ယုံရင်အကျဉ်းထောင်၏ မူလဇစ်မြစ်
Vol. 39 Ch. 532
မိုဝူကျီ၏ အကူအညီကြောင့် ထိုကျင့်ကြံသူ၏ ကမ္ဘာဦး စိတ်ဝိညာဉ် ပြိုကွဲနေမှုမှာ ရပ်တန့်သွားပြီး သူ့အသက်ဓာတ် လျော့ပါးခြင်းလည်း ရပ်တန့် သွားပေသည်။ ထိုအခါမှ မိုဝူကျီက သူ့ကို ခန်းမထဲ ဆွဲသွင်းလိုက်သည်။
ခဏအကြာတွင် အပြင်ဘက်ရှိ မြူများက တစ်ဖန် ထူထပ်လာပြန်သည်။
“ကျုပ် အသက်ဆက် ရှင်နေတာလား” ကျင့်ကြံသူက ဘေးပတ်လည်ကို မယုံနိုင်ဖွယ် ကြည့်ကာ ရေရွတ်လိုက်သည်။ သိပ်မကြာခင် သူ့ခန္ဓာကိုယ် အခြေအနေ မည်မျှ ဆိုးရွားနေကြောင်း သတိပြုမိသွားသည်။
မိုဝူကျီက အဆင့်၅ ဆေးလံးတချို့ ထုတ်ယူကာ ကျင့်ကြံသူအား တိုက်လိုက်သည်။
“ကျုပ်သာ မကယ်ရင် ခင်ဗျား သေနေလောက်ပြီ။ ဘာတွေ ဖြစ်ခဲ့တာလဲဆိုတာ ပြောပြနိုင်မလား”
နောက်ဆုံးတွင် တည်ငြိမ်လာသည့် ကျင့်ကြံသူက မိုဝူကျီနှင့် သူ့ဘေးနားမှ တခြားကျင့်ကြံသူများကို ကြည့်ကာ အသက်ဝဝရှုကာ ပြောပြလိုက်သည်။
“ဒီနားလေးမှာ ရွှေရောင်အလင်းတွေ ထုတ်လွှင့်နေတဲ့ ရွေရောင် အိမ်ကြီးရှိတယ်။ အဲဒီထဲမှ ထိပ်တန်းအဆင့် ဆေးလုံတွေ၊ မှော်ရတနာတွေ၊ ကျင့်စဉ်တွေနဲ့ ပြည့်နေတာ … ”
ဤနေရာအထိ ပြောပြပြီးနောက် ထိုကျင့်ကြံသူက ထူးထူးဆန်းဆန်း ပြုံးလိုက်သည်။ မိုဝူကျီက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိ၍ သူဘာမှမလုပ်နိုင်ခင် ထိုကျင့်ကြံသူက မြေပြင်ပေါ် လဲကျသွားရင်း မျက်လုံးထောင့်မှ သွေးများ စီးကျလာကာ အမူအယာ ကင်းမဲ့သွားပြီး သေဆုံး သွားတော့သည်။
မိုဝူကျီက လက်ကို မြှောက်ကာ ထိုကျင့်ကြံသူကို ပြာအဖြစ် လောင်ကျွမ်း စေလိုက်သည်။ မိုဝူကျီက သူမြင်လိုက်ရသည်မှာ ထိုသူ၏ ဆက်တိုက် ကုန်ခမ်းနေသော အသက်ဓာတ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်သာ ဖြစ်သည့်အတွက် ထိုတာအိုစွမ်းအားကို အတော်လေး အံ့အားသင့် မိသွားသည်။ သူသတိမပြု မိလိုက်သည်မှာ ထိုလူမှာ အဆိပ်မိနေခြင်း ဖြစ်၏။ ထိုကျင့်ကြံသူကို ထိလိုက်စဉ် မိုဝူကျီက ထိုသူ၏ ကမ္ဘာဦး စိတ်ဝိညာဉ်ကိုသာ တည်ငြိမ်လာအောင် လုပ်ခဲ့မိပေသည်။ သူ့အဆိပ်ဖြေ လမ်းကြောင်းမှာ တုံ့ပြန်မှု မရှိသည့်အတွက် ထိုကျင့်ကြံသူက အဆိပ်မိ နေလိမ့်မည်ဟု မထင်ခဲ့ခြင်း ဖြစ်သည်။
