← Chapters

ဒုတိယ စစ်ဆေးမှု ပြီးဆုံးခြင်း

Vol. 40 Ch. 549

ဒုတိယ စစ်ဆေးမှု ပြီးဆုံးခြင်း

Vol. 40 Ch. 549

ဆေးလုံးမှာ  အဆင့် ၅ အင်မော်တယ် ဆေးလုံး ဖြစ်ရမည် ဖြစ်ပြီး  သူက ပြိုင်ဖက်ကင်း အဆင့် ၅ ဆေးလုံးများကို ဖော်စပ်ရမည်။ သို့သော်လည်း  ပြိုင်ဖက်ကင်း အဆင့် ၅ ဆေးလုံး တစ်မျိုးတည်းဖြင့် သူ့အား ထိပ်ဆုံးအယောက် ၅၀ ထဲ ပါလိမ့်မည်ဟု အာမခံ မပေးနိုင်သေးပေ။ ဤနေရာရှိ ဆေးလုံးဆရာ အများစုက အဆင့်  ၆ ဆေးလုံးဘုရင်မျာ ဖြစ်ကြ၍  အဆင့် ၆ ဆေးလုံးကို ဖော်စပ် ကြလိမ့်မည်။

ထို့အပြင် ပထမ စစ်ဆေးမှုအတွင်း သူက ရမှတ်ကို ကျန်သူများနှင့် အရမ်း ခြားမထားနိုင်လိုက်ပေ။ သန့်စင်မှု၌  ၆ မှတ်၊ ၇ မှတ်မှာ ကွာခြားချက် ကြီးသော်လည်း ဆေးလုံး ဖော်စပ်သည့်ကို ထည့်တွက်လိုက်သည့်အခါ ဘာမှ မဟုတ်တော့ပေ။ အကယ်၍ အဆင့်မြင့် အဆင့် ၆ ဆေးလုံး တစ်သုတ်က  အမှတ် ၈၀ ရရှိသည်ဆိုလျှင် အဆင့်မြင့် အဆင့် ၅ ဆေးလုံးအတွက် အမှတ် ၃၀ သာ ရရှိလိမ့်မည်။

ပြိုင်ဖက်ကင်း အဆင့် ၅ ဆေးလုံး တစ်သုတ်စာသည် အဆင့်မြင့် အဆင့် ၆ ဆေးလုံး တစ်သုတ်စာနှင့် ညီမျှနိုင်ကောင်း၏။ သို့သော်လည်း “ ဖြစ်နိုင်ချေ” မျှသာ ဖြစ်ပြီး မိုဝူကျီက အမှတ်ပေး စည်းမျည်းကို အတိအကျ မသိပေ။

သို့သော် သူက အဆင့် ၅ ဆေးလုံးကို ဖော်စပ်လိုက်လျှင် သူ့ဆေးလုံးမှာ ရိုးရှင်းနေ၍ မဖြစ်သေးပေ။ ဤအဆင့် ၅ ဆေးလုံး၌ အခြေအနေနှစ်ရပ်နှင့် ပြည့်စုံနေရမည်။ ပထမ တစ်ချက်မှာ  အင်မော်တယ် ဆေးလုံးသည် ဖော်စပ်ဖို့ရာ ခက်ခဲပြီး တန်ဖိုးလည်း မြင့်မားရမည်။ ဒုတိယ အချက်အနေဖြင့်  တစ်သုတ်လုံးမှာ ပြိုင်ဖက်ကင်းအဆင့် ဖြစ်ရမည်။

လေးလေးနက်နက် တွေးတောပြီးနောက် မိုဝူကျီက အဈေးကြီးဆုံး ဖြစ်သည့် ဝိညာဉ်သန့်စင် မဟာကျီ ဆေးလုံးကို ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။ ဝိညာဉ်သန့်စင် မဟာကျီ ဆေးလုံးမှာ မဟာယီရှန်း ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကို မဟာကျီရှန်း အဆင့် တက်လှမ်းနိုင်ရန် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးနိုင်သော ဆေးလုံး ဖြစ်၏။ အကယ်၍ မဟာယီရှန်း ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က သူ့၌ ရတနာများလည်း ရှိသလို  ကိုယ်ပိုင် တာအို နားလည်နိုင်စွမ်းလည်း အဆင့်တစ်ခုထိ ရောက်ရှိနေပါက  ဤဆေးလုံးကို အသုံးပြုလိုက်ခြင်းမှာ သူ့အား မဟာကျီရှန်းအဆင့် သေချာပေါက် ရောက်စေလိမ့်မည်။

ထိုအကြောင်းကြောင့်  အဆင့် ၅ ဆေးလုံးများကြား၌ ဝိညာဉ်သန့်စင် မဟာကျီဆေးလုံးမှာ တန်ဖိုးအကြီးဆုံး ဖြစ်နေခြင်း ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ  ဝိညာဉ်သန့်စင် မဟာကျီ ဆေးလုံးကို ဖော်စပ်ဖို့ရာ ခက်ခဲမှုမှာ  အဆင့် ၅ ဆေးလုံးများကြား၌ ထိပ်ဆုံးဟု ဆို၍ ရပေသည်။

ဝိညာဉ်သန့်စင် မဟာကျီ ဆေးလုံးအတွက် အဓိက ပါဝင်ပစ္စည်းများမှာ  အင်မော်တယ် သန့်စင်အသီးနှင့်  နွယ်တပိုင်း အရွက်တို့ ဖြစ်၏။ မိုဝူကျီက ကျိုးပျက်ကမ္ဘာ တတိယအလွှာမှ ပြန်လာခါစ ဖြစ်သည့်အတွက် ထိုဆေးနှစ်ပင်မှာ ပိုပိုလိုလို ရှိနေသည်။ ထိုမျှတင် မကပေ။ သူက ထိုဆေးလုံးကို ယခင်က  အကြိမ်များစွာ ဖော်စပ်ဖူး၏။

ဝိညာဉ်သန့်စင် မဟာကျီဆေးလုံးအတွက် ပါဝင် ပစ္စည်းများမှာလည်း အလွန်အမင်း ဈေးကြီး လှပေသည်။ အကယ်၍ ချိန်စုယင်ကို ကယ်တင်ဖို့ကြောင့်သာ မဟုတ်လျှင် မိုဝူကျီက အဖိုးတန် ဆေးပင်များကို ဤသို့မျိုး အစုတ်ပလုတ် ပြိုင်ပွဲ၌ ထုတ်သုံးမည် မဟုတ်ပေ။

မှန်ပေ၏။

မိုဝူကျီက ဤဆေးပညာ ပြိုင်ပွဲကို အစုတ်ပလုတ် ပြိုင်ပွဲတစ်ခုအနေနှင့်သာ မြင်ပေသည်။ အစစ်အမှန် ဆေးပညာ ပြိုင်ပွဲမှာ ဤသို့မျိုး မြန်မြန်ဆန်ဆန် ရလဒ် ထွက်လာမည် မဟုတ်ပေ။ ထို့အစား ဆေးလုံး ဆရာများကြားမှ စစ်မှန်သော ဆေးလုံးတာအို အရည်အသွေးကိုသာ ယှဉ်ပြိုင် ရလိမ့်မည်။ ဤလက်ရှိ ပြိုင်ပွဲကို ဦးစား တာဝန်ယူသူ ဖြစ်သည့် ယုံရင် အင်မော်တယ် နယ်မြေက ရလဒ်ကို မြန်မြန်ဆန်ဆန် ထုတ်၍ ယွင်ရှန့်တောင်ကြားကို ဖွင့်လို၏။ ဆေးပညာပြိုင်၌ပွဲကို မြန်မြန် အဆုံးသတ် လိုသည်မှာလည်း ယွင်ရှန့်တောင်ကြားကို ဖွင့်နိုင်ရန် ဖြစ်သည်။

မိုဝူကျီအတွက်လည်း ပြိုင်ပွဲကို မြန်မြန် အဆုံးသတ် လိုသည်မှာ ပုံမှန်ကိစ္စသာ ဖြစ်ပေသည်။ သို့သော် ပညာရှင် တစ်ယောက်၏ အမြင်အရ ဤပြိုင်ပွဲမှာ ဘာဆိုဘာမှ မထိုက်တန်ပေ။

မိုဝူကျီက အင်မော်တယ်ဆေးပင် တစ်သုတ်စာကို ထုတ်ဘူလိုက်ပြီး သူ့ရှေ့တွင် ချထား လိုက်သည်။ တစ်ချိန်တည်းတွင် မိုဝူကျီက သူ့ဆေးမီးဖိုကို  ဝိညာဉ်သန့်စင် မဟာကျီဆေးလုံးအား ဖော်စပ်ဖို့   ပြင်ဆင်ရန် သန့်စင်လိုက်သည်။

“ ကျုပ် မှားမြင်နေတာတော့ မဟုတ်ဘူးမလား။ သူက ဝိညာဉ်သန့်စင် မဟာကျီ ဆေးလုံးကို ဖော်စပ်မှာလား ”

အောက်မှ လူတချို့က  မိုဝူကျီ ထုတ်ယူလိုက်သည့် အင်မော်တယ် ဝိညာဉ်သန့်စင်အသီးကို သတိထားမိပြီး တအံ့တဩ ရေရွတ်လိုက်ကြသည်။

အဆင့် ၅ ဆေးလုံးမှာ ဘာမှ မထူးခြားသော်လည်း ဤဒုတိယ စစ်ဆေးမှု၌  အဆိုးရွားဆုံး ဆေးလုံးမှာ အဆင့် ၅ ဆေးလုံး ဖြစ်ပေ၏။

အားလုံးကို အံ့အားသင့် သွားစေသည်က မိုဝူကျီသည် ပါဝင်ပစ္စည်းများ ဈေးကြီးလှသော ဝိညာဉ်သန့်စင် မဟာကျီဆေးလုံးကို ဖော်စပ်မည့် အကြောင်း ဖြစ်၏။ ထိုအရာမှာ အဆင့် ၅ အင်မော်တယ် ဆေးပင် ဖြစ်သော်လည်း တန်ဖိုးမှာ သာမာန်  အဆင့် ၆ ဆေးပင်ကိုပင် ကျော်လွန် နေသေးသည်။

ဆေးလုံးဆရာများက ဤပြိုင်ပွဲအတွက် ကိုယ်ပိုင်ဆေးပင်များ ထုတ်သုံးရကြောင်း သိထားသင့်သည်။ လူများစွာက  ဤလူငယ် ဆေးလုံးဆရာလေးမှာ အလွန်ချမ်းသာကြောင်း စတင် ယုံကြည် လာကြသည်။

တချို့သော လူများက မိုဝူကျီ၏ ဇစ်မြစ်ကို သံသယ ဝင်လာမိကြသည်။ အကယ်၍ မိုဝူကျီသာ သာမာန်ဆေးလုံးဆရာ တစ်ယောက် ဖြစ်ပါက  ဝိညာဉ်သန့်စင် မဟာကျီဆေးလုံးအတွက် ဆေးပင်များကို မည်သို့ ထုတ်သုံးနိုင်မည်နည်း။

အင်မော်တယ်ဆေးပင်များက တစ်ပင်ပြီး တစ်ပင် ဆေးမီးဖိုထဲ ရောက်ရှိသွား၏။ မိုဝူကျီအတွက် အဆင့် ၅ အင်မော်တယ်ဆေးပင် သန့်စင်ဖို့ရာက  အဆင့် ၄ ကျောက်စိမ်း တလည်းမြက်ပင်ကို သန့်စင်ရာထက် ပိုမို ရိုးရှင်း၏။

မိုဝူကျီက အဆင့် ၅ ဆေးလုံးများကို မည်မျှ ဖော်စပ်ခဲ့သည်ကို မသိတော့သော်လည်း ယခင်က  ဝိညာဉ်သန့်စင် မဟာကျီ ဆေးလုံးကို အကြိမ်များစွာ ဖော်စပ်ဖူး၏။ မြေကမ္ဘာ မီးတောက်မှာ သူ့ပညာရှင် နှလုံးသား မီးတောက်လောက် အကျိုးသက်ရောက်မှု မရှိသော်လည်း မိုဝူကျီ၏ လက်ရှိ အနေအထားဖြင့် သူ့အတွက် ဝိညာဉ်သန့်စင် မဟာကျီဆေးလုံး ဖော်စပ်ရာ၌ အခက်အခဲ ရှိမည် မဟုတ်ပေ။

သူက ရင်းနှီးကျွမ်းဝင်ပြီးသားအဆင့်များကို လုပ်ဆောင်လိုက်သည်။

အင်မော်တယ်ဆေးပင်များကို ပျော်ဝင်စေခြင်း၊ အညစ်အကြေးများကို ဖယ်ရှားခြင်း၊ ဆေးအဆီအနှစ် ခွဲထုတ်ခြင်း၊ ဆေးလုံး ဖြစ်တည်လာခြင်း၊ ဆေးလုံး ဖွဲ့စည်းခြင်း၊ ဝိညာဉ် စွမ်းအားများ စုစည်းခြင်း .....

မီးတောက်၏ အဆင့်ကြောင့် မိုဝူကျီ၏ နှုန်းမှာ  အနည်းငယ် နှေးကွေး နေသော်လည်း သူ့ဆေးလုံး အရည်အငွေးမှာ လုံးဝ လျော့ကျမသွားပေ။ တခြားသူများနှင့် ခြားနားစွာ မိုဝူကျီက အင်မော်တယ်ဆေးပင်များကို အမြင့်ဆုံးအထိ သန့်စင်နိုင်လေ၏။ ထိုအချက် တစ်ခုတည်းဖြင့် သူ့ဆေးလုံး အရည်အသွေးမှာ တခြားသူများထက် ပို၍ သာလွန်နေခြင်း ဖြစ်သည်။

နှစ်နာရီအကြာတွင် မိုဝူကျီ၏ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းကား ဆေးလုံး စုဆောင်းခြင်း ပညာရပ် စတင် လုပ်ဆောင်လိုက်ပြီး  ပြာဖျော့ဖျော့ ဆေးလုံးများက ပြင်ဆင်ထားသည့် ကျောက်စိမ်းပုလင်းထဲ ရောက်ရှိသွားသည်။ ထို့နောက် မိုဝူကျီက နာမည်နှင့် ကိုယ်စားပြု မြို့ကို ရေးသွင်းလိုက်ပြီး ဆေးမီးဖိုကို သိမ်းထားလိုက်သည်။

မိုဝူကျီ၏ ဆေးနည်း ပညာရပ်များက တခြားသူများနှင့် လုံးဝ ကွဲပြားနေသောကြောင့် သူ့ဆေးလုံး ဖော်စပ်ခြင်းမှာ အတော်လေး မြန်ဆန်နေပေ၏။ သူ အသုံးပြုရသော မီးတောက်ကြောင့် သူ့အမြန်နှုန်းမှာ သာမန်ထက် နှေးကွေးနေသော်လည်း  ပြိုင်ပွဲဝင်များကြား၌ သူက ပထမဆုံး ပြီးနေခြင်း ဖြစ်သည်။

သူက ပထမဆုံး ပြီးသွားသော်လည်း မိုဝူကျီက သူလုပ်ဆောင်ချက်ကို စိတ်ချယုံကြည် လေသည်။ ဝိညာဉ်သန့်စင် မဟာကျီဆေးလုံး တစ်သုတ်၌  ဆေးလုံး  ၁၂ လုံး ပါဝင်ပြီး သူက တစ်သုတ်အပြည့် ဖော်စပ်နိုင်ခဲ့ပြီး အားလုံးမှာ ပြိုင်ဖက်ကင်းအဆင့် ဖြစ်ပေ၏။ အကယ်၍ သူက ထိပ်ဆုံး ၅၀ ထဲ မပါခဲ့လျှင် သူ့ကံတရားကိုသာ အပြစ်ပုံချရတော့မည်။

မိုဝူကျီ၏ နှုန်းမှာ အမြန်ဆုံး ဖြစ်နေသောကြောင့် သူ့ဆေးလုံ စုဆောင်းခြင်း ပညာရပ်မှာလည်း အတော်လေး မြန်ဆန်လှပေသည်။ လူအများစုက မိုဝူကျီ ဖော်စပ်သည့် ဆေးလုံးကို သတိပင် မပြုမိလိုက်ကြပေ။

အောက်ရှိ ကျင့်ကြံသူများက မိုဝူကျီကို သတိပြုမိပြီး ဆက်လက် စကားဝိုင်းဖွဲ့ ကြပြန်သည်။  အဆင့် ၅ နှင့် အဆင့် ၆ ဆေးလုံးကြားမှ ကွာခြားချက်မှာ မကြီးမားပေ။ မိုဝူကျီက  သူ့ဆေးလုံး ဖော်စပ်ခြင်းကို အဆင့် ၆ ဆေးလုံးဘုရင်များထက် စောစီးစွာ ပြီးဆုံးနေခဲ့သည်မှာ အတော်လေး  ......

အကြီးမားဆုံး ဖြစ်နိုင်ချေမှာ  မိုဝူကျီက အဆင့် ၅ အင်မော်တယ် ဆေးလုံးကို မဖော်စပ်နိုင်ခြင်းသာ ဖြစ်ရမည်။ ထို့ကြောင့် သူ အရင်ဆုံး စောစီးစွာ ပြီးပြီး၊ နောက်ဆုံးမှ ပြီးပြီး သူ့အမှတ်မှာ နေရာတစ်နေရာစာ ရနိင်မည် မဟုတ်၍ စောစီးစွာ အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်လိမ့်မည်။

လူများစွာကို  နားမလည် ဖြစ်သွားစေသည်က အကယ်၍ မိုဝူကျီက  လက်လွတ်မည် ဆိုလျှင် အဘယ်ကြောင့် ဝိညာဉ် သန့်စင်အသီးကို အသုံးပြုနေရတာလဲ။ ထို့အပြင် ပါဝင်ပစ္စည်းများ၏ တန်ဖိုးမှာ အတော်လေး ဈေးကြီးလွန်းလှသည်။

“ သူက ဆေးလုံး ဖော်စပ်ပြီးသွားပြီလား ” ယန်ချင်လင်က  သူမ အကြည့်ကို ရုတ်သိမ်းရင်း တန်လျန့်ဘက် လှည့်ကာ မေးလိုက်သည်။

ဝမ်ဟို့နှင့် ဝမ်လျန်ရှီးတို့က တန်လျန့်ကို နားမလည်စွာ ကြည့်နေကြသည်။

မိုဝူကျီက ဝိညာဉ်သန့်စင် မဟာကျီဆေးလုံး ဖော်စပ်နေခြင်း ဖြစ်ရာ ဒီလောက် မြန်မြန် ပြီးပါ့မလား .....

ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၏ ဆေးလုံး ဧကရာဇ် ကုန်းယန်ရွမ်နှင့် ကန်ကျွင်းတို့လည်း ပြီးခါစ ဖြစ်၏။

တန်လျန့်က  မပြောခင် တွန့်ဆုတ်နေပြီး

“ သူက ဆေးလုံးဖော်စပ်တာ ပြီးသွားပြီ။ သူ ဆေးလုံး စုဆောင်းတာ မြင်လိုက်တယ်။ ကျောက်စိမ်း ပုလင်းပေါ်က အတားအဆီးကြောင့် ဆေးလုံး အရည်အသွေးကိုတော့ မမြင်နိုင်ဘူး။

သူက ဒုတိယစစ်ဆေးမှုမှာ အမှတ်တချို့တော့ ရမှာပါ။ ဒါပေမဲ့ အမှတ် ဘယ်‌လောက် ဖြစ်မလဲတော့ ကျုပ်လည်း မပြောတတ်ဘူး ”

တန်လျန့်က အဆင့် ၄ ဆေးလုံးဘုရင် ဖြစ်ကာ  သူက မသေချာလျှင် ဝမ်ဟို့နှင့် သူ့မိသားစုတို့လည်း ထိုင်စောင့်နေရုံသာ တတ်နိုင်ကြလေ၏။ မိုဝူကျီက ပထမ စစ်ဆေးမှု၌  ပထမ ရထားသည့် အတွက် သူတို့အနေဖြင့် မျှော်လင့်ချက် မထားဘူး ဟုဆိုလျှင် လိမ်ညာနေခြင်းသာ ဖြစ်လိမ့်မည်။ သူတို့က မိုဝူကျီကို ထိပ်ဆုံး အယောက်  ၅၀ ထဲ ပါဖို့ရာ မျှော်လင့်ကြ၏။ အကယ်၍ မိုဝူကျီက ထိပ်ဆုံး  ၅၀ ထဲ ပါလျှင် သူတို့၏ ရေသဘာဝ ယင်အင်မော်တယ်မြို့မှာ အလယ်အလတ် အဆင့် အင်မော်တယ်မြို့အဖြစ် တိုးမြင့်ပေးခံရလိမ့်မည်။

