← Chapters

ငါ သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့တယ်

Vol. 1 Ch. 2

ငါ သူရဲကောင်းတစ်ယောက် ဖြစ်လာခဲ့တယ်

Vol. 1 Ch. 2

အချိန်တွေက လျင်မြန်စွာကုန်ဆုံးသွားတယ်။

တင်မီဟာ မင်းလွင်ရဲ့အကူအညီနဲ့အထက်တန်းကျောင်းအောင်သွားပြီး နည်းပညာတက္ကသိုလ်ကြီးတစ်ခုကို တိုက်ရိုက် တက်ခွင့်ရခဲ့တယ်။ မင်းလွင်ကတော့ တက္ကသိုလ်စကော်လာတစ်ခုကို လျှောက်ခဲ့ပေမဲ့ စကော်လာအပြည့်ပေးတဲ့ နည်းပညာတက္ကသိုလ်တွေက ယနေ့ခေတ်မှာရှားနေပါပြီ။ တော်တော်များများက စကော်လာအောင်ရင် ကျောင်းလခနည်းနည်းလောက် လျှော့ချပေးရုံပါပဲ။ ကျောင်းသားချေးငွေဆိုတာကြီးကတော့

အထက်တန်းကျောင်းကလိုပဲ သူ့အမေမလျှောက်ခိုင်းလို့ မလျှောက်ခဲ့ပါဘူး။ ဒါကြောင့်ကျန်တဲ့လခတစ်ဝက်ကို သတိပေးနည်းပညာရောင်းလို့ရတုန်းကငွေနဲ့ပေးပြီး ဟီးရိုးအကူပစ္စည်းထုတ်တဲ့ နည်းပညာကုမ္ပဏီတစ်ခုမှာ နည်းပညာအကူအဖြစ် ဝင်လုပ်ခဲ့တယ်။

မင်းလွင်ကိုအလုပ်ခန့်ခဲ့တဲ့ကုမ္ပဏီဟာ ဟီးရိုး

အစည်းအရုံးတည်ထောင်သူ လေးဆယ့်ခုနှစ်

ယောက်ထဲက နည်းပညာအခြေပြုဟီးရိုးမက်တယ်ပလာဒင်ရဲ့ပလာဒင်နည်းပညာလေမီတက်

ပါ။ လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ ထိပ်သီးနည်း

ပညာကုမ္ပဏီကြီးဖြစ်ခဲ့ပေမဲ့ စူပါဟီးရိုးပလာဒင်

လူကြီးရောဂါနဲ့ဆုံးပါးပြီးတဲ့နောက်မှာတော့ တ

ဖြည်းဖြည်းကျဆင်းလာခဲ့တယ်။

ပလာဒင်နည်းပညာကုမ္ပဏီဟာ ဟီးရိုးအထောက်အကူပြုပစ္စည်းတွေအပြင် ရဲတပ်ဖွဲ့နဲ့ စစ်တပ်အတွက် နည်းပညာမြင့်တိုက်ပွဲဝင်စက်ရုံတွေကို ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ငါးဆယ်ကျော်လာပြီးတာတောင် ဒီစက်ရုပ်တွေရဲ့စွမ်းအားဟာ D အဆင့်မြူတန့်တစ်ဦးနဲ့

တူညီလုနီးပါးသာရှိတယ်။ အတော်ကြီးအား စိုက်ထုတ်လုပ်ထားတဲ့စက်ရုပ်တွေတောင် C+ အမြင့်ဆုံးသာ ရောက်ကြပါတယ်။ ဒါကြောင့် ဒီစက်ရုပ်တွေဟာ C အဆင့်မြူတန့်ရာဇဝတ်

သားတစ်ယောက်ကိုဖမ်းဖို့တောင် တပ်စုတစ်စုစာလောက် ဝိုင်းဖို့လိုနေတယ်။ သာမန်လူတွေ

အတွက် ယှဥ်နိုင်စရာအကြောင်းမရှိတဲ့ ရဲစက်ရုပ်တွေလို့ပြောနိုင်ပေမဲ့ ရာဇဝတ်သား

မြူတန့်တွေကတော့ သူတို့ကို စည်သွပ်ဘူးတွေလို့သာ လှောင်ပြောင်ကြတယ်။

တကယ်တော့ ပလာဒင်လေမီတက်တစ်ခုတည်းရဲ့စက်ရုပ်တွေ ဒီလိုဖြစ်နေတာမဟုတ်ပါ။

ကမ္ဘာပေါ်က ဘယ်လက်နက်ကုမ္ပဏီမှ ဒီထက် ပိုကောင်းတဲ့လက်နက်တွေကို မထုတ်နိုင်ကြ

သေးဘူး။ အကြောင်းကတော့ ကမ္ဘာပေါ်မှာရှိတဲ့ သတ္ထုအရင်းအမြစ်တွေကိုသုံးပြီး ဒီထက်ပို

အင်အားကြီးတဲ့စက်ရုပ်တွေကို ထုတ်လုပ်ဖို့မဖြစ်နိုင်လို့ပါပဲ။ နာနိုနည်းပညာနဲ့ပိုကောင်းတဲ့

သတ္ထုတွေကိုလုပ်နိုင်ပေမဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားလွန်းတော့ ရဲတပ်ဖွဲ့လိုအရေအတွက်အများကြီးလိုအပ်တဲ့ အဖွဲ့အစည်းမျိုးတွေကို ထောက်ပံပေးဖို့မဖြစ်နိုင်တော့ဘူး။

ဒါ့အပြင် နည်းပညာအခြေပြုဟီးရိုးမဟုတ်တဲ့သူတွေ ပြုလုပ်နိုင်ခဲ့တဲ့ အဆင့်အမြင့်ဆုံးစက်ရုပ်ဟာ ယနေ့အထိ C+ အဆင့်မှာသာရှိတယ်။

မက်တယ် ပလာဒင်ရဲ့ဝတ်စုံဟာ A- အဆင့်မှာရှိခဲ့ပေမဲ့ အဲဲဒီဝတ်စုံရဲ့နည်းပညာကို သိပ္ပံပညာရှင်တွေဟာ ပုံတူလိုက်မကူးနိုင်ခဲ့ဘူး။ ယနေ့အချိန်အထိ A အဆင့်ကိုဝင်တဲ့ နည်းပညာအခြေပြုဟီးရိုးတွေမရှိပါ။ သမိုင်းတစ်လျှောက်လုံးမှာတောင် S rankလုံးဝမရှိဘဲ

A- တစ်ဦးသားရှိခဲ့ဖူးတယ်။ အများစုက အထောက်အကူပြု မြူတန့်ဟက်ကာဟီးရိုးတွေနဲ့ Bအဆင့်အောက်က တိုက်ခိုက်ရေးဟီးရိုးတွေသာဖြစ်ကြတယ်။ ဒါကြောင့် နည်းပညာဟီးရိုးတွေဆိုရင် တခြားမြူတန့်တွေက အထင်သေးကြတယ်။

ကုမ္ပဏီရဲ့အထွေထွေမန်နေဂျာက အသက်နှစ်ဆယ့်ခုနစ်နှစ်ကျော်ရုံသာရှိသေးတဲ့ အမျိုးသမီးပါ။ အိုင်းရစ်လူမျိုးတွေလိုမျိုး အပြာရောင်မျက်လုံးတွေနဲ့နီရဲတဲ့ဆံပင်တွေရှိတယ်၊ အရပ်က ငါးပေခြောက်လက်မလောက်ရှိပြီး အာရှလူမျိုးဖြစ်တဲ့ မင်းလွင်ထက် မဆိုသလောက်လေးပဲနိမ့်ပါတယ်။ ခပ်ကောက်ကောက်ဆံပင်တွေက သူ လှုပ်ရှားတဲ့အခါတိုင်းမှာ လှုပ်ယမ်းနေတတ်ပြီး အလွန်ချစ်စရာကောင်းတဲ့ပုံစံရှိတယ်။

နာမည်ကတော့ ဖလေရာ ဘယ်ရီဂရင်းဖြစ်တယ်။ သေဆုံးပြီးဖြစ်တဲ့ စူပါဟီးရိုးမက်တယ်ပလာဒင်က ဒီမိန်းကလေးရဲ့အဖိုးပါ။

တည်ထောင်သူဟီးရိုးအများစုဟာ အစပိုင်းမှာ သူတို့ရဲ့နာမည်တွေကို လျှို့ဝှက်ချက်အနေနဲ့

ထားခဲ့ကြပေမဲ့ ကာလရှည်ကြာပြီဖြစ်တဲ့အတွက် လျှို့ဝှက်ချက်တွေဟာ လျှို့ဝှက်ချက်

မဟုတ်တော့ပါဘူး။ ဘယ်ရီဂရင်းမိသားစုရဲ့ သရုပ်မှန်ကို လူတွေသိထားတာကြာပါပြီ။ တခြားတည်ထောင်သူမိသားစုအများစုဟာလည်း အလားတူပါပဲ။ လက်ရှိအချိန်မှာ ဘယ်ရီဂရင်းမိသားစုဟာ တည်ထောင်သူမျိုးနွယ်အားလုံးထဲမှာ အားအနည်းဆုံးလို့ပြောလို့ရတယ်။

သူတို့မျိုးနွယ်မှာ မြူတန့်တွေ ထပ်မထွက်ပေါ်လာတော့ဘူး။ နောက်ဆုံးမျိုးဆက်မှာဆိုရင်လည်း ဘယ်ရီဂရင်းမျိုးနွယ်က ဖလေရာတစ်ဦးတည်းကိုသာ ဖွားမြင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဖလေရာလက်ထပ်သွားတာနဲ့ ဘယ်ရီဂရင်းမိသားစုနာမည်ဟာ ပျောက်ကွယ်သွားမှာပါ။

ဖလေရာဟာ လှပသူဖြစ်လို့ သူ့ကိုလက်ထပ်ချင်သူတွေ များစွာရှိတယ်။ အထူးသဖြင့် ရုရှားရဲ့ဒီမီထရီမျိုးနွယ်ဟာ မက်တယ်ပလာဒင်နဲ့ အပျော်အပျက်ကတိပေးခဲ့တဲ့ကတိအတိုင်း

သူတို့သခင်လေးနဲ့စေ့စပ်ပေးဖို့ လုပ်ခဲ့သေးတယ်။ ဖလေရာကတော့ ပြတ်ပြတ်သားသာပဲ

ငြင်းဆိုခဲ့တယ်။ ဒီမီထရီတွေဟာ လက်ကိုပဲ သတ္ထုအဖြစ်ပြောင်းလဲနိုင်တာမလို့ သူတို့တစ်

ကိုယ်လုံးက အားနည်းချက်ဖြစ်နေတယ်။ ဒါကြောင့် ရှေးခေတ်နိုက်သူရဲကောင်းတွေလိုမျိုး

သတ္ထုချပ်ဝတ်တွေကို ဝတ်ဆင်ဖို့လိုကြပါတယ်။ ပေါ့ပါးပြီး ခုခံနိုင်စွမ်းကောင်းတဲ့ချပ်ဝတ်တွေကိုထုတ်နိုင်တဲ့ပလာဒင်အုပ်စုကိုသာ ချုပ်ကိုင်နိုင်ရင် ဒီမီထရီတွေဟာ ပြိုင်ဖက်ကင်း

သွားလိမ့်မယ်။

လက်ရှိမှာ ရုရှားရဲ့စူပါဟီးရိုးလောကမှာ Sအဆင့်တစ်ယောက်နဲ့ Aအဆင့် ဆယ်ယောက်

နီးပါးရှိတယ်။ Sအဆင့်နဲ့ Aအဆင့်ငါးယောက်က ဒီမီထရီတွေပါ။ Bအဆင့်တစ်အုပ်တစ်မကြီးလည်းရှိတယ်။ ရုရှားဟီးရိုးအစည်းအရုံးရဲ့ဥက္ကဋ္ဌတွေဟာလည်း အစဥ်အဆက်ဒီမီထရီတွေပါ။

ဖလေရာပယ်ချခဲ့တာကလည်း နိုင်ငံရေးအရ လက်မထပ်ချင်လို့ပါပဲ။

မင်းလွင်က သူစဥ်းစားထားမိတဲ့ပရောဂျက်ကို ချရေးပြီး မူကြမ်းကို မန်နေဂျာမိန်းကလေးဆီ

တင်ပြလိုက်တယ်။ ဒီမိန်းကလေးက သူ့ကိုအလုပ်ဝင်စကတည်းက တော်တော်မျှော်လင့်

ထားတာပါ။ သတိပေးစနစ်ကိုဝယ်သွားတာလဲ ပလာဒင်ကုမ္ပဏီပါပဲ။ တိတိကျကျပြောရင် ဖလေရာကိုယ်တိုင် တခြားကျောင်းတစ်ခုက လေ့လာဖို့ရောက်လာတဲ့ ကျောင်းသူအဖြစ်ဟန်ဆောင်ပြီး သူတို့နည်းပညာပြပွဲကို ရောက်လာခဲ့တာလေ။ စာချုပ်ချုပ်မယ်ပြောတုန်းကဆိုရင် မင်းလွင်အံ့ဩလွန်းလို့သေတော့မယ်။

"ဒီတော့ နင်က ငါတို့စက်ရုံတွေကနေ ရဲစက်ရုပ်တွေထုတ်မယ့်အစား စူပါရဲဝတ်စုံတွေ ပြောင်းထုတ်သင့်တယ်လို့ ပြောချင်တာလား။"

