အလယ်အလတ်အဆင့် ဆေးဝါးပညာရှင်
Vol. 12 Ch. 169
ထိုနေ့လည်ခင်းတွင် ဧကရာဇ်မင်ဝူသည် မင်ရေကန်အား အစောင့်အကြပ်များစွာဖြင့် စောင့်ကြပ်နေသည်။ သူသည် လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန် ဆရာရွှမ်းယီထံမှ ခွင့်ပြုချက်ရရှိခဲ့၏။ ထို့ကြောင့် ဆရာရွှမ်းယီ၊ ယဲ့ချန်နှင့် လီရှုတို့မှလွဲ၍ အခြားသူများ ရွှမ်းအဆောင်တော်မှ ထွက်ခွာသွားခွင့်မရှိချေ။
ရွှမ်းအဆောင်တော်၊ လေ့ရီ၏ခြံ၀န်းတွင်။
လေ့ရီ၊ ဟောင်ဖုန်းနှင့် ရန်ချန်းတို့က အတူတကွ ထိုင်နေကြသည်။
“ဧကရာဇ်မင်ဝူက မင်ရေကန်ကို ချိတ်ပိတ်ထားတယ်။ ကြည့်ရတာ ဆရာက သူ့ကို အပေးအယူကောင်းတစ်ခု ကတိပေးထားတယ်ထင်တယ်” လေ့ရီ၏မျက်နှာမှာ ဖျော့တော့နေ၏။
“ခရမ်းရွှေနတ်ငါးရဲ့အသားတွေနဲ့ သူတို့ လူသားအဆင့်ဆေးလုံးတွေ ဘယ်လောက် ဖော်စပ်နိုင်မလဲမှ မသိတာ။ နည်းမှာတော့ မဟုတ်တာ သေချာတယ်။ ဆရာက မင်ဝူကိုတောင် ဆေးလုံးတွေပေးပြီးတော့ ကျွန်တော်တို့ကိုကျ မပေးချင်ဘူး။ သူ့လက်အောက်မှာ နှစ်ပေါင်းများစွာ သစ္စာရှိခဲ့တာ။ သိပ်ပြီးမဖြစ်မြောက်ခဲ့ရင်တောင်မှ ကြိုးကြိုးစားစား သင်ခဲ့တာကိုဗျာ” ဟောင်ဖုန်းက ဒေါသတကြီး ရေရွတ်၏။ သို့သော် ဆရာရွှမ်းယီသည် သူတို့အား ဆေးဝါးပညာသင်ပေး၍ ဆေးလုံးများ မကြာခဏ ပေးသော်လည်း ထိုသို့ လုပ်ပေးရန်ပင် မလိုအပ်သည်ကိုတော့ လျစ်လျူရှုထားကြသည်။ ယခု အကျိုးရလဒ်များ၏ရှေ့မှောက်၌ သရုပ်မှန်များ ပေါ်လာခဲ့လေပြီ။
“ရွှမ်းအဆောင်တော်ကနေတောင် ထွက်လို့မရဘူး။ ဆရာကလည်း သီးသန့်ဆေးဖော်နေတယ်။ ဒီအတိုင်းပဲ ထိုင်စောင့်နေရမှာလား” ရန်ချန်း၏မျက်နှာကြီးမှာ မည်းမှောင်နေသည်။ “ဒီလိုဖြစ်လာမယ်မှန်းသာသိခဲ့ရင် ကြိုပြီး ထွက်သွားခဲ့ပါတယ်”
နေ့လည်ခင်းတွင် သူတို့သည် ချိတုံချတုံဖြင့် ဆုံးဖြတ်ချက်မချနိုင် ဖြစ်ခဲ့ကြသည်။ သူတို့ စိတ်ပိုင်းဖြတ်ပြီးချိန်တွင်တော့ မင်ရေကန်တစ်ခုလုံးမှာ ချိတ်ပိတ်ထားခံရပြီး အပြင်လောကနှင့် ဆက်သွယ်ရန် နည်းလမ်းမရှိတော့ချေ။
“ကျွန်တော်တို့ ညထိစောင့်ပြီး စာပို့သိမ်းငှက်တစ်ကောင် လွှတ်ရမယ်” ဟောင်ဖုန်းက ပြောသည်။ ညအချိန်တွင် စာပို့သိမ်းငှက်လွှတ်ခြင်းက ဖမ်းမိနိုင်ချေ နည်းပါး၏။