ထိုအဆိပ်က ရိုးရှင်းမည် မဟုတ်ပေ။ အကြောင်းမှာ သူ့အဆိပ်ဖြေ လမ်းကြောင်းပင် ထိုအဆိပ်ကို ချက်ချင်း မခံစားမိသောကြောင့် ဖြစ်၏။
“အစ်ကိုကြီး ဘာဖြစ်တာလဲ” ကျိုးယီရှန်းက မြန်မြန် မေးမြန်း လိုက်သည့်အခါ ကျန်လူများလည်း သိချင်၍ စုပြုံ လာကြသည်။
မိုဝူကျီက ပိပိရိရိ ပြောလိုက်သည်။
“အဲလူ ပြောပုံအရဆိုရင်တော့ ရှေ့မှ ပစ္စည်းကောင်းတွေ အများကြီးရှိနေတဲ့ ရွှေရောင် အိမ်ကြီး တစ်လုံး ရှိလိမ့်မယ်တဲ့။ ကျုပ်ထင်ထားတော့ အဲဒီအိမ်ထဲကို မဝင်သင့်ဘူး။ ဝင်လိုက်တာနဲ့ သူ့ကို အဆုံးသတ် သွားလိမ့်မယ်။
ပြီးတော့ အဲဒီရွှေရောင် အိမ်ကြီးထဲမှာ အဆိပ်လည်း ရှိနေတာဆိုတော့ အဲက ထွက်လာတဲ့ လူတွေကို မထိသင့်ဘူး”
“အခု ကျုပ်တို့တွေ ဘယ်လိုသွားကြမလဲ” နောက်ထပ် ကျင့်ကြံသူ တစ်ယောက်က ဝင်မေး လိုက်သည်။
မိုဝူကျီက ခေါင်းညိတ်ကာ …
“အနှေးနဲ့အမြန် ထွက်သွားရမှာ ဆိုတော့ ဒီနေရာမှာ ဆက်နေနေဖို့ မဖြစ်ဘူး။ ကျုပ်တို့တွေ ထွက်သွားရင် အားလုံးက တစ်ယောက်နဲ့ တစ်ယောက် ကပ်နေကြပါ။ အဲဒါမှ အချင်းချင်း ကူညီပေးနိုင်လိမ့်မယ်”
“ဘယ်အချိန် သွားကြမှာလဲ” နောက်ထပ် ကျင့်ကြံသူ တစ်ယောက် ထပ်မေးလိုက်သည်။
“အလျင်လိုဖို့ မလိုဘူး။ ကျုပ်တို့တွေ နောက်တစ်ကြိမ် မြူတွေ ဆုတ်သွားတဲ့အထိ စောင့်ကြမယ်” မိုဝူကျီက ကျိုးယီရှန်းကို ကြည့်ကာ ခေါ်လိုက်သည် “ယီရှန်း ... မင်းက ကျုပ်ကို အစ်ကိုကြီးလို့ ခေါ်တော့ ရင်းရင်းနှီးနှီးပဲ ပြောတော့မယ် ”
ကျိုးယီရှန်းက ကြယ်ခုနှစ်လုံး ပါရမီရှင် ဖြစ်ကာ မိုဝူကျီက ထိုသို့မျိုး ပြောလိုက်သည့် အတွက် မိုဝူကျီသည် သူ့အကူအညီ လိုအပ်နေကြောင်း ချက်ချင်း ပြန်ဖြေလိုက်သည်
“ကျုပ် လုပ်နိုင်စွမ်းထဲမှာ ရှိနေရင် အစ်ကိုကြီး ကြိုက်တာ တာဝန်ပေးလို့ ရပါတယ် ”
မိုဝူကျီက ရယ်မောလိုက်ပြီး …
“အရမ်းကြီး မစိုးရိမ်ပါနဲ့ ... ကျုပ်က မေးခွန်း နည်းနည်းလောက် မေးကြည့်ချင်တာပါ။ ယုံရင် အင်မော်တယ်နယ်မြေမှာ မင်းရဲ့ အဆင့်အတန်းက အတော်လေး အဆင့်မြင့်တယ် ဟုတ်တယ်မလား”
ကျိုးယီရှန်းက ပြန်တုံ့ပြန်လိုက်သည်။
