေ။

မိုဝူကျီ နှိုးထလာသည့်အခါ  ရက်များစွာ ကုန်ဆုံးသွားပြီ ဖြစ်၏။  သူ့ဆံပင်များက နောက်တစ်ကြိမ် ဖြူဆွတ်လာပြန်ကာ ခန္ဓာကိုယ်မှာလည်း အင်မတန် အင်အား လျော့နည်းလာသည်။

သို့သော်လည်း ထိုအရာများက မိုဝူကျီ၏ ပျော်ရွင်မှုကို မတားဆီးနိုင်ပေ။ သူ့ရှေ့တွင် လုံးဝ ခြားနားနေသော ကမ္ဘာတစ်ခုကို မြင်တွေ့လိုက်ရသည်။ ယခင် ထာဝရ ကမ္ဘာနှင့် ယှဉ်လျှင် သူ့ရှေ့မှ ထာဝရ ကမ္ဘာမှာ အဆများစွာ ပို၍ ကြီးမားလာသည်။ ထို့အပြင် လေထုအတွင်း၌ အသက်စွမ်းအင် အချို့ကိုလည်း ခံစားမိ၏။ ထိုအသက်စွမ်းအင်မှာ သူ့အသက်ဓာတ်နှင့် မတူညီကောင်း မတူညီနိုင်သော်လည်း သက်တောင့်သက်သာ ဖြစ်သည့် ခံစားချက်ကို ပေးစွမ်း၏။

တစ်ချိန်တည်းတွင် မိုဝူကျီက သူ့ထာဝရ ကမ္ဘာလောကမှာ ယခင်ကထက် ပို၍ တောင့်တင်းလာသလို ပို၍လည်း အားကောင်း လာကြောင်း ခံစားမိလိုက်သည်။

သတ္တု  သဘာဝ အမြုတေ တစ်ခုက ထိုမျှ အပြောင်းအလဲကြီး ဖြစ်စေသည်ကို မြင်၍ မိုဝူကျီ၏   သဘာဝ ငါးမျိုး အမြုတေ စုံလင်အောင် စုမည့် အကြောင်းကို ပို၍ ခိုင်မာ သွားစေသည်။

သူ့ထာဝရ ကမ္ဘာထဲ  သဘာဝ ငါးမျိုးလုံး စုစည်းပြီးသည်နှင့် မည်သို့ ဖြစ်လာသနည်း။

သူ့ကိုယ်သူ တည်ငြိမ်အောင် စိတ်ထိန်းပြီးနောက် မိုဝူကျီက စတင်၍ သူ့အသက်ဓာတ် ပြန်လည် ကောင်းမွန်လာအောင် လုပ်လိုက်သည်။

သူ့တွင် အသက်ဓာတ်လမ်းကြောင်း ပိုင်ဆိုင်ထားပြီး ဆေးလုံးများစွာလည်း ရှိနေသော်လည်း   သတ္တု သဘာဝ အမြုတေကြောင့်  ဤသို့ အခြေအနေအထိ အသက်ဓာတ် ခမ်းခြောက်ပြီးသည့် နောက်တွင်ပင်  ပြန်လည် ကောင်းမွန်လာဖို့ရာ တစ်လတိတိ ကုန်ဆုံးခဲ့ရသည်။ ထိုသို့ဆိုလျှင်ပင် သူက တစ်ကိုယ်လုံး၌ အားနည်းနေမှုကို ခံစားနေမိပြီး  သူ့မျက်နှာမှာလည်း အဝါရောင် သမ်းနေကာ  အတော်လေး နေမကောင်း ဖြစ်နေသည့်ပုံ ပေါက်နေသည်။

ထို့နောက် မိုဝူကျီက စေတီကို ထုတ်ယူကာ  ဖြည်းဖြည်းချင်း မွမ်းမံလိုက်ရင်း လုံးဝ နစ်မြောသွားတော့သည်။ ထိုအရာမှာ အဆင့် ၅ အင်မော်တယ် ပစ္စည်းတစ်ခုမျှသာ ဖြစ်သောကြောင့် သူ့အတွက် အရမ်း အသုံးမဝင်ပေ။

