အခန်း (၅၅၇)
Vol. 41 Ch. 557
ကွေ့ဖုန်းယွင်က အမှန်ပင် အကြံအစည် ရှိနေခြင်း ဖြစ်ပြီး လင်းဂူ ပြောစကားများက အမှန် ဖြစ်ဟန် ပေါ်သည်။ ထိုလူက အပေါ်ယံ ဟန်ဆောင်နေခြင်းသာ ဖြစ်၏။
ယွင်ရှန့်တောင်ကြားအတွင်းမှ သဘာဝ အတားအဆီး အစီအရင်များနှင့် ကာထားသည့် နောက်ထပ် ကမ္ဘာတစ်ခု ရှိနေသေး၏။ အထဲတွင် ထိပ်တန်းအဆင့် အင်မော်တယ် ဆေးပင်များစွာ ရှိနေပြီး ကွေ့ဖုန်းယွင် တစ်ယောက်တည်းသာ ထိုအတားအဆီးများ၏ နေရာကို သိဟန်ပေါ်၏။ ကံကောင်းစွာ မိုဝူကျီက အချိန်မှီ သတိပြုမိခဲ့မိသည်။ မဟုတ်လျှင် သူက ဦးတည်ချက်မရှိ လျှောက်သွားမိလိမ့်မည်။
မိုဝူကျီက စိတ်လှုပ်ရှားမှုကို ထိန်းထားပြီးနောက် ဗောဓိစိမ်းအပွင့်များကို ခူးဆွတ်လိုက်ပြီး မြေကြီးများနှင့်အတူ သူ့ထာဝရ ကမ္ဘာထဲ ပို့လွတ်လိုက်သည်။
ထို့နောက်တွင် အင်မော်တယ် ဆေးပင်များကို ရှာဖွေရသည်က မိုဝူကျီအတွက် အရမ်း လွယ်ကူသွားလေ၏။ မိုဝူကျီက ဗောဓိစိမ်းအပွင့်များကို စုစည်းပြီးနောက် အဆင့် ၆ အသေးစား နှင်းပွင့်ခြောက်လွှာအပြည့် ဖြစ်နေသည့် ကုန်းမြေကို မြင်လိုက်ရသည်။ အသေးစား နှင်းပွင့် ခြောက်လွှာ အပင် သုံးရာမှ လေးရာကြား ရှိပေသည်။
အသေးစား နှင်းပွင့်ခြောက်လွှာမှာ ဆေးပင်ကောင်း တစ်ခု ဖြစ်ပြီး နှင်းရောင်ခြည် ဆေးလုံးကို ဖော်စပ်ရာ၌ သုံးနိုင်ရုံသာမက အခြားသော အင်မော်တယ် ဆေးလုံးများ၌လည်း အထောက်အကူ ဖြစ်ပေသည်။
နှင်းရောင်ခြည်ဆေးလုံးမှာ ကျင့်ကြံသူများအတွက် သူတို့ကျင့်ကြံနေစဉ်အတွင်း သူတို့စိတ်ထဲမှ မီးတောက်ကို လျော့ချပေးစေနိုင်သည်။ နောက်တဆင့် တက်လှမ်းတော့မည့် ကျင့်ကြံသူများအတွက် အထူး အကျိုးသက်ရောက်မှု ရှိပေသည်။
အသေးစား နှင်းပွင့်ခြောက်လွှာ နောက်တွင် မိုဝူကျီက အဆင့် ၇ အင်မော်တယ်ဆေးပင် ဖြစ်သည့် ကြေကွဲသွေးကြိမ် ခုနစ်ပင်၊ ရှစ်ပင်ကို တွေ့လိုက်ရသည်။
ဤဆေးပင်မှာ အဆင့် ၇ သုံးဆုံလည် သွေးဆေးလုံးကို ဖော်စပ်ရာ၌ အသုံးပြုပြီး ကျင့်ကြံသူ၏ သွေးနှင့် အသက်အဆီအနှစ်ကို ပြန်လည် အားဖြည့်ပေးစေနိုင်သော အဖိုးတန် ဆေးလုံး ဖြစ်၏။
ကြေကွဲသွေးကြိမ်ကို သိမ်းဆည်းပြီးနောက် အံ့အားသင့်မှု၏ အစဖြစ်ကြောင်း သိလိုက်ရသည်။ မိုဝူကျီက မကြာခင် တလှပ်ကာ အင်မော်တယ် အရွက်တချို့ကို တွေ့ပြန်သည်။
