← Chapters

အပိုင်း(၄၃၈)

Vol. 30 Ch. 438

အပိုင်း(၄၃၈)

Vol. 30 Ch. 438

အကယ်၍ ရှစ်ဖုန့်သာ သူ၏ယခင်ဘဝက စွမ်းအားကြီး ငရဲဘုံကိုးခု ခန္ဓာကိုယ်အား ဖြစ်နိုင်သမျှအမြန်ဆုံးပြန်လိုချင်သည်ဆိုလျှင်  သူ့အနေဖြင့် ကောင်းကင်အဆင့်  ပစ္စည်းများနှင့် မြေကမ္ဘာအဆင့် ရတနာများအား  သူ၏ခန္ဓာကိုယ်အစွမ်းထက်အားကောင်းလာစေရန်အတွက် အဆောတလျင်လိုအပ်သည်ဖြစ်သည်။

ရှစ်ဖုန့်၏မေးမြန်းမှုအားကြားလိုက်ရသောအခါတွင်  ကောင်းကင်မီးတောက်က အထင်သေးမှုအပြည့်ဖြင့်  ဝင့်ကြွားစွာမေးလိုက်သည်။

“ငါ့ရဲ့အဆင့်အတန်းနဲ့  ..ငါကဘာလို့မင်းကိုလိမ်ရမှာလဲ”

ကောင်းကင်မီးတောက်ကရှစ်ဖုန့်အား နောက်ဆုံးစကားလုံးဖြစ်သော “မင်း”ဟူသည့်စကားလုံးအားပြောရာတွင် ရှစ်ဖုန့်အား နှိိမ့်ချပြောသည့်ဘက်သို့ အသားပေးပြောဆိုသည်။

ရှစ်ဖုန့်အနေဖြင့် ကောင်းကင်မီးတောက်နှင့်ပြိုင်ငြင်း

လိုခြင်းမရှိပေ။  သူက တောင်ကြားချိုင့်ဝှမ်းအတွင်းမှ တစ်ဟုန်ထိုးစီးဆင်းနေဆဲဖြစ်သော နက်မှောင်သော ခရမ်းရောင်  ရေစီးကြောင်းအား ကြည့်လိုက်ပြီး  သူ့လက်အတွင်းရှိ  ကျောက်စိမ်းပုလင်းအားတစ်ဖန်ပြန်ကြည့်လိုက်သည်။ ဘယ်အချိန်မှရေစီးကြောင်းက ရပ်တန့်မည်ကို သူမသိချေ။ထို့ကြောင့် ရှစ်ဖုန့်က ကျောက်စိမ်းပုလင်းအားသူ၏ ပါးစပ်အတွင်းသို့  ထည့်သွင်းလိုက်ပြီး ခေါင်းကိုမော့ကာ စက်ဆုပ်ဖွယ်ကောင်းသော အနက်ရောင် အရည်တို့အားသောက်သုံးလိုက်သည်။

အရည်တို့က စက်ဆုပ်ဖွယ်ကောင်းသော်လည်း ၎င်းက သူ၏ ကာယခန္ဓာခွန်အားအား အားကောင်းလာစေနိုင်သည်ဆိုသောကြောင့် ၎င်းနှင့်ပက်သက်ပြီးဂရုစိုက်ခြင်းမရှိပေ။

အနက်ရောင်အရည်အားလုံးအား မျိုချပြီးသည့်နောက်  ရှစ်ဖုန့်က ကျောက်စိမ်းပုလင်းအား  သူ၏သိုလှောင်လက်စွပ်အတွင်း ပစ်ထည့်လိုက်သည်။ ထို့နောက်  သူ၏လက်ဖြင့် ဆီးလ်တစ်ခုကိုစတင်ပြုလုပ်လိုက်ပြီး  အော်ပြောလိုက်သည်။

“ငရဲဘုံကိုးခု ခန္ဓာသန့်စင်ခြင်း”

ရှစ်ဖုန့်က ငရဲဘုံကိုးခု ခန္ဓာသန့်စင်ခြင်း ပညာရပ်အားလုပ်ဆောင်နေချိန်တွင်  ကောင်းကင်မီးတောက်၏ ညွှန်ကြားချက်များကိုလည်းလိုက်နာပြီး  သွေးရောင်အရိုးစု၏ ရိုးတွင်းချဉ်ဆီတို့အား စုပ်ယူပြီးနောက်  အနီရောင်ဖြစ်လာသော သူ၏ အရိုးစုများအား အစောပိုင်းကသူမျိုချခဲ့သည့်  အနက်ရောင်အရည်တို့ကို စုပ်ယူခွင့်ပြုလိုက်သည်။