“ဟုတ် ... ကျုပ်က ပင်လယ်ပိတာန် အင်မော်တယ်မြို့ရဲ့ မြို့စားငယ်လေးပါ၊ ပင်လယ်ပိတာန် အင်မော်တယ်မြို့ကို ကောင်းကင် ဧကရာဇ်မြို့အဖြစ် ယူဆလို့ ရတယ်ဆိုတော့ ယုံရင်အင်မော်တယ် နယ်မြေမှာတော့ ကျုပ်တို့တွေက အတော်လေး အားကောင်းတယ်”
“ဟုတ်ပြီ ... အဲဆို မေးခွန်းနည်းနည်း မေးကြည့်ချင်တယ်။
ပထမဆုံးမေးခွန်းက အင်မော်တယ်ဝင်ရိုးကျောက်တုံးတွေအကြောင်း သိထားလား”
မိုဝူကျီက ဒုတိယမေးခွန်းကို အလောတကြီး မမေးလိုက်ပေ။ အကြောင်းမှာ သူ့လက်ရှိ အဆင့်အတန်းဖြင့် ဤမေးခွန်းသာ မေးနိုင်သောကြောင့် ဖြစ်၏။
ထိုမေးခွန်းကို မေးမြန်းပြီးနောက် မိုဝူကျီက ကျန်ကျင့်ကြံသူများကို ကြည့်ကာ …
“အားလုံး အစီအရင် အဝင်ဝနားမှာ စောင့်နေပေးပါ့လား။ ကျုပ်ဒီကိစ္စလေး ပြီးတာနဲ့ အားလုံးကို ခေါ်ထုတ်သွားပေးပါ့မယ်”
လူအများစုက စကားဝိုင်းကို စိတ်ဝင်စား ကြသော်လည်း ဆက်မရပ် နေကြတော့ဘဲ မိုဝူကျီ ပြောသည့်အတိုင်း အဝင်ဝနား၌ စောင့်နေကြသည်။
မိုဝူကျီက မုရုန်ရှန်းယွီအပြင် မျက်နှာဝိုင်းဝိုင်း ကျင့်ကြံသူ တစ်ယောက်က တခြားသူများလို နောက်မဆုတ် သွားသည်ကို သတိပြုမိလိုက်သည်။ သူ့ကို မေးတော့မည့် ဆဲဆဲတွင် မျက်နှာဝိုင်းဝိုင်း ကျင့်ကြံသူက လက်နှစ်ဖက် ဆုပ်ကာ နှုတ်ဆက်လိုက်သည်။
“အစ်ကိုကြီးမို ... ကျုပ်က ပကတိ ချင်းတာအိုဂိုဏ်းရဲ့ တပည့် ချန်းဟန်ပါ။ ကျုပ်လည်း အင်မော်တယ် ဝင်ရိုးကျောက်တုံးတွေ အကြောင်း နည်းနည်းသိထားလို့ အစ်ကိုကြီးမို မေးခွန်းကို ဖြေပေးဖို့ နေခဲ့တာပါ”
မိုဝူကျီဘေးနားမှ ကျိုးယီရှန်းက မြန်မြန် ရှင်းပြလိုက်သည်။
“အစ်ကိုကြီးမို ... ပကတိ ချင်းတာအိုဆိုတာက ယုံရင် အင်မော်တယ်နယ်မြေရဲ့ အကြီးဆုံး ဂိုဏ်းထဲက တစ်ခုပဲ။ စီနီယာ အစ်မနွန်ရှောင်ယုဆိုရင် မဟာယီရှန်း အလယ်အလတ် အဆင့်ကို ရောက်နေပြီ။
ကြယ်ရှစ်လုံး ပါရမီရှင် တစ်ယောက်အနေနဲ့ သူမက ယုံရင် အင်မော်တယ်နယ်မြေရဲ့ ထိပ်သီး ပါရမီရှင်ထဲက တစ်ယောက်ပဲ။ ပြီးတော့ ပကတိ ချင်းတာအိုက ယုံရင် အင်မော်တယ်မြို့မှာ ရှိတာဆိုတော့ ချန်းဟန်က ကျုပ်ထက် အဲဒီ အင်မော်တယ်ဝင်ရိုး အကြောင်းကို ပိုသိတယ်”
မုရုန်ရှန်းယွီလည်း မြန်မြန် ဝင်ပြောလိုက်သည်။
