← Chapters

အခန်း (၅၆၀)

Vol. 41 Ch. 560

အခန်း (၅၆၀)

Vol. 41 Ch. 560

လင်းဂူ၏ မိခင်က မိုဝူကျီ၏ လောကဝတ် မကျေပြွန်မှုကို စိတ်ထဲ မထားသလို မိုဝူကျီ ငယ်ရွယ်လွန်းသည့် အချက်ကိုလည်း စိတ်ထဲ မထားပေ။ သူမက ပြုံးလိုက်ရင်း ပြောလိုက်သည်။

“ဒီခရီးအဝေးကြီးကို  လင်းဂူနဲ့ အတူတူ လိုက်လာရတဲ့ အတွက် ဒုက္ခများ သွားပါပြီကွယ် ...”

မိုဝူကျီက အသိပြန်ကပ်လာပြီး မြန်မြန် လက်နှစ်ဖက် ယှက်ကာ ပြောလိုက်သည်။

“စီနီယာက အားနာလွန်းနေပါပြီ။ လင်းဂူက ကျုပ်ကို အများကြီး ကူညီပေးခဲ့တာပါ။ ကျုပ် စွမ်းဆောင်ရည်က နိမ့်နေလို့ စီနီယာကို မကုပေးနိုင်မှာကိုဘဲ စိုးရိမ်မိတာပါ”

လင်းဂူ၏ မိခင်က နူးနူးညံ့ညံ့ ရယ်မောလိုက်ရင်း …

“ရပါတယ်ကွယ် ...  အင်မော်တယ် ဧကရာဇ်တောင် သေခြင်း၊ ရှင်ခြင်းကို ထိန်းချုပ်နိုင်တာမှ မဟုတ်တာ ... ဒေါ်ဒေါ်လိုမျိုး အင်မော်တယ် ဧကရာဇ်အဆင့်နဲ့ အလှမ်းကွာနေတဲ့သူ ဆိုရင်တော့ မပြောနေပါနဲ့တော့ ...”

မိုဝူကျီက ခေါင်းညိတ်ပြပြီးနောက် လင်းဂူကို ပြောလိုက်သည်။

“လင်းဂူ အပြင် ထွက်ပေးပါ့လား ... စီနီယာရဲ့ ဖျားနာမှုကို တစ်ယောက်တည်း အရင်စမ်းသပ် ကြည့်ချင်တယ်”

လင်းဂူက မတ်တတ် ရပ်လိုက်သည်။ သူမ မျက်လုံးများမှာ အနည်းငယ် နီရဲနေသော်လည်း အောင်းစုန့်က မျက်မှောင်ကြုတ်ကာ အသံနိမ့်၍ ချက်ချင်း ပြောလိုက်သည်။

“ဒီအင်မော်တယ် သမားတော်ကို  လင်းဂူနဲ့ ကျွန်မက မယုံလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမတို့က ဘာလို့ ထွက်သွားပေးဖို့ လိုတာလဲ။ ကျမဆရာကို  အမေရင်းလိုမျိုး သဘောထားတာပါ။ လင်းဂူနဲ့ ကျွန်မ ဒီမှာ နေနေရင်လည်း ရှင့်အပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး”

အောင်းစုန့်က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း မိုဝူကျီက သူမစကားကြားမှ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း သိ၏။ သူမနှင့် လင်းဂူတို့က မထွက်သွားလိုကြောင်း၊ သူမက အမျိုးသားတစ်ယောက်နှင့် လင်းဂူ၏ မိခင် နှစ်ယောက်တည်း ထားခဲ့ရသည်ကို သက်တောင့်သက်သာ မဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။

လင်းဂူက မြန်မြန် ပြောလိုက်သည်။

“ဂျုနီယာညီမ အောင်းစုန့် … အစ်ကိုမိုက ဖြောင့်မတ်တဲ့သူပါ။ အပြင်မှာပဲ စောင့်နေကြစို့”

