← Chapters

အပိုင်း (၄၃၉)

Vol. 30 Ch. 439

အပိုင်း (၄၃၉)

Vol. 30 Ch. 439

“ရှင်းအာ မြန်မြန်လေးသွားတော့..”

လှပသောအမျိုးသမီးက  မိန်းမငယ်လေး၏ရှေ့တွင်ရပ်၍ ပြောလိုက်သည်။ သူမအနေဖြင့်  မိန်းမငယ်လေးလွတ်မြောက်နိုင်ရန်အတွက်  ကိုခေါင်းပြောင်အား အချိန်ဆွဲရန် ပြင်ဆင်နေသည်မှာ သိသာသည်ဖြစ်သည်။

သို့သော် ကြယ်ရှစ်ပွင့်ဘိုးဘေးနယ်ပယ်တစ်ယောက်က ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်အား မည်ကဲ့သို့ ထိန်းထားနိုင်ပါမည်နည်း။

“ဟင့်အင်း အမေ…သမီးမသွားဘူး.. သမီးထွက်သွားရင်အမေကဘယ်လိုလုပ်မတုံး..  သမီးတို့တွေရန်သူကို အတူတူတိုက်ခိုက်ကြမယ်”

မိန်းမငယ်လေး၏မျက်နှာထက်တွင်ခေါင်းမာဇွတ်တရွတ်နိုင်သော အမူအယာတစ်ခုရှိနေ၏။ ဖျက်ခနဲဆိုသလို သူမက အမျိုးသမီး၏နောက်မှ ဘေးသို့ရွေ့လျားလိုက်သည်။

အပြာရောင်အလင်းဓားရှည်ကသူမ၏လက်ထဲတွင်ပေါ်လာပြီး  တောက်ပသော အပြာရောင်အလင်းတစ်ခုလင်းလက်နေသည်။ သူမက ၎င်းအား သူမ၏ရှေ့တွင်ရှိနေသော ကိုခေါင်းပြောင်ထံသို့ ထိုးညွှန်လိုက်သည်။ ဤဓားမှာ ရေဓာတ်အခြေပြု  အဆင့်လေး အံ့ဖွယ်လက်နက်တစ်ခုဖြစ်သည်။

“ရှင်းအာ..သမီးမပြေးဘဲ နေနေလို့ရောဘာအသုံးဝင်မှာလဲ.. အမေတို့နှစ်ယောက်စလုံး ဒီသူတောင်းစားရဲ့လက်ထဲမှာ သေရလိမ့်မယ်..”

လှပသောအမျိုးသမီးက ကူကယ်ရာမဲ့စွာဖြင့်အော်ပြောလိုက်သည်။ သူမ၏လက်ထဲတွ၍်အစိမ်းရောင်ဓားရှည်တစ်လက်ပေါ်လာပြီး အစိမ်းရောင်အလင်းတစ်ခုတောက်ပနေသည်။ ၎င်းဓားသည်လည်း  အဆင့်လေး ရွှမ်းလက်နက်တစ်ခုဖြစ်သည်။

“ဟီးဟီး.ပြေးမို့လား..မင်းလေးထွက်

ပြေးမယ်ဆိုရင်တောင် ကိုကိုပြောင်ရဲ့လက်ထဲကနေလွတ်နိုင်မယ်ထင်လို့လား..ဟီးဟီး.ဟားဟားဟား..အလှလေး မင်းမှားနေပြီ..ဘယ်လိုလုပ်ပြီးတော့ ငါကမင်းတိုကိုသတ်နိုင်မှာလဲ ငါမင်းတို့နဲ့ တုန်နေအောင်ချစ်ချင်ရုံပါကွာ”

ကိုခေါင်းပြောင်က ယုတ်မာသောရယ်သံဖြင့် ဆက်လက်ရယ်မောနေသည်။ အမျိုးသမီးနှစ်ယောက်အနားသို့ နီးကပ်စွာချဉ်းကပ်လာသကဲ့သို့  တလက်လက်ထနေသော ရွှေရောင်အလင်းတစ်ခုက ရုတ်တရက်သူ၏ခေါင်းပြောင်ပြောင်တွင်းလင်းလက်လာသည်။  သူ၏ ဦးခေါင်းမှာ  နေအသေးစားလေးတစ်ခုကဲ့သို့ဖြစ်ပြီး လင်းလက်စွာတောက်ပနေသည်။

“ဟားဟား..ဟားဟားဟားဟား…မင်းတို့ကို ကိုကြီးရဲ့ ခေါင်းကြီးအရသာကို  မြည်းစမ်းခွင့်ပြုပါ့မယ်”

