← Chapters

အခန်း (၅၆၂)

Vol. 41 Ch. 562

အခန်း (၅၆၂)

Vol. 41 Ch. 562

“မေမေ  ....”

ရှီဂူလန်က အရည်ပြားအောက်၌ အရိုးမည်းများ မရှိတော့ဘဲ မတ်မတ် ထိုင်နေနိုင်သည်ကို တွေ့ပြီး  လင်းဂူက မည်သို့ ဖြစ်သွားသည်ကို အဘယ်ကြောင့် မသိဘဲ နေမည်နည်း။ သူမက ခံစားချက် ပြင်းထန်စွာ   ငိုကြွေးမိလိုက်သည်။

သူမ စိတ်ထဲ၌  သူမ မိခင် နှစ်တစ်ရာကျော် ဖျားနာနေသည့် အကြောင်းအရင်းမှာ  သူမအတွက် အင်မော်တယ် သစ်သား အဆီအနှစ်ကို သွားရှာ၍သာ ဖြစ်၏။ အကယ်၍ သူမ မိခင်၏ ဖျားနာမှုကို မကုသနိုင်လျှင် သူမလည်း လိပ်ပြာသန့်သန့် ဆက်ရှင်နိုင်မည် မဟုတ်ပေ။

အောင်းစုန့်လည်း တုန်လှုပ် သွားလေ၏။ သူမ မျက်ဝန်း၌ အံ့ဩမှု ဖြတ်ပြေး သွားသော်လည်း ချက်ချင်းဆိုသလို ဝမ်းသာသည့် အသံဖြင့် ပြောလိုက်သည်။

“မဟာအကြီးအကဲကို သွားအကြောင်းကြားလိုက်ဦးမယ်”

ထိုသို့ပြောပြီး သူမက လှည့်ထွက်သွားတော့သည်။ မိုဝူကျီက ရှီဂူလန်ကို ကြည့်လိုက်ပြီး ရှီဂူလန်က အောင်းစုန့်ကို နေစေချင်လားဟု သိချင်မိသည်။ ရှီဂူလန်၏ မျက်ဝန်း၌ စိတ်ပျက်မှုတချို့ ဖြတ်ပြေး သွားသော်လည်း  ခေါင်းခါပြလိုက်သည်။

သူမက အောင်းစုန့်သည် ဤအခွင့်အရေးကို အသုံးချ၍ နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်မှ ထွက်ပြေးမည်မှန်း  သိထား၏။ မိုဝူကျီက ရှီဂူလန်၏ ဖျားနာမှုကို ကုသပေးနိုင်ခြင်းမှာ သူမ လုပ်ခဲ့သည့် ကိစ္စများလည်း ပေါ်ပေါက်သွားကြောင်း ဆိုလိုခြင်း မဟုတ်ပါလော။

ရှီဂူလန်က အောင်းစုန့်ကို ခေါ်လိုက်သည့် အကြောင်းအရင်းနှင့် မြေအောက်ကမ္ဘာ အမွှေးနံ့သာ ခုတင်ကို ဖယ်ရှားရန် မရွေးချယ်ခဲ့သည့် အကြောင်းအရင်းတို့မှာ  သူမ၌ မျှော်လင့်ချက် နည်းနည်းကျန်ရှိနေ၍ ဖြစ်သည်။ သူမက အောင်းစုန့်သည် အမှားကို  သိလာကာ  သူမဆီ တောင်းပန်လာလျှင် ဤကိစ္စကို ခွင့်လွတ်ပေးလိုက်မည် ဖြစ်၏။

ရှီဂူလန်၏ သဘောထားကြီးမှုကို ချီးကျူးသင့်ပေသည်။ အောင်းစုန့်က သူမကို အချိန်အတော်ကြာ လိမ်လည်ခဲ့သော်လည်း အောင်းစုန့်က အမှားပြင်ဆင်လာရန် မျှော်လင့်မိဆဲ ဖြစ်သည်။ အကယ်၍  မိုဝူကျီ ဖြစ်နေလျှင် သူက သေချာပေါက် အောင်းစုန့်ကို လွတ်ပေးမည် မဟုတ်ပေ။

ဤသို့သော အဖြစ်အပျက်မှာ ကမ္ဘာမြေရှိ သမိုင်းမှတ်တမ်း၌ မှတ်တမ်း ရှိပေသည်။ ဤသို့မျိုး အချိန်၌  ဟန်ရှန်းက  ရှီတိကို မေးလိုက်လေ၏။

“ကမ္ဘာကြီးက  ငါ့ အပေါ် ရက်စက်နေတယ်၊ လှောင်ပြောင်နေတယ်၊ အထင်သေးနေတယ်၊  လိမ်ညာနေတယ်ဆိုရင် ဘယ်လို လုပ်ရမလဲ ...”

