← Chapters

ဧရာမငါးကြီး ဖမ်းမိခြင်း

Vol. 12 Ch. 164

ဧရာမငါးကြီး ဖမ်းမိခြင်း

Vol. 12 Ch. 164

သူတို့ ထပ်မံ၍ ငါးမျှားကြပြန်သည်။ လီရှုမှာလည်း တိုးတက်လာပြီး တောင်ပံနီ‌ဖားလောင်းငါးတစ်ကောင်ကို ဖမ်းနိုင်ခဲ့သည်။ ယဲ့ချန်သည် ငါးဒါဇင်များစွာ ဖမ်းမိသော်လည်း အကောင်သေး‌လေးများသာ။ မည်သည့်ငါးကြီးမှ ငါးစာမဟပ်တော့ဘဲ ရှောင်ရိပင်လျှင်‌‌ နောက်ထပ်ရွှေသံချပ်ငါးတစ်ကောင်ကို မဖမ်းမိတော့ချေ။ လီရှနှင့်ဆရာရွှမ်းယီ၏စကားအရ ရွှေသံချပ်ငါးသည် ဉာဏ်ရည်မြင့်မားပြီး တောင်ပံနီဖားလောင်းငါးနှင့် သက်တံ့ငါးထက် အကင်းပါး‌လေသည်။

သုံးနာရီ၊ လေးနာရီခန့်ကြသော် ငါးသေးသေးလေးများမှလွဲ၍ မည်သည့်ငါးကြီးကိုမှ ထူးထူးခြားခြားဖမ်းမမိချေ။ ဆရာရွှမ်းယီပေးခဲ့သော ယဲ့ချန်၏ငါးစာများမှာလည်း ကုန်လု‌နီးပါးဖြစ်နေချေပြီ။ ယဲ့ချန်က စဉ်းစားလိုက်၏။ သူ၏ထျန်းချီကို ပြောင်းလဲ၍မရသော်လည်း ငါးစာဆေးပင်အရောအနှောကတော့ တစ်သတ်မတ်တည်းဖြစ်နေစရာမလိုချေ။ အခြား ဆေးပင်အရောအနှောများကို သုံး၍ရကောင်းရနိုင်ပေသည်။

တခဏ စဉ်းစားပြီးနောက် ယဲ့ချန်သည် ဝိညာဉ်စုဆောင်းဆေးလုံးတစ်လုံးကို တိတ်တဆိတ် ဖော်ကာ ခြောက်ပိုင်းပိုင်းလိုက်၏။ တစ်ပိုင်းကို ငါးမျှားချိတ်တွင် ချိတ်၍ ထျန်းချီအနည်းငယ်ထည့်ပြီးနောက် ရေကန်ထဲ ပစ်လွှတ်လိုက်သည်။

ဝိညာဥ်စုဆောင်းဆေးလုံး၊ ဝိညာဉ်ပေါင်းစည်းဆေးလုံးနှင့် ရှေးဟောင်းဆေးဝါးပညာရပ်များမှာ ယဲ့ချန်၏ဝှက်ဖဲများဖြစ်၏။ ယခုလောလောဆယ်တွင်တော့ အခြားမည်သူ့ကိုမှ ပြောပြ၍မရချေ။ ဤဝိညာဉ်စုဆောင်းဆေးလုံးနှင့် ပေါင်းစည်းထားသည့် ဆေးပင်အရောအနှောမှာ ဧရာမငါးများကို မျှားခေါ်နိုင်၊မခေါ်နိုင် သူမသိချေ။

ယဲ့ချန်သည် ဝိညာဉ်စုဆောင်းဆေးလုံးအား ငါးစားအဖြစ် အသုံးပြု၍ရ၊ မရ ကိုပင် မသိ။ သို့သော် ‌ဝိညာဉ်စုဆောင်းဆေးလုံး ဖော်စပ်ရာ၌ သူ၏အောင်မြင်နှုန်းမှာ သိပ်မဆိုးလှသဖြင့် ဆေးလုံးများကို ဖြုန်းတီးရန် နှမြောမနေချေ။

