မျက်မှန်
Vol. 1 Ch. 6
အခန်း ၆
မျက်မှန်
Luck တစ်ယောက် အံ့သြဝမ်းသာစွာ အော်ဟစ်လိုက်လေသည်။ သူ့ခွန်အားမှာ တစ်ဖက်ကို ပေါင်တစ်သိန်း ဖြစ်နေပါပြီ။
“ ဟား ဟား ဟား S အဆင့်ဖြစ်ပြီကွ”
S အဆင့်သည် ခွန်အားပေါင်း နှစ်သိန်းရှိမည်ဖြစ်သည်။ Luck သည် အသက် ၁၄နှစ်ဖြင့် S အဆင့်ကို ရောက်ပြီ ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် အသက် ၁၄ ဖြင့် S အဆင့်ကို မရောက်ဖူးပေ။
နိုင်ငံခြားမှ ပါရမီရှင်တချို့ ၁၈ နှစ်ဖြင့် S အဆင့်ကို ရောက်ဖူးခဲ့သည်။ အများစုမှာ အသက် ၂၀မှသာ ရောက်ရှိကြခြင်း ဖြစ်သည်။ တစ်ခုရှိသည်မှာ S အဆင့်ရောက်တိုင်း သူရဲကောင်းမဖြစ်ခြင်းပင်၊ သူရဲကောင်းဖြစ်ဖို့အတွက် အခြားကျွမ်းကျင်မှုများစွာ ရှိရန်လိုအပ် သည်။ သူရဲကောင်းစာရင်းဝင်ဖို့ရန် စစ်ဆေးစာမေးပွဲများကို ဖြေဆိုရမည်။ အောင်မြင်မှသာ စာရင်းဝင်ပြီး အရာရှိ တစ်ဦးဖြစ်မည်။
အရာရှိမလုပ်လိုပါကလည်း ဂြိုလ်များပေါ်တွင် အကြီးအကဲ၊ စစ်ဆေးမှူး ရာထူးရနိုင်သည်။
S အဆင့် တစ်ဦးသည် တကယ်တော့ အဆင့်မြင့်ရဲ့ အစပင်ရှိသေးသည်။ S-1၊ S-2၊ S-3 စသည်ဖြင့် မြင့်သောအဆင့်များ ရှိသေးသည်။
ဤစကြာဝဠာတွင် အမြင့်ဆုံးက S 4 သူရဲကောင်းအဆင့်ဖြစ်သည်။
S 4 တစ်ဦးသည် ဂြိလ်တစ်လုံး ကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သည်။
လက်ရှိကမ္ဘာတွင် သူရဲကောင်းကျောင်းဆင်းများက စာမေးပွဲအောင်မြင်မှု 50% ပိုများသည်။ အပြင်ဖြေ များကတော့ အလွန်ထူးချွန်သောသူများသာ အောင်မြင်နိုင်သည်။ သူရဲကောင်းဖြစ်လာသည့် S အဆင့်များသည် ဒီဂျစ်တယ်တိုက်ပွဲများတွင် လေ့ကျင့်ကြသည်။ ဂြိုလ်အသီးသီးနှင့် ကမ္ဘာများပေါ်တွင် အလွန်တရာရေပန်းစား သော ကျော်ကြားသောတိုက်ပွဲများ ဖြစ်ပြီး နိုင်ငံအလိုက် အားပေးသူ ဘီလီယံနှင့်ချီအောင် များပြားသည်။ အမှတ် များပြားသူများက ဆုလာဘ်လည်း ပိုရကြသည်။ ဒီဂျစ်တယ်တိုက်ပွဲကွင်းပြင်များကို ခေတ်မီနည်းပညာအကူ အညီဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