တလှပ်ကာ အင်မော်တယ် အရွက်မှာ မိုဝူကျီတွင် တစ်ပင်မှ မရှိသေးသည့် အဆင့် ၈ အင်မော်တယ်ဆေးပင် အမျိုးအစား ဖြစ်လေ၏။ တလှပ်ကာ အရွက်ကဲ့သို့ ဆေးပင်မျိုး၏ တစ်ခုတည်းသော အသုံးဝင်သည့် အပိုင်းမှာ ထိပ်ဖျားရှိ အရွက်များသာ ဖြစ်ပြီး တစ်ပင်၌ နှစ်ရွက်သာ ရရှိလေသည်။
တလှပ်ကာ အင်မော်တယ် အရွက်ကို အသွင်ပြောင်းဆေးလုံး ဖော်စပ်ရာ၌ အဓိကပါဝင်ပစ္စည်း ဖြစ်ပြီး မိုဝူကျီ အမြဲအလိုရှိနေသည့်အရာ ဖြစ်ပေသည်။ ထိုဆေးလုံးက ကျင့်ကြံသူ တစ်ယောက်၏ အငွေ့အသက်များနှင့် သွင်ပြင်ကို ပြောင်းလဲပေးနိုင်သည်။ နှမြောစရာ ကောင်းသည်က မိုဝူကျီအနေဖြင့် တလှပ်ကာ အရွက်ကို ရှာတွေ့သော်လည်း လက်ရှိ သူ့ဆေးလုံးတာအို အဆင့်အတန်းဖြင့် အသွင်ပြောင်းဆေးလုံးကို မဖော်စပ်နိုင်သေးပေ။
ထို့နောက် မိုဝူကျီက အရွက်မဲ့ကြော တစ်ရာ အသီး အပုံလိုက်ကို တွေ့လိုက်ရပြန်သည်။ အရွက်မဲ့ကြော တစ်ရာအသီးမှာ အဆင့် ၈ အင်မော်တယ်ဆေးပင် ဖြစ်ပြီး အင်မော်တယ် လမ်းကြောင်း နိဗာန ဆေးလုံးကို ဖော်စပ်ရန် အသုံးပြုကြသည်။ အင်မော်တယ် အုပ်စိုးသူ အဆင့်အောက်ရှိ ကျင့်ကြံသူများအတွက် အင်မော်တယ် လမ်းကြောင်း နိဗာနဆေးလုံးမှာ အသက်တစ်သက် ပိုရလိုက်ခြင်းနှင့် ညီမျှပေသည်။
သူ့လက်ရှိ အနေအထားဖြင့် ဤဆေးလုံးကို မဖော်စပ်နိုင် သေးသော်လည်း မိုဝူကျီက အတော်လေး စိတ်လှုပ်ရှားနေမိသည်။ သူက မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်ရရန် ရောက်လာခြင်း ဖြစ်သော်လည်း ဤနေရာတွင် အဖိုးတန် အဆင့်မြင့် အင်မော်တယ်ဆေးပင်များစွာ ရှိနေသည့်အတွက် မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့် ရှာတွေ့နိုင်ခြေမှာ အဆများစွာ တိုးမြင့်သွားလိမ့်မည်။
တလှပ်ကာ အင်မော်တယ် အရွက်ကို ရှာတွေ့ပြီးနောက် မိုဝူကျီက ဤယွင်ရှန့်တောင်ကြား၏ တန်ဖိုးအစစ်အမှန်ကို သတိပြုမိလိုက်သည်။ ဆေးလုံး ဧကရာဇ်များ အပါအဝင် များပြားစွာသော ကျင့်ကြံသူများက ဤနေရာသို့ ဝင်ချင်နေကြသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
လဝက်အကြာ မိုဝူကျီက ဗောဓိစိမ်းအပွင့်၊ ကြေကွဲသွေးကြိမ်၊ တလှပ်ကာ အင်မော်တယ်အရွက်၊ အရွက်မဲ့ကြော တစ်ရာအသီး၊ ကြက်သွေးရောင် မိုးသောက်နှင်းခဲ၊ ကောင်းကင်နှင်းဆီရိုင်း အသီးနှင့် အဆင့် ၇ ၊ အဆင့် ၈ အင်မော်တယ် ဆေးပင်များစွာကို တွေ့ခဲ့ရသည်။