လင်းဂူ ပြောစကားကို ကြားပြီး  အောင်းစုန့်က အလိုမရှိသော်လည်း  သူမက ခေါင်းညိတ်ကာ လင်းဂူနောက်မှ လိုက်သွားရတော့သည်။

အောင်းစုန့်နှင့် လင်းဂူတို့ ထွက်သွားပြီးနောက် မိုဝူကျီက  လက်ကို မြှောက်ကာ  အသံလုံ အကာနှင့်အတူ ဖုံးကွယ်ရေး သင်္ကေတများ ပြုလုပ်လိုက်သည်။ ဤအခန်းထဲရှိ အရာအားလုံးကို လျှို့ဝှက်ထားရန် ဖြစ်၏။

မိုဝူကျီက သင်္ကေတများ ချလိုက်သည်ကို မြင်သောအခါ အောင်းစုန့်က ပြန်လာ၍ မိုဝူကျီကို မေးခွန်းများ မေးချင်သော်လည်း လင်းဂူ၏ တားဆီးခြင်းကို ခံလိုက်ရသည်။ မိုဝူကျီကို  လင်းဂူက အပြည့်အဝ ယုံကြည်၏။

“ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာ အသေးစိတ် ပြောပြပေးလို့ ရမလား”

သင်္ကေတများ ချပြီးနောက် မိုဝူကျီက ခုတင်ဘေးတွင် ထိုင်ကာ မေးလိုက်သည်။

လင်းဂူ၏ မိခင်က မိုဝူကျီကို အထင်သေး၍ မဟုတ်ဘဲ သူမ၏ အရိုးအဆစ်များက မိုဝူကျီအား မျက်နှာသာ မပေးပေ။ မိုဝူကျီကို လင်းဂူက ဖိတ်ကြားခဲ့သည့် အချက်ကို ထည့်ပြောနေဖို့ မလိုပေ။ သူက အင်မော်တယ် သမားတော် ဖြစ်နေလျှင်ပင် သူမက အတူတူ လုပ်မိမည် ဖြစ်၏။

သို့သော် သူမက မိုဝူကျီ၏ သင်္ကေတများကို မြင်လိုက်သောအခါ သူမက  သူ့ကို အထင်သေးမိ သွားကြောင်း  သိလိုက်သည်။ ပုံမှန် လှုပ်ရှားမှု အနည်းငယ်ဖြင့် သင်္ကေတ ပြုလုပ်လိုက်သည်မှာ လင်းဂူကို မဆိုထားနှင့်၊ သူမ ကိုယ်တိုင်ပင် မလုပ်နိုင်ချေ။ သူမ၏ ကျင့်ကြံဆင့်မှာ မိုဝူကျီထက် အဆများစွာ ပိုမြင့်လားသော်လည်း  အစီအရင်တာအိုနှင့် ပတ်သက်လာလျှင် သူမရှေ့မှ မိုဝူကျီနှင့် အလှမ်းကွာလွန်း လှပေသည်။

လင်းဂူ မိခင်၏ တွေဝေနေမှုကို သတိပြုမိပြီး မိုဝူကျီက မြန်မြန် ထပ်ပြောလိုက်သည်။

“စီနီယာ ... ကျုပ် နာမည်က  မိုဝူကျီပါ။  ကျုပ်ကို ဆေးလုံးဆရာလို့ ယူဆလို့ ရပါတယ်။ ပြီးတော့ လင်းဂူနဲ့လည်း မိတ်ဆွေကောင်းတွေပါ။ အဲဒါကြောင့် ဒီနေရာမှာ ပြောတဲ့ စကား အားလုံးကို အပြင်မပေါက်ကြား စေရပါဘူး”

လင်းဂူ၏ မိခင်က  လေးစားမှုကို ပြသသည့်အနေဖြင့် ခန္ဓာကိုယ်ကို မတ်လိုက်ပြီး ပျော့ပျော့ပျောင်းပျောင်း ပြောလိုက်သည်။

