← Chapters

နိတ်ခရို့ရေကန်

Vol. 12 Ch. 161

နိတ်ခရို့ရေကန်

Vol. 12 Ch. 161

သူတို့၏အကြည့်များအောက်တွင် ယဲ့ချန်သည် နွေဦးလေပြင်းလေညင်းလေးများ၏တိုက်ခတ်မှုကို ခံစားနေသည့် လူတစ်ယောက်အလား တည်ငြိမ်အေးဆေးနေ၏။ သူနှုတ်ခမ်းထက်တွင် အပြုံးချိုချိုတစ်ခုက နေရာယူထားလေသည်။

“မင်း မနေ့က ပြန်သွားပြီးတော့ စာလေ့လာရဲ့လား” ယဲ့ချန်ကိုမြင်သည်နှင့် ဆရာရွှမ်းယီ၏မျက်နှာမှာ ပျော့ပြောင်းသွားပြီး ခပ်ဖွဖွ မေး၏။

“ဟုတ်ကဲ့ ကျွန်တော်မနေ့က သင်ခန်းစာတွေကို ပြန်လေ့လာခဲ့ပြီးတော့ တိုးတက်မှုရှိခဲ့ပါတယ်” ယဲ့ချန်က ခေါင်းညိတ်သည်။ ‌

“ကောင်းတယ်” ဆရာရွှမ်းယီက ပြုံး၍ ခေါင်းညိတ်လိုက်၏။ “သွားကြစို့” သူက ရွှမ်းယု၊ ချန်ရှန်းနှင့် အခြားသူများကိုကြည့်ကာ ခပ်ဩဩ ပြောသည်။ “ဒူးထောက်နေတာရပ်တော့ ထကြစမ်း”

ဆရာရွှမ်းယီသည် လီရှု၊ ယဲ့ချန်နှင့်အခြားသူများကို ခြံ၀န်းအတွင်းမှ ခေါ်ဆောင်သွား၏။

လေ့ရီသည် မည်းမှောင်နေ‌သော မျက်၀န်းများဖြင့် ယဲ့ချန်၏နောက်ကျောကို စိုက်ကြည့်နေသည်။ ဆရာရွှမ်းယီ၏ ယဲ့ချန်ကို ဆက်ဆံပုံမှာ တခြားအရန်တပည့်များနှင့်မတူဘဲ ကွဲပြားနေသည်ကို ခံစားနေရ၏။ သူက ကုန်းရုန်းထနေသော ရွှမ်းယုကို အေးစက်စွာ စိုက်ကြည့်ရင်း မေးလေသည်။ “ဘာဖြစ်တာလဲ”

“ဒါတွေအကုန်လုံး ယဲ့ချန်ကြောင့်ပဲ” ရွှမ်းယုမှာ ဖြူဖတ်ဖြူရော်ဖြင့် ငိုကြွေးတော့၏။ “စီနီယာအစ်ကိုလေ့ရေ ကယ်ပါဦးဗျာ။ ဆရာတော့ ကျွန်တော်တို့ကို စိတ်ပျက်သွားပြီထင်တယ်” အစက သူ ကြိုးစားလျှင် တရား၀င်တပည့်တစ်ဦး ဖြစ်လာနိုင်ချေ ရှိသေးသည်။ သို့သော် ယခုတွင် ထိုအိပ်မက်မှာ ပျောက်ကွယ်သွားပေတော့မည်။

“မင်းတို့က ဒီလောက် လူအများကြီးနဲ့တောင် ၁၇ နှစ် ကောင်လေးကို မနိုင်ဘူးလား။ အမှိုက်ကောင်။ လေကုန်ခံပြီးပြောမနေနဲ့။ ‌နိတ်ခရို့ရေကန်ရောက်မှ ဆက်ပြောမယ်” လေ့ရီက အေးစက်‌စွာ ပြော၏။