ချိတ်ကို ပစ်လွှတ်လိုက်ပြီးနောက် ချက်ချင်း ငါးမျှားတံ လှုပ်ခါလာသည်ကို ခံစားလိုက်ရသည်။

ယဲ့ချန်က ချက်ချင်း ကြိုးကို ဆောင့်ဆွဲလိုက်၏။ ငါးစာသည် ချိတ်တွင် ရှိနေဆဲဖြစ်ပြီး မည်သည့်ငါးမှ ဟပ်မနေချေ။  မည်သည့်အရာဖြစ်ပျက်သွားသနည်း။ ငါးမျှားတံ လှုပ်ခတ်သွားသဖြင့် ငါးတစ်ကောင်ကောင်တော့ အသေအချာ ဟပ်လိုက်ပေလိမ့်မည်။

ယဲ့ချန်က ချိတ်ကို တဖန် ပစ်လွှတ်‌လိုက်သော်လည်း အချိန်အ‌တော်ကြာသည်အထိ ငြိမ်သက်နေ၏။

ရေပြင်မှာ အင်မတန် တည်ငြိမ်နေသည်။ ငါးများ ပျံ့နှံ့သွားသည့်အလားပင်။

‘ကြည့်ရတာ ဝိညာဉ်စုဆောင်းဆေးလုံးနဲ့ ဆေးပင်အရောအနှောကို ပေါင်းပြီးတော့ ငါးစာလုပ်လို့မရဘူးထင်ပါတယ်။ ငါးတွေကို ခြောက်လှန့်လိုက်မိပြီ” ယဲ့ချန်မှာ အနည်းငယ်စိတ်ပျက်သွားမိ၏။

သာမန်ငါးစာနှင့်လဲရန် ပြင်လိုက်စဉ် သူ၏ဝိညာဉ်အသိအမြင်သည် တစ်စုံတစ်ခုကို ခံစားလိုက်ရ၏။ ရေကန်၏အောက်ခြေမှ တစ်စုံတစ်ခုက သူ့ဆီသို့ အရှိန်အဟုန်ဖြင့် တစ်စိုက်မတ်မတ် ကူးခတ်လာနေသည်။

ယဲ့ချန်မှာ အနည်းငယ် လန့်ဖြန့်သွား၏။ ဖြစ်ပျက်နေသည့်အရာကို နားမလည်နိုင်ချေ။ ရုတ်တရက် ငါးမျှားကြိုးမှာ ရေအောက်မြုပ်သွား၏။ ဆွဲအားတစ်ရပ်ကို ခံစားလိုက်ရပြီး ငါးမျှားတံမှာ ချက်ချင်း ကွေးညွှတ်သွားတော့သည်။

“ငါးတစ်ကောင် ဟပ်လိုက်ပြီ” ယဲ့ချန်မှာ အားရ၀မ်းသာဖြင့် ငါးမျှားတံကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ ငါးမှာ အင်မတန် ခက်ထန်ချေသည်။ ငါးမျှားတံမှာ ယဲ့ချန်၏လက်ထဲမှ လွတ်ထွက်တော့မည့်ဆဲဆဲ ဖြစ်နေ၏။

အမွှေးပွလေးက အလွန်အမင်းစိတ်လှုပ်ရှားစွာဖြင့် ယဲ့ချန်၏ပခုံးပေါ်တွင် ခုန်ပေါက်နေ၏။ သို့သော် ၎င်းကူညီနိုင်သည့်အရာမရှိချေ။

“ရှောင်ရိရေ ကူပါဦး” ယဲ့ချန်က အလောတကြီး အော်ဟစ်လိုက်၏။

“လာပြီ” ရှောင်ရိက သူ၏ငါးမျှားတံကို ချကာ ပြေးသွားသည်။ သူလည်း ယဲ့ချန်၏ငါးမျှားတံကို အလျင်အမြန် ဆွဲထားလိုက်၏။