“အား”

ထို့နောက် ရှစ်ဖုန့်  အသံတိုးတိုးအော်ဟစ်လိုက်ပြီး ခက်ထန်သောအမူအယာတစ်ခုဖြစ်ပေါ်လာသည်။ သူ၏အရိုးများက အနက်ရောင်ရည်တို့အား စုပ်ယူသွားသော အခါတွင် သူ့အနေဖြင့် သူ၏ အရိုးများအား ဓားဖြင့် လှီးဖြတ်နေသကဲ့သို့ စူးရှသော နာကျင်မှုတစ်ခုကိုခံစားလိုက်ရသည်။

“သေစမ်း…အရမ်းနာတာပဲ”

ရှစ်ဖုန့်နောက်တစ်ကြိမ်ကြုံးဝါးလိုက်သည်။

“ဒီလိုမျိုးနာကျင်မှုက မင်းလို မွန်းစတားအတွက် ဘာမှမဟုတ်ဘူး.. တောင့်ခံထား.”

ကောင်းကင်မီးတောက်ကပြောလိုက်သည်။ သို့သော် သူ၏လေသံက  ရှစ်ဖုန့်ခံစားနေရသောနာကျင်မှုဝေဒနာအား နှစ်သိမ့်ပေးနေသကဲ့သို့ဖြစ်သည်။

မည်သူကများသူ့ကိုအရမ်းဆိုးယုတ်စေရန် တောင်းဆိုပါသနည်း။

“ခင်ဗျားမှန်တယ်”

ရှစ်ဖုန့်ကကောင်းကင်မီးတောက်၏ စကားတို့အားကြားလိုက်ရသောအခါတွင်  အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်သည်။ ပိုပြီးအစွမ်းထက်သန်မာလာရန်အတွက်ဆိုလျှင်  ဤနာကျင်မှုကဘာမှမဟုတ်ပေ။

“အူး”

ထို့နောက်ရှစ်ဖုန့် နာကျင်စွာညည်းညူလိုက်သည်။ သို့သော် အရိုးများက ငရဲဘုံကိုးခု ခန္ဓာအတွက် ဆက်လက်၍ စုပ်ယူနေဆဲဖြစ်သည်။သူ၏လက်များ

အားရပ်တန့်ခဲ့ခြင်းမရှိပေ။

ထပ်မံ၍ အချိန်မှာ တဖြည်းဖြည်းကုန်ဆုံးသွားသည်။ တောင်ကြားချိုင့်ဝှမ်းအတွင်းမှ  စီးဆင်းထွက်နေသော နက်မှောင်သည့်ခရမ်းရောင်ရေစီးကြောင်းနှင့်အတူလိုက်ပါ၍  လူငယ်၏  ဝက်တစ်ကောင် အသတ်ခံရလျှင် အော်ဟစ်သော အသံကဲ့သို့ အသံလှိုင်းတို့က  အကြိမ်ကြိမ်ထွက်ပေါ်လာသည်။  ရှစ်ဖုန့်က အနက်ရောက်အရည်တို့အား သူ၏ အရိုးများအတွင်း လုံးဝစုပ်ယူခဲ့ပြီးသည့်တိုင် ပြင်းထန်သော ခရမ်းရောင်ရေစီးကြောင်းတို့က ရပ်တန့်ခြင်းမရှိသေးပေ။သို့သော်   လက်ရှိ အခြေအနေအားကြည့်လိုက်လျှင်  ရေစီးကြောင်းမှာ ယခင်ကကဲ့သို့ခက်ထန်ကြမ်းတမ်းခြင်း

မျိုးရှိမနေတော့ပေ။

၎င်းမှာ လျော့ကျလာခြင်းဖြစ်လိမ့်မည်ဖြစ်သော်လည်း  တောင်ကျရေ ဘယ်အချိန်၌ ရပ်တန့်ခြင်းရှိမည်ကို ရှစ်ဖုန့်မသိချေ။

