← Chapters

အခန်း (၅၅၈)

Vol. 41 Ch. 558

အခန်း (၅၅၈)

Vol. 41 Ch. 558

ယွင်ရှန့်တောင်ကြားကို ဝင်နိုင်သည့် ကျောက်စိမ်းပြားမှ အလင်းမှ ဖြာမထွက်လာခင် မိုဝူကျီက သဘာဝ အတားအဆီးထဲမှ ပစ္စည်းကောင်းများ အားလုံးကို အရ ယူနိုင်ခဲ့သည်။ မိုဝူကျီက အဆင့် ၇ နှင့် အဆင့် ၈ ဆေးပင်တချို့ကို ထုတ်ကာ သူ့သိုလှောင်လက်စွပ်ထဲ ပြောင်းထည့်လိုက်ပြီး ကျန်သည့် အရာအားလုံးကို ထာဝရ ကမ္ဘာထဲ ထားထားလိုက်သည်။

ကူးပြောင်းရေး အစီအရင် အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် မိုဝူကျီကို အလင်းများ လွှမ်းခြုံသွားပြီး ယွင်ရှန့်တောင်ကြားမှ ထွက်သွားရလေ၏။

မိုဝူကျီ ခြေထောက်က  မြေပြင်နှင့် ထိလိုက်သည့်အခါ  ဝင်လာသည့် နေရာကို ပြန်ရောက်နေမှန်း သတိပြုမိလိုက်သည်။ စီးပွားရေး သမားများက ထွက်လာမည့် ကျင့်ကြံသူများကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်း နေကြသည်။  အများစုက ယွင်ရှန့်တောင်ကြားမှ ထွက်လာသော ကျင့်ကြံသူများ ရရှိလာသည့် အရာများမှာ သူတို့တစ်ဦးတည်းအပိုင် မဟုတ်ကြောင်း သိထားကြသော်လည်း စီးပွားရေး သမားများက အကောင်းဆုံးကို တွေး၍ မျှော်လင့်နေကြသေး၏။

အင်မော်တယ် လောကရှိ ကျင့်ကြံခြင်း အရင်းအမြစ်များမှာ သူတို့ ရှင်သန်ကြီးထွားသည်ထက် သုံးစွဲခြင်းက ပိုမို မြန်ဆန် နေသောကြောင့် ကျင့်ကြံသူများက အဆင့်မြင့် ဆေးပင်များကို မြင်တွေ့ခြင်းမှာ  ယခင်ကထက် ပိုမို နည်းလာလေ၏။ သူတို့အနေနှင့် အဆင့် ၇ အင်မော်တယ် ဆေးပင်နှင့်အထက် ရှာတွေ့နိုင်လျှင် ထိုအရာများက လူများ စိုက်ပျိုးထားခြင်းသာ ဖြစ်လိမ့်မည်။ ယွင်ရှန့်တောင်ကြား ကဲ့သို့ သဘာဝ နေရာကဲ့သို့  နေရာမှာ  နှစ်ထောင်ချီမှ တစ်ခါဖွင့်ခြင်း ဖြစ်၏။

တချို့သော ကျင့်ကြံသူများက သူတို့အင်မော်တယ် ဆေးပင်များကို ထုတ်ကာ ရောင်းချကြသော်လည်း မိုဝူကျီက ထိုသို့လုပ်ရန် ဆန္ဒမရှိပေ။ မိုဝူကျီက တစ်ချက်တည်း ကြည့်လိုက်ရုံဖြင့်  လင်းဂူကို မြင်တွေ့လိုက်ရသည်။

လက်ရှိတွင် လင်းဂူလည်း မိုဝူကျီကို တွေ့၍ အမြန် ရောက်ရှိလာသည်။

“ဘယ်လိုလဲ ....   အထဲမှာ အင်မော်တယ်ဆေးပင် နည်းနည်းပဲ ရှိတယ်။ လတော်တော်ရှာကြည့်မှ  ကျုပ်တော့  သာမန် ဆေးပင်လောက်ပဲ ရှာတွေ့ခဲ့တယ်” မိုဝူကျီက စိုးရိမ်စွာ ပြောလိုက်သည်။

