← Chapters

အခန်း (၅၄၄)

Vol. 40 Ch. 544

အခန်း (၅၄၄)

Vol. 40 Ch. 544

သမီးဖြစ်သူ စိတ်နှင့်ကိုယ်နှင့် မကပ်ဖြစ်နေသည်ကို သတိပြုမိပြီး ယန်ချန်လင်၏ စိတ်နှလုံးသားမှာ တင်းကျပ် လာမိသည်။  အကြောင်းမှာ   သမီးလေးမှာ သူမခင်ပွန်း၏ အသည်းကျော်လေး ဖြစ်ပေသည်။ ထို့အပြင် သူမ၏ အပြုအမူများက ရေသဘာဝ ယင်အင်မော်တယ် မြို့အတွက် ကောင်းကျိုးပြုခဲ့၏။

ယန်ချန်လင်က မြန်မြန် ထပ်ပြောလိုက်သည်

“ သခင်ကြီး ... လျန်ရှီးက မမှားပါဘူး။ ကျမတို့တွေ သူတို့ကို ကိုယ်စားပြု ယှဉ်ပြိုင်ခိုင်းမယ် ဆိုရင်တောင် အဆင့် ၅ ဆေးလုံးဘုရင်အဆင့် နှစ်ယောက်အတွက် တားမြစ်ချက်မရှိတဲ့ ပြိုင်ပွဲထဲ ထိပ်ဆုံး အယောက် ၅၀ ထဲ ပါဖို့ ခက်ခဲမှာပဲရှင် ....

အစ်ကိုကြီးတန်ကိုပဲ ကျမတို့တွေ အကူအညီ တောင်းရအောင်လား။ ကျမတို့ ရှုံးမဲ့အတူတူ  ဘာလို့ အပြင်လူတွေကို အခွင့်အရေး ပေးနေမှာလဲ .... အများဆုံး ကျမတို့တွေ ပြိုင်ပွဲပြီးသွားရင် ရေသဘာဝ ယင်အင်မော်တယ်မြို့ကနေ ထွက်သွား ရရုံလောက်ပေါ့ ... ”

ဝမ်လျန်ရှီးက သူမ အသိပြန်ကပ် လာသည့်အခါ ဝင်ပြောလိုက်သည်

“ ဖေဖေ ... မေမေ ပြောတာ မှန်တယ်လို့ သမီး ထင်တယ်။ အခု သူတို့ကို စိတ်အနှောင့်အယှက် ပြုပြီးမှတော့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ကို ဆက်အကူအညီ တောင်းနေစရာ မလိုတော့ဘူးလေ။  ပြီးတော့ အနည်းဆုံးတော့ ဒီပြိုင်ပွဲကနေ ဦးလေးတန် အတွေ့အကြုံ ပိုရသွားတာပေါ့ ”

တန်လျန့်က သက်ပြင်းချကာ

“ကျုပ်တော့ ငြင်းစရာ မရှိဘူး။  တကယ်လို့ အရင်စည်းမျည်း အတိုင်း  ပါဝင် ယှဉ်ပြိုင်ရမယ် ဆိုရင် အခွင့်အရေး နည်းနည်း ရနိုင်သေးပေမဲ့ အခုတော့ အခွင့်အရေး မရှိတော့တာ သေချာနေပြီ ”

ခဏတာ တိတ်ဆိတ်နေပြီးနောက် ဝမ်ဟို့က ပြောလိုက်သည်

“လျန်ရှီးနဲ့ သမီး အမေပြောတာ မှန်တယ်။  ညီလေးတန်နဲ့ ငါက ညီအစ်ကိုတွေလို ဆိုတော့  ဒီတစ်ခါ ညီလေးတန်ပဲ ကိုယ်စားပြု ဝင်ပြိုင်ပေးပါ။ ကျုပ်တို့ ရှုံးသွားရင် ချက်ချင်း ထွက်သွားကြမယ်။

