Chapters

ဓါတ်ကျွင်းလောင်ချာ

Vol. 1 Ch. 3

ဓါတ်ကျွင်းလောင်ချာ

Vol. 1 Ch. 3

အခန်း ၃

ဓါတ်ကျွင်းလောင်ချာ

Luck တစ်ယောက် ဆိုင်ကယ်ပျံကိုမောင်းနှင်လာရင်းကနေ လမ်းမကြီးထိပ်မှာ ၀ှန်း ဆိုတဲ့အသံကြားလိုက်ပါတယ် လူတွေလည်းရုတ်ရုတ်သဲသဲ ၀ိုင်းအုံနေကြတယ်။အနီးကပ်ကြည့်လိုက်တော့ အမိုးတစ်ခုလုံးပွင့်ထွက်ပျက်စီးနေတဲ့ အိမ်စီးကားတစ်စီးကိုတွေ့လိုက်တယ်စုတ်ပြတ်ကျိုးကြေနေတဲ့နေရာမှာဓါတ်စီးကြောင်း တွေ၀င်းကနဲဖြစ်နေတယ်။ဒါက ဓါတ်ကြွင်းလောင်ချာနဲ့  တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

"ပေါက်ကွဲတော့မယ်ဟေ့ ပြေးကြဟ ပြေးကြ"

"မြန်မြန်နောက်ဆုတ်ကြ"

"ကားထဲကလူတွေအရင် ကယ်ကြပါဟ"

Luck လည်း မနေနိုင်ပဲ၀င်ရောက်ကူညီလိုက်ပါတယ်

သူ့ရဲ့သန်မာတဲ့လက်တစ်စုံဟာ ကလေးမလေးတစ်ယောက်ကို အမြန်ပွေ့ချီလိုက်ပြီးဘေးဘက်ကိုအမြန်ပြေးပါတယ်။

"၀ှစ် ၀ှစ်"

ဘေးနားက S2 ကားတစ်စီးရဲ့ဗိုက်အောက်ထဲကို

ဒိုင်ဗင်ပစ်လိုက်ပါတယ်

ပေါက်ကွဲမှုကပြင်းထန်ပြီးဘေးနားက လူတချို့ကွဲစထိမှန်ကာ ဒဏ်ရာတွေရသွားကြတယ်။တိုက်ခိုက်မှုအကြွင်းအကျန်တွေရဲ့လားရာကို Luck ကြည့်လိုက်တော့ ၂၀၀ မီတာ မှာ၁၅ ထပ်တိုက်ပေါ်ကနေလူတစ်ယောက်လှမ်းကြည့်နေတယ်၊ပြီးတေ့ဖျတ်ကနဲပျောက်သွားတယ်။Luck လည်းသူကယ်လာတဲ့ကလေးမလေးကို ခုမသေချာကြည့်မိတယ် ချစ်စရာလေး

မျက်လုံး၀ိုင်း၀ိုင်းလေးနဲ့ဆံပင်ကိုနှစ်ခွကျစ်ထားတယ်ကလေးမလေးရဲ့နားရွက်တွေဟာချွန်ထွက်နေပြီး ခေါင်းမှာ တလက်မအရွယ် ချိုနှစ်ချောင်းရှိနေတယ်

" အိုး သူမက သွေးနောတစ်ယောက်ပါလား"

"နောက်ပိုင်းကျွန်းစု က လာတာဖြစ်မယ်"

မကြာမီ လုံခြုံရေးအဖွဲ့တွေရောက်လာတယ် စစ်ဆေးကယ်တင်မှုပြုလုပ်ကြတယ်။Luck တစ်ယောက် ကလေးမလေးကို ဆေးကားပေါ်တင်ပေးလိုက်တယ်သူမလေး ကမေ့မျောနေတုန်းပါပဲ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာခနခနဖြစ်နေတယ်။

ပူပြင်းတဲ့နေရောင်အောက်မှာ Luck စျေးလမ်းဘက်ကိုမောင်းထွက်လာခဲ့တယ်ထုံးစံအတိုင်း လမ်းတွေပိတ်ဆို့နေဆဲပဲ။လမ်းတစ်ဖက် ဖုန်းအရောင်းဆိုင်

လေးတစ်ဆိုင်က ထိုင်းလူမျိုးတစ်ဦးက Luck ကိုအော်ဟစ်နှတ်ဆက်လိုက်တယ်။

"ဟေ့ ငစနူ Luck ဘယ်တုန်းကွ"

"ကျနော့် ကို စျေးထဲမှာ သုံရောင်ချယ်ဘဲ သွားယူခိုင်းလို့"

"အေးအေး ဒါနဲ့ မင်းမလာလို့ အီကြာကွေးမပို့ရဘူးဆိုပြီး လင်းဖန် တင်းနေတယ်"

"ဟုတ်ကဲ့ကျနော် အပြန်၀င်လိုက်ပါ့မယ်"

"မင်းသူ့ကိုကပ်ထားဟ ထိုင်းနယ်စပ်မှာ အီကြာကွေးရောင်းရင်း S1 ကွန်ဒို ၀ယ်ထားတာ ဒီတရုတ် လင်းဖန်ပဲရှိတယ်"

"ဟုတ်ကဲ့ ဟုတ်ကဲ့ သွားပြီနော်"

ကြားဖြတ်ပြောရအုံးမယ် ကျောင်း၀င်ခွင့်မရ၊ပိုက်ဆံ

မရှိ တောက်တိုမယ်ရ လုပ်နေသူကို ဒီဒေသမှာ ငစနူလို့ ခေါ်ကြပါတယ်။