“အာ  ...” လင်းဂူက မိုဝူကျိ၏ စကားများကို ကြားသောအခါ အားနာသွားပြီး …

“ကျွန်မ အားနာပါတယ် အစ်ကိုမို  .... အရင်က သတိမပေးလိုက်ရဘူး”

“ဘာကိုလဲ” မိုဝူကျီက ပြန်လည် မေးလိုက်သည်။

လင်းဂူက ပြန်ဖြေလိုက်သည်။

“ယွင်ရှန့်တောင်ကြား အစွန်းဖျားမှာ အဆင့်မြင့် ဆေးပင် မရှိတော့ဘူး။ အင်မော်တယ် ဆေးပင်များတဲ့ နေရာဆီ ရောက်ဖို့ လေး၊ ငါးလလောက် သွားရတယ်။  ဆေးပင် စုဆောင်းချိန်က လဝက်လောက်ပဲ ရမှာ ...   ကျွန်မလည်း ယွင်ရှန့်တောင်ကြား အစွန်းဖျားမှာ အင်မော်တယ် ဆေးပင်တွေ မတွေ့တော့မှ  သတိထားမိလာတာ”

မိုဝူကျီက ယွင်ရှန့်တောင်ကြား ဝင်လာသည့်သူများကို ကြည့်ကာ  သူ့က ဉာဏ်ကောင်း သွားကြောင်း သတိပြုမိလိုက်သည်။ ထိုကိစ္စအား မည်သူကိုမှ အပြစ်မတင်နိုင်ပေ။ ကျင့်ကြံသူ အားလုံးက ယုံရင် အင်မော်တယ် နယ်မြေမှ မဟုတ်သလို  သူကိုယ်တိုင်လည်း ယွင်ရှန့်တောင်ကြားနှင့် မရင်းနှီး မကျွမ်းဝင်ပေ။

သူလည်း ယွင်ရှန့်တောင်ကြား၌ အဘယ်ကြောင့်  အင်မော်တယ်ဆေးပင် မရှိကြောင်း တွေးမိလိုက်သည့်အခါ   တချို့ကျင့်ကြံသူများကဲ့သို့ ဘာလုပ်ရမှန်း မသိ ဖြစ်ခဲ့လေသည်။ ထို့နောက် ထိုကျင့်ကြံသူများက  ခေါင်းပေါက်မထွက် စဉ်းစားပြီး  အဖြစ်အပျက်ကို သဘောပေါက်ကာ အင်မော်တယ် ဆေးပင်များ ပေါကြွယ်ဝသည့် နေရာကို ရှာတွေ့ဖို့ရာ အထဲသို့ ဒုန်းဆိုင်း ပြေးဝင်သွားကြခြင်း ဖြစ်လိမ့်မည်။

တစ်ဖက်တွင် သူက ယုံရင် အင်မော်တယ် နယ်မြေ၏ ကောင်းကင် ဧကရာဇ် ကွေ့ဖုန်းယွင်သည် ဘာများ လွဲမှားနေမလဲဟုသာ အာရုံစိုက်နေမိသည်။

အကယ်၍ သူသာ ကွေ့ဖုန်းယွင်ကို သံသယ မဝင်မိလျှင် သူလည်း ပြဿနာကို သတိပြုမိပြီး အခြားသော ကျင့်ကြံသူများကဲ့သို့ အထဲပိုင်းဆီ ပြေးဝင် သွားလောက်သည်။ အမြန်ဆုံးသူသာ မခူးဆွတ်ရသေးသည့် အင်မော်တယ် ဆေးပင်များကို ရှာတွေ့နိုင်မည် ဖြစ်၏။

သူ့သံသယဝင်မှုကြောင့် ယုံရင်အင်မော်တယ် နယ်မြေမှ ကျင့်ကြံသူကို ခြေရာခံမိပြီး သဘာဝ အတားအဆီးကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သူက ကံကောင်းပြီး အလိုရှိရာကို ရရှိခဲ့ရုံသာမက ကွေ့ဖုန်းယွင် အလိုရှိနေသည့် ဧကရာဇ် တာအိုအသီးနှင့်အတူ အဆင့်မြင့် အင်မော်တယ် ဆေးပင်များကိုလည်း အရယူနိုင်ခဲ့သည်။