ရေသဘာဝ ယင်အင်မော်တယ်မြို့က လက်အောက်ခံမြို့ဖြစ်ဖို့ နည်းနည်းတော့ အချိန် ကြာဦးမှာပဲ။ အဲဒီအချိန် မရောက်လာခင် ထွက်သွားရင် အဆင်ပြေတယ်  .... ”

အားလုံးက တိတ်ဆိတ်သွားကြသည်။ ဝမ်လျန်ရှီး အပါအဝင် အားလုံးက ဝမ်ဟို့ စကားများမှာ သူတို့ကို နှစ်သိမ့်ပေးရန် ဖြစ်ကြောင်း သိကြ၏။ ပြိုင်ပွဲ ပြီးဆုံးသွားသည်နှင့် မြို့မှ ထွက်သွားလျှင် ပြန်အဖမ်းခံရပါက  ပြစ်ဒဏ်မှာ ပို၍ ပြင်းထန်လိမ့်မည်။

ခဏအကြာတွင် တန်လျန့်က ဖြေလိုက်သည်

“ ကောင်းပြီလေ ... ကျုပ်တို့တွေ  အတူတူ ထွက်သွားကြတာပေါ့။  တကယ်လို့ အားလုံး ကျရှုံးသွားရင် ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ အခွင့်အရေး ရှိလား ကျုပ် တစ်ချက် ကြည့်ကြည့်လိုက်မယ် ”

ဝမ်လျန်ရှီးက  မိဘများ၏  စိတ်ပျက်နေသည့် သွင်ပြင်များကို မြင်ကာ  ဆိုးဆိုးရွားရွား ခံစားမိနေသည်။ မိုဝူကျီ၏ အာမခံချက် အကြောင်း သူမ မိဘများကို ပြောပြသင့်လား ဆိုသည့် အကြောင်းကိုပါ တွေးမိနေသည်။ သို့သော်လည်း သူမက မိုဝူကျီသာ ရှုံးနိမ့်သွားပါက သူတို့ကို ပို၍ စိတ်ပျက် သွားစေမည်ကို စိုးရိမ်မိနေသည်။

“လျန်ရှီး ... အမေတို့ဆီကနေ တစ်ခုခုများ ဖုံးကွယ်ထားသေးလားကွယ် ” ယန်ချန်လင်က သူမ သမီးဖြစ်သူ အကြောင်း ကောင်းကောင်းသိ၍ ဝမ်လျန်ရှီးတွင် တစ်ခုခု ပြောစရာ ရှိနေမှန်း ကြည့်ရုံဖြင့် သိ၏။

ဝမ်ဟို့က စိတ်သက်သာရာ ရအောင်  ရယ်မောရင်း ပြောလိုက်သည်

“  လျန်ရှီး ... သမီး အခြေအနေတွေက ဒီလိုဖြစ်သွားမှတော့ ထပ်မဆိုးနိုင်တော့ပါဘူး။ လွတ်လွတ်လပ်လပ်သာ ပြော .... ဘာပဲ ဖြစ်လာ ဖြစ်လာ အဖေတို့ မိသားစု ဘယ်တော့မှ မခွဲစေရပါဘူး။

ပြီးတော့ အဖေက  အင်မော်တယ် လောကထဲ အကြာကြီး နေလာတာ  အရင်က မကြုံတွေ့ဖူးတာ ဘာရှိမှာလဲ  ”

ဝမ်လျန်ရှီးက လက်ခံစွာဖြင့် ခေါင်းညိတ်ကာ   “ သမီး ဖိတ်လိုက်တဲ့ ဆေးလုံးဆရာက သူ့အနေနဲ့  ၇၀ ရာခိုင်နှုန်း သေချာတယ်တဲ့  ... ”

ဝမ်လျန်ရှီး စကားများကို ကြားပြီး တန်လျန့်ပင် မသာမယာ ဖြစ်မိသွားသည်။

တားမြစ်ချက်များကို ဖယ်ရှားပြီးနောက်  ၇၀ ရာခိုင်နှုန်းမှာ အဆင့်  ၆ ဆေးလုံးဘုရင်ပင် ပြောရဲမည့် အရာ မဟုတ်ပေ။ သူက ဆေးလုံး ဧကရာဇ်များ ဖြစ်နေမလား .....

“ လျန်ရှီး  ... သမီး အလိမ်ခံ လိုက်ရတာများလား ” ယန်ချန်လင်က မျက်မှောင်ကြုတ်ကာ စိုးရိမ်တကြီး  မေးလိုက်သည်။

ဝမ်လျန်ရှီးက မြန်မြန် ပြောလိုက်သည်

“ မဟုတ်ပါဘူး ... အဲဒီသူက သမီး ယုံရင် အစွန်းအဖျားမှာ တွေ့လာတဲ့ သူပါ။ ဦးလေးတန်တောင် သူ့ကို ချီးကျူးသေးတယ်လေ .....  သူ့ကို ဒီယုံရင် အင်မော်တယ်မြို့မှာ ပြန်တွေ့မယ်လို့ ထင်မထားမိဘူး ”

“ သူလား ”တန်လျန့် အမူအယာမှာ ပိုကောင်းလာပြီး သက်ပြင်းချကာ

“ တားမြစ်ချက်တွေ မဖယ်ရှားခင်က ဆိုရင်တော့  ၇၀ ရာခိုင်နှုန်း  ...  ၉၀ ရာခိုင်နှုန်းလောက်က သေချာလိမ့်မယ်။ ဒါပေမဲ့  စည်းမျည်းတွေ ပြောင်းထားတာဆိုတော့ ဆေးလုံး ဧကရာဇ်တွေလည်း ဝင်ပြိုင်နိုင်တယ်  .... ”

ဝမ်ဟို့က စိတ်လှုပ်ရှားလာကာ မြန်မြန် ဝင်ပြောလိုက်လေ၏

“ ညီလေးတန် ... အရင်တုန်းက သူ လုပ်တဲ့ ဆေးအဆီအနှစ်က ရာနှုန်းပြည့် သန့်စင်တယ်လို့  ပြောဖူးတယ် မလား။ ပုံမှန်ဆိုရင် ဆေးပညာပြိုင်ပွဲက  ဆေးပင်တွေ သန့်စင်ဖို့ လိုတာပဲလေ ”

တန်လျန့်က ခေါင်းညိတ်ကာ

“အဲဒီ ဆေးလုံးဆရာက ဆေးလုံးဧကရာဇ် ဖြစ်နေနိုင်တယ်။ မယုံကြည်နိုင်လောက်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်ပဲ ဆေးပင်ကို ရာနှုန်းပြည့် သန့်စင်နိုင်မှာ ...

အဆင့်  ၆ ဆေးလုံးဘုရင်တောင် မလုပ်နိုင်ကြဘူး။ နှမြောဖို့ ကောင်းတာက သူ့အလားအလာ အပြည့်အဝ အထိ မရောက်ခင် စည်းမျည်းတွေက ပြောင်းကုန်တာပဲ။ ခန့်မှန်းကြည့်ရ သလောက်ဆိုရင် အယောက်  ၅၀ မြောက်တောင် အနည်းဆုံး အဆင့် ၆ ဆေးလုံးဘုရင် ဖြစ်လိမ့်မယ်။

ဒီလို အဆင့်မြင့်တဲ့ ပြိုင်ပွဲမှာ  ဆေးပင်တွေကို သန့်စင်ဖို့ လိုတယ်ဆိုရင်တောင် ဆေးပင်တွေက အဆင့် ၄ နဲ့ အထက် ဖြစ်လိမ့်မယ်။ အဲဒီလို ဆေးပင်တွေကို သန့်စင်ရတာက  အဆင့်နိမ့် ဆေးပင်တွေနဲ့ လုံးဝ ယှဉ်လို့ မရဘူး ... ”