ဝုန်းဆိုသောအသံနှင့်အတူ လက်သီးတစ်လုံးအား  တောင်နံရံဆီသို့ ရှစ်ဖုန့်ပစ်သွင်းလိုက်သည်။  ရှစ်ဖုန့်၏လက်သီးအောက်တွင်  တောင်နံရံ၌ရုတ်ခြည်းဆိုသလို ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ လွှမ်းခြုံသွားသည်။ ထို့နောက် အက်ကွဲကြောင်းများ ပို၍ ပို၍ ဖြစ်ပေါ်လာက သိပ်သည်းသည်ထက်သိပ်သည်းလာသည်။

ထို့နောက်တွင် အက်ကွဲကြောင်းတစ်ခုနှင့်အတူ ရှစ်ဖုန့်၏ ရှေ့၌ရှိနေသော  တောင်နံရံ၌  အက်ကွဲကြောင်းများမှ ကျောက်စရစ်ခဲများဖြင့် ပြည့်နှက်သွားခဲ့သည်။  ၎င်းမှာ မိုးများရွာသွန်းသကဲ့သို့ ကျဆင်းလာကြ၏။

အစောပိုင်းကသူထုတ်ဖော်ခဲ့သော ကာယခွန်အား၏ လက်သီးချက်အား ခံစားကြည့်ရင်း သူ၏ ကာယခွန်အားမှာ ကြယ်တစ်ပွင့် အင်ပါယာနယ်ပယ်အဆင့်မှာ ကြယ်နှစ်ပွင့်အင်ပါယာနယ်ပယ်အဆင့်သို့ ရောက်ရှိသွားသည်ကိုသူခံစားမိလိုက်သည်။

“နေပါအုံး ကျုပ်ကာယခွန်အားရဲ့ တိုးတက်မှုနှုန်းက အရမ်းကိုနှေးကွေးနေသေးတယ်”

ရှစ်ဖုန့်က မကျေမနပ်ဖြစ်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

ထို့နောက်တွင် ရှစ်ဖုန့်တစ်ယောက် တောင်ကြားချိုင့်ဝှမ်းအတွင်းမှ စီးဆင်းနေသော တောင်ကျရေတို့အား ထပ်မံစိုက်ကြည့်လိုက်ပြီး  ဆိတ်ငြိိမ်စွာဖြင့် ဆက်လက်စောင့်ဆိုင်းနေလိုက်သည်။

“တောင်ကြားချိုင့်ဝှမ်းအတွင်းမှာ ဝူရှန့်တစ်ယောက်ဘယ်လိုတွေလုပ်နေမယ်ဆိုတာကို ငါတကယ်မသိဘူး..ဒီပြင်းထန်တဲ့တောင်

ကျရေရဲ့ မိုးကြိုးဂုဏ်သတ္တိကို ငါမခုခံနိုင်ဘူးလို့ငါခံစားရတယ်.. တောင်ကြားချိုင့်ဝှမ်းထဲမှာရှိနေတဲ့ ဝူရှန့်ဆိုရင်ဘယ်လိုနေမလဲ.သူခုခံနိုင်ပါ့မလား”

အဆုံးမဲ့ တောင်ကျရေတို့အားကြည့်ရင်း ရှစ်ဖုန့်တစ်ယောက် တောင်ကြားချိုင့်ဝှမ်းအတွင်း၌ရှိနေသော ယွဲ့ဝူရှန့်အား စတင်၍ စိုးရိမ်လာသည်။

ထို့နောက်တွင် တစ်စုံတစ်ယောက်က  သူ၏နောက်ကျောဘက်မှသူ့ဆီသို့ပျံသန်းလာနေသည်ကို ရှစ်ဖုန့်ခံစားမိလိုက်သည်။ ရှစ်ဖုန့်လှည့်လိုက်သောအခါတွင်  လှပသော အမျိုးသမီးနှစ်ဦးအားမြင်တွေ့လိုက်ရသည်။

ရှစ်ဖုန့်အနေဖြင့် ဤအမျိုးသမီးနှစ်ယောက်အား အနက်ရောင်မြစ်ကမ်းပါး  ပေါ်၌မြင်တွေ့ခဲ့ဖူးသည်ဖြစ်သည်။ သူတို့က ဘိုးဘေးနယ်ပယ်ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့၏အသွင်အပြင်နှင့်အသက်အရွယ်တို့အားအကဲဖြတ်ရသလော်က သူတို့ကသားအမိဖြစ်လိမ့်မည်ဖြစ်သည်။

