← Chapters

မိုဝူကျီ၏ စိတ်ပျက်မှု

Vol. 39 Ch. 539

မိုဝူကျီ၏ စိတ်ပျက်မှု

Vol. 39 Ch. 539

ဤအခိုက်အတန့်၌ ရွှေရောင်ဆံပင်ပိုင်ရှင် မိန်းကလေးက သူမ၏ ရွေးချယ်မှုမှာ မှန်ကန်ကြောင်း နားလည်သွားပေ၏။ အကြီးအကဲမိုက တျန်းဂျီဂိုဏ်းဘက်မှ ဖြစ်ကြောင်း သိလိုက်သည်။ သူမက မြန်မြန် ဝင်ပြောလိုက်သည်။

“စီနီယာမို … စီနီယာအစ်ကို ပြန့်ဟွေ့ယွီ နဲ့ စီနီယာအစ်မ စုရိုအာတို့ကို ဗလာနတ္ထိ ကြေးမုံ အင်မော်တယ်တာအိုရဲ့ ကုန်သည်အိမ်တော်မှာ ဖမ်းထားတယ်”

မိုဝူကျီ မျက်ဝန်းမှာ အေးစက်လာပြီး ဖူကျန်းဆောင်ဘက် လှည့်ကာ

“ခင်ဗျားကို အမွေးတိုင် တစ်ဝက်စာ အချိန်ပေးမယ်။ တခြား လူနှစ်ယောက်ကို ထိခိုက်ဒဏ်ရာမရှိဘဲ  ဒီခေါ်ခဲ့ …”

“ဟုတ်ကဲ့” အကယ်၍ မိုဝူကျီသာ စောစောစီးစီး ပြောခဲ့မိလျှင် ဖူကျန်းဆောင်က ဟာသပြက်လုံး အဖြစ်သာ ယူဆမိပေလိမ့်မည်။ သို့သော်လည်း ဖူကျန်းဆောင်က  ထိုအတွေးမျိုး မတွေးရဲတော့ပေ။ သူ့အမြင်အရ မိုဝူကျီ၏ စကားမှာ ရွေထက် အလုံးအထည် ရှိပေသည်။

သူက ဆက်သွယ်ရေး ပုတီးစေ့ကို ထုတ်ကာ သတင်းလှမ်းပို့ လိုက်သည်။ ထို့နောက် ဘေးတွင် ရပ်ကာ ပြုံးလိုက်သည်။ သူက မကြောက်ဘဲ မနေနိုင်တော့ချေ။ အကယ်၍ မိုဝူကျီက ဂုဏ်ထူးဆောင် အကြီးအကဲ ဟုတ်မနေလျှင်ပင် ဂုဏ်ထူးဆောင် အဆင့်၄ ဆေးလုံး ဘုရင်အဆင့် တစ်ခုတည်းဖြင့် သူ့အား ထိပ်သီးဂိုဏ်းကို ဝင်စေနိုင်ရန် လုံလောက်ပေ၏။ ဂုဏ်ထူးဆောင် အဆင့်၄ ဆေးလုံးဘုရင် တစ်ယောက်အတွက်  ထိပ်သီးဂိုဏ်း အနေဖြင့် သူတို့ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းကို ဖျက်စီးဖို့ဆိုတာ မဖြစ်နိုင်ခြင်း မဟုတ်ပေ။

“အကြီးအကဲမို … ကျုပ် ဒီတစ်ခါတော့ လူမှန်ဆီ ရောက်လာတာပဲ” ထိုစဉ် တူကျူက ရှေ့ထွက်လာကာ  လက်နှစ်ဖက် ဆုပ်ထားပြီး  မိုဝူကျီကို အပြုံးများ ဝေဝေဆာအောင် ပြုံးပြရင်း ပြောလိုက်သည်။

“အစ်ကိုတူ ကျုပ်မှာ ကိစ္စလေးတွေ ရှိနေတာနဲ့ နှောင့်နှေးနေတာ ...  ဒါနဲ့ အစ်ကိုတူက တစ်ခုခုများ လိုအပ်လို့လား” မိုဝူကျီ၏ အမူအယာမှာ ပို၍ ဖော်ရွေလာသည်။