ဤစေတီမှာ ကာကွယ်‌ရေး အမျိုးအစား ရတနာ ဖြစ်သော်လည်း လူများကို ရိုက်နှက် ရာ၌လည်း အသုံးပြုနိုင်သည်။ မိုဝူကျီအတွက် သူက ဓားမော့နှင့် ပုဆိန် လှံရှည်ကဲ့သို့သော တိုက်ခိုက်ရေး မှော်ရတနာကို ပို၍ စိတ်ဝင်စားပေသည်။ ကာကွယ်ရေး အမျိုးအစားနှင့် ပတ်သတ်လာလျှင် သူ့ဆီ ရှိနေသော  ဒိုင်းပြားက လုံလောက်နေပြီ မဟုတ်ပါလော။

ချန်းဟူက ထိုစေတီကို စိတ်မဝင်စားသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ကြယ်ရှစ်လုံး ပါရမီရှင် တစ်ယောက်အတွက် အဆင့် ၅ အင်မော်တယ် ပစ္စည်းမှာ ဘာမျှ မထူးဆန်းလှပေ။

မိုဝူကျီက အဆင့် ၅ အင်မော်တယ်  ရတနာကို သတ္တု သဘာဝ အမြုတေနှင့် အတူတူ ထားထားသောကြောင့်  အတော်လေး ခြားနားနေပေရာ  စဉ်းစားစရာ ကောင်းပေသည်။

သူ့ပစ္စည်းများကို စုစည်းပြီးနောက် မိုဝူကျီက ထာဝရ ကမ္ဘာထဲမှ ထွက်လာလိုက်သည်။ သူက ကျိုးပျက်ကမ္ဘာအတွင်း  အင်မော်တယ် ဆေးပင်များနှင့် ရတနာများကို ထပ်ရှာ လိုသေးပေသည်။

ရက်များစွာက မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားပေသည်။  သူ့လက်စွပ်အတွင်း အင်မော်တယ်ဆေးပင်  အပုံလိုက် ရှိနေလေပြီ။ သူက အခြားသူများနှင့် ကွဲခြားကာ အင်မော်တယ်ဆေးပင် ဖြစ်နေသရွေ့ သူက အဆင့်ကို ဂရုမစိုက်ဘဲ အကုန် ယူထားလိုက်သည်။ မိုဝူကျီကို အံ့ဩစေသည်က ဤရက်ပိုင်းလေးအတွင်း မည်သူနှင့်မျှ မတွေ့ခြင်း ဖြစ်သည်။ တစ်ရက်၌  ဧရာမ ပုံရိပ်ကြီးက သူ့စိတ်စွမ်းအားထဲ ပေါ်လာသည်။

အဝေးတစ်နေရာတွင် ခေတ်မီသော ထိပ်တန်း မြို့ကြီးအပေါ်၌ ရပ်နေသည့်အလား ထိုမြို့ကို မြူများဖြင့် ရစ်ပတ်ထားပြီး မိုးမျှော်အဆောက်အဦများမှ လွဲ၍ ကျန်အရာအားလုံးမှာ ဝေဝါးဝါး ဖြစ်နေသည်။

မိုဝူကျီက အလျှင်အမြန် သွားကြည့်လိုက်သည်။ တစ်နာရီအကြာတွင် မိုဝူကျီက ရပ်တန့်လိုက်သည်။ သူ့ရှေ့မှ မြင်ကွင်းမှာ အတော်လေး ရင်သပ်ရှုမောဖွယ် ကောင်းလှသောကြောင့် ဤနေရာကို အဘယ်ကြောင့် ကျိုးပျက်ကမ္ဘာဟု ခေါ်ဆိုကြောင်း နားလည်သွားတော့သည်။