“ကျွန်မလည်း အင်မော်တယ် ဝင်ရိုးကျောက်တုံး တွေအကြောင်း နည်းနည်းပါးပါး သိလို့ နေခဲ့တာပါ”
မိုဝူကျီက ဆက်မမေးတော့ဘဲ ပြောလိုက်သည်။
“ဒီလိုဆိုရင် ကျုပ်ကို တစ်ယောက်ယောက်များ အဲဒီအင်မော်တယ် ဝင်ရိုးကျောက်တုံးတွေ အကြောင်း ရှင်းပြနိုင်မလား”
ချန်းဟန်က အရင်ဦးဆုံး ပြောလိုက်သည်။
“အရင်ဆုံး ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူအားလုံး သိတဲ့အရာကနေ စပြောပြမယ်။ အင်မော်တယ် ဝင်ရိုးကျောက်တုံးတွေ မပါဘဲ ကောင်းကင် အင်မော်တယ် အဆင့်ကနေ ဆက်တက်ဖို့ မဖြစ်နိုင်ဘူး ပြီးတော့ အင်မော်တယ် ဝင်ရိုးကျောက်တုံးတွေက လူတစ်ယောက်ရဲ့ အင်မော်တယ်တာအို လမ်းစဉ် တစ်ခုပဲ။
အင်မော်တယ်ဝင်ရိုးကို ဖွဲ့စည်းပြီးမှ လူတစ်ယောက်ရဲ့ တာအိုက ဦးတည်ချက်နဲ့ ရည်ရွယ်ချက်ဆိုပြီး ရှိလာလိမ့်မယ်။ တခြားနည်းနဲ့ ပြောရမယ်ဆိုရင် အင်မော်တယ် တာအိုအတွက် အခြေခံအုတ်မြစ် အစစ်အမှန်ပေါ့။ အင်မော်တယ်ဝင်ရိုး ကျောက်တုံးတွေက ကောင်းကင် အင်မော်တယ်အဆင့် ကျင့်ကြံသူတွေ အတွက် အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းနိုင်ဖို့ အခြေခံအကျဆုံး နည်းလမ်း တစ်ခုပဲ။
အင်မော်တယ် ဝင်ရိုးကျောက်တုံးမှာ ကောင်းကင်တာအို စွမ်းအား ပါရှိနေတာဆိုတော့ အင်မော်တယ် ဝင်ရိုးကျောက်တုံးကို သုံးပြီး အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းမယ်ဆိုရင် သဘာဝတရားရဲ့ အင်မော်တယ် လမ်းစဉ်ကို အလွယ်တကူ ခံစားမိလိမ့်မယ်။
ဒါပေမဲ့လည်း အင်မော်တယ် ဝင်ရိုးကျောက်တုံးတွေက အင်မော်တယ် တစ်ပိုင်း နယ်ပယ်က ရောက်လာတာဆိုတော့ အရမ်းရှားပါးတယ်။ ကျုပ်ကြားတာတော့ အင်မော်တယ် တစ်ပိုင်းနယ်ပယ်က ပျက်စီးသွားပြီးတော့ အင်မော်တယ်လျို ဖြစ်သွားလို့ အင်မော်တယ် ဝင်ရိုးကျောက်တုံး ရဖို့ ပိုရှားပါးလာတယ်တဲ့”
“အဲဆို ခင်ဗျားတို့တွေက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ အင်မော်တယ် ဝင်ရိုး ကျောက်တုံးကို သုံးကြတာပဲလား” မိုဝူကျီက မေးလိုက်သည်။
ကျိုးယီရှန်းက ပြန်ဖြေလိုက်သည်။
“မဟုတ်ဘူး။ အဆင့်အတန်းနဲ့ အရည်အသွေး ပိုမြင့်မားတဲ့ သူတွေကျ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ အင်မော်တယ်ဝင်ရိုး ကျောက်တုံးကို မသုံးကြဘူး”
“ဘာလို့လဲ” မိုဝူကျီက ထပ်မေးလိုက်သည်။
ကျိုးယီရှန်းက ဆက်ရှင်း ပြလိုက်သည်
“အင်မော်တယ်ဝင်ရိုး ကျောက်တုံးတွေရဲ့ ဇစ်မြစ်က အတော်လေး ဆန်းကြယ်တယ်။ ကောလဟာလ တွေကတော့ ရှေးနတ်ဘုရား မျိုးနွယ်ဝင်တွေရဲ့ တာအို အသိဉာဏ်ကနေ ဖွဲ့စည်းပြီ ဖြစ်ပေါ်လာတယ်လို့လည်း ဆိုကြတယ်။
တစ်ယောက်ယောက်က အင်မော်တယ် ဝင်ရိုးကျောက်တုံး သုံးပြီး အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းလိုက်တာနဲ့ သူ့အပေါ်မှ တာအိုအသိဉာဏ် အမှတ်အသား ရှိသွားတယ်။ ကျင့်ကြံဆင့်နိမ့်တဲ့ သူတွေအတွက် အကျိုးမထူးပေမဲ့ အားကောင်းတဲ့ ပါရမီရှင်တွေကျ တစ်ခြားတစ်ယောက်ရဲ့ တာအိုအသိ လွှမ်းမိုးခံရရင် ပြဿနာ ဖြစ်လာနိုင်တယ်”
ခဏတာ ရပ်တန့် လိုက်ပြီးနောက် ကျိုးယီရှန်းက ဆက်ပြောလိုက်သည်။
“အဲဒါကြောင့် ကျုပ်တို့တွေက အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းဖို့ ထိပ်တန်း ကျင့်ကြံခြင်း အရင်းအမြစ်တွေကို မသုံးခင် သဘာဝတရားရဲ့ ကောင်းကင်တာအို စည်းမျည်းတွေကနေ တစ်ဆင့် ဉာဏ်အလင်း ပွင့်လာအောင် ခံစားကြည့်ရတယ်။
အဲဒီနည်းလမ်းနဲ့ အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းနိုင်ဖို့က အတော်လေး ခက်ခဲတယ် ပြီးတော့ ချမ်းသာကြွယ်ဝမှုနဲ့ နားလည်နိုင်စွမ်းလည်း လိုအပ်သေးတယ်။ အဲဒီအခြေအနေ တစ်ချက်မှ လစ်ဟာနေလို့ မရဘူး”
မိုဝူကျီက သူ့မိတ်ဆွေ တချို့က အင်မော်တယ် ဝင်ရိုးကျောက်များဖြင့် အင်မော်တယ်ဝင်ရိုး ဖွဲ့စည်းထားသည်ကို တွေးမိကာ ရင်ထဲ ဒုန်းခနဲ ဖြစ်သွားသည်။
“ဒုတိယမေးခွန်းက ခင်ဗျားတို့ထဲက ယုံရင် အကျဉ်းထောင်အကြောင်း ကြားဖူးလား” မိုဝူကျီက အင်မော်တယ် ဝင်ရိုးကျောက်တုံးများ အကြောင်း ထပ်မမေးတော့ဘဲ ယုံရင် အကျဉ်းထောင်အကြောင်း တည့်တိုး မေးလိုက်သည်။ သူက ထိုမေးခွန်းကို သိချင်နေသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း ယုံရင် အင်မော်တယ် နယ်မြေအကြောင်း ကောင်းကောင်း နားလည် ထားသည့်သူကို ရှာမတွေ့၍သာ ဖြစ်၏။
မိုဝူကျီ ထိုမေးခွန်းကို မေးလိုက်သည်နှင့် ကျိုးယီရှန်း၊ ချန်းဟန်တို့၏ အမူအယာမှာ ပြောင်းလဲသွားပြီး မုရုန်ရှန်းယွီပင် အမူအယာ ထူးဆန်း သွားတော့သည်။
မိုဝူကျီက လက်ကိုမြှောက်ကာ အသံလုံ အတားအဆီးတစ်ခု ချထား လိုက်ပြီးနောက် လေးလေးနက်နက် မေးလိုက်သည်
“တကယ်လို့ ခင်ဗျားတို့တွေ ဒီမေးခွန်းက ခက်ခဲတယ်လို့ ထင်ရင် မကြားသလို ဟန်ဆောင်လို့ ရတယ်။ ဒါပေမဲ့ ကျုပ်ကို မိတ်ဆွေအဖြစ် သတ်မှတ်ထားရင် ကျေးဇူးပြုပြီး ဖြေပေးပါ”
မိုဝူကျီက တခြားသူများကို သူ့ဖက်မှ မည်သို့ ဆက်ဆံပုံနှင့်သာ အကဲဖြတ်လေ့ ရှိသည်။ အကယ်၍ သူက ကျိုးယီရှန်းနှင့် အခြားလူများကို မိတ်ဆွေအဖြစ် သတ်မှတ်ထားလျှင် သူတို့က သူ့အား ဤမေးခွန်း ထုတ်မေးလျှင် သူ့အနေဖြင့် ချက်ချင်း ဖြေပေးမိမည် ဖြစ်သည်။ အကယ်၍ ကျိုးယီရှန်းတို့က မဖြေလိုဘူး ဆိုလျှင် သူက ဆက်မေးနေမည် မဟုတ်ပေ။ တစ်ချိန်တည်းတွင် သူက သူတို့ကို မိတ်ဆွေစစ်အဖြစ် ဆက်၍ မသတ်မှတ်နိုင်တော့ပေ။ သူတို့တွေ ဤနေရာမှ ထွက်သွား ပြီးသည်နှင့် လမ်းခွဲကြရမည် ဖြစ်၏။
မိုဝူကျီက မိတ်ဆွေဖွဲ့ရာ၌ ကလိမ်ကကျစ် မကျတတ်ပေ။ အကယ်၍ သူကူညီနိုင်လျှင် ကူညီမည် ဖြစ်ရာ သူ့ဆီမှ အကျိုးမြတ်သာ မျှော်ကိုးနေသော မိတ်ဆွေ များအတွက် သူက ဝေးဝေးနေမည် ဖြစ်၏။
ချန်းဟန်က …
“ကျုပ် ဒီဟာကို ဖြေတာက ဒီကိစ္စကို အစ်ကိုကျိုးနဲ့ စီနီယာ အစ်မမုရုန်တို့ထက် အနည်းငယ် ပိုသိလို့ပါ။ အမှန်တော့ တိုက်ပွဲကြီး အပြင် ယုံရင် အင်မော်တယ် နယ်မြေကို နိမ့်ကျသွားစေတဲ့ အကြောင်းက ပါရမီရှင်တွေ လစ်ဟာနေလို့ပဲ”
ချန်းဟန်က မုရုန်ရှန်းယွီထက် ပို၍ အတွေ့အကြုံ များပေသည်။ သို့သော် မိုဝူကျီကြောင့် မုရုန်ရှန်းယွီကို စီနီယာ အစ်မမုရုန်ဟု ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
“ဒီလိုဆိုရင် ကျင့်ကြံခြင်း လောကက ရောက်လာတဲ့ ပါရမီရှင် တွေကို မကာကွယ် ပေးသင့်ဘူးလား။ ဘာလို့ သူတို့ကို အကျဉ်းချထားတာလဲ” မိုဝူကျီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ချန်းဟန်က သက်ပြင်းချကာ …
“ပြဿနာက အဲဒါပဲ။ ယုံရင်အင်မော်တယ် နယ်မြေမှာ ကြီးပြင်းလာတဲ့ ပါရမီရှင်တွေ အများစုက ဂိုဏ်းအကြီးကြီးက ဂိုဏ်းသားတွေပဲ။ သူတို့က ယုံရင်အင်မော်တယ် နယ်မြေမှာ ကျင့်ကြံရင်းနဲ့ ကျင့်ကြံခြင်း အထောက်အပံ့တွေလည်း အများအပြား ရကြတယ်။ သူတို့တွေ အဆင့်တစ်ခုအထိ ရောက်သွားပြီဆိုရင် သူတို့က ယုံရင်အင်မော်တယ် နယ်မြေက ထွက်သွားကြပြီးတော့ ကိုယ်ပိုင်ဂိုဏ်း ရွေးချယ်ကြတယ်။ အဲဒီဖြစ်ရပ်ကြောင့် ဂိုဏ်း တော်တော် များများက ယုံရင် အင်မော်တယ် နယ်မြေထဲမှာ မဟုတ်ကြဘူး။
အဲဒီ ကျင့်ကြံသူတွေဆီမှာ ကြောက်ခမန်းလိလိ အရည်အချင်း ရှိကြတယ်။ ပြီးတော့ တခြားသူတွေထက် ကျင့်ကြံနှုန်းလည်း မြန်ဆန်တယ်။ သူတို့က ကိုယ်ပိုင်ဂိုဏ်း ရွေးချယ် ပြီးသွားရင် သူတို့ကြီးထွား လာနှုန်းက ပိုပြီးတော့ မြန်ဆန်လာတယ်။
အင်မော်တယ် နယ်မြေအမျိုးမျိုးက အရင်းအမြစ် တွေအတွက် တိုက်ပွဲတွေ ဖြစ်ကြတယ်။ ဥပမာ အနေနဲ့ဆိုရင် ဒီကျိုးပျက် ကမ္ဘာလိုမျိုးပေါ့။ နောင်ကျ တိုက်ပွဲတွေ ပိုများ လာလိမ့်မယ်။ ယုံရင်အင်မော်တယ် နယ်မြေမှာ ကြီးပြင်းလာကြတဲ့ ပါရမီရှင်တွေနဲ့ အလားအလာ ကောင်းတဲ့ ကျင့်ကြံသူတွေက ကျင့်ကြံခြင်းလောက က တက်လာတဲ့ ပါရမီရှင်တွေ လက်ချက်နဲ့ သေကုန်ကြတယ်။
ကျင့်ကြံခြင်း လောက က တက်လာတဲ့ ကျင့်ကြံသူတွေက ရက်စက်တယ်၊ နှလုံးသားမဲ့တယ် ပြီးတော့ သူတို့တွေရဲ့ သတ်ဖြတ်ရေး တိုက်ကွက်တွေက ပိုပြင်းထန်တယ်။ သူတို့က ယုံရင်ကျင့်ကြံသူ တွေထက် ပိုပြီးတော့လည်း အားကောင်းကြတယ်။
လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာတုန်းက ဟွမ်ရှားလို့ခေါ်တဲ့ ကြယ်အဆင့် ပါရမီရှင် တစ်ယောက် ရှိတယ်။ သူက ကျင့်ကြံခြင်းလောကက ယုံရင် အင်မော်တယ် နယ်မြေကို ရောက်လာတာပဲ …
ဒါပေမဲ့ သူက လော့လင် အင်မော်တယ်နယ်မြေရဲ့ မဟာဓားလမ်းစဉ် ဂိုဏ်းသားတစ်ယောက် ဖြစ်နေတာ။ သူက ယုံရင်အင်မော်တယ် နယ်မြေမှာ ရွမ်းရှန်း အဆင့်ထိ ရောက်ပြီးတော့ လော့လင် အင်မော်တယ်နယ်မြေက မဟာဓား လမ်းစဉ်ဂိုဏ်းကို ဝင်သွားတာ။ လျှို့ဝှက်နယ်မြေ တိုက်ပွဲအတွင်း သူတစ်ယောက်တည်း ယုံရင်အင်မော်တယ် နယ်မြေရဲ့ ပါရမီရှင် ၃၁၇ယောက်ကို သတ်ပစ်ခဲ့တယ်။ အဲကြောင့် ယုံရင်အင်မော်တယ် နယ်မြေအနေနဲ့ ဆုံးရှုံးမှု အကြီးကြီး ကြုံတွေ့ခဲ့ရတယ်။