တူကျူက အနည်းငယ် နေရခက်နေသော်လည်း …

“ကျုပ်ဆီမှာ ရွမ်ရှန်း ပြီးပြည့်စုံခြင်း အဆင့်မှာ တစ်နေတဲ့ မိတ်ဆွေ တစ်ယောက် ရှိတယ်။ သူက မဟာယီ အစစ်အမှန် ဆေးလုံး လိုအပ်နေတာနဲ့ အစ်ကိုမိုများ ကူညီပေးနိုင်မလားလို့ လာတွေ့တာ”

ထိုသို့ပြောပြီး တူကျူက လက်စွပ်တစ်ကွင်း ထုတ်ကာ မိုဝူကျီဆီ လှမ်းပေးလိုက်သည်။

“ဒါက လက်စွပ်အတွက် လိုအပ်တဲ့ အင်မော်တယ် ဆေးပင်တွေပါ”

မိုဝူကျီက လက်စွပ်ကို လက်ခံလိုက်ပြီး အထဲတွင် မဟာယီ အစစ်အမှန်ဆေးလုံး တစ်သုတ်စာ ဖော်စပ်နိုင်မည့် အင်မော်တယ် ဆေးပင်များကို တွေ့လိုက်ရသည်။ ထို့အပြင် အတော်လေး အဆင့်မြင့်သော ပန်းပဲပစ္စည်း ဆယ်မျိုးနှင့် အဆင့်မြင့် အင်မော်တယ်ကျောက် နှစ်သိန်းကိုပါ မြင်လိုက်ရသည်။ ထိုအပိုပစ္စည်းများမှာ သူ့ဝန်ဆောင်ခအဖြစ် ပေးထားခြင်းမှာ သိသာလှသည်။

မိုဝူကျီက လက်စွပ်ကို လက်ခံကာ ရယ်မောလိုက်ရင်း …

“အစ်ကိုတူက အချိန်ကိုက် ရောက်လာတာပဲ။ ဖြစ်ချင်တော့ ကျုပ်ဆီမှာ  မဟာယီ အစစ်အမှန် ဆေးလုံးတချို့ ရှိတယ်”

မိုဝူကျီက ပြောလိုက်ရင်း ကျောက်စိမ်းပုလင်းကို ထုတ်ကာ တူကျူဆီ ပေးလိုက်သည်။

တူကျူက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့် လိုက်သည့်အခါ တအံ့တဩ ဖြစ်သွားပြီး …

“ဒါက အရမ်းများလွန်း နေပါပြီ။ ကျုပ်တစ်ဝက်ပဲ ယူပါ့မယ်”

မိုဝူကျီ၏ ကျောက်စိမ်းပုလင်းတွင် မဟာယီ အစစ်အမှန် ဆေးလုံး ခြောက်လုံး ပါဝင်နေပြီး အတော် များနေလေ၏။ ဆေးလုံးဆရာ တစ်ယောက်အတွက် ဝယ်ယူသူကို ၄၀ရာခိုင်နှုန်း ပေးလျှင်ပင်  မဆိုးလှပေ။ မဟာယီရှန်း အစစ်အမှန် ဆေးလုံး တစ်သုတ်၌  ဆေး ၁၂လုံးသာ ပါဝင်ပြီး မိုဝူကျီက သူ့အား ခြောက်လုံး ပေးလိုက်ခြင်းမှာ တစ်ဝက်ပေးခြင်းနှင့် ညီမျှပေသည်။

သို့သော် တူကျူကို အံ့ဩသွားစေသည်မှာ ဆေးခြောက်လုံးလုံးမှာ  ပြိုင်ဖက်ကင်းအဆင့် ဖြစ်နေခြင်း ဖြစ်သည်။ ထိုပြိုင်ဖက်ကင်း  မဟာယီ အစစ်အမှန်ဆေးလုံး ခြောက်လုံး၏ တန်ဖိုးမှာ အဆင့်မြင့် မဟာယီ အစစ်အမှန် ဆေးလုံး တစ်သုတ်စာထက် ပို၍ တန်ဖိုးမြင့်ပေသည်။