ဟောင်ဖုန်းနှင့်ရန်ချန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ လောလောလတ်လတ်ကမှ ရောက်ရှိလာခဲ့သော ကောင်လေးသည် မောက်မာလွန်း၏။ ယဲ့ချန်ကို ပညာမပေးလျှင် သူတို့၏အဆင့်များကို မည်သို့ ထိန်းထားနိုင်ပါမည်နည်း။

လူအယောက် ၃၀ ကျော်သည် လှေ ၃ စီးပေါ်တွင် ထိုင်လျက် ကျွန်းလေးမှ ထွက်ခွာသွားကြသည်။ သူတို့သည် အင်ပါယာ၏အစောင့်စစ်သားများ ပြင်ဆင်ပေးထားသည့် မြင်းများကိုစီးကာ မြောက်ဘက်ရှိ ကြီးမားကျယ်ပြန့်သော တောင်တန်းကြီးထံ ခရီးနှင်ကြ‌လေသည်။

သုံးနာရီကျော် ခရီးနှင်ပြီးသည့်တိုင် မြို့တော်အပြင်သို့ မရောက်ရှိသေးချေ။ မြို့တော်ကြီးမှာ အမှန်တကယ် ကြီးမားလှ၏။

“အစ်ကိုယဲ့ချန် ငါတို့ ဘယ်ကိုသွားနေတာလဲ” ရှောင်ရိက စိတ်ပူပန်စွာ မေးသည်။ ရှေ့တွင် ရှိသည့်အရာဟူ၍ တောင်တန်းများသာ။

“ဆရာက ငါတို့ကို ငါးမျှား‌သွားစေချင်တယ်။ ဘယ်သွားနေလဲဆိုတာတော့ ငါလဲ မသိဘူး” ယဲ့ချန်က ပြုံးကာ ခေါင်းခါလိုက်၏။ ရှောင်ရိလေးက ‌သူ့နောက်တွင် ထိုင်ရင်း ဟိုဟိုသည်သည် စပ်စပ်စုစု လိုက်ကြည့်နေလေသည်။

လီရှုက သူ၏မြင်းကို ရှေ့သို့လော၍ ယဲ့ချန်နှင့်ဘေးချင်းယှဉ် စီးနင်းလိုက်၏။

“စီနီယာအစ်ကိုလီ ဒီနိတ်ခရို့ရေကန်ဆိုတာ ဘာလဲဗျ။ နာမည်ကြီးက ထူးဆန်းလိုက်တာ” ယဲ့ချန်က လီရှုအား မေးသည်။

“အခု‌နိတ်ခရို့ရေကန်ရှိတဲ့နေရာက လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက သမုဒ္ဒရာဖြစ်ခဲ့တာကွ။ ဒါပေမဲ့ တောင်တွေပေါ်လာတော့ ရေကန်တစ်ကန် ဖြစ်သွားခဲ့ရော။ ရေကန်က သဘာ၀အတိုင်းပေါ်လာတာ‌ဆိုတော့ မိုင်ပေါင်းများစွာ ကျယ်ပြန့်တယ်။ ဒါပေမဲ့ သူ့ရေတွေက တိုက်စားနိုင်တဲ့‌‌ရေတွေ။ မင်း သွားတို့လိုက်တာနဲ့ မင်းရဲ့အသားကို တိုက်စားသွားလိမ့်မယ်။ ဒါပေမဲ့ ရှားပါးဆေးလုံးတွေ သန့်စင်တဲ့နေရာမှာ သုံးလို့ရတဲ့ သဘာ၀ရတနာတွေလည်း ရှိ‌နေပြန်တယ်ကွ။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာတုန်းက တော်၀င်ရင်းမိသားစုက ဒီနေရာကို ရှာတွေ့သွားပြီး သိမ်းပိုက်လိုက်ကြ‌တာပေါ့” လီရှုက ပြုံး၍ ပြော၏။

