← Chapters

အခန်း (၅၆၄)

Vol. 41 Ch. 564

အခန်း (၅၆၄)

Vol. 41 Ch. 564

လင်းဂူက ခေါင်းခါကာ …

“မဟုတ်သေးဘူး ...   အစ်ကိုမို ကျွန်မလည်း အတူတူ လိုက်ခဲ့မယ် …”

“မင်းပဲ ပြောတယ်လေ။  ဝဲကတော့ထဲမှာ အသက်ရှင်နိုင်ဖို့က ကံတရားပေါ် မူတည်နေတာဆို ... တကယ်လို့ ကျုပ်နဲ့ အတူတူ လိုက်ဝင်လာရင် သေဆုံးနိုင်ခြေ ရှိတယ်လေ ...”

မိုဝူကျီက လင်းဂူကို ကြည့်ကာ ပြောလိုက်သည်။

အကယ်၍ အန္တရယ်မများပါက  လင်းဂူကိုပါ ခေါ်ဆောင်လာမည် ဖြစ်သော်လည်း  သူ့အနေဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ကို ကောင်းကောင်း နားမလည်သေးပေ။ နောက်ထပ်  လူတစ်ယောက်က  နောက်ထပ် အကူအညီ အရင်းအမြစ်တစ်ခု ဖြစ်ပေသည်။

တုံ့ပြန်သည့်အနေဖြင့်  လင်းဂူက မိုဝူကျီကို  တည်တည်ငြိမ်ငြိမ် ပြန်ကြည့်လိုက်ပြီး ပြောလိုက်သည်

“အစ်ကိုမိုသာ ကျမအမေကို ကယ်ပေးနိုင်ရင် ဘာပဲ တောင်းဆို တောင်းဆို မငြင်းဘူး ဆိုပြီး ဆုံးဖြတ်ထားတာ။ ပြီးတော့  အစ်ကိုမို ဘာသာ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ ဝိညာဉ်ကို ဖွဲ့စည်းနိင်မှာ မဟုတ်ဘူး။ ပုံမှန်ဆိုရင် လူတစ်ယောက်က  ဝိညာဉ် ပြန်ဝင်လာမဲ့ ခန္ဓာကိုယ်ကို  လမ်းပြပေးဖို့ လိုတယ်။

နောက်တစ်ယောက်က မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်ကို ထိန်းချုပ်ပေးရမှာ ... အဲဒါကြောင့် တစ်ယောက်တည်း ဝင်သွားလို့ မရဘူး”

လင်းဂူ၏ ရှင်းပြချက်ကို ကြားပြီးနောက်မှ မိုဝူကျီက ကိစ္စများမှာ သူ တွေးထင်ထားသလောက် မရိုးရှင်းကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူက ဆက်မငြင်းနိုင်တော့ဘဲ ဦးညွှတ်ကာ ပြောလိုက်သည်။

“ကျုပ်တို့တွေ ချိန်စုယင်ရဲ့ ဝိညာဉ်ကို ပြန်ကယ်နိုင်တာပဲ ဖြစ်ဖြစ်၊ မကယ်တင်နိုင်ဘူးပဲ ဖြစ်ဖြစ် ကျုပ် မိုဝူကျီက  ဒီအကူအညီကို အမြဲ အမှတ်ရနေမှာပါ”

လင်းဂူက ပြုံးလိုက်သည်။ မိုဝူကျီက သူမ မိခင်ကို ကယ်တင်ပေးလိုက် ကတည်းက  သူမက သူ့ကို မိတ်ဆွေအဖြစ် သတ်မှတ်ထားပြီးပြီ ဖြစ်၏။

မိုဝူကျီက ဝဲကတော့ဆီ  စိတ်စွမ်းအား ထုတ်လွှင့်လိုက်သည့်အခါ  ဝဲကတော့အတွင်း အလင်းတန်းချက်များ၏ တိုက်စားခြင်းကို ခံလိုက်ရကာ ပျောက်ကွယ်သွားသည်။