ဆေးလုံးဘုရင် တစ်ယောက်အတွက်  ပြိုင်ဖက်ကင်း အဆင့်ကို ဆိုမထားနှင့်   မဟာယီ အစစ်အမှန် ဆေးလုံး ဖော်စပ်နိုင်မည်ဆိုလျှင်ပင် ကံကောင်းမှုအကြီးကြီး ဖြစ်ပေသည်။ ဈေးကွက်၌ မဟာယီ အစစ်အမှန်ဆေးလုံး အများစုမှာ အလယ်အလတ်အဆင့်နှင့်  အဆင့်နိမ့်များသာ ဖြစ်ကြသည်။ ရံဖန်ရံခါ၌  အဆင့်မြင့် ဆေးလုံး အချို့ကို တွေ့ရတတ်သည်။ ပြိုင်ဖက်ကင်းအဆင့် မဟာယီ အစစ်အမှန် ဆေးလုံးများကို လေလံပွဲ၌သာ ဝယ်ယူလို့ ရပေ၏။

ပြိုင်ဖက်ကင်း မဟာယီ အစစ်အမှန်ဆေးလုံး ခြောက်လုံးရှေ့တွင် သူပေးလိုက်သည့် ဝန်ဆောင်ခ အနည်းလေးမှာ မပြောပြ လောက်တော့ပေ။

မိုဝူကျီက တူကျူ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“မကြာခင် ကျုပ်ခရီးထွက် ရမှာဆိုတော့ ကျုပ်ဆိုင်ကို ကူပြီး စောင့်ရှောက်ပေးပါဦး”

တူကျူက မိုဝူကျီသည် လောကဝတ် သဘောမျိုး ပြောနေမှန်း သိပေသည်။ မိုဝူကျီက ဤနေရာ စူးခရာအင်မော်တယ် မြို့ဟောင်း၌  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏  အကြီးအကဲ တစ်ဦးဖြစ်ရာ အဘယ်ကြောင့်များ သူ့ဆိုင်ကို စောင့်ရှောက်ဖို့  အကူအညီ  လိုအပ်မည်နည်း။  သူက စိတ်လှုပ်ရှားစွာသာ ပြောလိုက်သည်

“အစ်ကိုမို  စိတ်ချနေပါ။ ကျုပ်မကြာမကြာ လာကြည့်ပေးပါ့မယ်”

သူက ဖူကျန်းဆောင်ကို ကြည့်လိုက်သည်။ သူ့အမြင်အရ မိုဝူကျီ ပြောလိုက်သည့် စောင့်ရှောက် ပေးပါဦး ဆိုသည့် စကား နောက်ကွယ်မှာ  ဖူကျန်းဆောင်တို့လို  မျက်လုံးစုံမှိတ် လုပ်နေကြသော လူမျိုး လက်ထဲမှ ကာကွယ်ခိုင်းခြင်းသာ ဖြစ်ပေသည်။

ဘေးတွင် ဖူကျန်းဆောင်က ထိုမြင်ကွင်းကို မြင်ပြီး တုန်လှုပ်မိသွားသည်။ ဆေးလုံးဘုရင်မှာ အတော်လေး အံ့အားသင့်စရာ ကောင်းပြီး အင်မော်တယ် ဘုရင်အဆင့်ပင် ထိုသို့မျိုး မဟာယီ အစစ်အမှန်ဆေးလုံး ပုလင်း ကို မထုတ်နိုင်ကြပေ။

လူလတ်အမျိုးသား တစ်ဦးက အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက် ခေါ်မလာခင်အထိ နှစ်ယောက်သား  စကားဆက်‌ ပြောနေလိုက်ကြသည်။

မိုဝူကျီက လူလတ်အမျိုးသားကို ဂရုမစိုက်ပေ။ ထိုလူမှာ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းကမှန်း သိပေသည်။  သူက အမျိုးသားနှင့် အမျိုးသမီးကို ကြည့်လိုက်သည်။

