← Chapters

အခန်း (၅၆၁ )

Vol. 41 Ch. 561

အခန်း (၅၆၁ )

Vol. 41 Ch. 561

ရှီဂူလန်က အနည်းငယ် တုန်လှုပ်သွားမိသည်။

အောင်းစုန့်က မည်သို့ လူစားမျိုးလဲ။

ရှီဂူလန်က မိုဝူကျီ မေးခွန်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်ပေ၏။ မိုဝူကျီက သူမ တပည့် အောင်းစုန့်ကို သံသယ ဝင်နေခြင်းဖြစ်ရာ သူမက ချက်ချင်း ခေါင်းခါမိလိုက်သည်။

သူမ စိတ်ထဲ၌ အောင်းစုန့်မှာ သူမ သမီး လင်းဂူကဲ့သို ဖြစ်၏။ သူမ သမီးက သူမ၏ ရောဂါကို ကုသဖို့ရာအတွက် အပြင်ဘက်၌ အင်မော်တယ် ဆေးပင်များနှင့် ကုသပေးမည့် အင်မော်တယ် သမားတော်  ရှာဖွေရင်း အချိန်များစွာ ကုန်ဆုံးခဲ့ရသည်။  ထိုစဉ် အောင်းစုန့်က သူမ ဘေးနား နေကာ စောင့်ရှောက်ပေးခဲ့သည်။

ရှီဂူလန်က ပြန်ပြောတော့မည့် ဆဲဆဲတွင် မိုဝူကျိ ထားထားသော သင်္ကေတများက အသက်ဝင်လာသည်။

အောင်းစုန့်၏ အသံကို ကြားလိုက်ရပြီး …

“ဆရာမို  ... ကျွန်မ ဝင်လာလို့ ရမလား”

မိုဝူကျီက မျက်မှောင်ကြုတ် လိုက်သော်လည်း တစ်ခွန်းမှ ပြန်မပြောပေ။

ရှီဂူလန်လည်း သက်ပြင်းချလိုက်သည်။ တစ်အောင့်လောက် နေတုန်းက  သူမက အောင်းစုန့်၌ တစ်ခုခု မှားယွင်းနေကြောင်း မယုံကြည်သော်လည်း ယခုအခါ သူမ အတွေးများကို ခါထုတ်လိုက်လေပြီ။

အောင်းစုန့် ကျင့်ကြံလာသည်မှာ ကြာမြင့်လှပြီ ဖြစ်ရာ အင်မော်တယ် သမားတော်များက နှောင့်ယှက်ခံရသည်ကို အလွန်မုန်းတီးကြောင်း မသိပေဘူးလား။

“ဆေးလုံးဆရာမို .... အတားအဆီး ဖွင့်ပြီးတော့ အောင်းစုန့်ကို ဝင်ခွင့် ပေးလိုက်ပါ”

ရှီဂူလန်၏ အသံမှာ တိုးနေပြီး ပူဆွေးသောက ရနေဟန် ပေါ်သည်။

မိုဝူကျီက အတားအဆီး ဖြေလျော့ လိုက်သည့်အခါ အောင်းစုန့်က ချက်ချင်း အခန်းထဲ ဝင်လာသည်။ သူမက စိုးရိမ်တကြီး မေးလိုက်၏

“ဆရာမို ... ကျွန်မ ဆရာရဲ့ကျန်းမာရေးက ဘယ်လိုလဲ။ ကယ်လို့ ရသေးလား”

သူမ အသံမှာ နွေးထွေးနေဆဲ ဖြစ်ကာ  ဂရုစိုက်မှုနှင့် စိုးရိမ်မှုများပင် ပါဝင်နေသေး၏။ မိုဝူကျီက သူမကို မေးချင်သည့် စကားတစ်ခွန်းမှာ …

ဟောလိဝုဒ်ကနေများ ပြန်လည် ဝင်စားလာတာလား။

မိုဝူကျီက သက်ပြင်းချကာ ပြောလိုက်သည်။

“အစကတော့ အရိပ်အမြွက် နည်းနည်း ရနေပြီ။ ခင်ဗျားရဲ့ နှောင့်ယှက်မှုကြောင့် အတွေးပြတ်သွားပြီ။ ခင်ဗျားရဲ့ ဆရာကို ကုသပေးဖို့ ဆန္ဒရှိရဲ့လား ဆိုတာ  ပြောပါဦး ...  ကုသမပေးချင်ဘူး ဆိုရင်လည်း ကျုပ် ချက်ချင်း ထွက်သွားတော့မယ်။  ဒီမှာ ဆက်နေနေဖို့ မလိုတော့ဘူး”

အောင်းစုန့် မျက်နှာ၌ နေရခက်သည့် အမူအရာ ပေါ်လာပြီး မြန်မြန် ပြောလိုက်သည်။

“ဆရာမိုက ကျွန်မ ဆရာကို ကုသပေးနိုင်မယ်လို့  မျှော်လင့်ပါတယ်။  ကျမဆရာရဲ့ ဖျားနာမှု  ပိုဆိုးသွားမှာကိုပဲ စိုးရိမ်မိတာပါ။   တောင်းပန်ပါတယ်  ... ဆရာမို ကျွန်မ ရှင့်ကို အပြစ်တင်နေတာ မဟုတ်ပါဘူး”

အောင်းစုန့်က ဖြည်းဖြည်းချင်း ပြောသော်လည်း  သူမအနေဖြင့်  မိုဝူကျီက  ရှီဂူလန် ဖျားနာမှုကို  ပိုဆိုးရွားစေမည်ကို စိုးရိမ်နေကြောင်း အရူးပင် ပြောနိုင်သည်။

မိုဝူကျီက တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျုပ်က ခင်ဗျားရဲ့ ဆရာကို မကုသနိုင်ရင်တောင်  ပိုဆိုးရွားအောင်တော့ မလုပ်ပါဘူး  ... လင်းဂူ ..”

မိုဝူကျီက လင်းဂူကို ခေါ်ဖို့ ကြိုးစားလိုက်သည်။ ဤအမျိုးသမီးမှာ စိတ်ရှုပ်ဖို့ ကောင်းလှ၏။

အောင်းစုန့်က မြန်မြန် ထပ်ပြောလိုက်သည်။

“လင်းဂူက စီနီယာဦးလေးဂူကို သွားတွေ့တယ်။ ခဏနေရင် ပြန်လာပါလိမ့်မယ်”

“ဟုတ်ပြီ ...  အဲဒါဆို ခင်ဗျား အရင်ထွက်သွားလိုက်ပါ။ ကျုပ် ခင်ဗျားဆရာရဲ့ ရောဂါကို စမ်းသပ်လိုက်ဦးမယ်” မိုဝူကျီ၏ လေသံမှာ အနည်းငယ် အေးစက်နေလေ၏။

အောင်းစု့န်က နောက်တစ်ဖန် တောင်းပန်လိုက်ပြီးနောက်  သတိတကြီး အခန်းထဲမှ ထွက်သွားတော့သည်။

အောင်းစုန့် ထွက်သွားသည်နှင့် မိုဝူကျီက အတားအဆီးများကို ပြန်လည် အသက်သွင်းထား လိုက်သည်။ ဤတစ်ကြိမ်၌ သူက  သတင်းတစ်ခုပါ ပို့လိုက်သည်။

“ဆေးလုံးဆရာမိုက  လင်းဂူဆီ လှမ်းပို့လိုက်တာလား”

အောင်းစုန့် ဝင်လာစဉ်က  ရှီဂူလန်က ဘာမှ မပြောပေ။ သို့သော် ယခု မိုဝူကျီက သတင်း လှမ်းပို့လိုက်သည့်အခါ အရင်ဦးစွာ မေးလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ကာ   …

“လင်းဂူ ဘယ်အချိန် ပြန်ရောက်လာမှန်း မသိလို့  ကျုပ်ကို နှောင့်ယှက်ဖို့ အောင်းစုန့်က သွေးထိုးမှာ စိုးလို့ ....”

ရှီဂူလန်က ထပ်မမေးတော့ဘဲ ပြောလိုက်သည်။

“အောင်းစုန့်က ဒေါ်ဒေါ် မိတ်ဆွေရဲ့ သမီးပါ။  မိတ်ဆွေက သေဆုံးသွားတော့  သူမကို ကိုယ့်သမီးအရင်းလို ခေါ်ပြီးတော့ စောင့်ရှောက်ပေးခဲ့တာ”

ရှီဂူလန်က ဝိုးတိုးဝါးတား  ပြောလိုက်သော်လည်း  မိုဝူကျီက အသေးစိတ်ကို စိတ်မဝင်စားပေ။  သူက ပြန်ပြောလိုက်၏။

“ဒေါ်လေးလန်ရဲ့ ရောဂါကို ကျုပ် ကုသပေးနိုင်တယ်။  ဒါပေမဲ့ ကုသပြီးသွားရင် ပြန်ကောင်းဖို့ အချိန်တော့ လိုတယ်။ အောင်းစုန့်ကို ဘေးမှာ ဆက်ခေါ်ထားမယ် ဆိုရင်တော့  ဘယ်လောက်ပဲ တော်တဲ့ အင်မော်တယ် သမားတော် လာလာ  ဘယ်သူမှ ရောဂါကို ကုပေးနိုင်မှာ မဟုတ်ဘူး”

“အကြောင်းအရင်းကို ပြောပြလို့ ရမလား” ရှီဂူလန်က မေးလိုက်သည်။

မိုဝူကျီက ခုတင်ကို ညွှန်ပြကာ …

“ဒီကုတင်က  အင်မော်တယ် အမွှေးနံ့သာ သစ်သားနဲ့ လုပ်ထားတာ မဟုတ်ဘဲနဲ့ မြေအောက်ကမ္ဘာ  အမွေးနံ့သာ  သစ်သားနဲ့ လုပ်ထားတာပဲ။ ပြီးတော့ ဒေါ်လေးလန် သောက်နေတဲ့ လက်ဖက်ရည်ကြမ်းက   ဝိညာဉ်အနားသတ် အပင်ကနေ ချက်လုပ်ထားတာ။ တကယ်လို့ ကျုပ် ခန့်မှန်းချက် မှန်ရင်  အောင်းစုန့်က  ဒီခုတင် ပေးထားတာမလား။

ပြီးတော့ နေ့တိုင်း အောင်းစုန့်က  ခုတင်ကို ပွတ်သပ်ပေးလိမ့်မယ်။ ပြီးတော့  ဝိညာဉ်အနားသတ် အပင်ကို လက်ဖက်ရည်ကြမ်း သောက်ဖို့ အကြံပေးတာလည်း သူမပဲ ဖြစ်လိမ့်မယ်”

ရှီဂူလန်က ကြောင်အမ်းမိ သွားသည်။ ဤကုတင်မှာ အောင်းစုန့် ပေးထားခြင်း မဟုတ်သော်လည်း  မိုဝူကျီ၏ ဒုတိယ စကားမှာ မှန်ပေသည်။ အောင်းစုန့်က အမှန်ပင် ခုတင်ထောင့်များကို မပျင်းမရိ နေ့စဉ်နေ့တိုင်း  လာပွတ်သပ်လေ့ ရှိသည်။ သူမက အောင်းစုန့်ကို မလိုကြောင်း ပြောသော်လည်း  အောင်းစုန့်က လုပ်မြဲလုပ်ဆဲ ဖြစ်၏။

ဝိညာဉ်အနားသတ် အပင်ကို အောင်းစုန့် အကြံပေးထားခြင်း ဖြစ်ပေသည်။ အောင်းစုန့်က ထိုလက်ဖက်ရည်ကြမ်းမှာ  ဝိညာဉ်ကို အားဖြည့် ပေးနိုင်သည်ဟု ဆို၏။ ထိုအချက်မှာ အမှန် ဖြစ်သည်။

ရှီဂူလန်၏ ကြောင်အမ်းအမ်း အမူအရာကို မြင်ပြီး မိုဝူကျီက တည့်တိုး ပြောလိုက်သည်။

“အဲဒီနှစ်ခုကို အတူတူ ထားလိုက်ရင် မြေအောက်ကမ္ဘာ အရိုးဝိညာဉ် အဆိပ်နဲ့ တူတဲ့ အဆိပ်ကို ဖြစ်လာစေလိမ့်မယ်။  အဆိပ်ရဲ့ ဝိသေသ လက္ခဏာတွေက  မြေအောက်ကမ္ဘာ အရိုးဝိညာဉ် အဆိပ်နှင့် အကြမ်းဖျင်း  တူတယ်။  တကယ်တမ်းကျ အင်မော်တယ် သမားတော် ချန်ချန်းဟယ်က  ဒီဟာက မြေအောက်ကမ္ဘာ အရိုးဝိညာဉ် အဆိပ်မဟုတ်ဘူးလို့ ပြောခဲ့တာ မမှားဘူး။

အောင်းစုန့်က  ဗဟုသုတနည်းတယ် ဆိုဦးတော့ သူမအနေနဲ့ နေ့တိုင်း  ဝိညာဉ်အနားသတ် အပင် လက်ဖက်ရည်ကြမ်း တိုက်စရာ မလိုဘူးလေ။  အဲဒါကို ဆက်သောက်စေတာက အဆိပ်ရဲ့ အကျိုးသက်ရောက်မှုကို မမြန်စေပေမဲ့လည်း  အဆိပ်က ရောဂါလိုမျိုး ဖြစ်နေပြီးတော့ အဲဒီရောဂါက  အသိစိတ်ပင်လယ်ကို မာကျောလာစေပြီးတော့ ဝိညာဉ်လမ်းကြောင်းတွေကို မည်းနက် လာစေတာပဲ။  အဲဒါကြောင့် အဆိပ်ဖြေတာ တစ်မျိုးတည်းနဲ့ ကုသပေးလို့ မရဘူး”

“ဒါပေမဲ့  မင်းက ဒေါ်ဒေါ်ကို ကုသပေးနိုင်တယ်ဆို”

ရှီဂူလန်က မိုဝူကျီကို တအံ့တဩ ကြည့်ကာ ပြောလိုက်သည်။

မိုဝူကျီက ခေါင်းညိတ်ကာ …

“ကုပေးနိုင်တယ်။  ပြီးတော့ အချိန် တစ်ရက် လိုလိမ့်မယ်။  ဒါပေမဲ့ ကျုပ် ကုသပေးနေတဲ့အချိန် ဘယ်သူမှ လာမနှောင့်ယှက်ရဘူး။ ပြီးတော့  ဒေါ်လေးလန်က သတိမေ့နေရမယ်”

မိုဝူကျီက သူ့ခန္ဓာကိုယ်ထဲမှ အဆိပ်ဖြေ လမ်းကြောင်းကို ရှီဂူလန် ကိုယ်ထဲမှ အဆိပ်များကို ဖြေပေးရန် သုံးမည် ဖြစ်ပြီး တစ်ချိန်တည်းတွင် သဘာဝ သိုလှောင်ရေး လမ်းကြောင်းက ရှီဂူလန်၏ ပျက်စီးကာ မည်းနက်နေသော ဝိညာဉ်လမ်းကြောင်းများကို ပြန်လည် ကုစားပေးမည် ဖြစ်သည်။ သူ တစ်ယောက်တည်းသာ ဤသို့နည်းလမ်းမျိုး ရှိခြင်း ဖြစ်၏။

ရှီဂူလန်၏ အသိစိတ်ပင်လယ် မာကျောနေမှုမှာ ပြဿနာ မဟုတ်ပေ။ အဆိပ်များ ဖယ်ရှားလိုက်ပြီး ဝိညာဉ်လမ်းကြောင်းများ ပြန်လည် ကောင်းမွန်သွားသည်နှင့်  သူမ အသိစိတ်ပင်လယ်မှာ သူ့အလိုလို ပြန်ကောင်း လာလိမ့်မည်။  သူ့သဘာဝ သိုလှောင်ရေး လမ်းကြောင်း ဖြစ်နေပါစေ  သို့မဟုတ် အဆိပ်ဖြေ လမ်းကြောင်း ဖြစ်နေပါစေ  နှစ်ခုလုံးက  မိဝူကျီ၏ လျှို့ဝှက်ချက် အကြီးကြီး ဖြစ်ပေရာ  ထိုအရာကို လင်းဂူ အမေ ဖြစ်နေလျှင်ပင် ရှီဂူလန်ကို ဖွင့်ဟ  ပြသမည် မဟုတ်ပေ။

“ကောင်းပါပြီ ... အခု ကုပေးလို့ ရတယ်” ရှီဂူလန်က တွေဝေခြင်းမရှိ ပြောလိုက်သည်။

မိုဝူကျီက  ခေါင်းညိတ် ပြလိုက်သော်လည်း  ချက်ချင်း မစတင်သေးပေ။ ထို့အစား သူက နောက်ထပ် သတင်းတစ်ခု ထပ်ပို့လိုက်ပြီး အခန်းပတ်လည်၌ အစီအရင်များ ထပ်တပ်ဆင် ထားလိုက်သည်။

***

လင်းဂူလည်း ထူးဆန်သည်ဟု ထင်မိသည်။ သူမက မိုဝူကျီဆီမှ သတင်း ရောက်လာသော်လည်း  ပါဝင် အကြောင်းအရာမှာ အလွန်ထူးခြားနေပေရာ  သူ့ကို ယုံကြည်လျှင် သူမ ကုသပေးရာ၌ လုံးဝ မနှောင့်ယှက်သင့်ကြောင်း ပြောထားလေ၏။

လင်းဂူက  မိုဝူကျီကို ယုံကြည်ပေသည်။ မိုဝူကျီက ထိုအကြောင်းအရာကို မပို့လျှင်ပင်  သူမက နှောင့်ယှက်မည် မဟုတ်ပေ။

သူမ မသိလိုက်သည်က  သူမ ဆရာဆီ သွားရောက်နေသည့်အချိန်  အောင်းစုန့်က မိုဝူကျီကို နှောင့်ယှက်ပြီး သွားလေပြီ။

သူမက ထိုအကြောင်းအရာကို ထူးဆန်သည်ဟု ထင်မှတ်မိခဲ့သည်မှာ  မိုဝူကျီက နောက်တစ်ခု ထပ်ပို့လာခြင်း ဖြစ်၏။ ပါဝင်အကြောင်းအရာမှာ အလွန်ရိုးရှင်းပေရာ … ။

“ကုသနေစဉ်အတွင်း   မိုးကောင်းကင်ပြိုကျရင်တောင်  မနှောင့်ယှက်ပါနဲ့”

အကြောင်းအရာ နှစ်ခုမှာ ဆက်တိုက် ဆိုသလို ရောက်ရှိလာခြင်း ဖြစ်၏။ လင်းဂူက မိုဝူကျီ တစ်ယောက် အဘယ်ကြောင့် သတိတကြီး ထားနေသည်ကို မသိသော်လည်း  မိုဝူကျီ၏ ဆိုလိုရင်းကို  နားလည်ပေသည်။ မိုဝူကျီက သူမ မနှောင့်ယှက်မှန်း  သိလိမ့်မည်။ ထို့ကြောင့်  ဤအကြောင်းအရာများ ပို့လိုက်ခြင်းမှာ  အောင်းစုန့်ကို မဝင်စေလို၍သာ ဖြစ်လိမ့်မည်။

သူမက ဆရာဆီ ထွက်မလာခင်  ဂျုနီယာညီမ အောင်းစုန့် စိုးရိမ်နေသည့် အကြောင်းကို ပြန်တွေးမိလိုက်ပြီး လင်းဂူက  ခြေလှမ်းများ ခပ်သွက်သွက် လျှောက်လိုက်တော့သည်။ သူမက ဂျုနီယာညီမ အောင်းစုန့်  မိုဝူကျီ၏ အတားအဆီးအား  သွားထိမည်ကို  စိုးရိမ်မိလေ၏။

“စီနီယာအစ်မ ...  စီနီယာ ဦးလေး ဂူရော ဘယ်လိုနေသေးလဲ”

လင်းဂူက သူမ မိခင်၏ အခန်းအပြင်ဘက်သို့ ရောက်လာသည့်အခါ အောင်းစုန့်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

“ဆရာက အခုထိ တံခါးပိတ် ကျင့်ကြံနေတုန်းပဲ ... အောင်းစုန့် အရမ်း စိုးရိမ်နေသလိုပဲ” လင်းဂူက အောင်းစုန့်၏ စိုးရိမ်မှုကို အထင်းသား  မြင်တွေ့နိုင်လေ၏။

အောင်းစုန့်က ခေါင်းခါကာ …

“ကျွန်မလည်း မသိတော့ပါဘူး ဒါပေမဲ့  ဆရာကို စိတ်ပူမိတယ်။ အဲဒီဆရာမိုက အရမ်းငယ်သေးတယ်လေ  ... ကျွန်မ ....”

လင်းဂူက အောင်းစုန့်သည် မိုဝူကျီ၏ အသက်အရွယ်ကြောင့် စိတ်ပူနေခြင်း ဖြစ်ကြောင်း ကြားသောအခါ အမြန် ထပ်ပြောလိုက်သည်။

“အောင်းစုန့်  စိတ်ပူမနေပါနဲ့။ ကျွန်မ ကိုယ်တိုင်  အစ်ကိုမိုရဲ့ စွမ်းရည်ကို ကိုယ်တိုင် မြင်တွေ့လာတာပါ။ ဆေးလုံး ဧကရာဇ်တောင် သူ့လောက် မကောင်းဘူး”

အောင်းစုန့် မျက်ဝန်း၌ တုန်လှုပ်သည့် အရိပ်အယောင် ဖြတ်ပြေးသွာသော်လည်း ချက်ချင်းဆိုသလို စိတ်သက်သာရာ ရသွားသည့် အမူအရာ အစားထိုး ဝင်ရောက်လာသည်။

***

အတားအဆီးအတွင်း  ရှီဂူလန်က သတိမေ့နေပြီး မိုဝူကျီလည်း သူ့အဆိပ်ဖြေ လမ်းကြောင်းကို အသုံးပြု၍  ရှီဂူလန်၏ ခန္ဓာကိုယ်အတွင်းမှ အဆိပ်များကို ဖယ်ရှားပေးနေသည်။

အဆိပ်ဖြေလမ်းကြောင်း လှည့်ပတ်မှုဖြင့် ရှီဂူလန်၏ ခန္ဓာကိုယ်ထဲမှ အဆိပ်များကို ဆွဲယူလိုက်ပြီး ဖွဲ့စည်းလိုက်ကာ   နောက်ဆုံး၌  ရှီဂူလန်၏ လက်ဖျားထိပ်မှ အမည်းစက်များအဖြစ် ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်၌ မိုဝူကျီက အဆိပ်များကို ဖယ်ရှားခြင်း သပ်သပ်သာ ဖြစ်ပြီး အဆိပ်စွမ်းအင်ကို  အင်မော်တယ် ဝိညာဉ်စွမ်းအားအဖြစ် မပြောင်းလဲပေ။ ပထမတစ်ချက်မှာ ထိုသို့လုပ်ရန် အချိန်များစွာ ကုန်ပြီး ဒုတိယအချက် အနေနှင့် ဤအရာမှာ သူ့ကိုယ်ပိုင် အဆိပ် မဟုတ်ပေ။ အကယ်၍ သူက အဆိပ်မိသူ ဖြစ်နေလျှင်  သူ့အဆိပ်ဖြေ လမ်းကြောင်းနှင့် အခြားသော ချီသွေးကြော ၁၀၇ ခုတို့မှာ  သေးငယ်သည့် လှည့်ပတ်ခြင်းတို့မှ  ကြီးမားသည့် လှည့်ပတ်လမ်းကြောင်း ပေါင်းစပ်ကာ ဖြစ်ပေါ်လာလိမ့်မည်။ ထိုနည်းဖြင့် သူက အဆိပ်များကို ဖယ်ရှားရန် နှစ်နာရီမျှသာ အချိန်ယူလိုက်ရသည်။ သို့သော် ယခုတွင် သူက အချိန် တစ်ရက်လုံး လိုအပ်ပြီး အဆိပ်စွမ်းအင်ကို အင်မော်တယ် ဝိညာဉ်စွမ်းအား အဖြစ်လည်း မပြောင်းလိုက်ရပေ။

အဆိပ်များ ထွက်ပေါ်လာသောကြောင့် မိုဝူကျီက ကျောက်စိမ်းပုလင်းထဲ ထည့်သိမ်းထားလိုက်သည်။ အရင်ဦးစွာ  မိုဝူကျီက သူ့ ကုသမှု ပြီးဆုံးရင် အချိန်တစ်ရက်သာ လိုအပ်မည်ဟု ထင်မှတ်ခဲ့သော်လည်း  အဆိပ်ဖယ်ရုံမျှဖြင့်  တစ်ရက် ကုန်ဆုံး သွားလေ၏။ ရှီဂူလန်၏ ဝိညာဉ်လမ်းကြောင်းများကို ပြန်လည် ကုစားရန် နောက်တစ်ရက် လိုအပ်သည်။

ရှီဂူလန်၏  ကျင့်ကြံခြင်းမှာ အစွန်းအဖျား ရောက်နေသောကြောင့် သူမ၏ ဝိညာဉ်လမ်းကြောင်းများ၌  အင်မော်တယ် သဘာဝ စွမ်းအားများ သိပ်မကျန်ရှိတော့ပေ။ သူမတွင် မည်းနက်နေသည့် ဝိညာဉ်လမ်းကြောင်း  များများစားစား မရှိဘဲ အနည်းငယ်သာ ရှိ၏။

နှစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် မိုဝူကျီက သူ့ကုသမှု အပြည့်အဝ ပြီးဆုံး သွားတော့သည်။

အဆိပ်ကို ဖယ်ရှားပြီး  ဝိညာဉ်လမ်းကြောင်းများကို ကုသပြီးသည့်နောက်တွင် မိုဝူကျီက  ရှီဂူလန်ဆီ အသက်ဓာတ် တချို့ကို ပို့လွှတ်ပေးလိုက်သည်။ ထိုအသက်ဓာတ်လေး ရှီဂူလန်၏ စိတ်နန်းတော်အတွင်း ဝင်ရောက် သွားသည်နှင့် မျက်လုံး ပြန်လည် ပွင့်လာသည်။

သူမ မျက်လုံး ဖွင့်လိုက်သည်နှင့်  ခန္ဓာကိုယ်၌ တစ်ခုခု ကွဲပြားနေကြောင်း ခံစားမိလိုက်ရသည်။ ဆယ်စုနှစ်များစွာ  သူမက အင်မော်တယ် ဝိညာဉ်စွမ်းအားကို လုံးဝ မခံစားမိပေ။ သို့သော် ယခုတွင် သူမက  အင်မော်တယ် ဝိညာဉ်စွမ်းအားများကို အလွယ်တကူ စုပ်ယူနိုင်လေပြီ။ ထို့နောက် အင်မော်တယ် ဝိညာဉ်စွမ်းအားများက သူမခန္ဓာအတွင်း လှည့်ပတ်လမ်းကြောင်း ဖြစ်ပေါ်လာသည်။ ထိုသို့ဖြစ်လာသည်နှင့် သူမ၏ မာကျောနေသော  အသိစိတ်ပင်လယ်မှာလည်း လျင်မြန်စွာ ပြန်ကောင်း လာနေသည်။

“ကုပြီးသွားပြီလား ... တကယ်ကြီး ကုပြီးသွားတာ တကယ်ကြီး ...”

ရှီဂူလန်က လက်မောင်းကို မြှောက်ကြည့်လိုက်သည့်အခါ သူမ အရည်ပြားအောက်၌ အရိုးမည်းများ မရှိတော့ပေ။ သူမက မယုံကြည်နိုင်စွာ ငိုကြွေးရင်း  ရေရွတ်နေမိသည်။

သူမ ခံစားနေရသည်များကို မည်သူမျှ နားလည်နိုင်မည် မဟုတ်ပေ။ ကျင့်ကြံသူ တစ်ယောက်အနေနှင့် မကျင့်ကြံနိုင်ပြီး သေခြင်းတရားကို ထိုင်စောင့်နေရခြင်းမှာ  ဆင်းရဲဒုက္ခ၌ အဆိုးရွားဆုံး ဖြစ်၏။

အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်လောက်၌  ရှီဂူလန်က မတ်မတ် ထိုင်လိုက်သည်။ မိုဝူကျီက သူမကို ကုသပေးနိုင်သည်မှာ သူ့အဆိပ်ဖြေ လမ်းကြောင်းနှင့် သဘာဝ သိုလှောင်‌ရေး လမ်းကြောင်းတို့ကြောင့် ဖြစ်မှန်း ကောင်းကောင်း သိထားသည်။ ရှီဂူလန်တွင် ပြင်းထန်သည့် ဒဏ်ရာများ မရှိသော်လည်း  အပြည့်အဝ ပြန်လည် ကောင်းမွန်ရန် နှစ်အနည်းငယ် ကြာမြင့်နိုင်လေ၏။

“ဒီမြေအောက်ကမ္ဘာ အမွေးနံ့သာ ခုတင်ကို သိမ်းထားရမလား”

ယခု သူက ရှီဂူလန်ကို ကယ်တင်ပြီးပြီ ဖြစ်ရာ  နတ်ဆိုးစန္ဒာ အင်မော်တယ်ကျောင်းတော်မှ အလျင်အမြန် ထွက်သွားလို၏။ သူက အရင်ဦးစွာ ရှီဂူလန်ကို သတိပေးလိုက်သည်။

ရှီဂူလန်က အသိပြန်ဝင်လာပြီး သူမ မျက်ဝန်းတို့၌ ကျေးဇူးတင်မှုတို့ဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူမက ခေါင်းခါကာ …

“သိမ်းထားဖို့ မလိုတော့ပါဘူး။ လင်းဂူနဲ့ အောင်းစုန့်တို့ကို အထဲခေါ်ပေးပါ့လား”

***

All Chapters