“ဒီနိတ်ခရို့ရေကန်က ဆရာ ရှီဝူအင်ယာမှာ‌ နေရတဲ့‌အကြောင်းအရင်းလား” ယဲ့ချန်သည် ချက်ချင်း ချိတ်ဆက်မိသွားပြီး မေးသည်။ ဆရာရွှမ်းယီသည် နိုင်ငံပေါင်းများစွာသို့ ခရီးနှင်ခဲ့ဖူးသော်လည်း ရှီဝူအင်ပါယာတွင် အခြေချနေထိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ ဤအကြောင်းအရင်းကြောင့် ဖြစ်နိုင်ပေသည်။

“အေး ဟုတ်တယ်” လီရှုက ခေါင်းညိတ်၏။ သူက လေ့ရီတို့ကို တစ်ချက်ကြည့်ပြီးနောက် ခပ်တိုးတိုး ပြောလေသည်။ “မနေ့က မတော်တဆမှုက မင်းလက်ချက်လား”

“အာ...သူတို့က ကျွန်တော့်ကို ရန်လာစတာလေ။ အဲ့ဒါနဲ့ ပညာပေးလိုက်တာ” ယဲ့ချန်က ဖြေ၏။ လီရှုထံမှ အမှန်တရားကို ဖုံးကွယ်မထားလိုပေ။

“မင်း ဘာအမှားမှ မလုပ်ခဲ့ပေမယ့် ဂရုတော့စိုက်ဦး။ လေ့ရီနဲ့ ကျန်တဲ့နှစ်ယောက်က မင်းကို ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး” လီရှုက ယဲ့ချန်အား သတိပေးရှာသည်။

“ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ သူတို့စရင်တော့ ပြန်တိုက်ရမှာပဲ။ ကျွန်တော် သူတို့ကို မကြောက်ဘူး”

လီရှုမှာ ယဲ့ချန်၏အပြုအမူကြောင့် သက်ပြင်းချမိသည်။ ငယ်ရွယ်မှုကြောင့် ယဲ့ချန်အတွက် အနာဂတ်တွင် ဆုံးရှုံးများဖြစ်လာနိုင်၏။

သို့သော် လေ့ရီနှင့်အခြားသူများ သူ့ကို ဒုက္ခရောက်အောင် မလုပ်နိုင်မှန်း ယဲ့ချန် သိပေသည်။

စကားပြောနေကြစဉ် ‌သူတို့သည် တောင်အတွင်းသို့ ၀င်၍ လမ်းကြားလေးတစ်ခုကို ဖြတ်သွားကြ၏။ ထို့နောက် နေရာကို ကာကွယ်နေကြသည့် ရွှေရောင်သံချပ်ကာ၀တ် အင်ပါယာအစောင့်စစ်သားများကို တွေ့လိုက်ရလေသည်။

အစောင့်စစ်သားများသည် ဆရာရွှမ်းယီကို မြင်လျှင်ချင်း ရိုသေကျိုးနွံစွာဖြင့် ငါးမျှားပစ္စည်းများ၊ ဦးထုပ်ဝိုင်း၊ လက်အိတ် အစရှိသည်တို့ ယူလာပေးကြ၏။

“ဒီဦးထုပ်ဝိုင်းတွေနဲ့ လက်အိတ်တွေက သဘာ၀ရွှေချည်မျှင်တွေနဲ့ ရက်လုပ်ထားတာ။ ရေကန်ထဲကရေတွေ မတိုက်စားနိုင်ဘူး။ ငါးမျှားတံကတော့ အရိပ်မီးလျှံမဟူရာရွှေနဲ့ လုပ်ထားတာ။ ပျော့ပြောင်းပေမယ့် ခိုင်ခံ့တယ်။ တော်၀င်ရင်းမိသားစု အပင်ပန်းခံပြီးလုပ်ထားတဲ့  ရတနာပေါ့” လီရှုက ဦးထုပ်ဝိုင်းနှင့် လက်အိတ်ကို၀တ်ရင်း ရှင်းပြသည်။ သူ့ခန္ဓာကိုယ်မှာ အသက်ရှူရန်နေရာများမှလွဲ၍ ကောင်းစွာ ကာကွယ်ထားလေသည်။