“ဆေးလုံးဆရာမို ... လင်းဂူက ဒီနေရာထိ ဖိတ်ကြားတယ် ဆိုကတည်းက  မင်း စွမ်းရည်ကို ယုံလို့ဆိုတာ သိသာပါတယ်။ လင်းဂူက ဒေါ်ဒေါ်ရဲ့ သမီးဆိုပေမဲ့ ဒီနှစ်တွေ အတွင်းမှာ သူမ ဆရာနောက်ပဲ တောက်လျှောက် လိုက်နေရာတာ ...  သူမအကြောင်း ကောင်းကောင်း သိပါတယ်။ သူမက တွေ့ရာလူကို ယုံမှာ မဟုတ်ပါဘူး၊ ဒေါ်ဒေါ်က မင်းထက် အသက်ကြီးပေမဲ့ စီနီယာလို့တော့ မခေါ်ထိုက်ပါဘူး။ ဒေါ်ဒေါ် နာမည်က ရှီဂူလန်ပါ။ တကယ်လို့ ဒေါ်ဒေါ်ကို လေးစားတယ် ဆိုရင် ဒေါ်လေးလန်လို့ပဲ ခေါ်ပါ။ ဒီနေရာမှာ အားလုံးက ကျင့်ကြံသူတွေပဲ ဆိုတော့  ကောင်းကင်ဘုံရဲ့ စည်းမျည်းတွေကို သွေဖွယ်ဆန့်ကျင် နေကြတဲ့ သူတွေပဲလေ။  အသေးအမွှား ကိစ္စတွေ စိတ်ပူမနေပါနဲ့”

“ကောင်းပါပြီ ဒေါ်လေးလန် ...”

မိုဝူကျီက ခေါင်းညိတ်ပြလိုက်သည်။ သူက ထိုအကြောင်းကို များများ အာရုံမစိုက်ထားပေ။ ဆေးလုံး ဧကရာဇ်ပင် သူ့အား ညီအစ်ကိုဟု ခေါ်ဆိုသောကြောင့် ဤသို့သော အသေးအမွှား ကိစ္စများကို စိတ်ထဲ မထည့်ပေ။

ရှီဂူလန်က ကျေနပ်သွားပြီး ဆက်ပြောပြလိုက်သည်။

“ဟိုးအရင်နှစ်တုန်းက  လင်းဂူကို မွေးပြီးပြီးချင်းပေါ့  .. ဒေါ်ဒေါ် တစ်ယောက်တည်း အင်မော်တယ် သစ်သား အဆီအနှစ်ကို သွားရှာခဲ့တယ်။ အဲဒီမှာ  မြေအောက်ကမ္ဘာ အရိုးဝိညာဉ် အဆိပ်မိလာခဲ့တယ်။ မြန်မြန် ပြန်လာပေမဲ့ နောက်ကျလွန်းသွားပြီ။  အဲဒီနောက်ပိုင်းကျ အသိစိတ်ပင်လယ်လည်း  ခန်းခြောက်လာပြီးတော့ အရိုးတွေလည်း မည်းနက်လာတယ်။ ဝိညာဉ်လမ်းကြောင်း တွေလည်း မည်းနက်လာပြီးတော့  နောက်ကျိလာတယ်။

ဂိုဏ်းကရော၊ လင်းဂူရဲ့ဆရာကရော အားထုတ်ပေးပေမဲ့  သူတို့တွေက အခုထိ ဒေါ်ဒေါ်ကို မကုနိုင်သေးဘူး”

“ဒေါ်လေးလန်က  အဆိပ်မိလာတာလား”

မိုဝူကျီက တွေးနေမိသည်။ အကယ်၍ အဆိပ်သာ ဖြစ်နေလျှင် အရာအားလုံးက လွယ်ကူချောမွေ့ သွားလိမ့်မည်။

