← Chapters

အခန်း (၅၆၆)

Vol. 41 Ch. 566

အခန်း (၅၆၆)

Vol. 41 Ch. 566

ယခင်ကတည်းက ကျင့်ကြံခြင်းလောက ဖြစ်စေ၊ သာမန် သေမျိုး လောကဖြစ်စေ ပြန်လည် ဝင်စားခြင်း သဘောမျိုး ရှိကြသည်။ သေမျိုးလောက၌ လူအများက ဟိဟိုဒီဒီ သတင်း အကြောင်းအရာများမှ  မှန်းဆခြင်းသာ ဖြစ်ပြီး ပြန်လည်ဝင်စားခြင်း အကြောင်း မတိကျ မသေချာပေ။

သို့သော် ကျင့်ကြံသူများအတွက် ပြန်လည်ဝင်စားခြင်းမှာ တည်ရှိပေသည်။ သို့သော်လည်း  ပြန်လည်ဝင်စားခြင်းမှာ ကျင့်ကြံသူ အများစုအတွက် များစွာ အသုံးမဝင်ပေ။ သူတို့၏ အရင်ဘဝမှ မှတ်ဉာဏ်များ ပျောက်ဆုံးသွားမည် ဖြစ်၏။ သူတို့ ပြန်လည် မွေးဖွားလာလျှင်ပင် အရင်ဘဝနှင့် မသက်ဆိုင်သည့် တည်ရှိမှုမျိုး ဖြစ်လာကြသည်။

လက်တွေ့၌ သေမျိုးအများစု အတွက်လည်း ထို့နည်းလည်းကောင်း ဖြစ်၏။ လူအများစုက သူတို့လက်ရှိဘဝနှင့် မသက်ဆိုင်သည့် ဇာတ်ကြောင်းများ ရံဖန်ရံခါ အိပ်မက်အဖြစ် မြင်တွေ့ကြရပြီး ထိုအရာများမှာ အတိတ်ဘဝမှ မှတ်ဉာဏ်အပိုင်းအစ များသာ ဖြစ်တတ်ကြ၏။ ထိုသို့မျိုးကဲ့သို့ သေမျိုးလောက၌  မုန့်ဘွားဘွား၏ စွတ်ပြုတ်အကြောင်းလည်း ခေတ်ထလာခဲ့သည်။ ထိုအကြောင်းအရာမှာ အဝါရောင် စမ်းချောင်းကို ဖြတ်ကျော်ရသည့်  ဝိညာဉ်တိုင်းက  ပြန်လည် မဝင်စားခင် မုန့်ဘွားဘွား၏ စွတ်ပြုတ် တစ်ခွက် သောက်ကြရလေသည်။

ကျင့်ကြံသူများက ကျင့်ကြံပြီးနောက် သူတို့အတိတ်ဘဝမှ မှတ်ဉာဏ်များ ပျောက်ဆုံး သွားကြမည်ကို သိကြသောကြောင့် မြေအောက်ကမ္ဘာသို့ ရောက်ရှိ သွားပြီးနောက်တွင် ပြန်လည် ဝင်စားဖို့ရာ ဆန္ဒမရှိကြပေ။ သို့မဟုတ် သူတို့က ပြန်လည်ဝင်စားစဉ် မှတ်ဉာဏ်များကို မပျောက်ပျက်အောင် တတ်နိုင်သမျှ ထိန်းသိမ်းထားကြသည်။

တချို့သော အားကောင်းသည့် ကျင့်ကြံသူများက မှတ်ဉာဏ်များ   ရရှိပြီး သူတို့၏ မျိုးဆက်အတွင်း၌ အားအကောင်းဆုံးထဲမှ တစ်ယောက် ဖြစ်လာတတ်ကြသည်။

မြေအောက်ကမ္ဘာက ဝိညာဉ်များ၏ ပျက်စီးနေသော မှတ်ဉာဏ်များနှင့် အသိစိတ်များ ဖြစ်ပျက်လာသည့် နေရာတစ်ခုမျှသာ ဖြစ်၍ ဤနေရာအတွင်း အချိန်အတိုင်းအတာ တစ်ခုအထိ ကုန်ဆုံးပြီးပါက အလိုလို ပြန်လည်ဝင်စား သွားကြသည်။