တပည့်များစွာရှိသော်လည်း လူတိုင်း တစ်စုံစီရရှိကြ၏။ ယဲ့ချန်နှင့်‌ ရှောင်ရိလည်း သူတို့၏အ၀တ်များကို ဝတ်လိုက်ကြသည်။ ရှောင်ရှိလေးမှာ အသေးဆုံးဖြစ်သော်လည်း ကွက်တိပင် တော်၏။ ရင်းမိသားစုကလေးများသည် လူကြီးများနှင့်အတူ ငါးမျှားထွက်ပုံပင်။

“ယဲ့ချန် ဒီကိုလာ။ မင်းရဲ့ ပထမဆုံးအကြိမ်ဆိုတော့ ဆရာ ငါးမျှားနည်း သင်ပေးမယ်” ဆရာရွှမ်းယီက ယဲ့ချန်ဘက်လှည့်ကာ ခေါ်လိုက်၏။

“ဟုတ်ကဲ့” ယဲ့ချန်က ဆရာရွှမ်းယီက ခပ်သုတ်သုတ် လျှောက်သွားလိုက်သည်။

လူတန်းကြီးသည် နောက်ထပ် ဆယ်မိနစ်ကြာ လမ်းလျှောက်ခဲ့ကြ၏။ တောင်တန်းများဖြင့် ကာရံထားသော ရေကန်ကျယ်ကြီးမှာ နောက်ဆုံးတွင် ရုပ်လုံးပေါ်လာလေပြီ။ ရေကန်မှာ မည်သည့်နေရာကိုမှ မစီးဆင်းဘဲ မီးခိုးရောင်သန်းနေ၏။ ရေကန်၏တစ်ဖက်တစ်ချက်တွင်မူ ကျောက်တုံးများ ပြည့်နေသော ကမ်းခြေများရှိသည်။ မည်သည့်အပင်မှ ပေါက်ရောက်‌‌နေခြင်းမရှိသလို ကန်အတွင်း၌ ငါးများ၏အရိပ်အယောင်ဟူ၍လည်း မတွေ့ရချေ။

အရန်တပည့်များသည် ထိုင်ရန်နေရာရှာရင်း ယဲ့ချန်အား မနာလိုစွာ စိုက်ကြည့်နေကြ၏။ သူတို့ ဤနေရာသို့ ပထမဆုံးရောက်ခဲ့စဉ်က လီရှု၊ လေ့ရီနှင့်အခြားသူများကသာ ငါးမျှားသင်ပေးခဲ့ကြသည်။ သို့သော် ယဲ့ချန်ကိုတော့ ဆရာရွှမ်းယီကိုယ်တိုင် သင်ပေး၏။ သူတို့မှာ အားကျလွန်းသောကြောင့် သွေးအန်မတတ်ပင်။

ဆရာရွှမ်းယီနှင့်ယဲ့ချန်သည် ကျောက်ဆောင်ကြီးတစ်ခုပေါ်တွင် ထိုင်လိုက်ကြသည်။ လေ့ရီ၊ လီရှု၊ ဟောင်ဖုန်းနှင့်အခြားသူများကလည်း မလှမ်းမကမ်းတွင် ရှိကြ၏။ အရန်တပည့်များကတော့ ရေကန်ပတ်ပတ်လည် ခပ်ဝေးဝေးတွင် ဟိုတစ်ဖွဲ့၊ သည်တစ်ဖွဲ့ စုနေကြလေသည်။

သူတို့သည် တိတ်တဆိတ် ထိုင်နေကြ၏။ ရေကန်ထဲရှိငါးများ အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် စကားမပြောရဲကြချေ။