တန်လျန့်က ထိုအထိ ပြောပြီးနောက် ဝမ်လျန်ရှီးကို တစ်ချက် ကြည့်ကာ

“ လျန်ရှီး .... တကယ်လို့ ဦးလေးတို့ အောင်မြင်မြင်၊ ကျရှုံးရှုံး  ပြိုင်ပွဲပြီးသွားရင် သူနဲ့ ဦးလေးကို မိတ်ဆက် ပေးရမယ်နော် .. ဒီလူက ကန့်သတ်ချက်မဲ့ အလားအလားကို ပိုင်ဆိုင်ထားတာ မဝေးတော့တဲ့ အနာဂတ်မှာ အများက မော့ကြည့်ရတဲ့သူ ဖြစ်လာလိမ့်မယ် .... ”

ယန်ချန်လင်က တစ်ခုခုကို တွေးမိသွားဟန်ဖြင့် သူမ ခင်ပွန်းဖြစ်သူကို ကြည့်ကာ

“ သခင်ကြီး  ... လျန်ရှီးနဲ့ အဲဒီ မိုဝူကျီကို လက်ထပ် ပေးလိုက်ရင် ဘယ်လို သဘောရလဲ ”

ဝမ်ဟို့  မျက်လုံးက လင်းလက်သွားကာ သူ့အနေဖြင့် တန်လျန့်၏ အကဲဖြတ်နိုင်စွမ်းကို ယုံကြည်လေ၏။ တန်လျန့်က သူ့အလားအလာမှာ ကန့်သတ်ချက်မဲ့ကြောင်း ပြောထားသည့် အတွက် ဝမ်မျိုးနွယ်စု၌ ဆေးလုံး ဧကရာဇ် သားမက် တစ်ယောက် ရှိနေလျှင် မည်သူကများ သူတို့ကို ထိရဲမည်နည်း။ ကောင်းကင် ဧကရာဇ် ကွေ့ဖုန်းယွင်ပင် စိတ်တိုင်းကျ သူတို့ ဝမ်မျိုးနွယ်စုကို ထိရဲမည် မဟုတ်ပေ။ သူတို့ လင်မယားအတွက်  သူတို့သမီးလေးမှာ  နူးညံ့သိမ်မွေ့ပြီး အသိဉာဏ် ဗဟုသုတနှင့် ပြည့်စုံကာ ရေသဘာဝ ယင်အင်မော်တယ်မြို့၏ နံပါတ်တစ် အလှလေး တစ်ယောက် ဖြစ်၍ ယုံကြည်ချက် ရှိ၏။

“ မေမေ ဘာတွေ ပြောနေတာလဲ  .... သမီးက သူ့ကို နှစ်ခါလေးပဲ တွေ့ဖူးသေးတာလေ ” ဝမ်လျန်ရှီး မျက်နှာတစ်ခုလုံးမှာ နီရဲလာသည်။

မိုဝူကျီ တံခါးပိတ် ကျင့်ကြံနေသည့် နောက်၌  ယုံရင်အင်မော်တယ် မြို့အတွင်း နဂိုက ရှုပ်ယှက်ခတ် နေကြသော ကျင့်ကြံသူများမှာ နေရာတစ်ခုဆီ စုရုံးနေကြသည်။ အဓိက အကြောင်းအရင်းမှာ စည်းမျည်း အပြောင်းအလဲ လုပ်လိုက်၍   ယခင်က အသက် ငါးရာ မကျော်ခင်အထိသာ သတ်မှတ်ထားပြီး ယုံရင်အင်မော်တယ် နယ်မြေသား ဖြစ်ရမည် ဆိုသည့် စည်းမျည်း မရှိတော့သောကြောင့် ဆေးလုံးဆရာတိုင်း ပါဝင်ယှဉ်ပြိုင်ခွင့် ရသွားလေ၏။

ဆေးလုံးဖော်စပ်ခြင်းမှာ ခက်ခဲသောကြောင့် ဆေးလုံးဆရာများကို အချိန်အတော်ကြာ ခေါ်ယူ စုဆောင်းနေရခြင်း ဖြစ်ပေသည်။ ဆေးလုံး ဆရာကောင်းတစ်ယောက်က အတွေ့အကြုံများ၊ အသိပညာများ ရရှိရန် နှစ်များစွာ ရင်းနှီးထားရခြင်း ဖြစ်၏။

