← Chapters

ဝမ်လျန်ရှီး

Vol. 39 Ch. 541

ဝမ်လျန်ရှီး

Vol. 39 Ch. 541

ယုံရင်အင်မော်တယ် နယ်မြေ၏ ကူးသန်းရေး အစီအရင် အများစုကို ယုံရင်အင်မော်တယ် မြို့အပြင်ဘက်၌ တည်ဆောက် ထားပေသည်။ မိုဝူကျီနှင့်လင်းဂူတို့  ကူးသန်းရေး အစီအရင်မှ ထွက်လာသည်နှင့် ယုံရင်အင်မော်တယ် နယ်မြေ အပြင်ဘက်၌ လူများစည်ကား နေကြောင်း တွေ့လိုက်ရသည်။

သူပထမဆုံး စူးခရာအင်မော်တယ် မြို့ဟောင်း ရောက်ရှိလာစဉ် မိုဝူကျီက စူးခရာအင်မော်တယ် မြို့ဟောင်းမှာ သူမြင်ဖူးသမျှထဲ လူအရှုပ်ဆုံး ကျင့်ကြံခြင်းမြို့ဟု ထင်မှတ်မိခဲ့သည်။ ယခုအခါ ယုံရင် အင်မော်တယ်မြို့ အပြင်ဘက်ရှိ လူအုပ်မှာလည်း  စူးခရာအင်မော်တယ် မြို့ဟောင်းထက် မလျာ့ပါးပေ။ မိုဝူကျီက ထိုအရာမှာ ဆေးပညာပြိုင်ပွဲကြောင့် ဖြစ်မည်မှန်း ကောင်းကောင်း သိထား၏။ ပြိုင်ပွဲအဆုံးသတ် သွားသည့်အခါ ယုံရင်အင်မော်တယ်မြို့ရှိ လူအရေအတွက်မှာ လျော့နည်း သွားလိမ့်မည်။ ယုံရင်အင်မော်တယ်မြို့နှင့် စူးခရာအင်မော်တယ် မြို့ဟောင်းကြားရှိ ကွာခြားချက်မှာ စူးခရာအင်မော်တယ်မြို့ဟောင်းမှာ အမြဲတမ်း လူရှုပ်နေလေ၏။

နောက်ထပ် ခြားနားချက် တစ်ခုမှာ မိုဝူကျီက ယုံရင်အင်မော်တယ်မြို့ အပြင်ဘက်၌သာ ရှိနေသေးသော်လည်း  ဤမြို့မှ အင်ပါယာ အငွေ့အသက်များ ခံစားမိနေပြီ ဖြစ်၏။ ယုံရင်အင်မော်တယ်မြို့မှာ စူးခရာအင်မော်တယ် မြို့ဟောင်းထက် ပို၍ ကြီးကျယ်ခမ်း နားပေသည်။

နေရာ၌ ပြင်းထန်သော စွမ်းအားလှိုင်းများ ထုတ်လွှတ်နေပြီး မီးရောင်များ အောက်တွင် မိုးထိမတတ် ရှိနေသော ကျောက်စိမ်းတိုင်များက ကြီးကျယ်လွန်းပေသည်။ ပုံမှန်အားဖြင့်  သာမာန် ကျင့်ကြံခြင်း မြို့တွင်ပင် အဝင်ဝ၌  အများဆုံး အစောင့် နှစ်ယောက်‌လောက် ရှိတတ်ကြသော်လည်း ယုံရင်အင်မော်တယ်မြို့၏ အဝင်ဝ၌မူ  အင်မော်တယ်အစောင့် နှစ်တန်း ရှိနေသည်။ သူတို့အားလုံးမှာ တူညီသည့် အဝတ်အစား၊ လက်နက်တူများ ကိုင်ဆောင် ထားကြပြီး  ဟိတ်ဟန်ကြီးသည့်ပုံ ပေါက်နေသည်။