သူ ရရှိလာသော အင်မော်တယ်ဆေးပင်များမှာ တစ်ထောင်ကျော်နေပြိ ဖြစ်ရာ သူ မျှော်လင့်မထားသည့် ဆုလာဘ်မျိုး ဖြစ်နေသည်။
မိုဝူကျီကို စိတ်ပျက်စေသည်က မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်ကို ရှာမတွေ့သေးခြင်း ဖြစ်သည်။ သူက အဆင့် ၉ အင်မော်တယ်ဆေးပင် တစ်ပင်မှ မရှာတွေ့သေးပေ။
သူက အဆင့် ၇ ကောင်းကင်နှင်းဆီရိုင်း အသီးကို တူးယူပြီးနောက် အသံများကို ကြားလိုက်ရသည်။ မိုဝူကျီက သဘာဝ အတားအဆီးထဲ ရောက်နေ၍ စိတ်စွမ်းအားမှာ ဤအတားအဆီးထဲ ဖိနှိပ်ခံထားရသည်။ တစ်ချိန်တည်းတွင် သဘာဝ အတားအဆီး ဖြစ်နေသောကြောင့် အထဲတွင် အလွန်အမင်း တိတ်ဆိတ်နေပြီး မိုဝူကျီက နေရာတစ်ဝှက်မှ အသံများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
သူက အသံများကို ကြားသည့်အခါ ထိုအသံကြားရာဆီ မြန်မြန် သွားလိုက်သည်။
သူ့ရှေ့တွင် အောက်ပိုင်း တစ်ပိုင်း ပဲ့ထွက်နေသော ကွေ့ကောက်နေသည့် သစ်ပင်အိုကြီး ရှိနေသည်။ ထိုသစ်ပင်အောက်ခြေမှ ကြည်လင်တောက်ပသော အရည်များက ကျောက်ရေကန်လေးဆီ စီးဝင်နေသည်။
ထိုကျောက်ရေကန်မှာ ကြည်လင်နေသော အရည်များပင် ပြည့်နေပြီး ထိုအရာမှ အင်မတန် လန်းဆန်းသော ရနံ့လေး ထွက်ပေါ်နေသည်။ မိုဝူကျီက ထိုစွမ်းအားကို အာရုံခံမိလိုက်သည်နှင့် စိတ်လှုပ်ရှားစွာ လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။
ဆေးလုံးဘုရင် တစ်ယောက်အနေဖြင့် သူ့ရှေ့မှ အရာကို ကောင်းကောင်းကြီး သိနေသည်။ ထိုအရာမှာ ထိပ်တန်း ရတနာတမျိုး ဖြစ်ပြီး အဆင့် ၉ အင်မော်တယ် ဆေးပင်လောက် ကောင်းပေသည်။ ပြောရမည် ဆိုလျှင် အဆင့် ၉ အင်မော်တယ်ဆေးပင် အများစုထက် ပို၍ အဖိုးတန်သေး၏။
ထိုအရာ နှစ်သန်းတထောင် သက်တမ်းရှိ အင်မော်တယ် သစ်သား အဆီအနှစ် ဖြစ်၏။
နှစ်သန်းတထောင် သက်တမ်းရှိ အင်မော်တယ် သစ်ပင် အဆီအနှစ်မှာ နှစ်သန်းတထောင် မပြည့်သေးသော်လည်း ဤသစ်သား အဆီအနှစ်မှာ အနည်းဆုံးတော့ နှစ်သန်းပေါင်းများစွာ ဖြတ်ကျော်ပြီး သွားလေပြီ။ ဤအင်မော်တယ် သစ်သားက သာမန် သစ်သား မဟုတ်ဘဲ အသန့်စင်ဆုံးနှင့် အဖိုးတန်ဆုံး အင်မော်တယ် သစ်သား အဆီအနှစ် ဖြစ်မပေါ်လာခင် အမျိုးမျိုးသော အလှည့်အပြောင်းများစွာ ကြုံတွေ့ရပြီးနောက် ကောင်းကင်နှင့် မြေကြီးတို့၏ အင်မော်တယ် စွမ်းအားများမှ ထွက်ပေါ်လာသော ထိပ်တန်းအဆင့် အင်မော်တယ် သစ်သား ဖြစ်ပေသည်။
အင်မော်တယ် သစ်သား အဆီအနှစ်၏ တန်ဖိုးမှာ သစ်သား အမျိုးအစားနှင့် သစ်သား၏ သက်တမ်းပေါ် မူတည်နေလေ၏။ အင်မော်တယ် သစ်သား အဆီအနှစ်က တစက်စက် ကျနေခြင်း ပြီးဆုံးသွားသည်နှင့် ဤသစ်သားမှာ လုံးဝ ညှိုးနွမ်းသွားလိမ့်မည်။
သို့သော်လည်း အင်မော်တယ် သစ်သားက မည်သို့ပင် ဖြစ်စေကာမူ အင်မော်တယ် သစ်သား အဆီအနှစ်မှာ ရွေပေါင်း သန်းချီပေးလျှင်ပင် ဝယ်၍ မရနိုင်သော အဖိုးတန်အရာ ဖြစ်၏။
မိုဝူကျီက အစီအရင်အလံတချို့ ထုတ်ယူလိုက်သည်။ သူက သစ်သား အဆီအနှစ်ကို ထုတ်ပေးနေသော သစ်သားကို မထိလိုပေ။ သူက ထိုသစ်သားကို ယူသွားလိုက်သည်နှင့် အသားမကျသည့် ပတ်ဝန်းကျင်မျိုးနှင့် ဆိုလျှင် သေဆုံးသွားနိုင်ဖွယ် ရှိ၏။ သို့သော်လည်း သူက ဤသစ်သား အဆီအနှစ် တစ်ကန်လုံးကို တကယ် လိုချင်မိသည်။
အစီအရင်အလံများ အကူဖြင့် မိုဝူကျီက ထိုအင်မော်တယ် သစ်သား အဆီအနှစ်ကို သူ့ကိုယ်ပိုင် ကျောက်စိမ်းပုံးများဆီ ကူးပြောင်း ထားလိုက်နိုင်သည်။
ထို့နောက် မိုဝူကျီက သစ်သား အဆီအနှစ်ဟောင်းများကို နှမြောတသစွာ ကြည့်လိုက်ရင်း ကျောက်စိမ်းပုံးများကို သူ့ထာဝရ ကမ္ဘာထဲ ပျော်ပျော်ရွင်ရွင် ပို့လိုက်တော့သည်။
နှစ်များစွာ ကြာသည့်အခါ ဤနေရာ၌ အင်မော်တယ် သစ်သား အဆီအနှစ်များနှင့် နောက်တစ်ဖန် ပြန်လည် ပြည့်နှက်လာလိမ့်မည်။
မိုဝူကျီက ရေကန်မှာ မကြီးမားကြောင်း သတိပြုမိ လိုက်သည့်အခါ တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။ ဤသစ်သား အဆီအနှစ်က နှစ်မည်မျှ ကြာမြင့်နေပြီမှန်း မသိသော်လည်း မည်သို့ ရေကန်က မပြည့်ဘဲ ဖြစ်နေမည်နည်း။
မိုဝူကျီက ထိုအတွေးဖြင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ထုတ်လွှင့်ကာ စစ်ဆေး ကြည့်လိုက်သည်။ မကြာခင် ဤရေကန်အောက်ခြေ၌ မျက်စိနှင့် မမြင်နိုင်သည့် စိမ့်ထွက်နေသည့် လမ်းကြောင်း ရှိနေကြောင်း သတိပြုမိလိုက်သည်။ ထိုစီးကြောင်းမှာ တစ်နေရာ အဝေးထိ ဦးတည်နေပြီး မိုဝူကျီ၏ စိတ်စွမ်းအားလည်း ထိုအရာနောက် လိုက်သွားလိုက်သည့်အခါ အေးစက်နေသော ဧရာမ ချောက်နက်အတွင်း ဦးတည်နေကြောင်း သိလိုက်ရသည်။ ထိုချောက်နက်အတွင်း အတားအဆီးတချို့ ရှိနေသည့်ပုံ ပေါ်နေကာ မိုဝူကျီ၏ စိတ်စွမ်းအားက ထပ် အာရုံခံ၍ မရတော့ပေ။