အရိမ်းမီးတောက်မဟူရာရွှေ ငါးမျှားတံမှာ ပုံစံပျက်‌ကာ ကွေးညွှတ်နေချေသည်။ ရှောင်ရိ ‌ရွှေသံချပ်ငါးကို ဖမ်းမိတုန်းကထက်ပို၍ သိသိသာသာ ကွေးနေ၏။ ငါးမျှားတံကိုသာ အရိမ်းမီးတောက်မဟူရာရွှေနှင့် ပြုလုပ်မထားပါက ကျိုးသွားပေလိမ့်မည်။

ရှောင်ရိ ငါးမျှားတံကို ကိုင်လိုက်သည်နှင့် ယဲ့ချန်အ‌ပေါ် သက်ရောက်နေသည့်ဖိအား လျော့ကျသွားကြောင့် ခံစားလိုက်ရသည်။

“‌မြောက်လာနေပြီ” ရှောင်ရိက စိတ်လှုပ်ရှားစွာ အော်လိုက်၏။

ဆရာရွှမ်းယီနှင့်လီရှုလည် သူတို့အနား ပြေးလာလေသည်။ ယဲ့ချန်နှင့် ရှောင်ရိက ငါးမျှားတံကို ကိုင်ထားသဖြင့် သူတို့ မကူနိုင်ချေ။ လက်ဖဝါးများကို စိတ်လှုပ်တရှား ပွတ်လျက်သာ ကြည့်နေနိုင်ကြ၏။ ရွှေသံချပ်ငါးက သူတို့ကို အတော်လေးအံ့အားသင့်သွားစေခဲ့၏။ မည်သို့သောငါးက ငါးမျှားတံကို ဤသို့ကွေးစေသည်လဲ သိရှိရန် မစောင့်နိုင်တော့ချေ။

လေ့ရီ၊ ဟောင်ဖုန်း‌နှင့် ရန်ချန်းတို့မှာလည်း ထိုင်၍ တိတ်တဆိတ် ငါးမျှားမနေနိုင်တော့ပေ။ ထရပ်၍ ငါးမျှားတံကို အားကျစွာ ကြည့်နေကြ၏။

သူတို့၏ချိတ်ကိုသာ လာဟပ်မိစေချင်သည်။ ဤငါးသာ သူတို့ချိတ်ကို လာဟပ်ပါက သူတို့ရေကန်ထဲ ဆွဲချခံရမည်ကိုပင် မေ့လျော့သွားကြလေသည်။

ယဲ့ချန်နှင့်ရှောင်ရိ ရပ်နေသော ကျောက်တုံးမှာ ဒဏ်မခံနိုင်တော့ဘဲ ကွဲကြေလာ၏။

“ကျောက်တုံးက မခံနိုင်တော့ဘူး။ ရှောင်ရိရေ သတိထား” ယဲ့ချန်က သတိပေး၍ ဆွဲတင်လိုက်သည်။

ယဲ့ချန်ဘေးရှိ ရှောင်ရိက‌လည်း အားကုန်‌ဆွဲတင်လိုက်၏။ ပန်းခရမ်းရောင်ဧရာမငါးကြီးတစ်‌ကောင်က ရေထဲမှ ဗွမ်းခနဲ ထွက်လာလေသည်။ ၎င်းသည် တစ်မီတာခန့်ရှည်ပြီး အကြေးခွံများက နေရောင်အောင်တွင် တဖျပ်ဖျပ် လက်နေ၏။ ၎င်း၏အမြီးက အဆက်မပြတ် လှုပ်ခါနေပြီး မုတ်ဆိတ်‌မွှေးနှစ်ချောင်းက လေထဲ‌တွင် လွင့်နေချေသည်။