မိုဝူကျီနှင့် လင်းဂူတို့  အင်မော်တယ်မြို့ထဲ ဝင်လာသည့်အခါ အပြင်ဘက်ထက်စာလျှင် အထဲ၌ လူပိုများနေသေ၏။ ဤသို့မျိုး ရှုပ်ယှက်ခတ်နေသော နေရာမျိုး၌  နေထိုင်ရန် ကိစ္စမှာ ရှာဖွေဖိုရာ အလွန်ခက်ခဲလှပေ၏။

မိုဝူကျီက မစိုးရိမ်နေတော့ပေ။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို ရှာတွေ့သည်နှင့် သူ့အတွက် နေစရာ ရရှိပေလိမ့်မည်။ သို့သော်လည်း  မိုဝူကျီကိ ထိုသို့ လုပ်ရန် ဆန္ဒမရှိပေ။ အကြောင်းမှာ ယခု သူ့အဓိက ဦးစားပေး ကိစ္စရပ်မှာ ဆေးပညာပြိုင်ပွဲ မည်သို့ ပါဝင်ယှဉ်ပြိုင်ရမည်ကို  ရှာဖွေရမည် ဖြစ်၏။

“အစ်ကိုကြီးမို  ကျွန်မတို့တွေ ဘယ်သွားကြမလဲ။ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ဆီ သွားကြမှာလား” လင်းဂူက မိုဝူကျီကို အဖော်ပြုရန် လိုက်လာခြင်းသာ  ဖြစ်၏။

မိုဝူကျီက လက်ခါပြကာ …

“မဟုတ်သေးဘူး။ အရင်ဆုံး ဘယ်အင်အားစုတွေက ဝင်ပြိုင်မှာလဲ ဆိုတာ အရင်သွားစုံစမ်း လိုက်ဦးမယ်။ ခဏ  ... ကျုပ်သိတဲ့သူကို မြင်လိုက်သလိုပဲ။ သူ့ကို သွားနှုတ်ဆက် လိုက်ဦးမယ်  ... ဒီမှာ ခဏစောင့်နေပါဦး”

လင်းဂူက သူတို့ရှေ့မှ အမျိုသမီး နှစ်ယောက်ကို သတိပြုမိလိုက်ကာ မိုဝူကျီ ဆိုလိုသည့် အသိဟူသည်မှာ သူတို့နှစ်ယောက် ဖြစ်ပေလိမ့်မည်။  သူမက ခဏတာ စဉ်းစားလိုက်ပြီးနောက် …

“ကျွန်မ ဆရာက ဒီနေရာမှာ အတော်လေး နာမည်ကြီးတယ်။ ကျွန်မသွားပြီးတော့  နေစရာ သွားရှာ ကြည့်လိုက်မယ်လေ။ ရှင်ပြီးရင် ကျွန်မကို ခေါ်လိုက်လေ”

မိုဝူကျီက သဘောမတူခင် ခဏတာ စဉ်းစားလိုက်သည်။ လင်းဂူ၏ ရည်ရွယ်ချက်မှာ သူ့ကို အဖော်ပြုပေးဖို့ရာသာ ဖြစ်ပြီး ဆေးပညာပြိုင်ပွဲနှင့် မဆက်စပ်နေပေ။

မိုဝူကျီက ထိုအတွေးဖြင့် လင်းဂူဆီ သူ့၏ ဂုဏ်ထူးဆောင် အကြီးအကဲ အမှတ်အသားပြားကိုပေးကာ …

“တကယ်လို့ နေရာရှာမတွေ့ရင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ဆီ သွားပြီးတော့ ကျုပ်အတွက် နေစရာ ရှာနေတယ် သွားပြောပေးပါ့လား”

လင်းဂူက  ယခုလို အချိန်မျိုးတွင် အားနား တုံ့ဆိုင်းနေရန် အကြောင်းအရင်း မရှိမှန်း သိ၍ အမှတ်အသား ပြားကိုသာ လက်ခံထား လိုက်သည်။ ထို့နောက် မိုဝူကျီကို ကျေးဇူးတင်ကာ  နှုတ်ဆက်လိုက်သည်။

မိုဝူကျီက ရှေ့မှ အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးဆီ သွားကာ လက်နှစ်ဖက် ဆုပ်လျက် …