သူ မဖယ်ရှားနိုင်သည့် အဆိပ် ရှိလို့လား။

သို့သော်လည်း ရှီဂူလန်၏ လေသံမှာ  အဆိပ်ခတ်ရသည့်ပုံ မပေါ်ပေ။

ရှီဂူလန် ပြောသည့် မြေအောက်ကမ္ဘာ အရိုးဝိညာဉ်အဆိပ်ကို  မိုဝူကျီ ကောင်းကောင်း သိထား၏။ ထိုအဆိပ်မှာ အရောင်မဲ့၊ အနံ့မဲ့ ဖြစ်ကာ  သတိပြုမိဖို့ရာ ခက်ခဲပေသည်။ ထိုအဆိပ်မိလာသည်နှင့် အသိစိတ်ပင်လယ်မှာ  ဖြည်းဖြည်းချင်း မာခဲလာပြီး သေးငယ်လာလိမ့်မည်။ အရိုးများမှာလည်း မည်းနက်လာပြီး  ဝိညာဉ် လမ်းကြောင်းမှာလည်း  မည်းနက်လာကာ  ကျင့်ကြံဆင့်လည်း အားပျော့ လာလိမ့်မည်။  ကျင့်ကြံဆင့် မရှိတော့ဘဲ သာမာန် သေမျိုးတစ်ယောက်အဖြစ် ရောက်ရှိသွားကာ သေဆုံးသွားရလိမ့်မည်။

ရှီဂူလန်က  လင်းဂူကို မွေးဖွားပြီးနောက် အင်မော်တယ် သစ်သားအဆီအနှစ် သွားရှာခဲ့သည့် အကြောင်းအရင်းမှာ လင်းဂူ၏ မွေးရာပါ ပါရမီကို တိုးတက်စေလို၍ ဖြစ်သည်။ အင်မော်တယ် သစ်သား အဆီအနှစ်တွင် နောက်ထပ် အရေးပါသည့် လုပ်ဆောင်ချက် တစ်ခု ရှိသေး၏။ မွေးကင်းစ ကလေးငယ်လေးအတွက်  ကလေးငယ်လေး၏ ပါရမီကို မယုံနိုင်လောက်ဖွယ် ထူးချွန်ပြောင်မြောက် သွားစေနိုင်သည်။ လင်းဂူက ကြယ်ရှစ်လုံး ပါရမီရှင် ဖြစ်ပြီး သူမ အသားရေမှာ မှန်ကဲ့သို့ ချောမွတ်နေသည်မှာ ယခင်က  အင်မော်တယ် သစ်သားအဆီအနှစ်နှင့် စိမ်ခဲ့၍ ဖြစ်နိုင်သည်။

မိုဝူကျီ၏ စကားများကို ကြားပြီးနောက် ရှီဂူလန်က ခေါင်းခါကာ …

“အစတုန်းက ဂိုဏ်းချုပ်နဲ့ ဒေါ်ဒေါ်ရယ်  ပြီး‌တော့ လင်းဂူရဲ့ ဆရာရယ် အားလုံးက  ဒေါ်ဒေါ် အဆိပ်မိလာတယ်လို့ တွေးမိကြတာ။ ပြီးတော့ နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်ကို နာမည်ကျော်ကြားတဲ့ အင်မော်တယ် သမားတော် တစ်ယောက် ရောက်လာတယ်။ သူက ဒေါ်ဒေါ်ကို စမ်းသပ်ပေးပြီးတဲ့နောက် အဆိပ်မိတာ မဟုတ်ဘဲနဲ့ ဖျားနာမှုကြောင့် ဖြစ်လာတာလို့ ပြောတယ်”

“ရောဂါကိုရော ပြောသွားသေးလား” မိုဝူကျီက မြန်မြန် မေးလိုက်သည်။

ရှီဂူလန်က သက်ပြင်းချကာ …

“သူ မပြောနိုင်ခင်မှာ  တစ်ခု ဖြစ်သွားခဲ့တယ်။ နတ်ဘုရား အင်မော်တယ် နယ်မြေရဲ့ အင်မော်တယ် ဧကရာဇ် လွန်ချိုက်ရဲ့ မြတ်နိုးရတဲ့ ကိုယ်လုပ်တော်လေးက ဖျားနာလို့။ အင်မော်တယ် နယ်မြေတိုင်းက  သမားတော်တွေ အားလုံးကို အင်မော်တယ်  ဧကရာဇ် လွန်ချိုက်က အတင်းကြပ် ခေါ်သွားခဲ့တယ်။ သူ ထွက်သွားတဲ့ နောက်ပိုင်း သူ့သတင်း ဆက်မကြားရတော့ဘူး”

မိုဝူကျီက တွေးမိလိုက်သည်။ အင်မော်တယ် ဧကရာဇ် လွန်ချိုက်က အနိုင်လိုမင်းထက် ပြုမူနေခြင်း ဖြစ်၏။ ဤအင်မော်တယ် သမားတော်က ရှီဂူလန်ကို စစ်ဆေးနေဆဲ ဖြစ်သော်လည်း ထိုသမားတော်ကို ပြန်ခေါ်သေး၏။ နှစ်များစွာ ကြာသည့်အတိုင် သတင်းမကြားရသည့်ပုံ ထောက်လျှင် တစ်ခုခု ဆိုးရွားသည့် ကိစ္စ ဖြစ်သွားခြင်း ဖြစ်ရမည်။

ရှီဂူလန်က မိုဝူကျီ၏ သံသယကို သတိထားမိပြီး …

“အဲဒီအင်မော်တယ် သမားတော်က  ချန်ချန်းဟယ်တဲ့။ သူက အင်မော်တယ် နယ်မြေ ခုနစ်ခုရဲ့ ထိပ်တန်း သမားတော် ကိုးယောက်ထဲက တစ်ယောက်လေ။ အင်မော်တယ် ဧကရာဇ် လွန်ချိုက်က  သူ့ကို ခေါ်တာက ပုံမှန်ပါပဲ။ သူ့ကို မပြောနဲ့ဦး ... ။ အင်မော်တယ်  ဧကရာဇ် လွန်ချိုက်က  တခြားအင်မော်တယ် သမားတော် တွေကိုလည်း လှမ်းခေါ်လိမ့်မယ်”

“အဲဒီလူကို ကျုပ်လည်း ကြားဖူးတယ်”

မိုဝူကျီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူက အမှန်ပင် ချန်းချန်ဟယ် နာမည်ကို တကယ် ကြားဖူးလေ၏။ ဟန်ချင်းရုဆီမှ ကြားထားဖူးခြင်း ဖြစ်ရမည်။ ထိုလူ၏ နာမည်မှာ ယုံရင် အစွန်းအဖျားအထိ ရောက်ရှိလာ၍ မည်မျှ ကျော်ကြားကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။

မိုဝူကျိက ပြောလိုက်သည်။

“ဒေါ်လေးလန် .... တစ်ချက်လောက် သွေးခုန်နှုန်း စမ်းပေးပါရစေ”

မိုဝူကျီက လူတစ်ယောက်၏ သွေးကြောကို မည်သို့ အာရုံခံရမည်ကို မသိသော်လည်း သူ့တွင် အဆိပ်ဖြေလမ်းကြောင်း ရှိနေသောကြောင့် ရှီဂူလန်သာ အဆိပ်မိနေလား စစ်ဆေး ကြည့်နိုင်လေသည်။

ရှီဂူလန်က “အွန်း” တစ်လုံး ပြန်ဖြေလိုက်ပြီး လက်ကို ဆန့်ထုတ် ပေးလိုက်သည်။ သူမ လက်ကောက်ဝတ်မှာ‌ သွေးရောင် မရှိဘဲ ဖြူဖျော့နေလေ၏။ သူမ လက်ကောက်ဝတ် ဆန့်ထုတ်လိုက်သည့်အခါ မိုဝူကျီက အရည်ပြားအောက်မှ အရိုးမည်းမည်းကို မြင်လိုက်ရသည်။

ရှီဂူလန်၏ ဖျားနာမှုမှာ အမှန်ပင် ပြင်းထန်လှသည်။ တခြားနည်းဖြင့် ဆိုရလျှင် သူမကို မည်သူမှ မကုသပေးလျှင်  ဆက်၍ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

မိုဝူကျီက ရှီဂူလန်၏ လက်ကောက်ဝတ်ကို စမ်းသပ် ကြည့်လိုက်သည့်အခါ  အဆိပ်ဖြေ လမ်းကြောင်းမှာ  အနည်းငယ် လှုပ်ရှား သွားသော်လည်း ချက်ချင်းဆိုသလို ပုံမှန် ပြန်ဖြစ်သွားလေ၏။

အဆိပ်ဖြေ လမ်းကြောင်းမှာ  မည်သည့်အရာကိုမှ အဆိပ်မဖြေ ပေးသော်လည်း  မိုဝူကျီက ရှီဂူလန်မှာ အဆိပ်မိနေကြောင်း သေချာသိလိုက်သည်။ ထို့အပြင် ဤအဆိပ်မှာ  သူ့အဆိပ်ဖြေ လမ်းကြောင်း  မဖယ်ရှားချင် လောက်သည့်အထိ ပြင်းထန်လွန်းနေခြင်း ဖြစ်၏။

မိုဝူကျီ၏ စိတ်စွမ်းအားက ရှီဂူလန်၏ ခန္ဓာထဲ ပို့လွှတ်လိုက်သည့်အခါ မကြာခင် နောက်ထပ် တစ်ခု ရှာတွေ့သွားလေ၏။ ထိုအရာမှာ သူမ ခန္ဓာကိုယ်ထဲ ရှိနေသည့် ထိပ်တန်း အင်မော်တယ် ဆေးပင် ဖြစ်သည့်  ဝိညာဉ်အနားသတ် အပင် ဖြစ်ပေသည်။

ဝိညာဉ်အနားသတ် အပင်မှာ အဆင့် ၆ အင်မော်တယ် ဆေးပင် ဖြစ်သော်လည်း ဤဆေးပင်၏ တန်ဖိုးမှာ အလွန်နိမ့်ကျ၏။ အကြောင်းမှာ ဆေးဖော်စပ်၍ မသုံးနိုင်ဘဲ  လက်ဖက်ရည်ကြမ်းနှင့် သေရည် အတွက်သာ  အသုံးပြုနိုင်လေသည်။ ဤအင်မော်တယ် ဆေးပင်မှ ချက်လုပ်ထားသော လက်ဖက်ရည်ကြမ်းမှာ ကျင့်ကြံသူ၏ ဝိညာဉ်ကို အားဖြည့်ပေးသည့် အပြင် စိတ်စွမ်းအားနှင့် ပတ်သက်၍လည်း အကျိုးအာနိသင် ရှိ၏။

သို့သော်လည်း  တကယ့် အကျိုးကျေးဇူးမှာ အလွန်နည်းပြီး အရသာလည်း မကောင်းသောကြောင့် ကျင့်ကြံသူတချို့သာ လက်ဖက်ရည်ကြမ်း သို့မဟုတ် သေရည်အဖြစ် သောက်သုံးကြခြင်း ဖြစ်ပေသည်။

ရှီဂူလန်၏ ခန္ဓာကိုယ်ထဲတွင် ထိုအင်မော်တယ်  ဆေးပင် ရှိနေသည့် အရိပ်အယောင် သာမက  ပမာဏလည်း များပြားနေ၏။ မိုဝူကျီက ခုတင်ဘေးမှ လက်ဖက်ရည်ကြမ်းအိုးကို  ကြည့်လိုက်ပြီးနောက် မကြာခင်တွင်  ထိုလက်ဖက်ရည်ကြမ်းမှာ  ဝိညာဉ်အနားသတ် အပင် သုံးထား၍ ချက်လုပ်ထားခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

