← Chapters

အခန်း (၅၅၆)

Vol. 40 Ch. 556

အခန်း (၅၅၆)

Vol. 40 Ch. 556

မိုဝူကျီနှင့် လင်းဂူတို့က လူအုပ်ကြီးနှင့်အတူ ယွင်ရှန့် တောင်ကြားဆီ ဦးတည်ထားသည့် လမ်းကြောင်းဆီ လိုက်ဝင်လိုက်ကြသည်။  နှစ်ယောက်သား ဝင်လိုက်သည်နှင့် အပြင်ဘက်မှ အခြေအနေကို စိတ်စွမ်းအားဖြင့် အာရုံခံ၍ မရတော့ပေ။

သူတို့ပတ်လည်၌  သိပ်သည်းသော အင်မော်တယ် စွမ်းအားများကို ခံစားမိနေသော်လည်း မိုဝူကျီက အဆင့်မြင့် အင်မော်တယ် ဆေးပင် တစ်ပင်မှ အာရုံမခံမိပေ။ သူက လင်းဂူနှင့် တစ်လမ်းစီ လာလိုက်သည်။ အကြောင်းမှာ အင်မော်တယ် ဆေးပင်များ ရှာရာ၌ အကျိုးသက်ရောက်မှု ပိုမို ထိရောက်စေရန် ဖြစ်ကာ သူတို့အတူတူ ရှိနေပါက အဓိပ္ပာယ်မရှိပေ။

လင်းဂူက ရွမ်ရှန်း ပြီးပြည့်စုံခြင်းအဆင့်တွင် ဖြစ်သောကြောင့် မဟာယီရှန်း အဆင့် အချိန်မရွေး တက်လှမ်းနိုင်ရန် ပြင်ဆင်ထားသောကြောင့် သူမကို မည်သူကမှ ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။ မိုဝူကျီက ရွမ်ရှန်း အစောပိုင်း အဆင့်တွင်သာ ရှိသေးသော်လည်း ရွမ်ရှန်း အလယ်အလတ် အဆင့်လောက် အားကောင်းနေပြီ ဖြစ်ရာ စိုးရိမ်စရာ မရှိပေ။

ယွင်ရှန့်တောင်ကြား၌ လူများစွာ ဝင်ခွင့် မပေးသည့် အကြောင်းအရင်းမှာ ဤနေရာရှိ အင်မော်တယ် ဆေးပင်များ အတွက် တိုက်ခိုက်မည်ကို စိုးရိမ်၍ ဖြစ်၏။

ယွင်ရှန့်တောင်ကြားက ကျယ်ပြောပြီး အဆုံးအစမဲ့သော်လည်း လူတစ်ရာနီးပါးသာ ဝင်ခွင့် ပြုထားသောကြောင့် ဆေးပင်အတွက် တိုက်ခိုက်နေစရာ မလိုအပ်ပေ။ ဤကျယ်ပြောလှသည့် တောင်ကြား၌ တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံဖို့ရာပင် မလွယ်ကူပေ။

တစ်ချိန်တည်းတွင် ယွင်ရှန့်တောင်ကြား၌ အန္တရာယ် သိပ်မများပေ။ ပြောရမည်ဆိုလျှင် လျှို့ဝှက်နယ်မြေများအနက် ယွင်ရှန့်တောင်ကြားမှာ အားလုံး ဝင်ချင်ကြသည့် နေရာ ဖြစ်၏။

မိုဝူကျီက စိတ်စွမ်းအား ဆက်တိုက် ဖြန့်ကြက်ထားရင်း ပြေးလွှားနေသည်။

ရက်အနည်းငယ် ကြာပြီးနောက် မိုဝူကျီက စတင် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤရက်ပိုင်းလေးအတွင်း သူ ဤနေရာသို့ ဝင်လာစဉ်မှ စ၍  လူတစ်ယောက်မှ မတွေ့သလို အဆင့်မြင့် အင်မော်တယ် ဆေးပင် တပင်မှလည်း မတွေ့သေးချေ။

အဆင့်မြင့် ဆေးပင်များကို မဆိုထားနှင့်  မိုဝူကျီက အဆင့် ၅ နှင့် အဆင့် ၆ အင်မော်တယ် ဆေးပင်များပင် မမြင်မိပေ။