“ငါးမျှားတာက ဆေးဖော်စပ်တာနဲ့ တူတူပဲ။ ဒီရေကန်ထဲက ငါးတွေက သဘာ၀ရတနာတွေဖြစ်ပြီးတော့ စိတ်ဝိညာဉ်ဆန်ကြတယ်။ ငါးစာကို အလွယ်တကူ လာဟပ်မှာမဟုတ်ဘူး။ စိတ်ရှည်ဖို့နဲ့ စိတ်ငြိမ်ဖို့က အဓိကပဲ။ မင်းရဲ့တည်ရှိမှု‌နဲ့ စွမ်းအင်ကို အာရုံခံမိတဲ့အခါကျမှ ငါးတွေက သူတို့ရဲ့ သတိကိုလျော့လိုက်ကြလိမ့်မယ်” ဆရာရွှမ်းယီက ငါးမျှားချိတ်ကို ယူကာ စိမ်းပြာရောင် ဆေးပင်အရောအနှောဖြင့် သုတ်လိုက်၏။ “ဒီဆေးပင်‌အရောအနှောက အထူးပါ၀င်ပစ္စည်းတွေနဲ့လုပ်ထားတာ အရမ်းအဖိုးတန်တယ်။ ဒီဆေးပင်အရောအနှောနည်းနည်းလေးကို ရောင်းပြီး ချီစုဆောင်းဆေးလုံးဒါဇင်ကျော် ၀ယ်လို့ရတယ်။ ဒီအရောအနှောက ရေထဲရောက်ပြီး နာရီ၀က်ကြာရင် အရည်ပျော်သွားလိမ့်မယ်။ ပြီးတော့ အဲ့အထဲမှာ ငါးစာလာဟပ်အောင် မျှားနိုင်တဲ့ ထျန်းချီနည်းနည်းလည်း ပါသေးတယ်”

ယဲ့ကျန်မှာ ဆရာရွှမ်းယီစကားများကို အလွန်အမင်း အာရုံစူးစိုက်၍ နားထောင်နေ၏။ သူ ကဗျာတစ်ပုဒ် ကြားဖူးသည်။ “လှေငယ်လေးသည် ဝါးဦးထုပ်အစုတ်၊ ကောက်ရိုးခြုံထည်နှင့်အဘိုးကြီးကို သယ်လျက် ရေပြင်တွင် ငြိမ်လျက်၊ ‌ထိုလူသည်လည်း ဆောင်းရာသီအအေးဒဏ်ကြားတွင် ငါးမျှားလျက်” လူတစ်ယောက်သည် ငါးမျှားချိန်တွင် သဘာ၀တရားနှင့်အနီးစပ်ဆုံးဖြစ်ချေသည်။

ဤကန်ထဲရှိ ငါးများမှာ သာမန်ငါးများနှင့် အင်မတန် ကွဲပြား၏။ ၎င်းတို့အား အလွယ်တကူ ဖမ်းမရချေ။

ဆရာရွှမ်းယီ၏ပြောစကားအရ လူ ၄၀ ခန့်ရှိသော်လည်း ငါးတစ်ဒါဇင်ခန့်သာ ဖမ်းမိနိုင်၏။ သို့သော် ထိုတစ်ဒါဇင်မှ မည်သည့်ငါးကိုမဆို အဆင့် ၇ သို့မဟုတ် အဆင့် ၈ အဖိုးတန်ဆေးလုံးများအဖြစ် သန့်စင်နိုင်သည်။ အချို့ဆိုလျှင် အဆင့် ၉ ဆေးလုံးများအဖြစ်သို့ပင် သန့်စင်နိုင်၏။

ဤကန်ထဲ၌ ငါးအကောင်ရေမည်မျှရှိသလဲ ယဲ့ချန်မသိ‌ချေ။ ထို့ကြောင့် သူ၏ဝိညာဉ်အသိအမြင်ကို ရေကန်ဆီ ဖြန့်ကျက်လိုက်သည်။ ဝိညာဉ်အသိအမြင် ရေကန်သို့ ချဉ်းကပ်‌သွားသည့်အချိန်တွင် ပူပြင်းသော အထိအတွေ့တစ်ခုကို ခံစားလိုက်ရ၏။ ရေမှာ နောက်ကျိနေပြီး အတွင်းထဲသို့ မမြင်ရချေ။