“အဲဆိုတော့  ဆေးပင် စုဆောင်းနိုင်ခဲ့လား” မိုဝူကျီက မေးလိုက်သည်။

လင်းဂူ၏ မျက်ဝန်း၌ တောင်းပန်လျိုးသည့် အရိပ်အယောင်များ ပေါ်နေပြီး အသံတိုးကာ ပြောလိုက်သည်

“ကျွန်မ တော်တော်များများတော့  ရခဲ့ပေမဲ့ အစ်ကိုမိုလိုနေတာကို မရခဲ့ဘူး။ ကျွန်မ တကယ်ကို  ....”

များပြားစွာသော ဆေးလုံးဆရာများက  စီးပွားရေး သမားများနှင့် စကားဖောင်ဖွဲ့ ပြောဆိုနေသည်ကို မြင်ပြီး  ဤနေရာမှာ စကားပြောဖို့ရာ မသင့်တော်သည့်အတွက် လင်းဂူကို စိတ်ထဲမှ လှမ်းဆက်သွယ် လိုက်သည်။

“ကျုပ်တို့တွေ အခု ယုံရင်အင်မော်တယ် နယ်မြေက ထွက်သွားရမယ်။ လမ်းကြောင်း ရှိလား။ မဟုတ်ရင် ကျုပ် အယောင်ဆောင်ဖို့ မျက်နှာဖုံးတချို့ ဝယ်ဖို့ ပြင်ဆင်လိုက်မယ် ...”

လင်းဂူလည်း မိုဝူကျီကို စိတ်ထဲမှ ပြန်ပြောလိုက်သည်။

“မလိုပါဘူး။ ကျမတို့တွေ ဒီနေရာက အစီအရင် သုံးပြီးတော့ ထွက်သွားကြမယ်။  ကျွန်မတို့က ယုံရင်အင်မော်တယ်မြို့ရဲ့ အပြင်ဘက်ကို ရောက်နေပြီ ဆိုတော့ ကျမတို့ လုပ်ဖို့ လိုတာက  ယုံရင် အင်မော်တယ် နယ်မြေရဲ့ အပြင်ဘက် အာကာပြင်ဆီ ဝင်လိုက်ရုံပဲ။ ကျွန်မ တည်နေရာဖြိုခွဲ လွတ်မြောက်ရေး အဆောင်ကို အသက်သွင်းလိုက်မယ်”

“အဆင့် ဘယ်လောက်လဲ”

မိုဝူကျီက စိုးရိမ်တကြီး မေးလိုက်သည်။  မိုဝူကျီက စိုးရိမ်နေသည်မှာ ယွင်ရှန့်တောင်ကြားထဲ မဝင်ခင် သူက ကွေ့ဖုန်းယွင် အလိုရှိသည့်အရာကို ခိုးယူခဲ့သည့်အတွက် ကွေ့ဖုန်းယွင်သာ သိသွားပါက  သူက မည်သို့ ထွက်သွားနိုင်မည်နည်း။

ကွေ့ဖုန်းယွင်အတွက် အမှန်တရား ရှာတွေ့ဖို့ရာ သိပ်မခက်ခဲပေ။ သူက ငါးယောက်လုံးကို စုစည်းပြီးသည်နှင့်  ယွင်ရှန့်တောင်ကြားမှ အဖြစ်အပျက်များကို ရှာတွေ့သွားလိမ့်မည်။

“အဆင့် ၈  ... ကျမတို့တွေ ယုံရင်အင်မော်တယ် နယ်မြေကနေ ထွက်ပြီးတော့ အာကာပြင်ထဲ ဝင်နိုင်သရွေ့  ဒီအဆောင်က  ကျွန်မတို့ကို ခေါ်ထုတ် သွားနိုင်လိမ့်မယ်။ အင်မော်တယ် ဧကရာဇ်တောင် ကျွန်မတို့ကို ရှာတွေ့မှာ  မဟုတ်ဘူး”  လင်းဂူက ယုံကြည်စွာ ပြောလိုက်သည်။

မိုဝူကျီက ချက်ချင်း ပြောလိုက်သည်။

“တုံ့ဆိုင်းနေဖို့ မလိုတော့ဘူး။ အခုပဲ  မင်းအမေကို ရှာဖို့ လမ်းစဉ် ခြောက်သွယ် အင်မော်တယ်နယ်မြေဆီ ချက်ချင်း သွားကြမယ်”

မိုဝူကျီ၏ အတွေ့အကြုံဖြင့် ပြန်လည် မွေးဖွားလာသူ ဖြစ်နေသည့် အချက်အပြင်  ဤသို့မျိုး အချိန်မျိုး၌ စောစီးစွာ ထွက်သွားနိုင်ခြင်း၏ အရေးပါမှုကို မည်သို့ မသိဘဲ နေမည်နည်း။

လင်းဂူက အကြောင်းပြချက် ထပ်မမေးနေတော့ဘဲ မိုဝူကျီနှင့်အတူ လူအုပ်ဆီမှ ယုံရင်အင်မော်တယ် မြို့အစွန်းအဖျားဆီ   ပျံသန်းရေး ယာဉ်ပျံဖြင့်  ထွက်လာလိုက်သည်။

သူတို့ ယုံရင် အင်မော်တယ်မြို့မှ ထွက်သွားသည်နှင့် မိုဝူကျီက သူ့ကိုယ်ပိုင်ယာဉ် မထုတ်ခင် အစီအရင်အလံများ ထုတ်လိုက်ပြီး   တည်နေရာ စိတ်စွမ်းအား လှုံဆော်ရေး အစီအရင် တချို့ကို တပ်ဆင်လိုက်သည်။

လင်းဂူ၏ ပျံသန်းရေး ယာဉ်ပျံက ကောင်းမွန်သော်လည်း သူ့ယာဉ်ပျံနှင့် ယှဉ်၍ မရပေ။ သူ့အဆင့် ၇ ပျံသန်းရေး ယာဉ်ပျံမှာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့၏ ဆေးလုံး ဧကရာဇ် နွန်ယုံ ပေးထားသော လက်ဆောင် ဖြစ်ကာ  မိုဝူကျီအတွက် နွန်ယုံအပေါ် အမြင်ကောင်း ရှိသွားခြင်း၏ အဓိက အကြောင်းအရင်းလည်း ဖြစ်ပေသည်။

“ဒါက အဆင့် ၇ လွန်းပျံယာဉ်လား”

လင်းဂူက မိုဝူကျီ တစ်ယောက် သူ့ယာဉ်ပျံကို ထုတ်လိုက်သည့်အခါ မနေနိုင်ဘဲ သိချင်စွာ မေးလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်လိုက်ပြီး   …

“ဟုတ်တယ် .... ဒါက ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က စီနီယာ တစ်ယောက် ပေးထားတာလေ”

လင်းဂူက သေချာကြည့်လိုက်ပြီး …

“အဲဒီစီနီယာက အတော်လေး စေတနာကောင်းတာပဲ။ ဒီလိုမျိုး အဆင့် ၇ လွန်းပျံယာဉ်က  နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်မှာတောင် သာမာန်လူတွေ တတ်နိုင်တဲ့ အရာ မဟုတ်ဘူး။ အဲဒါ အဲဒီစီနီယာက အစ်ကိုမိုရဲ့ ဘေးကင်းမှုကို အတော်လေး ဂရုစိုက်တယ် ဆိုတာ ပြနေတာပဲ”