အကယ်၍ ဤသို့သာ ဆက်ဖြစ်နေလျှင် ယွင်ရှန့်တောင်ကြားက နာမည်နှင့် မကိုက်ညီတော့ပေ။

မိုဝူကျီက သူ့အမြန်နှုန်းကို မြင့်လိုက်ပြီး ခုနှစ်ရက်၊ ရှစ်ရက်အကြာ၌ ပေါများမိုး အင်မော်တယ် အပင်ကို တွေ့လိုက်ရသည့် အတွက် ရပ်လိုက်သည်။

ပေါများမိုး အင်မော်တယ် အပင်မှာ အဆင့် ၆ အင်မော်တယ် ဆေးပင် ဖြစ်ပြီး အင်မော်တယ်ပေါများ ဆေးလုံးအတွက် အဓိကပါဝင်ပစ္စည်း ဖြစ်ပေသည်။ အတွေ့များဆုံး အင်မော်တယ် ဆေးပင် ဖြစ်ပြီး တန်ဖိုးအနည်းဆုံးဟု ယူဆ၍ ရပေသည်။

မိုဝူကျီက အင်မော်တယ် တစ်ပင်လုံးကို ယူကာ  သူ့ထာဝရ ကမ္ဘာထဲ ပို့လိုက်သည်။ သူက ဆက်ရှာနေဖို့ရာ  စိတ်ထဲ မရှိတော့ပေ။ အကြောင်းမှာ ဤသို့ ချို့တဲ့နေလျှင်  ယွင်ရှန့်တောင်ကြားကို ဝင်လာခြင်းမှာ ဘာအကျိုး ရှိတော့မည်နည်း။

လဝက် အကြာတွင် မိုဝူကျီက အင်မော်တယ်ဆေးပင် တစ်ပင်မျှ ရှာမတွေ့သောကြောင့် လက်လျှော့လိုက်တော့သည်။ သူက စိတ်စွမ်းအား  အာရုံခံ စနက် အတားအဆီးတချို့နှင့်  ကီလိုမီတာ အကွာအဝေး တချို့တိုင်း၌  ဖုံးကွယ်ထားသော စိတ်စွမ်းအား  အာရုံခံစနက်  အတားအဆီးများကို တပ်ဆင် ထားလိုက်သည်။ တစ်ယောက်ယောက်သာ သူ့မိုင်ရာအတွင်းမှ စနက်ကို ဖြတ်ကျော် သွားသည်နှင့် သူက သူတို့ကို အာရုံခံမိလိမ့်မည် ဖြစ်၏။

မိုဝူကျီ တပ်ဆင်ထားသည့် စနက်များမှာ လူတိုင်းအတွက် မဟုတ်ဘဲ ယုံရင် အင်မော်တယ် နယ်မြေမှ ဝင်လာသော ကျင့်ကြံသူ ငါးဦးအတွက် သီးခြားလုပ်ထားခြင်း ဖြစ်သည်။

ယွင်ရှန့် တောင်ကြားကို ယုံရင်အင်မော်တယ်နယ်မြေ၏ ကောင်းကင် ဧကရာဇ်မှ စောစီးစွာ ဖွင့်လှစ်လိုက်သည် ဖြစ်၍ အားလုံးက သူ့ရည်ရွယ်ချက်ကို ကောင်းကောင်း သိထားကြသည်။ အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းရန် ထိပ်သီးအင်မော်တယ် ဆေးပင်ကို ရှာလို၍ ဖြစ်ပေသည်။

ကွေ့ဖုန်းယွင်က ယုံရင် အင်မော်တယ် နယ်မြေအတွင်းမှ လက်ရှိ အခြေအနေကို မည်သို့ မသိဘဲ နေမည်နည်း။ ကွေ့ဖုန်းယွင်က အဆင့်မြင့် အင်မော်တယ် ဆေးပင်များ မရှိမှန်း သိရက်ဖြင့်  အဘယ်ကြောင့် စောစီးစွာ ဖွင့်ရတာလဲ။ ထိုအရာမှာ ကွေ့ဖုန်းယွင်တွင် လျှို့ဝှက်ချက် ရှိနေကြောင်း သိသာနေပြီး သူ့လျို့ဝှက် ရည်ရွယ်ချက်မှာ ယုံရင်အင်မော်တယ် နယ်မြေ၏ ကျင့်ကြံသူ ငါးယောက်နှင့် ဆက်လျည်းနေရမည်။