ရှီတိက ပြန်ပြောလိုက်၏။

“သူ့ကို သည်းခံ၊ ခွင့်လွတ်၊ ရှောင်ရှားပြီး စိတ်ရှည်ရမယ်၊ လေးစားရမယ်၊ လျစ်လျူရှုရမယ်၊ နောင်နှစ် အနည်းငယ်ကြာတဲ့အခါ မင်းက သူ့အပေါ် မတူတဲ့ အမြင်ရှိသွားလိမ့်မယ်”

ရှီတိက စိတ်ကို အနိုင်ရရန် နည်းလမ်းကို ပြောပြခဲ့ခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့် တချို့လူများက တခြားသူများထက် ပိုမို ပျော်ပျော်ရွှင်ရွှင် နေနေကြခြင်း ဖြစ်ပေသည်။ သို့သော် တစ်ချိန်တည်းတွင် တချို့လူများက နာမည်ပင် မချန်ထားနိုင်တော့ဘဲ   ကမ္ဘာကြီး၏  အထင်သေးရှုတ်ချမှုနှင့် အဆုံးသတ်သွားရသည်။

ရှီဂူလန်က အောင်းစုန့်ကို လွတ်ပေးလိုက်သည့် အကြောင်းအရင်းမှာ အောင်းစုန်က သူမ အမုန်းတရားကို  လက်လျှော့ဖို့ သင်ယူနိုင်ရန် ဖြစ်သည်။

သို့သော် မိုဝူကျီက ဟန်ရှန်းကို ပြန်ဖြေရမည့်သူ ဖြစ်နေလျှင် …

“အဲဆိုရင် သူ့ကို နိုင်အောင်လုပ်၊ ထိုးလိုက်  ပြီးရင် ပြန်ရိုက်လိုက် ... သူ့ကို မနိုင်သေးရင် နောက်နှစ် အနည်းငယ်နေမှ ပြန်လာပြီး ထပ်အနိုင်ယူလိုက်  ရိုက်လိုက်  ထိုးလိုက် ...”

မိုဝူကျီကို စိတ်ရှုပ်ထွေး သွားစေသည်က အောင်းစုန့်က  တံခါးနား ရောက်ခါနီးတွင် ရုတ်ခြည်း ရပ်တန့်သွားခြင်း ဖြစ်၏။ သူမက ဖြည်းဖြည်းချင်း လှည့်လာကာ  မျက်နှာအမူအရာကား ယခင်ကဲ့သို့ စိတ်လှုပ်ရှားမှုမျိုး မရှိတော့ချေ။ ထို့အစား သူမက ရှီဂူလန်နှင့် မိုဝူကျီတို့ကို မထူးမခြားနား ကြည့်ကာ  …

“မေ့သွားတယ်။ ရှင်တို့ သုံးယောက်လုံး ပေါင်းရင်တောင် ကျွန်မကို အနိုင်မယူနိုင်ဘူးလေ ...”

အောင်းစုန့်က မဟာယီရှန်းအဆင့် ဖြစ်ပြီး မိုဝူကျီက ရွမ်ရှန်း အစောပိုင်း အဆင့်မျှသာ ဖြစ်ကာ ရှီဂူလန်မှာလည်း ရွမ်ရှန်း ပြီးပြည့်စုံခြင်း အဆင့်သာ ရှိသေး၏။ ရှီဂူလန်က ပြန်ကောင်းလာခါစ ဖြစ်ကာ သူမ ကျင့်ကြံဆင့် ပြန်လည် ရရှိရန် နောက်နှစ် အနည်းငယ် ကြာပေဦးမည်။

“ဂျုနီယာညီမ အောင်းစုန့်  ... နင်  …”

အောင်းစုန့် စကားများကို ကြားသောအခါ လင်းဂူက တုန်လှုပ်နေဆဲ ဖြစ်သည်။ သူမက အောင်းစုန့်ကို တုန်လှုပ်တကြီး ကြည့်ကာ  ဘာတွေ ဖြစ်နေမှန်း မသိတော့ပေ။

အောင်းစုန့်က လင်းဂူကို မမြင်သကဲ့သို့ ပြုမူကာ  လင်းဂူ၏ စကားများကိုလည်း မတုံ့ပြန်ဘဲ လက်ဖဝါးကို ဖြန့်လိုက်ရင်း ရှေ့တိုးလာသည်။

“ရှီဂူလန် ... ရှင့်ရဲ့ ဖျားနာမှု အရင်းအမြစ်ကို သိပြီးပြီ မလား။ အစတုန်းက  ရှင့်ရဲ့ တာအိုလမ်းစဉ်ကို ပေးကမ်းတဲ့အတွက် သက်တောင့်သက်သာ သေခွင့် ပြုမလို့ကို  အဲလို မလိုချင်မှတော့ ကျွန်မကို အပြစ်မတင်နဲ့တော့”

မှိန်ဖျော့ဖျော့ အလင်းတစ်ချက်က လခြမ်းကွေး သဏ္ဌာန်အလား  အောင်းစုန့်၏ လက်ထဲ ပေါ်လာလေ၏။ ထိုမှိန်ဖျော့ဖျော့ အလင်းမှာ ဗလာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း  မိုဝူကျီက ဗလာမှ ဖြစ်ပေါ်လာခြင်း မဟုတ်သလို  နည်းစနစ် တစ်ခု မဟုတ်ကြောင်းလည်း သိနေသည်။ ထိုအရာမှာ အစစ်အမှန် အင်မော်တယ် ပစ္စည်းတစ်ခုသာ ဖြစ်၏။

“နင်က ငါ့အမေကို ဒုက္ခပေးတာပေါ့။ ယုတ်မာလိုက်တာ ...”

လင်းဂူက နောက်ဆုံးတွင် သတိပြန်ကပ်လာပြီး ခံစားချက်များ ပေါက်ကွဲလာကာ  အောင်းစုန့်ဆီ ဒေါသတကြီး သွားလိုက်သည်။

မိုဝူကျီက လင်းဂူကို ပြန်ဆွဲထားပြီး ပြောလိုက်ရသည်။

“ကျုပ် တာဝန်ထားလိုက်”

သူက လင်းဂူသည် အောင်းစုန့်၏ ပြိုင်ဘက် မဟုတ်ကြောင်း သိနေသည်။ ထိုသို့ ကမူးရူးတိုး သွားခြင်းက  ကိုယ့်သေတွင်းကို တူးနေသလိုသာ ဖြစ်၏။

လင်းဂူက မိုဝူကျီသည် မဟာယီရှန်းအဆင့် ကျင့်ကြံသူကို တစ်ချက်တည်းဖြင့် သတ်လုနီးပါး ဖြစ်ခဲ့သည့် အဖြစ်အပျက်ကို သိ၏။ သူမက တည်ငြိမ်သွားပြီး  ရှေ့မတက်တော့ပေ။ ထို့အစား သူမက  မှော်ရတနာကို ထုတ်ကာ  ရှီဂူလန်ဘေးသို့ သွားလိုက်သည်။ မိုဝူကျီနှင့် အောင်းစုန့်တို့ တိုက်ပွဲ ဖြစ်နေစဉ် သူမအနေဖြင့် ရှီဂူလန်ကို ကာကွယ်ပေးဖို့ရာ လိုအပ်ပေသည်။

ရှီဂူလန်က  သူမ ကိုယ်ပိုင် လက်စွပ်ကို ကိုင်ထားပြီး အမူအရာမှာ ချက်ချင်း ပြောင်းလဲ သွားပေသည်။ သူမက အောင်းစုန့်ကို အထဲဝင်ခွင့်‌ ပေးရဲခြင်းမှာ  သူမ၏ သိုလှောင်လက်စွပ်ထဲ၌  အဆင့် ၈ တိုက်ခိုက်ရေး အဆောင် ရှိနေ၍ ဖြစ်သည်။ အောင်းစုန့်ကို ပြောနေဖို့ မလိုပေ။ အောင်းစုန့် အယောက် ၁၀၀ လာလျှင်ပင် သူမက ရင်ဆိုင်နိုင်လေသည်။

သို့သော် သူမ လက်စွပ်ကို ထိကိုင်လိုက်သည့်အခါ မဖွင့်နိုင်သေးကြောင်း သိလိုက်ရသည်။ သူမ အသိစိတ် ပင်လယ်မှာ  ပြန်ကောင်းလာခါစ ဖြစ်ပြီး   သူမ ဝိညာဉ်စွမ်းအားများ ပြန်လည် ကောင်းမွန်လာစေရန် အနည်းဆုံးတော့ တစ်ရက်တာ လိုအပ်ပေသည်။ အဆောင်ကို အသက်သွင်းဖို့ရာ အနည်းဆုံး လဝက်ခန့် လိုပေလိမ့်မည်။ သူမက ပြန်ကောင်းလာခါစ ဖြစ်ပြီး သူမက  အင်မော်တယ် ဝိညာဉ်စွမ်းအားများ မစုပ်ယူနိုင်သည့် ခန္ဓာကိုယ်ကို ကျင့်သားမရသေးပေ။

“ခဏ ... အောင်းစုန့်  ... ဆေးလုံးဆရာမိုနဲ့  လင်းဂူတို့ကို လွတ်ပေးလိုက်ပါ။  ငါကိုယ်တိုင် အညံ့ခံပါ့မယ်”

ရှီဂူလန်က လင်းဂူထက် ပို၍ မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။ သူမက သုံးယောက်လုံး ပေါင်းတိုက်လျှင်ပင်  အောင်းစုန့်ကို မနိုင်မှန်း သိ၍ ချက်ချင်း အလျှော့ပေးလိုက်ခြင်း ဖြစ်၏။

မိုဝူကျီက လက်ကာပြလိုက်ပြီး ရှီဂူလန်ကို ဆက်မပြောနိုင်ရန် တားလိုက်သည်။ သူ့လက်ထဲ၌  ခဲနက်ရောင် ဓားမော့တစ်ချောင်း ပေါ်လာပြီး  …

“အောင်းစုန့် … ငါက  မင်းရှေ့မှာပဲ  ဒေါ်လေးလန်ကို ကုသပေးရဲကတည်းက  မင်းကို လုံးဝ မကြောက်တာပဲ။ လာစမ်းပါ ... မင်းလိုမျိုး မဟာယီရှန်း အဆင့်က ဘယ်လောက် အားကောင်းနေလို့လဲ ....”

မိုဝူကျီက အောင်းစုန့်မှာ မဟာယီရှန်းအဆင့် ဖြစ်ကြောင်း ပြောနိုင်ဖို့ရာ တစ်ချက် ကြည့်ရုံဖြင့် သိ၏။ အကယ်၍ မိုဝူကျီက ဤသို့ရိုးရှင်းသည့် အချက်ကို သတိမပြုမိလျှင် ယနေ့အထိ မည်သို့ အသက်ဆက်ရှင် နေနိုင်မည်နည်း။  အရိုးသားဆုံး ပြောရလျှင် သူက အောင်းစုန့်ကို မကြောပေ။ အောင်းစုန့်ကို ကြောက်လျှင် သူက ရှီဂူလန်ကို ကုသပေးနေမည်ကို မဟုတ်ပေ။

“လင်းဂူ  မြန်မြန် ဆေးလုံးဆရာမိုကို ခေါ်ထုတ်သွားတော့   ... ငါ  ...”

ရှီဂူလန်က အောင်းစုန့်၌ သူတို့ကို လွတ်ပေးမည့် ရည်ရွယ်ချက် မရှိကြောင်း တွေ့သောအခါ  လှုပ်ရှားလိုက်သော်လည်း သူမက အားနည်းနေဆဲ ဖြစ်၏။

အောင်းစုန့်ကား သတ်ဖြတ်ငွေ့များ လွှမ်းခြုံထားပြီး  သူမ၏  မဟာယီရှန်း စွမ်းအားစက်ကွင်းမှာ  မိုဝူကျီဆီ ရောက်ရှိလာသည်။ အကယ်၍ မိုဝူကျီကြောင့်သာ မဟုတ်လျှင် ဤသို့ ဖြစ်လာမည် မဟုတ်ပေ။

မိုဝူကျီလည်း သူ့စွမ်းအား စက်ကွင်းကို ထုတ်လိုက်သည်။ မိုဝူကျီ၏ စွမ်းအားစက်ကွင်းမှာ  ဝဲကတော့ စွမ်းအားစက်ကွင်း ဖြစ်၏။  အောင်းစုန့်၏ စွမ်းအားစက်ကွင်း အဆင့်မှာ မိုဝူကျီထက် အဆင့်မြင့်သော်လည်း  စက်ကွင်းနှစ်ခု တွေ့ဆုံကြသည့်အခါ  အောင်းစုန့်က  သူမ စွမ်းအားစက်ကွင်းကို ချေဖျက်သွားသည့် ပြင်းထန်သည့် ဝဲကတော့ကို ခံစားမိလိုက်သည်။

မိုဝူကျီက တစ်ခွန်းမှ မပြောဘဲ သူမကို  ဓားမော့နှင့်သာ တိုက်ရိုက် ပိုင်းဖြတ်ချလိုက်သည်။ မဟာယီရှန်းအဆင့် ကျင့်ကြံသူ ဖြစ်နေ၍ မိုဝူကျီက ညှာတာမနေတော့ပေ။  အင်မော်တယ် စွမ်းအားများက ပြင်းထန်စွာ ထွက်ပေါ်လာကာ  ဆယ်မီတာကျော် ရှည်လျားသည့် ဓားမော့အလင်းတန်း ဖြစ်ပေါ်လာသည်။ ဓားမော့အလင်းက  အရွယ်ပမာဏ သေးငယ် သွားသော်လည်း  ထိုအတွင်းမှ သတ်ဖြတ်ငွေ့များမှာ စုစည်းနေပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

“ဂျွတ်” အောင်းစုန့်၏ စွမ်းအားစက်ကွင်းမှာ  မိုဝူကျီ၏ စက်ကွင်းနှင့် မယှဉ်နိုင်ပေ။ ယခုအခါ မိုဝူကျီ၏ တိုက်ခိုက်မှုဖြင့် သူမ၏ စွမ်းအားစက်ကွင်းမှာ တစစီ  ပျက်စီးသွားတော့သည်။

ကြောက်မက်ဖွယ် ဓားမော့အလင်းက အောက်သို့ ပိုင်းချလိုက်သည့်အခါ  အောင်းစုန့်က အကြောက်တရားကို ခံစားမိပြီး တုန်ယင်လာလေ၏။ ထိုမတိုင်ခင် သူမက  မိုဝူကျီကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် မယူဆထားပေ။ မိုဝူကျီက ရွမ်ရှန်း အစောပိုင်း အဆင့်တွင်သာ ရှိပြီး သူ့ပတ်လည်တွင် ဝိညာဉ်စွမ်းအား အရိပ်အယောင်လည်း မရှိနေပေ။ သူမက  တစ်ချက်တည်း ကြည့်ရုံဖြင့်  သူက  ဆိုးရွားလှသည့် ပါရမီနှင့်  အမှိုက်သဖွယ် ဖြစ်ကြောင်း ပြောနိုင်လေ၏။

သူမအနေဖြင့်  မိုဝူကျီက ထိုမျှ ကြောက်ဖို့ ကောင်းနေလိမ့်မည်ဟု မည်သို့ ထင်ထားမည်နည်း။ သူက စွမ်းအား စက်ကွင်း ဖွင့်၍ ဓားမော့နှင့် ပိုင်းချလိုက်ခြင်း ဖြစ်သော်လည်း သူမက ချက်ချင်းဆိုသလို အရေးမလှ ဖြစ်သွားရသည်။ သူမ အသက်လေးအတွက် စတင် စိုးရိမ်လာမိသွားသည်။

ဤသို့အခြေအနေတွင် အောင်းစုန့်က  မိုဝူကျီကို အထင်မသေးရဲတော့ချေ။ မှိန်ဖျော့ဖျော့ လခြမ်းကွေး သဏ္ဌာန်က ပို၍ တောက်ပလာပြီး  လခြမ်းကွေး သဏ္ဌာန် ဓားကြီးအဖြစ် ပြောင်းလဲသွားကာ မိုဝူကျီ၏  ဓားမော့အလင်းကို တားဆီးလိုက်သည်။

“ဘုန်း”

အလင်းနှစ်ချက် တွေ့ဆုံသည့်အခါ ပတ်ဝန်းကျင်မှ အတားအဆီးများ အားလုံး ဖျက်ဆီးခံလိုက်ရပြီး ကောင်းကင်တစ်ခွင် ဟိန်းထွက်သွားသည့် ဓားမော့အလင်းများ ထွက်လာသည်။

အောင်းစုန့်က  မိုဝူကျီ၏ ပြင်းထန်လှသော သတ်ဖြတ်ငွေ့များကြောင့် လွင့်စဉ်သွားကာ တံခါးနှင့် ဝင်တိုက်မိသွားသည်။

အောင်းစုန့်၏ နဖူးမှ သွေးများ စီးကျလာလေ၏။ သွေးများက ဆက်တိုက် ထွက်နေပြီး ကြမ်းပြင်ပေါ် တပေါက်ပေါက် စီးကျနေသည်။ အကယ်၍ မိုဝူကျီ၏ ဓားမော့အလင်းသာ ပို၍ အားကောင်းခဲ့လျှင်  သို့မဟုတ် သူမက နည်းနည်းလေးများ ပို၍ နှေးနေခဲ့လျှင်  မိုဝူကျီက သူမ၏ ဦးခေါင်းကို နှစ်ပိုင်း ပိုင်းမိသွားလောက်သည်။

အောင်းစုန့်က မိုဝူကျီနှင့် ဆက်လက်၍ မတိုက်ရဲတော့ပေ။ သို့သော်လည်း မိုဝူကျီက ထိုအမျိုးသမီးကို လွတ်ပေးရန် စိတ်ကူးမရှိပေ။ သူက  အောင်းစုန့်ဆီ ရှေ့တိုးလိုက်ရင်း သူ့လက်ထဲမှ ဓားမော့မှာ တောက်ပလာသည့်အချိန်  သူ့ဝဲကတော့ စွမ်းအား စက်ကွင်းမှာလည်း ပိုမို ပြင်းထန်စွာ သောင်းကြမ်း ကုန်တော့သည်။

သူ့သတ်ဖြတ်ငွေ့များက ဆက်တိုက် ဆိုသလို မြင့်တက်လာကာ  သူ့မျက်လုံးထဲ၌ အောင်းစုန့်မှာ သေလူ ဖြစ်နေလေပြီ။

အောင်းစုန့်က ပတ်ဝန်းကျင် ပြောင်းလဲသွားမှုကို ခံစားမိလိုက်သည်။ ခဲနက်ရောင် အလင်းက သူမ မျက်စိရှေ့ ပေါ်လာ၏။ သူမအနေဖြင့် မိုဝူကျီက ဤမျှ အားကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အစပိုင်းတွင် သူမက  မိုဝူကျီသည် သူ့စွမ်းအားများ ဖုံးကွယ်ထားသည်ဟုသာ တွေးနေမိသော်လည်း သူ့ဓားချက်နှင့် ရင်ဆိုင်ပြီးနောက် မိုဝူကျီက  ရွမ်ရှန်း အစောပိုင်းအဆင့်တွင်သာ ရှိကြောင်း သေချာသွားလေ၏။

သူမက ရွမ်ရှန်းအဆင့် ကျင့်ကြံသူက မဟာယီရှန်းအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်နိုင်ကြောင်း မကြားဖူး၍ မဟုတ်ပေ။ သို့သော် ရွမ်ရှန်း ပြီးပြည့်စုံခြင်း အဆင့် ကျင့်ကြံသူက  မဟာယီရှန်း အစောပိုင်းအဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်သည့် အခါမျိုးတွင် ဖြစ်၏။

သူမက မဟာယီရှန်းအဆင့် ကျင့်ကြံသူများ၌ အားအကောင်းဆုံး မဟုတ်သော်လည်း အားအနည်းဆုံး မဟုတ်ပေ။ သူမရှေ့မှ ရွမ်ရှန်း အဆင့် ကျင့်ကြံသူက ရွမ်ရှန်း အလယ်အလတ်အဆင့်ပင် မရောက်သေးပေ။

ဤသို့မျိုး အင်အားမှာ တစ်ခါမှ မကြားဖူးပေ။ သူမက အံ့ကို ကြိတ်ထားရင်း  နောက်ဆုံးအကွက် ထုတ်သုံးရန်  ပြင်ဆင်လိုက်သည်။ မိုဝူကျီက မည်သို့ပင် ဖြစ်နေပါစေ သူက ရွမ်ရှန်းအဆင့် ကျင့်ကြံသူမျှသာ ဖြစ်၏။

ထိုစဉ် ရှီဂူလန်လည်း အသိပြန်ကပ် လာသည်။ သူမ မျက်ဝန်း၌ အံ့အားသင့်သည့် အရိပ်အယောင်များ ဖြတ်ပြေး သွားလေ၏။ အောင်းစုန့်လို လူမျိုးမှာ  မိုဝူကျီကဲ့သို့ အားကောင်းသော ရွမ်ရှန်းအဆင့် ကျင့်ကြံသူနှင့် တစ်ခါမှ မကြုံတွေ့ဖူးပေ။ လင်းဂူက မိုဝူကျီကို မကူဘဲ သူမဘေးနားသို့ ရောက်လာခြင်းမှာ လင်းဂူက  မိုဝူကျီ၏ စွမ်းရည်ကို သိထားပြီးသား ဖြစ်ပေလိမ့်မည်။ သာမာန် ရွမ်ရှန်း အဆင့် ကျင့်ကြံသူက သူ့ကို လုံးဝ လိုက်မီနိုင်မည် မဟုတ်ပေ။

မိုဝူကျီ၏ ဒုတိယဓားချက်မှာ ပိုမိုကြီးမားသည့် သတ်ဖြတ်ငွေ့များ လွှမ်းခြုံထားလေ၏။ ရှီဂူလန်နှင့် လင်းဂူပင် ထိုအငွေ့အသက်ကို ရှင်းရှင်းလင်းလင်း ခံစားမိကြသည်။

“ဆေးလုံဆရာမို  ... သူမကို တစ်ခါတော့ သက်ညှာပေးလိုက်ပါ”

ရှီဂူလန်က  ခက်ခက်ခဲခဲ ပြောလိုက်ရသည်။ အဆုံးသတ်၌ သူမက အောင်းစုန့်အတွက် မတောင်းဆိုပေးဘဲ မနေနိုင်ချေ။

မိုဝူကျီလည်း သက်ပြင်းချမိ လိုက်သည်။ သူသာ ဖြစ်နေပါက အောင်းစုန့်ကို လုံးဝ လွတ်ပေးမည် မဟုတ်ပေ။ သို့သော် လင်းဂူ၏ မိခင်က ဝင်ပြောသောကြောင့် သူ့အနေဖြင့် ဆက်တိုက်နေခွင့် မရှိပေ။ သူက သတ်ဖြတ်ငွေ့များနှင့် စွမ်းအားစက်ကွင်းကို ဖြေလျော့လိုက်သည်။

မိုဝူကျီ ဖြေလျော့ ပေးလိုက်သည့် တစ်ချိန်တည်း၌ အောင်းစုန့်က တိုက်ခိုက်ဖို့ လက်လျှော့ကာ  ချက်ချင်းဆိုသလို ထွက်ပြေး သွားတော့သည်။

သူမက မိုဝူကျီနှင့် ယှဉ်တိုက်ကောင်း ယှဉ်တိုက်နိုင်သော်လည်း မိုဝူကျီ၏ အင်အားဖြင့် သူမက ရှုံးမည်သာ ဖြစ်၏။

မိုဝူကျီက သူမ နောက် ဆက်မလိုက်ပေ။ သူက ဓားမော့ကို ပြန်သိမ်းလိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။

မီးခိုးရောင် ဝတ်ရုံဖြင့် လူလတ်အရွယ် အမျိုးသားက ဆင်းသက်လာသည်။ မိုဝူကျီက ချက်ချင်း နောက်ဆုတ်လိုက်၏။ ဤလူမှာ သူ့တိုက်ခိုက်မှုများကြောင့် ရောက်လာမှန်း  သိလိုက်သည်။ ထိုလူမှာ အနည်းဆုံး အင်မော်တယ် ဘုရင်အဆင့် ဖြစ်ပေလိမ့်မည်။ ထိုသို့မျိုး အဆင့်မြင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရာ၌ သူ့အနေဖြင့် ချက်ချင်း အသတ်ခံရလိမ့်မည်။

***

All Chapters