“ဆရာက အသည်းနှလုံးမရှိမှတော့ ငါတို့လုပ်ရပ်ကို အပြစ်တင်ပိုင်ခွင့်မရှိဘူး” လေ့ရီတွင် အစီအစဉ်တစ်ခု ရှိပေသည်။ ဤကိစ္စပြီးလျှင် ဆရာရွှမ်းယီတပည့်အဖြစ်မှ ထုတ်ပယ်ကောင်း ထုတ်ပယ်ခံရနိုင်သည်။ မည်သို့ဆိုစေ ဆေးဝါးပညာတွင် ဆရာရွှမ်းယီထက်ပို၍ ကျွမ်းကျင်သူထံသို့ သွားရောက်ရန် သူ၏မျိုးစွယ်စုသည် လွန်ခဲ့သော ၂ နှစ်တည်းက ကြိုတင်စီစဉ်ထားပြီးဖြစ်၏။ လေ့ရီကသာ အမြဲတွန့်ဆုတ်နေခဲ့ခြင်းဖြစ်သည်။ ယခုတွင် လူသားအဆင့်ဆေးလုံးများအတွက် မည်သည်ကိုမှ ဂရုမစိုက်နိုင်တော့။ အဆိုးဆုံးအခြေအနေတွင် နောက်ထပ်ဆရာတစ်ဦး ရှာ၍ ရပေသည်။
“စီနီယာအစ်ကိုလေ့ ဆရာသာသိသွားရင် ကျွန်တော်တို့ကို တပည့်အဖြစ်ကနေ ထုတ်ပယ်ပစ်မှာလား” ဟောင်ဖုန်းက အနည်းငယ် တွန့်ဆုတ်နေသည်။ သူ့ကဲ့သို့ အလယ်အလတ်အဆင့် ဆေးဝါးပညာရှင်တစ်ယောက်အတွက် ဆရာရွှမ်းယီထံမှ ထုတ်ပယ်ခံခဲ့ရလျှင် မျိုးနွယ်စုတွင်းရှိ ဂုဏ်သိက္ခာအဆင့်အတန်းမှာ သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
“စိတ်မပူနဲ့ ငါ့နောက်ကနေသာ လိုက်ခဲ့။ ဆရာရွှမ်းယီ နှင်ထုတ်ရင်လည်း တခြား ဆေးဝါးပညာရှင်တွေဆီမှာ တပည့်ခံလို့ရတယ်” လေ့ရီက ပြော၏။
“စီနီယာအစ်ကိုလေ့မှာ တခြား အဆက်အသွယ်တွေ ရှိတယ်လား” ဟောင်ဖုန်းနှင့် ရန်ချန်း၏မျက်လုံးများမှာ ၀င်းလဲ့တောက်ပလာ၏။
“ဒါပေါ့ကွ” လေ့ရီက ဟောင်ဖုန်းနှင့်ရန်ချန်းကို ကြည့်၍ တည်ငြိမ်စွာ ပြုံးပြလိုက်သည်။
“ဒီနေ့ကစပြီး ကျွန်တော်တို့နှစ်ယောက်လုံး ကမ္ဘာ့အဆုံးအထိ အစ်ကိုလေ့နောက်ကို လိုက်ပါ့မယ်” လေ့ရီ၏အမူအရာကို သတိထားမိသောအခါ ဟောင်ဖုန်းနှင့်ရန်ချန်းက ချက်ချင်း သစ္စာခံ၏။
ညအချိန်ရောက်လာပြီး အရာအားလုံး ဆိတ်ငြိမ်နေသည်။ စာပို့သိမ်းငှက်အချို့ကသာ အရပ်လေးမျက်နှာသို့ အမှောင်ထဲတွင် ပျံသန်းနေကြ၏။
နှစ်ရက်ကြာပြီးနောက် ယဲ့ချန်သည် ဆေးလုံးများကို တိတ်တဆိတ် ဖော်စပ်သန့်စင်နေဆဲဖြစ်သည်။ ဝိညာဉ်အသိအမြင်မှာ မီးပြင်းဖိုထဲတွင် ရောက်ရှိနေပြီး ဆေးပင်အရောအနှောမှာ ဝါကျင့်ကျင့်မီးခိုးရောင် သန်းလာသည်ကို တွေ့လိုက်ရ၏။