ကိုခေါင်းပြောင်က ရယ်မောနေသကဲ့သို့  သူ၏လက်အား ဓားအသွင်ပြုလုပ်လိုက်ပြီး ၎င်းအား  အမေဖြစ်သူထံသို့ ထိုးညွှန်လိုက်သည်။ ရုတ်ခြည်းဆိုသလို   ပြောင်းပြန်အနေအထားဖြစ်နေသော ကြီးမားသည့် ရွှေရောင်ဦးခေါင်းအရိပ်ကြီးက  မိခင်နှင့်သမီးဖြစ်သူတို့၏  အပေါ်တွင်ပေါ်လာသည်။  ၎င်းမှာ  တောင်သေးလေးတစ်လုံးကဲ့သို့ဖြစ်ပြီး  မိခင်နှင့် သမီးဖြစ်သူတို့အား  လွှမ်းခြုံသွားသည်။

“ဟားဟား..ဟားဟားဟားဟား”

ဦးခေါင်းပြောင် အရိပ်ကြီးအား ရင်ဆိုင်၍  သားအမိနှစ်ယောက်မှာ  စွမ်းအားမဲ့သလို ခံစားနေရသည်။ သူတို့၏ စွမ်းအားအားလုံး ကို အသုံးပြုမည်ဆိုလျှင်တောင်  သူတို့အနေဖြင့်  ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်တစ်ဦး၏  တိုက်ခိုက်မှုအား ခုခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။

“ဘာလို့လဲ…ဘာလို့လဲ.. တို့တွေက တို့ရဲ့ယောက်ျားဖြစ်သူကိုရှာချင်ရုံလေးဟာ..တို့တွေ အရမ်းကိုနီးကပ်လာနေပြီဆိုပေမဲ့ ဒီသူတောင်းစားနဲ့မှ လာပြီး  တွေ့ရတယ်လို့…ဘာလို့အဲ့လိုဖြစ်ရတာလဲ..ငါတို့ရဲ့ဘဝတွေက အရမ်းကိုခါးသီးဖို့ကောင်းတာပဲ”

သူမအနေဖြင့်  အတိတ်မှခါးသီးမှုများနှင့် ယောက်ျားဖြစ်သူအားရှာဖွေရန်အတွက်  မိုင်ထောင်ချီမည်ကဲ့သို့ ခရီးနှင်ခဲ့ရပုံတို့အား ပြန်လည်၍ အမှတ်ရမိလိုက်သည်။ သေခြင်းတားမြစ်နယ်မြေအတွင်း

သို့ဝင်ရောက်ပြီးသည့်နောက်   သူမအနေဖြင့် သေလုနီးပါး အကြိမ်ရေများစွာရှိခဲ့သည်။ ယခု နောက်ဆုံး၌ ဤနေရာသို့ရောက်လာခဲ့ပြီး  ဤကဲ့သို့ ကြိုတင်ခန့်မှန်းမရနိုင်သော ဖြစ်ရပ်တစ်ခုကို မမျှော်လင့်ဘဲ  ကြုံတွေရလေသည်။

“ဟီးဟီး..အလှပဂေးကြီး.. မင်းကတော့ ဟာသတွေပြောနေတာပဲကွာ…ကိုကိုပြောင်နဲ့ တွေ့ပြီးတဲ့နောက်မှာဘယ်လိုလုပ်ပြီးတော့ ခါးသီးတာတွေဖြစ်ရမှာလဲကွာ…ကိုကိုပြောင်နဲ့တွေ့တာက  မင်းဘဝမှာ အပျော်ရွှင်ရဆုံးဖြစ်မှာ…ဟီးဟီး..ကိုကိုပြောင်က မင်းတို့ကို ဘဝကြီးရဲ့ အထွတ်အထိပ်အရသာကိုခံစားခွင်ပြုမှာပါ”

ကိုခေါင်းပြောင်က အမေနှင့်သမီးဖြစ်သူတို့၏ရှေ့တွင်ရပ်လိုက်သည်။ သူ၏မျက်နှာထက်တွင် လှောင်ပြောင်မှု တဏှာရမက်ဖြစ်မှုများဖြင့်ပြည့်နှက်နေသည်။ ရွှေရောင်ခေါင်းပြောင်ရိပ်ကြီး၏ အရိပ်အောက်တွင်  ဤမိခင်နှင့်သမီးစုံတွဲမှာ ထပ်မံ၍ လွတ်မြောက်နိုင်စွမ်းမရှိတော့ပေ။  သူ၏ တဏှာခိုးများဖြင့်ပြည့်နှက်နေသော  အကြည့်တို့က ဖြည်းဖြည်းချင်းနှင့် ဂရုတစိုက် အမေနှင့်သမီးဖြစ်သူစုံတွဲကသူနှင့်သက်ဆိုင်သောအရာဖြစ်သကဲ့သို့မှတ်ယူကြည့်ရှုနေသည်။