အင်မော်တယ် ဆေးပင်များနှင့် ပြည့်နေသော သဘာဝ ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်ကြည့်လျှင် သူ့ရှေ့တွင် ရှိနေသော မြင်ကွင်းမှာ လုံးဝ ကွဲပြားလှသည်။ သူ မြင်လိုက်သည့် အရာများမှာ ထိုးထိုးထောင်ထောင် မိုးထိ အဆောက်အဦများ ဖြစ်ပြီး ထိုအရာမှာ ပြိုလဲ ပျက်စီးနေသောကြောင့် အနည်းငယ် ရှုပ်ယှက်ခတ်နေသည်။

မှိုင်းတိုင်းတိုင်း အကျိုးအပျက်များ၊ ရေညှိတက်နေသော နံရံများ ၊ ရေညှိအပြည့် ဖြစ်နေသော ကျောက်စိမ်းစားပွဲများ၊ တစ်ခုပေါ် တစ်ခုဆင့်နေသည့် အုတ်ကျိုးများ ပြည့်နေသည့် လမ်းများ ...

လမ်းတစ်ခု၏ အဝေးဆုံး ထောင့်တစ်နေရာ၌ မိုဝူကျီက ရုပ်တုကြီး တစ်ခုကို မြင်လိုက်ရသည်။ ထိုရုပ်တုကြီးမှာ မြေပြင်ပေါ် တစစီ ဖြစ်နေပြီး ပျက်စီးနေသော ဦးခေါင်းပုံနှင့် ရင်ဘတ် တစ်ဝက်သာ ရှိနေကာ  နံရိုးများလည်း မရှိတော့ပေ။

ပြီးပြည့်စုံနေသည့် တစ်ခုတည်းသော အရာမှာ ရုပ်တု၏ ပျက်စီးနေသော ဦးခေါင်းပိုင်းမှ မျက်စိတစ်ဖက်သာ ဖြစ်၏။ ထိုမျက်လုံး၌ ခံစားမှုအမျိုးမျိုး ရှိနေပြီး မိုဝူကျီကို အနည်းငယ် လန့်သွားစေသည်။

စိတ်ပျက်မှု ... အထီးကျန်မှု ... ဆုံးရှုံးမှု ... နောင်တတရား တချို့ပါ ပါဝင်နေဟန် ပေါ်သည်။

မျက်လုံးအောက်၌ မီးခိုဖျော့ဖျော့ အကြောင်းရာလေး တစ်ခု ရှိနေပြီး ကြည့်ရသည်မှာ ငိုကြွေးထားသည့် မျက်ရည် လမ်းကြောင်းရာနှင့် တူနေသည်။

ရုပ်တု မျက်လုံးမှ ခံစားချက်များမှာ  ထင်ထင်ရှားရှား ဖြစ်လွန်းနေရာ မိုဝူကျီ စိတ်ထဲ  ရင်တုန်ပန်းတုန် ဖြစ်လာစေသည့်အထိ ကွင်းကွင်းကွက်ကွက် ဖြစ်နေသည်။ မည်သို့ပင် ဖြစ်စေ ဤကမ္ဘာကို ပျက်စီးမှု ဖြစ်စေခဲ့သည့် အဖြစ်အပျက်ကို မသိသလို  ရုပ်တုကို ထိုသို့ ခံစားချက် ပေါ်လာစေသည့် အဖြစ်အပျက်ကိုလည်း မသိပေ။

မိုဝူကျီက သက်ပြင်းချလိုက်သည်။ သူက လက်ကို မြောက်ကာ  အကျိုးအပျက်များကို ဖယ်ရှားလိုက်သည်။ သူက အကျိုးအပျက်များကြား ရုပ်တု၏ ကျိုးပျက်နေသော လက်မောင်းတစ်ဖက်ကို တွေ့လိုက်ရ၍ ရုပ်တုဆီ ပြန်လည် ချိတ်ဆက်ပေးလိုက်သည်။

