Chapters

အိမ်မက်တစ်ခု

Vol. 1 Ch. 4

အိမ်မက်တစ်ခု

Vol. 1 Ch. 4

အခန်း ၄

အိမ်မက်တစ်ခု

Luck ဟာ ပေ၂၀ ၄၀ ကျယ်တိုက်ခန်းလေးမှာတစ်ယောက်ထဲအခန်းငှားနေတာပါ။အိမ်ပြန်ရောက်တော့

Luck မောမောနဲ့အိပ်ပျော်သွားတယ် Luck တစ်ယောက်အိမ်မက်တွေမက်နေတယ်

" ငတုံးလေး နင်ဘယ်ရောက်နေလဲ နင်ပြန်လာပါတော့"

အနီရောင်၀တ်စုံ ၀တ်ထားတဲ့ ကောင်မလေးတစ်ယောက်သူ့ကိုစကားတွေ လာပြောနေတယ်။

ပုံရိပ် က၀ိုးတိုးဝါးတားပဲ

"ငတုံးလေး ငါစောင့်နေတယ် နင်ပြန်လာပါတော့

နင့်ကိုပြောစရာတွေရှိတယ်"

"နင်မှတ်ထား နတ်ဘုရားတွေက ဘယ်တော့မှ

မသေ   ဘူးဘယ်တော့မှလည်းဒူးမထောက်ဘူး"

"လိုက် လိုက် အဲဒီ့ကောင်ကိုသတ် သူသေမှဖြစ်မှာ"

Luck နောက်ကို ပုဆိန် ကိုင်ထားတဲ့လူအများကြီး

၀ိုင်းလိုက်နေတယ်

"အား"

Luck တစ်ယောက်ရုတ်တရက်လန့်နိုးလာတယ်

ချွေးစီးတွေပြန်ပြီး တကိုယ်လုံးတုန်ယင်နေတယ်

"ဒီအိမ်မက်ဆိုးတွေ ငါမက်ပြန်ပြီ "

Luck တစ်ယောက် အသက်၁၂ နှစ်ထဲက အိမ်မက်ဆိုးတွေ တစ်လ ၂ ခါလောက်မက်ပါတယ်။

ရေတစ်ခွက်သောက်လိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်တယ်။ Luck ရဲ့ရည်မှန်းချက်က S အဆင့်သူရဲကောင်းဖြစ်ချင်တာပါ S အဆင့်သူရဲကောင်းတွေရဲ့ ဒီဂျစ်တယ်တိုက်ပွဲကွင်းပြင်မှာ တိုက်ခိုက်ချင်တာပါ။ဒါပေမဲ့ သူကအခုထိ C အဆင့်တောင်မရောက်သေးပါဘူး ရောင်ဝါဖောက်ထွက်ဆေးက

စျေးကြီးလို့သူမတတ်နိုင်ရှာဘူး Sအဆင့်တစ်ယောက် က ကားတစ်စီးကို လက်သီးတစ်ချက်နဲ့

အမှုန့်ချေလိုက်နိုင်ပါတယ်။S အဆင့်ဖြစ်ရင်

အရာရှိတစ်ယောက်ဖြစ်မယ် စားမယ် ၊ခရီးသွားမယ်

မိန်းမချောလေးတစ်ယောက် ယူမယ်၊သူ့အိမ်မက်က

အရမ်းရိုးရှင်းပါတယ်။

"ဟာမေ့နေတာပဲ  အဘလင်းဆီသွားရမယ်"

>၀ူး ၀ူး ဘရွန်း ဘရွန်း

Luck တစ်ယောက်တိုးချဲ့ရပ်ကွက်သစ်ဖက်ကိုမောင်းလာတယ်။

အနံမထွက်အောင်အီကြာကွေး ကျော်စက်များ တပ်ဆင်ထားတဲ့ ဆိုင်ကြီးတစ်ဆိုင်ရှေ့ ရပ်လိုက်တယ်

လက်ဗွေနဲ့ ဆိုင်ကယ်ကိုယ်ထည်ကိုထိလိုက်တယ်

၀ှစ် ၀ှစ် ဂျုန်း

<ဆိုင်ကယ် တစ်ပေပတ်လည် လက်ကိုင်ပါအိတ်ပုံစံ

ဖြစ်သွားတယ်၊ ဘေးနားက ဆိုင်ကယ်စတမ်း မှာထိုးသိမ်းလိုက်တယ်။

"ဗျိုး အဘ လင်းဖန် နေကောင်းလား"

Luck က တော့ အပြုံးလေးနဲ့ အော်ဟစ်ပြီးဆိုင်ထဲ၀င်သွားတယ် အကြော်စက်တေ့ရဲ့နောက်မှာတော့

၆ ပေ လောက်ရှည်တဲ့ကောင်တာရှိတယ်

ကောင်တာရဲ့နောက်မှာတော့ မျက်လုံးမှေးပြီး

နုတ်ခမ်းမွှေးစစ နဲ့ တရုတ်စိုးရာဝတ်စုံနဲ့

Mr လင်းဖန် ထိုင်နေတယ်

Luck ရဲ့နှာခေါင်းဟာ အနံတစ်ခုရတယ်

>ကြည့်လိုက်တော့ တထွာလောက်ရှိတဲ့ ဂျပန်အရက်တစ်လုံးနဲ့ မဒမ်ချိစ်စ် တစ်ချပ်ရှေ့မှာ ချထားတယ်

"ဟာ ဘကြီးမနက် ၁၀ ကျော်ပဲရှိသေးတာ ကစ်နေပြီလား"

"အေးကွာညက တော်တော် ပန်းသွားတယ်

မနက် ၃ နာရီထိ ဂျပန်မှာ ကဲနေတာကွ ဟဟ"

"ရော့ တစ်ခွက်လောက်ကစ်လိုက်

ဒါက တော်တော်ကောင်းတယ် မန်ထူး ပဲကွ

ဇတ်ခနဲ ထောင်ထနေတာ မန်ထူးဆိုတာ မူးထန်လေ   ကွာ ဟဟ"

" အဘ ကတော့ အသက် ၇၀ ဖြစ်နေပြီ မှောင်နေတုန်းပဲနော်"

"စောက်ကလေး ဒီခေတ်ကြီးမှာ ၇၀ ဆိုတာ လူငယ်   ကွ ဟဟ"

"မနေ့က မလာဘူး မင်းကိုပြောစရာရှိလို့ ထိုင်အုံး"

"ဟုတ်ကဲ့ အဘ "

"မင်း ဟာဂျီမိုဆိုတဲ့ဆေးကြားဖူးလား"

"ကြားဖူးတာပေါ့ အဘရယ် ဂျပန်က နာမည်ကြီးရောင်ဝါဖောက်ထွက်ဆေးပဲ"

"အဲ့ဆေးနဲ့ဆို C အလယ်ဆင့်ကို တန်းရောက်သွားကြတယ်ကြားဘူးတယ်"

"ဒါပေမဲ့စျေးကြီး တယ် ကျနော်ဘယ်လိုတတ်နိုင်မှာလဲ"

"မင်းအဲ့ဒါရဖို့ အခွင့်အရေးရှိတယ် နားထောင် သဘက်ခါ ဂျပန် ဟော့ကိုင်းဒိုးမှာပန်းချီ ပြိုင်ပွဲရှိတယ် မင်းအရည်ချင်းနဲ့ဆို ဖြစ်နိုင်တယ်"

"တတိယဆု က အဲ့ဒီ ဟာဂျီမိုဆေးပဲ

တတိယဆုတော့ ရအောင်လုပ်လိုက်ကောင်လေး"

Luck ရဲ့မျက်လုံးတွေ အရောင်တောက်လာတယ်

Luck ဟာ အဆင့်မြင့်ပန်းချီ ကို သင်ယူနေတာ

၄ နှစ် ရှိပါပြီ၊သူ နှစ်သိမ့် ဆု နဲ့ ပဲကျေနပ်နေရတာပါ။