ထိုအရာက သူ့စိတ်ကို လေးလံသွားစေသည်။ အာကာပြင် အလင်းတန်းများက သူ့စိတ်စွမ်းအားကို ဖျက်ဆီးပစ်နိုင်ခြင်းမှာ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းရှိ စိတ်စွမ်းအင်လည်း  အတူတူ ဖြစ်လိမ့်မည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။ ထို့ကြောင့် မိုဝူကျီက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်ပြီး  ဝဲကတော့အတွင်း မမြင်နိုင်သည့်  အလင်းတန်းတစ်ချက် ကျရောက်လာပြီးနောက် ထိုအလင်းတန်းမှာ ဖြည်းဖြည်းချင်း ရှင်းလင်းလာသည်။ မျက်စိမြင့် မမြင်ရလောက်အောင်  သေးမျှင်မျှင် အလင်းတန်းကို ဝဲကတော့ အောက်ခြေ၌  အာရုံခံလိုက်မိသည်။

အကြောင်းရာမှာ လေထဲ၌ ငွေမျှင်လေးကဲ့သို့ ဖြစ်နေသော်လည်း မိုဝူကျီက ထိုအကြောင်းလေးနှင့် ထိတွေ့မိပါက နှစ်ပိုင်း ပြတ်သွားနိုင်ကြောင်း နားလည်ထား၏။ ထိုအကြောင်းကို သံသယ ဖြစ်စရာ မလိုပေ။

သို့သော်လည်း  မိုဝူကျီက သက်ပြင်းချမိ လိုက်သည်။ သူက အာကာပြင်အတွင်း စိတ်ဝိညာဉ်မျက်လုံး ရှိနေသရွေ့  သူတို့က ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ ဘေးကင်းကင်း ရောက်ရှိနိုင်လိမ့်မည်။  သူက အားလုံးကို တွက်ချက်ကြည့်လိုက်သည်။ အကယ်၍ သူ့စိတ်ဝိညာဉ်မျက်လုံးက အသုံးမဝင်လာလျှင် သူက သူ့ကိုယ်သူ ကာကွယ်ရန် လော့ကျမ်း စာရွက်ကို ထုတ်သုံးရန် ကြံရွယ်ထားသေး၏။ လော့ကျမ်းစာရွက်မှာ အင်မတန် အားကောင်းသောကြောင့် အာကာပြင်ထဲမှ အကြောင်းရာကို တားဆီးပေးနိုင်လိမ့်မည်။ သို့သော်  သူ့စိတ်ဝိညာဉ်မျက်လုံးက မြင်နိုင်သောကြောင့်  လော့ကျမ်းစာရွက်ကို ထုတ်သုံးစရာ မလိုပေ။

“လင်းဂူ ... ကျုပ်တို့တွေ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ ဝင်ဖို့ နေရာ လိုတယ်ဆို၊ ဒါပေမဲ့ ကျုပ်တို့တွေ ဒီအထိ အတားအဆီး မရှိသေးပါ့လား”

မိုဝူကျီက အခြားအရာများကို စိတ်မပူသည့်နောက် လင်းဂူအား နေရာအကြောင်း မေးမြန်းကြည့်လိုက်သည်။

သူက မေးလိုက်သည်မှာ စိတ်ဝိညာဉ်မျက်လုံးက နေရာကို မြင်နိုင်သော်လည်း ဝင်ဖို့ရာ  ကျရှုံးသွားလျှင် နောင်အနာဂတ်၌ ထပ်မံ ကြိုးစားနိုင်သေး၏။ သူ့တွင် မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်  ၈၁ ပင် ရှိနေသည် မဟုတ်ပါလော။

လင်းဂူက ပြန်ဖြေလိုက်သည်။

“တကယ်တော့  လူတွေက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန် အပြင်ဘက်မှာပဲ စောင့်ကြပ်နေကြတာ။ ကျွန်မက နေရာ တစ်နေရာစာပဲ လျှောက်ထားခဲ့ပေမဲ့  ကျွန်မသာ ရှိနေသရွေ့  ကျွန်မနဲ့အတူတူ အဖွဲ့လိုက် ခေါ်လာနိုင်တယ်လေ။  ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ကို အာရုံရောက်နေတာ့ အစ်ကိုမိုက သတိမထားမိတာ နေမှာ  ...”