မိုဝူကျီသာ ထိုလူငါးယောက်ကို ရှာတွေ့သည်နှင့်  ကွေ့ဖုန်းယွင်သည် ဤယွင်ရှန့်တောင်ကြား ကိစ္စအကြောင်း သိလား၊ မသိလား ဆိုသည့် ကိစ္စကို အဖြေထုတ်နိုင်လိမ့်မည်။

စနက်များ တပ်ဆင် ထားသော်လည်း မိုဝူကျီက နောင်တ အနည်းငယ် ရနေမိသည်။ သူက ယွင်ရှန့်တောင်ကြား မဝင်ခင်  ထိုငါးယောက် အပေါ်၌  စိတ်ဝိညာဉ် အမှတ်အသား မထားပေး လိုက်ရသည်ကို နောင်တ ရမိနေသည်။ အကယ်၍ သူသာ စိတ်ဝိညာဉ် အမှတ်အသား ထားပေးလိုက်ပါက  သူ့အနေဖြင့် စိတ်ဝိညာဉ် အမှတ်အသားပေါ် ခြေရာခံ လိုက်ရုံသာ ဖြစ်၏။

အမှန်တော့  သူ ယွင်ရှန့် တောင်ကြားဆီ ဝင်လာစဉ်  သူက ထိုသို့ ဖြစ်လာမည်ကို ကြိုတင်သိနေခဲ့၏။ အားလုံးက ရှေ့မှ ထွက်သွားကြစဉ် ယုံရင် အင်မော်တယ် နယ်မြေမှ ငါးယောက်သာ နောက်တွင် နေနေကြသည်။ သို့သော်လည်း  မိုဝူကျီက အားလုံးနီးတူ  ဆေးပင်ရှာရန် အလောတကြီး ဝင်လာကြသည့် အတွက် ထိုသို့အသေးစိတ် အချက်အလက်ကို မည်သို့ ဂရုစိုက်မိမည်နည်း။

ရက်တချို့ ကျော်လွန်သွားသည့် အခါ မိုဝူကျီက နေရာ တော်တော်များများ အထိ အတားအဆီးများ ချထားဆဲ ဖြစ်သည်။ ထိုအခါ  သူ့အတားအဆီးတစ်ခုက သက်ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူက တပ်ဆင်နေခြင်းကို ရပ်တန့်လိုက်ပြီး  အသက်ဝင် လာသည့် အတားအဆီး ရှိရာဆီ ဒမြောသောပါး ပြေးလွှားသွားမိသည်။

မိုဝူကျီ၏ လွတ်မြောက်ရေး နည်းစနစ်မှာ  တိကျလေ နယ်ပယ် အဆင့်ဆီ ရောက်နေပြီ ဖြစ်၍ လေရှိနေသရွေ့  သူက ခြေရာလက်ရာ မကျန်ဘဲ  အကွာအဝေးကြီး တစ်ခုအထိ သွားလာ နိုင်ပေသည်။

အမြန်ဆုံးနှုန်းဖြင့် အတားအဆီးရှိရာဆီ သွားကြည့်လိုက်သည့် အခါ မိုဝူကျီက စိတ်ပျက်မိ သွားသည်။ သူ့အတားအဆီးကို အသက်ဝင် လာစေသည့်သူမှာ ယုံရင် အင်မော်တယ်မှ ငါးယောက် မဟုတ်ပေ။ ထိုလူက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့နှင့် စကားပြောနေသည်ကို မြင်တွေ့ဖူး၍  ထိုလူမှာ ဆေးလုံးဘုရင်၏ အကူသာ ဖြစ်လိမ့်မည်။

ထိုလူ မျက်နှာပေါ်မှ စိတ်ပျက်လက်ပျက် အမူအရာကို တွေ့ပြီး မိုဝူကျီက ထိုလူလည်း သူ့နည်းတူ  အဆင့်မြင့် ဆေးပင်များ ရှာမတွေ့ကြောင်း မှန်းဆမိလိုက်သည်။