ဤပန်းခရမ်းရောင်ငါးကြီးက ယဲ့ချန်ကို ဆွံ့အသွားစေ၏။ ‘ဘုရားဘုရား အနည်းဆုံး ဂျင်ဒါဇင်ချီပြီးလေးမှာပဲ။ ရွှေသံချပ်ငါးထက် တောင် ကြီးသေးတယ်'

“ငါး ရပြီဟေ့” ရှောင်ရိသည် စိတ်လှုပ်ရှားလွန်းသောကြောင့် ငါးအား ကုန်းပေါ်တင်ကာ ‌ကျားလေးတစ်ကောင်နှယ် ခုန်အုပ်လိုက်၏။

လီရှုနှင့် ဆရာရွှမ်းယီသည် လေထဲ မြှောက်တက်လာသော ပန်းခရမ်းရောင်ငါးကို ကြည့်ရင်း ကြက်သေသေနေကြသည်။ ခရမ်းနီရောင်၊ မုတ်ဆိတ်မွှေး၊ ဂျင်ဒါဇင်ပမာဏ လေးလံသည်။ ‘ဗုဒ္ဓေါ ငါမျက်စိမှောက်တာများလား’ သူတို့ဘ၀တစ်လျှောက်လုံးရှိ စိတ်လှုပ်ရှားဖွယ်အဖြစ်အပျက်များသည် ယနေ့မြင်ခဲ့ရသည်နှင့် မယှဉ်နိုင်ချေ။

လေ့ရီနှင့်အခြားသူများလည်း ကြောင်အသွား၏။ သူတို့က ငါးကြီးကို မျက်လုံးများပြူးလျက် ကြည့်နေကြလေသည်။

ရှောင်ရိက ငါးကို ခုန်အုပ်လိုက်သော်လည်း ၎င်း၏အမြီးက လှုပ်နေဆဲပင်။ ၎င်းက ရှောင်ရိ၏ခန္ဓာကိုယ်ကို တွန်းဖယ်၍ မကြာခဏ လွတ်ထွက်သွားလျက်ရှိ၏။

လီရှုနှင့်ဆရာရွှမ်းယီမှာ အသိစိတ်၀င်လာပြီး ရောင်ရှိကို ကူညီရန် ပြင်လိုက်သည်။ သို့သော် လုံးထွေးနေသဖြင့် အနည်းငယ်သာ ကူညီနိုင်၏။

ဘုန်း...ဘုန်း....ဘုန်း။

ရှောင်ရိနှင့် ‌ဆရာရွှမ်းယီက ငါး၏ကိုယ်ကို ထုရိုက်သော်လည်း သံမဏိကို ရိုက်နေရသကဲ့သို့ ပြောင်းလဲမှုမရှိချေ။ ငါးက အသည်းအသန်ရုန်းကန်ရင်း ရေကန်ရှိရာသို့ ချဉ်းကပ်သွား၏။ ရေကန်ထဲသို့ ခုန်၀င်တော့ပေမည်။

အမွှေးပွလေးမှာလည်း စိတ်ပူပန်နေ၏။ ‌ငါး ရေကန်ထဲ ပြန်၀င်သွားသည်က ကိစ္စမရှိသော်လည်း ရှောင်ရိပါ ဆွဲခေါ်ခံရလိမ့်မည်။

ယဲ့ချန်က လက်မောင်းကာထဲမှ ငရဲအက်ကွဲဓားကိုထုတ်၍ ငါးကို ထိုးစိုက်လိုက်သည်။ ‘ဇွပ်’ခနဲ အသံနှင့်အတူ ဓားက ငါး၏ဦးခေါင်းကို ဖောက်၍ မြေတွင် ထိုးစိုက်သွား၏။

ရှောင်ရိက ကုန်းရုန်းထလိုက်သည်။ သူ့ပုံစံလေးမှာ စုတ်ပြတ်နေ၏။ သူက ငါးကိုကန်ကာ ပြောလေသည်။ “သေသွားပြီ။ မိုက်လိုက်တဲ့ငါးကြီး”

“မြန်မြန် ရပ်မနေနဲ့။ လီရှု ကောင်းကင်ရေကြည်တစ်စည်ယူလာပြီး လောင်းချလိုက်စမ်း။ ရှောင်ရိရေ ငါးကို ကူပြီးမပေးပါဦး။ ဖြည်းဖြည်း” ဆရာရွှမ်းယီနှင့် ရှောင်ရိက ငါးကို မလိုက်၏။ ‌သွေးကွက်ကြီးက ရေကန်ထဲသို့ စီးဆင်းသွားလေသည်။ အသုံးပြု၍မရတော့သဖြင့် ဆရာရွှမ်းယီ၏နှလုံသားမှာ တဆစ်ဆစ် နာကျင်နေ၏။

မကြာမီ ‌လီရှု ကောင်းကင်ရေကြည်ပုံးကြီးတစ်ပုံးကို ကိုင်လျက် ပြန်လာသည်။ ဆရာရွှမ်းယီ၏ညွှန်ကြားချက်အတိုင်း ငါးကို စတင် ဆေးကြောကြတော့၏။

လေ့ရီ၊ ဟောင်ဖုန်း၊ ရန်ချန်းနှင့် အရန်တပည့်များက စုဝေး၍ ငါးကို အဝေးမှ လှမ်းကြည့်နေကြသည်။ ၎င်းသည် သေသွားပြီဖြစ်သော်လည်း ခရမ်းရောင်အကြေးခွံများက တောက်ပနေသေး၏။ ၎င်း၏မုတ်ဆိတ်နှစ်မွှေးက ၂ မီတာကျော် ရှည်လေသည်။

“စီနီယာအစ်ကိုလေ့ အဲ့ဒါ ဘာငါးကြီးလဲ” ရွှမ်းယုက ခပ်တိုးတိုး မေး၏။ ထိုငါးကို ယဲ့ချန် ဖမ်းမိခဲ့သည်လား။ သူက ယဲ့ချန်ကို ကြည့်လိုက်သည်။ ‘ဒီ ၁၇ နှစ်ကောင်လေးက ကံကောင်းလွန်းနေတာ မဟုတ်ဘူးလား’

“ကြည့်ရတာ ‌ခရမ်းရွှေနဲ့ တူသလိုပဲ....ငါလဲ မ‌သေချာဘူး” လေ့ရီက ခေါင်းခါရမ်းသည်။ ယဲ့ချန်က သူ့ကို ကြောက်ရွံ့တုန်လှုပ်စေ၏။ ယဲ့ချန်၏ဆေးဝါးပညာပါရမီ မည်မျှရှိပါစေ...ငါးဖမ်းရာ၌ ကံကောင်းမှုတစ်ခုတည်းက ဆရာရွှမ်းယီ အလေးပေးစေဖို့ လုံလောက်ချေသည်။

နာရီဝက်ကြာပြီးနောက် ခရမ်းရောင်ငါးကြီးအား ဆေးကြောသန့်စင်ပြီးသွား၏။ သွေးများစွာ မ‌ဆုံးရှုံးလိုက်သဖြင့် ဆရာရွှမ်းယီမှာ သက်မချလိုက်မိလေသည်။

ဆရာရွှမ်းယီက ငါးကို ချိန်ဆလိုက်ရာ  ဂျင် ၃၀ ခန့် လေးလံ၏။

“ဒီငါးရဲ့သွေးကို ဖြုန်းတီးလို့မဖြစ်ဘူး” ဆရာရွှမ်းယီက ရယ်သည်။ “ဒါပေမဲ့ နာရီ၀က်တောင်ကြာသွားပြီဆိုတော့ ခဲသွားလောက်ပြီ။ မြန်မြန် သိမ်းထားလိုက်။ ဒီငါးက ရွှေသံချပ်ငါးထက် အဖိုးတန်တယ်။ မဟာဆေးဝါးပညာရှင်ဖြစ်လာရင် ဆေးလုံးအဖြစ် သန့်စင်နိုင်လိမ့်မယ်”

ယဲ့ချန်က ငရဲအက်ကွဲဓားဖြင့် ငါးကို လေးပိုင်းပိုင်းလိုက်သည်။

“ယဲ့ချန် ဘာလို့ ပိုင်းလိုက်တာလဲ။ တစ်ကောင်လုံးသိမ်းထားရင် ပိုပြီး ကြာရှည်ခံတယ်ကွ” ဆရာရွှမ်းယီက ရင်နာစွာဖြင့် ပြော၏။

“ဆရာ ဒီနှစ်ပိုင်းက ဆရာနဲ့အစ်ကိုလီအတွက်ပါ” ယဲ့ချနိက ဆရာရွှမ်းယီနှင့်လီရှုအား ပေးသည်။

ဆရာရွှမ်းယီနှင့်လီရှုမှာ တောင့်တင်းသွားကြ၏။

“ယဲ့ချန် မင်း ငါတို့ကို ပေးချင်တာ သေချာရဲ့လား။ ဒီငါးမျိုးက ဘယ်‌လောက်အဖိုးတန်လဲဆိုတာ သိရဲ့လားကွ” ဆရာရွှမ်းယီက မေးသည်။ သူပင်လျှင် စိတ်ကို ခက်ခက်ခဲခဲ ထိန်းထားရ၏။ ၎င်းကို စားသုံးသည်ဖြစ်စေ၊ ‌ဆေးလုံးပြုလုပ်သည်ဖြစ်စေ လူတစ်ယောက်၏ ကျင့်ကြံခြင်းကို များစွာ တိုးမြှင့်ပေးနိုင်သည်။  ဆံချည်မျှင်မျှ ငါးအသားစလေးကပင် ချီပေါင်းစည်းဆေးလုံးထောင်ပေါင်းများစွာ တန်၏။ အပိုင်းကြီးဆိုလျှင်တော့ ဆိုဖွယ်ရာမရှိတော့ချေ။

“ဘယ်လောက်တန်ဖိုးရှိရှိ အရေးမကြီးပါဘူး။ ဆရာနဲ့အစ်ကိုလီသာ မကူညီရင် ကျွန်တော် ဖမ်းနိုင်ခဲ့မှာမဟုတ်ဘူးလေ။ ဒါကြောင့် ပေးတာပါ” ယဲ့ချန်က ပြုံး၏။ ဤငါး၏တန်ဖိုးကို မည်သို့မသိဘဲ နေမည်နည်း။ သို့သော် ယဲ့ချန်သည် ရေသောက်ပြီးနောက် ရေတွင်းတူးသူကို မေ့ထားတတ်သူမဟုတ်ချေ။ သူ့အတွက် နှစ်ပိုင်းသိမ်းထားခြင်းက အတော်လေး မြတ်နေလေပြီ။

ဆရာရွှမ်းယီက တခဏ စဉ်းစားပြီးတော့ ပြော၏။ “အဲ့ဒါဆိုရင်လည်း တစ်ပိုင်းယူပြီးတော့ မင်းကို ဝိညာဉ်ဆေးလုံးသန့်စင်နေတဲ့နေရာမှာ ကူပေးမယ်။ လုပ်အားခအနေနဲ့ ဆယ်ရာခိုင်နှုန်းပဲ သိမ်းထားလိုက်မယ်” မဟာဆေးဝါးပညာရှင်တစ်ယောက်အနေဖြင့် ယဲ့ချန်အား အခွင့်ကောင်းယူမည်မဟုတ်ပေ။ ဤငါးကိုသာ ဆေးလုံးအဖြစ် သန့်စင်လိုက်ပါက တန်ဖိုးမှာ အဆများစွာ ခုန်တက်သွားလိမ့်မည်။

“ယဲ့ချန် မင်း ဆရာ့ကို တစ်ပိုင်းပေးပြီး ကျန်တာကို မင်းပဲယူထားလိုက်။ ငါက မ

All Chapters