စည်းမျည်းအသစ် ထွက်ပေါ်လာသည်နှင့် အံ့အားသင့်လောက်စရာ  ဆေးလုံးဆရာများ ထွက်ပေါ်လာသည်ကို စဉ်းစားကြည့်ပါလေ။

စည်းမျည်းအသစ် ထွက်ပေါ်လာသည့်အခါ  ယုံရင် အင်မော်တယ် နယ်မြေအတွက် ယှဉ်ပြိုင်ခွင့် နေရာလုပွဲမှာ ပြင်းထန် လာလေ၏။ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဆေးလုံး ဘုရင်များအတွက် အဆင့်နိမ့် အင်မော်တယ်မြို့သို့ သွားလိုက်ရုံဖြင့်  ထိုမြို့စားများက သူတို့ကို ကိုယ်စားပြု ယှဉ်ပြိုင်ပေးရန် တောင်းဆို ကြလိမ့်မည်။ သူတို့ လိုအပ်သည့် အရာမှာ ထိုမြို့များကို ကိုယ်စားပြု၍ ယှဉ်ပြိုင် ပေးလိုက်ရုံသာ ဖြစ်၏။

ပြိုင်ပွဲဝင် နေရာများ နည်းပါးလာသည့်အထိ ဆေးလုံးဘုရင်များ အချင်းချင်း ထိုနေရာ အတွက် သူသူကိုယ်ကိုယ် လုနေကြသေးသည်။ အားလုံးက   ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့မှ ဖြစ်နေလျှင်ပင်  သူတို့ နေရာ ရဖို့ရာ တစ်ယောက်နှင့် တစ်ယောက် ညှာတာခြင်း အလျှင်းမရှိကြချေ။

ရေသဘာဝ ယင်အင်မော်တယ်မြို့မှ ဒေါသတကြီး ထွက်လာကြသော  ကန်ကျီနှင့် တိပိုင်ရှန်းတို့က  သူ့ကို နောက်တစ်ဖန် သွားရှာရုံမှ အပ တခြားရွေးချယ်စရာ မရှိပေ။ သူတို့တွင် နေရာနှစ်ခု မရရှိလျှင်ပင်  တစ်နရာဆို လုံလောက်လေ၏။

“ ဝမ်ဟို့က ဆေးလုံးဘုရင်တို့ကို နှုတ်ခွန်းဆက်ပါတယ် ” ဝမ်ဟို့၏ မိသားစုက ဆေးလုံးဘုရင် နှစ်ယောက်လုံးကို ဧည့်ခန်း၌ ဧည့်ခံပေးလိုက်ကြသည်။ သူက သူတို့ ထွက်သွားသည့် အချက်ကိုသာ အာရုံစိုက်မနေရဘူးဆိုလျှင် သူတို့တွေ နောက်တစ်ကြိမ် ထပ်မရောက်လာဖို့သာ မျှော်လင့်မိသည်။

ကန်ကျီက ခေါင်းညိတ်ကာ  “ မြို့စားဝမ် ... အဲဒီနေရာကို ပြန်ရခဲ့ပြီလား  ”

“ ကျုပ် အခုထိ ရှာလို့ မတွေ့သေးဘူး ...” ဝမ်ဟို့က သက်ပြင်းချကာ ပြောလိုက်သည်။ သူ သက်ပြင်းချလိုက်သည့် အကြောင်းအရင်းမှာ နေရာ မရှိတော့၍ မဟုတ်ဘဲ သူတို့နှစ်ယောက် ထပ်ရောက် လာ၍ ဖြစ်သည်။

ကန်ကျီက မျက်မှောင်ကြုတ်ကာ

“ အဲလိုဆိုမှတော့  တစ်နေရာစာပဲ အရင်ပေးထားလိုက်လေ...  စိတ်မပူပါနဲ့ ကျုပ်နဲ့ တိပိုင်ရှန်းက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က  အဆင့် ၅ ဆေးလုံး ဘုရင်တွေလေ။ အကောင်းဆုံး ရလဒ်ရဖို့ အကောင်းဆုံး ကြိုးစားပေးပါ့မယ် ”