မိုဝူကျီက ထိုလူကို စိတ်ထဲပင် မထားဘဲ  အတားအဆီးများ ဆက်လက် တပ်ဆင်ရန် ထွက်လာလိုက်သည်။

နောက်ထပ် ရက်အနည်းငယ် အကြာတွင် မိုဝူကျီက အတားအဆီး ဆယ်ခုကျော် တပ်ဆင် ထားပြီးပြီ ဖြစ်၏။ ဤရက်ပိုင်းလေးအတွင်း သူ့အတားအဆီးကို အသက်ဝင် လာစေသည့် လူလေးယောက်ကို အာရုံခံမိခဲ့သော်လည်း နှမြောစရာ ကောင်းသည်မှာ ထိုသူများက ယုံရင် အင်မော်တယ် နယ်မြေမှ မဟုတ်ပေ။

ထိုအချက်က မိုဝူကျီကို အလွန်အမင်း စိတ်ပျက် သွားစေသည်။ သူသာ တည်နေရာမှန် တပ်ဆင်မိရဲ့လားဟုပင် သံသယ ဝင်လာမိသည်။

ယုံရင် အင်မော်တယ် နယ်မြေမှ ကျင့်ကြံသူများက နေရာများ ပြောင်းလိုက်လေသလား။

အကယ်၍ သူက တခြားနေရာ၌ ဤသို့ အတားအဆီးမျိုး တပ်ဆင်နေပါက  နောက်ကျနေမှန်း သိသာလှသည်။

မိုဝူကျီက သက်ပြင်းချမိပြီး  “ လူသားအနေနှင့် သူတို့ အလိုရှိရာ လုပ်နိုင်ကြသော်လည်း နောက်ဆုံး၌ နတ်ဘုရားကသာ အောင်မြင်မှု၊ ကျရှုံးမှုကို ဆုံးဖြတ်ပေးခြင်း ဖြစ်၏” ဟူသော အခြေအနေမျိုးကို သဘောပေါက် သွားသည်။ မိုဝူကျီက အရာအားလုံးကို မှန်းဆထားသော်လည်း ယွင်ရှန့်တောင်ကြား၌ ဗလာကျင်းနေခြင်း ဖြစ်၏။

ထိုသို့ မမျှော်လင့်ခဲ့သည်မှာ သူ တစ်ယောက်တည်း မဟုတ်ပေ။ ယွင်ရှန့်တောင်ကြားကို ဝင်ရန် ကြိုးစားထားကြသော သူများအားလုံးက ဤနေရာတွင် ဗလာကျင်း နေလိမ့်မည်ဟု မထင်ထားကြပေ။

မိုဝူကျီက ကျန်ရှိနေသည့် လဝက်၌ ဆေးပင်များကို ဆက်ရှာရမလား တွေးတော နေစဉ်  သူ့အတားအဆီးထဲမှ တစ်ခုက အသက်ဝင်လာသည်။

မိုဝူကျီက မြန်မြန် သွားကြည့်လိုက်သော်လည်း မျှော်လင့်ချက်ကြီးကြီးတော့ မထားပေ။ သို့သော် ထိုလူကို မြင်လိုက်ရသည်နှင့် မိုဝူကျီက စိတ်လှုပ်ရှားလာမိသည်။ ထိုသူမှာ  ငယ်ရွယ်ကာ ကိုယ်လုံးကိုယ်ပေါက် လှပသည့် မိန်းကလေး တစ်ဦး ဖြစ်ပေသည်။ သို့သော်လည်း ဤအမျိုးသမီးမှာ ယုံရင် အင်မော်တယ်နယ်မြေမှ ဖြစ်ကြောင်း သေချာသိနေသည်။

ယုံရင် အင်မော်တယ် နယ်မြေမှ ကျင့်ကြံသူကို တွေ့သည်နှင့် မိုဝူကျီအတွက် ကိစ္စများက အလေးသာ လာလိမ့်မည်။ အကယ်၍ ဤအမျိုးသမီးလေးက  ဆေးပင်နည်းနည်းသာ ရှိပြီး   သူ့ကဲ့သို့ ဘာလုပ်ရမှန်း မသိ ဖြစ်နေလျှင် ကွေ့ဖုန်းယွင်လည်း ဤယွင်ရှန့်တောင်ကြားမှ အခြေအနေကို မသိကြောင်း ဆိုလိုနေခြင်း ဖြစ်၏။