သို့သော်လည်း  မြေအောက်ကမ္ဘာ၌ ကျန်ရှိနေသော ဝိညာဉ် အရေအတွက်မှာ တိုးမြင့်နေဆဲ ဖြစ်သည်။

ထိုစဉ်  သေးသွယ်သွယ် ဝိညာဉ်လေးတစ်ခုက ဝိညာဉ်များ ပြည့်နေသည့် ထောင့်တစ်နေရာ၌ လိမ်ဖယ်လိမ်ဖယ် သွားနေသည်။ အခြားသူများကဲ့သို့ သူမလည်း ပြန်လည် မဝင်စားလိုပေ။

သူမ ပြန်လည်ဝင်စားပြီးနောက်တွင် သူမက မည်သူမှန်း သိတော့မည် မဟုတ်သောကြောင့် ဝင်စားခြင်း၊ မဝင်စားခြင်း၌ ခြားနားချက် ရှိမည်လား။ ထို့အစား သူမက ဤနေရာတွင် ဆက်နေနေပြီး မှတ်ဉာဏ်များ လျော့ပါးခံလိုက်မည်။

ထိုအကြောင်းအရာကို ကြာကြာမှတ်မိနေလျှင်ပင် ဘဝသစ်၌ ဘာကိုမှ မမှတ်မိခြင်းထက် ပို၍ ကောင်းပေသည်။ အောက်ဘက်၌ ဝိညာဉ်များစွာ ရှိသည့်အတွက် သူမက သူမညာသာ နေရာလေးတစ်ခု ရှာနေခြင်း ဖြစ်သော်လည်း ပြီးမြောက်ဖို့ရာ ခက်ခဲနေပေသည်။

ယခု သူမက အပြင်ဘက်အုပ်စုနှင့် မျှောပါနေပြီး  မှန်းဆချက်အရ သူမတွင် နှစ်အနည်းငယ်သာ ကျန်ရှိပေတော့သည်။ ထိုနှစ်များ ကုန်ဆုံးသွားပါက သူမ၏ မှတ်ဉာဏ်များနှင့် အသိစိတ်မှာ မြေအောက်ကမ္ဘာ၏ ယူဆောင်မှုကို ခံရလိမ့်မည်။ ထို့နောက် သူမက ပြန်လည် ဝင်စားရလိမ့်မည်။

သူမ လုပ်ချင်သည့်အရာမှာ တိတ်တဆိတ် နေရာလေး ရှာပြီး သူမ စတင် ကျင့်ကြံခဲ့ကတည်းက အဖြစ်အပျက်များကို ပြန်လည်တွေးတောချင် နေမိသည်။

သူမ  မိခင်၊ ကောင်းကင်ဖွေရှာ နန်းတော်၊  သူမနှင့် မိုဝူကျီကြားမှ အဖြစ်အပျက်များအကြောင်း ...

အကယ်၍ မိုဝူကျီသာ ဤနေရာတွင် ရှိနေပါက  ထိုဝိညာဉ်လေးက မည်မျှ ပါးလွှာနေပါစေ ထိုသူမှာ ချိန်စုယင်၏ ဝိညာဉ် ဖြစ်ကြောင်း မှန်းဆမိလိမ့်မည်။

သူမကို အခြားဝိညာဉ်များနှင့် ကွဲပြားစေစသည်မှာ အားနည်းဖျော့တော့ နေသော်လည်း ချိန်စုယင်၏ ဝိညာဉ်မှာ အပြည့်အစုံ ဖြစ်ပြီး ကျိုးပျက်နေသည့် အပိုင်းအစမျိုး မဟုတ်ပေ။

ထိုစဉ် ချိန်စုယင်က သူမ ခန္ဓာကိုယ်မှ ရင်းနှီးသော အငွေ့အသက်ကို ခံစားမိလိုက်သည်။

သူမ ဝိညာဉ်ပြိုကွဲလုမတတ် ဖြစ်လာသည့်အထိ အားကောင်းသော  ခံစားချက်များ လွှမ်းခြုံလာသည်။

ဝိညာဉ်များနှင့် ကမ္ဘာဦး စိတ်ဝိညာဉ်မှာ မတူညီပေ။ ကမ္ဘာဦး စိတ်ဝိညာဉ်က လွတ်မြောက် နိုင်သော်လည်း ဝိညာဉ်က အသိစိတ်မှ ဖြစ်ပေါ်လာသည့် ကျိုးတိုးကျဲတဲ ပုံစံတစ်ခု  ဖြစ်၏။ ကမ္ဘာဦး စိတ်ဝိညာဉ် အဖျက်ဆီးခံလိုက်ရလျှင် ပြန်လည် ပြုလုပ်၍ ရသော်လည်း ဝိညာဉ် ဖျက်ဆီးခံလိုက်ရပါက ပြန်လည် ကောင်းမွန်အောင် လုပ်ရန် နည်းလမ်း မရှိပေ။

သေမျိုးများက မကျင့်ကြံသောကြောင့် သူတို့ဝိညာဉ် အများစုမှာ ကျိုးတိုးကျဲတဲ အခြေအနေနှင့်သာ ကျန်ရှိနေပြီး သူတို့မှတ်ဉာဏ်များနှင့် အသိဉာဏ်များကို ပြန်လည် မရယူနိုင်ကြပေ။ သို့သော်လည်း ကျင့်ကြံသူ တစ်ယောက်အတွက် သူတို့၏ မှတ်ဉာဏ်များကို ကမ္ဘာဦး စိတ်ဝိညာဉ်အတွင်း သိမ်းဆည်နိုင်ရုံ သာမက ဝိညာဉ်၌လည်း သိမ်းဆည်းနိုင်သည်။

ကျင့်ကြံသူ သေဆုံးသွားသည့်အခါ သူ့ကမ္ဘာဦး စိတ်ဝိညာဉ် ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုလိုပြီး ဝိညာဉ်နှင့် ခန္ဓာ ခွဲခြားခံလိုက်ရခြင်း ဖြစ်ပေသည်။ ဝိညာဉ်က ခန္ဓာကိုယ်ထဲ ပြန်ဝင်ရန် နည်းလမ်း မရှိဘဲ  မြေအောက်ကမ္ဘာသို့သာ သွားကြရသည်။

မြေအောက်ကမ္ဘာထဲ၌  ရုပ်ခန္ဓာကို ရှာတွေ့ရန် အခွင့်အရေး မရှိတော့ပေ။ အားအကောင်းဆုံးသူပင် သူ့အသိစိတ် ကျန်ရှိနေရုံမျှသာ ကာကွယ်ထားနိုင်သည်။ မည်သူကမှ မြေအောက်ကမ္ဘာမှ ထွက်၍ ရုပ်ခန္ဓာကို မသွားရှာကြပေ။ အကြောင်းမှာ ကျင့်ကြံသူ အများစု သေဆုံးပြီးသည်နှင့် ရုပ်ခန္ဓာများက ဖျက်ဆီး ခံလိုက်ရလေပြီ။

ထို့ကြောင့် ချိန်စုယင်က သူမခန္ဓာကိုယ်မှ အငွေ့အသက်ကို ခံစားမိလိုက်သည့်အခါ အလွန်အံ့ဩမိသွားခြင်း ဖြစ်၏။

သူမက ကျင့်ကြံခြင်း လောက၌  တားမြစ်နယ်မြေ တစ်ခုအတွင်း သေဆုံးခဲ့ခြင်း ဖြစ်ရာ မိုဝူကျီက သူမ ခန္ဓာကို ကြည့်ရှုစောင့်ရှောက် ပေးထားကြောင်း ယုံကြည်မိသည်။ သို့သော် သူက မည်မျှပင် ထူးချွန်နေစေကာမူ သူမ ခန္ဓာကိုယ်ကို မြေအောက်ကမ္ဘာသို့ ဆယ်နှစ်ကျော်လေးအတွင်း ယူဆောင်လာနိုင်မည် မဟုတ်ပေ။