“စီနီယာအစ်မကို နှုတ်ဆက်ပါတယ်။  စီနီယာအစ်မ ဝမ်လျန်ရှီးများ အတူတူ ရှိလားလို့ပါ”

မိုဝူကျီက  ဤပိန်ရှည်ရှည် အမျိုးသမီး၏ အမည်နာမကို သတိမထားမိခဲ့ပေ။ ဝမ်လျန်ရှီး သူ့ကို ကယ်တင် ပေးခဲ့စဉ်က  ဤအပြာရောင်ဝတ်စုံနှင့် ပိန်ရှည်ရှည် အမျိုးသမီးက သူမဘေးနား ရှိနေခဲ့၍ ဖြစ်သည်။

မိုဝူကျီက သူမကို လာနှုတ်ဆက်သည့် အကြောင်းအရင်းမှာ ဝမ်လျန်ရှီးကို ကျေးဇူးတင်လို၍ ဖြစ်သည်။ ဒုတိယ အကြောင်းအရင်းမှာ မိုဝူကျီက  ဆေးပညာပြိုင်ပွဲ အတွက် ဆေးလုံးဆရာ လိုအပ်နေသည့်  အင်အားစု တစ်ခုရှာရန် ဖြစ်ပေသည်။ မိုဝူကျီက ဤနေရာကို ရောက်လာခါစ ဖြစ်၍ မည်သူကိုမှ မသိပေ။

“ရှင်က ” ဤပိန်ရှည်ရှည် အမျိုးသမီးက မိုဝူကျီကို ခြေဖျားခေါင်းဆုံး အကဲခတ်ပြီးနောက် မိုဝူကျီကို မရေမရာ ကြည့်လိုက်သည်။

“ကျုပ်နာမည်က မိုရှင်းဟယ်ပါ”

မိုဝူကျီက သူမမှတ်မိမည်ကို မမျှော်လင့် ထားသော်လည်း အနည်းငယ် နေရခက်မိသည်။ ဤအမျိုးသမီး၌ မျက်လုံး လှလှလေးများ ရှိသော်လည်း ယခင်   သူမက စိတ်စွမ်းအား သုံးကာ မိုဝူကျီ၏ သိုလှောင်အိတ်ကို စစ်ဆေးခဲ့သည့် အတွက်  မိုဝူကျီ၏ သူမအပေါ်  ပထမအမြင်မှာ သိပ်မကောင်းလှချေ။

“ကျွန်မ မှတ်မိပြီ။  ရှင့်ကို ယုံရင်အင်မော်တယ်မြို့မှာ တွေ့ရမယ်လို့ ထင်မထားဘူး ... ဒါက  ...”

အမျိုးသမီးက ဆက်မပြောတော့ပေ။ သို့သော် မိုဝူကျီက သူမ ပြောလိုက်သည့်  စကားမှာ သူ့ကို ဤနေရာတွင် မြင်တွေ့ရသည့် အတွက် မယုံကြည်နိုင်ဖွယ်  ဖြစ်နေသည့် အကြောင်းများသာ ဖြစ်ကြောင်း သိနေသည်။ သူ့နာမည်ကို မိုဝူကျီမှ မိုရှင်းဟယ်ဟု ပြောင်းလိုက်ခြင်းကို ဤအမျိုးသမီးက ထူးဆန်းသည်ဟု ရှာမတွေ့ခြင်းမှာ သူမက အစကတည်းမှ သူ့နာမည်ကို မမှတ်မိ၍ ဖြစ်သည်။

“ဟုတ်ပါတယ်  .. ကျုပ်ပါ  …   စီနီယာ အစ်မဝမ်ကို ကျေးဇူးတင်ချင်လို့ပါ။ သူမရော ယုံရင်အင်မော်တယ်မြို့မှာ  ရှိနေမလား” မိုဝူကျီက ပြုံးရင်း မေးလိုက်သည်။

မိုဝူကျီက ဝမ်လျန်ရှီးအပေါ် အမြင်ကောင်းကောင်း ရှိပေသည်။ သူမက သူ့ဆီမှ ဆေးမီးဖိုကို အဘယ်ကြောင့် ပြန်သိမ်းယူ သွားခဲ့သည်ကို မသိပေမဲ့လည်း မိုဝူကျီက စိတ်ထဲ မထားပေ။

သူက လူတစ်ယောက်၏ အဆိုးဘက်များကို မှတ်မိနေရအောင် စိတ်သဘောထား ကျဉ်းမြောင်းသူ  မဟုတ်ပေ။ ထို့အပြင်  ဆေးမီးဖိုမှာ  ဝမ်လျန်ရှီး အပိုင် ဖြစ်သည့်အတွက် သူမအနေဖြင့် ပြန်ယူခွင့်  ရှိပေသည်။  ဝမ်လျန်ရှီးက သူမကို တစ်ခါ ကယ်တင်ဖူး သည့်အတွက်  မိုဝူကျီက အရမ်းကို ကျေးဇူးတင်မိသည်။  ထိုအရာများအပြင် သူမက သူ့အကူအညီ မလိုအပ်တော့လျှင်  သူ့ကိုယ်ထဲမှ အဆိပ်များကို ဖြေပေးဖို့ရာ မလိုတော့ သော်လည်း သူမက လုပ်ပေးခဲ့လေသည်။ အနည်းဆုံးတော့ ရက်စက် တတ်သည့် ကျင့်ကြံခြင်းလောကရှိ  ကျင့်ကြံသူများ ဘယ်တော့မှ မလုပ်ပေးသည့် အရာကို သူမ လုပ်ပေးခဲ့ခြင်း ဖြစ်ပေ၏။ တခြားသူများဆိုလျှင် သူ့ကိုအစကတည်းမှ  ကူညီနေမည် မဟုတ်လောက်ပေ။

အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးလေးက  သူမဘာသာ တည်ငြိမ်အောင် ထိန်းလိုက်ရင်း  ခပ်တိုးတိုး ပြောလိုက်သည်

“စီနီယာ အစ်မဝမ်က အဆင်ပြေပါတယ်။ စိတ်ပူဖို့ မလိုပါဘူး။  ကျွန်မမှာ လုပ်စရာလေး ရှိသေးလို့ ရှင်နဲ့ ဆက်မပြောနိုင်တော့ဘူး”

သူမ စကားအဆုံးတွင် သူမဘေးမှ အမျိုးသမီးကိုပါ အချက်ပြလိုက်ပြီး ချက်ချင်း ထွက်သွားကြသည်။

မိုဝူကျီက ထိုအမျိုးသမီး၏ ယဉ်ကျေးမှု မရှိပုံကို မြင်ကာ ပါးစပ်ဟောင်းလောင်း ဖြစ်နေမိသည်။ ထို့နောက် မိုဝူကျီက ခေါင်းခါ ယမ်းလိုက်သည်။ အကြောင်းမှာ သူ့ပုံစံက မည်မျှ သာမာန်ကျ လွန်းနေသည် ထည့်မတွက်ဘဲ အကောင်းစား ဝတ်စားထားလျှင်ပင် သူမက  သူ့ကို အဆင့်အတန်း မြင့်မြင့် ထင်မှတ်မည် မဟုတ်ပေ။ လောကကြီး၌ သူမကဲ့သို့ လူများစွာ ရှိသည့်အတွက်  မိုဝူကျီက စိတ်ထဲ မထားပေ။

ဆေးပညာပြိုင်ပွဲ မတိုင်ခင် အချိန်ရသေးသည့် အတွက် မိုဝူကျီက ကျိုးယီရှန်းနှင့် ချန်းဟန်တို့ အကြောင်း စုံစမ်းရန် အနီးအနားမှ တည်းခိုဆောင်ဆီ ဦးတည်ရန် ဆုံးဖြတ် လိုက်လေ၏။ အကယ်၍ ကျိုးယီရှန်းနှင့် ချန်းဟန်တို့သာ အသက်ရှင်လျက် ပြန်လာနိုင်လျှင် သူတို့က ယုံရင်အင်မော်တယ် နယ်မြေသတင်း အကြောင်းကြားမိပြီး ယုံရင်အင်မော်တယ်မြို့ဆီ သေချာပေါက် ရောက်လာလိမ့်မည်။  ကျိုးပျက်ကမ္ဘာမှာ ရှိနေစဉ်  သူက သူတို့ကို များစွာ  ကူညီပေးခဲ့သည့် အတွက်  ဆေးပညာပြိုင်ပွဲအတွက် တစ်နေရာစာ ရရန်မှာ ဘာမှ မဟုတ်ကြောင်း ယုံကြည်ချက် ရှိနေ၏။

***

“ဝမ်ဟွေ့  အဲဒီလူက လျန်ရှီးကို သိနေတာလား” မိုဝူကျီကို ထားရစ်ခဲ့ပြီးနောက် အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးဘေးမှ တစ်ယောက်က မေးလိုက်သည်။

အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးက ပြန်ဖြေလိုက်လေ၏

“သူက ယုံရင် အစွန်းအဖျားမှာ တွေ့ခဲ့တဲ့ နယ်လှည့်ကျင့်ကြံသူ တစ်ယောက်ပါ။ လျန်ရှီးက သူ့အသက်ကို ကယ်ခဲ့ဖူးတယ်။ အဲဒီအချိန်တုန်းက သူက မြေကမ္ဘာ အင်မော်တယ် အဆင့်ပဲ ရှိသေးတာ  ဒီလောက်နှစ်လေး အတွင်း ကောင်းကင်အင်မော်တယ် အဆင့်ထိ ရောက်လာလိမ့်မယ်လို့ မထင်ထားမိဘူး။

ပြီးတော့ ယုံရင်အစွန်းအဖျား နေရာကနေ ယုံရင်အင်မော်တယ် နယ်မြေကိုတောင် ရောက်လာနိုင်သေးတယ်”

“ဒါပေမဲ့   သူ့ကို ကြည့်ရတာ သာမန်ကျ လွန်းပါတယ်။  ငါတော့  သူ့ဆီက ဝိညာဉ်စွမ်းအား အရိပ်အယောင် လေးတောင် မခံစားမိဘူး။ ဒီလိုလူမျိုးက ကောင်းကင်အင်မော်တယ် အဆင့်ထိ တက်လှမ်းနိုင်တယ်လား”

နောက်တစ်ယောက်က နားမလည်စွာ မေးလိုက်သည်။

အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးက ပြန်ဖြေပေးလိုက်၏။

“သူက ကံကောင်းသွားတာ နေမှာပေါ့။  ဒါပေမဲ့ အဲလိုလူမျိုးကို ထားခဲ့တာ အကောင်းဆုံးပဲ။ အရင်တုန်းက လျန်ရှီးက သူ့ကို ကူညီခဲ့တာကို အသုံးချခဲ့သေးတာ   … ကျီယင် ငါတို့တွေ ရောက်ပြီ  ... ”

လူနှစ်ယောက် စကားပြောဆိုရင်း  အင်မတန် အဆင့်မြင့်မားသော ခန်းမကျယ် တံခါးဝရှေ့ ရောက်ရှိ လာကြသည်။ သူတို့နှစ်ယောက်လုံးက နာမည်ကတ်ပြားများကို ထုတ်ပြ လိုက်သည့်အခါ သူတို့ကို လမ်းပြပေးမည့်သူ တစ်ယောက် ရောက်လာကာ အထဲခေါ်သွားလေ၏။  ခန်းမတွင် လူ၄၀ ကျော် ၅၀နီးပါး ရှိနေပြီး  ၈၀ရာခိုင်နှုန်းလောက်မှာ အမျိုးသမီးများ ဖြစ်ကြသည်။ အားလုံးအပြင် တခြားအရာများမှာ ရနံ့လှိုင်လှိုင် သင်းပျံ့နေသော အင်မော်တယ် အသီးများနှင့် အင်မော်တယ် သေရည်များ ဖြစ်၏။ အားလုံးက စကားပြောနေ၍ ဖြစ်စေ ဒါမှမဟုတ်  တစ်ယောက်နှင့် တစ်ယောက် သေရည် သောက်၍ ဖြစ်စေ ပျော်ရွင်နေကြသည်။

