စက်ပြောင်းပေးပါ
Vol. 1 Ch. 5
အခန်း ၅
စက်ပြောင်းပေးပါ
မစ္စတာ လင်းဖန်က Luck အတွက် လမ်းစာရိတ် 500 UM ထုတ်ပေးခဲ့ပါတယ်။ဒီလိုနဲ့ Luck တစ်ယောက် ဟော့ကိုင်းဒိုးကိုရောက်ရှိသွားပါတယ်
ခေတ်မှီမိုးမျှော်တိုက်ကြီးတစ်ခုရဲ့ ၁၅လွှာမှာ ပန်းချီပြိုင်ပွဲကျင်းပသွားမှာပါ။
Luck တစ်ယောက်ခန်းမ
ထဲကို၀င်လာချိန်မှာတော့ လူတွေအများကြီး
၀ိုင်းကြည့်နေခဲ့ပါတယ်၊သူ့ရဲ့စုတ်ချာချာအသွင်ပြင်ကြောင့်ပါ။ဒီခေတ်ရဲ့ စည်းမျဥ်းတွေ က ကုတ် နဲ့
နိုင်တိုင် ကိုကြည့်ပြီး အဆင့်ခွဲကြတာပါ အဆင့်နိမ့်သူတွေက အနီ အဝါ အပြာ အစိမ်း ပြောင်ကို
၀တ်ကြရတာပါ လူတွေက သူ အပြာပြောင် ၀တ်ထားလို့ အထင်သေးကြပါတယ်။
Luck ဟာမန်တင်းရင်းနဲ့ လူရှင်းတဲ့ထောင့်မှာ သွားထိုင်လိုက်ပါတယ်၊ ဒီလို Luck ၂ နာရီကြာပြိုင်ပွဲ၀င်ခဲ့ပါတယ်။
ညနေ ၅ နာရီမှာတော့ ဆုပေးပွဲ လုပ်ပါတယ်
" အားလုံးပဲ ကျမ က ၁၅ ကြိမ်မြောက် ပန်းချီပြိုင်ပွဲရဲ့ ဆုတွေကိုကြေငြာပေးပါ့မယ်"
"ပထမဆု တရုတ် က ရှောင်ဖန် ဖြစ်ပါတယ်"
"ဒုတိယ အနောက်ကျွန်း ဘာလင် က ဖရက် ဖြစ်ပါတယ်"
"တတိယ ကတော့ ဂျပန် ကဆာကူရာမိုနို ဖြစ်ပါတယ်"
"အသက်အငယ်ဆုံးနှစ်သိမ့်ဆု ရှင် ကတော့
မစ္စတာ Luck ဖြစ်ပါတယ်ရှင့်"
ဖြောင်း ဖြောင်း
လက်ခုပ်သံတွေဆူညံသွားပါတယ်
Luck ခေါင်းခဲမှာ မိုက်ခနဲဖြစ်သွားတယ်၊ဒီတစ်ခါလည်း ရောင်ဝါဖောက်ထွက်ဆေးနဲ့ ဝေးပြန်ပြီပေါ့
"ဆု ယူပြီးရင်နာမည်ကြီး နာကာတာဆူရှီ သွားစားမယ်ကွာ" Luck တိတ်တိတ်လေးရေရွတ်လိုက်တယ်။
၇ နာရီ ထိုးကျော်တော့ ရီဝေရစ်မှုးစွာနဲ့ ဆိုင်ထဲ ကထွက်လာပါတယ်။
နာမည်ကြီး ဘုရားကျောင်းဖြစ်တဲ့
ရှင်သန်ခြင်းစေတီ ဘက်ကိုလမ်းလျောက်လာခဲ့ပါတယ်။ဘုရားကျောင်းမှာ မီးပူဇော်ရင်း ဆုတောင်းလိုက်တယ်။
" အဖေ အမေ တို့ လည်း ငြိမ်းချမ်းပါစေ
သား လည်း သူရဲကောင်း တစ်ယောက်ဖြစ်ပါစေ"
ထိုအချိန်မှာပဲ သူ့ရှေ့မှာရှိတဲ့ ဖယောင်းတိုင်အိုး က ထောင့်တနေရာကို လွင့်ထွက်သွားပါတယ်
Luck သွားပြန်ကောက်လိုက်တယ် မထင်မှတ်ပဲ
ကျောက်ပြားတစ်ခုကို တိုက်မိပြီး သူမှောက်ယက်လဲသွားတယ်။
" အား သွေးတွေထွက်လာပြီ"
Luck ရဲ့ ခြေမထိပ်ကွဲသွားတာပါ Luckရဲ့ သွေးအချို့ဟာ ကျောက်ပြားရဲ့အလယ်ဂေါင်ကို စီးသွားပါတယ်။
" ဝှက် ဝှစ် ဝေါဝေါ
ရုတ်တရက်လေပြင်းတွေတိုက်လာပြီး အေးစက်တဲ့
ရေခိုးရေငွေ့ တွေ ကျောက်ပြားကနေထွက်လာပြီးတော့ Luck ကိုယ်ထဲတိုး၀င်သွားပါတယ်။
Luck တစ်ကိုယ်လုံး ခိုက်ခိုက်တုန်အောင်ချမ်းလာပါတယ်။
အမြန်၀တ်ပြုပြီး သူလေဆိပ် ဆင်းလာခဲ့တယ်
နောက်တစ်နာရီကြာတော့ သူ့အိမ်ကို Luck ပြန်ရောက်ခဲ့ပါပြီ။
" အမလေး ချမ်းလိုက်တာ စောင်ခြုံ အိပ်မှပဲ"
တစ်နာရီကြာတော့
Luck ရဲ့ အိမ်ခန်း က ရေခဲပြင်ကြီးလိုဖြစ်နေပါပြီ
သူ့တကိုယ်လုံးလည်း ရေခဲတွေ ပင့်ကူမျှင်လို ဖုံးလွှမ်းနေပါတယ်။
Luck က မေ့မျောပြီး သူတနေရာ ကိုစိတ်ကရောက်သွားပါတယ် တကယ့်အပြင်မှာလိုပဲထင်ထင်ရှားရှားဖြစ်နေပါတယ်။
အလင်းရောင်အားနည်းပြီးအေးစက်နေတဲ့ ရေခဲတောင်ထိပ်ကိုသူရောက်နေတာပါ။
တောင်ကုန်း ဘေးက သစ်ငုတ်လေးပေါ်မှာ လူတစ်ယောက်ကိုတွေ့လိုက်တယ် ခန့်ညားတဲ့မျက်နှာ
ပြတ်သားတင်းမာတဲ့နှုတ်ခမ်းတွေရှိတယ်
ဖော်ပြလို့မရတဲ့ အရှိန်ဝါတစ်ခု သူ့မှာရှိနေတာအံသြစရာဖြစ်ပါတယ်
"နှစ်ပေါင်း ၂၀၀၀ ကျော်သွားပြီ ငါချထားတဲ့ အင်း
ကိုမင်းထိမိလို့ မင်းဒီကိုရောက်လာတာ
ဒါ စေတီတစ်ခု မှာ ငါချထားခဲ့တဲ့ တပည့်
အင်းအစီအရင်ကြောင့်ပဲမင်းရဲ့စိတ် စွမ်းအားနဲ့ ငါတို့ တွေ့လို့ရတာ တကယ်တော့ ငါက တခြား စကြဝဠာ
တစ်ခုမှာရှိနေတာ"
Luck တစ်ယောက်အလွန်ပဲ ကြောက်ရွံသွားပါတယ်။
" ဦလေးက ဘယ် ဘယ်သူလဲ"
"ငါက ရှီချောင်
မင်းကိုစွမ်းအားတွေဖွင့်ပေးမယ်ဒီနားလာခဲ့ "
Luck တစ်ယောက် အနားရောက်ရင်ပဲ
သူက ခေါင်းကိုကိုင်ပြီး စွမ်းအင်တချို့ ကိုပို့လွှတ်လိုက်တယ် ပြီးတော့ ကိုယ်ပေါ်မှာ နေရာ ၇ ခုကိုလက်ညိုးနဲ့ထိုးလိုက်တယ်။
"ကဲ ပြီးပြီ ရှေ့ဆက် ဘယ်ထိရောက်မလဲမင်းကံပေါ့"
"မင်းအဆင့်မြင့်လာရင် ထပ်တွေ့ကြတာပေါ့ကွာ"
"အခုပြမဲ့ လက်သီးထိုးနည်းကို လေ့ကျင်ပါ"
<"ဟုတ် ဟုတ် ဟုတ်ကဲ့"
ခန့်ညားတဲ့လူဟာ အသက်တစ်ချက်ရှုရင်း
လေထဲကိုလက်သီးတစ်လုံးထိုးပြလိုက်တယ်
Luck ကြည့်လိုက်တော့ မြန်လွန်းလို ဘာမှမသိလိုက်ဘူး၊ကြည့်နေရင်းနဲ့ အေးစက်တဲ့ လူ ဟာ ဖျတ်ခနဲ ပျောက်ကွယ်သွားလေတယ်။
အအား အား
Luck ပြန်နိုးလာတော့ မနက် ၇နာရီရှိနေပြီ
သူ့ တကိုယ်လုံးကြည့်လိုက်တော့ ဖြူဖွေးသန့်ရှင်းနေတယ် ၊ ပေါ့ပါးလန်းဆန်းနေတယ် အားတွေကလည်းအတော်ပြည့်နေသလိုခံစားရတယ်
သူအမြန်ပဲ ကိုယ်တွင်းဆုံချက်ကိုဖွင့်လိုက်ပါတယ်
၀ှစ်
ချက်ချင်းပဲကိုယ်ရောင်ဖြာထွက်သွားပါပြီ
ပြာလဲ့လဲ့နဲ့ အေးစက်တဲ့ ရောင်ဝါ သူ့ကိုယ်ကထွက်လာတယ်
ရေး ဟား ဟား "ငါကျင့်ကြံလို့ရပြီကွ"
ချက်ချင်း ပဲ တိုက်ခန်းနားရှိတဲ့ လေ့ကျင့်စင်တာကိုပြေးပါတယ် သူ့ခွန်အား ဘယ်လောက်ရှိလည်းအမြန်ဆုံးစမ်းသပ်ချင်နေပါပြီ။
စင်တာရဲ့ ခွန်အားစမ်းသပ်ခန်းကို ရောက်ရင်
အားတိုင်းသံချောင်းကို အပြင်းထိုးလိုက်ပါတယ်
စက်က တုန်ခါသွားပြီး အသံတွေ ဆက်တိုက်ထွက်လာပါတယ်။
"( သင်ဟာ တိုင်းစက်မှားယွင်းနေပါသည်
ကျေးဇူးပြု၍ S အဆင့်စက်ကိုသွားပါ ယခုစက်သည် A စက်ဖြစ်ပါသည်
ကလင် ကလင် စက်မှားယွင်းနေပါသည်
ကျေးဇူးပြုပြီး
S အဆင့်စက်ပြောင်းပေးပါ)"
Luck မျက်လုံးတွေပြူးပြီးကြောင်တောင်တောင်ဖြစ်နေသည်။