မိုဝူကျီက ကျောက်ရေကန်ကို တစ်ချက် ကြည့်ပြီးနောက် ချောက်နက် အပြင်ဘက်ကို ဆင်းသက်လိုက်သည်။ အတားအဆီးမှာ ရိုးရှင်းလှသောကြောင့် မိုဝူကျီအတွက် လက်တစ်ဖက် မြှောက်ရန်သာ လိုအပ်ပေသည်။ မိုဝူကျီက အတားအဆီးများကို ဖယ်ရှားပြီးသည်နှင့် ရှင်းရှင်းလင်းလင်း ဖြတ်တောက်ထားသလို နှစ်ခြမ်းကို မြင်လိုက်ရသည်။ တစ်ဖက်တွင် အင်မော်တယ် ဆေးပင်များနှင့် ပြည့်နေသည့် ကုန်းမြေ ရှိနေပြီး တစ်ဖက်၌ အသီးတစ်သီး ရှိသည့် အပင်ရှိနေကာ ထိုအပင်၌ မီးခိုးရောင် အသီး ရှိနေ၏။
ဤနေရာသို့ ဝင်လာသူ မည်သူမဆို မီးခိုးရောင် အသီးကို ချက်ချင်း သတိပြုမိလိမ့်မည်။ အကြောင်းမှာ ထိုမီးခိုးရောင် အသီးမှ သူ့အား တစ်စုံတစ်ခုမှ ခေါ်နေသကဲ့သို့ အားကောင်းသော ဝိညာဉ်စွမ်းအားများ ထုတ်လွှင့်နေလေ၏။ မိုဝူကျီက ဤမီးခိုးရောင် အသီး၏ အတွင်းသဘောကို သိရှိလာသည်နှင့် နောက်တစ်ဆင့် တက်သွားလိမ့်မည်ဟု ခံစားနေမိလိုက်သည်။
ထိုအရာမှာ ပုံရိပ်ယောင်မျှသာ ဖြစ်သော်လည်း ထိုမီးခိုးရောင် အသီးက မည်မျှ အံ့ဩဖို့ ကောင်းကြောင်း ပြနေခြင်းသာ ဖြစ်၏။
မိုဝူကျီက မီးခိုးရောင် အသီးကို ကြည့်ရှုပြီးနောက် အင်မော်တယ် အပင်များဆီ ရောက်ရှိသွားတော့သည်။
မိုဝူကျီက သူ့ရှေ့တွင် ရှိနေသော အရာကို ကြည့်ပြီး တုန်ယင်လာမိသည်။ တစ်ချက်တည်း ကြည့်ရုံဖြင့် သူက ထိုအင်မော်တယ် ဆေးပင်မှာ သူရှာနေသည့် မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့် ဖြစ်ကြောင်း သိလိုက်သည်။
နာမည်၌ ပန်းပွင့်ဟု ဆိုထားသော်လည်း ကြည့်ရသည်မှာ မြက်ပင်နှင့် တူပေ၏။ မိုဝူကျီက မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်ကို မမြင်ဖူးသော်လည်း ချောင်မူရှစ်စာအုပ်၏ ဖော်ပြချက်မှ ဖတ်ရှုထားမိသည်။ ထိုစာအုပ်တွင် မြက်ပင်နှင့် တူကြောင်း ဖော်ပြထားပြီး ထိုအပင်၏ အရွက်ထဲ၌ သေးငယ်သည့် အစိမ်းရောင်ပန်းပွင့်လေး ပါရှိလေသည်။ အစိမ်းရောင်ပန်းပွင့်မှာ အပင်နှင့် တူညီနေသည့်အတွက် သေချာမကြည့်လျှင် ခြားနားချက်ကို သိမည် မဟုတ်ပေ။
မိုဝူကျီက ရှေ့သို့ တိုးလာပြီး ထိုမြက်ပင်များ၌ သေးငယ်သည့် အစိမ်းရောင်ပန်းပွင့်လေး ရှိကြောင်း မြင်လိုက်ရသည်။