လှပသောအမျိုးသမီး၏ ကျင့်ကြံမှုက ကြယ်ရှစ်ပွင့် ဘိုးဘေးနယ်ပယ်အဆင့်တွင်ရှိနေပြီး ထပ်တူညီစွာလှပသောကောင်မလေးက ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်အဆင့်တွင်ရှိနေသည်။ နောက်ဆုံးတွင်သူတို့အနေဖြင့် အနက်ရောင်မြစ်အား လုံခြုံစွာဖြင့် ဖြတ်သန်းနိုင်ခဲ့ပုံပေါ်သည်။

“အာ..အမေအဲ့တာသူပဲ”

ပုံရိပ်နှစ်ခုက ပျံသန်းနေရင်းရှစ်ဖုန့်အားကြည့်လိုက်သည်။ရှစ်ဖုန့်အားမြင်တွေ့ပြီးသည့်နောက်  ကောင်မလေးက သူမဘေးတွင်ရှိနေသော အမျိုးသမီးအား အလန့်တကြားအော်ပြောလိုက်သည်။

မြစ်ကမ်းပါးထက်တွင်ရှစ်ဖုန့်က သူတော်စင်နယ်ပယ်ကျင့်ကြံသူတို့အား ခွေးများကိုသတ်သကဲ့သို့သတ်ခဲ့ပြီးသွေးတို့အား စုပ်ယူခဲ့သည်ဖြစ်သည်။ ဤကောင်မလေးသည်လည်း ထိတ်လန့်ကြောက်ရွံ့နေသည့်ပုံပေါ်၏။

ထို့နောက် နှစ်ဦးစလုံးမှာရှစ်ဖုန့်အား  ကြောက်နေသည့်ပုံပေါ်သည်။ ရှစ်ဖုန့်အား မြင်တွေ့ပြီးသည့်နောက်တွင်သူတို့ဆက်လက်ပျံသန်းမလာတော့ပေ။ ထိုအစား ရှစ်ဖုန့်နှင့်အကွာအဝေးတစ်ခုကိုထိန်း

ကာနေနေသည်။

တလိပ်လိပ်ထနေသော  နက်မှောင်သည့်ခရမ်းရောင်တောင်ကျရေတို့အားကြည့်ရင်း ကောင်မလေး၏မျက်နှာမှာ ထပ်မံ၍ ဖြူဖျော့သွားသည်။ သူက စိုးရိမ်စွာဖြင့်ပြောလိုက်သည်။

“အမေ..အဖေက တကယ်ဒီနေရာမှာလား.. ဒီတောင်ကျရေက အရမ်းကိုစွမ်းအားကြီးတယ်..အဖေ..သူ…”

“စိတ်မပူပါနဲ့..သမီးအဖေက ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးပဲ..သူအဆင်ပြေပါလိမ့်မယ်”

လှပသောအမျိုးသမီးက ကောင်မလေးအား ခိုင်မာစွာဖြင့်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု

ရှိရှိပြောလိုက်သည်။

ကောင်မ‌လေး၏ ဖခင်အကြောင်းအားပြောနေချိန်တွင်လှပသောအမျိုးသမီး၏ မျက်နှာထက်၌ ဝင့်ကြွားမှုများဖြင့်ပြည့်နှက်နေသည်။ဟုတ်ပါသည်။သူမဝင့်ကြွားခဲ့သည်။ သူ့အားဤဘဝတွင်လက်ထပ်နိုင်ခဲ့ခြင်း၊ဤကဲ့သို့သော ယောက်ျားတစ်ယောက်အား လက်ဆက်နိုင်ခဲ့ခြင်းက သူ၏ဘဝ၌ ဂုဏ်ယူအရဆုံးသော ကိစ္စတစ်ခုဖြစ်သည်။

“ဟားဟားဟား..တကယ်တော့  ငါကလည်း ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦးပါ”

လှပသောအမျိုးသမီး၏အသံတိမ်မြုပ်သွားသောအခါတွင် သရော်သံနှင့်ယုတ်မာသောရယ်မောသံတစ်ခုကရုတ်တရက်ထွက်ပေါ်လာသည်။

အသံအားကြားလိုက်ရသောအခါတွင် လှပသောအမျိုးသမီး၏မျက်နှာမှာချက်ချင်း အေးစက်သွားပြီး   သတိဝီရိယနိုးကြားမှုတို့ဖြင့်ပြည့်နှက်နေသည်။

မိန်းမငယ်လေးမှာမူ ထိုအသံအတွင်းမှာ မကောင်းသည့်ရည်ရွယ်ချက်တို့ပါနေ

သည်ကိုကြားရပြီး  သူမ၏ လှပသောမျက်နှာထက်၌ စိုးရိမ်လေးနက်သော မျက်နှာထားတစ်ခုဖြစ်ပေါ်လာသည်။