မြေအောက်ကမ္ဘာ၌ ဝိညာဉ်များက အင်အားအပြောင်းလဲ ရှိသော်လည်း ဝိညာဉ်တစ်ခုက မည်မျှ အားကောင်းနေစေကာမူ  ခဏတာမျှသာ သိပ်သိပ်သည်းသည်းဖြင့် ရှင်သန်၍ ရပေမည်။ သူတို့ထဲ၌ ဝိညာဉ် ကျင့်စဉ် ကျင့်ကြံသူများမှ လွဲပြီး ကျန်လူများမှာ  တိုက်ခိုက်စွမ်းများ မပိုင်ဆိုင်ကြပေ။

ချိန်စုယင်၏ ဝိညာဉ်မှာ ပါးလွှာနေသော်လည်း  ထိုဝိညာဉ်အုပ်စုမှ ထွက်လာနိုင်သေး၏။

မြေအောက်ကမ္ဘာမှ ဝိညာဉ်များတွင် မယှဉ်နိုင်လောက်သည့် အမြန်နှုန်း ရှိသောကြောင့် သူမ ဝိညာဉ်က မည်မျှ ပါးလွှာနေပေါစေ သူမက နေရာတစ်လျှောက် အမြန်နှုန်းနှင့် သွားလာနိုင်သည်။ သို့သော် ထိုအမြန်နှုန်းကို  တန်ဖိုး တစ်ခုပေးဆပ်ရ၏။  သူမ၏ ဝိညာဉ်က ပိုပို ပါးလွှားလာခြင်း ဖြစ်ပေသည်။

ရက်များစွာအကြာ ချိန်စုယင်၏ ဝိညာဉ်မှာ မမြင်ရလုနီးပါးအထိ ဖြစ်လာလေ၏။ အကယ်၍ သူမက ထောင့်တစ်နေရာ၌ မလှုပ်မရှား ငြိမ်ငြိမ်လေး နေနေလျှင် နှစ်များစွာ ကြာရှည်ခံမည် ဖြစ်သော်လည်း သူမက မြေအောက်ကမ္ဘာ၌ အလောတကြီး သွားလာနေသောကြောင့် သူမအတွက် ဆယ်ရက်ကျော်မျှသာ ကျန်ရှိတော့သည်။

နောက်ထပ် ဆယ်ရက် ကုန်ဆုံးသွားသည့် နောက်တွင် သူမက ထပ်၍ တောင့်မခံနိုင်တော့ပေ။ သူမက ဧရာမ ဝဲကတော့ကြီးကို ခံစားမိလိုက်သည်။ သူမ၏ ရုပ်ခန္ဓာမှာ ငရဲသဖွယ် ခံစားချက် ပေးစွမ်းနေသည့် ထိုဝဲကတော့ကြီး၏ တစ်ဖက်၌ ရှိနေပေသည်။

ချိန်စုယင်က ခဏတာ တွေဝေ သွားသော်လည်း  ဝဲကတော့ထဲ ဝင်လိုက်သည်။

သူမက အထဲမဝင်လျှင်ပင် သိပ်ကြာရှည်ခံတော့မည် မဟုတ်ပေ။ ဘာကိုများ ဂရုစိုက် နေရဦးမည်နည်း။

အတွင်းဘက်၌ သူမ ပိုင်ဆိုင်သည့် အငွေ့အသက်ကို ပို၍ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ သူမ အမြန်နှုန်းမှာ လျော့ကျသွား၍ ဝမ်းနည်းမှုက ကြီးစိုးလာသည်။ သူမ ရုပ်ခန္ဓာမှာ ရှေ့တွင် ရှိနေသော်လည်း  သူမ၏ ဝိညာဉ်က ကြာကြာခံတော့မည် မဟုတ်ပေ။