အမှန်ပင် မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့် ဖြစ်နေသည်။ မိုဝူကျီက ဤသို့မျိုး ပတ်ဝန်းကျင်၌ မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်မှာ မီးခိုးရောင် ဖြစ်နေလျှင်ပင် သာမာန်ဟုသာ ထင်မိလိမ့်မည်။ သို့သော် မြေအောက် ကမ္ဘာနှလုံးသား ပန်းပွင့်မှာ ရွက်စိမ်းပင် ဖြစ်နေလေ၏။
ဤနေရာတွင် မြေအောက် ကမ္ဘာ နှလုံးသားပန်းပွင့် ၈၁ ပင် ရှိသည့်အတွက် မိုဝူကျီက မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။
သူက မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်များကို တူးယူပြီးနောက် သူ့ထာဝရ ကမ္ဘာထဲ ထည့်လိုက်တော့သည်။ ထို့နောက် သူက မီးခိုးရောင်အသီးကို သေချာကြည့်လိုက်သည်။
သူက ထိုသို့မျိုး အသီးကို တစ်ခါမှ မမြင်ဖူးသော်လည်း ချောင်မူရှစ် စာအုပ်တွင် ဖော်ပြထားဖူးသည်။ ထိုစာအုပ်၌ ထီးထီး ပေါက်ရောက်တတ်ပြီး မီးခိုးရောင်ရှိကာ ရှားပါးလှသည့် ဧကရာဇ် တာအိုအသီးဟု ရေးမှတ်ထားသည်။
အတိုချုံး ဖော်ပြချက်၌ အသုံးဝင်ပုံနှင့် ပေါက်ရောက်တတ်သော ပတ်ဝန်းကျင်ကို မဖော်ပြထားပေ။
မိုဝူကျီက ဤအရာမှာ ဧကရာဇ် တာအိုအသီးဟု ယုံကြည်နေပြီး ထိုအရာမှာ ကောင်းကင် ဧကရာဇ် ကွေ့ဖုန်းယွင် အလိုရှိနေသည့် အရာသာ ဖြစ်လိမ့်မည်။ ကွေ့ဖုန်းယွင်က ထိုတည်ရှိမှုကို သိထား၍သာ သူ့လူတချို့ကို ယွင်ရှန့်တောင်ကြားသို့ ပို့လွှတ်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။
ကွေ့ဖုန်းယွင် လိုချင်သည့် အသီး ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ သူ့အတွက် မယူသွားဖို့ အကြောင်းအရင်း မရှိပေ။ မိုဝူကျီက ဧကရာဇ် တာအိုအသီးကို ခူးဆွတ်ကာ ကျောက်စိမ်းသေတ္တာထဲ ထည့်ထားလိုက်သည်။
ဧကရာဇ် တာအိုအသီးကို အပင်မှ ခူးဆွတ်လိုက်သည်နှင့်် အပင်မှာ ခြောက်သွေ့ပြီး မကြာခင်တွင် ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားလိမ့်မည်။
မိုဝူကျီက မြေအောက် ကမ္ဘာ နှလုံးသားပန်းပွင့် များစွာကို ခူးဆွတ် နိုင်လိုက်သော်လည်း မူလဇာစ်မြစ်မှာ ရိုးရှင်းသည်ဟု မတွေးမိပေ။ နေရာတိုင်းတွင် သစ်သားအဆီအနှစ် မရှိသလို ဤမြေအောက် ကမ္ဘာနှလုံးသား ပန်းပွင့်နှင့် ဧကရာဇ် တာအိုအသီးတို့မှာ သစ်သား အဆီအနှစ်များကြောင့် ရှင်သန် ကြီးထွားလာခြင်း ဖြစ်ပေသည်။