“ဟားဟားဟား.လှလိုက်တဲ့ အမေနဲ့သမီးစုံတွဲပဲ”

သိပ်သည်းသောမီးခိုးဖြူရောင်မြူခိုးများအတွင်းမှ တောက်ပြောင်သော ခေါင်းပြောင်ပြောင်က  အရင်ဆုံးပေါ်လာသည်။

တောင်ကျရေပျောက်ကွယ်သွားသည်ကို စောင့်ဆိုင်းနေသောရှစ်ဖုန့်မှာ  အမှုတ်မဲ့အမှတ်မဲ့ကြည့်မိလိုက်သည်။ ခေါင်းပြောင်ပြောင်အားမြင်တွေ့လိုက်ရချိန်တွင် တစ်ချက်ကြည့်ရုံဖြင့်သူမှတ်မိလိုက်သည်။ ဤခေါင်းပြောင်နှင့်လူမှာ ဘိုးဘေးနယ်ပယ်များအား မြစ်ကို ဖြတ်ကူးရာ၌ မြေစာပင်အဖြစ်ပြုလုပ်ရန် အကြံပေးခဲ့သောသူဖြစ်သည်။

အနက်ရောင်မြစ်ကမ်းပါးပေါ်၌ ကျင့်ကြံသူတစ်ဦးက သူ့အား အကိုခေါင်းပြောင်ဟုခေါ်ခဲ့သည်။

ဤခေါင်းပြောင်၏ ကျင့်ကြံမှုမှာ ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်အ

ဆင့်ဖြစ်သည်။

“ဟားဟး.ဟားဟား”

‌

ခေါင်းပြောင်လူပေါ်လာသောအခါတွင်  အမေနှင့်သမီးဖြစ်သူအားသရော်၍ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ၏ တဏှာခိုးများဖြင့်ပြည့်နေသောမျက်လုံးတို့က  အမေနှင့်သမီးဖြစ်သူအားရှောင်၍ကြည့်ခြင်းမျိုးရှိမနေပေ။ သူ၏မျက်နှာထက်တွင် တဏှာခိုးများဖြင့်ပြည့်နှက်နေပြီး  စိတ်ကသိကအောင့်ဖြစ်ဖွယ်ပင်ဖြစ်သည်။ အမေနှင့်သမီးဖြစ်သူတို့အားကြည့်သောအချိန်တွင်သူ၏တံတွေးတို့အားခဏခဏမျိုချနေရသည်။

“ဟားဟား  အလှပဂေးကြီးနဲ့ အလှပဂေးလေး.. ငါမင်းတို့ကို အရမ်းလွမ်းနေတာ..ငါ ကိုကိုပြောင်က ….လည်း ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ပါကွာ.. မစိုးရိမ်ပါနဲ့..ကိုကြီးက မင်းတို့နှစ်ယောက်ကို သေချာလေးချစ်ပေးမှာပါ…ဟားဟားဟား..ငါကိုကိုပြောင်ရဲ့နွေဦးက ရောက်လာခဲ့ပြီပေါ့ကွာ”

ခေါင်းပြောင်နှင့်လူက စိတ်မချမ်းမြေ့ဖွယ်ရယ်မောပြီး အမေနှင့်သမီးဖြစ်သူထံသို့လျှောက်လာသည်။ဤအခိုက်အတန့်တွင်သူ့အနေဖြင့် အမေနှင့်သမီးဖြစ်သူကိုသာ မျက်လုံးထဲထည့်ထားပြီး သိပ်မဝေးသောနေရာတွင်ရှိနေသည့်ရှစ်ဖုန့်အားလုံးဝကိုလျစ်လျူရှုထားသည်။

“ရှင်းအာ..မြန်မြန်သွား”

ဆိုးယုတ်သည့် ခေါင်းပြောင်လူက လျှောက်လှမ်းလာသည်ကိုတွေ့လိုက်ရသော

အခါတွင်  လှပသောအမျိုးသမီးကသူ၏ကိုယ်ကိုအသုံးပြုကာ မိန်းကလေးကိုကာလိုက်ပြီး  ခေါင်းပြောင်လူအား အေးစက်စွာကြည့်၍ သူမနောက်ရှိကောင်မလေးအား ပြောလိုက်သည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters