ပထမဆုံးတိုက်ပွဲ
Vol. 1 Ch. 7
အခန်း (၇)
ပထမဆုံး တိုက်ပွဲ
Luck တစ်ယောက် လမ်းပတ်နဲ့ စကားပြောကောင်းနေခဲ့တာ နေ့လည်အထိပင်။ ခဏနေတော့ လမ်းပတ်ပြန် သွားသည်။ သူလေ့ကျင့်ဖို့လိုကြောင်း Luck သိသည်။ Luck တိုက်ပွဲကွင်းပြင်မှာ လက်ရည်စမ်းချင်နေသည်။ သူ့ဦးဏှောက်အတွင်းတွင် ရေခဲလူကြီးထည့်ပေးလိုက်သော လက်သီးထိုးနည်းတစ်ခု၊ အသက်ရှုနည်းတစ်ခု ရှိနေသည်။
အရင်ဆုံး အသက်ရှုနည်းကို လေ့ကျင့်လိုက်သည်။ ရေခဲရေငွေ့များ ဖြစ်လာပြီး အေးစိမ့်စိမ့် လေပြင်း များ တိုက်ခတ်သွားသည်။ ဆက်လက်၍ လက်သီးထိုး ကျင့်လိုက်သည်။ ငါးနာရီလေ့ကျင့်ပြီးနောက် သူအခြေ ခံကို နားလည်သွားသည်။
“ ဒါက ရေခဲစွမ်းအားကို ထုတ်ပြီးတော့ အားနည်းတဲ့ချက်ကောင်းကို တစ်ချက်ထဲ ထိုးရမှာပဲ ”
“ တကယ်ကို တစ်ချက်ပဲဟ ”
နှစ်ရက်ကြာ လေ့ကျင့်ပြီးနောက် Luck တစ်ယောက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာပြီး အနီးနားရှိ တိုက်ပွဲ ကွင်းပြင်ကို သွားရောက်လိုက်သည်။ တိုက်ပွဲကွင်းပြင်တွင် သူ စာရင်းသွင်းရပေမည်။ မကြာမီ Luck အလှည့် ရောက်လာသည်။ လက်ဗွေကို ရှေ့က မော်နီတာတွင် နှိပ်လိုက်သည်။ ထို့နောက် သူ စာရင်းကို ဖြည့်လိုက် သည်။
နာမည် - Luck
အသက် - ၁၈ နှစ်
အဆင့် - S
Luck တစ်ယောက် သူ့အသက်ကို လိမ်ပြောလိုက်သည်။ သူက လူကောင်ထွားသဖြင့် ပြဿနာမရှိပေ။ ငါးမိနစ်ကြာပြီးနောက်
“ ရပါပြီရှင့် ”
“ လူကြီးမင်းရဲ့ ဒေတာကို လိုင်စင်ပြုလုပ်ပြီးပါပြီ ”
“ အခုအချိန်က စပြီး တိုက်ခိုက်လို့ ရသလို ဈေးဝယ်ခြင်းကနေ လိုအပ်တာ ဝယ်ယူနိုင်ပါပြီ ”
အသင့်ပြင်ထားသော Game Room အတွင်းသို့ သူ ဝင်ထိုင်လိုက်သည်။ ထိုင်ခုံတွေက လေယာဉ်ထိုင်ခုံနှင့် တူသည်။ ဘေးနားတွင်လည်း အဆာပြေမုန့်များ၊ အအေးများ ထားရှိပေးထားသည်။ Luck 4D မျက်မှန်ကို တပ်လိုက်သည်။ ရှေ့မှာရှိသော မျက်နှာပြင်ကို လက်ဗွေရာထိလိုက်သည်။
“ တီ ”
“ ကြိုဆိုပါတယ်ရှင့် ”
“ လူကြီးမင်းရဲ့ Nick Name ကို ရိုက်ထည့်ပါ ”
“ တိန် ”
“ ပြိုင်ပွဲစည်းမျဉ်းများကို သေချာနားထောင်ပါ ”
“ တစ်ပွဲနိုင်လျှင် သုံးမှတ် ”
“ သရေ တစ်မှတ် ”
“ အရှုံး ဇီးရိုး ဖြစ်ပါတယ် ”
“ သင် ကံကောင်းပါစေ ”
“ တိုက်ခိုက်မလား၊ ရပ်နားမလား ”