နည်းပညာဖြင့် တစ်ကိုယ်လုံး စကန်ဖတ်လိုက်ပြီး ပုံတူပွားလိုက်ခြင်းဖြစ် သည်။ ကိုယ်လုံး၊ အရပ်အမောင်း၊ ခွန်အား၊ ကျွမ်းကျင်မှုများအားလုံး တစ်ပုံစံတည်း တူညီသည်။ အသက်စွမ်း အားတစ်ခုသာ မပါတာဖြစ်သည်။ ထို့ကြောင့်လည်း တိုက်ပွဲအတွင်း ရှုံးနိမ့်သေဆုံးသူများမှာ အပြင်တွင် သေဆုံး ခြင်းမရှိပေ။
သို့သော်လည်း စွမ်းအင်ရိုက်ခတ်မှုဒဏ်ရာတော့ ရနိုင်သည်။ တိုက်ပွဲများကို အမှတ်လိုက်စီထားပြီး အမှတ်များသူအချင်းချင်းနှင့် နည်းသူအချင်းချင်းသာ တိုက်ခိုက်နိုင်သည်။
အခြားသူများနှင့် မိမိတိုက်ပွဲများကို Live ကြည့်ရှုနိုင်သလို Replayလည်း ကြည့်ရှုနိုင်သည်။ နာမည်ကြီးသူရဲကောင်းများ Download Fileသည် UM 100 အနည်းဆုံးပေးရသည်။
Luck ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းသည်။ သူ ကျောင်းလုံးဝမတက်တော့ပေ။ အနှိမ်ခံဘဝနှင့် အနိုင်ကျင့်မှုများကို သူ လုံး၀ မုန်းသည်။ သူ ပိုက်ဆံရအောင် အမဲလိုက်မည်။ ဒီဂျစ်တယ်တိုက်ပွဲများတွင် အနိုင် ယူကာ ပိုက်ဆံနဲ့ဆုလာဘ်များကိုရအောင် ကြိုစားမည်။
ဒါမှလည်း လိုအပ်တဲ့ ဆေးရည်နှင့် စွမ်းအားများကိုသုံးက S 1 အဆင့်ကို တက်ရောက်နိုင်မည်။ နို့မို့ဆို သူ ရှေ့ဆက် တက်လမ်းပိတ်သွားနိုင်သည်။
“ ဟူး…… ”
Luck သက်ပြင်းရှည်ကြီးချလိုက်သည်။
ရုတ်တရက် “ တီ တီ တီ ” AI က စကားပြောလာသည်။
“ သင့်ကို သူငယ်ချင်း လမ်းပတ်က ခေါ်ဆိုနေသည်၊ ကိုင်မှာလား ငြင်းမှာလား ”
Luck က “ ကိုင်မယ် ”
“ကလောက်”
“ ဟေး Luck မင်းပျောက်လှချည်းလား၊ မတွေ့တာ ၃ ရက်ရှိပြီ ”
“ အေးကွာ ငါလည်း ဂျပန် ခဏသွားနေလို့ ”
“ ခါတိုင်းဆို မင်း ငါတို့လမ်းထိပ်က တော့ပိုကီ စားနေကြပါ ”
“ အခု ငါ မင်းအိမ်ရှေ့မှာ ထွက်ကြိုအုံးဟ
တော့ပိုကီ ပါတယ် ”
“ အေး အေး လာပြီဟ ”
ကိုရီးယားဒေသကြီးမှ ထွက်ရှိသည့် တော့ပိုကီမှာ ထူးခြားသည်။ ကြက်သား၊ ဝက်သား၊ အမဲသား တစ်ခုခုကို ပဲပိစပ်နှင့်ရောကြိတ်ပြီး အူချောင်းနှင့်အသားပြား ပြုလုပ်ကာ နာမည်ကျော် ကိုရီးယားအရက်အတွင်း စိမ်ထားခြင်း ဖြစ်သည်။
ပူတယ်၊ စပ်တယ်၊ ဗိုက်ဝတယ်၊ Luck အကြိုက်ပေါ့၊ ရာစုသစ် အစားအစာဖြစ်သည်။ ခြုံပြီးပြောရရင် ကမ္ဘာအနှံ့ အရက်သမား တော်တော်များသည်။ သောက်လို့လည်း ဘာရောဂါမှမရသော ခန္ဓာကိုယ်များ ဖြစ်သည်။ အသက် ၁၂ နှစ်ကျော်ရင် အကုန်သောက်ကြသည်။ ရောဂါသာ မရတာ အရက်မူး ရန်ဖြစ်ပြီး တိုက်ကြ ခိုက်ကြ သေကြတာလည်း သောက်သောက်လဲပင်။ Luck တံခါးဖွင့်ပြီး လှမ်းအော်လိုက်သည်။
“ ဟေ့ လာဟေ့ လမ်းပတ် အထဲဝင် ”
ကြည့်လိုက်တော့ ဟာဝေယံရှပ်နှင့် သရီးကွာတားအဖြူကို လမ်းပတ် ဝတ်ထားသည်။ ရုပ်ရည်ကတော့ ဖိလစ်ပင်းနှင့် လန်ဒန်သား စပ်ကျထားသောရုပ် အသားဖြူသည်။ ကြည့်ကောင်းသည်။ လမ်းပတ်အဖေက စာရင်းကိုင်တစ်ယောက်ဖြစ်သည်။ ဒါကြောင့် သူတို့က စားနိုင်သောက်နိုင်သည်
သေချာကြည့်လိုက်တော့ ဇီးရောင် ရေဘင်မျက်မှန်တစ်လက် လမ်းပတ် တပ်ထားသည်။
“ ဟေ့ရောင် မင်းမျက်မှန်က ဂွတ်လှချည်းလား ”
“ ရှုး တိုးတိုး လာလာ၊ မင်း ဝရံတာကို ထွက်ရအောင် ” လမ်းပတ်က ပြောလိုက်သည်။
ဝရံတာရောက်တော့ လမ်းပတ်က လမ်းမပေါ်ရှိ လူအုပ်ထဲကို လှမ်းကြည့်နေသည်။
ပြီးနောက်
“ Luck ရေ ရော့ ဒီမျက်မှန်တပ်ပြီး စော်လေးတွေကို ကြည့်လိုက် ” လမ်းပတ်က ပြောလိုက်သည်။
Luck မျက်မှန်ယူပြီး တပ်ကြည့်လိုက်တော့ နည်းနည်း မူးနောက်နောက် ဖြစ်နေသည်။ လူအုပ်ကြားထဲ ကြည့် လိုက်တော့ အမျိုးသမီး အမျိုးသားတွေ ဘာအဝတ်မှမရှိဘဲ တွဲလောင်းတွေ၊ တန်းလန်းတွေနဲ့ လျှောက်သွားနေ တာကို မြင်လိုက်ရသည်။
“ ဟား မင်းဟာက ဘာကြီးလဲ၊ အကုန်မြင်နေရတယ် ”
“ တိုးတိုးဟ ရဲတွေ့ရင် အဖမ်းခံရမှာ ” “ အဲဒါ ကန့်သတ်မျက်မှန်လို့ ခေါ်တယ် X- Ray ပါတယ်
အားလုံးဖောက်မြင်နိုင်တယ် လေယာဉ်ကွင်းမှာ စစ်တဲ့ဟာ၊ ငါ သူခိုးဈေးက မနည်းဝယ်ထားရတာ ” “ ဟီးဟီး”
Luck ကတော့ မျက်နှာတွေ နီရဲသွားပြီး၊ မျက်မှန်ကို အမြန် ပြန်ပေးလိုက်သည်။
“ ရော့ ရော့ ပြန်ယူ မင်းဟာကို ”
“ မြန်မြန်ပေး ဟိုမှာ စော်လေးတစ်ယောက် လာနေတယ် အလန်းလေးဟ၊ ငါ ကြည့်မလို့ ”
လမ်းပတ် အဝေးက ကောင်မလေးတစ်ယောက်ကို မျက်မှန်တပ်ပြီး လှမ်းရှိုးသည်။ ပြီးနောက် မျက်နှာကြီးပျက်ပြီး ချောင်းတွေဆိုးနေသည်။
“ ဒုက္ခပဲ Luck ရေ အဲ့ စော်ကြီးက အပေါ်မှာလည်း နှစ်လုံး၊ အောက်မှာလည်း နှစ်လုံး အခြောက်ကြီးဟ”
“ ဟား ဟား ဟား မင်းထိပြီးမလား ဟင် ”
“ အေးကွာ ပေါက်စီကြိုက်တဲ့သူကော အီကြာကွေးကော နှစ်မျိုးလုံးပါတယ် ”
“ ကြိုက်တာ စားရုံပဲ ဟား ဟား ”
လမ်းပတ်အပြောကြောင့် Luck စားနေတဲ့တော့ပို့ကီ တွေပါ သီးသွားသည်။