မိုဝူကျီ၏ ကျင့်ကြံဆင့်မှာ ထိုအမျိုးသမီးထက် အနည်းငယ် အားနည်းသော်လည်း တကယ် လက်တွေ့ အင်အားနှင့် အတွေ့အကြုံတို့မှာ မိုဝူကျီက  သူမထက် ပိုသာပေသည်။ ထို့အပြင် သူက လေလွတ်မြောက်ရေး နည်းစနစ်၌ ကျွမ်းကျင်သူ ဖြစ်၍ သူမက   အနီးအနား၌ မိုဝူကျီ  ရှိနေမှန်းပင် သတိမပြုမိပေ။

ထိုအမျိုးသမီးလေးက မရပ်တန့်ဘဲ တော်တော်ကြာအောင် ဆက်သွား လိုက်သည်။ ထို့နောက် ခဏပြန်ရပ် လိုက်ပြန်သည်။ မိုဝူကျီက သူမနောက်မှ လိုက်လာရင်း နောက်ဆုံးတွင် ခြားနားချက်ကို သဘောပေါက်သွားလေ၏။  သူမနှင့် ကျန်သည့် ကျင့်ကြံသူများကြားမှ ကွာခြားချက်မှာ  ဤအမျိုးသမီးလေးက အင်မော်တယ် ဆေးပင်များကို ရှာရန် သွားလာနေခြင်း မဟုတ်ဘဲ  တည်နေရာပြ အလုံးကို ကြည့်ကာ  သွားလာနေခြင်း ဖြစ်၏။

တည်နေရာပြ အလုံးကို မိုဝူကျီက စိတ်စွမ်းအားဖြင့် မစစ်ဆေး ကြည့်ရဲသော်လည်း ထိုအရာ၌ တစ်ခုခု မှားယွင်းနေကြောင်း သေချာ သိနေသည်။

ရက်အတော်ကြာ ကုန်ဆုံးသွားပြီးနောက် အမျိုးသမီး ကျင့်ကြံသူလေးက ရပ်တန့် လိုက်တော့သည်။ သူမက တည်နေရာပြ အလုံးကို ပြန်စစ်ဆေး ကြည့်ပြီးနောက် မတ်မတ် ရပ်နေကာ  ထပ်ကာ ထပ်ကာ အပြန်ပြန် အလှန်လှန် စစ်ဆေးကြည့်နေဆဲ ဖြစ်သည်။

မိုဝူကျီက  အနီးအနားတွင် ပုန်းကွယ်နေပြီး  စိတ်စွမ်းအားဖြင့်သာ  သူမ ပတ်ဝန်းကျင်ကို လေ့လာကြည့်နေခြင်း ဖြစ်၏။

အစပိုင်းတွင် မိုဝူကျီက ဤနယ်မြေလေးမှာ  အခြားသော နယ်မြေများနှင် ကွာခြားမှု မရှိကြောင်း တွေးမိပြီး  လေထဲ၌ အင်မော်တယ် စွမ်းအား အနည်းငယ် သိပ်သည်းနေသော ကျတ်တီးမြေ တစ်ခုသာ ဖြစ်ပေသည်။

သိပ်သည်းနေသော အင်မော်တယ် စွမ်းအားများက ထူးခြားနေခြင်းတော့ မဟုတ်ပေ။ အကြောင်းမှာ ယွင်ရှန့် တောင်ကြား၌ အင်မော်တယ်စွမ်းအား နည်းပါးသည့်နေရာ ဟူ၍ မရှိပေ။

တစ်နာရီအကြာတွင် မိုဝူကျီက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်ရသည်။ ထိုအရာမှာ ဖုံးကွယ်ရေး အတားအဆီး တစ်ခုဖြစ်ကာ သဘာဝ ကျသည့် အတားအဆီးမျိုး ဖြစ်၏။ သူက သဘာဝ ဖုံးကွယ်ရေး  အတားအဆီးများကို မြင်ဖူးလေသည်။ နမူနာအားဖြင့် ပျောက်ဆုံးနယ်မြေ၌ ကျင်းလင်ပေးတို့ ခေါ်ဆောင်သွားသည့် လျို့ဝှက်နေရာကဲ့သို့ ဖြစ်သည်။ ကျိုးပျက် ကမ္ဘာထဲ၌ အင်မော်တယ်ဘုရင် တာအိုအသီး၏ တည်နေရာမှာလည်း နမူနာကောင်းတစ်ခု ဖြစ်ပေသည်။

ဤနေရာတွင် ထိပ်တန်း သဘာဝ ဖုံးကွယ်ရေး အတားအဆီးတစ်ခု သေချာပေါက် ရှိနေပြီး  အင်မော်တယ် ဘုရင်အသီးကို တွေ့သည့်နေရာထက်ပင် ပို၍ အဆင့်မြင့်နေနိုင်သေးသည်။

ဤကိုယ်လုံးကိုယ်ပေါက် လှသော မိန်းကလေးက အတားအဆီးရှိမှန်း သိသော်လည်း သူမ၏ နိမ့်ကျသော အစီအရင်တာအို နားလည် နိုင်စွမ်းကြောင့် သူမက မမြင်နိုင်ပေ။ နေ့တစ်ဝက်တာ ကုန်ဆုံးသွားသော်လည်း ထိုမိန်းကလေးမှာ အခုထိ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

ထိုမိန်းကလေးက နေရာနှင့် တည်နေရာပြ အလုံးကို နှစ်ရက်လုံးလုံး စစ်ဆေး ကြည့်လိုက်သော်လည်း မရှာတွေ့ပေ။ သူမက လေ့လာမှုကို ရပ်တန့် လိုက်တော့သည်။ မိုဝူကျီကသူမ ထွက်သွားတော့မည်ကို သတိထားမိလိုက်၍ မြန်မြန်ဆန်ဆန်  သူမအပေါ်၌ စိတ်ဝိညာဉ် အမှတ်အသား ထားလိုက်သည်။ ဤသို့သော ယာယီ စိတ်ဝိညာဉ် အမှတ်အသားမှာ ငါးလအထိသာ ကြာမြင့်လေ၏။ ငါးလအကြာတွင် ဤစိတ်ဝိညာဉ် အမှတ်အသားမှာ သူမခခန္ဓာမှ သူ့အလိုလို ပျောက်ပျက် သွားလိမ့်မည်။

မိုဝူကျီက  ယွင်ရှန့်တောင်ကြားမှာ နောက်ငါးလကြာလျှင် ပိတ်မည် ဖြစ်ကြောင်း သိနေသည်။ အကယ်၍ သူမ ဤနေရာမှ ထွက်သွားသည့်အခါ စိတ်ဝိညာဉ် အမှတ်အသားက ရှိနေဆဲ ဖြစ်နေလျှင် ကွေ့ဖုန်းယွင်က  အရင်ဦးဆုံး သတိထားမိ သွားနိုင်သည်။

ကွေ့ဖုန်းယွင်က ကောင်းကင်ဧကရာဇ် ဖြစ်ကာ ယုံရင် အင်မော်တယ် နယ်မြေ၌ ဦးဆောင်သူ အရှင်သခင် ဖြစ်သောကြောင့် မိုဝူကျီက သူ့လိုလူမျိုးကို ရန်မစလိုပေ။

မိုဝူကျီ၏ စိတ်ဝိညာဉ် အမှတ်အသား ထားလိုက်ပြီးနောက် ထိုမိန်းကလေးမှာ အလောတကြီး ထွက်သွားလေ၏။

မိုဝူကျီက သူမနောက် မလိုက်တော့ဘဲ ဖုံးကွယ်ရေး အတားအဆီး ကိုသာ လေ့လာ ကြည့်လိုက်သည်။ ကျိုးပျက်ကမ္ဘာ၌ ဖုံးကွယ်ရေး အတားအဆီးကို ကြုံတွေ့ပြီးနောက် မိုဝူကျီက သဘာဝ ဖုံးကွယ်ရေး အတားအဆီးများနှင့် ပတ်သတ် လာလျှင် ပို၍ ဗဟုသုတ ကြွယ်ဝလာသည်။

ထိုမိန်းကလေး ထွက်သွားသည်နှင့် မိုဝူကျီက သုံးရက်တာ အချိန်ယူပြီးမှသာ  အထဲဝင်ရန် နည်းလမ်းကို ရှာတွေ့ခဲ့သည်။ သူက အစီအရင်အလံများကို ပြုလုပ်လိုက်ပြီးနောက် အစီအရင်ထဲ ဝင်ရန် ပြင်ဆင်လိုက်သည်။

မိုဝူကျီ တစ်ယောက်တည်း အတင်းကျပ် မချိုးဖျက်နိုင်သည့် အချက်ကြောင့်သာ မဟုတ်လျှင် မိုဝူကျီက ဤသို့သော နည်းလမ်းမျိုးကို ရွေးချယ်မည် မဟုတ်ပေ။

သဘာဝ ဖုံးကွယ်ရေး အတားအဆီးအတွက် ကောင်းကောင်း နားလည်နေပါက အထဲဝင်ဖို့ရာ အစီအရင် အလံကို သုံးနေစရာပင် မလိုအပ်ပေ။  မိုဝူကျီက အစီအရင်အလံများ ပြုလုပ်နေသည့် အကြောင်းအရင်းမှာ အတားအဆီးထဲ ဝင်ရောက်ဖို့သာမက သူ တွေ့ရှိထားသော ဝင်ပေါက်ကို ဖုံးကွယ်ရန်လည်း ဖြစ်၏။ နောင်၌ တစ်ယောက်ယောက် ရောက်လာလျှင်ပင် သူ့အနေဖြင့် ဝင်ပေါက် အသစ်တစ်ခု ရှာတွေ့ရန်  အနည်းဆုံး လအနည်းငယ် ကြာမြင့်လိမ့်မည်။

လအနည်းငယ်အကြာ မိုဝူကျီက ယွင်ရှန့်တောင်ကြားထဲ ဝင်လာကတည်းမှ လီလီများပင် ညှိုးနွမ်း ခြောက်သွေ့ ကုန်လေသည်။ သူက  လအတော်ကြာ အချိန်ဖြုန်းတီးမိသည့် အတွက် ကိုယ်လုံးကိုယ်ပေါက် လှသော မိန်းကလေးက သူမတွဲဖက်များကို ရှာ၍ ပြန်လာမည်ကို စိုးရိမ်နေရသည်။

မိုဝူကျီ၏ ခန့်မှန်းချက်မှာ မမှားယွင်းပေ။ ထိုကိုယ်လုံးကိုယ်ပေါက် လှသော မိန်းကလေးက ယုံရင် အင်မော်တယ် နယ်မြေ၏ ကျင့်ကြံသူ နှစ်ဦးကို ခေါ်၍ ပြန်ရောက်လာလေသည်။

သို့သော်လည်း မိုဝူကျီက သူ့မျက်စိရှေ့မှ မြင်ကွင်း၌ ညှို့ယူဖမ်းစားခြင်း ခံလိုက်ရ၍ သတိမမူမိလိုက်ပေ။

သူ့ရှေ့တွင် ဗောဓိစိမ်း အပွင့်များဖြင့်  ပြည့်နေသော ကုန်းမြေ ဖြစ်၏။ ဗောဓိစိမ်း အပွင့်မှာ အဆင့် ၇ အင်မော်တယ် ဆေးပင် ဖြစ်ပြီး  ကုသရေး ရည်ရွယ်ချက်အတွက်  ဗောဓိစိမ်းအပွင့်ကို လိုအပ်လေသည်။ ဤသို့သော ဆေးပင်တစ်ပင်မှာ အင်မော်တယ်ကျောက် အပုံလိုက်နှင့် ညီမျှသော်လည်း သူက ထိုဆေးပင်များအပြည့် ဖြစ်နေသည့်  ကုန်းမြေကို မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။ အကောင်းဆုံး အပိုင်းမှာ   သူက ဝင်လာခါစ ဖြစ်၏။

***

All Chapters