ဝမ်ဟို့က ရှက်ရွံ့လာမိသည်။ အကြောင်းမှာ တန်လျန့်က သူ့မိတ်ဆွေ ဖြစ်နေလျှင်ပင် သူ့ဆုံးဖြတ်ချက်ကို ထိန်းမထားနိုင်ဘဲ လိုသုံး  မသုံးရက်ပေ။

ဘေးတွင် ရပ်နေသည့်  ဝမ်လျန်ရှီးက

“ လျန်ရှီးက ဆေးလုံးဘုရင်တို့ကို နှုတ်ဆက်ပါတယ်။ ကျမ အဖေက တခြားသူကို နေရာပေးလိုက်တဲ့  ကျမကို စိတ်ဆိုးပြီးတော့  ဒီပြိုင်ပွဲအတွက် မျှော်လင့်ချက် အကုန် လက်လျှော့လိုက်ပြီးတော့  တခြားတစ်ယောက်ကို ပေးလိုက်လို့ပါ ”

ကန်ကျီက ဒေါသူပုန် ထလာကာ  ဝမ်ဟို့က ထိုသို့ လုပ်ရဲလိမ့်မည်ဟု ထင်မထားခဲ့ပေ။ အကယ်၍ ဝမ်ဟို့က သူတို့အား  ယခင်တခါက ရန်မစမိခဲ့လျှင်ပင် ယခုအခါတော့ ရန်စမိသွားလေပြီ။

“ ကောင်းပြီလေ .... ခင်ဗျားတို့ ရေသဘာဝ ယင်အင်မော်တယ် မြို့က ပါရမီရှင်တွေ့ပြီးတော ရလဒ်ကောင်း ရလာဖို့ မျှော်လင့်ပါတယ် ” ကန်ကျီက ထိုင်ပင် မထိုင်တော့ဘဲ  တိပိုင်ရှန်းနှင့် အတူတူ ထွက်သွားတော့သည်။

ဝမ်ဟို့က သက်ပြင်းချကာ

“ ဖြစ်လာတာတွေလည်း ဖြစ်လာစေတာ့ .... ကျုပ်တို့ ဝမ်မျိုးနွယ်စု အတွက် ဒီလိုမျိုး ကြုံတွေ့ဖို့ရာက  ကျိန်စာဆိုရင်လည်း  ရှောင်ရှားလို့မှ မရတော့တာ .... ”

ယုံရင်အင်မော်တယ်မြို့က ရုတ်ရုတ်သည်းသည်း ဖြစ်နေပြီးနောက် လအနည်းငယ်ကြာ၌ ပြိုင်ပွဲဝင်နေရာ လုပွဲကြီးမှာ အဆုံးသတ် သွားလေ၏။

ထို့အပြင်  ယုံရင် အင်မော်တယ် နယ်မြေ၏ ဆေးပညာပြိုင်ပွဲမှာ နီးကပ်လာလေပြီ။

မိုဝူကျီက လော့ကျမ်းစာရွက်၏ ၃၀ ရာခိုင်နှုန်းလောက် မွမ်းမံ သန့်စင်ပြီးသည့် အချိန်၌  လင်းဂူက လှမ်းခေါ် လိုက်သည်။

မိုဝူကျီက အချိန်အကုန်မြန်မှုကို တွေးရင်း သက်ပြင်းချကာ  ထွက်လာလိုက်သည်။ သူ တံခါးပိတ် ကျင့်ကြံနေသည်မှာ တစ်နှစ်ကျော် ကြာမြင့် သွားလေ၏။

“ ကျေးဇူးတင်ပါတယ်   လင်းဂူ  ....” မိုဝူကျီက  လင်းဂူကို အရင်အတိုင်း နှုတ်ဆက် လိုက်လျှင်ပင် သူ့အနေဖြင့် သူမကို ကျေးဇူးတင်ရန် လိုအပ်နေသေး၏။ ဤဆေးပညာပြိုင်ပွဲမှာ သူ့အတွက် အရေးပါဆုံး ကိစ္စဖြစ်ရာ  သူသာ လွဲချော်သွားပါက သူ့ကိုယ်သူ ဘယ်တော့မှ ခွင့်လွတ်နိုင်မည် မဟုတ်ပေ။