"ဟုတ်တယ်၊ နည်းနည်းလက်ဝင်ပေမဲ့ ကျွန်တော်ဖြေရှင်းနိုင်မယ်လို့ယုံတယ်။

တူညီတဲ့ကုန်ကြမ်းတွေနဲ့ဆိုပေမဲ့ သီအိုရီအရဆိုရင် C+ စွမ်းအားကို ထုတ်သုံးနိုင်လိမ့်မယ်။

အရေအတွက်အများကြီးထုတ်နိုင်မယ်ဆိုရင် လက်ရှိဘယ်ရဲဘက်သုံးစက်ရုပ်ထက်မဆို ပို

အသုံးဝင်လာလိမ့်မယ်။ သာမန်ရဲတစ်ယောက်ကို C အဆင့်ထိပ်ဆုံးဟီးရိုးကို ရင်ဆိုင်နိုင်တဲ့

ခွန်အားမျိုးရှိလာအောင် လုပ်နိုင်လိမ့်မယ်။ ဒါတောင် ပုံကြမ်းပဲမလို့ လက်နက်တွေမထည့်ရ

သေးဘူး။ အဲဒါတွေထည့်ပြီးရင် ပိုအစွမ်းထက်လာနိုင်တယ်။"

ဖလေရာက မင်းလွင်ကို စူးရှရှတစ်ချက်ကြည့်ပြီး ပြုံးရုံလေးပြုံးလိုက်တယ်။ အဲဒီအပြုံးကြောင့် သူ့ကိုယ်ဟာ နည်းနည်းလေးလှုပ်ခါသွားတယ်။ လက်ထဲမှာကိုင်ထားတဲ့ မူကြမ်း

A-4 ဖိုင်တောင်မှာ ယမ်းခါနေတယ်။

မင်းလွင်ရဲ့ပုံဆွဲစကေးက သိပ်မဆိုးပေမဲ့ လက်ရေးကတော့ တော်တော်ဆိုးပါတယ်။

ငလျင်လှုပ်ပြီး မလဲဘဲကျန်နေခဲ့တဲ့ ယိုင်တိုင်တိုင်ချိနဲ့နေတဲ့ ဓာတ်တိုင်တွေနဲ့တူတယ်။ ဖလေရာဟာ အဲဒီဖိုင်ကိုနားလည်ဖို့အတွက် တစ်နာရီမက အချိန်ပေးပြီး သေချာဖတ်ခဲ့တယ်။ နားမလည်တာမှန်သမျှကိုလည်း ပြန်မေးခဲ့တယ်။

အတော်ကြာတော့ ဖလေရာက မင်းလွင်ကို ပြောလိုက်တယ်။

"ဂရင်းဟုပ်အထက်တန်းကျောင်းရဲ့အတော်ဆုံးတီထွင်သူဆီက မျှော်လင့်ထားတဲ့အတိုင်း

ပဲ။ တကယ့်ကိုဆန်းသစ်မှုရှိတယ်...." သူက စကားကို တစ်ဝက်တစ်ပျက်နဲ့ရပ်ထားပြီးတဲ့

နောက် မတ်တပ်ရပ်လိုက်ပြီး လူတစ်ရပ်စာ မြင့်တဲ့ မှန်ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်ပါတယ်။ အထပ်ရာချီမြင့်တဲ့တိုက်ကြီးပေါ်ကနေတစ်ဆင့် မြေပြင်မှာရှိနေတဲ့ လူတွေ

ကို အသေးစားဗားရှင်းအဖြစ် လှမ်းမြင်နေရတယ်။ သူတို့တိုက်ရှေ့ဥယျာဥ်ထဲက မြင်းစီးနေတဲ့ ဝါရှင်တန်ပုံတူရုပ်ထုတောင် တကယ့်သေးသေးလေးဖြစ်နေတာ။ ပျံသန်းနေတဲ့ ဟော့ပါ

ဘိုက်တွေနဲ့ကင်းလှည့်နေတဲ့ ဟီးရိုးနဲ့ရဲ ပူးပေါင်းအဖွဲ့တွေကို အထက်စီးကနေ ကြည့်နေရတာဟာ တစ်မျိုးကျေနပ်စရာပါပဲ။

"ဒါပေမဲ့... မင်းရဲ့ပရောဂျက်က နာဆာရဲ့လွန်းပျံယာဥ်တွေလိုပဲ။ တူညီတဲ့ကုန်ကြမ်းပစ္စည်းတွေကိုသုံးတယ် ဒါပေမဲ့ဝတ်စုံတစ်ခုအတွက်ကုန်ကျစရိတ်က အော်တိုစက်ရုပ်တစ်ကောင်ထက် ဆယ်ဆပိုစျေးကြီးတယ်။"

"ဒါပေမဲ့ သူတို့က လက်ရှိအော်တိုစက်ရုပ်အယောက်နှစ်ဆယ်လောက်ကို တစ်ခါတည်းသိပ်

ပစ်နိုင်မှာလေ။"

"ပြီးတော့... ဝတ်စုံတစ်ခုတည်းမှာတင် အစိတ်အပိုင်း သုံးထောင်ကျော်တယ်။

တပ်ဆင်တဲ့အချိန်က တော်တော်ကြာလိမ့်မယ်။ နောက်ပြီးအစိတ်အပိုင်းများလေ

အမှားဖြစ်နိုင်ခြေများလေပဲ။"

မင်းလွင်ပါးစပ်ပိတ်သွားပြီး အတော်ကြာမှပြန်ဖြေလိုက်သည်။

"ချယ်လန့်ဂျာလို အပေါက်လေးတစ်ခုကြောင့် မီးလောင်သွားမှာကြောက်နေတာလား။"

"အင်း...."

"ဒါဆို အငြင်းခံရတယ်ပေါ့။" ဖလေရာက

ဘာမှဆက်မပြောပေ။ မင်းလွင်က လှည့်ထွက်သွားရန် ပြင်လိုက်သည့်အခါမှ အံ့အားသင့်ဖွယ်စကားကိုပြောလိုက်တယ်။

"မစ္စတာမာလင်... ရှင့်နာမည်အတိုင်းမှော်ဆန်မလား ကျွန်မသိချင်တယ်။ ရှင်အခုကနေစပြီး

စမ်းသပ်ဗားရှင်းကို စမ်းကြည့်လို့ရပြီ။ ရှင်

လက်တွေ့လုပ်ကြည့်ပြီးမှ မအောင်မြင်ရင်တော့

ထားလိုက်တာပေါ့။"

"အင်း၊ ကျွန်တော်နားလည်ပြီ။" မင်းလွင်က

နောက်လှည့်မကြည့်တော့ဘဲ ခေါင်းညိတ်ပြကာ သူ၏ရုံးခန်းစားပွဲရှိရာသို့ ပြန်လာပါတယ်။

ရုံးထဲက ဝန်ထမ်းတော်တော်များများကတော့

သူ့ကိုမကြည်ကြဘူး။ စနေတနင်္ဂနွေမှ နေ့တစ်

ပိုင်းရုံးလာတက်တဲ့ကောင်ကို သူတို့မန်နေဂျာ

က အလေးပေးလွန်းနေတယ်မဟုတ်လား။

"ဟွန့်၊ ရုပ်လေးနည်းနည်းချောရုံနဲ့ သူတို့ကိုယ်သူတို့ အဆင့်မြင့်ပြီထင်နေတဲ့ကောင်မျိုးတွေ

များသား။"

စီနီယာဝန်ထမ်းတစ်ယောက်က မကြားတကြားပြောလိုက်ပြီး ကွန်ပျူတာထဲမှဒီဇိုင်းပုံ

ကို ဆက်ဆွဲနေလိုက်တယ်။ ဒီနေရာမှာ ဒီဂျစ်တယ်ဒီဇိုင်းဆွဲနည်းကိုမသုံးဘဲ စာရွက်ပေါ်ပုံကြမ်းရေးတဲ့သူဆိုလို့ မင်းလွင်သာရှိတယ်။

သူ့မှာ လက်တော့တစ်လုံးတောင်မရှိဘူးလေ။

အချိန်ပိုင်းဝန်ထမ်းလည်းဖြစ်နေပြန်တော့

သီးသန့်ကွန်ပျူတာလည်း ရုံးမှာရမထားဘူး။

ဒီတော့ ဖုန်းနဲ့ဆွဲရင်ဆွဲ မဆွဲရင် လက်နဲ့ချဆွဲဖို့ပဲရှိတယ်။

ပြောရရင် ပလာဒင်လေမီတက်မှာ အချိန်ပိုင်း

လုပ်သားတောင် ဘယ်တုန်းကမှ ခန့်ဖူးတာမ

ဟုတ်ဘူး။ စက်ရုပ်အင်ဂျင်နီယာလုပ်ငန်းက

စားသောက်ဆိုင်လို အပျော်တမ်းလုပ်သားတွေ

ခန့်လို့ရတဲ့ လုပ်ငန်းမျိုးမဟုတ်ဘူးလေ။ သူက

မန်နေဂျာရဲ့ယုံကြည်မှုကိုရပြီး ခြွင်းချက်ဖြစ်

လာသူပါ။

မင်းလွင်ကတော့ ရုံးဆင်းပြီးတဲ့နောက် ဒီနေ့ရလာတဲ့ အချိန်ပိုင်းလုပ်အားခကို ထုတ်ကြည့်

တယ်။ ဒေါ်လာနှစ်ရာ။ တစ်ပတ်လုံး

နှစ်ရက်အလုပ်လုပ်ရတာမလို့ စုစုပေါင်းလေးရာပဲရတာပါ။ နေ့စဥ်စားစရိတ်ရဖို့တောင် အတော်ရုန်းကန်ရတယ်။ သူ့အမေသာကျောင်းခနဲ့အိမ်လခကို မထောက်ပံပေးခဲ့ရင်သူသေနေလောက်ပြီ။ ပြီးတော့ အချိန်ပိုင်းအလုပ်တကယ်မရှိပဲ ဖန်တီးပေးခဲ့တဲ့ ဖလေရာကိုလည်းသူကျေးဇူးတင်ရမယ်။ တကယ်လို့အဲဒီမှာအလုပ်မရဘဲ ပန်းကန်ဆေးနေရမယ်ဆိုရင်

တစ်နာရီကို ဆယ့်ငါးဒေါ်လာပဲရမှာဖြစ်လို့

တစ်ပတ်လုံးအလုပ်လုပ်ရတော့မှာပါ။

အပြန်လမ်းမှာ သူ့စွမ်းအားနိုးထလာနိုင်ခြေ

ရှိမရှိ သိချင်တဲ့အတွက် ဟီးရိုးအစည်းအရုံးက

ဆေးပညာဌာနကို သွားခဲ့သေးတယ်။ ဟီးရိုးအ

စည်းအရုံးက မြူတန့်မျက်နှာသစ်တွေကို အမြဲ

မျှော်နေတာမလို့ စမ်းသပ်ခမယူပါ။ အသက်

ဆယ်နှစ်ပြည့်တဲ့ကျောင်းသားတွေအတွက်

ကျောင်းတွေမှာ လိုက်စမ်းပေးပြီးရင် ဒေသ

ဆိုင်ရာဌာနတွေမှာ စွမ်းအင်နိုးထမှုရှိမရှိ အခမဲ့စစ်လို့ရသေးတယ်။

ဒါပေမဲ့ အခြေအနေကတော့ ဒုံရင်းပါပဲ။ မျက်မှန်အထူကြီးတပ်ထားတဲ့ ပင်စင်ယူခါနီးဆရာဝန်က ခေါင်းခါပြနေဆဲပါ။

"ကောင်လေး၊ မင်းဟီးရိုးဖြစ်ချင်တာ ငါသိပါတယ်။ ဒါပေမဲ့သုတေသနတွေအရ အသက်နှစ်ဆယ်ကျော်သွားရင် မြူတန့်စွမ်းအားနိုးထဖို့ဆိုတာ ဖြစ်နိုင်ခြေသိပ်နည်းသွားပြီ။ မင်းအနေနဲ့စွမ်းအင်ဥက္ကာခဲကို ကံကောင်းပြီး ကောက်မရမချင်းပေါ့။ ဒါပေမဲ့ဒီနေ့ခေတ်မှာ ဥက္ကာခဲအပိုင်း

အစတော်တော်များများက ပိုင်ရှင်ရှိပြီးသားမ

လို့ ရဖို့မဖြစ်နိုင်သလောက်ပဲ။ တကယ်လို့လူ

တွေကိုကယ်ချင်တယ်၊ ဟီးရိုးလုပ်ရတာ တ

အားဝါသနာပါတယ်ဆိုရင်တော့ ရဲဖြစ်ဖြစ်၊

မီးသတ်ဖြစ်ဖြစ်ဝင်လုပ်ကွာ၊ အစွမ်းမရှိတာ

ကလွဲလို့ သူတို့လည်းနေ့တိုင်းလူတွေကိုကာ

ကွယ်ပေးနေရတာပဲဥစ္စာ။"

လတိုင်းလိုလို ဟီးရိုးအစည်းအရုံးကို လာစစ်လွန်းလို့ စမ်းသပ်ဌာနက ဆရာဝန်အဖိုးကြီးနဲ့

မင်းလွင်နဲ့က မြေးအဖိုးလိုတောင်ဖြစ်နေပါပြီ။

မင်းလွင်နယူးယောက်ကိုရောက်လာပြီး အထက်တန်းတက်ကတည်းက ချောင်းပေါက်

မတက်သွားနေခဲ့တာကိုး။

"ဒါပေမဲ့... ကျွန်တော့်မိဘနှစ်ယောက်လုံး

မြူတန့်တွေလေ။ ကျွန်တော့်အဖိုးဆိုရင် သိပ်

အင်အားကြီးတဲ့မြူတန့်ဗျ။ ဒါပေမဲ့ဘာဖြစ်လို့

ကျွန်တော့်ကျမှ ခုထိစွမ်းအားတွေရှိမလာတာလဲ။"

"ဖြစ်နိုင်ခြေက ၈၅% ကွ။ ၁၀၀% မဟုတ်ဘူး။

မင်း ကျန်တဲ့ ၁၅%ထဲ ပါသွားတာလည်းဖြစ်နိုင်တာပဲ။ ကောင်လေး၊ ငါပြောတာသာ စဥ်းစား

ကြည့်စမ်းပါကွာ။"

.... ဟီးရိုးအစည်းအရုံးက အပြန်လမ်းမှာတော့

တွေ့ရာကုန်စုံဆိုင်တစ်ခုထဲဝင်ပြီး ခေါက်ဆွဲခြောက်နှစ်ပါကို ဆွဲယူလိုက်တယ်။ ကုန်ကျစရိတ်သက်သာစေဖို့အတွက် ခြွေတာရင်း အသင့်စားခေါက်ဆွဲခြောက်တွေက သူ့အတွက် အဓိကအစားအစာဖြစ်နေတာကြာပါပြီ။ ကျန်းမာရေးနဲ့မကိုက်ညီပေမဲ့ တခြားရွေးစရာမရှိဘူး။

ရုတ်တရက် သူ့ရဲ့အထူးလုပ်ဖုန်းကမြည်လာတယ်။ နံပါတ်ကိုကြည့်လိုက်တော့ သူ့အမေနံ

ပါတ်။

"ဟယ်လို၊ အမေဖုန်းမဆက်တာကြာပြီနော်။"

"အင်းသားလေး၊ ကျောင်းမှာပျော်ရဲ့လား။

စာတွေရောလိုက်နိုင်လား။"

"ဟုတ်ကဲ့၊ ကျောင်းမှာသူငယ်ချင်းတွေအများကြီးရှိတယ်အမေ။ စာတွေကလည်း လွယ်ပါ

တယ်။"

"ဟုတ်လား၊ သားကောင်မလေးရောရနေပြီလား။"

"ဟင့်အင်း...."

"သားလည်းမငယ်တော့ဘူးလေ၊ ဘွဲ့မရခင်

ကြင်ဖော်ရှာသင့်ပြီ။"

ဒိန်ချဥ်ဘူးဆီကိုလက်လှမ်းရင်း ဝယ်ရမဝယ်ရ

စဥ်းစားရကျပ်တဲ့တင်မီမှာတော့ သူ့အမေစကားကြောင့် ရယ်မောလိုက်တယ်။ နောက်တော့ သူလည်းပျော်သွားတာနဲ့ ဒိန်ချဥ်ဘူးကို ခြင်းတောင်းထဲပစ်ထည့်လိုက်တယ်။

"ဒါနဲ့အမေဖုန်းဆက်တာ သားကိုလွမ်းလို့သက်သက်ပဲလား။ ဘာပြောစရာရှိသေးလို့လဲ။"

"ဪ၊ အမေသားကို ကြိုပြောစရာမရှိလို့။

ဒီလတော့ အမေသားကိုငွေပို့တာနောက်ကျ

မယ်။ အမေနေမကောင်းလို့ ဆေးခန်းသွားပြ

ထားရတယ်လေ။"

"ရတယ်အမေ၊ သားလည်းအချိန်ပိုင်းအလုပ်ရထားတော့ အဆင်ပြေပါတယ်။"

"အင်း၊ ဒါဆိုလည်းပြီးတာပါပဲ။"

"ဒါနဲ့အမေ...ဆရာဝန်က...." မင်းလွင် သူ့အမေနေမကောင်းဖြစ်တဲ့အကြောင်း မေးဖို့ပြင်နေတုန်း ဆိုင်ကောင်တာဖက်က ဆူဆူညံညံအသံ

များထွက်လာလို့ လှည့်ကြည့်လိုက်တော့ ဗလ

တောင့်တောင့်လူငယ်နှစ်ယောက်က ဆိုင်ရှင်ကို

ဓားထောက်ပြီး ပိုက်ဆံတောင်းနေတာကိုမြင်

လိုက်တယ်။ ဒီတော့ မင်းလွင်လည်း ဆက်မမေးဖြစ်တော့ဘူး။

"အမေ...ဖုန်းချလိုက်တော့မယ်နော်။"

သူဖုန်းကိုပိတ်လိုက်ပြီး ခြေသံလုံလုံဖြင့်

ကောင်တာနားတိတ်တိတ်လေးကပ်သွား

တယ်။ လူငယ်တစ်ယောက်က ဦးထုပ်ကို

ခေါင်းပြန်စောင်းထားပြီး အားကစားဖိနပ်

ဝတ်ထားတယ်။ နောက်တစ်ယောက်ကတော့

သားရေဂျာကင်ကြီးကိုခြုံပြီး ခေါင်းစွပ်စွပ်

ထားလို့ မျက်နှာကိုသေချာမမြင်ရဘူး။

မင်းလွင်ရဲ့သူရဲကောင်းသွေးတွေက ရုတ်တရက်ကြွလာတယ်။ အဖေရောဦးလေးရောက တကယ့်သူရဲကောင်းလို့ခေါ်ထိုက်သူတွေလေ။ သူက စွမ်းအားမရှိသေးပေမဲ့ ဟီးရိုး

စိတ်တော့ရှိတယ်။

မင်းလွင်က မိုက်ရူးရဲဆန်သူတော့မဟုတ်ဘူး။

လက်နက်နဲ့လူနှစ်ယောက်ကို လက်နက်မဲ့ကယှဥ်ရင် သူချည်းခံရမှာ။ ဒီတော့ဆိုင်ထောင့်က

တံမြက်စည်းကိုကောက်ပြီး ခပ်သုတ်သုတ်ပြေးထွက်ကာ ဓားကိုင်ထားတဲ့လူငယ်ရဲ့လက်ကောက်ဝတ်ကို ဖြတ်ရိုက်ပစ်လိုက်တယ်။

မင်းလွင်က ပိန်ပါးပြီးကြွက်သားမရှိပေမဲ့ တစ်နေ့အသုံးဝင်အောင်ဆိုပြီး အထက်တန်းတုန်းက MMAကိုယ်ခံပညာကလပ်ကနေ တစ်ကွက်နှစ်ကွက်တော့ သင်ထားဖူးတယ်။ အထူး

သဖြင့် လက်နက်ပြုတ်အောင်တိုက်တဲ့တိုက်

ကွက်တွေပါ။ အားပြင်းတဲ့ရိုက်ချက်ကြောင့်

လူငယ်ရဲ့ဓားကြမ်းပြင်ပေါ်ပြုတ်ကျသွားချိန်မှာ မင်းလွင်က တံမြက်စည်းအရိုးနဲ့လူငယ်ရဲ့

ရင်ညွန့်ကို တည့်တည့်ထိုးလိုက်တယ်။ ရုတ်

တရက်အတိုက်ခံရတဲ့လူငယ်ဟာ ချက်ချင်း

လဲကျသွားပါလေရောလား။

မင်းလွင်က ဆိုင်စားရေးကို လှည့်မကြည့်ဘဲ

အော်လိုက်တယ်။

"911ကိုခေါ်၊ သူတို့ကိုရဲလက်အပ်ရမယ်။"

ဒါပေမဲ့ စကားမဆုံးသေးခင်မှာပဲ ခေါင်းစွပ်

နဲ့လူငယ်က ဘောင်းဘီအိတ်ထဲနှိုက်ထားတဲ့

သူ့ညာလက်ကိုထုတ်ပြီး လေထဲမှာတွန်းဟန်ပြု

လိုက်တယ်။ လေပွေတစ်ခုက လက်ကနေ ထွက်လာပြီး မင်းလွင်ကိုဝင်ဆောင့်တယ်။ မင်းလွင်လည်း သူ့ရင်ဝကိုကျွဲတစ်

ကောင်ဝင်တိုက်သွားသလို ခံစားလိုက်ရပြီး ချက်ချင်းလေပေါ်မြောက်တတ်သွားတယ်။

သူလေပေါ်က ပြန်ကျလာပြီးတဲ့နောက်တော့

ခေါင်းနဲ့ကြမ်းပြင်နဲ့မိတ်ဆက်မိသွားပြီး သတိ

တရားကဝေဝါးလာတယ်။ သူသိလိုက်ရတာက

တော့ အဲဒီလူငယ်ဟာ E+ အဆင့်မှာရှိနေတဲ့

လေအမျိုးအစားမြူတန့်တစ်ယောက်ဆိုတာပါပဲ။ E+ အဆင့်တစ်ယောက်အနေနဲ့ အဲဒီလူငယ်

ဟာ သူ့အစွမ်းနဲ့လူတစ်ယောက်ကို သေစေနိုင်တဲ့အထိ ဖြစ်အောင်မလုပ်နိုင်ဘူး။ ဒါပေမဲ့ ရုတ်တရက်အငိုက်ဖမ်းနိုင်ရင် မင်းလွင်လိုသာမန်လူတစ်ယောက်ကို သတိမေ့သွားအောင်လုပ်နိုင်တယ်။ မင်းလွင်နောက်ဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကတော့ ဦးထုပ်ပြောင်းပြန်စောင်း

ထားတဲ့လူငယ်ဟာ ဓားကိုပြန်ကောက်ပြီး ရဲကို

ဖုန်းခေါ်ဖို့လုပ်နေတဲ့ ဆိုင်ဝန်ထမ်းကို ဓားနဲ့ထိုးခဲ့တယ်ဆိုတာပဲ။ နောက်တော့ သူ့အသိစိတ်က လုံးလုံးအမှောင်ကျသွားတော့တယ်။

၂။

ပလာဒင်လုပ်ငန်းစုရဲ့ စမ်းသပ်ခန်းလေးထဲ

မှာဖြစ်တယ်။ လူငယ်လေးတစ်ယောက်က အရောင်မှိုင်းမှိုင်း အထူးချပ်ဝတ်တစ်မျိုး

ကိုဝတ်ဆင်ထားပြီး သရုပ်ပြနေတယ်။ သုံးမီတာကျော် နံရံတုတစ်ခုကို ခုန်ကျော်ပြလိုက်ပြီး စမ်းသပ်ခန်းသုံး ကားတစ်စီးကိုအေးအေးဆေးဆေးမပြပါတယ်။ လုံခြုံရေး အော်တိုဘော့နှစ်ရုပ်က စက်သေနတ်အငယ်လေးတွေကိုင်ပြီး အဲဒီဝတ်စုံနှင့်လူငယ်ကို

ပစ်ခတ်လိုက်တယ်။

ပထမအချပ်အနည်းငယ်က အဓိကချပ်ဝတ်ရှိတဲ့နေရာကို ထိသွားပြီး မီးများပွင့်သွားပေမဲ့ ကျည်တစ်တောင့်ကတော့ ဒူးကာဘေးရှိပိုက်

ကိုထိသွားပြီး ဓာတ်ငွေ့တွေပန်းထွက်လာတယ်။

အဲဒီနောက် ကောင်လေးက သူမထားတဲ့ကား

ကို မြန်မြန်ဆန်ဆန်ပစ်ချလိုက်ပြီး ဟန်ချက်ပျက်ကာလဲသွားတော့တယ်။

လူငယ်လေးက မင်းလွင်ပါ။ မင်းလွင်လဲ

သွားတာကြောငိ့ စမ်းသပ်ခန်းထဲကလူတွေ

ပြေးလာကြတယ်။ အထူးသဖြင့်သူတို့ရဲ့မန်နေဂျာ ဖလေရာပေါ့။ သူက ကောင်လေးအဆင်ပြေမပြေကြည့်လိုက်ပြီး ဖောက်ထွင်းမြင်နေရတဲ့ Tabletပေါ်က ဝတ်စုံပုံကြမ်းကို

ကြည့်လိုက်တယ်။

"C- အဆင့်ခွန်အား၊ C- အဆင့် ခုခံနိုင်စွမ်းနဲ့

D အဆင့် အမြန်နှုန်း။ C- အဆင့်ဟီးရိုးတွေနဲ့

အတူတူလောက်ပဲရှိမယ်။" ဖလေရာက လူငယ်

လေးကို လုပ်နိုင်ခဲ့ပြီဆိုတဲ့မျက်နှာနဲ့ ခေါင်း

ညိတ်ပြလိုက်တယ်။

တခြားနည်းပညာကျွမ်းကျင်ဖြစ်တဲ့ မစ္စတာ

ရေဂင်ကတော့ လက်ရှိရလဒ်နှင့်ပတ်သက်ပြီး သိပ်ကျေနပ်ပုံမရဘူး။ စင်စစ် လူငယ်လေးမင်း

လွင်ကို မကျေမနပ်ပိုဖြစ်နေတာ။

"ပျှမ်းပျC- ရှိတဲ့ suitတစ်ခုပေါ့လေ။ ဒါပေမဲ့

ရေနွေးငွေ့ပိုက်လိုင်းတွေကို ကျည်တစ်ချက်

ထိတာနဲ့ တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားတယ်။ တအားလေးလွန်းလို့ လှုပ်ရှားရခက်

တာထည့်မပြောနဲ့ဦး အပူရှိန်တအားမြင့်လာ

ရင် ဖိအားဒဏ်မခံနိုင်ဘဲ ဝတ်စုံပေါက်ကွဲထွက်

နိုင်လို့ မီးမြူတန့်တွေအတွက်တော့ ပစ်မှတ်ကြီး

တစ်ခုလိုဖြစ်နေမှာ။ ပြီးတော့ Void string

လားဘာလား...."

"Void Stream ပါမစ္စတာ..."

"အေး အဲဒီနည်းပညာကလည်း စွမ်းအင်တအားစားလွန်းတယ်။ မင်းတပ်ထားတဲ့ reactor

ထဲက စွမ်းအား၈၀%ကို ငါးမိနစ်အတွင်းသုံးပစ်

လိုက်တာ။ တိုက်ပွဲမှာ ဘယ်လိုသုံးရမှာလဲကွ။

အရည်အသွေးမမီဘူး။"

မစ္စတာရေဂင်ရဲ့နှုတ်ခမ်းမွှေးက မင်းလွင်ကို

အပြစ်ပြောတဲ့အခါတိုင်း လှုပ်ခါနေပြီး တံ

ထွေးတွေက တစ်ခန်းလုံးပြန့်လို့ရယ်။ သူက

အသက်သုံးဆယ့်ငါးလောက်ရှိပြီဖြစ်တဲ့ ဝါရင့်ပညာရှင်ဖြစ်ပြီး အော်တိုဘော့တွေနေရာမှာ

မင်းလွင်ရဲ့ဝတ်စုံတွေ အစားထိုးဝင်ရောက်လာ

မှာကို သဘောမကျ။ ပြီးတော့ ထိုငနှဲသား

က မစ်ဖလေရာကို အမြဲလိုလိုငမ်းနေတတ်ပြီး

အလုပ်ဝင်ကတည်းက မောင်လေးလိုအလေးပေးခံထားရတဲ့ မင်းလွင်ကို အမြဲလိုလို

ပြဿနာရှာနေတာပါ။

"မစ္စတာရေဂင် ဒါကအယ်ဖာစမ်းသပ်မှုမဟုတ်လား။ အနည်းဆုံးတော့ C အဆင့်ဟီးရိုးတွေကို

မီနေပြီပဲ။ အားနည်းချက်လေးတွေ ပြန်ပြင်ဖို့ပဲ

လိုတာပါ။"

ဖလေရာက မင်းလွင်၏ဝတ်စုံကို ကူချွတ်ပေး

နေရင်း ပေါ့ပေါ့ပါးပါးပြောလိုက်တယ်။ မင်းလွင်ရဲ့ဝတ်စုံက မက်တယ်ပလာဒင်ရဲ့ဝတ်စုံကိုအခြေခံထားတာပါ။ သူ့အဖိုးဝတ်စုံ ဟီးရိုးလောကထဲပြန်ဝင်လာမှာကို ဖလေရာအတွေ့ချင်ဆုံးပါ။ ဒါကြောင့် အရင်နှစ် မင်းလွင်ဝတ်စုံစမ်းသပ်မယ်ပြောကတည်းက မက်တယ်ပလာဒင်နဲ့ပတ်သက်သည့် သိထားသမျှအချက်တွေကို ချပြခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ ဘယ်ရီဂရင်းမိသားစုကခွင့်မပြုလို့ သူရဲကောင်းခန်းမပြတိုက်မှာပြထားတဲ့ မက်တယ်ပလာဒင်ဝတ်စုံကိုတော့ အနီးကပ်လေ့လာခွင့်မရခဲ့ပါ။

"မန်နေဂျာက ကောင်းစေချင်လို့ပြောမှန်းသိပါတယ်။ ဒါပေမဲ့ ဒီကောင်လေးစမ်းသပ်မှုလုပ်တဲ့

အကြိမ်က ဆယ့်နှစ်ခါကျော်နေပြီ၊ အခေါက်တိုင်း ဝတ်စုံသစ်ပြန်လုပ်ရတယ်။ စမ်းသပ်စရိတ်တစ်လစာက ကျွန်တော်တို့ကုမ္ပဏီအမြတ်ထက်များနေပြီ။"

မင်းလွင်ကတော့ သုတေသနဌာနမှူးနဲ့အထွေထွေမန်နေဂျာ စကားများနေတုန်း

ဘာမှဝင်မပြောခဲ့ဘူး။ တစ်နှစ်ကြာသွားပေမံ့ သူကတော့ ကျောင်းသားတစ်ဦးသာ ဖြစ်နေဆဲဖြစ်ပြီး အချိန်ပိုင်းလုပ်သားလေးအဖြစ်ကနေ တိုးတက်မလာသေးဘူးလေ။ ဖလေရာက သူ့ကိုသုတေသနဌာနကိုပို့ပေးနိုင်ပေမဲ့ ဘွဲ့မရသေးရင် တကယ်အလုပ်ခန့်ဖို့မဖြစ်နိုင်ပါ။

ဒီတော့ သူ့ဌာနေဖြစ်တဲ့ ဆူဗာနာနိုင်ငံကလူတွေ

ပြောလေ့ရှိတဲ့အတိုင်း စိတ်ရှည်သည်းခံခြင်းရမှာပေါ့။

တကယ်က မစ္စတာရေဂင်ရဲ့မျက်နှာကြီးကို

သူဝတ်စုံလက်သီးနဲ့ ဆွဲထိုးပစ်ချင်နေတာပါ။

ကုမ္ပဏီက စမ်းသပ်စရိတ်ကျခံတယ်ပြောပေမဲ့

တကယ်က ပစ္စည်းအများစုကို အရည်အသွေးမမီလို့ ပြန်ပို့ထားတဲ့ အော်တိုဘော့တွေကနေ ဖြုတ်ယူခွင့်ပေးခဲ့ရုံပါပဲ။ ပစ္စည်းအသစ်

ဆိုရင်တော့ သူ့စရိတ်နှင့်သူထွင်နေရတယ်။ မြို့ပြင်က ကားသချိုင်းမှာပစ္စည်းရှာရလွန်းလို့ ရပ်ကွက်ထဲကလူတွေတောင် သူ့ကိုကာစတန်ကားရူးသွပ်သူလို့ထင်နေကြပြီ။ တစ်ခါဆို ကမ္ဘာ့အကြီးဆုံးအိမ်သုံးစက်ရုပ်လုပ်ငန်း Teslaရဲ့စွန့်ပစ်စက်ရုပ်သိုလှောင်ရုံကိုသွားပြီး စွန့်စွန့်စားစားပစ္စည်းရှာခဲ့ရသေးတယ်။

အဲဒီနေရာမှာစွန့်ပစ်ထားတဲ့ ရူးသွပ်နေတဲ့ အိမ်သုံးစက်ရုပ်တွေက သူ့ကိုတစ်စစီလုပ်ပစ်လုနီးနီးပါပဲ။

'ဖော့ခ်၊ မအေဘေးရေဂင်။ မင်းပြောတဲ့ ကုန်ကျစရိတ်ဆိုတဲ့ဟာတွေက မင်းသွားနေကျဘားကဟာမတွေဆီ ရောက်သွားတာမဟုတ်ဘူးလား။ မြန်မြန်ကာလနာတိုက်သေပါစေကွာ။'

စင်စစ်မစ္စတာရေဂင် ပိုက်ဆံဘုန်းနေတဲ့ကိစ္စကို ဖလေရာလည်းသိတယ်။ ဒါပေမဲ့ ရေဂင်က

ရှယ်ယာအများဆုံးပိုင်တဲ့ ဘုတ်အဖွဲဝင်ရဲ့တူဖြစ်နေလေတော့ ဖလေရာလည်းဘယ်

လိုမှမကိုင်တွယ်နိုင်ဘူး။ ဖလေရာတို့ ဘယ်ရီဂရင်းမိသားစုအခြေအနေကလည်း ဆိုးဝါးနေတယ်မဟုတ်လား။

"အင်း...လက်ရှိအတိုင်းဆိုရင် ဝတ်စုံတစ်ခုအတွက် ကန်ဒေါ်လာလေးသိန်းလောက်ကုန်

နေတာပဲ။ B အဆင့် နည်းပညာဟီးရိုးတစ်ယောက် သူ့စိတ်ကြိုက်ထုတ်ထားတဲ့ ဝတ်စုံ

ဟောင်းတစ်ခုကို အရင်နှစ်က ဒေါ်လာသုံးသိန်းခွဲနဲ့ရောင်းထွက်သွားတာ မှတ်မိသေးတယ်။ အဲဒီဝတ်စုံက ပိုင်ရှင်ဖြစ်သူကလွဲပြီး သုံးလို့မရ

သလို ပြန်ထုတ်လုပ်ဖို့လည်း မဖြစ်နိုင်ပေမဲ့ ယှဥ်ကြည့်ရင် တကယ်ပဲ ထုတ်လုပ်စရိတ်များနေသေးတယ်။ D အဆင့်အော်တိုဘော့တွေဆိုရင်

တစ်ခုဒေါ်လာနှစ်သောင်းပဲကုန်တာဆိုတော့

အစိုးရအနေနဲ့ တင်ဒါခေါ်ရင် ဒါကိုရွေးမှာမဟုတ်ဘူး။"

နည်းပညာဟီးရိုးတွေကလည်း နည်းပညာဟီးရိုးတွေပါ။ သူတို့က သူတို့ဝတ်စုံနည်းပညာပေါက်ကြားသွားမယ့်အစား သူတို့ကိုယ်တိုင်ပဲ

အသေခံမယ်ဆိုတဲ့လူတွေပါ။ ဘီလီယံရာချီ

ပေးဝယ်ရင်တောင် ရောင်းမယ့်သူမရှိပါဘူး။

တကယ်လို့ ဝယ်လို့ရရင်တောင်မှ အဲဒီဝတ်စုံ

တွေက အများအပြားပြန်လည်ထုတ်လုပ်ဖို့

အဆင်မပြေနိုင်ပါဘူး။ ဟီးရိုးတွေအတွက်

တောင်မှ B ဒါမှမဟုတ် B+ ဝတ်စုံတွေက သိပ်ရှားပြီး တန်ဖိုးထားခံရပါတယ်။ ဟီးရိုးတွေက

အနားယူတော့မယ်ဆိုရင်တောင် ပုံတူပြန်ကူးလို့မရတဲ့ ဝတ်စုံတွေကိုပဲ ပြန်ရောင်းတတ်ပြီးတော့

နည်းပညာကို တစ်သက်လုံးမရောင်းတတ်ပါ။

ပြီးတော့ ဝတ်စုံတွေဆိုတာက ထုတ်လုပ်မှုစရိတ်မြင့်ပါတယ်။ ဖလေရာပြောတဲ့ Bအဆင့်

ဝတ်စုံက တော်တော်လေးဟောင်းနေပြီး သုံးမရ

အောင်ပျက်စီးနေပါပြီ။ ဟီးရိုးရဲ့အမာခံဖန်တွေက ဝိုင်းလေလံစွဲခဲ့လို့ စျေးဒီလောက်ရတာပါ။ ဒါပေမဲ့ ထုတ်လုပ်မှုစရိတ်ဆိုရင်တော့ ဒေါ်လာဆယ်မီလီယံလောက် အနည်းဆုံးသွားမှာပါ။ ဉာဏ်ရည်နဲ့နည်းပညာအမျိုးအစားဟီးရိုးတွေ စွမ်းအားမကြီးကြတာ သူတို့သုံးရမယ့်

ကုန်ကျစရိတ်က သိပ်ကြီးလွန်းလို့လည်းပါပါ

တယ်။ တိုနီစတော့လို သန်းကြွယ်သူဌေးမဟုတ်

ရင် စွမ်းအားကြီးလာဖို့ မဖြစ်နိုင်သလောက်ပါပဲ။

ကန်ဒေါ်လာလေးသိန်းဟာ ဟီးရိုးသုံးဝတ်စုံတွေအတွက်ဆိုရင် စျေးပေါကောင်းပေါနေနိုင်ပေမဲ့ သူတို့က ရဲဘက်သုံးဝတ်စုံထွင်နေတာပါ။

စျေးအဆနှစ်ဆယ်လောက်ကွာနေရင် ဘယ်ရဲ

တပ်ဖွဲ့ကမှ သူတို့ဝတ်စုံကိုသုံးမှာမဟုတ်ဘူး။

ဒီလိုဆိုရင် ပလာဒင်ကုမ္ပဏီလည်း ဘဝဆုံးပါပြီ။

"ဘာမှမပူနဲ့ မင်းလုပ်နိုင်တာ အစ်မသိတယ်။

ကမ္ဘာ့အကောင်းဆုံး ဟီးရိုးသုံးရေဒါကို မင်း

ထွင်ခဲ့တာမဟုတ်လား။" ဖလေရာက မင်းလွင်

ကိုပုခုံးပုတ်ပြီး အခန်းထဲက ထွက်သွားတယ်။

အရင်နှစ်ကထက်စာရင် သူတို့ရဲ့လှတပတ

မန်နေဂျာမမက အများကြီးပိုပိန်သွားသလိုပဲ။

ပလာဒင်ရဲ့ရှယ်ယာစျေးတွေ အမြန်ဆုံးနည်းနဲ့

ထိုးကျနေတာကြောင့်လည်းပါမယ်။ တီဗီထဲက

စီးပွားရေးပညာရှင်ဦးလေးကြီးပြောတာကတော့ အပြောင်းအလဲတစ်ခုခုမလုပ်နိုင်ရင် နောက်သုံးနှစ်ပဲခံတော့မှာတဲ့။

"ရေဒါက နည်းပညာအသစ်မှမဟုတ်တာ။

မင်းက နည်းနည်းလေးပိုကောင်းအောင်လုပ်လိုက်ရုံပါပဲ။ ဟွန်း။"

ရေဂင်လည်း နှာမှုတ်ပြီး အခန်းထဲက ထွက်သွားတယ်။ မင်းလွင်ကတော့ မန်နေဂျာမသိ

အောင် ဌာနမှူးကိုတိတ်တခိုးလေး လက်ခလယ်ထောင်ပြလိုက်တယ်။ ပါးစပ်ကလည်း ပွစိပွစိရေရွတ်လိုက်သေး။

"မအေဘေးရေဂင် Bပိုး၊Cပိုး၊ဂနို၊HIV၊AIDS အကုန်ဖြစ်ကွာ..."

အလုပ်ဆင်းခါနီးတော့ သူ့ရဲ့တရားမဝင် အလုပ်ရုံးခန်းဘေးမှာထိုင်နေကျ တရုတ်

ဝတုတ်ကလေးက လက်မထောင်ပြလိုက်

သေး။ သူ့နာမည်က သောမတ် ကျန်း။ အမေရိကန်တရုတ်ကပြားလေ။ ပြီးတော့ အိုင်တီသမား။ ဟက်ကာဖြစ်ချင်ပေမဲ့ တကယ်ဖြစ်

လာတာက bugပြင်တဲ့ကောင်။ တစ်နေ့တစ်နေ့

bugပေါင်းစုံထိုင်ပြင်ရင်း နဖူးတောင်ပြောင်နေ

ပြီ။ ကံကောင်းစွာနဲ့ မင်းလွင်ဟာ သူအိုင်တီသမားဖြစ်တဲ့အကြောင်း ကုမ္ပဏီကိုအသိပေးမထားဘူး။ မဟုတ်ရင် သူလည်းဝတုတ်လေးလို

bugပြင်နေရနိုင်တယ်။

"ဟေးသာ့ကော၊ ဝတ်စုံစမ်းပြီးပြီလား အဆင်ပြေရဲ့လား။"

မင်းလွင်ခေါင်းခါပြရင်း သေနတ်တဲ့အဆော်ခံထားရတဲ့ ဝတ်စုံအပျက်ကြီးကို သူ့စားပွဲပေါ်

ဖြန့်တင်လိုက်တယ်။ ဓာတ်ငွေ့သုံး ကြွက်သားထောက်ပံပိုက်ကိုကျည်မှန်ပြီး ပျက်စီးသွားတာ

ပါ။ ဒီဇိုင်းပိုင်းဆိုင်ရာ အားနည်းချက်လို့ပြောရမှာပဲ။ ဒီပိုက်တွေကို ကျည်ကာအပြားအောက်ထဲ သူမထည့်ထိလိုက်ဘူး။ မဟုတ်ရင် အလွယ်

တကူကျည်မှန်မှာမဟုတ်ပါ။ သူဂဟေဆော်တဲ့

မျက်နှာဖုံးကိုတပ်ပြီး ပိုက်အဟောင်းကိုဖြုတ်

ပိုက်အသစ်လဲဖို့လုပ်တယ်။

တရုတ်လေးကတော့ စကားများနေတုန်းပဲ။

"ရေဂင်ဆိုတဲ့ဌာနမှူး သာ့ကောကိုဆူလိုက်ပြန်

ပြီလား။ သာ့ကောမအောင်မြင်တာ ဆယ့်နှစ်ခါပဲရှိသေးတယ်။ သောမတ် အက်ဒီဆင်ဆိုရင်

အကြိမ်ငါးထောင်တောင် မအောင်မြင်တာဗျ။

သူကတော့ အကြိမ်ငါးထောင် ကျရှုံးတာမဟုတ်ဘူး၊ မီးလုံးမလုပ်နိုင်တဲ့ နည်းလမ်းပေါင်းငါးထောင်ရှာတွေ့တာတဲ့။ အောင်မြင်ပြီးတော့တောင် သူ့စက်ရုံကြီးမီးလောင်သွားသေးတယ်။ ဘာပြောတယ်မှတ်လဲ..."

"ငါ့အသက် ၆၇ နှစ်ရှိပြီ၊ ဒါပေမဲ့ မနက်ဖြန်အလုပ်ပြန်စရဦးမယ်တဲ့..." ခဲဂေါက်ကြီးကိုင်

ရင်း တရုတ်လေးကို မင်းလွင်ပြန်ဖြေလိုက်တယ်။ ဒီကောင်က အမြဲတက်ကြွနေတဲ့ကောင်။ သူ့လိုပဲ စွမ်းအားမနိုးထသေးတဲ့

၁၅%ထဲက။ သူ့ကို သာ့ကော(အစ်ကိုကြီး)

ဆိုပြီးခေါ်နေပေမဲ့ ကျန်းက အသက်ပိုကြီး

တယ်။ နောက်နှစ်ထဲမှာ ၂၄နှစ်ပြည့်တော့မယ်။

ဟားဗတ်ကျောင်းတက်ခွင့်ရပေမဲ့ စာမေးပွဲကျ

ပြီး အပြင်ဒီဂရီတစ်ခုကနေ နည်းပညာဒီပလိုမာရလာတယ်။ သူပြောတာတော့ 'ငါစာမေးပွဲ

ကျတာမဟုတ်ဘူး၊ ဘီးဂိတ်ကို သဘောကျလို့

ကျောင်းထွက်လေ့လာတာ။'တဲ့။ ဆင်ခြေကတော့ အပြည့်ပါ။

အလုပ်စဝင်ကတည်းက မင်းလွင်ရဲ့ကိုယ်တိုင်ထွင် ဖုန်းကလေးကိုတွေ့ပြီး ဟက်ကာမှန်းသိ

သွားတယ်။ အဲဒီနောက် မင်းလွင်ကို အိုက်ဒေါ

တစ်ယောက်လို ကိုးကွယ်တော့တာပဲ။ မင်းလွင်

ကတော့ ကျန်းမျိုးရိုးနဲ့ကောင်ကို သောမတ်ဆိုတဲ့နာမည်ပေးခဲ့တဲ့ သူ့အမေကိုသွားရိုက်ချင်နေ

တယ်။ အကြောင်းကတော့ သူ့အနားသွားထိုင်

တိုင်း သောမက်အက်ဒီဆင် မီးလုံးထွင်တဲ့အ

ကြောင်းပဲ တရစပ်ပြောနေလို့ပါ။ ဟီးရိုးကောမစ်တွေကလွဲလို့ စာသိပ်မဖတ်တဲ့ မင်းလွင်တောင် အလွတ်ရနေပြီ။ ခုဏက သူစာဖတ်ရင်း

သိလို့ပြောတာမဟုတ်ဘူး။ ဟိုကောင်ပြောလွန်းလို့ အလွတ်ရပြီး အော်တိုပြန်ဖြေလိုက်တာ။

(မျိုးရိုးနာမည် ကျန်းဆိုတော့ အဖေက

တရုတ်ဖြစ်ရမှာလေ၊ ဒီတော့ သောမတ်ဆိုတဲ့နာမည်က အမေရိကန်ဖြစ်တဲ့ သူ့အမေပေးတာ

ပဲဖြစ်မှာ။)

ပြောရရင် ဒီကောင်လည်း အလုပ်ထဲက အရှုံးသမား။ အချိန်ပြည့်အလုပ်သမားဆိုတော့ မင်းလွင်ထက်တောင် ပိုဆိုးသေးတယ်။ bug

ပြင်စရာမရှိရင် Quality Control ဌာနက ဝန်

ထမ်းမိန်းကလေးအားလုံးရဲ့တောက်တိုမယ်ရကောင်လေးလုပ်ရတယ်။ အထပ်တစ်ရာ့ငါးထပ်မြောက်မှာရှိတဲ့ ရုံးခန်းကနေ ဓာတ်လှေကားနဲ့ဆင်းပြီး နှစ်လမ်းကျော်မှာရှိတဲ့

မယ်ရီဘရောင်း ဟန်ဘာဂါဝယ်ပေးရတယ်။တစ်ခါတရံဆိုရင် အိမ်သာထဲကတစ်ရှူးကုန်နေလို့တို့၊ လစဥ်သုံးပစ္စည်းလေး ဆင်းဝယ်ပေးပါဦးတို့နဲ့။ ဒါကိုတောင် သူ့ကိုယ်သူ စော်ကြည်တယ်ဆိုပြီး ပျော်နေသေးတာ။

မင်းလွင်ဟာ ဟီးရိုးရူးတစ်ယောက်ဆိုရင်

ကျန်းကတော့ တီထွင်သူရူးဖြစ်လိမ့်မယ်။

သူက ဘယ်တီထွင်သူအကြောင်းမဆို အကုန်သိနေတာကိုး။

မင်းလွင်ဝတ်စုံကို ပြင်ပြီးသွားတာနဲ့ ရုံးကနေပြန်ဖို့လုပ်တယ်။ သူကျောင်းစာတွေပြီးအောင်

လုပ်ရဦးမယ်လေ။ မဟုတ်ရင် တရုတ်လေးလို

အပြင်ဒီပလိုမာတက်ဖို့တောင် အခွင့်မရဘဲ

ကလေကချေလုပ်နေရမှာ။

"သာ့ကော သွားတော့မလို့လား၊ မနက်ဖြန်

ရုံးဆင်းရင် အတူရုပ်ရှင်ရုံသွားကြမယ်လေ။

The Great Elon musk ကားရုံတင်ပြီတဲ့။"

"..... မနက်မှတွေ့မယ်။" မင်းလွင်ကတော့

စိတ်အားထက်သန်နေတဲ့ တရုတ်ထိပ်ပြောင်

လေးကို လက်ပြပြီး ရုံးခန်းထဲကနေ ထွက်သွား

တယ်။ သူအပြန်လမ်းမှာ ရေရွတ်မိတာကတော့။

"တကယ့်ကောင်ကွာ၊ ငါတရုတ်မဟုတ်ပါဘူးဆိုတာကို တစ်နေကုန်သာ့ကောနေလိုက်။"

ဆူဗာနာနဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့က မီးနဲ့ရေလိုပါ။ ဂျပန်နဲ့တရုတ်ထက်တောင် ဆိုးရင်ဆိုးနိုင်သေးတယ်။ သမိုင်းတစ်လျှောက် အပြန်

အလှန်စစ်ပွဲပေါင်း ၆ကြိမ်ဖြစ်ခဲ့ပြီး ဆူဗာနာရဲ့

နယ်စားလေးပါးလောက်က မန်ချူးအလံကိုင်

တပ်အောက်မှာ ဘဝပျက်ခဲ့ရတာပါ။ အလား

တူပဲ မန်ချူးစစ်သူကြီးတော်တော်များများ

လည်း နိုင်ငံသေးသေးလေးကို စစ်မနိုင်ရကောင်းလားဆိုပြီး မန်ချူးဧကရာဇ်ကွပ်မျက်

တာခံရပါသေးတယ်။ ယနေ့အထိ ဆူဗာနာနယ်စားကြီးနဲ့ရှေးဟောင်းတရုတ်မိသားစုတွေ တွေ့ရင်တွေ့တဲ့နေရာမှာ စကားစစ်ထိုးနေကျဆဲပါ။

ဒါပေမဲ့ မင်းလွင်တရုတ်ပြည်သားတွေကို မုန်းလားဆိုတော့ မမုန်းပါ။ ရန်သူဟောင်းတွေလို့

တွေးမိတတ်လို့ နည်းနည်းသက်သောင့်

သက်သာမဖြစ်တာပဲရှိတယ်။ တရုတ်လေးကျန်း သူ့လိုဆူဗာနာနိုင်ငံသားတစ်ယောက်

ကို စိတ်သန့်သန့်နဲ့ဆက်ဆံနိုင်လို့ သူကိုယ်တိုင်

တောင် အံ့ဩရပါသေးတယ်။ မင်းလွင်ဘယ်

တော့မှ မလုပ်နိုင်မယ့်အရာတစ်ခုမဟုတ်လား။

...

ဒီနေ့လည်း ခါတိုင်းလိုပဲ ဟီးရိုးအစည်းအရုံးမှာ

ဆေးသွားစစ်ခဲ့တယ်။ ခါတိုင်းနဲ့မတူဘဲ ဆေးစစ်ဌာနကနေ မောင်းထုတ်ခံခဲ့ရပါတယ်။ ပင်စင်ယူခါနီးဆရာဝန်ကြီး ပင်စင်ယူပြီးတဲ့

နောက် တာဝန်ယူတဲ့ဆရာဝန်က ဒေါသကြီးတဲ့

ခပ်ဝဝအန်တီကြီးပါ။ သူ့စွမ်းအားက ကယ်လိုရီ

ဖြစ်တာကြောင့် အစားကိုအဆက်မပြတ်စားနေရတယ်။ စားလေခွန်အားကြီးလေဆိုလားပါ။ ပေါင်သုံးရာလောက် အနည်းဆုံးရှိပုံပေါ်ပြီး

ခရမ်းရောင်အိုင်းကော်နာကို သုံးတတ်တယ်။

ပြီးတော့ ဒီတစ်ခါ သူ့ဆီမှာ ဆေးသွားစစ်တာ

၅ကြိမ်မြောက်ပါ။ အခေါက်တိုင်း စွမ်းအားမနိုးထနိုင်ကြောင်း ဒေါ်တာဝဝက ရှင်းပြပေမဲ့ မင်း

လွင်က လက်မှမလျှော့တာကိုး။

နောက်ဆုံးမှာတော့ စွမ်းအင်နိုးထနိုင်ခြေ ၁၅% အောက်သာရှိတော့တဲ့ မင်းလွင်ရဲ့မေးခွန်းတွေကို မခံနိုင်တော့တဲ့အဆုံး အခန်းပြင်ကို ဆွဲထုတ်ခဲ့တယ်။ သူကတော့ ပင်စင်ယူသွားတဲ့ဆရာဝန်အဖိုးကြီးလို မျှော်လင့်ချက်အတုတွေပေးမနေခဲ့ဘူး။ စာရွက်ပေါ်မှာပါ စွမ်းအားမရှိလို့ရေးခဲ့ပြီး

မင်းလွင်ရဲ့နိုင်ငံသားကတ်ပေါ်က စွမ်းအား

ဆိုတဲ့နေရာမှာပါ မနိုးထသေးကနေ သာမန်လူအဖြစ် အတင်းပြောင်းပစ်ခဲ့တယ်။ သူလမ်းဆုံးသွားပြီလို့ သိစေချင်ပုံပါပဲ။

မင်းလွင် ကြေကွဲစွာနဲ့ လမ်းကိုလျှောက်တယ်။

သူဝယ်နေကျကုန်စုံဆိုင်လေးကို လှမ်းကြည့်ဖြစ်ပါသေးတယ်။ အခုတော့ ဆိုင်ဝန်ထမ်းက

တခြားတစ်ယောက်ဖြစ်သွားပြီ။ အရင်တစ်

ယောက်ကတော့ သူ့ရဲ့မအောင်မြင်လိုက်တဲ့

အရဲစွန့်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတယ်

လေ။ စီစီတီဗီမှတ်တမ်းတွေ ထွက်လာပြီးတဲ့

နောက် ဝန်ထမ်းရဲ့မိဘတွေက သူ့ကိုအပြစ်တင်ခဲ့ပါတယ်။ ပုံမှန်ငွေပေးလိုက်ရင် ပြီးသွားမယ့်

ကိစ္စကို သူဝင်ရှုပ်လို့ လူသေတဲ့အထိ ဖြစ်ကုန်

တယ်ဆိုပြီးတော့ပါ။

"မတရားမှုကို ရပ်ကြည့်နေတာ မှန်လို့လား၊

ဒါမှမဟုတ် လုံလောက်တဲ့ခွန်အားမရှိဘဲ မတရားမှုကို ဆန့်ကျင်ချင်တဲ့စိတ်က မှားနေတာလား။"

မင်းလွင်စိတ်ရှုပ်နေခဲ့တယ်။ အနိုင်ကျင့်ခံရတာ၊ သူများအသုံးချခံရတာတွေက သူ့အတွက်

ရိုးနေပါပြီ။ အကောင်းဆုံးသူငယ်ချင်းဆိုတဲ့

တင်မီကလည်း သူ့ကိုအသုံးချခဲ့ရုံပါပဲ။ ကြင်

နာတတ်တဲ့ မန်နေဂျာအမျိုးသမီးကလည်း သူ့

တီထွင်မှုကိုအသုံးချပြီး လုပ်ငန်းကိုပြန်လည်ပတ်ချင်ရုံပါ။ ကျန်းလေးကတော့ သူ့ဆီကနေ ဟက်ကာပညာသင်ချင်ရုံပဲလေ။ တစ်ယောက်မှ သူ့ကိုစိတ်ရင်းအမှန်နဲ့ဆက်ဆံနေတာမဟုတ်ဘူး။ သူမလို့ ခင်ချင်၊စကားပြောချင်တဲ့လူရှိတယ်လို့ သူတွေးလို့ကိုမရဘူး။ သူ့ဆီက လိုချင်တာတစ်ခုခုရှိလို့၊ ဒါမှမဟုတ် အနိုင်ကျင့်ရလွယ်လို့ လာကြတာပဲရှိတာ။

မင်းလွင်ဟာ ကုန်စုံဆိုင်ကနေ စျေးအပေါဆုံး စီးကရက်တစ်ဗူးကို ဝယ်လာခဲ့တယ်။ ဒါတစ်ပတ်စာပါ။ နယူးယော့မှာအခွန်ကြောင့် စီးကရက်စျေးကြီးတယ်။ စျေးအပေါဆုံးတောင် တစ်ဗူးကို ဆယ့်ငါးဒေါ်လာ။ သူဖိအားသိပ်များနေလို့မဟုတ်ရင် သူလိုအမေ့စကားနားထောင်တဲ့

ကောင်လေးက ဒီလိုအရာမျိုးကို သူစမ်းလုပ်မိမှာမဟုတ်ဘူး။ စီးကရက်ကို တစ်ဖွာနှစ်ဖွာလောက် သောက်ပြီးတဲ့နောက်မှာတော့ သူချောင်းဆိုးလိုက်တယ်။ စီးကရက်ကို သူအသားမကျသေးဘူး။

"ငါ့ဘဝမှာ ငါ့ကိုအသုံးချချင်တဲ့သူတွေနဲ့

အနိုင်ကျင့်ချင်တဲ့သူတွေပဲရှိတယ်။ အမေက

လွဲလို့ပေါ့။" သူ့လက်ထဲမှာတော့ ဖုန်းလေးကို

ကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်။ သူ့လက်

ကတော့ သူ့အမေရဲ့ဖုန်းနံပါတ်ကို ကျင့်သားရ

နေတဲ့အတိုင်း ရိုက်ထည့်လိုက်တယ်။

"တီ....တီ....တီ...." စက္ကန့်အနည်းငယ်ကြာတော့ တစ်ဖက်က ပြန်ထူးသံထွက်လာတယ်။

မင်းလွင်ရဲ့လေသံကလည်း အများကြီးပျော့ပြောင်းသွားတယ်။

"ဟယ်လို...အမေ..."

....

၃။

မင်းလွင်အတွက်တော့ အမေနှင့်ဖုန်းပြောရသောအချိန်က သက်သောင့်သက်သာအရှိဆုံး

ပင်။ သူ၏အခန်းငယ်လေးအတွင်းမှ အိပ်ရာ

အစုတ်ကလေးတွင် အိပ်ရခြင်းထက်ပင် အပင်

အပန်းများကိုပြေစေသည်။ များသောအားဖြင့်

မင်းလွင်သူ့အမေကို ပြောပြသည်များက ဆိုး

ဝါးလှသည့်ဒုက္ခများအကြောင်းမဟုတ်ဘဲ

သေးငယ်သည့် သုခများအကြောင်းသာဖြစ်

၏။

"ကျွန်တော့်အလုပ်ရှင်က သိပ်သဘောကောင်းတာလေ။ သူကျွန်တော့်ကို ဘောနပ်ကြေးတောင်စပေးနေပြီ။ အလုပ်က လုပ်ဖော်ကိုင်

ဖက်တွေလည်း ကောင်းကြပါတယ်။ သောမတ်

ကျန်းဆိုတဲ့ တရုတ်ကောင်လေးရှိသေးတယ်။

သူက ကျွန်တော့်ကို တရုတ်မှတ်ပြီး တအားတွေ

ခင်နေတာလေ။"

"ဟားဟား... အမေ့သားလေးက ခင်ဖို့ကောင်းနေလို့ဖြစ်မှာပေါ့။ သားလေးကိုပြောထားတဲ့

ကောင်မလေးရှာဖို့ကရော အဆင်ပြေပြီလား။"

"အင်း... ကျောင်းက သူငယ်ချင်းတစ်ယောက်

ကိုတော့ သဘောကျတယ်အမေ။ သူလည်း မေဂျာအတူတူရွေးထားတာလေ။"

မင်းလွင်က အမေစိတ်ချမ်းသာအောင် မရှိသည့်ကောင်မလေးကို စိတ်ကူးယဥ်ပြီးပြောပြနေ

သည်။ သူ့စိတ်ထဲတွေတော့ ရွှေရောင်ဆံပင်တို

တိုနှင့်မျက်လုံးစိမ်းစိမ်းလေးများက နေရာယူထား၏။ ဘာကြောင့်ဆိုဖီယာ၏ပုံစံကို

သူ၏စိတ်ကူးယဥ်ရည်းစားအဖြစ် ပြောမိမှန်း

မသိပေ။

"အမေ့ချွေးမလောင်းကတော့ ချောမယ့်ပုံပဲ။

ဒီတစ်ခါ ပိတ်ရက်ကျရင် အိမ်ခေါ်လာခဲ့လေ။"

"အင်း... ဒါပေမဲ့သူက နည်းနည်းစိတ်ဆက်တယ်။ ကျွန်တော်အိမ်သွားလည်တုန်း ကျွန်တော့်ကိုသူခိုးမှတ်ပြီး သေနတ်နဲ့ပစ်တော့မလို့။"

[နင်ငါ့ကို နောက်တစ်ခါ ပေါက်ကရပြောရင်၊

အသေသတ်ပစ်မယ်။] ရုတ်တရက် မင်းလွင်

ခေါင်းထဲတွင် ထူးဆန်းသည့် ပဲ့တင်သံတစ်ခု

ထွက်လာပြီး သူ့ခေါင်းကထိုးကိုက်လာသဖြင့်

လဲကျတော့မလိုပင် ဖြစ်သွား၏။

"အား...."

"ခပ်ကြမ်းကြမ်းကောင်မလေးမျိုးလား....

ကောင်းတာပေါ့...အမေ့သားက ခပ်ပျော့ပျော့...ဟဲ့သား... ဘာဖြစ်လို့လဲ။"

မင်းလွင်က သူ့ပတ်ဝန်းကျင်ကို လိုက်ကြည့်ရင်း အသံလာရာကို လိုက်ရှာသော်လည်း မည်သူ့ကိုမှ မတွေ့ရပေ။

"မဟုတ်ပါဘူး...ကျွန်တော့်ကို တစ်ယောက်ယောက်က ခေါ်လိုက်သလားလို့ပါ။"

"အင်း... အိပ်ရေးဝဝအိပ်၊ အလုပ်တွေသိပ်လုပ်

မနေနဲ့ဦး။ ထင်ယောင်ထင်မှားတွေဖြစ်နေပြီလားမသိဘူး။ ဒီကောင်လေးကတော့ အမေ့ကို

စိုးရိမ်ရအောင် သိပ်လုပ်တာပဲ။"

အမေဖုန်းချသွားသည်။ မင်းလွင်ကတော့ သူ့

ဖုန်းပြားအကြီးကြီးကို လွယ်အိတ်ထဲပြန်ထိုး

ထည့်လိုက်၏။ သူ့ကိုယ်သူ ရူးနေသလားဟုပင်

ခေါင်းကိုပြန်ကုတ်လိုက်မိသည်။

"ငါခုဏက သေချာကြီးကြားလိုက်တာပါ။"

ဆိုဖီယာသူ့နားနားကပ်ပြောသလို စကားသံကို

သူသေချာပေါက် ကြားလိုက်ရခြင်းဖြစ်၏။ သို့

သော် နယူးယောက်လမ်းများပေါ်တွင် လူတအားရှုပ်နေသောကြောင့် လူအုပ်ကြီးကြားထဲ

ထိုကောင်မလေး တကယ်ရောက်နေမနေ သူ

မသိနိုင်ပါ။

"ထားတော့၊ ငါသူ့နာမည်ယူသုံးမိလို့ စိတ်မသန့်ဘဲ ထင်မိထင်ရာတွေ လျှောက်ထင်နေတာနေမှာ။" သိပ်မကြာခင်မှာပင် သူ့အဆောင်သို့ပြန်

မည့် ဘက်စ်ကားကိုတွေ့လိုက်ရသဖြင့် အတင်း

ပြေးတက်လိုက်သည်။ အိမ်ပြန်ခရီးက ယခုမှ

တကယ်စခြင်းဖြစ်၏။

၂။

မင်းလွင် သူ့အဆောင်ရှိသည့် အိမ်နားကိုရောက်တော့ ဘုရားသခင်ကို ကျိန်ဆဲမိလု

နီးနီးပင်။ မြို့နယ်ကလေးဆေးရုံမှာ အကြီး

အကျယ်မီးလောင်နေပြီး မီးသတ်ကားလေး

စီးလောက်က ဝိုင်းငြိမ်းနေရ၏။ မင်းလွင်လည်း

စပ်စပ်စုစုဖြင့် ခရီးဆောင်အိတ်အသွင်ပြောင်း

ထားသော အထူးဝတ်စုံစမ်းသပ်ဗားရှင်းကိုဆွဲ

ကာ ဝိုင်းကြည့်နေသော လူအုပ်ကြီးကြားရပ်လိုက်သည်။

"ဘယ်လိုကဘယ်လို မီးလောင်တာလဲဗျ။"

သူက သူ့ဘေးနားတွင်ရှိနေသော လူတစ်ယောက်ကို လက်တို့မေးလိုက်သည်။ ကြင်နာတတ်ပုံပေါ်သော အဒေါ်ကြီးကလည်း ဝမ်းသာအားရဖြင့် ပြန်ဖြေလိုက်၏။ ကြည့်ရတာ မေး

လာမည့်သူကို အချိန်အတော်ကြာကတည်းက

စောင့်နေသူလိုမျိုး။

"မသိပါဘူးအေ၊ ဓာတ်ငွေ့ယိုစိမ့်တာလို့တော့

ပြောတာပဲ။ ဒါပေမဲ့ ဒီခေတ်ကြီးထဲမှာ ဓာတ်ငွေ့

ကိုလောင်စာအဖြစ် မသုံးတော့တာကြာပြီမဟုတ်လား။ ဟင်းချက်ရင်တောင် လျှပ်စစ်

မီးဖြစ်ဖြစ် နိုက်ထရိုဂျင်အရည်ဖြစ်ဖြစ်သုံးတာ

လေ။ ဆေးရုံတွေမှာဆို အောက်ဆီဂျင်စက်ရှိ

လို့ ဓာတ်ငွေ့ပိုက်လိုင်းမထားတတ်ကြဘူး။ တချို့ပြောပြန်တော့ ရူးသွပ်နေတဲ့ မီးဗီဇမြူတန့်ကြောင့်တဲ့။"

မင်းလွင်လည်း ခေါင်းကိုတဖျင်းဖျင်းကုတ်ရင်း

လူအုပ်ကြီးကို ကျော်ကြည့်လိုက်သည်။သတင်း

ဌာနတစ်ခုက မီးသတ်ကားများကိုနောက်ခံထား

ပြီး သတင်းတင်ဆက်နေ၏။

"Fox News သတင်းဌာနကနေ သတင်းတင်

ဆက်နေပါတယ်ရှင်။ နယူးယောက်မြို့ရဲ့

### မြို့နယ် ### ရပ်ကွက်မှာရှိတဲ့ နိုင်ငံပိုင် ကလေးဆေးရုံမှာ မီးလောင်နေတာဖြစ်ပါတယ်။ မီးသတ်သမားတွေက ကြိုးစားပမ်း

စားငြှိမ်းနေတာ ကြာပြီဖြစ်ပေမဲ့ ဟီးရိုးတွေက

တော့ ရောက်ရှိမလာသေးပါဘူး။ နှစ်လမ်းကျော်မှာကျင်းပနေတဲ့ အာဂိုနော့ဟီးရိုးအစည်းအရုံးအဆင့်သတ်မှတ်ပြိုင်ပွဲမှာ ဝင်ရောက်ဆင်

နွှဲနေကြပါတယ်။ ဟီးရိုးတွေရောက်မလာသေးလို့ နယူးယောက်ဟီးရိုးဌာနကိုဆက်သွယ်မေး

မြန်းထားပေမဲ့ ဖြေကြားခြင်းမရှိသေးပါဘူး။"

မင်းလွင် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်

ထားလိုက်သည်။ ယနေ့ခေတ် ဟီးရိုးအများအ

ပြားက မီးလောင်မှုကဲ့သို့ကိစ္စမျိုးကို သူတို့ဝင်ပါ

ရမယ့်အလုပ်ဟုပင် မသတ်မှတ်ကြတော့ပေ။

သူတို့က မီးလောင်မှုကိုဖြေရှင်းမည့်အစား စူပါဗီလိန်တစ်ယောက်ယောက်ကိုသာ ဖမ်းပစ်လိုက်ချင်ကြသည်။ လက်ရှိဟီးရိုးအများစုက သူတို့

စွမ်းအားအပေါ်တွင်သာ သာယာနေပြီး သာမန်

လူများကို ပစ်ပယ်စပြုလာ၏။

ကလေးတချို့ ၁၂ထပ်တွင်ပိတ်မိနေပြီး

မှန်ပြတင်းပေါက်ကို ထုနှက်နေတာ သူမြင်ရ

သည်။ သူနာပြုတစ်ယောက်က မီးသတ်ဆေး

ဘူးဖြင့် မှန်ကိုခွဲရန်ကြိုးစားသော်လည်း မီးခိုး

မွှန်နေသဖြင့် အားအင်မရှိတော့ပေ။ မီးသတ်

သမားများက မီးသတ်ဟော့ပါယာဥ်ပျံငယ်များ

ကိုသုံးကာ အနားကပ်ရန်ကြိုးစားနေသော်လည်း မီးများလွန်းသဖြင့် ထင်သလောက်

မလွယ်ပေ။ ဒီအတိုင်းဆိုလျှင် ကလေးတွေသေ

ကုန်တော့မည်။

မင်းလွင်က သူ၏ဝတ်စုံသေတ္တာကို ပြန်ကြည့်

ရင်း သုတေသနဌာနမှူးရေဂင်၏စကားကိုပြန်

ကြားယောင်နေသည်။

"Void stream ပိုက်လိုင်းတွေက အပူမခံဘူး၊

ပေါက်ကွဲလွယ်တယ်။" သူ့အဖေ မီးထဲမှာ သေ

သွားသည့်ကိစ္စကိုလည်း သူမြင်ယောင်နေဆဲပါ။ ဒါပေမဲ့ လောလောဆယ် ယခုနေရာတွင်

Cအဆင့် ဟီးရိုးတစ်ယောက်နှင့် ညီမျှသူဟူ၍

သူတစ်ယောက်သာရှိသည်။

"ဖြစ်ချင်ရာဖြစ်ကွာ...." မင်းလွင် လူအုပ်ကြီးကြားမှ လှည့်ထွက်လိုက်သည်။ သူက တိုက်

တစ်ခု၏လမ်းကြားထဲဝင်သွားပြီး သေတ္တာမှ

မောင်းတံကိုဆွဲလိုက်သည်။ ချက်ချင်းသတ္ထု

သေတ္တာက ငွေမင်ရောင်စူပါချပ်ဝတ်အဖြစ်ကို

ပြောင်းသွားပြီး အသေးစားreactorလေးက

အပြာရောင်တောက်ပနေသည်။ သူက reactor

ကို ရင်ဘတ်တွင်ဖိကပ်လိုက်ပြီး ဝတ်စုံကိုကိုယ်

မှာကပ်လိုက်၏။ ထောင်ပေါင်းများစွာသော စက်ပစ္စည်းများက အလိုလိုတပ်ဆင်ပြီးသား

ဖြစ်သွားသည်။ ထို့နောက် သူစပြေးရင်း လမ်း

ပိတ်ထားသော လူအုပ်ကြီးကို လှမ်းအော်လိုက်

၏။

"ဟီးရိုးရောက်ရှိလာပါပြီ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းများ လမ်းဖယ်ပေးကြပါ။"

မင်းလွင်က ကိုးဆယ်ခုနစ်များမှရုပ်ရှင်ထဲက

ဟီးရိုးလိုမျိုး စကားအကျယ်ကြီးပြောလိုက်

ကြသည်။ လူအုပ်ကြီးက သူ့ကိုလှည့်ကြည့်ရင်း

လမ်းဖယ်ပေးလိုက်ကြ၏။ အရောင်မှိန်မှိန်ငွေ

စက်ရုပ်က လမ်းမထက်တွင် ခပ်မြန်မြန်ပြေး

လွှားနေသည်။ မီးသတ်အရာရှိတစ်ယောက်က

သူ့ကိုတားဆီးရန် ကြိုးစားလိုက်သော်လည်း

ငွေမင်စက်ရုပ်က လက်မနှစ်ဖက်ကိုထောင်ပြ

လိုက်၏။

"C rank ဟီးရိုး Silver Knightပါ။ ငါက မင်းတို့ကို ကူညီဖို့လာတာ။" သူက ချက်ချင်းပင်

ဝတ်စုံ၏အားသာချပ်ကိုသုံးပြီး နံရံကိုတွယ်

တက်သွားသည်။

ရပ်ကြည့်နေသည့် လူအုပ်ကြီးကတော့ သူ့ကို

ဗီဒီယိုများရိုက်ကာ အင်တာနက်ပေါ်တွင် တိုက်

ရိုက်ထုတ်လွှင့်နေကြ၏။

"ဒီမှာကြည့်ကြစမ်း၊ နှစ်လမ်းကျော်က သောက်ကျိုးနည်းအဆင့်မြင့်ဟီးရိုးတွေက ကလေးဆေးရုံကိုရောက်မလာဘူး။ နာမည်တောင်လူမသိတဲ့ C rankလေးတစ်ယောက်က လာကူရတယ်။"

"ဟေးဟေး... သူ့ဝတ်စုံကြီးက တအားအိုဟောင်းနေသလိုပဲ။ Tesla စွန့်ပစ်ပစ္စည်းသိုလှောင်ရုံထဲက စက်ရုပ်နဲ့တောင်ဆင်သလိုပဲ။"

"ပြောခါမှ ဒီကောင်က သိပ်နာမည်မကြီးတဲ့

နည်းပညာအမျိုးအစားဟီးရိုးမဟုတ်လား။

အဆင့်မမြင့်ပေမဲ့ အချိန်မီရောက်လာတာ

လေးစားစရာပဲ။ သူ့နာမည်က ဘာ..."

"Silver slave ဆိုလား..."

"နင့်မေကမှာslave၊ နင့်တစ်မိသားစုလုံး slaveလိုက်။ သူပြောသွားတာ ငါကြားတယ်ကွ။ Silver Knightတဲ့။"

"လုပ်တာသိပ်ကောင်းတယ် Silver Kid...

အားလုံးပဲ Silver Kid ကံကောင်းပါစေလို့

ဆုတောင်းပေးလိုက်ကြရအောင်။"

"အပေါ်ကကောင် ငါပြောမယ် သူ့နာမည်က

Silver Kinghtဟ။"

တခြားသူများဘာပြောပြော ငွေမင်ချပ်ဝတ်နှင့်မင်းလွင်ကတော့ တိုက်နံရံကို ပင့်ကူတစ်ကောင်

လိုမျိုး တည်တည်ငြိမ်ငြိမ်ဆက်တက်နေသည်။

သူ၏စတီးလက်ချောင်းများက အုတ်နံရံမျက်နှာပြင်ကို ဖောက်ဝင်နေပြီး ခြေကုပ်ရ

အောင် ယူထားပေးသည်။

နံရံအပူရှိန်က ပြင်းလွန်းလှသည်။ ရေအေးတစ်ပုလင်းသည်ပင် ထိုနေရာ၌ ချက်ချင်းဆူပွက်သွားနိုင်၏။ ရုတ်တရက် သူတွယ်တပ်နေသော

အုတ်နံရံအပိုင်းက ပဲ့ကျသွားသဖြင့် အကြောက်

ကြောက်အလန့်လန့်ဖြင့် တစ်ဖက်သို့ခုန်ကူးလိုက်ရသည်။ အောက်ကိုလျှောကျပြီး ပြုတ်

ကျသေမလိုပင် ဖြစ်သွားသေး၏။ ဝတ်စုံက

သူ့ခွန်အားကို တိုးလာစေသော်လည်း အထပ်

မြင့်တိုက်ပေါ်မှ ပြုတ်ကျပါက မသေနိုင်ဟု

မပြောနိုင်ပေ။

ငွေမင်စက်ရုပ်က တဖြည်းဖြည်းနှင့်ငါးထပ်

ကျော်အထိရောက်လာသည်။ အောက်ထပ်

များတွင်တော့ လူများရှင်းလင်းနေ၏။ ဆယ့်

နှစ်ထပ်က လူနာထားသည့်နောက်ဆုံးအထပ်

ဖြစ်ရာ အချိန်မီရွှေ့ပြောင်းနိုင်ခဲ့ပုံမရ။ ထို့အပြင် မီးသတ်စနစ်က ဖြစ်သလိုလုပ်ထားပုံ

ပေါ်ကာ ပူပြင်းသောအပူချိန်ကိုမခံနိုင်ဘဲ

အကုန်တွန့်လိမ်နေသည်ကို တွေ့လိုက်ရသည်။

"WTF... ဒီကလေးဆေးရုံက အရည်အသွေး

မမီတဲ့ အဆောက်အဦးတစ်ခုလား။ နယူးယောက် ဆောက်လုပ်ရေးအရည်အသွေး

စစ်ဆေးရေးအဖွဲ့ကကောင်တွေ ဘယ်နှစ်ပုံး

တောင်ရသွားတာလဲ။"

အပူချိန်ကြောင့် ဝတ်စုံအတွင်းမှမင်းလွင်မှာ

ချွေးများစိုရွဲနေပြီး ဝတ်စုံစနစ်က သူ့ကိုအပူ

ချိန်သတိပေးချက်များ ဆက်တိုက်သတိပေး

နေသည်။

[ဝတ်စုံအတွင်းအပူချိန် 51°C Void Stream

ပိုက်လိုင်းတွေ ကျယ်ပြန့်လာနေပါတယ်။]

Void Streamပိုက်လိုင်းများက ယခင်ခေတ်ကအသုံးပြုသည့် ရေနွေးငွေ့ပိုက်များနှင့်ဆင်

တူသည်။ သို့သော် ပိုသိပ်သည်းပြီး လူတစ်

ယောက်၏ကြွက်သားလှုပ်ရှားမှုများကို အား

ဖြည့်ပေးနိုင်သည့် အထောက်အပံနည်းပညာတစ်မျိုးဖြစ်ပေသည်။ သို့သော် အပူရှိန်မြင့်မားလာပါက သတ္တုများပွတက်လာပြီး ဖိအားဒဏ်မခံနိုင်တော့သောကြောင့် ပေါက်ကွဲသွားတတ်ပေသည်။

သတိပေးချက်ကတော့ ဆက်မြည်နေဆဲပင်။ သတ္ထုစပ်ကြောင်းများအကြား ဟလာပြီးနောက် ဓာတ်ငွေ့များပင်စိမ့်ထွက်လာသည်။

အကယ်၍မီးစွဲလွယ်သော ဓာတ်ငွေ့သာဆိုပါက မင်းလွင်ပြာကျနေလောက်ပြီ။ မကြာမီပင်

သူဆယ့်နှစ်ထပ်ရောက်သွားပြီး ကလေးများကို ကူထုတ်ပေးနိုင်ခဲ့သည်။ သူက ပြတင်းပေါက်မှန်ကို အားဖြင့်ထိုးခွဲလိုက်ပြီးနောက် ကလေးတစ်ယောက်ချင်းစီကို ဝရန်တာမှတစ်ဆင့် ဆွဲထုတ်ကာ မီးသတ်ဟောပါယာဥ်

များပေါ်သို့ တင်ပေးလိုက်ခြင်းဖြစ်သည်။ နောက်ဆုံးသူနာပြုကို လွှဲပြောင်းပေးပြီးသည့်

နောက် သူ့ဝတ်စုံက အပူရှိန်လွန်ကဲသွားပြီး ပိုက်လိုင်းများ ထပေါက်ကုန်၏။ ထို့နောက် သူတိုက်

ပေါ်မှာ လိမ့်ကျသွားတော့သည်။

"အိုးမိုင်ဂေါ့... Sliver Knight ဝတ်စုံက တစ်ခုခုဖြစ်သွားပုံပဲ။ သူဆယ့်နှစ်ထပ်ကနေ

ဇောက်ထိုးပြုတ်ကျလာပြီ။"

ဘုန်း.....။

ကတ္တရာကြမ်းပြင်ပေါ်သို့ ငွေမင်စက်ရုပ်ပြုတ်ကျပြီးသည့်နောက် စနစ်မှာအလုပ်မလုပ်တော့ပေ။ မီးခိုးများက အူထွက်နေပြီးVoid Stream

ပိုက်လိုင်းအားလုံး ပျက်စီးသွားပြီဖြစ်သည်။

မင်းလွင်မှာ သူ၏ကိုယ်မှအသားတူးနံကိုပင် ရနေသည်။ မီးသတ်သမားများက သူ့ထံပြေးလာပြီး ရေပိုက်များဖြင့်ဝိုင်းထိုး၏။ အပူရှိန်ကျဆင်းသွားပြီးသည့်နောက် မီးသတ်သမားတစ်

ယောက်က သူ့ကိုလာတွဲပြီးပြောသည်။

"ဆာ... ကျွန်တော်တို့မှာ ဆေးရုံကားပါတယ်။

ဆာ့ဝတ်စုံကိုချွတ်လိုက်ပါလား။ ခင်ဗျားဒဏ်

ရာတွေကို ဆေးထည့်ဖို့လိုတယ်။"

"မလိုဘူး....မလိုဘူး... တကယ့်ဟီးရိုးတစ်ယောက်က ဒဏ်ရာမရဘူး။ ငါ့ဘာသာငါ လမ်း

လျှောက်ပြန်မယ်။"

မင်းလွင်က စနစ်၏နောက်ဆုံးအချက်ပြမှတစ်ဆင့် သူ့ခန္ဓာကိုယ်အခြေအနေကို အတိအကျသိနေသည်။ မီးခိုးများကြောင့် အဆုတ်တစ်ခြမ်းလောင်ကျွမ်းသွားပြီး ကြွက်သားများအားလုံး စုတ်ပြဲနေသည်။ နံရိုးနှစ်ချောင်းကျိူး

သွားကာ ပုခုံးရိုးပင်နေရာလွဲနေ၏။ အမှားမရှိ

လျှင် ဆယ့်ငါးမိနစ်အတွင်း သူသေတော့မည်

ဖြစ်သည်။ နာကျင်မှုကြောင့် သူ့မြင်ကွင်းတစ်

ခုလုံး ဝေဝါးနေကာ မီးသတ်အရာရှိ၏အသံကို

ပင် ဝါးတားတားသာကြားရသည်။

အနည်းဆုံးတော့ သူရဲကောင်းဆန်ဆန် သူနေရာမှ ထွက်သွားချင်သည်။

မင်းလွင်က သူ့ကိုထူးဆန်းသည့် အမူအရာများဖြင့်ကြည့်နေသော လူအုပ်ကြီးကို လက်ယမ်းပြကာ နှုတ်ဆက်နေသည်။ လူအုပ်ကြီးကတော့

သူ၏ယိမ်းယိုင်နေသော ခြေလှမ်းများနှင့်ပုံပျက်နေသော ခန္ဓာကိုယ်ကြောင့် မအန်မိစေရန်

မနည်းထိန်းထားရ၏။

"အဲဒီSilver knightကိုယ်က တစ်ခြမ်းစောင်းနေသလိုပဲ။ သူသေတော့မှာလား။"

"အသားတူးနံတွေတောင် ထွက်နေပြီ။ ခဲပတ်နဲ့ကင်ထားတဲ့ ဆော်လမွန်ငါးလိုပဲ။"

၃။

မင်းလွင်မှာ လူပြတ်သော လမ်းကြားလေးထဲရှိပြင်ဆင်နေဆဲ စည်ပင်ရေမြောင်းအတွင်းသို့ ပြုတ်ကျသွားပြီး ပြန်ထမလာနိုင်တော့ပေ။ သူက သူ၏ဝတ်စုံခေါင်းဆောင်းကို ချွတ်ပစ်

လိုက်သည်။ သူ့မျက်နှာတစ်ခြမ်းမှာရဲရဲနီအောင်

လောင်ကျွမ်းနေပြီး ဆံပင်တစ်ဝက်လောက်က ဦးထုပ်တွင်ကပ်ပါသွား၏။ သူ၏ခေါင်းတွင်တော့ ဦးရေပြားက ကြက်ဆင်ကင်လိုမျိုး ပြောင်ရဲရဲကြီးဖြစ်နေသည်။ သူအသက်ရှူကျပ်နေပြီး ဆေးလိပ်တစ်ပါကင်လုံး သောက်ထားသူလို ခံစားနေရ၏။ သူ့နှလုံးက ကမောက်ကမခုန်နေသည်။ တဖြည်းဖြည်းမျက်လုံးများက ပြာဝေလာကာ အားအင်ကလည်း တဖြည်းဖြည်းဆုတ်ယုတ်လာ၏။

"ငါသေတော့မှာပါလား.....ဟားဟား...ဟားဟားဟား....." လူငယ်လေးက ခါးသီးစွာရယ်မောလိုက်သော်လည်း မောဟိုက်လွန်းသောကြောင့် ရယ်မောသံက တုံ့နှေးတုံ့နှေးဖြစ်နေသည်။

"အနည်းဆုံးတော့ ငါသုံးမိနစ်စာလောက် ဟီးရိုးလုပ်ခဲ့ရတာပဲ။ ငါ့ရည်မှန်းချက်တွေ ပြည့်သွားပြီပေါ့ကွာ။ အဖေ၊ ဦးလေး ကျွန်တော်ခင်ဗျားတို့ခြေရာကို နင်းနိုင်ခဲ့တယ်မဟုတ်လား....ဟုတ်တယ်မဟုတ်လားဟင်....."

ပါးပြင်ပေါ်ကို ပူလောင်သည့်အရည်တချို့စီးကျလာသည်။ မျက်ရည်လား အရည်ကြည်ဖုများမှ စီးကျလာသည့် သွေးရည်ကြည်များလား သူမသိပေ။ သူ့ခန္ဓာကိုယ်က နာကျင်မှုနှင့်အခြားအထိအတွေ့အာရုံကို ပိတ်ချထားခဲ့တာကြာခဲ့ပေပြီ။ သူ့အသံက တဖြည်းဖြည်းတိုးညှင်းလာသည်။ လည်ချောင်းတစ်ခုလုံးခြောက်ကပ်နေပြီး မီးပြာခဲကိုမျိုထားရသူလိုပင်။

"ငါက ဟီးရိုးပဲ။" သူက နောက်ဆုံးအနေဖြင့်

ပြောလိုက်ပြီး နောက်ဆုံးထွက်သက်ကို ရှူရှိုက်

လိုက်ကာ မျက်လုံးကိုမှိတ်ထားလိုက်တော့သည်။

....

...

... တော်တော်ကြာသွားသည်။ သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်းထိတွေ့အာရုံကို ပြန်ခံစားလာ

နိုင်သည်။ အသက်ရှူရသည်မှာလည်း ပုံမှန်ပြန်ဖြစ်လာ၏။

ဟင်... ငါမသေဘူးလား။

သူမျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်လုံးစိမ်းတစ်စုံနှင့် ရွှေရောင်ဆံပင်များကို ပထမဆုံးမြင်လိုက်ရသည်။ ဆိုဖီယာပင်။ သို့သော် ဆိုဖီယာ၏အသားအရေက လူသေလိုပြာနှမ်းနေပြီး အချိန်မရွေးလဲကျတော့မလိုပေ။

"ဟေး...ရှင်သတိရပြီလား....."

"ဆိုဖီယာ... နင်ဒီကို ဘာလာလုပ်တာလဲ။"

"ရှင့်ကိုလာကယ်တာလေ။"

"ငါမသေသေးတာ နင့်ကြောင့်လား...ဒါပေမဲ့

နင်ဘယ်လိုလုပ်ပြီး ငါ့ကိုပြန်ကုပေးနိုင်တာလဲ။"

ဆိုဖီယာက ခေါင်းခါလိုက်သည်။ ပုပ်အဲ့အဲ့အနံက မင်းလွင်နှာခေါင်းထဲဝင်လာ၏။ သူ၏စိတ်ထဲတွင် ဆိုဖီယာက သေပြီးသူလိုမျိုး သူခံစား

နေရသည်။ ကောင်မလေးက တစ်လုံးချင်းပြောလိုက်၏။

"ရှင့်ကို ကျွန်မပြန်မကုပေးနိုင်ဘူး ရှင့်ဝိညာဥ်ကို ခန္ဓာကိုယ်ထဲက မထွက်အောင်လုပ်ပြီး ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိန်းပေးထားရုံပဲ။"

"ရှင်းအောင်ပြော..."

"ရှင်မသေအောင် ခဏတားပေးထားရုံပဲ၊

ခဏနေရင်သေမှာ။"

"ဘာ... ကောင်မလေး၊ ဒါနောက်စရာမဟုတ်ဘူးလေ။ သေတော့မယ့်လူကို ချက်ချင်းမသေခိုင်းဘဲ အချိန်ဆွဲပေးစရာလား။"

"တိတ်တိတ်နေ... ကျွန်မမှာအချိန်မရှိတော့ဘူး။ ကျွန်မခန္ဓာကိုယ်က သေတော့မှာ၊ ဒီတော့

သေချာနားထောင်။"

"နေဦး...မင်းခန္ဓာကိုယ်က သေမယ်...မင်းလည်းသေတော့မှာလား။"

"ဟေး...ဒါက ခန္ဓာကိုယ်လေးတစ်ခုပဲလေ၊ ရှင်စိုးရိမ်စရာမလိုဘူး။"

"လေဒီ... ခန္ဓာကိုယ်သေရင် လူတွေက သေတာပဲမဟုတ်ဘူးလား။"

"ဟား...ထားတော့။ ဒီမှာ ကျွန်မရှင့်ကို ဟီးရိုး

ဖြစ်လာစေချင်တယ်။"

"ငါခုဏက ဟီးရိုးအလုပ်ကောင်းလို့ သေတော့မှာလေ။"

"ကျွန်မပြောတာ ရှင့်ကိုတကယ့်ဟီးရိုးဖြစ်အောင် လုပ်ပေးမယ်ပြောတာ။ ကမ္ဘာကြီးတစ်ခုလုံးကိုတောင် ကာကွယ်နိုင်တဲ့စွမ်းအားရှိတဲ့သူရဲကောင်း။"

ကောင်မလေးက သူ၏မိန်းမကိုင်သားရေအိတ်ထဲမှ ငွေရောင်သလင်းကျောက်ကလေးတစ်ခုကိုထုတ်လိုက်သည်။

"ဒါကိုယူလိုက်၊ ရှင်စွမ်းအားကြီးတဲ့လူတစ်ယောက်အဖြစ် ပြန်မွေးဖွားလာလိမ့်မယ်။"

"......" သေလုဆဲဆဲ လူငယ်လေးက သေလုဆဲဆဲမိန်းကလေး၏လက်ထဲမှာ သလင်းကျောက်ကို လှမ်းယူလိုက်တော့သည်။

All Chapters