အရှက်မဲ့ဆုံး ဂိုဏ်း
Vol. 38 Ch. 527
မုရုန်ရှန်းယွီ စိတ်ထဲ တင်းကျပ်သွားလေ၏။ သူမက အရင်ဦးဆုံး ရှာတွေ့သူ ဖြစ်ပေသည်။ သူမက အင်မော်တယ် ဆေးပင်များနှင့် အင်မော်တယ် အဆီအနှစ်များအား မည်သို့ခွဲဝေမည်ကို ဂရုမစိုက်သော်လည်း လော့ကျမ်းစာရွက် ခုနစ်ရွက် မည်သို့ ခွဲဝေမည်ကိုတော့ အထူးဂရုစိုက်ပေသည်။ လော့ကျမ်းမှာ ဒဏ္ဍာရီထဲမှ ရှန်းထျန်း ရတနာတစ်ခု ဖြစ်ပေသည်။ သူမ ကံဆက်စပ်၍သာ တွေ့ဆုံခဲ့ခြင်း ဖြစ်ရာ သူမက မည်သို့ လက်လွတ် ပေးနိုင်မည်နည်း။
သူမက ဂူကျိကျန်းကို အကူအညီတောင်းသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ အားလုံးက ဂူကျိကျန်းသည် သူမကို ထူးထူးခြားခြား ဆက်ဆံမှန်း သိကြပေသည်။ သို့သော်လည်း သူမ ဂူကျိကျန်းသည် သူမအတွက် မရပ်တည်ပေးမည်ကို စိုးရိမ်မိ၏။ ထို့အပြင် လော့ကျမ်းမှာ ထိပ်တန်းအဆင့် ရတနာဖြစ်ပေရာ ချန်းကျူရှန်က ဂူကျိကျန်းကိုပင် တစ်ရွက် ခွဲဝေပေးထားသေး၏။
ဂူကျိကျန်းက သူမအတွက် ရှေ့ထွက်လာကာ ကူညီပေးမည်တဲ့လား ...
ဂူကျိကျန်းက သက်ပြင်းချကာ အကယ်၍ သူက လော့ကျမ်းနှင့် မုရုန်ရှန်းယွီကို ရွေးချယ်ရမည်ဆိုလျှင် သူက တွေဝေခြင်းမရှိ လော့ကျမ်းကို ရွေးချယ်မိမည် ဖြစ်သော်လည်း အားလုံးက သူက မုရုန်ရှန်းယွီအပေါ် ခံစားချက် ရှိနေကြောင်း သိကြ၍ သူမကို လော့ကျမ်းကြောင့် လျစ်လျူရှုလိုက်လျှင် သူ့ဂုဏ်သတင်းကို ထိခိုက်လာစေနိုင်သည်။
ဂူကျိကျန်းက ထိုအတွေး တွေးမိ လိုက်သောကြောင့် ချန်းကျူရှန်ဘက် လှည့်၍ လက်နှစ်ဖက် ယှက်ကာ …
“စီနီယာအစ်ကိုကျူရှန် ... ဒီလော့ကျမ်း စာရွက် ခုနစ်ရွက်က ဂျုနီယာညီမလေး ရှန်းယွီ တွေ့တာလေ။ ကျုပ်တို့ ဒီလိုလုပ်ရင် အကျိုးအကြောင်း မသင့်ဘူး”
ဂူကျိကျန်းက ထိုစကားများ ပြောလိုက်သည်နှင့် သူ့ဆီ အကြည့်များစွာ ကျရောက်လာကြောင်း ခံစားမိလိုက်သည်။
ထိုစဉ် ဂူကျိကျန်းက သူ့အနေဖြင့် တုံးအလွန်းကြောင်း ခံစားမိလိုက်သည်။ သူက မုရုန်ရှန်းယွီ သူ့အား အကူအညီ တောင်းသည့် အကြည့်ကို စောင့်ဆိုင်း မနေသင့်ပဲ အရင်ဦးစွာ ဝင်ဖြန်ဖြေ ပေးလိုက်သင့်ပေသည်။
သူ့အကြောင်းကို ပြောဖို့ မလိုပေ။ လော့ကျမ်း စာရွက်ခုနစ်ရွက်မှာ အားလုံးက အလိုရှိနေကြသော အလွန်အဖိုးတန်သော ရတနာ ဖြစ်ပေသည်။ မုရုန်ရှန်းယွီအတွက် မားမားမတ်မတ် ရပ်တည်ပေးလိုက်ခြင်းမှာ ဘာမှ ဝင်မပြောခြင်းနှင့် အတူတူသာ ဖြစ်ပေရာ တစ်ယောက်ယောက် ပြန်လည် ချေပပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူမုရုန်ရှန်းယွီကို ကူညီ ပေးလိုက်သော်လည်း ရလဒ်က ပြောင်းလဲမသွားပေ။
မုရုန်ရှန်းယွီက မည်မျှပင် ခေါင်းမာစေကာမူ ပါရမီရှင် ကျင့်ကြံသူများစွာနှင့် သူ့ကို ရင်မဆိုင် ခိုင်းလောက်ဘူးမလား ...
“အင်မော်တယ်ရောင်းရင်းဂူ ... ခင်ဗျားက မုရုန်ရှန်းယွီနဲ့ ဆက်ဆံရေး တစ်ခုတောင် တည်ဆောက်ရသေးတာ မဟုတ်ဘူး။ မုရုန်ရှန်းယွီက ခင်ဗျားရဲ့ တာအိုလက်တွဲဖော် ဖြစ်နေမယ် ဆိုရင်တောင် ခင်ဗျား ပြောတာက မမှန်သေးဘူး။ လော့ကျမ်းက အင်မော်တယ်လောက တစ်ခုလုံး ပိုင်တယ်။ တစ်ယောက်ယောက်ရဲ့ အပိုင် မဟုတ်ဘူး
တကယ်လို့ ခင်ဗျားပိုင်တဲ့ တစ်ခုခုဆိုရင်တော့ ခင်ဗျားဘာသာ မုရုန်ရှန်းယွီကို ပေးပေး ဘယ်သူပေးပေး ခင်ဗျားသဘောပဲ။ ပြီးတော့ မုရုန်ရှန်းယွီရဲ့ ယုံရင်အင်မော်တယ် နယ်မြေလည်း ဝေစုတစ်ရွက် ရတယ် မဟုတ်ဘူးလား ” ဟွမ်းရှုရန်၏ အေးစက်စက် အသံက ထွက်ပေါ်လာကာ ထိုအသံထဲ၌ နွေးထွေးကြင်နာမှု စိုးစဉ်းမျှ ပါဝင်မနေပေ။
ကျိုးပျက်ကမ္ဘာသို့ မဝင်ခင် သူက သူ့နေရာကောင်းမှာ မိုဝူကျီဆီ ပါသွားသည့်အတွက် ထိုကိစ္စကို တနုံ့နုံ့ ခံစားနေရသည်။ ယခု နောက်တစ်ယောက်က သူ့ပစ္စည်းကို လုယူချင်နေရာ သူ ဟွမ်းရှုရန်က သတောတူလိုက်လျှင် အရူးသာ ဖြစ်ပေလိမ့်မည်။
ကျယ်ပြောပင်လယ် အင်မော်တယ် ကျောင်းတော်၏ ဖူပေးကလည်း ရယ်မောကာ “အင်မော်တယ်ရောင်းရင်း ရှုရန် စကားတွေကို ကျုပ်လည်း ထောက်ခံတယ်။ အင်မော်တယ် ရောင်းရင်းဂူက စည်းကျော်နေပြီ”
ဖူပေးက ခန္ဓာတောင့်တောင့် ဖြစ်သော်လည်း သူ့ခေါင်းမှာ အလွန်သေးနေသည်။ သူ့လေးထောင့်ကျကျ မျက်နှာတွင် ခေါင်းမာတတ်သည့် သဘောထားကို တွေ့မြင်နိုင်လေသည်။
ချန်းကျူရှန်လည်း မထူးမခြားနား ပြောလိုက်သည် …
“ဂျုနီယာညီလေး ကျိကျန်း တော်လောက်ပြီ။ ကျုပ်တို့ လျှပ်စီးဂိုဏ်းက ဂိုဏ်းအသေးလေး မဟုတ်ပေမဲ့ ကျုပ်တို့ဂိုဏ်းအတွက် ရန်မများအောင် နေရမယ်။ ပြီးတော့ ဒီခွဲဝေတဲ့ နည်းလမ်းက အားလုံး သဘောတူထားတာလေ။ နောက်ထပ် အခြားနည်းကို အကြံပြုနေစရာ မလိုဘူး”
ယခု ချန်းကျူရှန်က ပြောလိုက်သည့်အခါ ဂူကျိကျန်းက မုရုန်ရှန်းယွီကို အားနာစွာ ကြည့်လိုက်ပြီး ထိုကိစ္စမှာ သူကိုင်တွယ် ဖြေရှင်းနိုင်သည့်အရာ မဟုတ်ကြောင်း သွယ်ဝိုက် ပြောဆိုလိုက်သည်။
မုရုန်ရှန်းယွီ၏ စိတ်မှာ အေးစက်လာပြီး မည်သို့ပင် ဖြစ်စေ သူမအနေဖြင့် လော့ကျမ်းကို သိမ်းမထား နိုင်တော့ကြောင်း သိလိုက်သည်။ သူမက ဂိုဏ်းတူသား ဖြစ်သည့် စီနီယာအစ်ကို ကွေ့ယီဆီ လှည့်ကြည့် လိုက်သော်လည်း သူက သူမ၏အကြည့်ကို သတိမထားမိဟန် ပြုမူနေသည်။
သူက လော့ကျမ်း စာရွက်ခုနစ်ရွက်ကို မည်သို့ ခွဲဝေမည့် အကြောင်းကို ပြောနေစရာ မလိုပေ။ သူ့အနေဖြင့် ဝေစုတစ်ရွက် မရရှိလျှင်ပင် သူက မုရုန်ရှန်းယွီ အတွက်ကြောင့် တခြား အင်မော်တယ်နယ်မြေမှ ကြယ်အဆင့် ပါရမီရှင်များကို ရန်စဖို့ရာ ဆန္ဒမရှိပေ။
ကွေ့ယီ၏ မထုံတတ်ထေး အမူအရာကို မြင်၍ မုရုန်ရှန်းယွိက စိတ်ထဲမှသာ ညည်းတွားမိလိုက်ကာ တည့်တိုးသာ မေးလိုက်သည် …
“စီနီယာအစ်ကိုကွေ့ ... ကျမတို့ နှစ်ယောက်လုံးက ထိပ်သီး တာအိုဂိုဏ်းကပဲ ရှင့်ဆီမှာ တစ်ခုခု ပြောစရာ မရှိဘူးလား”
ကွေ့ယီက ခံစားချက်မဲ့စွာ ပြောလိုက်သည် …
“အင်မော်တယ် ရောင်းရင်းချန်း ပြောတာ မှန်တယ်။ အင်မော်တယ် ရောင်းရင်းချန်း ခွဲဝေပေးတဲ့ နည်းလမ်းက ကျုပ်တို့ ယုံရင်အင်မော်တယ် နယ်မြေအတွက်လည်း အရှုံးမရှိဘူး”
ဘေးတွင် ကျိုးယီရှန်းက အေးစက်စွာ ဝင်ပြောလိုက်သည်
“အဲဒီလိုလား ... ယုံရင်အင်မော်တယ် နယ်မြေကက အင်မော်တယ်ဆေးပင် ဆယ်ရာခိုင်နှုန်းပဲ ပေးမယ်လို့ ဘာလို့ ကျုပ်က ကြားလိုက်ရတာလဲ။ ပြီးတော့ ကျုပ်တို့က နောက်ဆုံးမှ ဝင်ပြီးတော့ ခူးဆွတ်ရမယ်တဲ့လား”
ကွေ့ယီက နှာခေါင်းရှုံ့ကာ …
“ကျုပ်က လော့ကျမ်း စာအုပ်အကြောင်း ပြောနေတာလေ။ လော့ကျမ်းစာအုပ်နဲ့ ပတ်သက်တဲ့ ကိစ္စတောင် သေချာ မရှင်းရသေးတာကို ဘာလို့ တခြားခေါင်းစဉ် ပြောင်းနေတာလဲ”
ကျိုးယီရှန်း မျက်ဝန်း၌ မကျေမနပ် အရိပ်အယောင်များ ဖြတ်ပြေး သွားသော်လည်း ဆက်၍ မပြောတော့ပေ။ သူက ဤနေရာတွင် စွမ်းအားက အဓိကဖြစ်ကာ ကျန်သည့်ကိစ္စများမှာ အရေးမပါကြောင်း ကောင်းကောင်း သိထားသည်။
မုရုန်ရှန်းယွီ မျက်ဝန်း၌ စိတ်ပျက်လက်ပျက်ဖြစ်မှု ကြိးစိုးလာကာ လက်သီးကိုသာ သွေးကြောများ ထောင်နေသည့်အထိ တင်းတင်း ဆုပ်ထားမိလိုက်သည်။ ထို့နောက် သူမက ညင်ညင်သာသာ ပြောလိုက်သည် …