မိုဝူကျီက ရုတ်ခြည်း သဘောပေါက်သွားလေ၏။ သူက နွန်ယုံအအနနှင့် သူ့ကို သဘောကျလွန်း၍သာ ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့ဆီ ပျံသန်းရေး လွန်းပျံယာဉ် တောင်းဆို ပေးခဲ့သည်ဟု ယုံကြည်ခဲ့မိသည်။ လင်းဂူ စကားများကို ကြားပြီးနာက် ဤယာဉ်ပျံမှာ ဆေးလုံး တာအို အင်မော်တယ် မဟာမိတ်အဖွဲ့မှ မဟုတ်ဘဲ   နွန်ယုံ ကိုယ်တိုင် ပေးထားသည့် လွန်းပျံယာဉ် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ဆေးလုံးတာအို အင်မော်တယ် မဟာမိတ်အဖွဲ့က မည်မျှ ချမ်းသာစေကာမူ သူတို့က အဆင့် ၇ ပျံသန်းရေး လွန်းပျံယာဉ်ကိုတော့ ပေးမည် မဟုတ်ပေ။ သူ့အနေဖြင့် နောက်တစ်ခါ နွန်ယုံနှင့် တွေ့ခဲ့လျှင် ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ရမည်။

မိုဝူကျီက သူ့လွန်းပျံယာဉ်ကို ထွက်ခွာတော့မည့် ဆဲဆဲတွင် သူ့စိတ်စွမ်းအား လှုံဆော်မှု အစီအရင် လှုပ်ရှားလာမှုကို  သတိပြုမိလိုက်သည်။ သူက အမူအရာ ပျက်သွားပြီး …

“တစ်ယောက်ယောက်က ကျုပ်တို့နောက် လိုက်နေပြီ။ ပြီးတော့ ပျံသန်းရေး အဆင့်ရတနာလည်း အဆင့်မနိမ့်ဘူး”

ယွင်ရှန့်တောင်ကြားသို့ မဝင်ခင် မိုဝူကျီက ဝမ်ဖန် သူ့နောက် လိုက်မည်ကို စိုးရိမ်ခဲ့သော်လည်း လက်ရှိ၌  သူက ယုံရင်အင်မော်တယ် နယ်မြေ၏ ကွေ့ဖုန်းယွင်ကို ပို၍ စိုးရိမ်နေရသည်။

“အခု ပြန်ဆုတ်မလား”

လင်းဂူက  သူတို့နှစ်ယောက်မှာ အားနည်းနေကြောင်း သိ၍ စတင် စိတ်ပူလာမိသည်။

မိုဝူကျီက ခေါင်းကိုခါကာ   …

“ပြန်ရင် ကိုယ့်သေတွင်းကို တူးသလို ဖြစ်လိမ့်မယ် အသုံးမဝင်ဘူး။ အာကာပြင်ထဲ ဝင်ဖို့ အမြန်ဆုံးနည်းလမ်းကို စဉ်းစားကြည့်လိုက်ဦးမယ်”

“ကျွန်မမှာ အကြံတစ်ခု ရှိတယ်။ ဒီကနေ မိုင်သန်းချီ ဝေးတဲ့နေရာမှာ နယ်လှည့်မြို့ပြင်လို့ ခေါ်တဲ့ မြို့ပြင်တစ်ခု ရှိတယ်။ အဲဒီမြို့ရဲ့ မှောင်ခိုဈေးကွက်မှာ ပိုင်ကျီအင်မော်တယ်မြို့ကို ဦးတည်နေတဲ့ ကူးသန်းရေး အစီအရင်တစ်ခု ရှိတယ်။

ပိုင်ကျီအင်မော်တယ်မြို့က   ယုံရင်အင်မော်တယ် နယ်မြေရဲ့ အစွန်းအဖျား ဆိုတော့ အဲဒီနေရာက ထွက်သွားနိုင်တာနဲ့ ကျမတို့တွေ အာကာပြင်ထဲ ရောက်သွားလိမ့်မယ်”

လင်းဂူက မြန်မြန် ရှင်းပြလိုက်သည်။

ထို့နောက် သူမက ဆက်ပြောလိုက်သည်။

“အဓိကအချက်က လူတော်တော်များများက အဲဒီအစီအရင် ရှိတာကို မသိကြဘူး။ ကျမ စိုးရိမ်တာ တစ်ခုက ကျွန်မတို့တွေ အဲဒီအစီအရင် မရောက်ခင်  မိသွားမှာကိုပဲ”

မိုဝူကျီက ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။

“လင်းဂူ .... ကျုပ်တို့တွေ အဲဒီကို အရင်သွားကြမယ်။ မင်းရဲ့ ယာဉ်ပျံကို  ကျုပ်တို့ သွားမဲ့နေရာရဲ့  တခြားဘက်ကို လွှတ်လိုက် ... ပြီးရင်  ကျုပ် လွန်းပျံယာဉ်ပေါ် တက်ခဲ့လိုက်”

အဆင့်  ၆ ပျံသန်းရေး ရတနာမှာ လင်းဂူအတွက် အဖိုးတန်သော်လည်း သူမ မိခင်၏ ကျန်းမာရေးက သူမအတွက် ပို၍ အရေးကြီးပေသည်။ သူမက တုံ့ဆိုင်းမနေဘဲ ယာဉ်ပျံကို တခြားဘက် လွှတ်လိုက်သည်။ မိုဝူကျီက လင်းဂူကို သူ့ယာဉ်ပျံပေါ် တင်ပြီး နယ်လှည့်မြို့ပြင်ဆီ  ထွက်လာလိုက်ကြသည်။

ကျင့်ကြံခြင်းလောက ကတည်းမှ မိုဝူကျီအနေဖြင့်  ဆက်တိုက်  အလိုက် ခံနေသောကြောင့် မည်သို့ ထွက်ပြေးရမည်ကို ကောင်းစွာ ကျွမ်းကျင်နေလေပြီ ဖြစ်၏။ သူတို့နောက်မှ လိုက်လာသည့်သူသည် လင်းဂူ၏ ယာဉ်ပျံမှ ထွက်လာသော စွမ်းအားကို ခြေရာခံ၍ လိုက်လာခြင်း ဖြစ်ကြောင်း သိထားသည်။ ထိုလူက လင်းဂူ လွှတ်လိုက်သော ယာဉ်ပျံနောက်  လိုက်သွားလျှင် သူတို့က နယ်လှည့်မြို့ပြင်သို့ ရောက်ရှိ နေလောက်လေပြီ။

သူတို့နှစ်ယောက်က လွန်းပျံယာဉ်နှင့် ထွက်ခွာလာသည့်အခါ သူတို့အမြန်နှုန်းမှာ သိသိသာသာ မြင့်လာသည်။ လင်းဂူ၏ ယာဉ်ပျံနှင့် နှိုင်းယှဉ်လျှင် သူတို့လက်ရှိနှုန်းမှာ  အနည်းဆုံး နှစ်ဆမက မြန်ဆန်နေသည်။

မိုဝူကျီ၏ ခန့်မှန်းချက်မှာ မမှားပေ။ အမွေးတိုင်ဝက်စာ ကြာချိန်ခန့်၌  ငွေရောင် ယာဉ်ပျံတစ်စင်းက သူတို့ ရပ်ခဲ့သည့် နေရာသို့ ရောက်ရှိလာလေ၏။ အရှိန်နှေးခြင်း မရှိဘဲ  ငွေရောင် ယာဉ်ပျံမှာ လင်းဂူ၏ ယာဉ်ပျံ တည်နေရာအတိုင်း လိုက်ပါသွားတော့သည်။

မိုဝူကျီက သူ့လွန်းပျံယာဉ်ကို အရှိန်မြင့်လိုက်သည်။ သူသာ ဂရုမစိုက်ပါက  သာမာန် စိတ်စွမ်းအား အသုံးပြုထားသည့်အခါ ထိန်းချုပ်မှု ပျောက်ဆုံး သွားနိုင်သည်။

အဆင့် ၇ လွန်းပျံယာဉ်မှာ တကယ့်ကို အမြန်ဆုံး ဖြစ်၏။ နှစ်နာရီအတွင်း မိုဝူကျီနှင့် လင်းဂူတို့က နယ်လှည့်မြို့ပြင်ရှေ့သို့ ရောက်ရှိလာသည်။

