← Chapters

စွမ်းအားမရှိသူ

Vol. 1 Ch. 1

စွမ်းအားမရှိသူ

Vol. 1 Ch. 1

သာမန်အနောက်တိုင်းဆန်ဆန် အိမ်လေးတစ်လုံးဖြစ်သည်။ အိမ်လေးမှာရိုးရှင်းပြီး စျေးသင့်တင့်သည့် နံရံကပ်စက္ကူအဖြူကိုသာ သပ်သပ်ရပ်ရပ်ကပ်ထား၏။

အိမ်တံခါးဝနံရံနားတွင်တော့ ဂုဏ်ပြုတံဆိပ်ပေါင်းစုံနှင့်မီးသတ်အမှုထမ်းတစ်ယောက်၏ပုံကို ဝင့်ကြွားစွာချိတ်ထားသည်။ တံဆိပ်တစ်ခုမှာ အဝင့်ကြွားဆုံးဖြစ်ပြီး အမေရိကန်ပြည်

ထောင်စု၏ မီးသတ်သမားတစ်ယောက် အမြင့်ဆုံးရနိုင်သော တံဆိပ်ဖြစ်၏။ သို့သော်လည်းထိုတံဆိပ်၏နံဘေးတွင် သတင်းစာဖြတ်ပိုင်းလေးတစ်ခုကိုတွေ့နိုင်ကာ စာသင်ကျောင်းမီးလောင်မှုတွင် ကလေးများကိုဝင်ရောက်ကယ်တင်ရင်း သေဆုံးသွားသည့် လူငယ်မီးသတ်သမားဟူသည့် သတင်းတစ်ပုဒ်ပါလေသည်။ အဆိုပါတံဆိပ်ရှင်သည် သေဆုံးသွားခဲ့လေပြီ။

အသက်သုံးဆယ်ခန့် ရှိပြီဖြစ်သော အမျိုးသမီးတစ်ဦးက ထွက်ခွာသွားတော့မည်ဟုထင်ရသော သူနှင့်ရုပ်ချင်းဆင်သည့် လူလတ်ပိုင်းကြီးကို နှုတ်ဆက်နေသည်။အသက်ငါးနှစ်အရွယ်ကောင်လေးတစ်ယောက်ကတော့ ထိုလူကြီးကိုမပြန်စေချင်

သည့်အလား ခြေထောက်ကိုအတင်းဖက်ထား၏။

"ညီမလေး၊ ဒါဆိုရင် အစ်ကိုပြန်တော့မယ်။ အိမ်မှာကလေးနဲ့ညီမနှစ်ယောက်ပဲရှိတာဆိုတော့ နိုးနိုးကြားကြားနေ ဟုတ်ပြီလား။ နေရအဆင်မပြေရင် ဇာတိမြေကိုသာ ပြန်လာခဲ့လိုက်။"

"အင်း... တကယ်လို့အဆင်မပြေရင် ကျွန်မစဥ်းစားလိုက်ပါမယ်။"

"ဟားဟား... ငါ့ညီမလေးက ထိပ်သီး A rank ဟီးရိုးတစ်ယောက်ရဲ့ညီမပဲ။ ကျောင်းတုန်းကလည်း ကိုယ်ခံပညာဂုဏ်ထူးတွေရထားတာမဟုတ်လား။ အစ်ကိုစိတ်ချပါတယ်ကွာ။"

"လမ်းမှာဂရုစိုက်ဦးနော်။"

"သွားတော့မယ်။..."

ကောင်လေးက ရွှေရောင်နှင့်အနက်ရောထွေးနေသော ဆံပင်လေးနှင့်ဖြစ်ကာ သူ့မျက်လုံးများကတော့ အမေနှင့်ဦးလေးဖြစ်သူလို အနက်ရောင်ဖြစ်နေသည်။ အာရှသွေးတစ်ဝက်ပါသော ကောင်လေးပင်။ သူက ဦးလေး၏ခြေထောက်ကို အတင်းဖက်

ထားပြီး တကျီကျီပူဆာနေ၏။

"ဦးဦး... သားကြီးလာရင် ဦးဦးလို ဟီးရိုးလုပ်လို့ရမှာလား။"

"ဟားဟား... မင်းဦးလေးက ဟီးရိုးအေဂျင်စီပိုင်ရှင်ပဲလေ။ မင်းမှာသာ စွမ်းအားတစ်ခုခုရှိလို့ကတော့ ဦးလေးကိုယ်တိုင်လေ့ကျင့်ပေးမယ်။"

"တကယ်...."

"နောက်ပြီးမင်းမှာစွမ်းအားမရှိမှာ မပူနဲ့၊ မင်းအမေမှာ တယ်လီကိုင်နက်စစ်ရှိတယ်၊ မင်းဦးလေးငါက စူပါခွန်အားနဲ့ပျံသန်းနိုင်စွမ်းရှိတယ်။ မင်းအဖေဆိုလည်း ရေစွမ်းအားရှိတယ်မဟုတ်လား။ ဆင့်ကဲပြောင်းလဲဗေဒအရဆိုရင် မင်းက စွမ်းအားရဖို့ ၈၅% ရှိတယ်။ စွမ်းအားပေါ်စွမ်းအားဆင့်နေတဲ့ ဗီဇပြောင်းအထူးစွမ်းအားတောင် ဖြစ်နေနိုင်သေးတယ်။"

"....ဦးက ဘယ်တော့ပြန်လာမှာလဲ။"

"ဦးတို့နိုင်ငံမှာ စစ်ပွဲပြီးတော့မှာလေ၊ ဒီတော့နိုင်ငံရဲ့ဟီးရိုးတွေအားလုံး ပြန်သွားရမှာ။ စာချုပ်ကိစ္စတွေဘာညာပြီးတာနဲ့ ချက်ချင်းပြန်လာလို့ရတယ်။ နှစ်ပတ်လောက်ပဲကြာမှာ။"

"တကယ်... ဆူဗာနာပြည်ထောင်မှာ စစ်ပြီးတော့မှာလား။"

"ဟုတ်တယ်၊ သူကောင်းမျိုးအကြီးအကဲတွေနဲ့ တစ်ဖက်နိုင်ငံကအကြီးအကဲတွေအားလုံး သဘောတူလိုက်ကြပြီ။"

ဆူဗာနာမှာ အရှေ့အာရှရှိ နိုင်ငံငယ်လေးတစ်ခုဖြစ်ကာ ​​ြဗိတိသျှတို့လက်အောက်မှလွတ်လပ်ရေးယူပြီးကာစကတည်းက စစ်ပွဲများဖြစ်ပွားနေခဲ့သည်။ ကုန်းတွင်းပိတ်နိုင်ငံလေးဖြစ်ကာ အိန္ဒိယ၊မြန်မာနှင့်တရုတ်နယ်စပ်တွင်ရှိသည်။ သေးငယ်လွန်းသောကြောင့် ရှိသည်ဟုပင်မထင်ရပေ။ သူကောင်းမျိုးအုပ်

ချုပ်ခံစနစ်ဖြစ်ကာ နယ်စားကြီးမှာအကြီးအမှူးဖြစ်ပြီး ပြည်သူမှရွေးကောက်တင်မြှောက်သည့်လွှတ်တော်လည်းရှိသည်။ နိုင်ငံသုံးခုကြားတွင်ရှိနေသည့် နိုင်ငံငယ်လေးအနေဖြင့် သုံးနိုင်ငံလုံး

၏ခြိမ်းခြောက်မှုဒဏ်ကို ခံခဲ့ရ၏။ သယံဇာတသည်လည်း မရှိသလောက်ဖြစ်၍ ခက်ခက်ခဲခဲရှင်သန်ကြရသည်။ တောင်ကုန်းတောင်တန်းများများပြားပြီး အိမ်နီးချင်းနိုင်ငံများနှင့်နယ်

နိမိတ်အငြင်းပွားမှုမှ စစ်ဖြစ်နေသည်မှာ နှစ်ကာလအတန်ကြာခဲ့ပြီ။

ယခုအခါတွင် ဟီးရိုးအစည်းအရုံးမှကြားဝင်စေ့စပ်ပေးမှုဖြင့် လေးပြည်ထောင်ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုရန် ဖြစ်လာခဲ့သည်။ ယင်းဖြစ်ရပ်မှာလည်း ကောင်လေး၏ဦးလေးဖြစ်သူနှင့် ဆက်စပ်နေခဲ့သည်။ A rankများမှာ ယခုအချိန်ထိ အတော်ရှားပါးပြီး အရေးပါအရာရောက်၏။ တည်ထောင်သူလေးဆယ့်ခုနစ်ဦး၏မျိုးဆက်များထဲတွင်ပင် S အဆင့် ခုနစ်ဦးသာရှိကာ A အဆင့်ကတော့ ရာဂဏန်းခန့်သာရှိပါသည်။ S အဆင့်များမှာအကြွင်းမဲ့အာဏာပိုင်စိုးသည့် ဘုရင်များဆိုပါက Aများကတော့

ယင်းတို့အောက်မှ သူကောင်းမျိုးများဖြစ်ပေလိမ့်မည်။

"ဟားဟား.. နောက်ဆုံးတော့ ငါတို့နိုင်ငံငယ်လေးက စစ်ဘီလူးကြီးသုံးကောင်ရန်ကနေငြိမ်းငြိမ်းချမ်းချမ်းနေရတော့မယ်။ တူ​လေးမင်းလွင်၊ ညီမလေးသီတာ။ အစ်ကိုသွားတော့

မယ်။"

ဦးလေးကြီး​က အားလုံးကိုနှုတ်ဆက်ကာ ငှားထားသော တက္ကစီကားပေါ်တက်သွားလေသည်။

၂။

အမေရိကန်မှ ဆူဗာနာသို့ တိုက်ရိုက်ပျံသန်းသည့် လေယာဥ်ပေါ်တွင်ဖြစ်သည်။ ဦးလေးကြီး​က နားကြပ်ကိုတပ်ရင်း သီချင်းနားထောင်နေသည်။ သူ၏လက်ထဲတွင်တော့ အဆင့်အတန်းမြင့်မြင့် တက်ပလပ်တစ်လုံးကိုကိုင်ကာသတင်းဖတ်နေသည်။

[ဂျပန်နိုင်ငံမှဓားသူတော်စင်မိန်းကလေးဥစာကီက မြေအောက်ဂိုဏ်းတစ်ခုကို ကိုယ်တိုင်ဝင်ရောက်ရှင်းလင်း။ တိုကျို- ၄.၄၂၀၃၂]

"ဟားဟား... ဒီကောင်မလေးကတော့ ခြေသွက်တယ်ဟေ့။ သူ့အမေအတိုင်းပဲ။"

ရုတ်တရက် လူတစ်​ယောက်က သူ၏ဘေးတွင်လာရပ်သဖြင့် ဦးလေးကြီးလှည့်ကြည့်လိုက်ရာပိန်ပိန်ပါးပါးရှိသော လေယာဥ်မောင်ဖြစ်တစ်ယောက်ဖြစ်နေသည်။

"ခွင့်ပြုပါဆာ၊ လေယာဥ်မှူးက မေးခိုင်းလိုက်လို့ပါ။ ဆရာက A rank ဟီးရိုးဖြစ်တဲ့ Kilomanပါလား။"

ဦးလေးကြီးက သူ၏ဟီးရိုးဝတ်စုံဖြစ်သည့်အပြာရောင်တောက်တောက် Kစာလုံးအကြီးပါ Knight သူရဲကောင်းဆန်ဆန် ဝတ်ရုံကြီးကိုဝတ်ထားသည်မလို့ သူ့ကိုနာမည်နှင့်တွဲသိနေ

သည်မှာ မဆန်းပါ။ Kilomanကိုယ်တိုင်ကလည်း ဟီးရိုးအဖွဲ့ဝင်ကတ်ဖြင့် လေယာဥ်လက်မှတ်ဝယ်ပြီး အိမ်ပြန်လာသည်မဟုတ်လား။

ယနေ့ခေတ်တွင် ဟီးရိုးများက သာမန်လူများကဲ့သို့ နိုင်ငံသားကတ်နှင့်ပက်စပို့များကိုင်သွားရန်မဖြစ်နိုင်ပေ။ ဗီလိန်များသာ သူတို့သရုပ်မှန်ကို သိသွားပါက ပြဿနာဖြစ်နိုင်သည်မဟုတ်

လား။ ထို့ကြောင့် ဟီးရိုးအစည်းအရုံးက ဟီးရိုးကတ်များကို ထုတ်ပေးထားခြင်းဖြစ်သည်။ ပတ်စပို့နှင့်ဗီဇာမလိုဘဲ နိုင်ငံဖြတ်ကျော်ခရီးသွားနိုင်ကာ နိုင်ငံသားကတ်ကဲ့သို့ခိုင်မာသော အထောက်အထားလည်းဖြစ်နေသည်။ ဟီးရိုးများသီးသန့်သုံးသ​ည့် ငွေကြေးဖြစ်သည့်ဟီးရိုးပွိုင့်ကိုပါ သိုလှောင်ထားနိုင်ပြီး နိုင်ငံအများစုတွင် တရားဝင်သုံးစွဲခွင့်ရှိသည်။ ဟီးရိုးများသီးသန့်သုံးသည့် Visa ကတ်သဘောမျိုးဖြစ်ကာ ခြေရာခံရန်လည်းမဖြစ်နိုင်သလောက်ပင်။

"ဟုတ်ပါတယ်...ကျုပ်က ကီလိုတစ်သောင်းကိုမနိုင်တဲ့ ကီလိုမန်းပါ။"

လေယာဥ်မောင်က ဝိုင်တစ်ပုလင်းကို တွန်းလှည်းလေးအတွင်းမှထုတ်လိုက်ပြီး ဖန်ခွက်ထဲ ဟန်ပါပါငှဲ့ပေးလိုက်သည်။

"၂၀၀၃ ခုနှစ်ထုတ် ချကာဆာပန်းသီးဝိုင်ပါဆရာ။ ချိုမြိန်ပြီးပြင်းရှပါတယ်။ A rankတစ်ယောက်ကို ကျွန်တော်တို့လေကြောင်းလိုင်းက ဧည့်ဝတ်ကျေပွန်တဲ့သဘောပါ။"

ဖန်ခွက်ကို လေယာဥ်မောင်က ကမ်းပေးလိုက်သည့်အချိန်တွင် ဦးလေးကြီးက ထိုသူ၏ရင်ဘတ်မှ နာမည်ပြားကို ကြည့်လိုက်

သည်။

"ဆူဆန်... မင်းနာမည်က အဆန်းသားကွ။ မင်းအမေက မင်းကိုယောက်ျားလေးနဲ့မိန်းကလေးမှားပြီး နာမည်ပေးထားတာလား။"

"အဲဒီလိုပါပဲဆာ။"

"မင်းက အမေရိကန်မှာနေတဲ့တရုတ်လား။ ဆံပင်အနက်နဲ့မလို့ မေးကြည့်တာပါ။"

"ဟုတ်ပါတယ်ဆာ၊ ကျွန်တော့်နာမည်က ဆူဆန်ချောင်ပါ။"

ဦးလေးကြီး​က စကားဆက်မပြောတော့ဘဲ သူ၏လက်ကိုမြှောက်ကာ လေယာဥ်မောင်ကိုဖွဖွလေးထိုးလိုက်၏။ ထိုအားကြောင့် ထိုလူမှာချက်ချင်းလွှင့်ထွက်သွားပြီး တစ်ဖက်ခြမ်းမှ ထိုင်ခုံများနှင့်ဝင်တိုက်မိသွားသည်။

"အား...."

"ဘာဖြစ်နေတာလဲ။"

ပထမတန်းမှခရီးသည်အားလုံး အထိတ်တလန့်ဖြစ်ကုန်၏။ ကီလိုမန်းက ထရပ်လိုက်ပြီးအားလုံးကို စိတ်ငြိမ်ငြိမ်ထားခိုင်းလိုက်သည်။

"စိတ်ငြိမ်ငြိမ်ထားကြပါ၊ ကျွန်တော်က ကီလိုမန်းပါ။ လေယာဥ်ပြန်ပေးဆွဲမယ်ထင်ရတဲ့ အဖွဲ့တစ်ဖွဲ့ကိုတွေ့လို့ ခုလိုလုပ်မိတာပါ။"

"လေယာဥ်ပြန်ပေးဆွဲမယ်တဲ့...." ထိုစကားကြောင့် ပြည်သူများမှာ ငြိမ်ငြိမ်မနေနိုင်သည့်အပြင် ပိုပြီးရုတ်ရုတ်သဲသဲဖြစ်ကုန်ကြလေသည်။

ကီလိုမန်းကတော့ ထိုလေယာဥ်မောင်အယောင်ဆောင်ကို ဂုတ်မှဆွဲကိုင်လိုက်ပြီးမေးလိုက်၏။

"မင်းက ဘယ်သူ့အတွက် အလုပ်လုပ်ပေးနေတာလဲ။ ဘေကျင်းအတွက်လား။"

ဆူဗာနာပြည်ထောင်ကို မျက်စိကျနေသည့်နိုင်ငံများထဲတွင် တရုတ်အစိုးရက ထိပ်ဆုံးကဖြစ်သည်။ ဆူဗာနာက သံယံဇာတသိပ်မရှိသော်လည်း တောင်ကုန်းတောင်တန်းထူထပ်သောကြောင့် သူတို့၏လျှို့ဝှက်လက်နက်များစမ်းသပ်ရန်နေရာကောင်းတစ်ခုပင်။ ဆူဗာနာအနေဖြင့် ထိုသို့ဖြစ်ရပ်မျိုး အဖြစ်ခံမည်မဟုတ်ပါ။ တရုတ်ပြည်တွင် ဘေကျင်းစုံစမ်းရေးဌာနရှိကြောင်း ကီလိုမန်းသိပါသည်။ သို့သော် သာမန်သူလျှိုများကို သူမမူပါ။ စွမ်းအားရှိသူလျှိုများဖြစ်နေမည်ကိုသာ စိုးရိမ်ပါသည်။

"ခင်ဗျားသိသွားလည်းအပိုပဲ၊ ခင်ဗျားဆူဗာနာကို ဘယ်တော့မှပြန်မရောက်နိုင်တော့ဘူး။ ဒီလေယာဥ်မှာ ဗုံးထောင်ထားပြီးပြီ။ ခင်ဗျား အဆိပ်မိပြီးသေသွားရင် လေယာဥ်ပေါ်ကလူတွေကို သတ်စရာမလိုတော့ဘူးပေါ့ဗျာ။ ဒါပေမဲ့ ခုတော့ခင်ဗျားရောသူတို့ပါ ပေါက်ကွဲသွားရတော့မယ်။"

"မင်းတို့ဘေကျင်းက ဘာလိုချင်တာလဲ။ ပြောစမ်း၊ ဆူဗာနာရဲ့လွတ်လပ်ရေးကလွဲရင်ဘာမဆိုငါလက်ခံပေးမယ်။"

"ကျုပ်တို့လိုချင်တာကလည်း ဆူဗာနာရဲ့လွတ်လပ်ရေးပါပဲ။ နိုင်ငံစောင့်ရှောက်သူကြီးရဲ့။"

"ချီးထဲမှ...." ကီလိုမန်းအနေဖြင့် သူတစ်​ယောက်တည်းဆိုပါက လေယာဥ်ဗုံးထောင်ခံရသည့်ကိစ္စမှ လွတ်အောင်ပြေးနိုင်သော်

လည်း လေယာဥ်ပေါ်မှလူများကို ကာကွယ်ရမည်ဆိုလျှင်တော့။

ဘုန်း.....။

ပင်လယ်ရေမျက်နှာပြင် လေးသောင်းနှစ်ထောင်ထက်မှ ဘိုရင်းလေးယာဥ်ကြီးတစ်စင်းမှာ တစ်စစီပေါက်ကွဲသွားခဲ့ပြီဖြစ်သည်။

......

"စွမ်းအားကြီးလေ တာဝန်တွေပိုကြီးလာလေဆိုတာ မှတ်ထား...."

"ဘန်...ဘန်...ဦးလေးဘန်။"

ငါးနှစ်သားကောင်လေးက ဖုန်းအသေးလေးတစ်လုံးကိုကိုင်ရင်းအိုဟောင်းနေပြီဖြစ်သော စပိုက်ဒါမန်းရုပ်ရှင်ကိုကြည့်နေသည်။ ယနေ့ခေတ်မှာ ဟီးရိုးများခေတ်ဖြစ်သောကြောင့် စူပါဟီးရိုးရုပ်ရှင်များမှာ မမြင်ချင်မှအဆုံးခေတ်စားလာ၏။ ရုပ်သံလိုင်းတိုင်းက သူတို့အကြောင်းများသာ ပြသနေတတ်သည်။ သို့သော်ကောင်လေးမင်းလွင်ကတော့ ကားဟောင်းများကိုသာ ပိုသဘောကျတတ်၏။ စွန့်လွှတ်စွန့်စားသည့်စိတ်၊ အများအတွက်

တစ်ယောက်ဆိုသည့်စိတ်ဓာတ်များက တကယ့်ဟီးရိုးလောကတွင် ရွှေထက်ရှားပါးပါသည်။ ယနေ့ခေတ်တွင် ဟီးရိုးအများစုက ဂုဏ်အတွက်၊ငွေအတွက်သာအလုပ်လုပ်တတ်ကြ၏။သူရဲကောင်းလေးဆယ့်ခုနစ်ယောက်ထားခဲ့သော သူရဲကောင်းသစ္စာခုနစ်ချက်က ကြက်ပျောက်ငှက်ပျောက်ပင်။

"မင်းလွင်... နေ့လယ်စာစားချိန်​ရောက်ပြီလေ။"

အမေဖြစ်သူက ကောင်လေးကို လှမ်းခေါ်လိုက်သည်။ ကီလိုမန်း၏ညီမဖြစ်သော သီတာမှာ စွမ်းအားရှိသော်လည်း ငြိမ်းငြိမ်း​အေးအေးနေလိုသောသူဖြစ်သည်။ သူ၏တယ်လီကိုင်နက်

စစ်စွမ်းအားကို အိမ်အလုပ်များလုပ်ရာတွင်သာအသုံးချလေ့ရှိ၏။ ဒယ်အိုးများဇွန်းများက သူ့ဘာသာမှော်ဆန်ဆန်ရွေ့လျားပြီး ဟင်းတစ်ပွဲကို ချက်ပြုတ်နေသည်။

ရုတ်တရက်တီဗီတွင် မိုးလေဝသသတင်းကြေ​ညာနေရာမှ ကြားဖြတ်သတင်းဝင်လာသည်။ ခပ်ဝဝ လူမည်းအမျိုးသမီးတစ်ဦးက သတင်းကြေညာနေခြင်းဖြစ်၏။

"ဆူဗာနာနိုင်ငံပိုင်လေကြောင်းလိုင်းရဲ့အတည်ပြုထုတ်ပြန်ချက်အရ နိုင်ငံကာကွယ်သူဟီးရိုး ကီလိုမန်းလိုက်ပါလာသောယာဥ်ဟာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်သန်းနေရင်း ရေဒါမှပျောက်ကွယ်သွားခဲ့ကြောင်းသိရပါတယ်။ ဆူဗာနာသူကောင်းမျိုးကောင်စီကတော့ မသမာသူတွေရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ဆိုထားပြီး ဆူဗာနာရဲ့ခြောက်သန်းသောပြည်သူတွေဟာ သူတို့ရဲ့သူရဲကောင်း အိမ်ပြန်မလာနိုင်မှာကို စိုးရိမ်နေကြပြီဖြစ်ပါတယ်။"

ချက်ချင်းပင် သတင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူထံ ပြောင်းပြသည်။

"ကီလိုမန်းဟာ ဆူဗာနာနိုင်ငံအတွက် ကပ္ပတိန်စတိတ်မန်းလိုပါပဲ။ သူဟာ ဆူဗာနာနိုင်ငံကြီးကိုကာကွယ်ဖို့ ကိုယ့်ကိုယ်ကိုယ်စိတ်နှစ်မြုပ်ထားခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်လုံးနိုင်ငံအတွက်ပေးဆပ်

ခဲ့သူပါ။ သူဘာမှမဖြစ်ပါစေနဲ့လို့ အမေရိကန်ပြည်ထောင်စုကြီးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်။"

နယူးယောက်ဟီးရိုးအစည်းအရုံးမှ ပြောရေးဆိုခွင့်ရှိသူထံ ပြောင်းပြပြန်သည်။

"ကီလိုမန်းက A အဆင့်ဟီးရိုးတစ်ယောက်ပါ။ သူ့ဘာသာပျံတတ်ပါတယ်။ သူ့ခေါင်းကိုသာ မြည်းကန်တာမခံရဘူးဆိုရင် ပစိဖိတ်သမုဒ္ဒရာကြီးကိုဖြတ်ပြီး သူ့နိုင်ငံကိုသူ့ဘာသာပြန်သွားလိမ့်မယ်။"

ကြယ်ပုံနေကာမျက်မှန်ကို အထာကျကျဝတ်ဆင်ထားသည့် ​​လေဆာအိုင်းဆိုသည့် အဆင့် B ဟီးရိုးက အလေးအနက်မထားဘဲ

ပေါ့ပျက်ပျက်သာ ပြန်ဖြေလိုက်သည်။ သတင်းထောက်တစ်ယောက်က ဖြတ်မေးလိုက်၏။

"ဒါဆိုလေယာဥ်ပေါ်ပါသွားတဲ့ လူငါးရာကျော်ကရော ဘယ်လိုလုပ်မှာလဲ။ သူတို့တွေက အတောင်မပါဘူးလေ။ လေဆာအိုင်းက သူတို့ကို သွားသေခိုင်းနေတာလား။"

"စွမ်းအားမရှိရင် သေရမှာပဲ၊ ဘယ်ဟီးရိုးမှခုခေတ်ကြီးမှ ကိုယ့်အသက်ကိုရင်းပြီး လူတွေကိုမကယ်ဘူးကိုယ့်လူ။ အိပ်မက်ထဲကနိုးထပြီးလက်တွေ့ဘဝကြီးကို တည့်တည့်လျှောက်လှမ်း

လိုက်။ ကျုပ်တို့မှာ စွမ်းအားမရှိတဲ့လူတွေအတွက် အချိန်မရှိဘူး။ ကျုပ်တို့တွေ ကမ္ဘာကြီးကိုကယ်တင်နေရတာနဲ့အလုပ်ရှုပ်နေတယ်။"

ပြောရေးဆိုခွင့်ရှိသူဆိုသည့်ဟီးရိုးက ထေ့ငေါ့ငေါ့ပြောပြီး ပြန်လှည့်ထွက်သွာသည်။ သတင်းထောက်များက သူ့နောက်မှဒေါသတကြီးလိုက်သော်လည်း ဘယ်သာမန်သတင်းထောက်မှ

ထိုဟီးရိုးကိုလိုက်မမီပေ။

သီတာ၏စွမ်းအားက ရုတ်တရက်ကြားလိုက်ရသည့်သတင်းကြောင့် နှောင့်ယှက်ခံလိုက်ရပြီး ပန်းကန်ခွက်ယောက်များ ကြမ်းပြင်ပေါ်ပြုတ်ကျကုန်သည်။ အနားရောက်နေသော

ကောင်လေး၏လက်ပင် ဆီပူပေါက်မှန်သွား၏။

"အိုးဘုရားဘုရား...ဒုက္ခပါပဲ။"

သတင်းဆိုးကြောင့်ရော ဆီပူလောင်သွားသည့်သားငယ်ကြောင့်ပါ သီတာမှာ ဘာလုပ်ရဘာကိုင်ရမှန်းမသိဖြစ်နေသည်။ ကောင်လေးကတော့ ငယ်သံပါအောင်ငိုနေ၏။ ရုတ်တရက်ဖုန်းလာသဖြင့် သီတာကိုင်လိုက်သည်။

"ဟယ်လို..."

"ဟယ်လို၊ ကီလိုမန်းရဲ့မိသားစုဝင်လားခင်ဗျ။ ကျွန်တော်တို့က ကမ္ဘာ့ဟီးရိုးအစည်းအရုံးကပါ။ ခင်ဗျားဖုန်းနံပါတ်ကိုကီလိုမန်းက အရေးပေါ်ဆက်သွယ်ဖို့လိပ်စာထဲမှာ ထားခဲ့လို့ပါ။

ကျွန်တော်တို့ကယ်ဆယ်ရေးဟီးရိုးအဖွဲ့ကပျောက်သွားတဲ့လေယာဥ်ကို ရှာတွေ့ပါပြီ။ခရီးသည်ငါးရာလုံး အသက်ဘေးကလွတ်

သွားပေမဲ့ ကီလိုမန်းကတော့ ကောင်းကင်ပေါ်ကနေ အရှိန်ပြင်းပြင်းပြုတ်ကျလာတဲ့ လေယာဥ်ပန်ကာကိုခရီးသည်တွေမထိခိုက်အောင်တားရင်း ဆုံးပါးသွားပါပြီ။"

"....."

"ဟယ်လို....ဟယ်လို... မစ်...မစ်... ကျွန်တော်ပြောတာကြားရဲ့လား။ ဟီးရိုးရဲ့ကျစ်ရစ်သူမိသားစုဝင်အနေနဲ့ သူ့ရဲ့နောက်ဆုံးခရီးမှာလိုက်ပါပို့ဆောင်ပေးချင်လား မေးမလို့ပါ။"

"....."

"ဟယ်လို...ဟယ်လို....ဖုန်းကိုင်ထားသေးလားခင်ဗျ။"

"......"

....

မင်းလွင်အထက်တန်းကျောင်းတက်တော့ ပထမဆုံးရလာတဲ့ သူငယ်ချင်းက တင်မီ။ သူ့စွမ်းအားက လူတွေအာရုံစိုက်ခံရအောင်လုပ်တာပဲ။ ဟိုးတုန်းက နာမည်ကြီးခဲ့တဲ့ ဒေးဗစ် ကိုပါဖီးလိုမျိုး မျက်လှည့်ဆရာဖြစ်ချင်လွန်းလို့ သင်တန်းတွေပြေးတက်ထားတာအမောပဲ။

စင်စစ်မှာ တင်မီဟာ ကော်နဲ့ကပ်ထားတဲ့ ဖဲချပ်အတွဲလိုက်ကို လက်ထဲမှာ ဟိုဖက်ဒီဖက် မြန်မြန် ပစ်တတ်ရုံပဲရှိတယ်။ မသိရင် ဖဲကိုင်ကျွမ်းလွန်းလို့ အတွဲလိုက်လေးဖြစ်နေပြီပေါ့။ အမှန်က ယနေ့ခေတ်မှာ Youtubeသုံးသူမှန်သမျှလိုက်ကြည့်ပြီးလုပ်လို့ရတဲ့ ကလေးကွက်လေးတွေပါပဲ။

လောလောဆယ်တော့ တကယ့်ကောင်တင်မီက ကျောင်းပြောင်းလာတဲ့ ကောင်မလေးအသစ်ကို အထင်ကြီးအောင်လို့ မျက်လှည့်ပြဖို့ကြိုးစားနေတယ်။ သိပ်ရိုးရှင်းပေမဲ့ နည်းနည်းခက်တယ်ထင်ရတဲ့ ဖဲချပ်ခန့်မှန်းတာပါ။ တကယ်တော့ တင်မီဖဲချပ်ကျောနောက်မှာ လျှို့ဝှက်သင်္ကေတတွေပါပြီးသား။ ဒါတောင်

တကယ့်ကောင်တင်မီက အကုန်လုံးမမှတ်မိခဲ့ဘူး။ နောက်ဆုံးမှာတော့ မင်းလွင်ကိုပါအကူခေါ်ပြီး သူ့ဘေးမှာထိုင်၊ ဖဲချပ်တွေပြောပြစေတယ်။

မင်းလွင်ကတော့ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကနဲ့ပုံမှန်အတိုင်းပါပဲ။ လူက ခပ်ပိန်ပိန်၊ မျက်မှန်ဝိုင်းဝိုင်းလေးတပ်ထားတယ်။ မဝတ်တတ် မစားတတ်။ ဆရာဝန်လောင်းကုတ်လိုဟာမျိုးကို တီရှပ်ပေါ်မှာ ထပ်ဝတ်ထားတယ်။ သူဟာတင်မီကိုမကြည့်ဘဲ အမေထည့်ပေးလိုက်တဲ့ဆန်းဒဝပ်ကိုပဲ စားနေခဲ့တာ။

"ကောင်းပြီ၊ အာ... ဖဲချပ်တွေကို ခန့်မှန်းရတယ်ဆိုတာ နည်းနည်းလက်ဝင်တဲ့အလုပ်ပဲ။ လူတစ်ယောက်က တစ်နေ့မှာ အနည်းဆုံးရှစ်နာရီလေ့ကျင့်ဖို့လိုတယ်။"

တကယ့်ကောင်တင်မီကတော့ သူကြည့်ထားဖူးတဲ့ မျက်လှည့်ဇာတ်လမ်းထဲက ခပ်ပေါပေါဒိုင်ယာလော့တွေကို ရွတ်နေခဲ့တယ်။ ကျောင်းသူသစ်လေး ဆိုဖီယာကတော့ ကောင်းတယ်လဲမ

ပြော၊ ဆိုးတယ်လည်းမပြောဘူး။ လက်ထဲကလိမ္မော်ရည်ကိုသာ အေးအေးဆေးဆေးသောက်နေခဲ့တယ်။

ဖဲချပ်မျက်လှည့်ပြတဲ့အချိန်မှာ တင်မီဟာ အလွဲပေါင်းစုံမှားလုပ်ခဲ့တယ်။ ကတ်တွေပြုတ်ကျတယ်။ ကတ်နောက်က သင်္ကေတကြီးကိုပြူး​ကြည့်တယ်။ မသိရင်တော့ ဘေးကမင်းလွင်ရဲ့အင်္ကျီလက်ကို မသိမသာဆွဲပြီးမေးတယ်။

မင်းလွင်က ခုံပေါ်မှာရှိနေတဲ့ ကတ်တွေနဲ့ ကောင်မလေးလက်ထဲမှာ ကိုင်ထားတဲ့ကတ်သုံးကတ်ကိုကြည့်ပြီး ပထမဆုံး လက်သီးဆုပ်ပြတယ်။ နောက်တော့ လက်ငါးချောင်း၊ နောက်

တစ်ခါ နှလုံးသားကိုညွန်ပြပြီး လက်နှစ်ချောင်း၊ပြီးတော့ သူပြုံးပြပြီး ပါးကိုဆန်းဒဝပ်လှီးနေတဲ့ဓားနဲ့လှီးတဲ့ဟန်လုပ်ပြတယ်။ နားလည်ပုံမပေါ်တဲ့ တင်မီကတော့ မျက်လုံးအပြူးသား။ ဆိုဖီယာကတော့ မသိချင်ယောင်ဆောင်ပြီး ခပ်ဟဟပြုံးနေတယ်။

စင်စစ်မှာ ကောင်မလေးကိုင်ထားတဲ့ကတ်တွေကို မင်းလွင်သိတယ်။ ဆယ်နှစ်ကြာပြီးနောက်မှာ လူငယ်လေးက ဘာစွမ်းအားမှ မနိုးထသေးဘူး။ အများစုက ခုနှနှစ်ပြည့်ချိန်မှာ နိုးထကြပေမဲ့ နောက်ကျသူတချို့ရှိတတ်တာတော့ ပုံမှန်ပါပဲ။ ကောင်လေးကတော့ အခုကတည်းက မဟုတ်ကဟုတ်ကတွေတွေးတတ်နေပြီ။ သူ့စွမ်းအားက ကြီးလွန်းလို့ ခန္ဓာကိုယ်ကလိုအပ်ချက်

မကိုက်ညီသေးတာဆိုပြီး လေ့ကျင့်ခန်းတွေနေ့တိုင်းလုပ်နေပေမဲ့ မထူးခြားဘူး။ ထူးခြားတာဆိုလို့ သူ့ရဲ့တူမတူအောင်ထူးခြားတဲ့ ဓာတ်ပုံမှတ်ဉာဏ်ပါပဲ။ သူ့ရဲ့စွမ်းအားလို့ လူတွေထင်ရလောက်တဲ့အထိ မှတ်ဉာဏ်ကောင်းတယ်။

"စပိတ် ငါး၊ ဟက် နှစ်၊ ဒိုင်းမွန်း အေ့စ်။"

ကောင်မလေးက ရယ်ပြပြီး သူ့ကတ်တွေကို ပြလိုက်တယ်။ ဒိုင်းမွန်း ငါး၊ ဟက်နှစ်နဲ့ ဂျိုကာ။ ဟက် နှစ်ပဲမှန်တယ်။ တင်မီမျက်နှာကြီး မဲမှောင်လို့ရယ်။ ကောင်မလေးကတော့ ခပ်မဲ့မဲ့

ပြုံးပြပြီး မင်းလွင်ကိုကြည့်တယ်။ အဲဒီနောက်မှထွက်သွားတယ်။ ကောင်မလေးက နေလောင်ထားသလို အသားညိုညိုရှိတယ်၊ ရွှေအိုရောင်ဆံပင်နဲ့အပြာရောင်မျက်လုံးတွေပိုင်ဆိုင်ထား

တယ်။ အရပ်က သူတို့ထပ်နည်းနည်းလေးပဲပုတယ်။လမ်းလျှောက်တဲ့ပုံစံက တကယ်ကိုဝင့်ကြွားပြီး ကောင်လေးတွေကို စွဲမက်စေနိုင်တယ်လေ။ ဒါပေမဲ့ ညို့ယူနိုင်စွမ်းရှိတဲ့ တင်မီအပါအဝင် ဘယ်ကောင်လေးမှ သူ့ကိုကျရှုံးအောင် လုပ်နိုင်သေးပုံမပေါ်ဘူး။

တခြားကျောင်းသားတွေကတော့ သုံးခုမှာတစ်ခုမှန်လို့ဆိုပြီး တင်မီကိုဝိုင်းချီးကျူးနေကြတုန်းပဲ။ သူ့ရဲ့ညို့ယူနိုင်စွမ်းက တကယ့်အထူးအဆန်းကြီး။ မင်းလွင်တွေးမိတာတစ်ခုက 'ဒီကောင် လမ်းထိပ်မှာ အီးထွက်ပါရင်တောင် အီးနံမွှေးလို့ဆိုပြီး ချီးကျူးကြဦးမှာလား။'ဆိုတာပဲ။

စင်စစ်မှာ တင်မီကို မင်းလွင်သဘောမကျဘူး။ ဒီကောင်က သူဌေးသား လူ့ပေါ်ကျော့။ ဘဝကိုခပ်ပေါ့ပေါ့နေတတ်တဲ့ မျောက်လိုကောင်။ မင်းလွင်ကတော့ ဟီးရိုးဖြစ်ချင်တယ်။ ဟိုကောင်ကတော့ သူ့ရဲ့အသုံးမဝင်တဲ့စွမ်းအားလေးနဲ့ ပိတ်ရက်ဆိုမော်ဒယ်လုပ်တယ်။ စူပါဟီးရိုးကားတစ်ကားမှာ အရံလူငယ်သရုပ်ဆောင်အနေနဲ့တောင်ပါလိုက်သေးတယ်။ ငွေတွေသောက်သောက်လဲဝင်ပြီး ကိုယ်တိုင်ရှာနိုင်တော့ ​နှစ်ဆတိုးပြီးဖြုန်းတီးတော့တာပေါ့။

တင်မီဟာ ပျင်းတဲ့နေရာမှာ ကဏ္ဍစုံအောင်ပျင်းတယ်။ စာမေးပွဲမှာ သူ့အစွမ်းကိုသုံးပြီး ခိုးချတယ်။ ဘေးနားက စာဂျပိုးကောင်မလေးတစ်ယောက်ယောက်ကို သုံးလိုက်တာနဲ့ ဟိုကအလိုလိုစာပြပေးတယ်။ အခန်းစောင့်ဆရာတွေဆိုလည်း ကတုံးပြောင်ဆရာအာသာကစလို့ အသက်ငါးဆယ်အရွယ် မဒမ်ဂေါင့်ပါအပါ သူ့အစွမ်းကိုမလှန်နိုင်ကြဘူး။ ဒီလိုနဲ့အောင်လာတယ်။ နှစ်ငါးဆယ်ကျော်ဟီးရိုးသမိုင်းမှာဘယ်ဟီးရိုးမှ စာမေးပွဲကိုအစွမ်းနဲ့ခိုးချလို့မရအောင် လုပ်မယ့်နည်းပညာကို မထွင်ခဲ့တဲ့

အတွက် မင်းလွင်ရင်တွေပါနာတယ်။

ကျောင်းတွင်းထီထွင်စမ်းသပ်မှု သရုပ်ပြပွဲတုန်းကလည်း အနှီကောင်ဟာ ကုတ်တစ်လုံးတောင်ဝင်မရိုက်၊ ဝါရှာတစ်ကွင်းတောင် ဝင်မကြပ်ဘဲ သူထွင်ထားတဲ့ အလိုလျှောက် ဟီးရိုးဝတ်စုံသုံး ရန်သူသတိပေးစနစ်ကို ပူးတွဲတီထွင်သူအဖြစ် နာမည်စာရင်းသွင်းနိုင်ခဲ့တယ်။ ဒီနည်းပညာက အတော်လေးအလုပ်ဖြစ်တာကြောင့် ဟီးရိုးအထောက်အကူပြု နည်းပညာကုမ္ပဏီကြီးတစ်ခုက ဝယ်သွားတယ်။ မဂ္ဂဇင်းတစ်ခုမှာတောင် ပါလာသေး

တယ်။ ဒါပေမဲ့ တီထွင်သူဆိုပြီး မော်ဒယ်မင်းသားချောတင်မီမျက်နှာက ထိပ်ဆုံးက၊ မင်းလွင်ခင်ဗျာ မဂ္ဂဇင်းမှာပုံလေးတောင်ပါမလာဘူး။ နောက်ဆုံးစာကြောင်းကျမှ ပူးတွဲတီထွင်သူ သောမတ် မင်းလင်တဲ့။ ဟုတ်ပါတယ် မင်းလင်တဲ့။ မင်းလွင် သူ့နာမည်ကိုတောင်မှားရေးထားတဲ့မဂ္ဂဇင်း​တိုက်ကို မီးသွားရှို့လုနီးနီးပါပဲ။

'ယိကို မင်းလင်ပါလား။ နင့်မေလင်၊ ငလူးမမဂ္ဂဇင်းသတင်းထောက်။ မင်းတစ်မိသားစုလုံးလင်တွေအယောင်တစ်ထောင်လောက်ယူပစ်လိုက်။' ဒါကမင်းလွင်ရဲ့ရင်ထဲက စကားတွေ။ပြီးတော့ သူသက်ပြင်းချမိတာက 'မရှိတဲ့ မျိုးရိုးနာမည်မှန်လို့ တော်ပါသေးရဲ့။'ဆိုတာပဲ။

ပြောရရင် တင်မီဆိုတဲ့တစ်ကောင့်သားသာသူ့သူငယ်ချင်းအရင်းကြီးမဟုတ်ရင် မြောင်းထဲခေါင်းစိုက်အောင် လုပ်ပြီးနေပြီ။ ဒါပေမဲ့ သူမလုပ်ရတဲ့ နောက်အကြောင်းအရင်းက တင်မီဟာ သူ့ရဲ့ရင်းနှီးမြုပ်နှံသူဖြစ်နေလို့ပါ။ နည်းပညာတီထွင်ဖန်တီးမှုတွေလုပ်ဖို့ ငွေကြေးလိုတယ်။ မင်းလွင်ဟာ သေသွားတဲ့အဖေရဲ့ပြည်

သူ့ဝန်ထမ်းပင်စင်လေးနဲ့အမေ့လုပ်စာကိုစားပြီးအကောင်းဆုံးဆိုတဲ့ အထက်တန်းကျောင်းကိုဝင်ခွင့်ရခံတာပါ။ သူဘယ်လောက်စာတော်တော် အမေရိကန်ရဲ့ကြီးမားတဲ့ပညာရေးကုန်ကျစရိတ်တွေနဲ့ဆိုရင် စကော်လာရရင်တောင်နေစားစရိတ်အတွက် အခက်အခဲရှိနိုင်ပါတယ်။

မင်းလွင်ရဲ့အမေက ကျောင်းသားချေးငွေတွေကြောင့် သူ့သားလေး အကြွေးနွံထဲမနစ်စေချင်ခဲ့ဘူး။ ဒါကြောင့် ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်ပြီး သူ့ကိုထောက်ပံခဲ့တယ်။ မင်းလွင်အနေနဲ့ သူ့ဘာသာဆိုရင် ပစ္စည်းတွေမထွင်နိုင်ဘူး။ ဒီလိုနဲ့ တင်မီရဲ့ချမ်းသာမှုကို အသုံးချဖို့ဖြစ်လာတယ်။ တင်မီက သူ့ကိုငွေကြေးထောက်ပံတယ်၊ သူက တင်မီကိုကျောင်းကနေ ထူးချွန်စွာအောင်စေဖို့ တာဝန်ယူပေးရတယ်။

အတွေးများစွာနဲ့ ကန်တင်းကနေ မင်းလွင်ထလာခဲ့တယ်။ တင်မီကတော့ ဖဲချပ်တွေကစားပြီး တခြားကျောင်းသားတွေကို ပါးစပ်ဟောင်းလောင်းဖြစ်အောင်လုပ်နေတုန်း။ ကျောင်းတက်

တော့မယ်။ နားချိန်ငါးမိနစ်သာကျန်တယ်။ မင်းလွင်ဟာ ပစ္စည်းထားတဲ့ ဗီရိုတွေရှိရာကိုထွက်လာခဲ့တယ်။ လူမည်းကျောင်းသားလေးတစ်ယောက်ကို အရပ်ရှည်ရှည်လူဖြူနှစ်ယောက် အနိုင်ကျင့်ဖို့ကြိုးစားနေတာတွေ့တယ်။ သူကစွမ်းအားမရှိလို့ ဝင်မပါနိုင်ဘဲဖြစ်နေပေမဲ့ စွမ်းအားကြီးတဲ့ မယ်လီက လူဖြူနှစ်ကောင်ကို မျက်နှာကျက်နဲ့ထိတဲ့အထိ ဂုတ်ကိုဆွဲပြီး မြှောက်ထားခဲ့တယ်။

မယ်လီဟာ လုံးကြီးပေါက်လှ၊ နှမ်းဖက်လိုပွယောင်းယောင်းနိုင်တဲ့ ညိုဝါရောင်ဆံပင်တွေရှိတယ်။ မျက်နှာကတော့ ရှည်သွယ်ပြီး

ဒီဇိုင်းက အလွန်မိုက်တယ်။ အားကစားတော်ပြီး သူ့စွမ်းအားက အထူးခွန်အား။ အားကြီးမှုကိုသုံးခုန်ပြီး လေထဲမှာခဏလေဟုန်စီးလို့လည်းလို့လဲရတယ်။ သူ့ဦးလေးကီလိုမန်းနဲ့တောင်ခပ်ဆင်ဆင်။ ဟီးရိုးအေဂျင်စီတချို့ကတောင် သူ့ကိုအလုပ်ခေါ်ဖို့ ကြိုးစားနေကြတယ်။ စင်စစ် သာမန်အထက်တန်းကျောင်းတွေမှာ အင်အားကြီးလွန်းတဲ့မြူတန့်တွေမရှိကြဘူး။

အများအားဖြင့် တင်မီလိုတိုက်ပွဲမှာသုံးစားမရ

တဲ့ Fအဆင့် စွမ်းအားရှင်တွေ။ ဇွန်းကိုကွေးနိုင်ရုံလောက် စိတ်ဝင်စားရှိသူတွေတို့၊ ရေကိုဝိုင်အဖြစ်ပြောင်းနိုင်တာတို့ပေါ့။ မယ်လီကတော့ D- ပါ။ နည်းနည်းလေးကြိုးစားမယ်ဆိုရင် D+ ဒါမှမဟုတ် D ဖြစ်လာနိုင်ပြီး ဟီးရိုးကျောင်းတက်လို့ရနိုင်လောက်တယ်။ ဒါပေမဲ့မင်းလွင်လိုပဲ စွမ်းအားနိုးထနောက်ကျပြီးတော့ ဟီးရိုးကျောင်းတက်ခွင့်နဲ့လွဲသွားတယ်။ နောက်တစ်နှစ်ဆိုရင်တော့ ကျောင်းပြောင်းလျှောက်

မယ်ဆိုလား ကြားမိတာပဲ။

မင်းလွင်ဟာ ကောင်မလေးကိုကြည့်ရင်းအလိုလိုပြုံးမိသွားတယ်။ မယ်လီကတော့သူ့ကို သတိမထားမိဘူး။ ဟိုနှစ်ကောင်ကို

ပြန်ချပေးပြီးတာနဲ့ လူမည်းကောင်လေးကို ဂရုစိုက်ဖို့ပြောပြီး ထွက်သွားတယ်။ လူမည်းကောင်လေးကတော့ မယ်လီကိုတအံ့တဩကြီးကြည့်နေတယ်။ တကယ်လို့ သူ့ပါးပြင်သာ အရောင်ပြောင်းနိုင်ရင် နီမြန်းနေမှာသေချာတယ်။ ကောင်လေးတော့ အစ်မကြီးမယ်လီဆွဲဆောင်တာ ခံလိုက်ရပြီ။

စင်စစ်မှာ မင်းလွင်လည်း မယ်လီကိုနည်းနည်းစိတ်ဝင်စားတယ်။ ဒီအရွယ်ဆိုတာက စိတ်လှုပ်ရှားလွယ်တာကိုး။ ဒါပေမဲ့ သွားဖွင့်မပြောရဲဘူး။ မယ်လီကို နောက်ဆုံးဖွင့်ပြောဖို့ ကြိုးစားခဲ့သူ​က တိုက်ကွန်ဒိုကလပ်ခေါင်းဆောင်၊ ပြီးတော့ အခုထိဆေးရုံကနေမဆင်းရသေးဘူး။ မယ်လီပြောတာတော့ သူ့ထက်အင်အားကြီးတဲ့ ဟီးရိုးကောင်လေးတွေကိုပဲ စိတ်ဝင်စားတာတဲ့။ စွမ်းအားကြီးလာတဲ့တစ်နေ့ မယ်လီကိုဖွင့်ပြောမယ်ဘာညာ မင်းလွင်စိတ်ကူးယဥ်တော့တာပေါ့။ လောလောဆယ်တော့ အနားတောင်မသီနိုင်သေးဘူး။ မဟုတ်ရင်၊ ဟိုနှစ်ကောင်လိုပဲ မျက်နှာကျက်မှာ အချိတ်ခံရနိုင်တယ်။

ရုတ်တရက် လူတစ်ယောက်က သူ့ပုခုံးပုတ်လိုက်တော့ မင်းလွင်လှည့်ကြည့်တယ်။ ဟိုကောင်တင်မီ ကြွားဖို့လုပ်ခဲ့တဲ့ ဆိုဖီယာဆိုတဲ့ကောင်မလေး။ သူက ချက်ချင်းပဲ မင်းလွင်ကို

ပြောလိုက်တယ်။

"ခွင့်ပြုပါ မစ္စတာမင်လျန်၊ ရှင်ဖဲချပ်တွေကိုမှန်အောင်ခန့်မှန်းနိုင်ခဲ့တယ်မဟုတ်လား။ စိန်ပုံစံလက်ကိုလုပ်ပြ၊ နှလုံးကို ညွန်ပြပြီး နောက်ဆုံးဂျိုကာလို နှုတ်ခမ်းကိုခွဲပြတဲ့ပုံစံလုပ်ပြခဲ့

တယ်လေ။"

"တင်မီဆိုတဲ့ ကျွန်တော့်သူငယ်ချင်းက လင်းနို့လူသားကား ကြည့်ဖူးပုံမပေါ်ဘူး။ မဟုတ်ရင်သူနှစ်ကတ်မှန်မှာ။"

"တကယ်ပဲ ရှင်ခန့်မှန်းထားတာပဲ။ ရှင့်စွမ်းအားက စိတ်စွမ်းအားလား၊ ဒါမှမဟုတ် ဉာဏ်ရည်လား။"

"စွမ်းအားလက်မဲ့။"

"မဖြစ်နိုင်တာ။" မင်းလွင်ရဲ့အဖြေကြောင့်ဆိုဖီယာ နည်းနည်းအံ့ဩသွားတယ်။ မင်းလွင်က ဖြည်းဖြည်းချင်းပြန်ဖြေပါတယ်။

"ဓာတ်ပုံမှတ်ဉာဏ်တော့ရှိတယ်၊ ဒါပေမဲ့ ဉာဏ်ရည်အမျိုးအစားစွမ်းအားမဟုတ်ဘူး။ ဆေးရုံမှာ စစ်ကြည့်ပြီးသွားပြီ။"

မြူတန့်စိတ်စွမ်းအားရှင်တွေရဲ့စွမ်းအား​က ဦးနောက်အတွင်းပိုင်းကနေ လာတာဖြစ်တယ်။ မင်းလွန်ရဲ့လက္ခဏာတွေကတော့ သာမန်ဉာဏ်ကောင်းတာကိုသာ ပြနေခဲ့တယ်လေ။ ဒါ​ကြောင့် ဆရာဝန်က စွမ်းအားတစ်ခုအဖြစ် မသတ်မှတ်ခဲ့တာပါ။

"ဆောရီး၊ ကျွန်မက စွမ်းအားအမျိုးအစားတူတဲ့သူရှိပြီလို့ထင်နေတာ။"

တကယ်တော့ မင်းလွင်လည်း ဆိုဖီယာရဲ့စွမ်းအားက စိတ်စွမ်းအားမှန်း သတိထားမိခဲ့တယ်။ မဟုတ်ရင် တင်မီရဲ့ညို့ယူဖမ်းစားနိုင်စွမ်းလက်က လွတ်မယ်မထင်ဘူး။

"​ဆေးရုံက နာမည်ပေးတာတော့ စိတ်အင်အားခံတပ်တဲ့လေ။ ဘယ်လိုစိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးကိုမဆို ခုခံနိုင်တယ်။"

"နာမည်ကလှသားပဲ။"

"မစ္စတာမင်၊ ကျွန်မတို့သူငယ်ချင်းဖြစ်လို့ရမလား။"

ဆိုဖီယာက လက်ကမ်းပေးတယ်။ မင်းလွင်လည်း လက်ဆွဲနှုတ်ဆက်ရင်း နာမည်အမှားပြန်ပြင်ပေးလိုက်တယ်။

"ကျွန်တော့်နာမည်က မင်းလွင်၊ တရုတ်မဟုတ်ဘူး။ ဒီတော့ မင်က မျိုးရိုးနာမည်မဟုတ်ဘူး။ မျိုးရိုးနာမည်လည်းမရှိဘူး။"

"အာ.... မျိုးရိုးနာမည်မရှိတဲ့ ဗမာလား၊ ကျွန်မက ရှင့်ကိုတရုတ်လို့ထင်နေတာ။"

"အဲ...အတိအကျတော့မဟုတ်ဘူး။ ဗမာရောတရုတ်ပါသွေးဆက်နေတဲ့ ဆူဗာနာတိုင်းပြည်လေးကလာတာလေ။"

"ဪ...." ရုတ်တရက် ကျောင်းတက်ခေါင်းလောင်းမြည်လာတယ်။ ဆိုဖီယာက သူ့ကိုလက်ပြပြီး သက်ဆိုင်ရာအခန်းဖက် လှည့်ထွက်သွားတယ်။

"ဘိုင့်၊ နောက်မှတွေ့မယ်။"

"ဘိုင်..."

....

ကျောင်းဆင်းတော့ တင်မီက ၁၉၈၀လောက်က အမိုးဖွင့်ပြိုင်ကားအနီလေးပေါ်မှာ သူ့ကိုထိုင်စောင့်နေတယ်။ မင်းလွင်ကတော့ ဆဲမိလုမတတ်ဘဲ။

"ဖာ့၊ မင်းဘယ်တွေသွားနေတာလဲ။ ဆရာမေးနေသေးတယ်။"

နားချိန်အပြီး အတန်းတွေပြန်စတော့ တင်မီရှိမနေခဲ့ဘူး။ အခုတော့ ဘယ်ကမလာမှန်းမသိတဲ့ဂန္တဝင်ပြိုင်ကားကြီးပေါ်မှာ အခန့်သားရယ်။ 'ပြီးတော့ ဒီဇယ်ကားကြီးမဟုတ်လား။ ခုခေတ်မှာဓာတ်ဆီနဲ့ဒီဇယ်ကားတွေကို မြို့တွင်းမမောင်းဖို့ ကန့်သတ်ထားတာလေ။ အကုန်လုံးက လျှပ်စစ်ကားတွေဖြစ်နေပြီ။ အဝေးပြေးလမ်းပေါ်မှာတောင် ရုပ်ကြွင်းလောင်စာဆီသုံးခွင့်လိုင်စင်ရှိမရှိ စစ်တာခံရဦးမှာ။ ပြီးတော့ အထက်တန်းကျောင်းသားတွေဆိုတာက ကားမောင်းလို့ရတဲ့အရွယ်မရောက်သေးဘူးလေ။ ဒီကောင်တစ်ပြိုင်နက်တည်း ဥပဒေနှစ်ခုချိုးဖောက်နေတာ။'

"ဟိုင်းဘတို၊ ငါ့ဒေါ်လေးရည်းစားဆီက ကားသွားငှားတာလေ။ ပြီးရင် ငါ့ကိုမှတ်စုတွေငှားဦး။"

"ငလူးကောင်၊ မင်းမှာ ကားမောင်းလိုင်စင်လည်းမရှိဘဲနဲ့။ ပြီးတော့ ဒီဇယ်ကားကြီးနဲ့မြို့ထဲဘာလုပ်မလို့လဲ။"

"ဟိုဟိုဒီဒီလျှောက်လည်မယ်လေ။"

တင်မီက သတ္တုအချိုရည်ဘူးလေးတစ်ဘူးကိုပစ်ပေးလိုက်တယ်။ သူကိုယ်တိုင်ကတော့ စျေးမြင့်မြင့်ဘီယာဘူးကိုထုတ်ပြီးအဖုံးဖွင့်လိုက်တာပေါ့။ 'လခွမ်း၊ ဒီကောင် အယ်ကိုဟောသောက်ပြီး ကားမောင်းမလို့လား။ ဒီကောင်ချိုးဖောက်နေတဲ့ဥပဒေက သုံးခုဖြစ်သွားပြီနော်။'

မင်းလွင်ကတော့ သူ့ပုလင်းကိုကြည့်လိုက်ရာအပေါစား Cokeအတုဖြစ်နေမှန်းတွေ့လိုက်ရပြီး ဒေါသတွေအလိပ်လိုက်တက်လာလေရဲ့။ ဒီကောင်နည်းနည်းတော့များနေပြီ။ Colaတို့

Pepsiတို့ဆို နည်းနည်းသည်းခံပေးလိုက်လို့ရသေးတယ်။ သူမျက်ခုံးပင့်လိုက်ပြီး...

"ခွေးမသား...."

"ဘာလဲ၊ မင်းကလူလိမ္မာလေးဆိုတော့ ဘီယာသောက်မှါမဟုတ်တာနဲ့ အချိုရည်ဝယ်လာတာလေ။ စက်ထဲမှာ အချိုရည်အဲဒါပဲကျန်တော့တာ။"

တင်မီက ကားဘေးမှာရှိနေတဲ့ အချိုရည်စက်ကို လက်ညိုးညွန်ပြလိုက်တယ်။ ကလေးကြိုက် ဂျယ်လီဘူးသေးသေးလေးများမှအပ တခြားဘာမှမကျန်တော့ပေ။

"......"

"ဘာလဲ...မင်းက ဂျယ်လီစားချင်လို့လား။"

"နေပါ..."

တင်မီက ကားတံခါးကို မင်းလွင်အတွက် ဖွင့်ပေးလိုက်တယ်။

"ငါ့ကောင်ရေ၊ ကားပေါ်တက်။ ဒီညနေရာစုံလှိမ့်ကြမယ်။ ညနက်မှပြန်မယ်ဟေ့။"

"ဟေးဘတို၊ နောက်ဆုံးစာမေးပွဲက နောက်သုံးလပဲလိုတော့တာနော်။"

"သုံးလဆိုတော့ ရက်ကိုးဆယ်၊ အေးဆေးတက်သာတက်။"

"....."

"အဖမ်းခံရရင် ဘယ်လိုလုပ်မလဲ။" မင်းလွင်က မဲ့ရွဲ့ပြီးမေးလိုက်တော့ တင်မီက သူ၏ဖုန်းကိုဖွင့်ပြလိုက်တယ်။ ဘဏ်အကောင့်appတစ်ခုပေါ်လာပြီး သုညဆယ်လုံးထက်မနည်းပြနေလေရဲ့။ တင်မီက မီလီယံနာဆိုတာ မင်းလွင်ခဏမေ့သွားတဲ့ပုံပဲ။

"ငွေရှိရင် ဘာမဆိုဖြစ်တယ်ကွ။"

ဘူး....။ သက်တမ်းရင့်နေသည့် ဒီဆယ်အင်ဂျင်မှ မီးခိုးမည်းမည်းများ လှိမ့်တက်လာပြီးနောက်ကျောင်းအဝင်ဝတစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ ကျောင်းသားအတော်များများကတော့

မီးခိုးလုံးကြီးထဲ ချောင်းတဟွက်ဟွက်ဆိုးရင်းကျန်နေခဲ့တာပေါ့။

......

"ဟားဟားဟား.... ငါက ပြိုင်ကားဘုရင်ကြီးတင်မီကွ။ မင်းတို့လို ဓာတ်ခဲထည့်သုံးရတဲ့ရဲကားလေးတွေ ငါ့ကိုလိုက်မမီပါဘူးကွ။"

ခေတ်ဟောင်းပြိုင်ကားအနီလေးက လေးလမ်းမောင်း အဝေးပြေးလမ်းပေါ်တွင် ရူးသွပ်စွာပြေးလွှားနေသည်။ သူတို့၏နောက်တွင်တော့ ရဲကားအတန်းလိုက်ကြီးပါလာ၏။ မင်းလွင်ကတော့ ထိုင်ခုံခါးပတ်ကို မြဲမြဲပတ်ထားရင်း အ

သက်ကိုလုရှုနေသည်။ ယခင်ကမရှိခဲ့ဖူးသည့် အမြန်နှုန်းကြောက်ရောဂါပင် ထက်တိုးလာတော့မလိုခံစားနေရ၏။

တကယ့်ကောင်တင်မီက ကားကိုပြောင်းပြန်မောင်းပြီး ရဲကားများကို ရန်စနေခြင်းဖြစ်၏။ မှန်ပေသည်။ လမ်းပြောင်းပြန်မောင်းခြင်းမဟုတ်ဘဲ ကားပြောင်းပြန်မောင်းနေခြင်းပင်။

"ဟေးဟေး၊ ကောင်လေး။ ကားနောက်ကိုသေချာကြည့်ပေးထားနော်။ ဒီဖေဖေကြီးက ဂေါက်စနူးရဲလေးတွေကို ပညာပြပေးလိုက်ဦးမယ်။"

"ဟေးဘတို၊ ငါတို့နောက်ကို ဟီးရိုးတွေပါလိုက်နေပြီဟ။"

မင်းလွင်က သူတို့ကားနှင့်အပြိုင်ပြေးနေသော နှံကောင်လိုဝတ်ထားသည့် ပိန်ခြောက်ခြောက်ဟီးရိုးကို လှည့်ကြည့်လိုက်သည်။ ဟီးရိုးက သူတို့နှစ်ယောက်ကို လက်ထောင်ပြလိုက်၏။

"ရို့ကောင်လေးတွေ၊ ငါက C rank ဟီးရိုး chirruner ပါ။ မင်းတို့ကောင်တွေ နောက်မီတာသုံးရာအကွာမှာရပ်စောင့်နေတဲ့ Musclecutieကိုဝင်မတိုက်ခင် ရပ်လိုက်တာကောင်းမယ်။"

"Musclecutie.. ချီးထဲမှ။"

မင်းလွင်ရောတင်မီပါ ကားနောက်ကိုလှည့်ကြည့်လိုက်သည်။ တကယ်ကြီး ဓာတ်တိုင်သုံးတိုင်စာအကွာတွင် အရပ်ခုနစ်ပေခန့်ရှိသည့် မာဆယ်အပြည့်နှင့်ဦးလေးကြီးတစ်ယောက်က ကားလမ်းပေါ်တွင် ထိုစောင့်နေသည်။ ချစ်စရာကောင်းသော အိမ်စေဝတ်စုံကလေးဝတ်ကာ ယုန်နားရွက်ကိုခေါင်းစွပ်ထားပြီး ကမ္ဘာကြောက်စရာအကောင်းဆုံးအိမ်စေမိန်းကလေး Cosplayer ဖြစ်မည့်ပုံပေါ်သည်။ ထိုတစ်ယောက်က နယူးယောက်၏C rank ဟီးရိုးတစ်ယောက်ဖြစ်သော MuscleCutieပင်။

"ဟေးကောင်လေးတွေ၊ ဒီနာခံတတ်တဲ့ အိမ်စေလေးက မင်းတို့ကိုရဲစခန်းပို့ပေးဖို့ စောင့်နေတာကြာပြီ၊ မြန်မြန်လာခဲ့ကြ။"

"ဟေး၊ နိုး။"

"တင်...တင်မီ၊ ရဲကားတွေကိုရှောင်ပြီး တည့်မောင်းလို့ရမလား။ ဒီ.. ဒီသောက်ကျိုးနည်းထူးဆန်းတဲ့ဟီးရိုးတွေလက်ထဲတော့ အဖမ်းမခံနိုင်ဘူး။"

"ရတယ်လေ..."

တင်မီက ဟန်းကလက်ကိုဆွဲလိုက်ပြီး ကားကိုအီနားရှားအရှိန်ဖြင့် အစုန်ဖက်လမ်းသို့ပြောင်းလိုက်သည်။ အဆန်ဖက်မှလိုက်နေသောရဲများမှာ သူတို့လမ်းပြောင်းမောင်းမည်မထင်ထားသဖြင့် အငိုက်မိကုန်ကြ၏။

ဘူး...ဘရူး။

ပြိုင်ကားအနီလေးက ရဲကားနှင့်ဟီးရိုးများကို ဖုန်လုံးထဲချန်ထားပြီး မောင်းထုတ်သွားသည်။ နောက်ကြည့်မှန်မှတစ်ဆင့် သူတို့နောက်လိုက်ရင်း တဖြည်းဖြည်းမောကျန်နေခဲ့သော Chirrunerကိုကြည့်ရင်း မင်းလွင်သက်ပြင်းချလိုက်သည်။ ထိုအမြန်နှုန်းအသားပေးဟီးရိုးက သက်လုံသိပ်မရှိ၍သာ ကံကောင်းတော့သည်။ မဟုတ်ပါက သူတို့နှစ်ကောင်လုံး ရဲစခန်းတွင် ညအိပ်ရနိုင်၏။

ည....

တင်မီကတော့ မူးမူးနှင့် အိမ်ရာဝင်းအတွင်း ကားကိုပါကင်ထိုးထားလိုက်သည်။ ကားဘီးများမှာ ပြားချပ်နေပြီး ရှေ့ဘန်ဘာမှာတော့ရဲကားမှတိုက်ထားသဖြင့် ပိန်လိန်နေ၏။ ကားမှန်များလည်း အကောင်းအတိုင်းမရှိတော့ပေ။အခုလည်း ကားပါကင်ထိုးထားတာက ဖြစ်သလို၊ ပလက်ဖောင်းဘေး စွမ်းအင်ခြွေတာစနစ်ဖြင့် အိပ်နေသော အမှိုက်သိမ်းစက်ရုပ်ကို ဝင်ကျုံးထားပြီး အမှိုက်သိမ်းစက်ရုပ်ကလေးမှာ အော်တောင်မအော်နိုင်ဘဲ မီးခိုးများအလုံးလိုက်ထွက်ကာ ပျက်စီးသွားသည်။ တင်မီမှာ ပုလင်းလေးတစ်လုံးကိုဆွဲကာ လမ်းပေါ်တွင် ဒယိမ်းဒယိုင်လမ်းလျှောက်နေပြီး စုတ်ပြတ်သတ်နေသောကားနှင့် အသက်ထွက်သွားသည့်စက်ရုပ်ကို နည်းနည်းလေးမှ သောက်ဂရုမစိုက်။

"ဟေးမင်းလွင်၊ ဒီညငါ့အိမ်မှာအိပ်ကွာ။ ဗီလာစတိုင်အိမ်ရာမှာ မင်းတစ်ခါမှမအိပ်ဖူးဘူးမဟုတ်လား။ မင်းအခုငှားနေတဲ့တိုက်ခန်းက တစ်လဘယ်လောက်ပေးရလဲ။"

"ဒေါ်လာတစ်ထောင်။"

"ဘာ.... အဲဒီလောက်နဲ့မြင်းဇောင်းတောင်ငှားလို့ရလို့လား။"

"အင်း၊ တကယ်တော့ မြင်းဇောင်းအဟောင်းကြီးထဲမှာ ကွန်တိန်နာတွေချပြီးငှားစားနေတာ။ အခုနယူးယောက်မှာ မြင်းမွေးလို့မရတော့ဘူးလေ။"

"မာလင့်မုတ်ဆိတ်၊ ဘတိုငါနဲ့အတူနေမလား။"

မူးမူးနှင့်လျှောက်ပြောနေသော တင်မီကို မင်းလွင်မျက်မှောင်ကြုတ်ကြည့်လိုက်သည်။ ဒီသူဌေးသားအိမ်မှာကပ်နေရတာ ဆိုးလှသည်မဟုတ်။ သို့သော်လည်း အနှီကောင်ကိုကလေးထိန်းသလိုထိန်းရမှာတော့ ခပ်လန့်လန့်ရယ်။ ပြီးတော့ ကျောင်းကအပုပ်မတွေ ဝိုင်းshipတာခံရမှာလည်း ကြောက်ရသေးတယ်လေ။ ထို့ကြောင့် ပြတ်ပြတ်သားသားပင်ငြင်းလိုက်၏။

"မနေဘူး၊ ဒီတစ်ညပဲ။"

"ဟေးမန်း၊ မင်းက တော်တော်မာနကြီးတာပဲ။ မင်းသမီးလေး လီလီယာတောင် မင်းလောက်မာနမကြီးဘူး။"

မင်းလွင်ကတော့ မျက်လုံးသေကြီးများနှင့်ထိုအကောင်မူးမူးနှင့်ခြံတံခါးဖွင့်နေတာကိုကြည့်လိုက်သည်။ 'ဗြိတိန်အိမ်ရှေ့စံမင်းသမီးမာနကြီးတာနဲ့ ငါနဲ့ဘာဆိုင်လို့လဲ။'ဆိုသည့် မျက်နှာပေးမျိုး။

အတော်ကြာသည်၊ ဆယ့်ငါးမိနစ်လောက်ကြာသည်အထိ ခြံတံခါးပွင့်မလာပေ။

"ဝှက်သည်ဟဲ၊ ငါထုတ်လာတဲ့သော့က မှန်ပါတယ်နော်။ ဘတိုတစ်ချက်လောက်ကြည့်ကြည့်ဦး။"

မင်းလွင်သေချာကြည့်လိုက်တော့ ငမူးကောင်က ဘဏ်ကတ်ကြီးနှင့်ခြံတံခါးဖွင့်နေမှန်းတွေ့လိုက်ရသည်။

"ကိုယ့်လူ၊ အဲဒါဘဏ်ကတ်ကြီး... မေပယ်ဘဏ်လို့တောင် မီးစုန်းစာလုံးနဲ့ရေးထားသေးတယ်။"

"ဘာ...ဘဏ်ကတ်ကြီးလား။" တင်မီက ကတ်ကိုပြူးပြဲကြည့်လိုက်သည်။ နောက်မှ 'မှားတာမှားတာ'ဆိုပြီး ကတ်များကိုဆွဲထုတ်ရင်းတစ်ခုချင်းရှာကြည့်၏။ တစ်ခုမှ ဗီလာခြံတံခါးဖွင့်တဲ့ဟာမပါ။

"ဘတို၊ ငါတို့တော့ ခြံအပြင်မှာ အိပ်ရတော့မယ်ထင်တယ်။" တင်မီက မျက်နှာငယ်လေးဖြင့် မင်းလွင်ကိုကြည့်လိုက်သည်။ သူတို့အမူးလွန်ပြီး မြို့ထဲကားပတ်မောင်းနေတုန်း ကတ်ပျောက်သွားတာဖြစ်နိုင်သည်။ ဒါမှမဟုတ် သူတို့အသက်မပြည့်သေးဘဲ ဘားထဲခိုးဝင်ဖို့လုပ်ရင်း ဂိုဏ်းစတားတွေရိုက်တာခံရတုန်းက ကျပျောက်လည်းဖြစ်နိုင်၏။ အဆိုးဆုံးဖြစ်နိုင်ခြေက ဘဏ်ကတ်အမှတ်နှင့်အပျော်မယ်ကိုမုန့်ဖိုးဆိုပြီး လျှို့ဝှက်နံပါတ်နှင့်တကွ ဘောက်ဆူးပေးမိတာလည်းဖြစ်နိုင်သည်။ သူတို့နှစ်ကောင်

အဖြစ်က ဒဏ္ဍာရီလာအမူးသမားလေးဦးရုပ်ရှင်ထဲက မင်းသားများနှင့်တောင် ခပ်ဆင်ဆင်ရယ်။

မင်းလွင်ကတော့ မျက်ဖြူလှန်ပြရင်း ကောင်းကင်ကြီးကိုသာ မော့ကြည့်လိုက်တော့သည်။ ညက အေးလာပြီ။ အပြင်မှာတကယ်အိပ်ရရင်ခဲသေဖို့သာရှိ၏။ တစ်ပြိုင်နက်တည်း တင်မီနှင့်သူ့မိဘများကို ဆဲချင်စိတ်ပေါက်လာသည်။ အသက်ဆယ့်ရှစ်နှစ်မပြည့်သေးတဲ့ အထက်တန်းကျောင်းသားလေးကို မိဘအုပ်ထိန်းမှုမပါဘဲနယူးယောက်လို သောက်ကျိုးနည်းမြို့ပေါ် လွှတ်ထားတာလား။ ဘယ်လိုမိဘတွေလဲ။

ပြောသာပြောတယ်၊ သူလည်း ဒီမြို့ပေါ်ကို မိဘမပါဘဲ ကျောင်းလာတက်နေရတာလေ။

"ဟားဟား...အကြံရပြီ၊ တင်မီကြံရင် ဘယ်ကောင်မှမခံနိုင်ဘူးကွ။"

တင်မီက ဝက်အူလှည့်လေးတစ်ချောင်းကိုထုတ်လိုက်ပြီး တံခါးလုံခြုံရေးစနစ်နားကပ်သွားသည်။ သူ့မျက်နှာကတော့ စပ်ဖြဲဖြဲနှင့်။

"ဟေး... မင်းအဲဒီဆားကစ်ဘုတ်ကြီးကို တစ်စစီဖြုတ်ပစ်မလို့ မဟုတ်ပါဘူးနော်။"

"ဘတိုမင်းဖုန်းပါလာလား၊ မင်းဒါလောက်တော့ ဟက်တတ်တယ်မဟုတ်လား။"

"ဟက်...ငါလခွမ်း၊ အဆင့်မြင့်ဗီလာလုံခြုံရေးစနစ်ကိုလား။"

မင်းလွင်က ပေါက်ကရကြံနေသော တင်မီကိုမယုံနိုင်စွာဖြင့်ကြည့်လိုက်သည်။ အင်မတန်ဉာဏ်ကောင်းသောမင်းလွင်မှာ အင်ဂျင်နီယာပညာရပ်များတွင်များစွာပါရမီပါပြီး ဟီးရိုးအ

ထောက်အကူပြု ပရိုဂရမ်တစ်ခုနှင့်ကိရိယာတစ်ခုကိုပါကိုယ်တိုင်ရေးဆွဲတီထွင်ခဲ့သည့်အကြောင်း မေ့ထား၍မရပေ။ သူက ဟက်ကာလည်းလုပ်နိုင်ပေ၏။ အသံမြည်သည့်ဝက်ဝံ

ရုပ်ကလေးအတွင်းမှ ဆားကစ်သာသာ လုံခြုံရေးသော့ကို သူလွယ်လွယ်နှင့်ဖြုတ်နိုင်ပါသည်။

"လုပ်တတ်လားလို့...."

"လုပ်တတ်တယ်...."

"လုပ်ပေး...."

"....."

မင်းလွင်က သူ၏tabletအရွယ် ဖုန်းအမည်းကြီးကို ထုတ်လိုက်သည်။ ယနေ့ခေတ်ဖုန်းများနှင့်ယှဥ်ပါက တော်တော်ထူပြီး အနီးကပ်ကြည့်ပါက သာမန်tabletများနှင့်မတူမှန်းသိနိုင်၏။

CD roam, USB input နှင့်သာမန်tabletများတွင်မပါသည့် အခြားhardwareများပါက အသေးစားစူပါကွန်ပျူတာတစ်လုံးနှင့်ဆင်နေသည်။ မည်သည့်တံဆိပ်မှမပါဘဲ သူကိုယ်

တိုင်တပ်ဆင်ထားသည့် ကိုယ်တိုင်လုပ်ဖုန်းဖြစ်၏။ ပြောရရင် အယုတ်တမာကောင် မင်းလွင်က Teslaဆင်းကတ်တစ်ခုကိုပင် ကလုန်းပွားထားပြီး မြန်နှုန်းမြင့်6G ကွန်ယက်တစ်ခုကို ဖရီးဂုန်းဆင်းနိုင်အောင်ပါ ဒီဇိုင်းဆွဲထားသေးသည်။ ထားတော့၊ ပထမတန်းစားဟက်ကာအားလုံးမှာ ကိုယ်ပိုင်စူပါကွန်ပျူတာတွေရှိတတ်တာပဲမဟုတ်လား။ မင်းလွင်ကတော့ အပျက်ထဲကအကောင်းအကုန်လုံးကို စုတပ်ပြီးစူပါကွန်ပျူတာအသေးစားလေး လုပ်ထားရုံသာရှိသည်။

တီ...တီ...တီ...

စက္ကန့်နည်းနည်းကြာရုံနှင့် တံခါးပွင့်သွားသည်။ မင်းလွင်ကတော့ မျက်နှာကြီးမဲ့ရွဲ့နေ၏။

"တံခါးခိုးဖွင့်တာ လုံခြုံရေးရုံးကသိသွားပြီး ငါတို့ကိုလာဖမ်းရင် ဘယ်လိုလုပ်မလဲ။"

"ပူမနေနဲ့၊ အိမ်ပိုင်ရှင်က ငါပဲဥစ္စာ။ ကိုယ့်အိမ်ကိုဘယ်နည်းနဲ့ဖွင့်ဖွင့် သူတို့စွပူမပါဘူး။ ပြီးတော့ မင်းကလည်း ဆုတောင်ရထားတဲ့ကောင်လေ၊ ဘာတွေကြောက်နေတာလဲ။ အိမ်ရာလုပ်ငန်းလေးတစ်ခုမှာ ဝှိုက်ဟက်ကာတစ်ယောက်ရှိမယ်မထင်ဘူး။"

"ဘာပဲဖြစ်ဖြစ် ငါစွန့်စားထားရတာ၊ ဒေါ်လာသုံးထောင်ပေး။"

"....."

ခမ်းနားသည့် ဗီလာအိမ်ကြီးထဲတွင်ဖြစ်သည်။

အစိမ်းရောင်တောက်ပနေသည့် မျက်လုံးများနှင့် ရွှေရောင်ဆံပင်များရှိသော အလှလေးကပုဝါရှည်ကိုပတ်ကာ ရေချိုးခန်းထဲမှထွက်လာသည်။ ရုတ်တရက် သူရေချိုးခန်းတံခါးရှေ့တွင်ချထားခဲ့သော ထွင်းဖောက်မြင်နိုင်သည့်ဖုန်းက အနီရောင်ပြောင်းသွားပြီး သတိပေးစာတစ်ခုတက်လာသည်။

[သတိ: သင့်ခြံလုံခြုံရေးတံခါးကို တစ်ယောက်ယောက်က ဟက်ပြီးဖွင့်နိုင်သွားသည်။ အလိုလျောက်ကာကွယ်မှုစနစ်ကျရှုံး။]

ကောင်မလေးမျက်နှာက ချက်ချင်းမည်းမှောင်သွားပြီး လှေကားခြေဆင်းမှစတိုခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။ အထဲမှာတော့ မော်ဒယ်မျိုးစုံသည့် သေနတ်များနှင့်ကျည်ဆန်အမျိုးမျိုး

တို့ရှိနေ၏။

ကောင်မလေးက တစ်ယောက်တည်းရေရွတ်လိုက်သည်။

"ရတနာအမဲလိုက်သူတွေနေမယ်၊ ဒီကောင်တွေငါ့နောက်ကိုလိုက်နေတာ ၃လလောက်ရှိပြီ။ ဒီတစ်ခါတော့ ထိပ်တိုက်တွေ့ကြပြီပေါ့။"

....