“အဲဒီလိုဆိုမှတော့ ကျမလည်း အင်မော်တယ် ရောင်းရင်းချန်းရဲ့ ခွဲဝေနည်းကို သဘောတူပါ့မယ်။ ဒါပေမဲ့ ယုံရင်အင်မော်တယ် နယ်မြေအတွက် ကျမဆီ ပေးရမယ်”
ကွေ့ယီ မျက်ဝန်းမှာ အေးစက်လာပြီး …
“မင်းက ကြယ်ခြောက်လုံး ပါရမီရှင် တစ်ယောက်ပဲ ပြီးတော့ ရွမ်ရှန်း အလယ်အလတ် အဆင့်ပဲ ရှိသေးတာ။ မင်းအရည်အချင်းနဲ့ ဒီကျမ်းစာအုပ်နဲ့ ထိုက်တန်တယ် ထင်နေလား”
“စီနီယာအစ်ကိုကွေ့ ... ကျမတို့က ထိပ်သီးတာအို ဂိုဏ်းသားတွေပါ” မုရုန်ရှန်းယွီက အသက်ပြင်းပြင်းရှူကာ ကွေ့ယီကို ကြည့်လိုက်သည်။
ကွေ့ယီက မထူးမခြားနား ပြောလိုက်သည် …
“ငါတို့က ဂိုဏ်းတူတော့ရော ဘာဖြစ်လဲ။ ကျုပ်တို့တွေက ထိပ်သီး တာအိုဂိုဏ်းကမှန်း မင်းသိသားပဲ ... ထိပ်သီးတာအိုဂိုဏ်းက အမြဲတမ်းဆိုသလို ခံစားချက်ကင်းမဲ့တဲ့ တာအိုကို လေ့ကျင့်တယ်။ မင်းလည်း အဲဒါကို ထောက်ခံတယ်မလား ... အဲဒီယန်းယဲ့က မင်းက ခင်ပွန်း မဟုတ်ဘူးလား။ အဲဒါကို မင်းရဲ့ ကိုယ်ပိုင် တာအိုကြောင့် စွန့်ပစ်ခဲ့တာ မဟုတ်ဘူးလား။
မင်းကို မေးပါရစေဦး အခု ယန်းယဲ့က ဘယ်မှာလဲ ... မင်း ကိုယ်ပိုင် တာအိုကပဲ အရေးကြီးပြီးတော့ ကျုပ် ကွေ့ယီရဲ့ တာအိုက အရေးမပါဘူးလား”
မုရုန်ရှန်းယွီက ယန်းယဲ့အကြောင်း တွေးမိလိုက်သည့်အခါ စိတ်ထဲ ဗလာကျင်းသွားသည်။ ယန်းယဲ့က မည်သို့ပင် ဖြစ်နေပါစေ သူမ၏ ငယ်သူငယ်ချင်း ဖြစ်ပြီး သူမအတွက် နာမည်ခံ ခင်ပွန်းလည်း ဖြစ်ခဲ့သေးသည်။ သူမ၏ ပြီးပြည့်စုံသော ခံစားချက်ကင်းမဲ့သည့် တာအိုနှလုံးသား ရရှိစေဖို့ရာ သူက စတေးကာ ဤကျိုးပျက်ကမ္ဘာသို့ လိုက်လာခြင်း ဖြစ်ပေ၏။
သမ ယန်းယဲ့ကို ကွာရှင်းခွင့် တောင်းဆိုစဉ် သူ့နှလုံးသားမှာ ယခု သူမထက် မည်မျှ နာကျင် ခံစားခဲ့ရမည်နည်း။
ဆိုရိုးတစ်ခု ရှိပေသည် “တခြားသူ ကိုယ့်အပေါ် ပြုမူစေချင်တဲ့အတိုင်း ကိုယ်လည်း ပြူမူပါ”
သူမအမြင်အရ ယန်းယဲ့ကို ထားရစ်ခဲ့ဖို့ရာ ကိစ္စမှာ ပုံမှန်ကိစ္စသာ ဖြစ်ပေသည်။ သို့သော် သူမကိုယ်သူမက ယန်းယဲ့နှင့် ချုပ်နှောင်မိနေလျှင် ဘယ်လိုလုပ်ရမည်နည်း။
ယန်းယဲ့က ဘာအမှား လုပ်မိခဲ့လို့လဲ ... လက်ထပ်ပြီးတဲ့နောက်မှာ အမှားကျူးလွန် မိလို့လား ...
အကယ်၍ သူတို့သာ သေမျိုးလက်ထပ် ထုံးစံအတိုင်း တွက်လျှင် သူမ မုရုန်ရှန်းယွီကသာ အမှားများစွာ ကျူးလွန်ခဲ့သူ မဟုတ်ပါလော။
သူမက ယန်းယဲ့ ခံစားခဲ့ရသော ခါးသီးမှုများကို နောက်ဆုံး၌ ခံစားမိနေသည်၊ အကြောင်းမှာ ဤအခိုက်အတန့်၌ မည်သူကမှ သူမနှင့် မပတ်သက်လိုကြပေ။
မုရုန်ရှန်းယွီက သူမ အစိမ်းရောင် ဓားကို ထုတ်ကာ တည်တည်ငြိိမ်ငြိမ် ပြောလိုက်သည် …
“ကျမရဲ့ လော့ကျမ်း စာအုပ်ကို လာယူချင်ရင် ကြိုးစားကြည့်လေ ... ကျမ ဘယ်သူဆီကမှ လုမယူဖူးဘူး။ ကျမ မုရုန်ရှန်းယွီ အပိုင်ကိုလည်း ဘယ်သူကိုမှ မပေးနိုင်ဘူး”
ချန်းကျူရှန်က နှာခေါင်းရှုံ့ကာ အလောတကြီး အော်ဟစ်လိုက်သည် …
“အင်မော်တယ် ရောင်းရင်းတို့ ... လော့ကျမ်းစာအုပ် ခွဲပေးထားတဲ့သူတွေ အတူတူ တိုက်ကြစို့။ ရှေ့ထွက်မလာတာက ခင်ဗျားတို့ လော့ကျမ်းရခွင့် ဆုံးရှုံးခံလိုက်တာနဲ့ အတူတူပဲ”
ထိုသို့ပြောပြီး ချန်းကျူရှန်က အရင်ဦးစွာ ဝင်တိုက်လိုက်သည်။
လူခြောက်ယောက်မှ ခုနစ်ယောက်အထိ မုရုန်ရှန်းယွီကို ဝိုင်းတိုက်သည့် အကြောင်းကို ဆိုမထားနှင့် သူတို့ထဲက တစ်ယောက်ပင် သူမကို အလွယ်လေး ဖယ်ရှားလို့ ရပေသည်။
“ဘုန်း” ချန်းကျူရှန်က မုရုန်ရှန်းယွီ၏ စွမ်းအားစက်ကွင်း တစ်စစီ ဖြစ်သွားစေဖို့ရာ လက်သီးတစ်ချက်သာ လိုအပ်သည်။ ဒုတိယကျင့်ကြံသူက အနက်ရောင်အလင်း ပစ်လွှတ်လိုက်ရင်း ရှေ့တက်လာသည်။
ထိုအနက်ရောင် အလင်းမှာ မုရုန်ရှန်းယွီ၏ ရင်ဘတ်ပေါ် ကျရောက် သွားသောကြောင့် သူမ သွေးတစ်ပွက် အန်လိုက်ရပြီး ခန္ဓာကိုယ်မှာလည်း လွင့်စဉ်သွား၏။ ထိုစဉ် တခြား ကျင့်ကြံသူများလည်း မြင်ကွင်းထဲ ဝင်ရောက်လာကြသည်။
မုရုန်ရှန်းယွီ လွင့်စဉ်သွားစဉ် သူမ မျက်နှာမှာ ဖြူဖျော့နေပြီး မျက်ဝန်း၌ စိတ်ပျက်မှုများသာ ကြီးစိုးနေသည်။ သူမကိုသတ်ရန် ကြိုးစားသည့် ဒုတိယမြောက်လူမှာ ဂိုဏ်းတူသား ကွေ့ယီ ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။
သူမအပေါ် အင်မတန် နွေးထွေးကြင်နာသော ဂူကျိကျန်းက ဝင်မတိုက်သော်လည်း တခြား ကျင့်ကြံသူများနှင့် အတူတူ လိုက်ပါလာသည်။
သူ့အမြင်၌ လော့ ကျမ်းစာအုပ် မှာ သူမထက် ပို၍ အရေးကြီးပေသည်။
မုရုန်ရှန်းယွီက မြေပြင်ပေါ် အသက်မနည်းရှူကာ သွေးများလည်း အန်နေ၏။ သူမက မနည်း ထရပ်ကာ ဂူကျိကျန်းကို ကြည့်လိုက်ရင်း …
“ဂူကျိကျန်း ... ရှင်ရော ကျမရဲ့လော့ ကျန်းစာအုပ်ကို လိုချင်တာလား”
ဂူကျိကျန်း၏ မျက်ဝန်း၌ အပြစ်ရှိ စိတ်အရိပ်အယောင် ဖြတ်ပြေးသွားကာ ခြေလှမ်းမှာ နှေးသွားလေ၏။ သို့သော်လည်း ကွေ့ယီက အားရပါးရ ရယ်မောကာ …
“ဂျုနီယာညီမလေး ရှန်းယွီ ... မင်းက ထိပ်သီး တာအိုဂိုဏ်းကရော ဟုတ်ရဲ့လား။ မင်းရဲ့ကျင့်စဉ်က တကယ် လိုအပ်နေတာပဲ။ မင်းကိုယ်မင်း အင်မော်တယ် ရောင်းရင်းဂူနဲ့ ရှိနေတာ သူကို ကြိုက်လို့လို့ ထင်နေတာလား။
မင်းက အင်မော်တယ်ရောင်းရင်း ဂူအပေါ် ချစ်မြတ်နိုးဖို့ ရည်ရွယ်ထားရုံလေးပဲ ဒါပေမဲ့ အဲဒီအချစ်ကို အလေးအနက် ထားမှာတဲ့လား ... ဒီလိုဆိုမှတော့ ငါ အသုံးမဝင်တဲ့ မေးခွန်းတွေ မေးမနေတော့ဘူး။ ငါတို့ ထိပ်သီးတာအိုဂိုဏ်းမှာ ကြီးမြတ်တဲ့ တာအိုက လွဲပြီးတော့ ဘာရှိသေးလို့လဲ ”
ကြီးမြတ်တဲ့ တာအို အပြင် ဘာရှိသေးလို့လဲ ...
မုရုန်ရှန်းယွီက ပါးစပ်ဟောင်းလောင်း ဖြစ်သွားကာ ဆက်မပြော နိုင်တော့ပေ။ သူမသာ ကွေ့ယီ နေရာမှာ ရှိနေလျှင် ဘာလုပ်မိမည်နည်း။
မကြာခင် သူမက ခေါင်းခါလိုက်သည်။ သူမ၏ တာအိုနှလုံးသားက လုံလုံလောက်လောက် အားမကောင်း သေးသော်လည်း မည်သည့် အကြောင်းပြချက်ဖြင့် ဖြစ်စေ သူမက ဂိုဏ်းတူသားကို တိုက်ခိုက်ရန် တခြား အင်မော်တယ် နယ်မြေမှ ကျင့်ကြံသူများနှင့် ပူးပေါင်းမည် မဟုတ်ပေ။
မုရုန်ရှန်းယွီက ယန်းယဲ့ကို ထပ်မံ တွေးတောမိလိုက်သည်။
မဟုတ်သေးဘူး မိုဝူကျီ ... သူမ မိုဝူကျီကို မထားရစ်ခင် မိုဝူကျီက သူမကို စကားတစ်ခွန်း ပြောခဲ့ဖူးသည် “မင်းက ခံစားချက်ကင်းမဲ့တဲ့ တာအိုနဲ့ မသင့်တော်ဘူး”
ထိုစကားများက အမှန် ဖြစ်နေမလား ...
“အဲကြောင့် အမြဲတမ်း ပြောပါတယ်။ မြင်ဖူးသမျှအထဲ ထိပ်သီးတာအိုဂိုဏ်းက အရှက်မဲ့ဆုံး ဂိုဏ်းပါလို့ ... အရိုးဆုံး ပြောရရင် …
“အဘွားအို တစ်ယောက် နံရံကို မှီပြီး ယာဂု သောက်သလိုပေါ့”
အဲဒီအဓိပ္ပာယ်ကိုရော သိရဲ့လား ... ဒီလူအိုကြီးက ရှင်းပြရတာပေါ့ ... (နံရံကို မှီနေတာ) စက်ဆုပ်ဖို့ ကောင်းတာ။ (သွားမပါတာ) အရှက်မဲ့တာ ... ပြီးတော့ ( ယာဂုသောက်တာ ) နိမ့်ကျတာ ... ( မျက်နှာကို ပန်းကန်လုံးနဲ့ ကာထားတာ ) အရှက်မရှိတာ ... ” အသံတစ်သံက ကွေ့ယီ အသံကို ဖြတ်ပြောလိုက်သည်။
(အပေါ်ပါ စာသားမှာ အောက်ပါ စာလုံလေးလုံးနှင့် အသံထွက်တူနေ၍ ပြန်လည် ရှင်းပြခြင်း ဖြစ်၏)
အားလုံးက ရောက်လာသည့်သူကို ကြည့်လိုက်ကြသည်။ ထိုလူမှာ အတော်လေး ပိန်နေကာ မျက်နှာမှာလည်း အဝါရောင်သန်းနေပြီး သူ့ဆံပင်ရှည်ကိုလည်း သေချာ စည်းနှောင်ထားပေသည်။ ထို့အပြင် သူ့နောက်ကျော၌ ခဲနက်ရောင် ဓားမော့တစ်ချောင်း ရှိနေသည်။
“မင်းက မိုဝူကျီလား”
ဟွမ်းရှုရန်က အရင်ဦးဆုံး မှတ်မိလိုက်သည်။ လွန်ခဲ့သည့် လပိုင်းခန့်အတွင်း မိုဝူကျီက ကိုယ်အလေးချိန် အတော်လျော့ကျသွားပြီး သူ့ဆီ မည်သို့အဖြစ်အပျက် ဖြစ်ခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။ တစ်ခုတည်းသော တိုးတက်လာသည့် အရာမှာ သူ့မျက်နှာအထက်ရှိ အမာရွတ်များ ပျောက်ကွယ်သွားခြင်း ဖြစ်၏။
“ဟားဟား ကောင်းကင်အညီကျွန်းရဲ့ သခင်လေးက အမျိုးသမီးကို အနိုင်ကျင့်နေမယ်လို့ မထင်ထားမိဘူး။ ပြီးတော့ အဲဒီလိုလုပ်ဖို့ တခြား သူတွေနဲ့တောင် အဖွဲ့ဖွဲ့ထားသေးတယ်။
ကောင်းကင်အညီ ကျွန်းက အတော်လေး ဂုဏ်သတင်း ကျော်ကြားတာပဲ ...” မိုဝူကျီက အထင်သေးစွာ ပြောလိုက်သည်။
မုရုန်ရှန်းယွီအတွက် သူက မည်သည့် အလေးပေးမှုမှ မရှိသလို စက်ဆုပ်ရွံရှာမှုလည်း မရှိပေ။ သို့သော်လည်း မုရုန်ရှန်းယွီက အန္တရာယ်ထဲ ကျရောက်နေသည်ကို မြင်၍ တစ်ကြိမ်တစ်ခါ ကယ်တင်ပေးဖို့ရာ တွန့်ဆုတ်မနေပေ။ ထို့အပြင် မုရုန်ရှန်းယွီလည်း သူ့ကို ယခင်က ကူညီဖူးသည်ဟု ယူဆ၍ ရပေသည်။
“အင်မော်တယ် ရောင်းရင်းမို”
“အကြီးအကဲမို ”
“အစ်ကိုမို မတွေ့တာ ကြာပြီနော်”
ဟွမ်းရှုရန်က တိုက်ခိုက်ဖို့ တွေးတောစဉ် ဆယ်ယောက်မှ အယောက် နှစ်ဆယ်ကြား ကျင့်ကြံသူများက မိုဝူကျီကို ရုတ်ခြည်း လာရောက် နှုတ်ဆက်ကြလေသည်။ လာရောက် နှုတ်ဆက်ကြသော ကျင့်ကြံသူများက ခေါင်းစဉ်မျိုးစုံဖြင့် လာရောက် နှုတ်ဆက်ကြရာ ... အင်မော်တယ် ရောင်းရင်း၊ အကြီးအကဲ၊ အစ်ကို နှင့် ဆေးလုံးဆရာဟုပင် ပါသေး၏။
ဟွမ်းရှုရန်ကို ခဏတာ ကြောင်အသွားစေသည်။
မိုဝူကျီ၏ နောက်ခံက ဘာဖြစ်နေမလဲ ...