ဤမြို့ပြင်၌ လူများစွာ ရှိနေပြီး မဟာယီရှန်းအဆင့် ကျင့်ကြံသူများစွာလည်း ရှိပေသည်။ မိုဝူကျီနှင့် လင်းဂူတို့က အစီအရင်နေရာကို မြန်မြန်ဆန်ဆန် ရှာတွေ့သွားပြီး သူတို့က လက်ရှိငွေကြေးကို မလဲလှယ်ခင်  ပိုင်ကျီအင်မော်တယ်မြို့သို့ ကူးသန်းရေး လက်မှတ်ကို ချက်ချင်း ဝယ်ယူလိုက်သည်။

နှစ်ယောက်သား မြို့ပြင်သို့ ဝင်လာပြီး ထွက်သွားသည့်အထိ အမွေးတိုင်ဝက်စာခန့်သာ ကြာမြင့်လိုက်သည်။ သူတို့နှစ်ယောက် မြိုပြင်မှ ထွက်သွားပြီး မကြာခင်တွင် ငွေရောင် ယာဉ်ပျံက  မြို့ပြင်ထဲ ဝင်ရောက်လာသည်။

သိပ်မကြာခင် ငွေရောင် ယာဉ်ပျံကို မောင်းနှင်လာသော သူလည်း ပိုင်ကျီအင်မော်တယ် ကူးသန်းရေး အစီအရင်သို့ ဝင်ရောက် သွားတော့သည်။

***

လက်ရှိ၌  ယုံရင်အင်မော်တယ် အုပ်ချုပ်သူ အိမ်တော်၌ ကွေ့ဖုန်းယွင်၏ မျက်နှာမှာ မီးကျွမ်းမတတ် မည်းနက်နေလေ၏။ သူ့ရှေ့တွင် ရှိနေသည်က  ယွင်ရှန့်တောင်ကြားဆီ လွှတ်လိုက်သည့် ရွမ်ရှန်းအဆင့် ကျင့်ကြံသူ ငါးယောက် ဖြစ်ပြီး  သူတို့မျက်နှာ များမှာလည်း အလွန်အမင်း ဖြူဖျော့နေသည်။ အကြောင်းမှာ သူတို့က တာဝန်တစ်ခုကို ကျရှုံးခဲ့၍ ဖြစ်သည်။

“ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာ အတိအကျ ပြောစမ်း”

ကွေ့ဖုန်းယွင်၏ စကားများက ငရဲမှ ရောက်လာသည့်အလား တည့်တိုးဆန်လှသည်။ သူ ဆေးပညာပြိုင်ပွဲတွင် ပြခဲ့သည့်  ခန့်ညားမှုနှင့် တည်ငြိမ်မှုလည်း ပျောက်ဆုံး သွားလေပြီ။

အကယ်၍ သူ့လေသံကို စကားတစ်ခွန်းတည်းဖြင့် ဖော်ပြရမည် ဆိုလျှင်  သုန်မှုန်နေလေသည်။ သူ ပြောလိုက်သည့် စကားတိုင်းက မှုန်သုန်သုန် အေးစက်စက်ဖြင့်  လူတိုင်းကို ကျောချမ်းသွားစေ၏။

ထိုသို့ ပြောပြီးနောက် သူ့နောက်မှ လူဘက် လှည့်ကာ …

“ယုံရင်အင်မော်တယ် နယ်မြေက အစီအရင်တွေ အားလုံး ရပ်ဖို့ အကြောင်းကြားလိုက်  ... ပြီးတော့ ယွင်ရှန့်တောင်ကြားကို ဝင်တဲ့ ကျင့်ကြံသူတိုင်းကို ယွင်ရှန့်တောင်ကြားရဲ့ မြေပုံကို အပြီးသတ်ဖို့ ပူးပေါင်းမှု လိုအပ်တယ်လို့ ပြောလိုက် ...”

“နာခံလျက်ပါ” ကွေ့ဖုန်းယွင် နောက်မှ ကျင့်ကြံသူက  အရိပ်ပမာ ဖြစ်၏။ အကြောင်းမှာ သူက ကွေ့ဖုန်းယွင်ကို ပြန်လည် ဖြေကြားပြီးသည်နှင့် လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ် သွားလေသည်။

***

All Chapters