ထိုစဉ် ရင်းနှီးသည့် အငွေ့အသက်တစ်ခုက သူမအား ဝဲကတော့ထဲ ဆွဲခေါ်လာကာ  ချက်ချင်း ဆိုသလို သူမ ဝိညာဉ်ကို ဖွဲ့စည်းခြင်း ခံလိုက်ရသည်။ ချိန်စုယင်၏ စိတ်ထဲ၌ ဤတစ်ကြိမ်မှာ သူမ ခန္ဓာလာသည့် အငွေ့အသက် ဖြစ်ကြောင်း တိတိကျကျ ခံစားမိလိုက်သည်။ ထို့အပြင် သူမ ဝိညာဉ်ကို ဖွဲ့စည်းပေးနေသည့် အငွေ့အသက်မှာ အဆင့် ၉ အင်မော်တယ် ဆေးပင် ဖြစ်သည့်  မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် ဖြစ်ပေသည်။

သူမက အားကြီးသော ဝိညာဉ်များ ပြောဆိုမှုမှ ဤမြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် အကြောင်း ကြားဖူးပေသည်၊ ဤအင်မော်တယ် ဆေးပင်မှာ အလွန့်လွန် ရှားပါးပြီး  ဝိညာဉ်ကို ဖွဲ့စည်းပေးနိုင်ရုံ သာမက  သူမ ကိုယ်ခန္ဓာကိုလည်း ရှာတွေ့စေ၏။

တစ်ယောက်ယောက်က သူမ ခန္ဓာကိုယ်ကို သူမဆီ ယူလာပေးတာလား။

သူမ ဝိညာဉ်က ပို၍ သိပ်သည်းလာသည်နှင့် ချိန်စုယင်က  အမြန်နှုန်းကို ပြန်လည် မြင့်လိုက်သည်။

သူမ ဝိညာဉ်က အားနည်းရာမှ သိပ်သည်း လာပြီးနောက် ထွက်ခွာ သွားသောအခါ ဝဲကတော့၏  ထောင့်တစ်နေရာမှ ပုန်းကွယ်နေသည့် ဝိညာဉ်က ထွက်ပေါ်လာသည်။

ဤဝိညာဉ်မှာ သိပ်သည်းသော ကမ္ဘာဦး စိတ်ဝိညာဉ် အနေအထား ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်ရာ အမျိုးမျိုးသော  မာကျောသော အကာများ ရှိနေဟန် ပေါ်သည်။ သူက ချိန်စုယင်၏ ဝိညာဉ် ထွက်သွားသည်ကို ကြည့်ကာ သူ့ကိုယ်သူ ရေရွတ်လိုက်လေ၏။

“ဒီလို ပါးမွှား ဝိညာဉ်လေးကို မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်တွေ သုံးပြီး ခေါ်နေတာပဲ ... နှမြောစရာပဲ  ... နှမြောစရာပဲ  ...”

နောက်ထပ် စကားမဆိုတော့ဘဲ သိပ်သည်းနေသည့် ဝိညာဉ်က သူမနောက်မှ လိုက်ပါလာသည်။ သူ့မျက်ဝန်း၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ သမ်းနေ၏။

သူက ချိန်စုယင်၏ ခန္ဓာကိုယ် အငွေ့အသက်များကို အာရုံမခံနိုင်သော်လည်း သူမ၏ ဝိညာဉ်ကိုတော့ မြင်ရလေသည်။ သူမနောက်မှ လိုက်သွားသရွေ့  သူက  မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်မှ အငွေ့အသက်များကို စုပ်ယူရင်း သူ့ဝိညာဉ်ကို အားကောင်း လာစေလိမ့်မည်။

မဟုတ်သေးဘူး .... သူ လုပ်ဖို့ လိုသည့်အရာမှာ  သူ့ရှေ့မှ ဝိညာဉ်ကို စားသုံးလိုက်ရုံ ဖြစ်၏။

သူက ထောင့်တစ်နေရာ၌ အဘယ်ကြောင့် နှစ်များစွာ ပုန်းကွယ် နေရသနည်း။ ဤနေရာမှ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ဆီ ဝင်နိုင်ရန် မဟုတ်ပေဘူးလား။ ထို့သို့ဆိုလျှင် သူ့အနေဖြင့် အင်မော်တယ် လောကဆီ ပြန်သွားနိုင်မည် မဟုတ်ပါလော။