“ဝမ်ဟွေ့  …. ငါနင့်ဆီ အကြောင်း ကြားတော့မလို့  စောစော ရောက်လာမယ်လို့ ထင်မထားမိဘူး”

နူးနူးညံ့ညံ့ အသံလေးတစ်သံ ထွက်ပေါ်လာသည်နှင့် အစိမ်းဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားသည့်  မိန်းမငယ်လေး တစ်ဦးကို မြင်တွေ့ လိုက်ရသည်။

“လျန်ရှီး ...  နင် ပိုပိန်လာပြန်ပြီ” အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးက  ကူကယ်ရာမဲ့စွာ ငြီးတွားလိုက်သည်။

အစိမ်းဖျော့ဖျော့ ဝတ်ဆင်ထားသည့် အမျိုးသမီးမှာ ပဝါမဝတ်ဆင် ထားသော်လည်း မိုဝူကျီသာ ဤနေရာ၌   ရှိနေလျှင်  သူမမှာ ဝမ်လျန်ရှီး ဖြစ်ကြောင်း သေချာပေါက် မှတ်မိပေလိမ့်မည်။

ဝမ်လျန်ရှီးက ပြုံးကာ  ဘာမှ ဆက်မပြောတော့ပေ။ နောက်အမျိုးသမီးက ရယ်မောရင်း ပြောလိုက်သည်

“လျန်ရှီးက  အချစ်ကြောင့် ဒုက္ခတွေ့ နေတာလေ။ လျန်ရှီး စိတ်ထဲ နေရာ ယူထားနိုင်တာ ဘယ်က မောင်ကံကောင်းလေးများလဲ သိချင်မိသား …

ဒါနဲ့  ဒီကိုလာတုန်းက လျန်ရှီးကို မေးနေတဲ့ သူနဲ့တာင် တွေ့လိုက်သေးတယ်။ ဝမ်ဟွေ့ကြောင့်သာ မဟုတ်ရင် သူက ဒီအထိ လိုက်လာမလား မသိပါဘူး  ...”

“ဘယ်သူများလဲ” ဝမ်လျန်ရှီးက မေးလိုက်သည်။

အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးလေးက ပြန်ဖြေလိုက်သည်။

“ငါတို့တွေ ဟိုးနှစ်တုန်းက ယုံရင်အင်မော်တယ် အစွန်းအဖျားမှာ တွေ့ခဲ့တဲ့  နယ်လှည့် ကျင့်ကြံသူလေ။ ဆေးလုံးအကြီးအမှူး ဖြစ်ဖို့ လေလုံးထွားနေတဲ့   အဲဒီ မိုကောင်လေးလေ”

သူမက ပြောလိုက်ရင်း အားရပါးရ မရယ်မောဘဲ မနေနိုင်လောက်အောင် ဖြစ်သွားမိသည်။

“အဲဒီလူက ယုံရင်အင်မော်တယ် နယ်မြေရဲ့ ဆေးပညာပြိုင်ပွဲ အကြောင်းကြားပြီး ဝင်ပြိုင်မလို့ နေမှာပေါ့”

“အာ” ထို့နောက် ဝမ်လျန်ရှီးက အပြာရောင်ဝတ်စုံနှင့် အမျိုးသမီးကို ဆွဲလိုက်ကာ …

“ဝမ်ဟွေ့  သူဘယ်ရောက်သွားလဲ  … ငါ့ကို ပြောပါဦး”

ဝမ်လျန်ရှီးက စိုးရိမ်တကြီး ပြောလိုက်သောကြောင့်  သူမ စကားလုံးများမှာ မရှင်းလင်းလှပေ။ သူမ၏ စိုးရိမ်နေသော လေသံနှင့် တုန်ယင်နေသည့် လက်များက သူမစိတ်ခံစားချက် မည်မျှ ပြင်းထန်နေသည်ကို ပြသနေပေသည်။

“လျန်ရှီး  ... နင် ” ဝမ်ဟွေ့က  ဝမ်လျန်ရှီးကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။