အမျိုးသားက ငယ်ရွယ်သည့်ပုံ ပေါ်ကာ  သူ့အရှိန်အဝါက  စိုးရိမ်စရာ ကောင်းနေပြီး သူ့ဒဏ်ရာများမှ ပြန်မကောင်းသေးကြောင်း သိသာလှသည်။ အမျိုးသမီးက ယီလန်ထက် ပိုမို ရင့်ကျက်သည့်ဟန် ရှိပြီး မိန်းမလှ‌လေးတစ်ဦး ဖြစ်ပေသည်။ သူမ ဒဏ်ရာ များမှာလည်း မနည်းပါးကြောင်း သိသာကာ သူမ၏ အမူအယာမှာ မှေးမှီန်နေလေ၏။ သူမ၌   မသေချာမှု များသာ ကြီးစိုးနေသည်။

“အစ်မရိုအာ … အစ်ကို ဟွေ့ယွီ  …” သူတို့နှစ်ယောက်ကို မြင်ပြီး ယီလန်က အကြောက်တရားများကို မေ့လျော့ပြီး သူတို့နှစ်ယောက်ဆီ သွားလိုက်သည်။

“ယီလန် ဘာတွေ ဖြစ်နေတာလဲ”

အမျိုးသမီးက တည်ငြိမ်စွာ မေးလိုက်သည်။ ဓားအမာရွတ်နှင့် ကျင့်ကြံသူနှင့် ခပ်ဝဝ ကျင့်ကြံသူတို့က  ဒဏ်ရာများနှင့် ရပ်နေကြပြီး ယီလန်က စိတ်လှုပ်ရှား နေသည့်ပုံ ပေါက်နေသောကြောင့် မေးလိုက်ခြင်း ဖြစ်၏။

ယီလန်က မြန်မြန် ပြောလိုက်သည်  “အကြီးအကဲမို က ကူညီပေးခဲ့တာပါ”

သူမက ထပ်မပြောတော့ပေ။ ထိုစဉ် ဖူကျန်းဆောင်က မိုဝူကျီရှေ့၌  စိုးရိမ်နေသည့် အမူအယာနှင့် ရိုရိုကျိုးကျိုး ရပ်နေသည်။

“အကြီးအကဲမို သူတို့ကို ‌ခေါ်လာပါပြီ” ဖူကျန်းဆောင် အသံတွင် မသေချာမှုများ ပါဝင်နေသည်။

မိုဝူကျီ၏ အပြုအမူမှာ အနည်းငယ် ပျက်ယွင်း သွားသော်လည်း  ဘာမှတော့ မပြောပေ။ အကြောင်းမှာ  သူက ဘာမှမပြောချင်၍ မဟုတ်ဘဲ  ကူကယ်ရာ မဲ့လွန်းနေ၍ ဖြစ်သည်။ သူ့ကျင့်ကြံဆင့်မှာ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းမှ လူများကို သင်ခန်းစာ ပေးရန် အလွန်နိမ့်ကျ နေသေး၏။

တျန်းဂျီဂိုဏ်းကား အမှန်ပင် သနားစဖွယ် အခြေအနေနှင့်သာ ကြုံတွေ့ နေရသည်။ ကျင့်ကြံခြင်း လောက၌  ဂိုဏ်းမှာ ဖျက်စီး ခံလိုက်ရပြီး ရှင်ကျန်သူများက သူ့ကို တျန်းဂျီ ဂိုဏ်းချုပ်အဖြစ် တင်မြှောက် ခဲ့ပေသည်။ အင်မော်တယ် လောကသို့ ရောက်ရှိပြီး နောက်တွင်ပင် တျန်းဂျီဂိုဏ်း၏ ထောက်ပံ့မှုကို ရသင့်သော်လည်း ယခုအခါ   သူက ကလေးထိန်း တစ်ယောက် ဖြစ်ပေဦးမည် မဟုတ်ပါလော။

မိုဝူကျီ၏ တိတ်ဆိတ်နေမှုကို သတိထားမိပြီး ဖူကျန်းဆောင်က လက်စွပ်သုံးကွင်းကို ထုတ်ကာ ယီလန်တို့အား ပေးလိုက်သည်။

“ဒါတွေက မင်းတို့ လက်စွပ်တွေပါ။ ပြီးတော့ အပိုပစ္စည်းတွေက ကျုပ်ပေးတဲ့ လျော်ကြေးပါ”

ပြန့်ဟွေ့ယွီနှင့် စုရိုအာတို့က လက်စွပ်များ ပြန်ယူဖို့ လက်မနှေးကြပေ။ သူတို့လက်စွပ် အတွင်း၌ ပစ္စည်းအပိုများစွာ ရှိလာသော်လည်း ထိုလက်စွပ် သုံးကွင်းမှာ နဂို သူတို့အပိုင် ဖြစ်ပေသည်။ ယီလန်၏ လက်စွပ်ကို မယူရသေးသော်လည်း သူမ၏ စီနီယာများ ယူလိုက်သည်ကို မြင်လိုက်သောအခါ လက်ခံလိုက်တော့သည်။

လက်စွပ်ကို လက်ခံတာကို မြင်ပြီးနောက် ဖူကျန်းဆောင်က သက်ပြင်းအရှည်ကြီး ချကာ မိုဝူကျီဘက် လှည့်လိုက်သည်။

“ထွက်သွားကြစမ်း” မိုဝူကျီက အလေးအနက် ပြောလိုက်သည်။

သူ့စိတ်ထဲ၌ မကျေနပ်ချက်များ ရှိနေသေးသော်လည်း ဖူကျန်းဆောင်က လက်နှစ်ဖက် ယှက်ကာ နှုတ်ဆက်လိုက်ပြီး သူ့လက်အောက်ခံများကို ခေါ်သွားလေသည်။ သူ့ဂိုဏ်းချုပ်ကို ဤကိစ္စ အကြောင်း ကြားချင်နေမိသည်။ အကယ်၍ တျန်းဂျီဂိုဏ်း၌ မိုဝူကျီကဲ့သို့ နောက်ခံမျိုး  ရှိနေလျှင်  သူတို့ ဗလာနတ္ထိ ကြေးမုံ အင်မော်တယ် တာအိုဂိုဏ်းအနေနှင့် အလွယ်တကူ ဝင်ရှုပ်၍ ရမည့်အရာ မဟုတ်တော့ပေ။

ထို့အပြင်  တျန်းဂျီဂိုဏ်းကို ဖျက်စီးခဲ့သူမှာ မဟာဓားလမ်းစဉ် ကိုယ်တိုင် မဟုတ်ဘဲ  အကြီးအကဲ တစ်ယောက်မျှသာ ဖြစ်ပေသည်။ ဤကိစ္စရပ် တစ်ခုလုံးကို မဖြေရှင်း ရသေးသော်လည်း တျန်းဂျီဂိုဏ်းနှင့် ရန်ငြိုးမကြီးခင် သူတို့ ဝင်မပါသည်က အကောင်းဆုံး ဖြစ်လိမ့်မည်။

“ကျုပ်လည်း သွားလိုက်ပါဦးမယ်။ နောင်အစ်ကိုမို  တစ်ခုခု လိုအပ်ရင် ကျုပ်ကို အချိန်မရွေး လာပြောလို့ ရပါတယ်”

တူကျူလည်း နှုတ်ဆက်ကာ ထွက်သွားလေ၏။ ယနေ့ ရရှိလာသည့် သူ့အကျိုးမြတ်မှာ   နည်းနည်းနောနော မဟုတ်ပေ။ သူက မိုဝူကျီ၏ ဇစ်မြစ်အစစ်ကို သိခဲ့ရုံသာမက  ပြိုင်ဖက်ကင်း အဆင့် မဟာယီ အစစ်အမှန်ဆေးလုံး ခြောက်လုံးလည်း ရရှိခဲ့ပေသည်။