သူသာ အင်မော်တယ် လောကသို့ ပြန်သွားနိုင်သရွေ့  သူ့ကိုယ်ခန္ဓာအတွက် ပြန်လည် ထုဆစ်နိုင်ရန် ယုံကြည်ချက် အပြည့်ရှိ၏။ ဝိညာဉ်က ခန္ဓာကိုယ်ကို ဖန်တီးခြင်း ကိစ္စမှာ တခြားသူများအတွက် ဟာသ ဖြစ်နေနိုင်သော်လည်း သူ ကျူးလိုင် အတွက် မဟုတ်ချေ။

သူက မြေအောက်ကမ္ဘာ၌ နှစ်များစွာ ကုန်ဆုံးခဲ့သော်လည်း သူ့ဝိညာဉ်မှာ မပျောက်ကွယ်သွားရုံ သာမက ပိုမို သိပ်သည်း လာသေး၏။ သူ့မူလ အကြံအစည်အရ  နှစ်ရာချီကြာသည့်အခါ သူက ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှ ထွက်နိုင်လိမ့်မည်။ သို့သော်လည်း ဝိညာဉ်များကို ဖွဲ့စည်းဖို့ မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် သုံးနေသည့် သူနှင့် တွေ့သောကြောင့် အဘယ်ကြောင့် နောက်မှ လတ်လျားလတ်လျား နေနေရမည်နည်း။

သူက ရှေတွင် ရှိနေသော ဝိညာဉ်ဆီမှ မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် အငွေ့အသက်များကို စုပ်ယူရင်း မြေအောက်ကမ္ဘာမှ ထွက်သွားနိုင်မည့် အခွင့်အရေးကို ရလာလိမ့်မည်။

ချိန်စုယင်က  ဝဲကတော့အတွင်း တောက်လျှောက် ပြေးလွှားနေလေ၏။ အသိစိတ် သန့်သန့်ဖြင့် ပြုလုပ်ထားသော ဝိညာဉ်များမှာ ကမ္ဘာဦး စိတ်ဝိညာဉ်ထက် ပိုမို နူးညံ့သိမ်မွေ့ပေသည်။ ထို့ကြောင့် ဝိညာဉ်များတွင် အာကာပြင်ထဲရှိ အက်ကြောင်းများကို ရှောင်ရှားနိုင်မည့် ပင်ကို အသိ ရှိကြသည်။

ထို့ကြောင့် ဝဲကတော့အတွင်း ရက်အနည်းငယ် ကြာပြီးနောက်တွင် ချိန်စုယင်က ဘေးကင်းနေဆဲ ဖြစ်၏။ ထို့အပြင် သူမက မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် အငွေ့အသက်များနှင့် ထိတွေ့နေမိသောကြောင့် သူမ၏ ဝိညာဉ်မှာ ပို၍ သိပ်သည်း လာသည်။

မိုဝူကျီက အခြားလူများနှင့် မတူညီပေ။ သူက မြေအောက်ကမ္ဘာရှိ ယုံရင်အင်မော်တယ် နယ်မြေ အပိုင်း တစ်ခုလုံး ထောင့်များပါ မကျန် မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့် အငွေ့အသက်များနှင့် အပြည့် ဖြစ်သွား ရလောက်သည့်အထိ ရက်ရောလွန်းလှသည်။

တစ်ချိန်တည်းတွင် ချိန်စုယင်နောက် လိုက်လာသည့် ဝိညာဉ်က ပို၍ ဂနာမငြိမ် ဖြစ်လာသည်။ သူက ချိန်စုယင်၏ သိပ်သည်းလာသော ဝိညာဉ်ကို မြင်သောအခါ အော့နှလုံး နာမိသည်။ သူက ချိန်စုယင်ကို ကန်ထုတ်ပြီး မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် အငွေ့အသက်များကို သူ တစ်ယောက်တည်း စုပ်ယူဖို့ရာ အဘယ်ကြောင့် မတွေးမိရမည်နည်း။

သို့သော် သူသာ လုပ်လိုက်လျှင် အငွေ့အသက်ကို တစ်ခါမျှသာ စုပ်ယူနိုင်မည်ကြောင်း ကောင်းကောင်း သိထားသည်။ ချိန်စုယင်၏ နောက်မှ နေရင်း သူမ ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှ ထွက်သွားမည့် အချိန်ကို စောင့်ဆိုင်း လိုက်သည်က သူ့အတွက် သူမကို ဝါးမျိုသည့်အခါ  အကျိုးအများဆုံး ဖြစ်လိမ့်မည်။

ရက်များစွာ ကုန်ဆုံး သွားပြန်သည့်အခါ ဝိညာဉ်ထဲမှ အကြောက်တရားမှ ကြီးမားလာသည်။ ချိန်စုယင် စုပ်ယူနေသော မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် အငွေ့အသက် ပမာဏမှာ နည်းနည်းနောနော မဟုတ်ပေ။

အင်မော်တယ် ဧကရာဇ်ပင် ထိုမျှ ကြွယ်ဝမည် မဟုတ်လောက်ပေ။ အကယ်၍ သူက ထိပ်တန်း ပါရမီရှင်နှင့် တွေ့ဆုံသည် ဆိုလျှင် သူက  ချိန်စုယင်ကို မည်သို့ စားပစ်နိုင်တော့မည်နည်း။

သူက ထိုအတွေးဖြင့်  ဝိညာဉ်က ထပ် မစောင့်နေတော့ပေ။ သူက ချိန်စုယင်ကို စောစာစီးစီး ဝါးမျိုပစ်ရန် ကြံရွယ်လိုက်ပြီး သူ လုပ်လိုက်သည်နှင့် သူမထဲ မပျောက်ကွယ် သွားသေးသည့်  မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် အငွေ့အသက်များ အားလုံးကို စုပ်ယူနိုင်လိမ့်မည်။ သူက သူမ၏ ရုပ်ခန္ဓာ၏ အငွေ့အသက်မှ ထုတ်လွှင့်နေသော  မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် အငွေ့အသက်ကိုလည်း  စုပ်ယူနိုင်ကောင်း၏။ ထိုသို့ဆိုလျှင် ဤနှစ်တွေ တစ်လျှောက် ရရှိခဲ့သည်များက  ဤတစ်ခေါက်နှင့် နှိုင်းယှဉ်၍ ရမည် မဟုတ်တော့ပေ။

ချိန်စုယင်က မြေအောက်ကမ္ဘာ၌ နှစ်အတော်ကြာ ကုန်ဆုံးခဲ့ ရသောကြောင့် နုံ့အ မနေပေ။ မကြာခင် သူမ နောက်မှ လိုက်နေသော သိပ်သည်းသော ဝိညာဉ်တစ်ခုကို သတိထားမိလိုက်သည်။ ဝိညာဉ်များက တစ်ခုနှင့် တစ်ခု ဒုက္ခပေးသည်က မြေအောက်ကမ္ဘာ၌ အဖြစ်အများဆုံး ဖြစ်ပေသည်။ ထို့အပြင်  သူမက မြေအောက်ကမ္ဘာ နှလုံးသား ပန်းပွင့်မှာ  ဝိညာဉ်များအတွက် မည်သို့ အဓိပ္ပာယ်မှန်း ကောင်းကောင်း သိထားသည်။ ထို့ကြောင့် သူမက မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် အငွေ့အသက်များကိုပင် မစုပ်ယူနိုင် တော့သည့်အထိ အရူးအမူး အရှိန်မြင့်လိုက်သည်။

သို့သော် ချိန်စုယင်၏ ဝိညာဉ်မှာ အလွန်အားနည်း နေပေသည်။ သူမက မြေအောက်ကမ္ဘာ နှလုံးသားပန်းပွင့် အငွေ့အသက်တချို့ စုပ်ယူထားသော်လည်း  သူမက နောက်မှ လိုက်ပါလာသည့် ဝိညာဉ်လောက် မသိပ်သည်းသေးပေ။

သူမ ခန္ဓာကိုယ်မှ အငွေ့အသက်လေးက လေနှင့် ပါလာသောကြောင့် ချိန်စုယင်က သူမ၏ ရုပ်ခန္ဓာမှာ အနီးအနား ရှိနေကြောင်း သိလိုက်သည်။

***

All Chapters