“ဝမ်ဟွေ့ မြန်မြန် ငါ့ကို ပြောစမ်းပါ” ဝမ်လျန်ရှီးက စိတ်မရှည်တော့ဘဲ ငိုတော့မတတ် ဖြစ်နေလေ၏။

ဝမ်လျန်ရှီး မည်မျှ စိုးရိမ်နေသည်ကို တွေ့၍ ဝမ်ဟွေ့က  ထပ်မမေးရဲတော့ဘဲ ပြန်ဖြေလိုက်သည်။

“စောစောက ကျီယင်နဲ့ ငါလမ်းမပေါ် ရှိနေတုန်း  နင့်အကြောင်းမေးဖို့ ငါ့ဆီ လာနှုတ်ဆက်တာ။ သူ့ကို  ထားခဲ့လိုက်တော့ ဆက်မလိုက်လာတော့ဘူး”

ဝမ်ဟွေ့ပင် စကားမဆုံးသေးဘဲ ဝမ်လျန်ရှီးက ပြေးထွက်သွားပြီ ဖြစ်၏။

ဝမ်လျန်ရှီးက သူမ၏ စိတ်စွမ်းအားဖြင့် တစ်နေရာလုံးကို အာရုံခံ စစ်ဆေး ကြည့်လိုသော်လည်း    ဤလမ်းမထက်၌  လူများစွာ ပြည့်နှက် နေသည့်အပြင်  စိတ်စွမ်းအား အတားအဆီးများ ထားထားသေး၏။

သူမ စိတ်စွမ်းအားအတွင်း  အနည်းငယ် ရင်းနှီးနေသည့် ပုံရိပ်ဖြတ်သွားပြီး ထိုပုံရိပ်မှာ လမ်းမထက်မှ တည်းခိုဆောင် တခုအတွင်း  ဝင်ရောက် သွားပေ၏။ ဝမ်လျန်ရှီး၏ နှလုံးခုန်နှုန်းများက မြန်ဆန်လာပြီး အရူးအမူး ကဆုန်ပေါက် နေလေသည်။ သူမ၏ အပြုအမူများမှာ ရှက်စရာ ကောင်းနေမလား ဒါမှမဟုတ် မသင့်တော်လေမလား ဆိုသည့် အကြောင်းများကို ဆက်မတွေးတော နိုင်တော့ပေ။

ဝမ်လျန်ရှီး နေထိုင်ခဲ့သမျှ နှစ်များအတွင်း သူမက ဤမျှလောက် တစ်ခါမှ စိတ်မလှုပ်ရှားဖူးခဲ့ပေ။

တည်းခိုဆောင်၌  လူများစွာ ဝင်ထွက် သွားလာနေကြပြီး ဝမ်လျန်ရှီးက ခန်းမကျယ် တစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ ထောင့်တစ်နေရာ၌ ရင်းနှီးနေသည့် ပုံရိပ်လေးကို မြင်လိုက်သည့်အခါ မျက်လုံးထောင့်မှ   မျက်ရည်များက အတားအဆီးမရှိ စီးကျလာသည်။

ခြေလှမ်းအနည်းငယ်ဖြင့်  သူမက မိုဝူကျီရှေ့မှောက် ရောက်ရှိ သွားတော့သည်။

“ခင်ဗျား” မိုဝူကျီက ဝမ်လျန်ရှီး သူ့ရှေ့ ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမ ရုပ်ရည်ကို တစ်ခါမှ မမြင်တွေ့ဖူးသော်လည်း  ရင်းရင်းနှီးနှီး ခံစားမိလိုက်သည်။

ခဏတာ အချိန်လေးအတွင်း မိုဝူကျီက  သူမကို မှတ်မိသွားပြီး သူ့ရှေ့တွင် ရပ်နေသော အမျိုးသမီးမှာ သူစောစောလေးက မေးနေခဲ့သည့် ဝမ်လျန်ရှီး ဖြစ်နေသည်။ သူမကို ရှာနေစဉ် သူ့ရှေ့မှောက် ရောက်ရှိလာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

All Chapters