သူရဲကောင်းကျောင်းများ
Vol. 1 Ch. 2
အခန်း ၂
သူရဲကောင်းကျောင်းများ
မည်သို့ပင် ပြောင်းလဲစေကာမူ လုံး၀မပြောင်းလဲတာကတော့ ပိုက်ဆံပဲဖြစ်သည်။နည်းပညာကျောင်းများ
နှင့်သူရဲကောင်းကျောင်းတွေတက်ချင်တာလား ပိုက်ဆံတတ်နိုင်လား background ရှိလား၊ပါရမီနဲ့
အရည်အချင်းကလည်းလိုအပ်သေးသည် အဲဒါတွေ
မရှိတော့လို့က အလကား ဘာမှမရတဲ့ခေတ်ကြီးမှာ
လူရာမ၀င်ဖြစ်နေတာကြတာပါပဲ။မျိုးနွယ်စုတွေကြားထဲမှာ နိုင်သူစားတမ်းလောကကြီး ခန္ဓာကိုယ်ကျင့်ကြံသူများက အသက် ၁၂နှစ်ပြည့်ရင် သူရဲကောင်းကျောင်းများကိုတက်ရောက်ကြပြီး မကျင့်ကြံနိုင်သူများက နည်းပညာကျောင်းများကိုတက်ရောက်ကြလေသည်။
ဒါကလည်းနှစ်စဥ် ကြေးကိုတတ်နိုင်အုံးမှပါ စကြာ၀ဠာ
သုံး ငွေကြေးဖြစ်တဲ့ UM (Universal Money)
ကိုရှာနိုင်တဲ့သူများကတော့မျက်နှာပန်းလှကြလေသတည်းပေါ့ workers တွေကတော့ UM 600လောက် ရကြတယ်။ အရာရှိ တွေက 4000UM
ရကြတယ် ဒါကြောင့်လည်းသူရဲကောင်းကျောင်း ကဆင်းချင်ကြတာပေါ့ သူရဲကောင်းကျောင်းထွက်တွေကျိမ်းသေ အလုပ်ကောင်းရကြတယ် မကြိုက်သေးရင်အလင်းနှစ် ၂သန်း ၀ေးတဲ့ စိမ်းပြာဂြိုလ်မှာ ရုံးအကူ
စစ်ဆေးရေးမှူး သွားလုပ်လို့ရတယ် စနေ ပိတ်ရက် ကမ္ဘာကိုပြန် လာအေးဆေးပဲ
ကျင့်ကြံလို့မရတဲ့ ပိုက်ဆံရှိလူတွေက နည်းပညာကျောင်းတက် ပြီးရင် အိုင်တီအစီအရင်ဌာန
လက်နက်ခဲယမ်း၊ စီမံအုပ်ချုပ် ၊မှော်ဆေးနည်းနဲ့ ငွေစာရင်းဌာနတွေမှာ ၀င်ရောက်လုပ်ကိုင်ခွင့်ရကြတယ်။ ပြောင်းလဲလာတဲ့ ကမ္ဘာဂြိုလ်ပေါ်မှာ ကျောင်း ၁၂ ကျောင်းတည်ထားပြီးပြီ အရှေ့ဘက်မှာ ၅ ကျောင်း အနောက်ကျွန်းစုမှာ ၇ ကျောင်း ရှိတယ်။ဒီလိုခေတ်ကြီးမှာ ငွေရှာမလား တိုက်ခိုက်မလား ဒါပဲရှိတယ်
ကျင့်ကြံသူတွေ ၁၂ နှစ်ဆိုရင် ခန္ဓာရောင်ဝါထွက်လာရတယ် ကျင့်ကြံလို့မရတဲ့နည်းပညာသမားက IQ 300အမှတ်ရှိရမယ်။ ကျနော်တို့ဇတ်လိုက်ကျော်ကြီး
ခေါ် မစ္စတာ လပ်ခ် (Luck)ကတော့ IQ ကလည်း
160 ၊ရောင်ဝါကလည်းမထွက် ဟိုမရောက်ဒီမရောက် ဘ၀နဲ့ဖြစ်နေတာ ၂ နှစ်ရှိနေပါပြီ။လူသား တွေဟာမျိုးရိုးဗီဇ ပြောင်းလာခဲ့ပြီးနောက် သက်တမ်း ၃၀၀ ကိုတိုးလာခဲ့ပါတယ်။ Luck ကတော့ ၁၄နှစ်အရွယ်
တောင့်တင်းခိုင်မာတဲ့ လူကောင်ထွားထွားကောင်လေးတစ်ယောက်ဖြစ်ပြီး ကြည့်ကောင်းတဲ့ရုပ်လေးနဲ့အမြဲပြုံးချိုနေသူတစ်ယောက်ပါ အဖေ ထိုင်း အမေမြန်မာသွေးနှောတစ်ယောက်ပေါ့ သူ့ကို မွေးပြီးပြီးချင်း ယိုးဒယား ထီ ပေါက်လို့ မစ္စတာ Luck လို့မှည့်လိုက်တာ ဒါပေမဲ့လည်းသူ့အသက် ၁၀ နှစ်မှာ မိဘတွေ
သားရဲကပ်ဘေးမှာ ယဥ်ပျံပျက်ကျပြီးဆုံးသွားကြတယ်။Luck တစ်ယောက် ကယ်ရီသမားဘ၀နဲ့
ရုန်းကန်လှုပ်ရှားနေခဲ့တာ ၄ နှစ် တိတိရှိခဲ့ပြီလည်းဖြစ်ပါတယ်။