ဘာလုပ်ကြမလဲ
Vol. 10 Ch. 138
ယဲ့ချန်သည် ဦးလေးမော့ယွမ်၏ အလောတကြီး လာခေါ်မှုကြောင့် ဆေးဖော်စပ်နေသည်ကို ရပ်တန့်ကာ အမြန် ထွက်လာရခြင်း ဖြစ်သည်။
“အဖေ ... ဘိုးဘိုးကြီး ... ”
“တောအုပ်အစပ်မှာတင် သွေးကျောက်ပွင့်တွေ အများကြီး တွေ့ရတယ်။ ဘာတွေဖြစ်နေလဲ ဆိုတာ မြင်ရအောင် မြန်မြန် တောအုပ်ထဲကို သွားကြည့်ရအောင်”
ယဲ့ချိန်ရွှမ်းသည် အနည်းငယ် စိတ်စော နေခဲ့သည်။
“ကောင်းပါပြီ၊ အားလုံးပဲ ကျွန်တော်နဲ့ လိုက်ခဲ့ကြ။ ဒါပေမဲ့ ကျွန်တော်တို့ အစဉ်လိုက်သွားပြီး ဂရုစိုက်ဖို့တော့ လိုမယ်။ လင်ကျစ်ပင်တွေကို တက်မနင်း မိပါစေနဲ့”
ယဲ့ချန် ပြောလိုက်သည်။ သူလည်းပဲ ရလဒ်အား မြင်ရရန် မစောင့်နိုင်တော့ပေ။
“နားလည်ပါပြီ”
မိသားစုဝင်များသည် အလွန် အလေးအနက်ထားသော မျက်နှာများဖြင့် ပြန်ဖြေကြသည်။ သူတို့အတွက် လင်ကျစ်ပင် တစ်ပင်မျှအား ဖျက်ဆီးလိုက်မိခြင်းသည် ကြီးမားသော ပြစ်မှုကြီးသဖွယ် ခံယူထားကြဟန်နှင့်။
နောက်ဆုံးတော့ တောအုပ်အတွင်းသို့ ဝင်ကြည့်ခွင့်ရပြီ ဖြစ်၍ မိသားစုဝင်များသည် စိတ်လှုပ်ရှားနေကြ၏။
ယဲ့ချန်က ရှေ့ဆုံးမှဝင်ပြီး သူ့နောက်တွင်တော့ ယဲ့ချိန်ရွှမ်းနှင့် ယဲ့ကျန့်ထျန်းတို့ လိုက်သည်။ လူတိုင်းသည် ယဲ့ချန်နောက်မှ နီးနီးကပ်ကပ် လိုက်လာကြရင်း အလွန် သတိကြီးကြီး ထားနေကြ၏။ ယဲ့ချန်နင်းသည့် မြေကြီးကိုသာ နင်းရဲကြပြီး ခြေလှမ်း မမှားစေရန် အထူးဂရုပြု နေကြသော မိသားစုဝင်များကို ကြည့်ရာ ယဲ့ချန်သည် မနေနိုင်တော့ဘဲ အတန်ငယ် ရယ်ချင်လာရတော့၏။
အတိတ်တွင် ယဲ့မိသားစုဝင်များသည် လင်ကျစ်တစ်ပင် ရရန်ပင် သားရဲများ ကျက်စားသည့် တောနက်များထဲ၌ သွားရောက် ရှာဖွေကြရပြီး အသက်ဆုံးရှုံး သွားရသူများပင် ရှိသည်။ ယခုအခါ လင်ကျစ်ပင် အစုလိုက် အပြုံလိုက်အား တစ်နေရာတည်း၌ တွေ့ရသည့်အခါ သူတို့ မည်မျှ ပျော်ရွှင်သွားမည်ကို စိတ်ကူးကြည့်၍ ရပါသည်။
သူတို့သည် ယဲ့ချန်နောက်မှ လိုက်၍ တောအုပ်အတွင်းသို့ ၁၀ မီတာခန့် လျှောက်လာခဲ့ကြသည်။ ဘေးပတ်လည်ရှိ မြင်ကွင်းသည် ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထျန်းနှင့် ကျန်လူများအား ပျော်ရွှင်မှုဖြင့် မူးဝေသွားစေသည်။ လဝိညာဉ်သစ်ပင်၏ သစ်တုံးများသည် တောအုပ်အနှံ့တွင် ရှိနေပြီး အနည်းဆုံး လင်ကျစ်နှစ်ပင်ခန့်က သစ်တုံး တစ်တုံးချင်းစီတိုင်း ပေါ်၌ ပေါက်နေကြသည်။ တချို့သစ်တုံးများပေါ်၌ ဆိုလျှင် လင်ကျစ်ပင်များ အစုလိုက် ပေါက်နေကြတာမျိုးလည်း ရှိသည်။ တောအုပ် တစ်ခုလုံးသည်ကား ဆေးရနံ့တို့ဖြင့် သင်းပျံ့ထုံမွှမ်း နေတော့သည်။
“တစ်၊ နှစ်၊ သုံး ... သုံးဆယ့်ခြောက်။ ဒီသစ်တုံးမှာ လင်ကျစ် ၃၆ ခုတောင် ရှိနေပြီ။ တစ်ခုချင်းစီကလည်း ချီစုဆောင်းဆေးလုံး ရာချီနဲ့ လဲလှယ်လို့ ရသေးတယ်”
မိသားစုဝင် တစ်ယောက်က တုန်တုန်ယင်ယင်ဖြင့် ရေရွတ်သည်။
“အားဟယ့် ဘာလို့ ငိုနေတာလဲ။ မင်း ပျော်သင့်တာလေ”
“ကျွန်တော် အဖေ့အတွက် စိတ်မကောင်းလို့ပါ။ အဖေက လင်ကျစ်ပင်ရှာဖို့ တောင်ပေါ်ကို တက်သွားရင်းနဲ့ မှော်သားရဲတွေကြောင့် သေသွားခဲ့ရတယ်”
လူငယ်လေးသည် ငိုကာ ပြော၏။
ထိုသည်ကိုကြားသော် မိသားစုဝင်များသည် စိတ်မကောင်း ဖြစ်မိကြသော်လည်း ဘာမှမတတ်ကြပေ။
ယဲ့ချိန်ရွှမ်းတို့သည် ဘေးပတ်လည်ရှိ လင်ကျစ်ပင်များကို ကြည့်ရင်း ခြေထောက်များက မြေကြီးနှင့် မထိတော့ဘဲ လေထဲတွင် လွင့်မျောနေသည့်နှယ် ခံစားလာရသည်။ အိပ်မက်ယောင်နေသူများ ကဲ့သို့ ကိုးရိုးကားရား အမူအရာတို့ဖြင့်။
“ချန်အာ ဒီနေရာမှာ ပေါက်နေတဲ့ လင်ကျစ်ပင်တွေက အမျိုးအစား သုံးမျိုး ကွဲနေသလိုပဲ။ သွေးကျောက်ပွင့်ကိုတော့ သိပေမဲ့ ကျန်တဲ့နှစ်မျိုးကို မမြင်ဖူးဘူး။ အဲဒါ ဘာတွေလဲ”
ယဲ့ကျန့်ထျန်းက မေးသည်။ သူသည် ခေါင်းငုံ့ကာ ထိုလင်ကျစ်ပင်များ၏ ရနံ့