မိုဝူကျီက ပြန်နှုတ်ဆက်လိုက်သည်။ သူ့အား လာရောက် နှုတ်ဆက်ကြသော ကျင့်ကြံသူများမှာ သူ့ဆီ ဆေးလုံး ဖော်စပ်ပေးရန် တောင်းဆိုထားသော ကျင့်ကြံသူများ ဖြစ်ကြောင်း သိလိုက်သည်။ သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွွဲ့ခွဲ၏ အကြီးအကဲ ဖြစ်သောကြောင့် သူတို့ကို ဆေးလုံး ဖော်စပ်ပေးမည်ဟု ကတိပေးထားမိသည်။ ယခု သူက ဝင်လာသောအခါ သူတို့က လာရောက် နှုတ်ဆက်ကြခြင်း ဖြစ်ပေသည်။
“ဟားဟား အင်မော်တယ် ရောင်းရင်းမိုရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ ကျုပ်က လျှပ်စီးဂိုဏ်းရဲ့ ချန်းကျူရှန်ပါ။ ဒီက အင်မော်တယ် ရောင်းရင်းမိုက ဘယ်က ရောက်လာတာလဲ ဆိုတာ သိခွင့် ရှိမလား ...”
ချန်းကျူရှန်က မိုဝူကျီ၏ နောက်ခံကို သိချင်မိသည်။ ကျင့်ကြံသူ အများအပြားက သူနှင့် အဘယ်ကြောင့် အဆက်အသွယ် ရှိနေသနည်း။ မိုဝူကျီ၏ နောက်ခံကို မသိရသေးခင် သူက လက်နှစ်ဖက် ဆုပ်၍ နှုတ်ဆက်ဖို့သာ တတ်နိုင်လေသည်။
မိုဝူကျီက ချန်းကျူရှန်ကို မသိသော်လည်း ချန်းကျူရှန်က မုရုန်ရှန်းယွီကို ဝိုင်းအနိုင်ကျင့်ကြံသူ ထဲမှ တစ်ယောက်ဖြစ်ကြောင်း သိပေ၏။ သူ့စိတ်ထဲ မကျေမနပ်ချက်များ ပြည့်လာမိသည်။ ယခု ချန်းကျူရှန်းက သူ့အား လာရောက် မေးမြန်းနေသည့် အတွက် လက်နှစ်ဖက်ပင် မဆုပ်တော့ပဲ အေးအေးဆေးဆေး ပြန်ပြောလိုက်သည် …
“ယုံရင်အင်မော်တယ် နယ်မြေ”
ချန်းကျူရှန်က မိုဝူကျီ၏ မထူးမခြား အပြုအမူကို သတိထားမိဟန် မပေါ်ဘဲ လက်နှစ်ဖက် ဆုပ်၍သာ ပြုံးလိုက်ရင်း …
“အဲဒါဆို အင်မော်တယ် ရောင်းရင်းမိုက လော့ကျမ်းစာရွက် တစ်ရွက် ရသင့်တယ်”
***