ယဲ့ချန်၏ဝိညာဉ်အသိအမြင်ပင်လျှင် ရေကန်အတွင်းသို့ ၀င်မရပေ။

ယဲ့ချန်မှာ အံ့အားသင့်သွား၏။ ဒီရေကန်က ပေါ့သေးသေးမဟုတ်ဘူးပဲ။

ယဲ့ချန်က ဝိညာဉ်အသိအမြင်ကို အလောတကြီး ရုတ်သိမ်းပြီးနောက် ဆရာရွှမ်းယီအား ကြည့်လိုက်သည်။ ဆရာရွှမ်းယီမှာ လုံးလုံးလျားလျား အာရုံစူးစိုက်နေ၏။ သူ့ဆရာ၏အာရုံအလုံးစုံမှာ ငါးမျှားတံတွင်သာ ရှိနေကြောင်း ယဲ့ချန် မြင်ရနိုင်သည်။

ဆရာရွှမ်းယီမှာ ထူးဆန်းသော အနေအထားတစ်ခုသို့ ရောက်သွားလေပြီ။ ယဲ့ချန်သည် ဘေးတွင်ထိုင်ရင်း အတွေးနယ်ချဲ့နေမိ၏။ သူတို့သည် ငါးမျှားနေသော်လည်း ကျင့်ကြံနေသည့်အလားပင်။ သူ၏ထျန်းချီမှာ အနည်းငယ်တိုးတက်လာသဖြင့် ယဲ့ချန် ၀မ်းသာသွားသည်။

မိနစ်နှစ်ဆယ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။ ငါးမျှားတံလှုပ်သွားသဖြင့် ဆရာရွှမ်းယီ၏မျက်ခုံး မြင့်တက်သွားလေသည်။ သူက ငါးမျှားကြိုးကို ဆွဲတင်လိုက်ရာ အနီရောင်ငါးတစ်ကောင်က ဖျပ်ဖျပ်လူးရင်း ရေထဲမှ ပေါ်လာ၏။ သူက ခပ်သေးသေးငါးကို ညာလက်ဖြင့်ကိုင်ပြီး အမည်မသိသတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားသည့် အလုံပိတ် အနက်ရောင်သေတ္တာတစ်ခုထဲသို့ ထည့်လိုက်သည်။

ဆရာရွှမ်းယီသည် အလျင်အမြန်ပင် ငါးတစ်ကောင် ဖမ်းမိသွား‌လေပြီ။

“ဂုဏ်ယူပါတယ် ဆရာ။ သက်တံ့ငါးပဲ” အနီးတွင်ထိုင်နေသာ လေ့ရီနှင့် လီရှုက သူတို့၏ဆရာကို ဂုဏ်ပြု၏။