မိုဝူကျီက တစ်ခွက် ငှဲ့ကာ  သောက်သုံးလိုက်သည်။

သူက ထိုလက်ဖက်ရည်ကြမ်းကို သောက်သုံးချင်၍ မဟုတ်ဘဲ ရှီဂူလန်၏ ဖျားနာမှုမှာ  ဝိညာဉ်အနားသတ် အပင် သောက်သုံး၍ လုံးဝ အသုံးမဝင်ပေ။

ထို့အပြင် ချောင်မူရှစ်  စာအုပ်ထဲ၌  သီးသန့် မှတ်စုအကြောင်း ပါရှိလေသည်။

မြေအောက်ကမ္ဘာ အမွေးနံ့သာ သစ်သားနှင့် ဝေးဝေးထားရန် ...

ချောင်မူရှစ် စာအုပ်က  မြေအောက် ကမ္ဘာ အမွေးနံ့သာ သစ်သားအကြောင်း ဖော်ပြထားသေး၏။ သွင်ပြင်အရ ဖြစ်စေ၊ ရနံ့အရ ဖြစ်စေ အင်မော်တယ် အမွေးနံ့သာ သစ်သားနှင့် အတူတူ ဖြစ်၏။  သူတို့လုပ်ဆောင်ချက် များမှာလည်း  အကြမ်းဖျင်းအားဖြင့် တူညီပြီး နှစ်ခုလုံးမှာ စိတ်တည်ငြိမ်စေသည့် သဘောဆောင် လေသည်။ သို့သော်လည်း  မြေအောက်ကမ္ဘာ အမွှေးနံ့သာ သစ်သားနှင့် အင်မော်တယ် အမွှေးနံ့သာ  သစ်သားတို့တွင် ခြားနားချက် တစ်ခု ရှိပြီး  မြေအောက်ကမ္ဘာ အမွှေးနံ့သာ သစ်သားမှာ မြေအောက်ကမ္ဘာ အမှောင်စွမ်းအားများကို စုပ်ယူသောကြောင့် အချိန်ကြာမြင့် လာသည့်အခါ မျက်နှာပြင်၌ အမည်းကွက်များ ခပ်ဖျော့ဖျော့ ပေါ်လာလိမ့်မည်။

ထိုအမည်း အကွက်များအတွက် အသာပွတ်ပေးရုံဖြင့် ပျောက်ကွယ် သွားလေ၏။ တစ်ဖက်တွင် အင်မော်တယ် အမွေးနံ့သာ သစ်သားတွင် ထိုသို့ အမည်းအကွက်များ မရှိပေ။ အမည်းအကွက်များကို မဆိုထားနှင့်၊  အင်မော်တယ် အမွေးနံ့သာ သစ်သားပေါ်၌ ဖုန်မှုန့်ပင် မတင်ချေ။  ထို့ကြောင့် အင်မော်တယ် အမွှေးနံ့သာ သစ်သားကို  သုတ်ရန် မလိုဘဲ အလိုလို သန့်ရှင်း နေတတ်သည်။

မိုဝူကျီက  ဤအင်မော်တယ် အမွှေးနံ့သာ အသားကုတင်ကို စိုက်ကြည့်နေသည့် အကြောင်းအရင်းမှာ ထူးဆန်းသောကြောင့် ဖြစ်၏။ အစွန်းဘက်၌  ဖုန်များ ရှိနေပြီး  တစ်နေရာသာ မရှိနေခြင်း ဖြစ်၏။

မိုဝူကျီက သူမ၏ အားဖြည့် လက်ဖက်ရည်ကြမ်း သောက်လိုက်သည်ကို မြင်ပြီး ရှီဂူလန်က သိချင်မိသွားသည်။ သို့သော်လည်း  သူမက  ခံစားချက် တစ်ခု ခံစားမိနေပြီး  ဆက်မမေးတော့ပေ။

မိုဝူကျီက လက်ဖက်ရည်ကြမ်းကို သောက်သုံးပြီးနောက် ဝိညာဉ် အားသစ် လောင်းဖြည့်လိုက်သလို ခံစားလိုက်ရသည်။ ထိုစွမ်းအားမှာ အတော်လေး အားနည်း နေသော်လည်း  သေချာပေါက် ရှိတော့ ရှိပေသည်။ အမြင်နှင့်တင်  ဝိညာဉ်အနားသတ် အပင်မှ ချက်လုပ်ထားသော လက်ဖက်ရည်ကြမ်းက ဝိညာဉ်ကို အားဖြည့် ပေးသော်လည်း  အပိုလုပ်ဆောင်ချက် မရှိပေ။

မိုဝူကျီက မြေအောက်ကမ္ဘာ အမွေးနံ့သာ သစ်သားပေါ်  လက်တင် လိုက်သော်လည်း တုံ့ပြန်မှု မရှိပေ။

မိုဝူကျီက မျက်မှောင်ကြုတ်ကာ  စဉ်းစားလိုက်သည်။ ချောင်မူရှစ် စာအုပ်၌  ပြောထားသည်မှာ မြေအောက်ကမ္ဘာ အမွှေးနံ့သာ  သစ်သားနှင့် ဝိညာဉ် အနားသတ် အပင်ကြား မလိုက်ဖက်ကြောင်း ပြောထားသော်လည်း  အတိအကျကိုတော့ ရှင်းပြမထားပေ။

အသက်ရှူကြိမ် ဆယ်ရှိုက်စာ ကြာမြင့် သွားသော်လည်း မိုဝူကျီက တုံ့ပြန်မှု မရှိသေးပေ။ ထိုနောက် အမည်းကွက်ဆီ ရွေ့လိုက်သည်။ ဤတစ်ကြိမ်၌  သူ့လက်ချောင်း ထိလိုက်သည်နှင့် သူ့အဆိပ်ဖြေ လမ်းကြောင်းမှာ  ပုံမှန်အတိုင်း ပြန်မဖြစ်သွားခင် အနည်းငယ် လှုပ်ရှားသွားလေ၏။

မိုဝူကျီက  သူ့အဆိပ်ဖြေ လမ်းကြောင်းကို ချက်ချင်း လှုံ့ဆော်လိုက်ပြီး  ကျန်ရှိနေသော ချီသွေးကြောများနှင့်အတူ လှည့်ပတ်လိုက်သည်။ ခဏအကြာတွင် မိုဝူကျီက သူ့ခန္ဓာကိုယ် အတွင်းမှ စမ်းသပ်မရလုနီးပါး ဖြစ်နေသည့်  အဆိပ် အရိပ်အယောင်ကို မြင်လိုက်ရသည်။

မိုဝူကျီက  ချက်ချင်း လက်ပြန်ရုတ်ကာ  သက်ပြင်းချလိုက်သည်။ ထိုအရာမှာ အတော်လေး အံ့အားသင့်ဖို့ ကောင်းပေသည်။ သူ့အဆိပ်ဖြေ လမ်းကြောင်းပင် မဖယ်ရှားလိုပေ။ ထို့အပြင် ထိုအဆိပ်၏ လက္ခဏာရပ်များက  မြေအောက်ကမ္ဘာ အရိုးဝိညာဉ် အဆိပ်နှင့် တူပေသည်။

“ဒေါ်လေးလန်ရဲ့ တပည့် အောင်းစုန့် အကြောင်း ပြောပြပေးလို့ ရမလား။  သူမက ဘယ်လိုမျိုးလဲ။ ဘယ်က ရောက်လာတာလဲ”

မိုဝူကျီက ရှီဂူလန်၏ ဖျားနာမှုအကြောင်း သိသွားပြီ ဖြစ်သော်လည်း သူ့အဆိပ်ဖြေ လမ်းကြောင်းဖြင့် ဖယ်ရှား ရလောက်အောင် မရိုးရှင်းပေ။

***

All Chapters