"ဟေး၊ဘတို မင်းသော့ကရော မှန်ရဲ့လား။ သော့ပါပျောက်နေတာလား။"

ငမူးကောင်တင်မီကိုကြည့်ရင်း မင်းလွင်နည်းနည်းစိတ်ပျက်လာ၏။ တင်မီက ရွှေရောင်သော့လေးတစ်ချောင်းကိုကိုင်ထားပြီး တံခါးဖွင့်နေသော်လည်း အခုထိပွင့်မလာပေ။ တင်မီကတော့ ဘူးခံငြင်းနေ၏။

"အိမ်သော့တော့ မပျောက်ပါဘူးဟ။ ရိုးရိုးသော့ဆိုတော့ ကားသော့နဲ့တွဲထားတာလေ။ ငါနဲ့အတူပါလာတယ်။ ဘာကြောင့်မှန်းမသိ ဖွင့်မရတာပဲရှိတာ။"

"ဘတို၊ မင်းဘက်မှားပြီးလှည့်နေတာနေမှာ။"

"အား...ဟုတ်တာပေါ့၊ ခေတ်ဟောင်းပုံစံသော့တွေက ဘက်မှားတတ်တယ်လေ။ ဒီဂျစ်တယ်တွေလိုမှမဟုတ်တာ။"

တင်မီက ပြောပြောဆိုဆိုနှင့်နာရီလက်တံအတိုင်းလှည့်နေရာမှ ပြောင်းပြန်လှည့်လိုက်၏။ ချက်ချင်းပင် ထောက်ခနဲအသံနှင့်အတူသော့ကျိုးသွားသည်။

"အား... ငါခေတ်ဟောင်းပစ္စည်းတွေကိုမုန်းတာ အဲဒါပဲကွ။"

"အခုဘာလုပ်မလဲ။"

တင်မီက သော့အိမ်ထဲမှသော့အကျိုးကို သံလိုက်ဖြင့်ဆွဲယူလိုက်ရင်း ကြေးနန်းကြိုးလေးတစ်ချောင်းကို အိတ်ကပ်ထဲမှဆွဲထုတ်

လိုက်သည်။

"ငါမျက်လှည့်သင်တန်းမှာတုန်းက သူခိုးသော့ဖွင့်နည်းသင်လာတယ်။"

"ဟေးဘတို၊ ဗီလာအိမ်ရာကသော့တွေက အာမခံသော့တွေလို့ထင်တယ်။ ဒီနည်းကအလုပ်မဖြစ်လောက်ဘူး။"

ထောက်။

သို့သော် တင်မီသော့ထည့်ပြီးလှည့်ပြီးပြီးချင်းတံခါးဟသွား၏ တင်မီက မင်းလွင်ကိုလှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။

"တွေ့လား၊ အလုပ်ဖြစ်ပါတယ်။" သို့သော် မင်းလွင်မျက်နှာကတော့ ဖြူဖျော့နေပြီး သူ့ကိုအမျိုးမျိုးမျက်စမျက်နပစ်ပြနေ၏။ တင်မီလှည့်ကြည့်လိုက်တော့ တံခါးကအတွင်းမှ

ဖွင့်လိုက်ခြင်းဖြစ်ကာ သူတို့နှင်ရွယ်တူကောင်မလေးတစ်ယောက်က သူတို့ကို ရိုင်ဖယ်သေနတ်ကြီးနှင့်ချိန်ထားပြီး သူတို့

စကားပြောလို့ပြီးသည်အထိ စောင့်နေသည်။

"ကောင်လေးတွေ၊ သူများအိမ်တံခါးကို အတင်းဖွင့်ပြီးဝင်ဖို့လုပ်နေတာ ယဥ်ကျေးရာမကျဘူးနော်။"

"......"

တင်မီက သေနတ်ကြီးနှင့်ကောင်မလေးကို ကြည့်ပြီးနောက် မင်းလွင်ကိုပြန်ကြည့်လိုက်ကာ မေးလိုက်၏။

"သူဘယ်လိုလုပ်ပြီး ငါ့အိမ်ထဲရောက်နေတာလဲ။" မင်းလွင်ကတော့ နှုတ်ဆိတ်နေသည်။ သူနည်းနည်းတော့ သဘောပေါက်နေပြီဖြစ်သော်လည်း မသေချာ၍မပြောချင်ပေ။ တင်မီလည်း ဖြည်းဖြည်းချင်းသဘောပေါက်သွားပြီး ကောင်မလေးကို လှည့်ကြည့်ကာမေးလိုက်၏။

"ခြံနံပါတ်ဘယ်လောက်လဲ..."

"၁၆... ရှင်ဘယ်လိုထင်လို့လဲ။"

တင်မီက တုန်ရီနေသော သူ့လက်ကလေးကို ရှေ့သို့ထုတ်လိုက်ပြီး လက်ဆွဲနှုတ်ဆက်ချင်ကြောင်းပြလိုက်သည်။

"ဟိုင်းမစ်၊ ကျွန်တော်က ခြံနံပါတ် ၁၅က မစ္စတာ တင်မီ ဂရီဂိုရီပါ။ တွေ့ရတာဝမ်း..."

သူစကားမဆုံးခင်မှာပင် ကောင်မလေးက သေနတ်ဒင်ဖြင့် တင်မီ၏မျက်နှာကို ရိုက်ချလိုက်တော့သည်။

....

"အား....အား.... မ...မပစ်ပါနဲ့။"

တင်မီနှင့်မင်းလွင်တို့နှစ်ဦးမှာ ခြံဝင်းထဲတွင်ပတ်ပြေးနေရပြီး မျက်လုံးစိမ်းများနှင့်မိန်းကလေးမှာတော့ ရိုင်ဖယ်သေနတ်ကြီးကိုကိုင်ကာသူတို့ကိုလိုက်ပစ်နေသည်။

"ထိန်း....."

"ဆိုဖီယာ...ကိုက ကျောင်းကတင်မီလေ။ မမှတ်မိဘူးလား။"

တင်မီက တိုင်တစ်တိုင်နောက်တွင် ဝင်ပုန်းနေရင်းမှ ခေါင်းပြူကြည့်ပြီး ပြောလိုက်၏။ သို့သော် သေနတ်ပြောင်းဝက သူ့မျက်နှာတည့်တည့်ချိန်ထားသဖြင့် ခေါင်းကိုချက်ချင်းတိုင်

နှင့်ကွယ်ထားလိုက်ရသည်။

ထိန်း...။

ရာဘာကျည်ဆန်က တိုင်လုံးကိုထိမှန်သွားပြီး ကျောက်အပိုင်းအစများ နေရာအနှံပြန့်ကျဲကုန်သည်။ ကောင်မလေးက သူတို့ကို ရာဘာကျည်နှင့် ပစ်နေခြင်းကြောင့်သာမဟုတ်လျှင် သေကုန်တာကြာလောက်ပြီ။

မင်းလွင်ကတော့ သူ၏ညိုမည်းစွဲနေသော ခြေထောက်မှ ရာဘာသေနတ်ကျည်ရာကြီးကိုကြည့်လိုက်ပြီး ငိုမဲ့မဲ့ဖြစ်သွားသည်။ အမေမွေးကတည်းက ဒီလောက်နာသည့်နာကျင်မှုကို မခံစား

ခဲ့ရဖူးပေ။

"ဆို...ဆိုဖီယာ... ငါတို့တကယ်ပဲမရည်ရွယ်ပါဘူး။ မူးမူးနဲ့အိမ်မှားဖွင့်မိတာပါ။"

"ကျွန်မလုံခြုံရေးတံခါးကို ဟက်ပြီးခြံထဲဝင်လာတယ်၊ တံခါးကိုလည်း သူခိုးသော့ဖျက်နည်းနဲ့ဖျက်ဖို့လုပ်တယ်။ ရှင်တို့က နည်းနည်းလေးမှယုံစရာမရှိတာ သိရဲ့လား။ ရှင်တို့က သေချာပေါက် သူခိုးတွေပဲဖြစ်ရမယ်။"

ညအမှောင်ထဲတွင် ဆိုဖီယာ၏မျက်လုံးစိမ်းစိမ်းများက တောက်ပနေကာ ရေချိုးခန်းပုဝါကိုသာဝတ်ဆင်ထားသဖြင့် ပေါင်တံဝါဝါဝင်းဝင်းကလေးကို သူတို့နှစ်ယောက်လုံးမြင်နေရ

သည်။ ရုတ်တရက် ဆိုဖီယာရှေ့သို့လှမ်းလိုက်စဥ် ပုဝါက လျှောကျသွားပြီး ရင်သားတစ်ဝက်ပေါ်သွား၏။ ချက်ချင်းပင် စန္ဒါလမင်းကြီးပေါ်မှ အလင်းတန်းတစ်ခု​ကျလာပြီး မမြင်အပ်သော နေရာလေးကို ဖုံးပေးလိုက်သည်။

မင်းလွင်:.....

ဆိုဖီယာ:....

တင်မီ: "အိုးမိုင်ဂေါ့၊ E cup အပြည့်ဟ။"

ချက်ချင်းပင် ဆိုဖီယာ၏မျက်နှာမှာနီမြန်းသွားပြီး သူတို့နှစ်ကောင်ကို ရှက်ယမ်းယမ်းကာ အသည်းအသန် သေနတ်ဖြင့်လိုက်ဆော်တော့သည်။

"ပြေး...ပြေး....."

"ဘာလို့ပေါက်ကရတွေသွားပြောတာလဲကွ၊ အခုအပစ်ရပ်ဆွေးနွေးဖို့ မဖြစ်နိုင်တော့ဘူး။"

ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်မှာ ခြံဝင်းတံခါးကိုဖွင့်ပြီး လမ်းပေါ်တက်ပြေးကြသည်။ နောက်မှလိုက်နေရင်း ကျည်ကုန်သွားသည့် ဆိုဖီယာက ရိုင်ဖယ်သေနတ်ကြီးကိုပစ်ချပြီး ပန်းခြံထဲမှ ကပ်ကြေးအကြီးကြီးကိုဆွဲကာ သူတို့နောက်မှပြေးလိုက်နေ၏။ ရေချိုးခန်းပုဝါလေးကတော့ လေထုထဲတလွင့်လွင့်။ လက်ထဲမှ ကပ်ကြေးအကြီးကြီးကြောင့်မဟုတ်ပါက

ကဗျာဆန်လိုက်မည့်ဖြစ်ခြင်း။

အိမ်ရာလမ်းမပေါ်တွင်တော့ အနက်​ရောင်ဘင်ကားတစ်စီး စက်နှိုးလျက်ရပ်ထားသည်။ အတွင်းတွင်တော့ သူခိုးကဲ့သို့ဝတ်စုံအပြည့်ဝတ်ထားသည့် လူသုံးယောက်ရှိနေပါသည်။ သူတို့​က လမ်းပေါ်ပတ်ပြေးနေသော လူငယ်သုံးယောက်ကိုကြည့်ကာအချင်းချင်းမျက်စပစ်လိုက်ပြလိုက်၏။

"ဒါက ငါတို့ပစ်မှတ်ဖြစ်တဲ့ ကျောက်ကုန်သည်အိမ်မဟုတ်လား။ ဘာလို့အရူးထောင်နဲ့တူနေတယ်လို့ ထင်မိနေပါလိမ့်မယ်။"

အငယ်ဆုံးဖြစ်ပုံပေါ်ပြီး ကိုရီးယားမင်းသားလိုချောသော်လည်း ဆံပင်ဗိုလ်ကေဖြစ်နေသည့် သူခိုးလေးက သူ၏Tabletကို အခြားနှစ်ယောက်ရှေ့ပြလိုက်၏။ ဆိုဖီယာ၏ပုံနှင့်ဂလက်ဆီရတနာအရောင်းဆိုင်၏ပုံကို ယှဥ်တွဲပြထားသည်။

"မမှားဘူး၊ အဲဒါဂလက်ဆီရတနာအရောင်းဆိုင်ရဲ့ဒုတိယအကြီးဆုံးရှယ်ယာရှင်ပဲ။ ကမ္ဘာ့သက်တမ်းအရင့်ဆုံးစိန်တွေကို စိန်တွင်းမရှိဘဲ လေလံတင်ရောင်းနေတဲ့သူလေ။ သူတို့စိန်ရလာတယ်လို့ပြောတဲ့စိန်တွင်းတွေ​က အကုန်လုံးတကယ်မရှိတဲ့ အတုတွေချည်းပဲ။ ဆူဗာနာနိုင်ငံက စိန်တွင်းဘလာလာ၊ ဆူဗာနာက ဘာတွင်းထွက်မှမရှိတဲ့ဥစ္စာ။ ဘယ်သူမှ သူတို့စိန်တွေဘယ်ကရလာမှန်းမသိကြဘူး။ တချို့ကတော့ဖရီးမယ်ဆင်တွေထားခဲ့တဲ့ ရတနာသိုက်ကြီးကိုရှာတွေ့ထားတာလို့ပြောကြတာပဲ။"

"ဖရီးမယ်ဆင်... မင်းဒီလိုဟာတွေလည်း ယုံတာပဲလား။"

"အင်တာနက်မှာတော့ ကောလာဟလတွေအများကြီးပဲ။ မြူတန့်တွေဖြစ်လာတာတောင် သူတို့နဲ့ပတ်သက်တယ်တို့ဘာတို့လေ။ တကယ်လည်းရှိနိုင်တာပဲမဟုတ်လား။ ငါတို့ညသူခိုးအဖွဲ့ဆိုလည်း လျှို့ဝှက်အဖွဲ့ပဲဥစ္စာ။"

အသက်အကြီးဆုံးဖြစ်ပုံရသည့် ထိပ်ပြောင်ပြောင်လူကြီးက အငယ်ဆုံးလေး၏ခေါင်းကိုပွတ်လိုက်သည်။ မသိရင် လသားကလေးကိုချော့နေသလိုလို။ ထိပ်ပြောင်ငနဲ၏ပုံစံက ရုရှား

မှ ကြေးစားစစ်သားဟောင်းများ၏ရုပ်နှင့်တူပြီး လက်မောင်းတွင်တော့ ဆိုဗီယက်တင့်တက်တူးရှိနေ၏။

"နံပါတ်သုံး၊ ဟိုနှစ်ကောင်ကရော ဘာလို့အရိုက်ခံနေရတယ်ထင်လဲ။"

နံပါတ်သုံးဆိုသည့်သူခိုးလေးက သူ၏Tabletမှမြင်ကွင်းကို ပြောင်းလိုက်၏။ ဓာတ်တိုင်မှ CCTVမှရိုက်ထားသော ပုံရိပ်များ

ကိုပြသနေသည်။ တင်မီနှင့်မင်းလွင်တို့နှစ်ယောက် ခြံတံခါးကိုဟက်နေသည့်ပုံဖြစ်၏။

"ဝှက်သည်ဟဲ... ကြယ်ငါးပွင့်အဆင့်မြင့်လုံခြုံရေးတံခါးကို ဟက်သွားတာလား။ နံပါတ်သုံး၊ မင်းတောင်မလုပ်နိုင်ဘူးမဟုတ်လား။"

"အင်း...ဒီနှစ်ကောင်က ကျွမ်းကျင်တဲ့ ဖောက်ထွင်းဝိဇ္ဇာတွေဖြစ်မယ်။"

"အား...နားလည်ပြီ။" ထိပ်ပြောင်က နံပါတ်သုံးကို လက်ညိုးဖြင့်ဖြစ်သလိုထိုးရင်း ရယ်မောလိုက်၏။

"ဒါဖြင့် ဒီကောင်တွေက ငါတို့ရဲ့အကြံတူရန်သူတွေပေါ့။"

"အစ်ကိုတစ်၊ ညီလေးသုံး။ သူတို့တွေ ငါတို့ကိုသတိမထားမိခင် လှုပ်ရှားလိုက်ကြရအောင်။"

တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် မုတ်ဆိတ်မွှေးများနှင့်အရှေ့အလယ်ပိုင်းသားက ဝင်ပြောလိုက်၏။ သူ၏လက်ထဲတွင်တော့ လျှပ်စစ်ရှော့တိုက်စက်ကို ဗုံးရီမုလိုကိုင်ထားသည်။ ထိပ်ပြောင်ရုရှားကြီးကတော့ အရှေ့အလယ်ပိုင်းသား၏ခေါင်းကို ထုချလိုက်၏။

"ငတုံး၊ ခုထိဗုံးခလုတ်ကိုင်ချင်တဲ့ဗီဇက မပျောက်ဘူး။"

"အကျင့်ပါသွားလို့ပါဗျ။"

သို့နှင့်ရုရှားကြေးစား၊ မြောက်ကိုရီးယားသူလျှိုနှင့်တာလီဘန်ပုံစံပေါက်နေသော သူခိုးညီအစ်ကိုသုံးယောက်က အနက်ရောင်ဘင်ကားပေါ်မှဆင်းလာပြီး ကျဥ်စက်ကလေးများကိုယ်စီကိုင်

ကာ ပြုံးဖြဲဖြဲမျက်နှာဖြင့် ယခုအထိပတ်ပြေးနေကြ​သော လူငယ်သုံးယောက်ထံ ချဥ်းကပ်သွားကြ၏။ ထို့နောက်တွင်တော့....

"အီး....အားအားအားအားအား...."

တင်မီက အရင်ဆုံးရှော့တိုက်ခံလိုက်ရပြီး မြေပေါ်လဲကျသွား၏။ မင်းလွင်ကတော့ရုရှားဦးလေးကြီးရှော့တိုက်မည့်ဘေးမှ သီသီလေးရှောင်လိုက်နိုင်ပြီး ထွက်ပြေးရန်ကြိုးစား

သော်လည်း ကိုရီးယားလူငယ်က တစ်ဖက်တွင်အသင့်စောင့်နေပြီးဖြစ်ကာ သူ့နှာခေါင်းကို တစ်ခါတည်းရိုက်ချိုးလိုက်သဖြင့်

မြေပေါ်ပုံခနဲလဲကျသွား၏။ ဆိုဖီယာကတော့ လက်ဝှေ့မယ်စတိုင်ခင်းရင်း ထိုသုံးယောက်ကိုယှဥ်တိုက်ရန် ကြိုးစားလိုက်သေးသော်လည်း အရှေ့အလယ်ပိုင်းသားက သူ့လက်ထဲကိုင်ထားသည့်ကျဥ်စက်ကို အဝေးပစ်ပုံစံပြောင်းပြီး ပစ်လိုက်ရာ တစ်ကိုယ်လုံးရှိကြွက်သားများလှုပ်ခါပြီးမျက်ဖြူလန်ကာ သတိလစ်သွားတော့သည်။

"ဖူး... သူသာဟိုနှစ်ကောင်ကို ဂရုစိုက်မနေခဲ့ရင် ငါတို့သူ့ကိုနိုင်မှာမဟုတ်ဘူး။"

"ဟုတ်တယ်ကွ၊ မနေ့က ဘားမှာနီဂရိုးတစ်သိုက်ကို ပုလင်းကွဲတစ်လုံးနဲ့အမှောက်သိပ်လာတာမြင်လိုက်ရသေးတယ်။ စီအိုင်အေအေးဂျင့်နဲ့တောင် မှားရတဲ့ဟာမပဲ။"

"ဓာတ်လိုက်သွားတုန်း​​က ဘွင်ဘွင်လေးတွေတုန်နေတာ မင်းတွေ့လိုက်သေးလား။ ကိုင်ချင်စရာလေးတွေ။ ရှလွတ်။"

အရှေ့အလယ်ပိုင်းသားက လျှာသက်လိုက်သည်။ ကျန်နှစ်ယောက်က ထိုကောင်ကိုတစ်ပြိုင်နက်တည်း ပါးရိုက်လိုက်ရာ ဦးလေးအရှေ့အလယ်ပိုင်းသားကြီး ချာလည်လည်သွား၏။

"ညအဖွဲ့ရဲ့စည်းကမ်းချက်အမှတ် ၆၊ မိန်းကလေးတွေကို သနားပါ၊ ညှာတာပါ၊ယဥ်ကျေးပါ။ အနိုင်မကျင့်နဲ့၊ မစော်ကားနဲ့

မနှိမ့်ချနဲ့။"

....

မင်းလွင်နိုးလာတော့ ထိုင်ခုံမှာကြိုးတုတ်ခံထားရပြီမှန်း သတိပြုမိလိုက်၏။ မင်းလွင်ခေါင်းနပန်းကြီးသွားသည်။ ဟိုရူးသွပ်နေသည့် မိန်းကလေးဆိုဖီယာက သူတို့နှစ်ယောက်ကိုကြိုးနဲ့တုပ်ပြီး ရဲလက်အပ်မလို့လား။ အထက်တန်းကျောင်းသားနှစ်ယောက် သူများအိမ်ထဲအတင်းဝင်ဖို့ကြိုးစားရင်း ရဲလက်အပ်ခံရသည့်အဖြစ်ဆိုကာ သတင်းထဲပါလာမည့်အရေးတွေးပူမိသည်။

'သေချာတယ်၊ အနည်းဆုံးတော့ ထောင်ခြောက်လပဲ။ ငါလည်းလွတ် စာမေးပွဲလည်းပြီးပဲ။ နောက်တစ်နှစ်ပြန်တက်ရပြီ။ အမေရေ၊အမေ့သားက သားကောင်းမပီသခဲ့ဘူး။'

မင်းလွင် စိတ်ညစ်ညစ်နှင့်အံ့ကိုကြိတ်ထားရင်း အခန်းထဲလှည့်ပတ်ကြည့်လိုက်၏။ အခန်းကတော့ ဗီလာ၏ဧည့်ခန်းဖြစ်ပုံပင်။ သူ၏နောက်မှ တအီအီနှင့်ရှိုက်ငိုနေသံကြားသဖြင့် လှည့်

ကြည့်လိုက်ရာ တင်မီဖြစ်နေသည်။

"ဟေးဘတို၊ ငါတို့တော့ ကောင်လေးတွေကို အရှင်လတ်လတ်ချက်စားတဲ့ စိတ္တဇမဖမ်းတာခံရပြီထင်တယ်။ ငါတို့တော့သေပြီ။"

တစ်ကိုယ်လုံးကြိုးများဖြင့် အတုပ်ခံထားရကာ မင်းလွင်နှင့်တွဲချည်ခံထားရသည့် တင်မီက စားပွဲပေါ်မှ အသားနှစ်နီနီများကိုမေးငေါ့ပြရင်း ငိုနေ၏။ ခဏနေတော့ သူတို့နှင့်တွဲချည်ခံထားရ

သည့် တတိယတစ်ယောက်က ဝင်ပြောလိုက်၏။

"ငါကများ နင်တို့ကိုချက်စားရမယ်ရှိသေးတယ်၊ အဲဒါအမဲသားတွေဟဲ့။ ရေချိုးပြီးရင်ဟမ်ဘာဂါလုပ်စားမလို့နှပ်ထားတာ။ နင်တို့နှစ်ကောင်က တော်တော်လာဘ်တိတ်တာပဲ။"

"ဆိုဖီယာ၊ နင်ကပါ ဘာလို့ငါတို့နဲ့တွဲချည်ခံထားရတာလဲ။ ငါတို့ကို ဖမ်းထားတာ နင်မဟုတ်ဘူးလား။"

"ဘယ်သူသိမှာလဲ၊ ရုတ်တရက်အတိုက်ခံရပြီး နိုးလာတော့ သုံးယောက်လုံးခုလိုတွဲချည်ခံထားရတာပဲ။"

ခဏနေတော့ အပေါ်ထပ်မှ ထူးထူးဆန်းဆန်းလူသုံးယောက် ဆင်းလာကြသည်။ သူတို့လက်ထဲတွင်တော့ သေတ္တာအမည်းလေးတစ်လုံးပါလာ၏။ အရှေ့အလယ်ပိုင်းသား ဦးလေးကြီးကဲ့သို့ မုတ်ဆိတ်မွှေးပသိုင်းမွှေးအရှည်ကြီးရှိသည့်လူ​က တခြားနှစ်ယောက်နောက်မှလိုက်ရင်း ခရားရေလွှတ်စကားများနေ၏။

"အိုးမိုင်ဂေါ့၊ ဒီမိန်းကလေးရဲ့မီးခံသေတ္တာထဲမှာ စိန်တွေအလုံးရာနဲ့ချီရှိနေတာပဲ။ တစ်ခုဆိုရင်ထောင်စုနှစ်ကြယ်စင်စုစိန်နဲ့တောင် ယှဥ်လို့ရသေးတယ်။ မှောင်ခိုစျေးနဲ့ဆိုရင်တောင် ဒေါ်လာတစ်ဘီလီယံလောက်တော့ အသာလေးပဲ။"

အာရှသားအငယ်ဆုံးလေးကတော့ အရှေ့အလယ်ပိုင်းသား၏စကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။

"အင်း... ရည်မှန်းချက်လည်း အောင်မြင်ပြီဆိုမှတော့ ငါတို့သွားကြတော့မလား။" ရုရှားဦးလေးကြီးကတော့ သဘောမတူပေ။

"ဟင့်အင်း၊ ငါတို့က သူစိန်တွေဘယ်ကရလဲ သိဖို့လာတာလေ။ တကယ်လို့ ရတနာသိုက်ကြီးတကယ်ရှိတယ်ဆိုရင် ဒေါ်လာတစ်ဘီလျံဆိုတာ ပင်လယ်ထဲက ရေတစ်စက်ပဲဖြစ်သွားမှာ။"

"ဟုတ်တယ်၊ဟုတ်တယ်။ အစ်ကိုကြီးပြောတာမှန်တယ်။"

မင်းလွင်ကတော့ ထိုသုံးယောက်ကိုကြည့်လိုက်ပြီး ဆိုဖီယာကိုလှည့်​ကြည့်လိုက်၏။

"ကျွမ်းကျင်ဖောက်ထွင်းရေးသမားတွေလား။ ဆိုဖီယာ နင်က အဲဒီလောက်တောင် ချမ်းသာတယ်လား။"

"ဖိုးဘီမဂ္ဂဇင်းထဲ ခဏခဏပါတယ်လေ၊ လူငယ်စိန်သူဌေးလေးတို့ဘာတို့။ နင်တို့မဖတ်ကြဘူးလား။"

"ဝိုးဆိုဖီယာ၊ နင်လည်းမဂ္ဂဇင်းထဲ ခဏခဏပါတယ်လား။ ငါတို့က ဘဝတူတွေပဲ။ ဘဝတူမှလိုက်ဖက်တာ။ ငါတို့တွဲကြမလား။"

တင်မီက ကြားဖြတ်ပြောလိုက်သော်လည်း ဆိုဖီယာကတော့ ငြင်းလိုက်၏။

"ဆောရီး၊ ပလေးဘိုင်မဂ္ဂဇင်းထဲပါတဲ့သူတွေက ငါ့အကြိုက်မဟုတ်ဘူး။" ထို့နောက် သူကမင်းလွင်ကိုကြည့်လိုက်ပြီး။

"ဒါပေမဲ့ အီကိုနောမစ်မဂ္ဂဇင်းမှာ ပါတဲ့လူတွေကိုတော့ နည်းနည်းသဘောကျတယ်။" မင်းလွင်မျက်နှာရဲတက်သွားသည်။ သူလည်းမဂ္ဂဇင်းထဲ တစ်ခါပါဖူးပြီး သတိပေးစနစ်တီထွင်တုန်းကဖြစ်၏။

"ဟေးဟေး...စကားပြောတာလျှော့ပြီး သူတို့ဒီကိုမရောက်ခင် လွတ်လမ်းရှာတာမကောင်းဘူးလား။" မင်းလွင်က ချက်ချင်းသတိဝင်လာပြီးပြောလိုက်၏။ တင်မီကတော့ သူတို့ကိုပြုံးပြ

လိုက်သည်။

"စိတ်မပူပါနဲ့၊ ငါသင်တန်းတုန်းက ကြိုးဖြေနည်းကို သတိရသွားလို့ မင်းတို့အတွက်ဖြေပေးပြီးသွားပြီ။ ဒီကောင်တွေကို ရင်ဆိုင်ဖို့ပဲစဥ်းစား။" တင်မီက သူ့ပါးစပ်ထဲတွင်ငုံထားသည့် ဘရိတ်ဓားအသေးလေးကိုထုတ်ပြလိုက်ကာ ကြိုးများကို ဟန်ဆောင်ပန်ဆောင်ကိုင်ထားသည့်လက်ကို လွှတ်ပေးလိုက်၏။ ကြိုးများ

မှာမြေပေါ်သို့ အကွင်းလိုက်ကျွတ်ကျသွားပြီး သူတို့လွတ်လာသည်။

"အိုးမိုင်၊ မင်းက တကယ့်မျက်လှည့်စရာပဲ တင်မီ။"

"ငါက ခေတ်မကောင်းလို့ရူးချင်ယောင်ဆောင်နေတာကွ။"

သူတို့လွတ်သွားသည်ကိုမြင်သည်နှင့် သူခိုးသုံးကောင်မှာ ချက်ချင်းပြေးဆင်းလာကြသည်။ ရုရှားကြီးကလည်း သူ့ခါးကြားမှသေနတ်ကိုထုတ်ကာ ကောင်လေးတို့အုပ်စုကို လှမ်းချိန်

လိုက်၏။

"ဟေး....ဟေး... နည်းနည်းလှုပ်တာနဲ့ မင်းတို့ဦးနောက်တွေ ပေါက်ကွဲသွားစေရမယ်။"

မင်းလွင်က တင်မီကိုကြည့်လိုက်သည်။

"အခုရောဘာလုပ်မလဲ။"

"ပြန်ချမယ်လေ၊ မင်းတို့အစွမ်းတွေက ဘာလဲ။ ငါကတော့ ညို့ယူတာ။" မင်းလွင်က စိတ်ပျက်ပျက်နှင့်ပြန်ဖြေလိုက်၏။

"ငါက စွမ်းအားလက်မဲ့၊ ဆိုဖီယာက စိတ်တံတိုင်း။ တစ်ယောက်မှ တိုက်နိုင်တဲ့စွမ်းအားမရှိဘူး။"

"ကောင်းရော။"

ရုတ်တရက် ဆိုဖီယာက မင်းလွင်၏ပုခုံးကိုပုတ်လိုက်၏။ သူ့မျက်လုံးများက သာမန်ထက်ပိုစိမ်းနေပြီး အစိမ်းရောင်အလင်းတန်းများပင် လေထုထည့်ပြည့်နေသည်ဟုထင်ရသည်။

"မပူနဲ့၊ ငါ့တာဝန်ထားလိုက်။" ဆိုဖီယာက ရုရှားဦးလေးကြီးကိုကြည့်လိုက်သည်။ ရုရှားကြီး၏လက်ထဲမှ သေနတ်ကြီးက မီးပြင်းဖိုကြီးထဲရောက်နေသလို ရဲရဲနီလာ၏။

"ဘာလို့သံပူတုံးကြီးကိုကိုင်ထားတာလဲ မပူဘူးလား။" ဆိုဖီယာ၏လေသံက ငရဲမှတက်လာသလို ဩဩကြီးဖြစ်နေသည်။

"အား....အား...." ရုရှားကြေးစားက သေနတ်ကိုပစ်ချလိုက်ပြီး သူ၏လောင်ကျွမ်းနေသောလက်ကိုကြည့်ကာ ငယ်သံပါအောင်အော်လိုက်၏။ ကိုရီးယားလူငယ်ကတော့ ဓားမြှောင်ကိုကိုင်ကာ ပြေးဝင်လာသည်။ သို့သော်ဆိုဖီယာ၏ခြေထောက်များက ကြမ်းပြင်မှလွတ်သွားကာ လေထုထဲတွင်လွင့်မျောနေပြီး ကိုရီးယားလူငယ်ကိုဂုတ်မှဆွဲကာ မျက်နှာကျက်ပေါ်သို့ပစ်တင်လိုက်၏။

"အား....." ပြင်းထန်လွန်းသည့်အားကြောင့်

ကိုရီးယားလူငယ်လေးမှာ မျက်နှာကျက်ကိုဖောက်ထွက်သွားပြီး ထိုမှတစ်ဆင့် ဒုတိယထပ်၏အမိုးကိုပါ ဖောက်သွားသည်။ ပြီးနောက်အိမ်အပြင်လေထုထဲတွင် ပေငါးဆယ်လောက်အထိ

မြောက်တက်သွားပြီး ပြန်ပြုတ်ကျလာ၏။

နောက်ဆုံးတွင်တော့ ကိုရီးယားလူငယ်လေးမှာ အိမ်အတွင်းသို့ပြန်ပြုတ်ကျလာပြီး ခေါင်းမှာတစ်စစီကွဲကြေကာ အရိုးများကျိုးပဲ့ကုန်သည်။ တစ်ယောက်သေသွားလေပြီ။