လင်းဂူက ပြုံးကာ

“ ဒီတစ်ခါ ဆေးပညာပြိုင်ပွဲ အတွက် ဆေးလုံး ဧကရာဇ် တချို့ကိုတောင် မြင်မိသေးတယ်။  အစ်ကိုမိုရဲ့ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲက ဆေးလုံး ဧကရာဇ် နှစ်ယောက်နဲ့ မဟာမိတ် ဒုခေါင်းဆောင်တို့တောင် ရောက်နေတာ ”

“ သွားကြတာပေါ့ ... ပြိုင်ပွဲနေရာဆီ သွားရအောင် ... ကျုပ်က ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က ဆိုပေမဲ့  ဒုခေါင်းဆောင်က ဘယ်သူမှန်း သိတာ မဟုတ်ဘူး။ ကျုပ်က ဆေးလုံးဧကရာဇ် နွန်ယုံကိုပဲ သိတာ။ ဒီနေ့ ရောက်နေမလားတော့ မသိဘူး ....” မိုဝူကျီက သူ့အဝတ်အစားများကို ထုတ်ပိုးရင်း ပြောလိုက်သည်။

“ သူက ဒီရောက်သေးတဲ့ ပုံတော့ မပေါ်ဘူး။ ဆေးလုံးဧကရာဇ် တစ်ယောက် ကုန်းယန်ရွှယ်နဲ့ နောက်တစ်ယောက်က ဟန်ကျွင်းတဲ့။ နှစ်ယောက်လုံးက အင်မော်တယ် မြို့နှစ်ခုကို ကိုယ်စားပြု ပြိုင်ကြမှာ  ” မိုဝူကျီက အထုတ်သိမ်းနေစဉ်  လင်းဂူက  ဆက်ရှင်း ပြလိုက်သည်။

မိုဝူကျီက  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ကို ဝင်လိုက်ခြင်းမှာ သဘောကျ၍ မဟုတ်ဘဲ  သူ့ကိုယ်သူ ကာကွယ်ပေးနိုင်ရန် နေရာတစ်ခု လိုအပ်ခဲ့၍သာ ဖြစ်သည်။

သူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့များ၏ အရေးပါသည့် ပုဂ္ဂိုလ်များနှင့် မတွေ့ရသေးသလို စူးခရာအဖွဲ့ခွဲမှ ခေါင်းဆောင်နှင့်လည်း မတွေ့ရသေးပေ။ မိုဝူကျီက နွန်ယုံကိုသာ သိပြီး ဆေးလုံးဧကရာဇ် နွန်ယုံ ရှိပါက  သူက ကောင်းကောင်း ကျေးဇူးစကားဆိုရန် ရည်ရွယ်ထားရန် ဖြစ်၏။ ယခု နွန်ယုံက ဤနေရာ ပါမလာသောကြောင့် စိတ်မကောင်း ဖြစ်မိ၏။

ဤတစ်ခေါက်  ဆေးပညာပြိုင်ပွဲနေရာမှာ  ယုံရင် အင်မော်တယ် နယ်မြေ၌ အကြီးမားဆုံး အမိုးဖွင့် နေရာကျယ်ကြီး ဖြစ်၏။

ယုံရင်အင်မော်တယ်နယ်မြေ၏ အကြီးမားဆုံး နေရာကျယ်ကြီးမှာ ယုံရင် အင်မော်တယ် မြို့၏  မြို့တွင်းကွက်လပ်သာ ဖြစ်၏။ အကယ်၍ ဤနေရာ၌  လူသန်းချီ စုဝေးကြမည် ဆိုလျှင်ပင် အားလုံးအတွက် နေရာမှာ ပြည့်ကျပ် မနေလောက်ပေ။

***

All Chapters