ပုံမှန်အခြေအနေ အောက်တွင် မည်သူကများ အင်မော်တယ် သစ်သား အဆီအနှစ်ဖြင့် မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်ကို အားဖြည့်ပေးရန် အသုံးပြုမည်နည်း။
မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်မှာ အဆင့် ၉ အင်မော်တယ် ဆေးပင် ဖြစ်သော်လည်း သစ်သားအဆီအနှစ်မှာ အဆင့် ၉ အင်မော်တယ် ဆေးပင်နှင့် ညီမျှပေသည်။
မြေအောက် ကမ္ဘာ နှလုံးသား ပန်းပွင့်ကို ခူးဆွတ်ပြီးနောက် မိုဝူကျီက စိတ်ပေါ့ပါး သွားတော့သည်။ အကြောင်းမှာ သူ့အနေဖြင့် ယွင်ရှန့်တောင်ကြားဆီ လာခဲ့သည့် ရည်ရွယ်ချက် ပြီးမြောက် သွားလေပြီ။ အကယ်၍ သူက ယွင်ရှန့်တောင်ကြားမှ ထွက်၍ မရသေးသည့် အချက်ကြောင့်သာ မဟုတ်လျှင် ထွက်သွားပြီးလောက်လေ၏။ အခြားသော အင်မော်တယ် ဆေးပင်များက ကောင်းပြီး အဖိုးတန်သော်လည်း သူ့အား ချိန်စုယင်၏ ဝိညာဉ်ကို ပြန်ရှာမည့် ကိစ္စကို ရပ်တန့်ထား စေလောက်သည့်အထိ မဆွဲဆောင်နိုင်ပေ။
လအတော်ကြာ ကုန်ဆုံးသွားလေပြီ။ ဤအတားအဆီးမှာ သေးငယ်သည်ဟု ယူဆ၍ မရသော်လည်း မိုဝူကျီက တစ်နေရာလုံးကို ရှာဖွေပြီးသွားလေပြီ။ သူက နေရာတိုင်းကို သေချာရှာဖွေ လိုက်သောအခါ အဆင့် ၆ နှင့်အထက်ရှိ အင်မော်တယ် ဆေးပင်များကို စုဆောင်းမိလေ၏။
သစ်သားအဆီအနှစ်၊ ဧကရာဇ် တာအိုအသီးနှင့် မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် အပြင် မိုဝူကျီက ထာဝရ ဝါးသုံးပင်ကိုလည်း ရှာတွေ့ခဲ့သည်။ ထာဝရ ဝါးပင်မှာ အဆင့် ၉ ဆေးပင် ဖြစ်ပြီး ကျင့်ကြံသူ အများစုအတွက် မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့်ထက် ပို၍ အဖိုးတန်ပေသည်။
ထာဝရ ဝါးပင်ကို ခန္ဓာလေ့ကျင့်ရေး အင်မော်တယ် ဆေးလုံး ဖြစ်သည့် အဆင့် ၉ ထာဝရ တာအို ဆေးလုံးအဖြစ် ဖော်စပ်နိုင်လေသည်။
ထိုဆေးလုံးကို အသုံးပြုပြီးနောက် ကျင့်ကြံသူတွင် ခန္ဓာကိုယ်ကို မလေ့ကျင့်ထားလျင်ပင် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ် ကြံခိုင်မှုမှာ ရက်အတော်ကြာ ခံနေပြီး မီးတောက်များပင် ထိုကာလ၌ ထိခိုက်ဒဏ်ရာ ရစေနိုင်မည် မဟုတ်ပေ။ မိုးကြိုးစမ်းသပ်ချက်၌ အသုံးပြုရန် အသင့်တော်ဆုံးသော ဆေးလုံး ဖြစ်ပေသည်။
မိုဝူကျီက ထာဝရ တာအိုဆေးလုံးကို ဖော်စပ်ဖို့ မလိုပေ။ အကြောင်းမှာ သူ့တွင် ထာဝရ ဝါးပင် ရှိနေသရွေ့ သူ့အနေဖြင့် ပစ္စည်းကောင်းများဖြင့် လဲလှယ်နိုင်လိမ့်မည်။
***