“ဒါက ချီစုဆောင်းဆေးလုံးတွေရဲ့ အရောင်ပဲ။ ငါ အောင်မြင်သွားပြီလား။ ဒါပေမဲ့ နှစ်ရက်ခွဲပဲ ရှိသေးတာလေ။ သာမန်ဆိုရင် ချီစုဆောင်းဆေးလုံး ဖော်စပ်သန့်စင်ပြီးဖို့က သုံးရက်ကြာတာကို” ယဲ့ချန်၏မျက်ခုံးများမှာ တွန့်ချိုးသွားသည်။ မည်သို့ဆိုစေ မီးပြင်းဖိုထဲရှိ ဆေးလုံးများမှာ ဖော်စပ်သန့်စင်ပြီးလေပြီ။
“ရှောင်ရိရေ မီးမြန်မြန် ငြှိမ်းလိုက်တော့”
ယဲ့ချန်၏အမိန့်ကိုကြားသောအခါ ရှောင်ရိက အလောတကြီး မီးသတ်လိုက်၏။
ယဲ့ချန်က ထျန်းချီကို လှည့်ပတ်၍ မီးပြင်းဖို၏အဖုံးကို ဖွင့်လိုက်သည်။ ထို့နောက် ဆေးပင်အရောအနှောပါ၀င်သော သတ္တုဘူးကို ထုတ်လိုက်၏။
“သုံးရက်တောင် မရှိသေးဘူး။ ဘာလို့အဖုံးဖွင့်လိုက်တာလဲ။ မအောင်မြင်ဘူးလား” လီရှုက နားမလည်ဟန်ဖြင့် အနားလျှောက်လာကာ မေး၏။ ကျရှုံးခြင်းကား အံ့ဩစရာတော့မရှိချေ။ ပထမဆုံး ဆေးလုံးဖော်စပ်ရာ၌ သုံးရက်နီးပါး တောင့်ခံထားနိုင်ခြင်းကပင် ဉာဏ်ကြီးရှင်တစ်ဦးအဖြစ် အသိအမှတ်ပြု၍ ရပေသည်။ ယဲ့ချန် နောက်တစ်ကြိမ် ဆေးလုံးဖော်စပ်ရာတွင် နည်းနည်းပါးပါး တိုးတက်လာပါက အောင်မြင်နိုင်၏။ အတိတ်တုန်းက လီရှုသည် ဆရာရွှမ်းယီလက်အောက်၌ နှစ်၀က်မျှ လေ့လာသင်ယူခဲ့သည်။ အကြိမ်ရာပေါင်းများစွာ ကျရှုံးပြီးနောက်မှ ဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်သန့်စင်နိုင်ခဲ့၏။
“မသိဘူးဗျ။ ကြည့်ရတာ အောင်မြင်တယ်ထင်တယ်” ယဲ့ချန်မှာ မသေချာစွာဖြင့် ဆေးပင်အရောအနှောကို ထုတ်လိုက်သည်။ ပြင်းထန်လှသော ဆေးရနံ့က ပျံ့လွင့်လာ၏။
“အောင်မြင်တယ်လား” လီရှုက ငေးကြောင်ကြည့်နေသည်။ နှစ်ရက်ခွဲသာရှိသေး၏။ မြန်လွန်းနေသည်မဟုတ်ပါလော။ ထို့အပြင် ယဲ့ချန် ပထမဆုံးအကြိမ် ဆေးလုံးဖော်စပ်ခြင်းဖြစ်သည်။ ဆေးရနံ့ကို ရသောအခါ လီရှုမှာ ဝေခွဲမရဖြစ်သွား၏။ ဤချီစုဆောင်းဆေးလုံးများ၏ ရနံ့မှာ အခြားချီစုဆောင်းဆေးလုံးများနှင့် မတူချေ။ ရနံ့က ပို၍ပြင်းပေသည်။
သူတို့က ဆေးပင်အရောအနှော၏ သုံးမရသော အစိတ်အပိုင်းများကို လွှင့်ပစ်ကာ ကျန်သည်ကို ချီစုဆောင်းဆေးလုံးများ၏လိုအပ်ချက်အတိုင်း ဆေးလုံးသဏ္ဌာန်ဖော်လိုက်၏။ စုစုပေါင်း ၉၁ လုံးရလေသည်။ ယဲ့ချန်၏ အောင်မြင်နှုန်းကား ၉၁ ရာခိုင်နှုန်း။
လီရှုက ဆေးအာနိသင်ကို စမ်းသပ်ရန် ချီစုဆောင်းဆေးလုံးတစ်လုံးကို မြိုချလိုက်၏။ ဤချီစုဆောင်း