ဆရာရွှမ်းယီက စိတ်ကျေနပ်စွာဖြင့် ရယ်မောလိုက်လေသည်။

ယဲ့ချန်သည် ချက်ချင်း အမှတ်ရသွား၏။ သက်တံ့ငါးသည် နိုင်ငံ့ရတနာတစ်ပါးဖြစ်ချေသည်။ ထိုငါးကို ‌‌ကြော်၍သော်လည်းကောင်း၊ ပြုတ်၍သော်လည်းကောင်း စား၍ရ၏။ စားသုံးပြီးလျှင် ၎င်းသည် သာမန်တစ်ယောက်ကို အသက်ရှည်စေပြီး သေခါနီးလူတစ်ယောက်၏သွေးကြောများကို ထိန်းချုပ်‌ပေးကာ သက်တမ်းအား ဆွဲဆန့်ပေးနိုင်သည်။ ဆေးလုံးအဖြစ် သန့်စင်ပါက သက်ရောက်မှုက ပို၍အားကောင်းပြီး ထျန်းချီကျင့်ကြံခြင်းကို သိသာသာ တိုးတက်စေ၏။ ဆရာရွှမ်းယီဖမ်းမိသည့် ငါးမှာ လက်ညှိုးတစ်ချောင်းစာခန့် အရွယ်အစားရှိပြီး တစ်နှစ် သို့ နှစ်နှစ်မျှသာ သက်တမ်းရှိပေလိမ့်မည်။  ထိုငါးလေးကို အင်ပါယာအတွင်းရှိ လေလံစံအိမ်များတွင် ချီပေါင်းစည်းဆေးလုံး ထောင်ပေါင်းများစွာဖြင့် ရောင်းနိုင်၏။ ‌ယင်းငါးလေးသာ နောက်ထပ်နှစ်နှစ် သက်တမ်းရှိပါက အရွယ်အစား ကြီးလိမ့်မည်။ လက်ညှိုးငါးချောင်းစာ အရွယ်သာဆိုပါက ကမ္ဘာ့ရတနာတစ်ပါး ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။ အသားစလေးတစ်စကပင် အဖိုးများစွာထိုက်၏။

ထိုသို့စဉ်းစားနေစဉ် ယဲ့ချန်၏နှလုံးသားမှာ တဒိန်းဒိန်း ခုန်နေချေသည်။ မိုက်လိုက်တာ။

ဘေးတွင် သက်တံ့ငါးဟု ကြားလိုက်ရသဖြင့် အမွှေးပွလေး၏မျက်လုံးများက တောက်ပနေ၏။ ရှောင်ရိမှာလည်း သွားရည်များကျနေချေသည်။ ငါးကို မည်သို့ချက်မည်၊ အရသာရှိ၊ မရှိ အစရှိသဖြင့် တွေးနေမိ၏။

ငါးများကို ဖမ်းမိသည့် တပည့်ကသာ ပိုင်ချေသည်။ ဆရာရွှမ်းယီပင် ယူလိုပါက တန်ဖိုးတူညီသော ဆေးလုံးအရေအတွက်ဖြင့် လဲလှယ်ရမည်ဖြစ်သည်။

ယဲ့ချန်သည် ရေကန်အတွင်းသို့ မမြင်ရသော်လည်း ငါးပေါင်းများစွာ ရှိကြောင်း ပြောနိုင်၏။

“ဒီကန်ထဲက ငါးတွေက အဖိုးတန်ရင် ဘာလို့ ပိုက်ကွန် မသုံးတာလဲ ဆရာ” ယဲ့ချန်က သိလိုစိတ်ပြင်းပြစွာ မေးသည်။

ဆရာရွှမ်းယီက ပြုံးလျက် ဖြေ၏။ “ရွှေချည်မျှင်တွေက တိုက်စားမှုဒဏ်ကို ခံနိုင်ပေမယ့် ငါးတွေ ကိုက်ရင် ပြတ်တောက်သွားကြတယ်။ ဒါကြောင့် ပိုက်ကွန်တွေ၊ အ၀တ်တွေ လုပ်လို့မရဘူး။ ငါးမျှားကြိုးတွေက အောက်ဘုံမြွေတွေရဲ့ ကြွက်သားနဲ့လုပ်ထားတာလေ။ အရမ်း တန်ဖိုးကြီးတယ်။ တစ်နိုင်ငံလုံးရဲ့အင်အားကို သုံးခဲ့တာတောင်မှ ဧကရာဇ်မင်ဝူက အကောင် ၅၀ ပဲ ဖမ်းမိခဲ့တယ်လေ။ အဲ့ဒီကြွက်သားတွေကို ပိုက်ကွန်ထဲ ထည့်ချုပ်ကြရင်တောင်မှ သိပ်ပြီးထိရောက်မှာမဟုတ်ဘူး”

ဆိုတော့ ဒီကန်ထဲက ငါးတွေက ဖမ်းရခက်တယ်ပေါ့လေ

All Chapters