အချိန်ကြာလာတော့ ယုံရင်အင်မော်တယ် နယ်မြေက ပိုပိုပြီး အားနည်းလာတယ်။ ဒီလို ဆက်ဖြစ်နေမယ်ဆိုရင် နယ်မြေက တခြားနယ်မြေတွေရဲ့ ကျူးကျော်မှုကို အနှေးနဲ့ အမြန် ခံရလိမ့်မယ်။
အဲဒါကြောင့်မလို့ ယုံရင်အင်မော်တယ်ရဲ့ ကောင်းကင် ဧကရာဇ်နဲ့ ထိပ်သီးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေက အဲကိစ္စကို ဆွေးနွေး တိုင်ပင်ပြီးတော့ ကျင့်ကြံခြင်းလောကက သူတွေကို အင်မော်တယ် တစ်ပိုင်းနယ်ပယ်မှာ ထားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
အင်မော်တယ်တစ်ပိုင်း နယ်ပယ်က တည်ရှိနေတာ ကြာပြီဆိုတော့ အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ကျင့်ကြံသူတွေက အခွင့်အရေးတွေ အသုံးချပြီး ယုံရင်အင်မော်တယ် နယ်မြေကို ဝင်ဖို့ ကြိုးစားကြတယ်။ သူတို့ကို နှစ်များစွာအထထိ တားမြစ်ထားနိုင်တယ်။ သူတို့က ကြယ်လေးလုံး အဆင့်နဲ့ အထက်ဖြစ်နေရင် သူတို့ကို ယုံရင် အကျဉ်းထောင်ဆီ ခေါ်သွားလိုက်ကြတာ”
“အဲဆို ယုံရင်အင်မော်တယ် နယ်မြေအတွက် သွေးသစ္စာဆိုကြတဲ့ သူတွေကိုတော့ ပြန်လွတ်ပေးတယ်ပေါ့” မိုဝူကျီက စတင် နားလည်လာသည်။
ချန်းဟန်က သက်ပြင်း နောက်တစ်ကြိမ် ထပ်ချကာ …
“အစ်ကိုကြီးမို ပြောသလိုပါပဲ။ ယုံရင်အင်မော်တယ် နယ်မြေအတွက် တိုက်ခိုက်ပေးရင် ဒါမှမဟုတ် သူတို့ဂိုဏ်းကို ယုံရင်အင်မော်တယ် နယ်မြေအတွက် ပြန်ပြီး သူလျှိုလုပ်ပေးမယ် ဆိုရင် လွတ်ပေးတယ်။
ကျန်တဲ့ သူတို့ ဘဝတစ်လျှောက်လုံး ယုံရင်အင်မော်တယ် နယ်မြေအတွက် ရှင်သန်သွားရမယ်။
ဒါပေမဲ့ ကြယ်အဆင့် ပါရမီရှင်တွေက နဂိုကတည်းက မောက်မာပြီးတော့ မာနကြီးတဲ့ သူတွေဆိုတော့ အဲလိုမျိုး ဘယ်တော့မှ မလုပ်ကြဘူး။ သူတို့က သူတို့ဂိုဏ်း အတွက် တိုက်ပေးချင်လို့ မဟုတ်ဘူး။ အကြောင်းက သူတို့က အင်မော်တယ်တာအိုကို ချုပ်နှောင် ထားခံရတာမျိုးကို မလိုလားကြဘူး”
မိုဝူကျီက နားမလည်၍ ထပ်မေးလိုက်သည်
“ယုံရင် အကျဉ်းထောင်က ယုံရင်အင်မော်တယ် နယ်မြေမှာ ဝှက်ထားတယ် ဆိုရင်တောင် အင်မော်တယ်တစ်ပိုင်း နယ်ပယ်က ဝှက်ထားလို့ရတဲ့ နေရာမှ မဟုတ်တာ။ တခြားအင်မော်တယ် နယ်မြေတွေက ဘာလို့ ဘာမှဝင်မပြောကြတာလဲ”
***