သူတို့သာ အလယ်အလတ် အဆင့် အင်မော်တယ် မြို့အဖြစ် တိုးပေးခြင်း ခံရပါက ရေသဘာဝ ယင်အင်မော်တယ်မြို့၏ အဆင့်အတန်းနှင့် အထောက်အပံ့များမှာ အဆများစွာ တိုးပွား သွားလိမ့်မည်။

ဟူကျန်းယွီ စင်မြင့်ရှေ့ ထွက်လာပြီး မကြေညာခင်အထိ မိုဝူကျီက လေးနာရီကြာ စောင့်ဆိုင်း နေခဲ့ရသည်။

“ ဒုတိယ စစ်ဆေးမှု ပြီးဆုံးသွားပါပြီ။ ဆေးလုံး ဆရာတွေအနေနဲ့ လုပ်လက်စတွေကို ရပ်လိုက်ပါ ”

ထိုစဉ် ဆေးလုံးဆရာများက မရပ်တန့်ဘဲ ဆက်လုပ်နေမည် ဆိုလျှင်ပင် အသုံးမဝင်ပေ။ အကြောင်းမှာ  ဟူကျန်းယွီ၏ စကားဆုံးသည်နှင့် မြေကမ္ဘာမီးတောက်မှာ ငြိမ်းသွားကြကုန်သည်။ မီး ငြိမ်းသွားပါက အကောင်းဆုံး ဆေးလုံးဆရာပင် ကျရှုံးသွားမည် ဖြစ်၏။

ဟူကျန်းယွီ ကြေညာပြီးသည့် နောက်တွင် ဆေးလုံးဆရာများ ရှေ့၌ သေးငယ်သည့် အစီအရင်လေး တစ်ခု ပေါ်လာသည်။

“ ဆေးလုံးဆရာတို့က ဆေးလုံးကို အဲဒီအစီအရင်ထဲ ထည့်ပေးပါ။ ဒုတိယ စစ်ဆေးမှုကို အစီအရင်ကနေ အဆင့်သတ်မှတ် ပေးပါ့လိမ့်မယ်။  ပထမ တစ်ခေါက်ကလိုပဲ နောက်ဆုံးနေရာက ပိတ်ကားချပ် ညာဘက်ထောင့်ကနေ စပြပါ့မယ်။

ဆေးလုံးတွေက အသစ် ဖော်စပ်ထားတာ ဖြစ်ရမယ်။ တကယ်လို့ အရင်ဆေးလုံး အဟောင်းတွေ အသုံးပြုခဲ့တာဆိုရင်  စုစုပေါင်း  ရမှတ်တွေ အားလုံး သုညအထိ လျော့ချခံရမယ် ”

ဟူကျန်းယွီ စကားအဆုံးတွင် သူက ပြိုင်ပွဲဝင်များ ကျောက်စိမ်းပုလင်းကို အစီအရင်ထဲ ထည့်ပေးပြီးသည်ကို စောင့်နေလေ၏။ မိုဝူကျီက အများနည်းတူ သူ့ကျောက်စိမ်း ပုလင်းကို အစီအရင်ထဲ ထည့်ပေးလိုက်သည်။

ကျောက်စိမ်းပုလင်းများ သယ်ဆောင် သွားပြီးနောက် ဟူကျန်းယွီက ဆက်ပြောလိုက်ည်

“ ရလဒ်တွေကို ပြထားပြီးရင် နေရာအသစ် ပေါ်လာပါလိမ့်မယ်။ ဒီနေရာအသစ်က  ထိပ်ဆုံး နောက်ဆုံး အယောက်  ၅၀ ကို ပြမှာပါ။ အဲဒီထိပ်ဆုံး အယောက်  ၅၀ က စစ်ဆေးမှု နှစ်ခုပေါင်းပြီးတော့ ရလာကြတာပါ ”

ထိုသို့ပြောပြီး ဟူကျန်းယွီက စင်မြင့်ထက်ကနေ နောက်ဆုတ်သွား၏။ ဤအခိုက်အတန့်၌ အားလုံးက ပိတ်ကားချပ်ကိုသာ စောင့်ကြည့်နေကြသည်။

ပထမ စစ်ဆေးမှု၌  မိုဝူကျီကဲ့သို့သော အုံ့ပုန်းသီး ပေါ်လာခဲ့သည့် အတွက် သူတို့က ဒုတိယ စစ်ဆေးမှု ထွက်လာဖို့ရာ စောင့်ဆိုင်း နေကြသည်။ တချို့သော အဆင့် ၆ ဆေးလုံးဘုရင်များပင် စိတ်လှုပ်ရှား နေကြ၏။

အမွှေးတိုင် တစ်တိုင်စာ ကြာချိန်၌ ပိတ်ကားချပ်က လင်းလက်လာကာ အားလုံးက ပိတ်ကားချပ်ကို တိတ်တဆိတ် စိုက်ကြည့်နေကာ  ရလဒ်ကို စောင့်ဆိုင်းနေကြ၏။

မကြာခင် ပိတ်ကားချပ် ညာဘက် အောက်ခြေ၌ စာတန်း တစ်ခု ပေါ်လာသည်။

အမှတ်စဉ်  ၃၀၀၊ ကိုယ်စားပြု မြို့ - အဆင့်မြင့်  လုယွင် အင်မော်တယ်မြို့ ၊ ဆေးလုံးဆရာ - ကုန်းခယ်၊ ဆေးလုံး - အဆင့် ၆ အင်မော်တယ်ဆေးလုံး၊ ၄ လုံး - ၂ လုံး ကျရှုံး၊ အဆင့်နိမ့် ၂ လုံး၊ အမှတ် - ၃၁.၂၇၆

မိုဝူကျီက ထိုရလဒ် မြင်လိုက်သည့်အခါ သူ့ယုံကြည်မှုမှာ တဟုန်ထိုး မြင့်တက် သွားတော့သည်။ သူက အင်မော်တယ် ပေါများ ဆေးလုံးကို ဖော်စပ်စဉ်က  ဤသို့မျိုး သနားစရာ ကောင်းသည့် ရလဒ် ထွက်မလာဖူးပေ။

အမြင်နှင့်တင်  အဆင့် ၆ ဆေးလုံးဘုရင်များ၏ အရည်အသွေးက အတော်လေး ကောင်းနေတာပဲ .....

“ ဖေဖေ အစ်ကိုမိုက ၃၀၀ မြောက်မှာ မဟုတ်ဘူး ” ဝမ်လျန်ရှီးက ကုန်းခယ် နာမည်ကို သတိထားမိသောအခါ ချက်ချင်းဆိုသလို သူမ ဖခင်ဘက် ပျော်ရွှင်စွာ လှည့်ပြောလိုက်သည်။

ဝမ်လျန်ရှီး တစ်ယောက်တည်း ပျော်နေခြင်း မဟုတ်ပေ။ ဝမ်ဟို့နှင့် သူ့ဇနီးဖြစ်သူလည်း ပျော်ရွှင်ဝမ်းမြောက် နေကြသည်။ အကယ်၍ မိုဝူကျီသာ ၃၀၀ မြောက် မဟုတ်ခဲ့ဘူးဆိုလျှင် မိုဝူကျီ၏ ဆေးလုံးဖော်စပ်ခြင်းက အောင်မြင်ခြင်းသာ ဖြစ်ရမည်။

ဟူကျန်းယွီက မိုဝူကျီကို တအံ့တဩ ကြည့်လိုက်မိသည်။ မိုဝူကျီက ဆေးလုံးဖော်စပ်ရာ၌ အရင်ဦးဆုံး ပြီးဆုံးသွားကာ  ပထမစစ်ဆေးမှု၌ ပထမ ရထားသေး၏။ ဤသို့သော ငယ်ငယ်ရွယ်ရွယ် ဆေးလုံးဆရာက ဒုတိယ စစ်ဆေးမှု၌ နောက်ဆုံးနေရာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသည်။ ရှင်းပြချက် တစ်ခုတည်းသာ ရှိတော့၏။ ဤလူငယ် ဆေးလုံးဆရာလေး က အဆင့် ၅ ဆေးလုံးဘုရင် ဖြစ်ပြီး  ဝိညာဉ် သန့်စင် မဟာကျီ ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့ခြင်းသာ ဖြစ်၏။

ဤသို့သော အရည်အချင်းမျိုးမှာ မည်သည့်နေရာမှ ရောက်လာစေကာမူ  ဆေးလုံးတာအို အင်မော်တယ် မဟာမိတ် အဖွဲ့ထဲသို့ ဆွဲခေါ်ရမည်။

***

All Chapters