ထို့နောက် မိုဝူကျီက ပျက်စီးနေသော ရုပ်တုကို ကောက်ကာ ပြန်ထောင် ပေးထားလိုက်သည်။ သို့သော်လည်း ထိုရပ်နေသည့် ရုပ်တု၌  ခြေထောက်နှစ်ချောင်း မရှိသလို  ခန္ဓာကိုယ်မှာလည်း  တစ်ဝက်သာ ရှိပြီး မျက်လုံးတစ်ဖက်သာ ရှိလေ၏။ ရုပ်တုဝန်းကျင်၌ ကာကွယ်ရေး အစီအရင်များ ခင်းကျင်းပေးပြီးနောက် မိုဝူကျီက သက်ပြင်းချကာ …

“ဒါက ကျုပ် အကောင်းဆုံး လုပ်ပေးနိုင်တာပဲ ... တခြား ဘာမှတော့ လုပ်မပေးနိုင်တော့ဘူး”

ထိုသို့ပြောပြီးနောက် မိုဝူကျီက မြို့ပျက်ထဲ ဝင်သွားလိုက်သည်။

တစ်ချိန်တည်း၌ ကျိုးပျက်မြို့ပျက် အတွင်း  လူရာကျော်မှာ တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်နေကြသည်။ ထိုလူရာကျော်မှာ နှစ်ဖွဲ့ကွဲနေဟန် ပေါ်သော်လည်း  အမှန်တကယ်မှာ အဖွဲ့အများအပြား ကွဲနေခြင်း ဖြစ်သည်။ သူတို့အားလုံးက တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်နေကြခြင်း ဖြစ်သည်။

သူတို့ကြား၌ ချိတ်ပိတ်ထားသော အင်မော်တယ် ဆေးပင် ဉယျာဉ်ရှိနေသည်။ ထိုဉယျာဉ်အတွင်း အဆင့်နိမ့်ဆုံး အင်မော်တယ် ဆေးပင်မှာ အဆင့် ၆ ဖြစ်ပြီး အများဆုံးမှာ အဆင့် ၇ အင်မော်တယ် ဆေးပင်များဖြစ်ကာ အဆင့် ၈ အင်မော်တယ် ဆေးပင်တချို့လည်း ပါဝင်နေသည်။

အဆင့် ၈ အင်မော်တယ်ဆေးပင် တစ်ပင်တိုင်းမှာ အဖိုးမဖြတ်နိုင်သည့် တန်ဖိုး ရှိကြောင်း သိသင့်ပြီး ဤနေရာတွင် ဆယ်ပင်ကျော် ရှိနေသည်။

အကယ်၍ ထိုအင်မော်တယ် ဆေးပင်များမှာ ကျင့်ကြံသူအားလုံးကို အလိုလောက တောက်လောင် လာစေနိုင်ဖို့ရာ လုံလောက်ပေသည်။ ထို့နောက် အင်မော်တယ် ဆေးပင်များဘေး၌ အင်မော်တယ် အဆီအနှစ် ရေကန် ရှိကာ အားလုံးအတွက် ရင်သပ် ရှုမောဖွယ် ဖြစ်၏။

အင်မော်တယ် အဆီအနှစ် ရေကန်မှ အင်မော်တယ် အဆီအနှစ်များမှာ ခမ်းခြောက်နေပြီ ဖြစ်သော်လည်း  အင်မော်တယ် အဆီအနှစ်အများစုမှာ  အခဲဖြစ်ကာ ကျောက်အဖြစ် ပြောင်းလဲလာခြင်း ဖြစ်သည်။  အင်မော်တယ် အဆီအနှစ် ရေကန်မှာ  ရေခဲပန်းများနှင့် ပြည့်နေပြီး အံ့ဩဖွယ် မြင်ကွင်းကို ပေးစွမ်းနေ၏။

“အင်မော်တယ်ရောင်းရင်းချန်း ...

ဒီနေရာကို ကျုပ်တို့ ယုံရင်အင်မော်တယ် နယ်မြေက အရင်ဆုံး တွေ့တာပါ။ ခင်ဗျားတို့တွေက နောက်မှ ရောက်လာကြတာလေ။ ကျုပ်တို့တွေ ဝေစုက ဘာလို့ ၁၀ ရာခိုင်နှုန်းလောက်နဲ့ မရဘူးလေ။

ပြီး‌တော့ တခြားအင်မော်တယ်နယ်မြေက လူတွေ သူတို့ဝေစုလာယူဖို့ မျှော်လင့်နေတာ မလား။  အဲဒါက  အကျိုးအကြောင်း သင့်တော်ရဲ့လား”

ပြောလိုက်သူမှာ ခန္ဓာကိုယ် တည်ဆောက်ပုံ အနေတော် ဖြစ်ပြီး သာမာန်ပုံစံ လူငယ်တစ်ယောက် ဖြစ်သည်။ သူက ယုံရင် အင်မော်တယ်နယ်မြေ၏ အားမာန်ပင်လယ် အင်မော်တယ်မြို့ရဲ့ မြို့စားငယ်လေး ကျိုးယီရှန်း ဖြစ်ပေသည်။

သူ့သာမာန် ပုံစံပေါ် မူတည်၍ အကဲဖြတ်၍ မရပေ။ ကျိုးယီရှန်းမှာ ကြယ်ခုနှစ်လုံး ပါရမီရှင် တစ်ယောက် ဖြစ်ပြီး ရွမ်ရှန်း နောက်ပိုင်းအဆင့် ရောက်နေလေပြီ။ သူက ယုံရင် အင်မော်တယ် နယ်မြေ၏ ရွမ်ရှန်း ထိပ်တန်းဆယ်ယောက်၌ နံပါတ်လေး ဖြစ်၏။ သို့သော်လည်း ကျိုးယီရှန်းမှာ ယုံရင်အင်မော်တယ် နယ်မြေ၏ ပါရမီရှင်အဖြစ် ယူဆ၍ ရသော်လည်း ဤနေရာတွင် ဘာဆိုဘာမှ မဟုတ်ပေ။ ဤနေရာရှိ ကြုံရာကျပန်း လူတစ်ယောက်ပင် သူ့ထက် နိမ့်ကျနေမည် မဟုတ်ပေ။ သူ့ထက် များစွာ အားကောင်းကြသော သူများလည်း ပါဝင်နေသေး၏။ တခြားနည်းဖြင့် ပြောရလျှင် ဤနေရာ၌ ပါရမီရှင်များ ဆုံတွေ့နေခြင်း ဖြစ်ပေသည်။

အင်မော်တယ် ရောင်းရင်းချန်းဟု ခေါ်သောသူမှာ   လူငယ်လေး တစ်ယောက်  ဖြစ်ပေသည်။ သူက ဖြူလွလွ ဝတ်စုံကို ဝတ်ဆင်ထားကာ ခန့်ညားသော သွင်ပြင် ရှိပြီး သူ့နောက်ကျော၌ ကျောက်စိမ်းပုလွေ တစ်ချောင်း ပါရှိသည်။ ကျိုးယီရှန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် သူက ပို၍ ယုံကြည်ချက် မြင့်မားဟန် ပေါ်၏။ အားကောင်းသည့် လျှပ်စီး အငွေ့အသက်များ ထုတ်လွှင့်နေပြီး သူ့လျှပ်စီးအငွေ့အသက်မှာ ဂူကျိကျန်းထက် အနည်းငယ် အားပျော့သော်လည်း မည်သူကမျှ သူ့ကို  ဂူကျိကျန်းထက်  အားနည်းလိမ့်မည်ဟု မတွေးကြပေ။

သူလည်း ဂူကျိကျန်းနှင့် အတူတူ လျှပ်စီးဂိုဏ်းမှ ဖြစ်ပေသည်။ သူက ကြယ်ရှစ်လုံး ပါရမီရှင် ဖြစ်သော ချန်းကျူရှန် ဖြစ်ပေသည်။ ဂူကျိကျန်း ချန်းကျူရှန်မှာ သူ့စွမ်းအားနှင့် တူညီနေရုံသာမက ချန်းကျူရှန်က သူ့ထက် ပိုအားကောင်းကြောင်း သိထားသည်။ သူတို့နှစ်ယောက်လုံးမှာ ကျင့်ကြံဆင့်တူ ဖြစ်သော်လည်း ချန်းကျူရှန်က သူ့ထက် တိုက်ကွက် ပိုစုံလင်လေသည်။

“အရင်လာတဲ့သူ အရင်ရွေးခွင့် ရမယ်လို့ ဘယ်သူကများ ပြောလိုက်လဲ။ ပြီးတော့ ဝေစု များများ ရရမယ်တဲ့လား  ... မင်းရဲ့ နည်းနာအတိုင်းဆိုရင် ကျိုးပျက်ကမ္ဘာကို အရင်ဦးဆုံး တွေ့တဲ့သူက ဒီကျိုးပျက်ကမ္ဘာ တစ်ခုလုံးကို ပိုင်သွားမှာပေါ့”

ချန်းကျူရှန်က ကျိုးယီရှန်းကို အေးစက်စွာ ပြောလိုက်သည်။ သူ့အသံတွင် ဂုဏ်ယူမောက်မာမှု တချို့ ကိန်းအောင်းနေပြီး  ဆက်ကာ ပြောလိုက်သည်။

“ငါတို့တွေက ကျိုးပျက် ကမ္ဘာထဲမှာဆိုတော့  ပစ္စည်းတွေကို စွမ်းအားအရ ခွဲဝေသင့်တယ်။ ဘယ်အင်မော်တယ် နယ်မြေက အားအကောင်းဆုံးလဲ အဲဒီပေါ် မူတည်ပြီးတော့ ခွဲ ... ”

သူက ထိုအထိ ပြောလိုက်ပြီးနောက် မုရုန်ရှန်းယွီကို ကြည့်ကာ …

“အခု မင်းက ဒီနေရာကို ရှာတွေ့သွားတာဆိုတော့ မင်းက လော့ ကျမ်းစာရွက်  ခုနှရွက်လုံးကို ယူသွားမယ်ပေါ့”

မုရုန်ရှန်းယွီ စိတ်နှလုံးမှာ အေးစက်သွားပြီး မသိမသာ နောက်ဆုတ်မိသွားသည်။ ချန်းကျူရှန်က မလှုပ်ရှားသေးဘဲ အေးစက်စက် ဆက်ပြောလိုက်သည်

“လော့ကျမ်းစာရွက် ခုနှရွက်က မင်းအပိုင် မဟုတ်ဘူး။ ထုတ်လိုက် ... စာရွက်တွေကို ခွဲပေးမယ်။ လော့လင်အင်မော်တယ် နယ်မြေအတွက် ဟွမ်းရှုရန်ဆီ ပေးမယ် ...  ဗလာ ကောင်းကင် အင်မော်တယ် နယ်မြေအတွက် ဖူပေးကို ပေးမယ်... လမ်းစဉ် ခြောက်သွယ် အင်မော်တယ် နယ်မြေအတွက်  လုကျားကျီကို ပေးမယ်။

ဗုဒ္ဓအင်မော်တယ် နယ်မြေအတွက် ယီနဉ်ဆီ ပေးမယ်။ မင်းတို့ရဲ့ ယုံရင်အင်မော်တယ် နယ်မြေအတွက်  ကွေ့ယီကို ပေးမယ်။ ကျုပ်တို့ မဟာဗောဓိ အင်မော်တယ် နယ်မြေအတွက် ဂျုနီယာညီလေး ဂူကျိကျန်းကို ပေးမယ် ...

နတ်ဘုရားအင်မော်တယ် နယ်မြေအတွက် ကိုယ်စားပြုမရှိတော့ အဲဒီအစား ကျုပ် ယူမယ်”

***

All Chapters