Luck တိုက်ခိုက်မယ်လို့ ရွေးလိုက်သည်။ တိုက်ပွဲအတွက် ပြိုင်ဘက်ကို အမှတ်တူချင်း ကျပန်းရွေးချယ်သည့် ပုံစံဖြစ်ပြီး နိုင်ပွဲများလေ ပိုခက်လာလေ ဖြစ်သည်။ Luck က သူ့နာမည်ကို ရေခဲမင်းသားဟု ပေးလိုက်သည်။
“ ကစားသမား ရေခဲမင်းသားကို အဆင့်အရ သုံးထပ်မြောက်ကို ပို့ဆောင်လိုက်ပါတယ် ”
“ တီ ”
စက္ကန့်ပိုင်းအတွင်းပင် Luck သည် တိုက်ပွဲကွင်းပြင်သို့ ရောက်ရှိသွားသည်။ ပရိသတ်များမှာလည်း ပွဲကြည့်စင် တွင် ခုနစ်ယောက်ခန့် ထိုင်နေသည်။ လေးစက္ကန့်အကြာတွင် Luck ရဲ့ ပြိုင်ဘက်တစ်ဦး ရှေ့တွင် ပေါ်လာ သည်။ ကြည့်ကောင်းသော လူတစ်ယောက်ဖြစ်သည်။ ဖိုက်တာဂိမ်းများထဲကလိုပင် ခေါင်းပေါ်တွင် တစ်ယောက်အမှတ်နှင့် Nick Name ကို ကြည့်နိုင်သည်။
Luck ရဲ့အမှတ်ကို ကြည့်ပြီးနောက် ထိုလူက ရယ် မောလိုက်သည်။
“ ဒီနေ့တော့ ကံကောင်းတယ်ဟေ့ ”
“ လူသစ်နဲ့ လာတွေ့တာပဲ ဟဟ ”
Luck ပြန်ကြည့်လိုက်တော့ ထိုလူ့ခေါင်းပေါ်တွင် အမှတ် ခုနစ်ဆယ်ရှိနေသည်။ နှစ်ယောက်ကြားတွင် Start ဆိုသည့် စာတန်းပေါ်လာသည်။
Luck ကလည်း ဘာမျှမလုပ်သေးဘဲ ရပ်ကြည့်နေသည်။
ထိုလူက Luck အနားရောက်လာပြီး ဧရာမဓားတစ်လက်ကို ထုတ်ကာ ဘယ်ဘက်ကို လှမ်းခုတ်လိုက်သည်။
“ ဝှစ် ရွှပ် ”
Luck တစ်ချက် ကြည့်ပြီးနောက် ရှေ့ကို ဒူးညွှတ်ပြီး တစ်လှမ်း တက်လိုက်သည်။ အသက်ပြင်းပြင်းရှုကာ
ဝိုက်လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
“ ဘုန်း ”
အား
ပြင်းထန်သော ထိခိုက်သံကြီး ရုတ်တရက်ထွက်လာကာ ထိုလူ၏ ဘယ်နံရိုးနေရာတွင် လေးလက်မခန့် အပေါက်ကြီး ဖြစ်သွားလေသည်။ ဘေးနားတစ်ဝိုက်တွင်လည်း ရေခိုးရေငွေ့များ ဖြစ်နေသည်။
ထိုလူက Luck အား မယုံနိုင်သော အကြည့်ဖြင့် ကြည့်ပြီး ပက်လက်လဲကျသွားလေသည်။
“ တီ ”
“ တိုက်ပွဲနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ် ”
“ သင် သုံးမှတ်ရရှိပါတယ် ”
Luck သူ့ရဲ့ ကိုယ်ပိုင်မျက်နှာပြင်ကို ကြည့်လိုက်သည်။
[ နာမည် - ရေခဲမင်းသား ]
[တိုက်ခိုက်ရေးအဆင့် - S ]
[တိုက်ပွဲအရေအတွက် - တစ်ပွဲ ]
[ ရမှတ် - သုံးမှတ် ]
[ကျွမ်းကျင်မှု - မရှိသေး ]
Luck တစ်ယောက်ပျော်ရွှင်စွာအော်ဟစ် လိုက်လေသည်။" ဟား ဟား နိုင်ပြီ ကွ"
နောက်ဆုံးသူသိလိုက်ရတာတော့ သူ့၏လက်သီးစနစ်မှာ နတ်ဘုရားအဆင့်ပညာရပ်ဖြစ်သည်မှာသေချာနေပေ၏
>တွန်
[ဆက်လက်တိုက်ခိုက်မလား သို့ ရပ်နားမည်လား]
Luck တိုက်ခိုက်မည်ကိုရွေးလိုက်သည်။