နောက်ဆုံး၌ မိုဝူကျီက  အဖြစ်အပျက်ကို နားလည်သွားလေ၏။ လင်းဂူက လွန်းပျံယာဉ်ရှေ့တွင် ရပ်နေခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ယခု  ဤတစ်ကြိမ်တွင် သူ အောင်မြင်မည့်ပုံ ပေါ်လေသည်။ နောက်တစ်ကြိမ်၌ ဤနေရာသို့ ဝင်ရန် ဤမျှ လွယ်ကူမည် မဟုတ်ပေ။

“လင်းဂူ ... မင်းကို သယ်သွားပါရစေ ...”

မိုဝူကျီတွင် စိတ်ဝိညာဉ်မျက်လုံး ရှိသည့်အတွက် လင်းဂူကို  သယ်သွားလိုက်ခြင်းက  နှစ်ယောက်လုံး၏ ဘေးကင်းမှုအတွက် စိတ်ချရလိမ့်မည်။

“ဟုတ် ...” မိုဝူကျီက လင်းဂူမှ  သူ့တောင်းဆိုချက်အား မေးမြန်းလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း   သူမက ချက်ချင်းဆိုသလို သဘောတူလိုက်ပြီး သူ့ကျောဘက်ပေါ် ခုန်တက်လိုက်သည်။

မိုဝူကျီကို နေရခက်စေသည်က  လင်းဂူ၏ ချောမွတ်လှသော အသားရည်နှင့်အတူ လုံးဝန်းသော အသားစိုင်နှစ်ခုက  ကျောပေါ် ဖိကပ်လိုက်သလို ဖြစ်လိုက်သောကြောင့်   သူ့စိတ်ထဲ ရောက်ရှိလာသည်။

မိုဝူကျီက ရွမ်ရှန်းအဆင့် ကျင့်ကြံသူ တစ်ယောက်အနေနှင့်  ထိန်းချုပ်နိုင်စွမ်း ကောင်းသောကြောင့် သူ့စိတ်က အခြားအရာများကို မတွေးမိခြင်း ဖြစ်သည်။

သို့သော်လည်း  သူ မသိလိုက်သည်မှာ လင်းဂူ  လုပ်သမျှ လှုပ်ရှားမှု  အားလုံးမှာ တမင် ပြုမူနေခြင်း ဖြစ်ပေသည်။ လင်းဂူက လှည့်ကွက်များ သုံးတတ်သည့် အမျိုးသမီး မဟုတ်သည့်အပြင် ရှေးရိုးစွဲ လူတစ်ယောက်လည်း ဖြစ်ပေ၏။ သို့သော်လည်း သူမက ဤသို့ အပြုအမူမျိုး စိတ်ထဲ မထားရလောက်မိသည့် အထိတော့ မဟုတ်ချေ။

သူမက မည်သို့ပင် ရှေးရိုးဆန်နေစေကာမူ  အပြင်ဘက်ကမ္ဘာမှ လွှမ်းမိုးမှု များစွာ ခံရပြီးနောက် လင်းဂူသည် ကျင့်ကြံခြင်း အထောက်အပံ့များ ရရန် သူတို့ရုပ်ရည်ကို အသုံးချကြသော အမျိုးသမီးတချို့အကြောင်း ကြားဖူးလေ၏။

ကျင့်ကြံခြင်းအတွက်  ခန္ဓာကိုယ်ကို ရောင်းချမည့် ကိစ္စမှာ လင်းဂူ သေချာပေါက် လုပ်မည် မဟုတ်ပေ။ သို့သော် သူမ မိခင်အတွက် ဘာမဆို လုပ်ပေးရန် ဆန္ဒ ရှိပေသည်။

သူမက အမျိုးသမီး တစ်ယောက်၏ ဆွဲဆောင်မှုကို မည်သို့ အသုံးချရမည်ကို နားမလည်သောကြောင့်  အသားချင်း ထိတွေ့မှုဖြင့် ဆွဲဆောင်နေခြင်း ဖြစ်သည်။

သူမက အသက်ကိုပင်  ထပ်၍ ဂရုမစိုက်တော့ပေ။ မိုဝူကျီက တောင်းဆို လာသည့်အခါ သူမက ဘာကြောင့်များ မေးခွန်းထုတ် နေရမည်နည်း။ အခြားစကားဖြင့် ဆိုရလျှင် အကယ်၍ မိုဝူကျီက သူမနှင့် တွဲဖက် ဖြစ်လိုလျှင်ပင် သူမက တွေဝေခြင်းမရှိ သဘောတူမည် ဖြစ်၏။ သူမက မိုဝူကျီကို အမှန်တကယ် နှစ်သက်၍ မဟုတ်ဘဲ  ကျေးဇူးတရားကြောင့်သာ ဖြစ်ပေ၏။ လင်းဂူ မမျှော်လင့်ထားသည်မှာ သူမ သူ့ကျောပေါ် ရောက်သွားသည်နှင့်  မိုဝူကျီက ဝဲကတော့ထဲ တန်းခုန်ချသွားခြင်း ဖြစ်သည်။

ပြင်ဆင်မှုပင် မရှိလိုက်ပေ။ ကာကွယ်ရေး ရတနာလည်း မထုတ်ပေ။

ထို့အပြင် မိုဝူကျီက အမြန်ဆုံးနှုန်းဖြင့် ထွက်လာလိုက်ပြီး သူ့စွမ်းအား စက်ကွင်း အပြင်ဘက်၌ ဓားအလင်းတန်း အများစုကို ကာဆီးပေးထားလေ၏။ ရံဖန်ရံခါတွင် သူ့စွမ်းအား စက်ကွင်းကို ဖြတ်၍ တစ်ချက်၊ နှစ်ချက်လောက် ရောက်ရှိလာသည်။ သို့သော်လည်း  လင်းဂူကို မထိခင် မိုဝူကျီက ကြားဝင် ဖြတ်တိုက်လိုက်သည်။

“အစ်ကိုမို .... ဖြည်းဖြည်း သွားသင့်တယ်။ ဒီနေရာ ဖြတ်နိုင်ဖို့က  ကံတရားပေါ် မူတည်နေတာ။ ဘယ်လောက်ပဲ မြန်အောင် ဖြတ်ဖြတ် အာကာပြင်ထဲ တစစီ အလုပ်ခံရတာကို တားမရဘူး” မိုဝူကျီက အရမ်းအမြန် သွားနေမှန်း သတိထားမိ လိုက်သောကြောင့် လင်းဂူက သူ့ကို သတိပေးလိုက်သည်။

မိုဝူကျီက ပြန်ဖြေလိုက်သည်။

“မစိုးရိမ်ပါနဲ့  ...”

သူ့စိတ်ဝိညာဉ်မျက်လုံးကို ဖွင့်လိုက်သောကြောင့် အက်ကြောင်းအရာများက မည်မျှ သေးငယ်သည် ဖြစ်စေ၊ ကြီးမားသည် ဖြစ်စေ  သူက ကွေ့ပတ်ကာ ရှောင်သွားနိုင်၏။

အစပိုင်းတွင် လင်းဂူက ကြောက်ရွံ့နေဆဲ ဖြစ်သော်လည်း  မကြာခင် မိုဝူကျီက မည်မျှ ဘယ်လောက် မြန်မြန် သွားစေကာမူ  အာကာပြင်ထဲ၌ အက်ကြောင်းများနှင့် မတွေ့ဆုံပေ။ သူမက မိုဝူကျီသည် ထိုအက်ကြောင်းရာများ၏ တည်နေရာကို သိနေသည့်အလား ခံစားမိနေသည်။

ထိုသို့ဆိုလျှင် သူက အတော်လေး အံ့အားသင့်ဖို့ ကောင်းမနေဘူးလား။

ဤသတင်းသာ ပျံ့နှံ့သွားပါက  လူများစွာက သူ့အား လာရှာကြလိမ့်မည်။

သို့သော်လည်း မိုဝူကျီက လင်းဂူ တွေးနေသည့် အရာများကို မသိပေ။ သူ့အား ထူးထူးဆန်းဆန်း ခံစားစေသည့် အစပိုင်း အပြုအမူများမှ လွဲ၍ သူတို့ ဝဲကတော့ အာကာပြင်ထဲ ဝင်လိုက်သည်နှင့် အရာအားလုံးကို မေ့လျော့ သွားတော့သည်။

ထိုစဉ် သူ လုပ်ချင်သည့် အရာမှာ မြန်မြန် သွားလိုခြင်းသာ ဖြစ်၏။ ထို့ကြောင့်  သူက အမြန်ဆုံးနှုန်းအထိ တိုးမြင့်လိုက်သည်။ သူ့စိတ်ဝိညာဉ်မျက်လုံး၏ အာရုံဖြင့်  အာကာပြင်ထဲမှ အက်ကြောင်းများအကြောင်း စိတ်ပူစရာ မလိုပေ။ ဤအမြန်နှုန်းမှာ  အင်မော်တယ် ဧကရာဇ်များထက် နှေးကွေးခြင်း မရှိပေ။

အင်မော်တယ် ဧကရာဇ်များက  အာကာပြင်ထဲမှ သာမန် အက်ကြောင်းများကို မကြောက်ရွံ့ကြသော်လည်း  သူတို့အနေဖြင့် ဤနေရာ ဝင်သည့်အခါ ဤအက်ကြောင်းများ ရှောင်ရှားဖို့ရာ ကိုယ်ပိုင် နည်းလမ်းများ ထုတ်သုံးကြရသည်။ အကယ်၍ သူတို့သာ သတိလွတ်သွားပါက ဤအထဲ၌ ပျောက်ကွယ် သွားနိုင်သည်။ အင်မော်တယ် ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးသည့်တိုင် သူတို့က ကာကွယ်ရေး ရတနာများကို သုံး၍ အက်ကြောင်းများကို အပြည့်အဝ မကာကွယ်နိုင်စဉ် သတိတကြီး ထားထားကြခြင်း ဖြစ်သည်။

***

မိုဝူကျီက လင်းဂူနှင့်အတူ ဝဲကတော့ထဲ ဆင်းလာစဉ်  နတ်ဘုရား အင်မော်တယ် နယ်မြေမှ ပိန်ပါးပါး အရပ်ရှည်ရှည်နှင့် အင်မော်တယ် ဧကရာဇ် သရဖူဆောင်းထားသည့် အမျိုးသားက မျက်မှောင်ကြုတ်လျက် ရှိသည်။

ဤအင်မော်တယ် ဧကရာဇ်မှာ နတ်ဘုရား အင်မော်တယ် နယ်မြေရှိ ထိပ်တန်း  အင်မော်တယ် ဧကရာဇ်များထဲမှ တစ်ယောက် ဖြစ်သည့် အင်မော်တယ် ဧကရာဇ် လွန်ချိုက် ဖြစ်၏။  အင်မော်တယ် ဧကရာဇ် လွန်ချိုက်၏ အင်အားမှာ အင်မော်တယ် ဧကရာဇ် ထိပ်ဆုံးအဆင့် ရောက်ရှိနေပြီဟု ကောလဟာလများ ထွက်ပေါ် နေသော်လည်း လက်တွေ့၌ ကျင့်ကြံခြင်းမှာ သူ့ဦးစားပေး မဟုတ်ပေ။ သူ့တွင် ချစ်မြတ်နိုးရသည့်  တင်းကျူဟု ခေါ်သည့် ကိုယ်လုပ်တော် တစ်ယောက် ရှိ၏။ သူ့စိတ်ထဲ၌ ထိုအမျိုးသမီးမှာ သူ့တာအိုလောက် အရေးပါပေသည်။

သို့သော်လည်း အမည်မသိ အကြောင်းအရင်း တချို့ကြောင့် တင်းကျူက ရုတ်တရက် ဖျားနာကာ  မေ့မြောသွားလေ၏။ ထို့ကြောင့် အင်မော်တယ် ဧကရာဇ် လွန်ချိုက်က  အင်မော်တယ် သမားတော်များ အားလုံးကို စုစည်းနေခြင်း ဖြစ်သည်။ သို့သော် လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း တင်းကျူမှာ မေ့မြောနေသည့် အခြေအနေတွင်သာ ရှိနေပြီး အခြေအနေက မတိုးတက်လာပေ။

ဤရက်၌ အင်မော်တယ် ဧကရာဇ် လွန်ချိုက်၏ အမိန့်ဖြင့် အင်မော်တယ် သမားတော် ဆယ်ဂဏန်းလောက်မှာ သူမ ရောဂါအကြောင်း မဆွေးနွေးခင် တင်းကျူကို စစ်ဆေးပေး နေကြသည်။ အမြင်နှင့်တင် လွန်ချိုက်က ဤနေ့ရက်မှာလည်း အခြားနေ့ရက်များကဲ့သို့ တိတိကျကျ ရလဒ်ထွက်လာမည် မဟုတ်ကြောင်း သိနေသည်။ ထိုအရာ သူ့အား ဒေါသထွက်စေသည်။  ထိုအခိုက်အတန့်လေး၌ ဆံပင်အနီရောင်နှင့် အမျိုးသမီးက  သတင်းပို့ ဓားပျံ တစ်ချောင်းကို သယ်ဆောင်လာသည်။

သတင်းပို့ ဓားပျံပေါ်မှ အကြောင်းအရာမှာ အလွန်ရိုးရှင်းပေသည်။

“မိုဝူကျီလို့ အမည်ရှိတဲ့ လူငယ် ကျင့်ကြံသူလေးက နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်မှာ ပေါ်လာခဲ့တယ်လို့ သတင်းထွက်နေတယ်။  အဲဒီလူက တင်းကျူကို  ကုသပေးနိုင်တယ်”

“ဟုန်လင်း ... အဲဒီ သတင်းပို့ ဓားပျံက ဘယ်သူ ပို့လိုက်တာလဲ”

အင်မော်တယ် ဧကရာဇ် လွန်ချိုက်က  အိမ်တော်ထဲတွင် ရှိနေသည့် အင်မော်တယ် သမားတော်များကို စိတ်ထဲ မထားတော့ဘဲ ချက်ချင်း ထွက်သွားလေ၏။

ဟုန်လင်းက သူ့နောက်မှ လိုက်ပါလာရင်း မြန်မြန် ရှင်းပြလိုက်သည်။

“အဲဒါက စုဖေးမြို့စား ပို့လိုက်တာပါ။ သူ ပြောတာတော့ အင်မော်တယ်မြို့ ဆယ်မြို့ကျော်မှာ အဲဒီအကြောင်းအရာနဲ့ တစ်ထပ်တည်း အတိုင်း မြို့လမ်းမတွေမှာ ကြေညာစာ ကပ်ထားပါတယ်တဲ့”

“ဟုန်လင်း …  အဲဒီမိုဝူကျီက ဘယ်သူလဲဆိုတာ အခုချက်ချင်း စုံစမ်းလိုက် ပြီးတော့ အဲဒီကြေညာစာ ကပ်တဲ့သူကိုရော  ...” လွန်ချိုက်က အမိန့်ပေးလိုက်သည်။

“နာခံလျက်ပါ အရှင် ...” ဟုန်လင်းက မြန်မြန် ထွက်သွားလေ၏။

သူမ ထွက်သွားပြီးနောက် လွန်ချိုက်၏ မျက်ဝန်း၌ သတ်ဖြတ်ငွေ့များ အရှိန်ဟုန်ဖြင့် တိုးမြင့်လာသည်။

နောက်ခံမရှိတဲ့ ကြုံရာကျပန်း  လူငယ် ကျင့်ကြံသူက  တင်းကျူရဲ့ အသက်ကို ကယ်တင် ပေးနိုင်တယ်တဲ့လား။

မည်သူမဆို သူ့အား အရူးလုပ်ရဲလျှင် သွေးချောင်းစီး သွားစေရမည်။ အကယ်၍ သူအား အသုံးချလိုသည့် လူဆိုလျှင် တစ်ဖက်လူအား သူ့ကို  အဘယ်ကြောင့် အင်မော်တယ် ဧကရာဇ် လွန်ချိုက်ဟု ခေါ်လည်း ဆိုသည့် အကြောင်းကို သိအောင် ပြရမည်။

မိုဝူကျီအတွက် သူက ထပ်မံ စုံစမ်းကြည့်ရမည်။ သူက သူ့ချစ်လှစွာသော ကိုယ်လုပ်တော်လေးကို ကယ်တင်ဖို့ရာ အခွင့်အရေး လွဲချော်သွားခြင်းထက် လမ်းမှားကိုသာ သွားလိုက်မည်။

မကြာခင်တွင် ဟုန်လင်း ပြန်ရောက်လာလေ၏။

“ဘယ်လိုလဲ” ဟုန်လင်းက မပြောခင် လွန်ချိုက် ထရပ်ကာ မေးလိုက်သည်။

ဟုန်လင်းက တုန်လှုပ်သည့် အမူအရာဖြင့် …

“ကြေညာစာ ကပ်တဲ့သူကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ အဲဒီလူက ခဏတိုင်း သူ့သွင်ပြင်နဲ့ အငွေ့အသက်တွေကို ပြောင်းလဲတယ် ဆိုတာပဲ သိခဲ့ရတယ်။

ဒါပေမဲ့  မိုဝူကျီက တကယ့်ကို အံ့အားသင့်စရာ ကောင်းတဲ့ အင်မော်တယ် သမားတော်ပါ။ နတ်ဆိုးစန္ဒာ အင်မော်တယ် ကျောင်းတော်ရဲ့ ရှီဂူလန်ကိုလည်း သူပဲ ကုသပေးထားတာပါ။ ရှီဂူလန်က အခု တံခါးပိတ် ကျင့်ကြံနေပါတယ်။ ကျမ ကြားတာတော့  သူမရဲ့ ကျင့်ကြံဆင့်လည်း အမြန်နှုန်းနဲ့ ပြန်ကောင်း လာနေတယ်တဲ့ ...”

“ရှီဂူလန်လား ... ငါ သိပြီ ...  မိုဝူကျီကို အခုချက်ချင်း ခေါ်ခဲ့ ... သူ့ကို မြန်မြန် တွေ့ဖို့ လိုတယ်” အင်မော်တယ် ဧကရာဇ် လွန်ချိုက်က စိတ်လှုပ်ရှားစွာ ထရပ်လိုက်မိသည်။

သူက ရှီဂူလန် အကြောင်းကို ကောင်းကောင်း သိထားပြီး  ထိပ်တန်း အင်မော်တယ် သမားတော် ကိုးယောက်ထဲက  ချန်ချန်းဟယ်က သူမကို ကြည့်ရှုပေးဖူးသည်။ သို့သော်လည်း သူမကို ထိုအချိန်က မကုသပေးနိုင်ခဲ့ပေ။ ထိပ်တန်း အင်မော်တယ် သမားတော် ကိုးယောက်ထဲက တစ်ယောက် မသိသည့် ရောဂါကို ကုသပေးနိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူ့အနေနှင့် ထိုသမားတော်ကို  ချက်ချင်း မတွေ့သင့်ပေဘူးလား။

***

All Chapters