မိုဝူကျီက တူကျူကို ပို့ပြီးနောက် တုံ့ဟွားလုံဆီမှ ကျောက်စိမ်းပြား နှစ်ခုကို ပြန်သိမ်းကာ  လင်းဂူအား ပြောလိုက်သည်။

“ကျုပ်ကို ခဏအောက်မှာ စောင့်နေပေးပါ့လား။ မကြာခင် ပြန်ဆင်း လာခဲ့မယ်။ ပြီးတာနဲ့  စူးခရာ အင်မော်တယ် မြို့ဟောင်းကနေ ထွက်သွားကြမယ်”

ထိုသို့ပြောပြီး ယီလန်တို့ဘက် လှည့်ကာ  “သုံးယောက်လုံး အပေါ်တက်ခဲ့ပါ”

သုံးယောက်လုံး၏ အသက်ကို မိုဝူကျီက ကယ်တင်လိုက်မှန်း သိကြသည်။  ထို့အပြင် မိုဝူကျီ၏ ဆေးစံအိမ်မှာ တျန်းဂျီဆေးစံအိမ်ဟု ခေါ်သေး၏။ မိုဝူကျီက  သူတို့ကို မခေါ်လျှင်ပင်  သူတို့က အခြေအနေကို သိချင်နေကြသည်။

“ကယ်တင် ပေးခဲ့တဲ့အတွက်  တျန်းဂျီဂိုဏ်းရဲ့ ပြန့်ဟွေ့ယွီ၊ စုရိုအာနဲ့ ယီလန်တို့က  စီနီယာအစ်ကိုမိုကို ကျေးဇူးတင်ပါတယ်” သူတို့တွေ ဒုတိယအထပ် ရောက်လာသည်နှင့် စုရိုအာက ဦးဆောင်၍ မိုဝူကျီအား ဦးညွှတ်ကာ ကျေးဇူးစကား ဆိုလိုက်သည်။

မိုဝူကျီက လက်ကာပြကာ  …

“ဒီဟာတွေက အရေးမကြီးပါဘူး။ တျန်းဂျီဂိုဏ်းကို ဘယ်သူက ဖျက်စီး သွားတာလဲ။ ပြီးတော့ ဘယ်လိုဖြစ်ခဲ့တာလဲ”

စုရိုအာက ရှင်းပြလိုက်သည်။

“ဂိုဏ်းချုပ်ရဲ့ တပည့် ယူအောင်းက မဟာဓားလမ်းစဉ်ရဲ့ ပါရမီရှင် တစ်ယောက်ကို သွားရန် စမိပြီးတော့  မဟာဓားလမ်းစဉ်ရဲ့ အကြီးအကဲ ဆာကျန်းရဲ့ တပည့်ကို သတ်ခဲ့မိတာပါ။

အဲဒါနဲ့ ဆာကျန်းက သူ့လူတွေကို တျန်းဂျီဂိုဏ်းဆီ ခေါ်လာပြီး  တျန်းဂျီဂိုဏ်း တစ်ခုလုံးကို မြေခအောင် လုပ်ပစ်ခဲ့တယ်”

“ဘယ်အချိန်က ဖြစ်တာလဲ။ ပြီးတော့  မဟာဓားလမ်းစဉ်ကို ဘယ်လိုဖြစ်ပြီးတော့ ရန်စမိတာလဲ” မိုဝူကျီက အခုထိ နားမလည်နိုင်သေးပေ။

စုရိုအာက ပြန်ဖြေလိုက်ကာ …

“ဒီကိစ္စက လွန်ခဲ့တဲ့ နှစ်၆၀၀ ကတည်းက ဖြစ်ခဲ့တာ။ ယူအောင်းက  မဟာဓားလမ်းစဉ်ရဲ့ အမျိုးသမီး ကျင့်ကြံသူ တစ်ယောက်ကို သဘောကျ သွားတယ်။ ဒါပေမဲ့ အဲဒီကောင်မလေးက သူ့ကို မနှစ်သက်တာနဲ့   အတင်းအဓမ္မ ကျင့်ပြီးတော့ သတ်ပစ်ခဲ့တာ  ။ အဲဒါကြောင့်  မဟာဓားလမ်းစဉ်ရဲ့ အကြီးအကဲက ဒေါသူပုန်ထပြီးတော့ မဟာအကြီးအကဲက သူ့လူတွေ ခေါ်လာပြီးတော့ တျန်းဂျီဂိုဏ်းကို ဖျက်စီးပစ်ခဲ့တယ်”

မိုဝူကျီ မျက်နှာမှာ အမူအယာ ပျက်ယွင်း သွားလေ၏။ အကယ်၍ ဤအရာမှာ အကြောင်းအရင်း ဖြစ်နေလျှင် တစ်ဖက်လူက ဂိုဏ်းကြီး တစ်ခု၏ အကြီးအကဲ ဖြစ်နေသည်ကို ပြောနေဖို့ မလိုသေးပေ။ သူကိုယ်တိုင်ဆိုလျှင်ပင်  တျန်းဂျီဂိုဏ်းသို့  သွား၍ သတ်ပစ်မိလိမ့်မည်။

“အဲဆို ယူအောင်းကရော။ တျန်းဂျီဂိုဏ်းက ယူအောင်းကို  လွဲပေးပေးမဲ့  မဟာဓားလမ်းစဉ်ရဲ့ အကြီးအကဲက  ငြင်းလိုက်တာလား”

မိုဝူကျီ၏ လေသံမှာ  သိသိသာသာ အေးစက် လာလေ၏။

စုရိုအာက မိုဝူကျီ လေသံပြောင်းလဲ သွားမှုကို သတိထားမိပြီး  စိတ်ထဲမှ သက်ပြင်းချကာ ပြန်ဖြေလိုက်ရသည်။

“ယူအောင်းက ကျွန်မတို့ တျန်းဂျီဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် ပြီးတော့  ဂိုဏ်းချုပ်ရဲ့ တပည့်လည်း ဖြစ်တယ်။  အသက်တစ်ရာ မတိုင်ခင် မဟာယီရှန်း အဆင့်ထိလည်း ရောက်လာတယ်။

သူ့အတွက် အင်မော်တယ် ဧကရာဇ် ဖြစ်လာဖို့က ဖြစ်လာနိုင်တယ်။  ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက ယူအောင်းကို လက်လွဲ မပေးချင်ကြဘူး။ ပြီး‌တော့  မဟာဓားလမ်းစဉ်ရဲ့ အကြီးအကဲက တျန်းဂျီဂိုဏ်းကို ဖျက်စီးဖို့ ဆုံးဖြတ်ထားတာ ဆိုတော့  ယူအောင်းကို လွဲပေးရင်တောင် အဲဒီအကြီးအကဲကို ရပ်တန့်ဖို့က ဖြစ်နိုင်မလား မသေချာဘူး

ကျွန်မရဲ့ ဆရာက သူတိုအနေနဲ့ ရလဒ် မပြောင်းလဲရင်တောင်  ယူအောင်းကို လွဲပေးရမယ်ဆိုပြီး ဖြောင့်ဖြခဲ့သေးတယ်။ သူမက  သူမရဲ့ အသက်ကို နှမြောလို့ မဟုတ်ဘူး။ ယူအောင်းလို လူမျိုးက ပါရမီရှင် ဖြစ်နေရင်တောင် သေသင့်တယ်ဆိုပြီး တွေးခဲ့တာ”

မိုဝူကျီက ထပ်မေးလိုက်သည်  “ဘာတွေ ဆက်ဖြစ်သွားတာလဲ”

စုရိုအာ အသံမှာ စိတ်ဓာတ်ကျသွားဟန်ဖြင့်

“အဲဒီနောက်ကျ ကျွန်မဆရာက  ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ လက်ချက်ကြောင့် သေဆုံး သွားခဲ့တယ်။ သူတို့က သူမအနေနဲ့ သူမဘာသာ ကယ်ဖို့  ဂုဏ်သိက္ခာ မရှိဘူးဆိုပြီး တျန်းဂျီဂိုဏ်းသား ဖြစ်ဖို့ မတန်ဘူးဆိုပြီး သတ်ပစ်ခဲ့ကြတာ။

ကျွန်မတို့တွေ အနည်းငယ်လောက်ပဲ  တျန်းဂျီဂိုဏ်းကနေ ထွက်လာဖို့ ဆုံးဖြတ်ခဲ့ကြတာ  ….

ကျွန်မ တို့တွေက တျန်းဂျီဂိုဏ်းသား မဖြစ်လိုတော့ပေမဲ့ မဟာဓားလမ်းစဉ်က ကျွန်မတို့ကို တျန်းဂျီဂိုဏ်းရဲ့ လူယုတ်မာအဖြစ်ပဲ သတ်မှတ် ထားကြတာ။ နှစ်ရာချီနေပြီဆိုပေမဲ့  ကျွန်မတို့နောက် ဆက်လိုက်နေတုန်းပဲ။

ပြီးတော့ ဂျုနီယာညီမလေး ယီလန်က  ကျွန်မရဲ့ ဆရာအသစ် လက်ခံထားတဲ့ တပည့် တစ်ယောက်ပါ။ သူမက တျန်းဂျီဂိုဏ်းနဲ့ ဆိုင်တောင် မဆိုင်ပါဘူး”

“အဲဆိုရင် တျန်းဂျီဂိုဏ်းရဲ့ တခြားသူတွေကရော သေသွားပြီလား”

မိုဝူကျီက အနည်းငယ် စိတ်ဓာတ် ကျသွားသည်။ သူတျန်းဂျီဂိုဏ်းကို သဘောကျသည့် အကြောင်းအရင်းမှာ ပျောက်ဆုံးနယ်မြေမှ ယခင် တျန်းဂျီ ဂိုဏ်းချုပ်ကြောင့် အပြင်  ဂိုဏ်း၏ ဆောင်ပုဒ်ကြောင့်လည်း ဖြစ်ပေသည်။

အကယ်၍ တျန်းဂျီဂိုဏ်း၌ ထိုဆောင်ပုဒ် ရှိနေပြီး  တပည့်တစ်ယောက်၏  ပါရမီကြောင့် အပြစ်များကို လျစ်လျူရှု သည်ဆိုလျှင် ထိုဂိုဏ်းမှာ သေချာပေါက် ဖျက်စီးခံသင့်ပေသည်။

“တော်တော်များများတော့ သေဆုံး သွားကြတယ်။  အကြီးအကဲ တချို့နဲ့ ယူအောင်းတို့က ထွက်ပြေးသွားတယ်။ ဒါပေမဲ့ ကျွန်မတို့လည်း အဲအချိန် တျန်းဂျီဂိုဏ်းက ထွက်လာ ပြီးပြီဆိုတော့  သူတို့လွတ်၊ မလွတ်တော့ သိပ်ဂရုမစိုက် ဖြစ်တော့ဘူး” စုရိုအာက ပြတ်ပြတ်သားသား ပြောလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ပြလိုက်ပြီး ဆက်မမေးတော့ပေ။

“တကယ်လို့ တခြားသွားစရာ နေရာ မရှိရင် ဒီဆိုင်မှာပဲ နေလေ။ ကျုပ်က ခရီးတစ်ခု သွားရဦးမှာ။ တကယ်လို့ မနေချင်ရင်လည်း  ရပါတယ်”

အကယ်၍ ယခင်အတိုင်းသာ ဖြစ်နေလျှင် မိုဝူကျီက  ထိုလူများကို သေချာပေါက် နေခိုင်းပြီး တျန်းဂျီဂိုဏ်း ပြန်လည် ထူထောင်မည့်  ဖြစ်သော်လည်း ယခုအခါ ဤအကြောင်းအရာကို ရှာဖွေ တွေ့ရှိသွားပြီးနောက် သူက ဂိုဏ်းတစ်ခု တည်ထောင် ရမည်ဆိုလျှင်ပင်  တျန်းဂျီဂိုဏ်း ဖြစ်နေဖို့ မလိုပေ။

***

All Chapters