အရှေ့အလယ်ပိုင်းသားကတော့ မီးခြစ်ပုံစံလက်ပစ်ဗုံးဖြင့် တင်မီတို့သုံးဦးကိုပစ်ပေါက်လိုက်သည်။ ရုရှားကြီးကတော့ ဘေးကင်းရာနေရာတွင် နေရာကြိုယူပြီးဖြစ်၏။ သို့သော်မီးခြစ်က လေထုထဲတွင်ရပ်သွားပြီး ပျောက်သွားသည်။ ဆိုဖီယာ၏မျက်လုံးစိမ်းများကတော့ အရှေ့အလယ်ပိုင်းသားကို စိန်းစိန်းဝါးဝါးစိုက်ကြည့်နေ၏။

"အိုး...ရှင်က ကိုယ့်ဗုံးကိုယ် ပြန်မျိုချလိုက်တာပဲ။"

ထို့နောက်တွင်တော့ ဘုန်းခနဲပေါက်ကွဲသံကြီးနှင့်အတူ အရှေ့အလယ်ပိုင်းသား၏ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားကာ အသားအစအနများ အခန်းထဲပြန့်ကျဲသွားသည်။ တင်မီကတော့

သွေးသံရဲရဲမြင်ကွင်းကြောင့် တစ်ခါတည်းသတိလစ်သွား၏။ ဆိုဖီယာကတော့ သူ့မျက်နှာတွင် လာစင်နေသည့် အသားစတစ်ဖက်ကိုလက်ဖြင့်ဖယ်လိုက်သည်။

"မစ္စတာ၊ ရှင်ကတော့ ကျွန်မအိမ်ကို သန့်ရှင်းရေးလုပ်ဖို့လိုအောင် လုပ်လိုက်ပြီပဲ။"

နောက်ဆုံးကျန်ခဲ့သည့် ရုရှားကြီးကတော့ သူ၏လက်ကိုကိုင်ကာ ကြောက်ကြောက်နှင့်နောက်ဆုတ်သွား၏။

"မိန်း...မိန်းကလေး၊ ငါတို့က ရတနာတွေယူချင်ရုံပါ။ မင်းမပေးချင်ရင် ငါထွက်သွားပေးပါ့မယ်။ နောက်လည်းဘာပြဿနာမှမရှာတော့ပါဘူး။"

"ရှင့်လူနှစ်ယောက် ရှင့်ရှေ့မှာသေပြီးကတည်းက ရှင်ကကျွန်မကို လက်စားချေဖို့ စဥ်းစားနေတာမဟုတ်လား။" ဆိုဖီယာ၏

ခန္ဓာကိုယ်က လေထဲတွင်လွင့်မျောနေကာ ရုရှားကြီးရှေ့သို့ရောက်လာသည်။ အမှန်တော့ဆိုဖီယာမှာ ထိုလူသုံးယောက်၏ရည်ရွယ်ချက်ကို သိချင်သဖြင့် မတိုက်သေးဘဲ ယခုအချိန်ထိ စောင့်နေခဲ့ရုံသာဖြစ်သည်။ အခုတော့ အချိန်တန်ပြီမဟုတ်လား။

"မိန်းကလေး... ငါကဒီမီထရီမိသားစုဝင်နော်၊ မင်းငါ့ကိုသတ်ရင် ငါ့အဖိုးက မင်းကိုရေဆုံးမြေဆုံးသတ်လိမ့်မယ်။"

"ဝက်ဝံလက်သည်းဒီမီထရီလား၊ ကျွန်မကသူ့ကိုကြောက်မယ်လို့ရှင်ထင်နေလား။ ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်။"

ရုရှားကြီး၏လက်များက သတ္ထုအဖြစ်သို့ပြောင်းသွားပြီး သူ့ဘာသာလှုပ်ရှားနေသည်။ သူ၏ထိန်းချုပ်မှုအောက်တွင် ရှိတော့ပုံမရ။ ထို့နောက် သူ့ကိုယ်သူပြန်ထိုးတော့သည်။

"မဟုတ်ဘူး...မဟုတ်ဘူး...မဟုတ်ဘူး။"

နောက်ဆုံးထိုလူကြီး၏ခေါင်းက အသားစများအဖြစ်ကြေမွသွားမှ လက်များကအသက်မဲ့စွာရပ်တန့်သွားသည်။ ဆိုဖီယာလည်း လေထဲမှပြန်ဆင်းလာပြီး သူ့ပုံစံက နဂိုအတိုင်းပြန်ဖြစ်

သွား၏။

"ဆိုဖီယာ... မင်းရဲ့စွမ်းအားက ငါ့ကိုပြောပြထားတာထက် အများကြီးသာလွန်နေတာပဲ။" မင်းလွင်ပြောလိုက်၏။

ဆိုဖီယာက သူ့ကိုပြုံးပြလိုက်သည်။

"ကျွန်မက အနှောင့်အယှက်ကင်းကင်းနေချင်ခဲ့ရုံပါ။"

"စွမ်းအားနာမည်က...."

"ဘုရားသခင်ရဲ့မိန့်ခြွေစကား..."

ဘုရားသခင်က လောကကြီးကို ဖန်ဆင်းရာတွင် သူ၏အသံကိုသာ အသုံးပြုခဲ့သည်ဟုဆိုသည်။ ဆိုဖီယာ၏စွမ်းအားမှာလည်း ပြောသမျှတကယ်ဖြစ်လာအောင် လုပ်နိုင်သည့်

အင်အားကြီးစိတ်စွမ်းအင်ဖြစ်ကာ ထိပ်တန်းအဆင့်တွင်ရှိနေ၏။ သူ၏အစစ်အမှန်စွမ်းအားက Sအဆင့်ဆိုသူများထက်ပင် သာလွန်နေနိုင်သည်။ S အဆင့်များကို စကားလုံးများသက်

သက်နှင့်ပင် သတ်ဖြတ်လို့ရကောင်းရနေနိုင်၏။

"ငါဒီဖြစ်ရပ်တွေအားလုံးကို စိတ်ထဲမှာပဲလျှို့ဝှက်ချက်အနေနဲ့သိမ်းထားလိုက်မယ်။"

ဆိုဖီယာက မင်းလွင်၏ရှေ့သို့ရောက်လာပြီး မင်းလွင်၏ပါးပေါ်သို့ သူ့လက်ဖဝါးတစ်ဖက်ကို ညင်သာစွာတင်လိုက်သည်။

"မင်းလွင်... ရှင့်နာမည်က အာရှနာမည်နော်၊ ဒါပေမဲ့ ကျွန်မက​တော့ ရှင့်က မာလင်ဆိုတဲ့နာမည်နဲ့ ပိုလိုက်မယ်လို့ထင်တယ်။ အားလုံးထက်ပိုအစွမ်းထက်တဲ့ မှော်ဆရာကြီးတစ်ပါး

ပေါ့။"

"......" ဆိုဖီယာပြောနေသည့်စကားများကို မင်းလွင်နားမလည်ပါ။ ဆိုဖီယာကလည်း သူနားလည်မလည် ဂရုမစိုက်ပါ။

"မစ္စတာမာလင်... ကျွန်မရှင့်ကိုပြောချင်တာတစ်ခုက ဒီကိစ္စတွေကို ရှင့်ဦးနောက်ထဲမှာမှတ်ထားလို့ရမဘူးဆိုတာပဲ။ ရှင့်သူငယ်ချင်းရောပေါ့။ မဟုတ်ရင် ရှင်တို့နှစ်ယောက်လုံး အသေ

ဆိုးနဲ့သေကုန်လိမ့်မယ်။ ဒီတော့ ရှင်တို့မေ့ပစ်လိုက်တော့။"

.....

မင်းလွင် စုတ်ပြတ်နေသော ပြိုင်ကားလေးပေါ်တွင်နိုးလာ၏။ သူ့ခေါင်းများက ပြင်းပြင်းထန်ထန်ကိုက်နေပြီး အရက်နာကျသလို ခံစားနေရသည်။

"ဝှက်သဟဲ၊ ငါညက ဟိုကောင်နဲ့သောက်မိတာလား။"

သူဘေးသို့ရီဝေဝေမျက်လုံးများနှင့်ကြည့်လိုက်ရာ ကားစီရာတိုင်ကိုမျက်နှာအပ်ပြီးအိပ်နေသည့် တင်မီကိုတွေ့လိုက်ရသည်။

ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တော့ နောက်တစ်နေ့မနက်ဖြစ်နေပြီဖြစ်ကာ နံနက်ကိုးနာရီထိုးတော့မည်။ ထို့ကြောင့် သူတင်မီကိုလှုပ်နှိုးလိုက်၏။

"ဟေ့ကောင်ထထ၊ ကျောင်းနောက်ကျတော့မယ်။"

"ဘာ...မနက်မိုးလင်းပြီလား။" တင်မီမျက်လုံးကိုပွတ်ရင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်၏။

"ဘာ...ငါတို့မနေ့ကမူးပြီး အိမ်ပြန်လာတယ်မဟုတ်လား။ ဘာလို့ကားပေါ်မှာ အိပ်ပျော်သွားတာလဲ။"

"နှစ်ကောင်လုံးမူးနေတော့ ကားပေါ်ကမဆင်းနိုင်ဘဲ အိပ်ပျော်ကုန်တာနေမှာ။"

"ဟေ...."

"ထားတော့၊ ဒါမင်းတို့အိမ်ရာဝင်းမဟုတ်လား။ မင်းအိမ်သွားမယ်လေ။ ငါတို့အင်္ကျီလဲပြီးတာနဲ့ကျောင်းသွားမှဖြစ်မယ်။"

.....

အစိမ်းရောင်မျက်လုံးများနှင့်မိန်းကလေးက ဖုန်စုပ်စက်တစ်လုံးဖြင့် အိမ်သန့်ရှင်းရေးလုပ်နေသည်။ မျက်နှာကျက်ပေါ်တွင်တော့ လူရာအပေါက်ကြီးရှိနေပြီး မိန်းကလေးက ထိုအပေါက်ကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး လက်ဖျောက်တီးလိုက်၏။ ထိုအခါအပေါက်ကြီးက အကောင်းအတိုင်းပြန်ဖြစ်

သွားသည်။ ထို့နောက် မိန်းကလေးက သန့်ရှင်းရေးဆက်လုပ်နေလိုက်သည်။ ရုတ်တရက် သူ၏ထွင်းဖောက်မြင်ရသောဖုန်းက အလန်းမြည်လာ၏။

[သင်၏ခြံလုံခြုံရေးစနစ်ကို တစ်ယောက်ယောက်ဟက်ပြီးဝင်လာပါပြီ။]

"နောက်တစ်ခါလား...."

ကောင်မလေးက လှေကားခြေရင်းရှိ ဗီရိုလေးကို ဖွင့်လိုက်သည်။ သေနတ်မော်ဒယ်ပေါင်းစုံရှိနေပြီး ဒီတစ်ခါတော့ စနိုက်ပါကြီးတစ်လက်ကို ဆွဲထုတ်လိုက်၏။

....

ခြံအပြင်ဖက်။

တင်မီက လမ်းပေါ်တွင် ကတ်ပေါင်းစုံကိုလွှင့်ပစ်ထားပြီး စဥ်းစားရကျပ်နေဟန်နှင့် ခေါင်းကိုခါယမ်းလိုက်၏။

"ငါလခွမ်း၊ ခြံသော့ဘယ်ရောက်နေပါလိမ့်။ မင်းကို ဟက်ခိုင်းရတာ ဆောရီးကွာ။"

"ဘာပဲဖြစ်ဖြစ် ငါစွန့်စားထားရတာ၊ ဒေါ်လာသုံးထောင်ပေးရမယ်။"

ရုတ်တရက် တင်မီဖုန်းက မြည်လာသည်။ တင်မီဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှဒေါသတကြီးအော်ဟစ်နေသောအသံ ထွက်ပေါ်လာ၏။

"ခွေးမသားတင်မီ၊ အိမ်ကိုအခုထိပြန်မလာသေးဘူးလား။ ဘယ်ကိုမူးရူးပြီး လျှောက်သွားနေတာလဲ။ ဒီမှာမင်းမိန်းမဆိုတဲ့ဟာမက ခြံတံခါးကတ်ကိုင်ပြီး ငါ့အိမ်ရောက်လာတယ်ဟ။"

"ဦး..ဦးလေး၊ ခြံတံခါးသော့ရှာတွေ့ပြီလား။ ကျွန်တော်ပျောက်နေလို့ ခြံထဲဝင်မရဖြစ်နေတာ။"

"ဘာ...သူပြောတော့ မင်းဘားမှာ သူ့ကိုပေးခဲ့တာတဲ့။ မင်းအသက်ပြည့်ရင် သူ့ကိုလက်ထပ်မယ်လို့တောင် ကတိပေးခဲ့သေးတယ်တဲ့။ ငါလခွမ်း၊ မင်းက ဂရီဂိုရီမိသားစုအိမ်ကို အပျက်မတစ်ယောက် တကယ်ကြီးခေါ်တင်လာတာပဲ။"

မင်းလွင်ကတော့ ဘေးမှနားထောင်ရင်း တခွီးခွီးအူတက်နေ၏။ ဒီကောင်တကယ်ပဲ ဘားကတွေ့ရာစော်ကို ခြံသော့ပေးခဲ့တာပဲ။ နေပါဦး၊သူဘယ်တုန်းက အဲဒီကိစ္စတွေးခဲ့မိတာလဲ။ အရင်တစ်ခါဖြစ်ခဲ့ဖူးသလိုလို။ ဒီဂျာပူးလား။

"ဟယ်လို ဦးလေးစိတ်လျှော့၊ ကျွန်တော်အိမ်တံခါးနားရောက်နေပြီ။ အဲဒီဟာမနဲ့ကိုယ်တိုင်ရှင်းမယ်။"

တင်မီက အိမ်တံခါးရှေ့တွင်ရပ်လိုက်ပြီး သော့ကိုထုတ်လိုက်ရာ သော့ကအကျိုးဖြစ်နေ၏။ ထို့ကြောင့် ဖုန်းထဲလှမ်းပြောလိုက်

သည်။

"ဟယ်လို၊ ဦးလေးအထဲကနေ သော့ဖွင့်ပေးလို့ရမလား။ ကျွန်တော့်သော့ကျိုးသွားလို့။"

"မသာကောင်လေး၊ ငါမင်းအမေနဲ့တိုင်ပြောမှကိုဖြစ်တော့မယ်။ အာမခံသော့ကျိုးတဲ့အထိ ဘယ်လောက်ထိကမြင်းလာတာလဲ။ လာမယ်လာမယ်ခဏစောင့်။"

ရုတ်တရက် တံခါးပွင့်သွားသော်လည်း မင်းလွင်မြင်လိုက်ရသောမြင်ကွင်းမှာ တင်မီနှင့်တူသော ဦးလေးကြီးတစ်ယောက်မဟုတ်ဘဲ စနိုက်ပါသေနတ်ကြီးနှင့် ဆိုဖီယာဖြစ်နေ၏။ ဆိုဖီယာကတော့ သူတို့နှစ်ယောက်ကိုတွေ့သောအခါ မျက်စိကိုလှန်ပြလိုက်လေသည်။

"ရှင်တို့ပဲလား...."ဟု ရေရွတ်သံကိုပါ နားစွန်နားဖျားကြားလိုက်ရသေးသည်။

ခဏနေတော့ ဟိုဖက်ခြံထဲကနေ ဖုန်းထဲက ဦးလေးကြီး၏အော်သံထွက်လာ၏။

"ခွေးမသားတင်မီ၊ မင်းခြံမှားနေပြီဟ။ မင်းခြံက ဒီဖက်မှာဟ။" တင်မီတို့လှည့်ကြည့်လိုက်တော့ တင်မီနှင့်ခပ်ဆင်ဆင်တူသည့် ဦးလေးကြီးက ဂေါက်ရိုက်တံကိုကိုင်ထားကာ သံဇကာခြံစည်းရိုးတစ်ဖက်မှနေ၍ လှမ်းအော်ပြောနေ၏။ ဦးလေးကြီးနောက်တွင်တော့ မိတ်ကပ်အဖွေးသားနှင့်ကောင်မလေးတစ်ယောက်။ သေချာတာပေါ့၊ ဘားမှာတင်မီနှင့်ညိလာသည့် ကောင်မလေးပင်။

မင်းလွင်: "စိတ်တွေလည်းလေပါတယ်ကွာ...."

All Chapters