“သေလိုက်စမ်း သူတောင်းစား”

သောကဝေဒနာကိုခံစာနေရသော ကောင်မလေးက သူမ၏ နှုတ်ခမ်းအားကိုက်၍  ဓားအားရှေ့သို့ထိုးသွင်းလိုက်သည်။ ဖျော့တော့သော အပြာရောင်ဓားအလင်းက ဟင်းလင်းပြင်အား ဖျော့တော့သောအပြာရောင်ဥက္ကာခဲတစ်ခုကဲ့သို့ ဆုတ်ဖြဲသွားပြီး  ကိုခေါင်းပြောင်ထံသို့ တည့်တည့်ဦးတည်သွားသည်။

သို့သော် ချက်ချင်းဆိုသလို “ဖန်း” ဆိုသောအသံတစ်ခုထွက်ပေါ်လာသည်။ လေထဲတွင် မမြင်နိုင်သောအတားအဆီးတစ်ခုက ကြယ်နှစ်ပွင့်ဘိုးဘေးနယ်ပယ်တစ်ဦး၏  အလင်းပြာရောင်ဓားအလင်းအားတားဆီးလိုက်သည်။ထို့နောက်ချက်ချင်းဓားအလင်းမှာ ဘာသဲလွန်စမှကျန်ရစ်ခြင်းမရှိအောင်ကိုပျောက်ကွယ်သွားသည်။

“ဟားဟားဟား…”

ဓားအလင်းမှာ ကိုခေါင်းပြောင်ထံမရောက်ခင်မှာပင်ပျောက်ကွယ်သွားခဲ့သည်။ ကိုခေါင်းပြောင်က ဝင့်ကြွားစွာရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ငါ့ရဲ့ ခေါင်းပြောင်အရိပ်နယ်ပယ်အတွင်းမှာဆိုရင် ငါဟာ ဒီကမ္ဘာပေါ်က ဆရာသခင်တစ်ယောက်လိုပဲ.. ဒီအောက်မှာရှိတဲ့အရာအားလုံးက ကိုကိုပြောင်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိတယ်..

အလှလေးနှစ်ယောက်ရေ ကိုကိုပြောင်ကတော့ ချစ်ဇော အဟုန်တွေနဲ့လောင်မြိုက်နေပြီ..

မစောင့်နိုင်တော့ဘူးကွာ..အိုး..

ကိုကိုပြောင်လာနေပြီနော့် ..ဟီးဟီးဟီးဟီး.”

ကိုခေါင်းပြောင်၏ မျက်နှာထက်တွင် တဏှာခိုးတို့ဖြင့်ပြည့်နှက်နေ၏။ စကားပြောရင်း သူ၏လက်တို့အား  လက်သည်းကုတ်အသွင်ပြောင်းလိုက်သည်။သူ၏ကိုယ်က ဖျက်ခနဲဖြစ်သွားပြီး  မိန်းကလေးနှစ်ဦး၏ကြားထဲတွင်ပေါ်လာသည်။

“ဟီးဟီးဟီး..ဟီးဟီးဟီးဟီး”

“အမေ..အမေ.. သမီးကိုယ်ကို ထိန်းချုပ်လို့မရတော့ဘူး.. သမီးလှုပ်မရတော့ဘူး.. “

ဤအချိန်၌ မိန်းကလေး၏မျက်နှာထက်တွင် ထိန်းမနိုင်သိမ်းမရအော်ကြောက်

စိတ်မွှန်မှုတို့ဖြင့် ပြည့်နှက်နေသည်။

“အား…ခန္ဓာကိုယ်က..”

လှပသောအမျိုးသမီးသည်လည်း အတူတူပင်ဖြစ်သည်။ ယင်းမှာသူမ၏တစ်ကိုယ်လုံးက သူမ၏ အပိုင်မဟုတ်တော့သကဲ့သို့ပင်ဖြစ်၏။

“အလှလေးနှစ်ယောက်…မင်းတို့တွေဘာကိုတွေးနေတယ်ဆိုတာကို ငါမသိဘူးလို့မထင်နဲ့..ခုဏက မင်းတို့ကိုယ်မင်းတို့  သတ်သေချင်နေတာငါသိတယ်…ဟီးဟီးဟီး.. မင်းတို့မှာ ဒီလိုမျိုး လှပတဲ့ခန္ဓာကိုယ်နဲ့   လှပတဲ့ မျက်နှာလေးတွေရှိနေတာကွာ.. မင်းတို့ရဲ့ ဆန္ဒကို ငါကဘယ်လိုလုပ်ပြီးတော့ ခွင့်ပြုပေးနိုင်မှာလဲ..အခုမင်းတို့က မင်းတို့ရဲ့ လျှာကိုကိုက်ပြီးတော့  ကိုယ့်ကိုယ်ကိုယ်သတ်သေချင်နေကြတယ်..ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ မင်းတို့ရဲ့လျှာက သံမဏိလိုမျိုးမာကျောနေလိမ့်မယ်…သူတို့ကိုကိုက်လို့မရဘူး…ဟီးဟီးဟီး”

“ဒါပေမဲ့..”

ဤအချိန်တွင်  ကိုခေါင်းပြောင်၏ မျက်နှာထက်၌ ညစ်ညမ်းသော အပြုံးတစ်ခုတွဲခိုနေသည်။သူက ဆက်မပြောခင်ခဏရပ်တန့်လိုက်သည်။

“မင်းတို့ရဲ့ လျှာတင် သံမဏိလိုမျိုးမာနေတာမဟုတ်ဖူး ..ကိုကိုပြောင်ရဲ့ဟာကလည်း  သံမဏိလိုမျိုး မာတောင်လာပြီ..နောက်ပြီးရင်  အဲ့တာက ဘာအရသာရှိလဲဆိုတာကို မင်းတို့ကိုမြည်းစမ်းခွင့်ပြုမယ်..

မင်းတို့ဆန္ဒရှိရင်တောင်မှ ရပ်တန့်နိုင်စွမ်းရှိမှာမဟုတ်ဖူး…ဟီးဟီးဟီး”

ကိုခေါင်းပြောင်က စကားပြောနေသကဲ့သို့  သူ၏မျက်လုံးတို့က အမျိုးသမီးနှစ်ဦး၏  မို့မောက်နေသော  အထွတ်အထိပ်နှစ်ခုတို့ကြားထဲအား အပြန်ပြန်အလှန်လှန်ကြည့်ကာ  တံတွေးများပင် ပါးစပ်မှ စီးကျတော့မည်သကဲ့သို့ဖြစ်နေသည်။  ဤအခိုက်အတန့်တွင် သူ၏လက်သည်းတို့က အမျိုးသမီးနှစ်ဦး၏ မို့မောက်သောအထွတ်အထိပ်နေရာနှစ်ခုဆီသို့ ယုတ်မာသော အသွင်အပြင်ဖြင့်ရောက်ရှိလာသည်။

“မဟုတ်ဖူး”

ကောင်မလေးက အလန့်တကြားအော်ဟစ်လိုက်သည်။

“သူတောင်းစား ရပ်စမ်း.. နင်ငါတို့ကိုဒီလိုမျိုးလုပ်မယ်ဆိုရင်   ငါ့ယောက်ျားကနင့်ကိုသေချာပေါက်လွှတ်ပေးမှာမဟုတ်ဖူး..နင်သေချာပေါက် သေခြင်းဆိုးနဲ့သေရလိမ့်မယ်”

လှပသော အမျိုးသမီးက  ဒေါတကြီးအော်ဟစ်လိုက်သည်။

“ဟီးဟီး..ကိုယ်လာနေပြီ အလှပဂေးလေးနှစ်ယောက်ရေ”

ဤအချိန်တွင်ကိုခေါင်းပြောင်က ဤအလှလေးနှစ်ဦးအား အရသာခံနေသည်။ သူ့အနေဖြင့် ဤကမ္ဘာတွင်းချမ်းမြေ့ပျော်ရွှင်မှုအားလုံးအား အရသာခံနိုင်သည်ဖြစ်သည်။ သူတို့ဤကဲ့သို့ပြောသည်အား သူ့အနေဖြင့်မည်ကဲ့သို့ နားထောင်ရန်ဆန္ဒရှိပါမည်နည်း။ သူတို့က အမေနှင့်သမီးဖြစ်စေညီအမတွေဖြစ်စေဂရုကိုမစိုက်ပေ။ ဤကဲ့သို့ပျော်ရွှင်မှုက ပကတိအတိုင်းရှင်းသည်ဖြစ်သည်။

“ဟင့်အင်း..မဟုတ်ဖူး”

သူမအား ဆုပ်ကိုင်တော့မည့် ဆိုးယုတ်သည့်လက်သည်းများအားကြည့်၍  ခေါင်းပြောင်လူ၏ တဏှာခိုးများနှင့်မျက်နှာအားကြည့်၍  ကောင်မလေးက မျက်လုံးတို့အား ခပ်တင်းတင်းပိတ်ထားလိုက်သည်။ ယင်းမှာ အောက်တွင်ဖြစ်ပျက်မည့်အရာအား သူမအနေဖြင့် မကြည့်ရဲသကဲ့သို့ဖြစ်သည်။

“ယောက်ျား”

လှပသော အမျိုးသမီးကလည်းစကားနှစ်လုံးအား အော်ပြောလိုက်သည်။သူမအနေဖြင့်လက်သင့်မခံနိုင်စွာဖြင့်ပင် မျက်လုံးတို့အား ပိတ်ထားလိုက်သည်။ သူ၏မျက်လုံးထောင့်တို့မှ ကြည်လင်သော မျက်ရည်စီးကြောင်းနှစ်ခုကျဆင်းလာပြီး  သူမ၏လှပပြီးနှစ်လိုဖွယ်ကောင်းသော  မျက်နှာပြင်ပေါ်သို့စီးကျလာသည်။

သို့သော်…..

အချိန်များ တစ်မိနစ်ပြီး တစ်မိနစ်ကုန်ဆုံးသွားခဲ့သည်။ဖြစ်လာရမည့် နှိပ်စက်ညှင်းပန်းမှုတို့က သူမတို့အပေါ်၌ လုံးဝကျရောက်လာခြင်းမရှိသည်ကို သူမတို့ ရုတ်တရက်သဘောပေါက်လိုက်သည်။ ထို့နောက် နှစ်ယောက်သား မျက်လုံးတို့ကို တစ်ချိန်တည်းတွင်ဖွင့်လိုက်ကြသည်။

ဤအချိန်တွင်  မူလကသူမတို့၏ ရှေ့၌ရှိနေခဲ့သော  ခေါင်းပြောင်လူမှာ  ပျောက်ကွယ်သွားသည်ကို သူတို့မြင်တွေ့လိုက်ကြရသည်။ ၎င်းမှာ  လေထဲတွင် အငွေ့ပျံသွားသကဲ့ဖြစ်သည်။သူမတို့၏ အထက်တွင်ရှိနေခဲ့သော ခေါင်းပြောင်အရိပ်ကြီးမှာလည်း ပျောက်ကွယ်သွားခဲ့သည်။

ဤနေရာ၌ အမေနှင့်သမီးဖြစ်သူတို့သာလျှင်

ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။ သူတို့၏မူလက  မထိန်းချုပ်နိုင်သောခန္ဓာကိုယ်တို့မှာလည်း သူမတို့ကိုယ်တိုင်ပြန်လည်ထိန်းချုပ်၍ ရသွားပြီဖြစ်သည်။ အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှတို့က အိမ်မက်ဆိုးတစ်ခုကဲ့သို့ပင်ဖြစ်သည်။

အမေနှင့်သမီးဖြစ်သူတို့က တစ်ယောက်ကိုယ်တစ်ယောက်ကြည့်

လိုက်ကြသည်။မိန်းကလေးမှာ နားလည်ရခက်နေပြီး  လှပသောအမျိုးသမီးအားမေးမြန်းလိုက်သည်။

“အမော ခုဏကဘာဖြစ်သွားတာလဲ”

မိန်းကလေး၏မေးခွန်းအားကြားလိုက်ရသောအခါတွင်လှပသောအမျိုးသမီးက  နားမလည်နိုင်စွာဖြင့်ခေါင်းခါလိုက်သည်။ ထို့နောက်သူမက ဘေးပတ်ဝန်းကျင်အားကြည့်လိုက်သည်။ ဤအချိန်တွင် လှပသောအမျိုးသမီးမှာ  တုန်လှုပ်သွားပြီး အံ့အားသင့်စွာပြောလိုက်သည်။

“သူပဲ”

သူမအနေဖြင့်  မျက်နှာက မှတ်မိနိုင်စွမ်းမဲ့အောင်ပင် ရှုံ့တွနေသော်လည်း ခေါင်းကကိုခေါင်းပြောင်နှင့်တူသော ဆုပ်ကိုင်ခံထားရသည့်  ရှံ့တွသော အလောင်းတစ်ခုအား တွေ့လိုက်ရသည်။

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters