လေခွင်း လျှပ်တစ်ပြက်သတ်ကွက်
Vol. 72 Ch. 995
ရွှက်...ရွှက်...
မိုယောင်အာ၏ တိုက်ခိုက်စွမ်းအားက အမှန်ပင် အတော်လေးကောင်း၏။ ထိုသို့ကောင်းခြင်းမှာ သူမ၏ ရှေးဟောင်းအသုံးအဆောင်ကြောင့်လည်း ပါပေသည်။ ထိုရှေးဟောင်းအသုံးအဆောင်က အလွန်အကြမ်းခံပြီး အလွန်အစွမ်းထက်သည်။ ယခုတွင် ၎င်းက သုံးကီလိုမီတာ ရှည်နေပြီး မိုယောင်အာက တစ်ချက်ဝှေ့ယမ်းလိုက်တိုင်း ခက်ထန်သောနဂါးတစ်ကောင်ကဲ့သို့ ရိုက်ခတ်နေသည်။ ရိုက်ချက်တိုင်းက လူပုများကို အုပ်စုလိုက် ရှင်းထုတ်ပစ်နေလေသည်။
“အား...”
လူပုများစွာ၏ ခန္ဓာကိုယ်များက ကြာပွတ်ရိုက်ချက်များကြောင့် အပိုင်းပိုင်း ပြတ်ထွက်ကုန်ကြသည်။ သူတို့၏ဦးခေါင်းများလည်း ကွဲထွက်သွားကြသည်။ သူတို့၏တူများပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။ တဒင်္ဂအတွင်းမှာပင် အနည်းဆုံး လူပုသုံးရာကျော်က ထိုကြာပွတ်အောက်တွင် သေဆုံးသွားခဲ့ပေပြီ။
သို့သော် ကောင်းကင်နတ်ဆိုးမျိုးနွယ်ဘက်က အရေးနိမ့်နေဆဲပင်။ လူပုအရေအတွက်က အလွန်များပြားနေသည် မဟုတ်ပါလား။ အရပ်မျက်နှာအနှံ့မှနေ၍ နှင်းနဂါးများ ပျံဝင်လာကြပြီး မြေကြီးထဲမှ ထွက်လာသော ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များကို ရုတ်ခြည်း အေးခဲသွားစေနေလေသည်။ ထို့နောက်တွင် လူပုများသည် အေးခဲနေသူများကို အလွယ်တကူ သတ်ပစ်လိုက်ကြသည်။ မိုယောင်အာနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်အချို့၏ အကူအညီကြောင့်သာ မဟုတ်ပါက ထိုလူတစ်ရာစလုံး သေပြီးနေလောက်ပေပြီ။
ဝှစ်...ဝှစ်...
ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များသည် မြေအောက်နေ အဆိပ်ရှိမြွေများကဲ့သို့ပင်။ သူတို့သည် သူတို့၏တိုက်ခိုက်မှုက အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ မြေကြီးအတွင်းမှ အဆက်မပြတ် ပျံထွက်လာနေကြသည်။ သူတို့သည် တိုက်ခိုက်ပြီးသည်နှင့် မြေကြီးအတွင်းသို့ ပြန်ဝင်ကာ ပျောက်ကွယ်သွားကြသည်။ သူတို့မျိုးနွယ်က အလစ်တိုက်ခိုက်ခြင်းတွင်သာ ကျွမ်းကျင်သူများ ဖြစ်သည်။ သူတို့သာ ထိပ်တိုက် တိုက်ခိုက်လျှင် ပိုမြန်မြန် သေသွားရမည်ဖြစ်သည်။
“သွားကြ... မိုယောင်အာကို ဖမ်းနိုင်တဲ့သူတိုင်း သူနဲ့ သုံးရက်ပျော်ပါးနိုင်မယ်လို့ မျိုးနွယ်ခေါင်းဆောင်ငယ်က ပြောတယ်”
“ဝါးခါခါ...”
အဝေးရှိ လူပုမျိုးနွယ်မှ တပ်မှူးနှစ်ယောက်က အော်ပြောလိုက်၏။ လူပုအားလုံးသည် စိတ်အားတက်ကြွသွားပြီး မိုယောင်အာထံ ပျံဝင်သွားကြလေသည်။ လူပုများစွာသည် မိုယောင်အာ၏ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်ကို မျက်လုံးရဲကြီးများဖြင့် စိုက်ကြည့်နေကြ၏။ သူတို့၏မျက်နှာပေါ်တွင် တဏှာအရိပ်အယောင်များ ဖုံးလွှမ်းနေသည်။ သူတို့သည် မိုယောင်အာ၏ အဝတ်များကို ဆွဲချွတ်ကာ သူမနှင့် စိတ်ကြိုက်ပျော်ပါးလိုနေကြပေသည်။
“ချိုးမင်... ထွက်လာစမ်း။ ရှင့်မှာ အစွမ်းအစရှိတယ်ဆိုရင် ဒီသခင်မလေးနဲ့ လာတိုက်ခိုက်လိုက်”
မိုယောင်အာသည် ထိုအမိန့်များကို ကြားလိုက်သောအခါ မျက်နှာမည်းသွားပြီး မျက်နှာထားအေးစက်သွားလေသည်။ သူမ၏ကြာပွတ်ကလည်း ပို၍တောက်ပလာသည်။ ထို့နောက် သူမ၏ကြာပွတ်ချက်များက ပို၍လျင်မြန်လာလေသည်။ သူမသည် သက်တန့်အရှိန်ဖြင့် ဘေးဘယ်ညာ ခုန်ကာ နှင်းနဂါးများကို အကြိမ်များစွာ လက်မတင်လေး ရှောင်ရှားနေသည်။
မိုယောင်အာက ဆန်းကြယ်သော သင်္ကေတများတောက်ပနေသည့် အနက်ရောင်ဖိနပ်ရှည်တစ်ရံကို ဝတ်ဆင်ထားခြင်းပင်။ သူမ၏ အရှိန်က အလွန်လျင်မြန်နေပြီး ကြယ်ငါးပွင့် ပညာရှင်များ၏ အမြန်နှုန်းနှင့်ပင် ယှဉ်နိုင်နေပေသည်။ ယင်းမှာ ထိုဖိနပ်ရှည်တစ်ရံကြောင့်ဖြစ်ကြောင်း ထင်ရှားပေသည်။ မဟုတ်လျှင် သူမ အေးခဲသွားသည်မှာ ကြာလောက်ပေပြီ။
သို့သော် လူပုများက အဆုံးမရှိ ပျံဝင်လာနေသဖြင့် မိုယောင်အာတစ်ယောက် ကူကယ်ရာမဲ့နေပေသည်။ သူမသည် နှင်းနဂါများကို ရှောင်နိုင်နေသော်လည်း လေအေးများ၏ တိုက်ခိုက်မှုကို ခံနေရပေသေးသည်။ ထို့ကြောင့် သူမ၏ အမြန်နှုန်းက လျော့ကျလာလေသည်။ ဤသို့သာ ဆက်သွားပါက သူမသည် တစ်ချိန်ချိန်တွင် နှင်းနဂါးတစ်ကောင်ကြောင့် အေးခဲသွားပြီး အရှင်အဖမ်းခံလိုက်ရမည်ဖြစ်သည်။ သူမသာ လူပုတောင်သို့ ဖမ်းခေါ်ခံသွားရလျှင် ဘဝပျက်သွားပေလိမ့်မည်။
“ဟားဟားဟား... သခင်မလေးယောင်အာ... မင်းက ငါ့ကို ခေါ်နေတာလား”
အဝေးရှိ တောင်ထွတ်တစ်ခုမှနေ၍ ကျယ်လောင်စွာ ရယ်လိုက်သံကို ကြားလိုက်ရလေသည်။ ထို့နောက် တောင်ထွတ်ပေါ်တွင် အဖြူရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ငယ်ရွယ်သည့် လူပုတစ်ယောက်က လူပုတစ်ဒါဇင်ကျော်နှင့်အတူ ထွက်ပေါ်လာသည်။
ထိုလူငယ်ဘေးမှ လူပုများတွင် စွမ်းအားကြီး အရှိန်အဝါများ ရှိပေသည်။ သူတို့က ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ပညာရှင်များ ဖြစ်ပေလိမ့်မည်။ ငယ်ရွယ်သော လူပုက မိုယောင်အာ၏ သွယ်လျသော ခန္ဓာကိုယ်ကို စိုက်ကြည့်နေပြီး သူမအသွေးအသားကို ဝါးမျိုသုံးဆောင်လို နေပေသည်။ ထို့နောက် သူသည် ခနဲ့တဲ့တဲ့လေသံဖြင့် အော်ပြောလိုက်သည်။
“အချိန်တွေက ပြောင်းလဲသွားပြီ။ မိုယောင်အာ... မင်းတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းက ငါ့ရဲ့ ဝမ်းကွဲညီ ချိုးတိကို သတ်ခဲ့တယ်။ အဲ... မင်း အပြင်မှာ အသတ်ခံရရင်တောင် သူက ရှင်းပြချက်လာတောင်းမှာ မဟုတ်ဘူးလို့ မင်းအဖေက ပြောခဲ့တယ်မလား။ ဒီနေ့ ကောင်းကင်က ဒီလိုအခွင့်အရေးကောင်းတစ်ခုကို ပေးခဲ့တာပဲ... မင်းကို မဖမ်းနိုင်ဘူးဆိုရင် ငါ ချိုးမင် ဒီနှင်းဒေသမှာ ဆက်နေတော့မှာ မဟုတ်ဘူး။ မပူပါနဲ့ သခင်မလေးယောင်အာ... ငါက မင်းကို သတ်မှာမဟုတ်ပါဘူး။ ငါက မင်းကို လူပုတောင်ဆီ ပြန်ခေါ်သွားပြီး ငါတို့ လူပုမျိုးနွယ်ရဲ့ ထူးခြားတဲ့ ကုတင်ပေါ်ကစွမ်းရည်တွေကို မြည်းစမ်းခိုင်းမှာပါ။ အဲ့ကျ မင်း ခံစားလို့ကောင်းလွန်းလို့ ငါ့ကို အဖေလို့တောင် ခေါ်လိမ့်မယ်...”
“အား...အား...အား... ငါ နင့်ကို မသတ်နိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့ ကျိန်ဆိုတယ်”
မိုယောင်အာသည် ရှက်လည်းရှက်သလို ဒေါသလည်း ထွက်သွားလေသည်။ သူမ အော်ပြောလိုက်သည်။
“ကောင်းကင်နတ်ဆိုးမျိုးနွယ်တွေအားလုံး ကျွန်မအမိန့်ကို နာခံကြ... ကျွန်မနဲ့အတူ လိုက်ပြီး ချိုးမင်ကိုသတ်ကြ”
ဝှစ်...ဝှစ်...
မိုယောင်အာသည် အမိန့်ပေးပြီးနောက် ကြာပွတ်ကို အဆက်မပြတ်ယမ်းကာ အရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားလေသည်။ သူမရှေ့မှ လူပုတစ်စုက အပိုင်းပိုင်းပြတ်သွားလေသည်။ အသက်ရှင်နေသေးသော ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များကလည်း လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။ သူတို့သည် မြေကြီးထဲမှ အဆက်မပြတ် ပျံထွက်လာကြပြီး အရှေ့ရှိ လူပုများကို သတ်ဖြတ်ပစ်လိုက်ကြသည်။
ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရသောအခါ အနိုင်ရသူ ထွက်ပေါ်လာပေလိမ့်မည်။
မိုယောင်အာသည် ယနေ့တွင် သူမ ချိုးမင်ကို မဖမ်းနိုင်လျှင် အသက်ရှင်နိုင်ရန် အခွင့်အရေးမရှိကြောင်း ရှင်းရှင်းလင်းလင်း သိထားပေသည်။ သူမတို့သည် နေ့တစ်ဝက်ကြာ လိုက်လံသတ်ဖြတ်ခံခဲ့ရသဖြင့် မူလက လူတစ်ထောင်ရှိသောအုပ်စုက ယခုကဲ့သို့ တစ်ရာသာ ကျန်တော့ခြင်းဖြစ်သည်။ သူမ သတင်းပို့ခဲ့သည်မှာ နေ့ဝက်ရှိခဲ့ပြီဖြစ်သည်။ သို့သော် ယခုအထိ စစ်ကူရောက်မလာသေးပေ။ စစ်ကူများက လမ်းတွင် တားဆီးခံရခြင်း သို့မဟုတ် သတင်းသွားပို့သူက အသတ်ခံလိုက်ရခြင်းသာ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူမသည် ရွေးချယ်စရာမရှိတော့ဘဲ သေသည်အထိ တိုက်ခိုက်လျှင်တိုက်ခိုက် သို့မဟုတ် ချိုးမင်ကို ဖမ်းနိုင်မည့်နည်းလမ်းတစ်ခုကို ရှာရန်သာ တတ်နိုင်တော့လေသည်။
“ဟားဟားဟား...”
ချိုးမင်သည် မိုယောင်အာက သူ့လူများကို အဆက်မပြတ်သတ်၍ သူ့ထံသို့ ချဉ်းကပ်လာသည်ကိုတွေ့သော်လည်း မတုန်လှုပ်သွားသလို ဒေါသလည်းထွက်မသွားဘဲ ဟားတိုက်သာရယ်မောလိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် သရော်သည့်အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။ မိုယောင်အာက သူနှင့် ဆယ်ကီလိုမီတာအကွာသို့ ရောက်လာသောအခါ သူ ရုတ်တရက် လက်ဝှေ့ယမ်းလိုက်ပြီး အော်ပြောလိုက်သည်။
“တိုက်ခိုက်ကြ...”
ဝှစ်...ဝှစ်...
ချိုးမင်၏နောက်မှနေ၍ တိမ်မည်းတစ်အုပ် ရုတ်တရက် ထွက်ပေါ်လာ၏။ ထို့ပြင် တောင်အောက်မှနေ၍လည်း လူပုနှစ်ထောင် ပျံထွက်လာလေသည်။ ရုတ်ခြည်းပင် နှင်းနဂါးများ ထွက်ပေါ်လာကာ ကောင်းကင်ကို လွှမ်းခြုံသွားသည်။ ၎င်းတို့ကို ရှောင်ရန် မဖြစ်နိုင်သဖြင့် မိုယောင်အာနှင့် ကျန်လူလေးဆယ်ကျော်သည် နှင်းနဂါးများ၏ လွှမ်းခြုံမှုကို ခံရကာ ရေခဲရုပ်တုများအဖြစ် ပြောင်းလဲသွားလေတော့သည်။
“ငါတို့တော့ သွားပြီ။ အဖေ... သမီးကို မြန်မြန်လာကယ်ပါ”
မိုယောင်အာ မျက်လုံးပြူးသွားပြီး တုန်လှုပ်သွားလေသည်။ သို့သော် သူမသည် ရွေးချယ်စရာ မရှိတော့သဖြင့် အသံကုန်ဟစ်၍သာ အော်လိုက်ပြီး သူမ၏ အဖေက သူမကို လာရောက်ကယ်တင်ရန်နှင့် ဆန်းကြယ်မှုတစ်ခု ဖြစ်လာရန်သာ မျှော်လင့်လိုက်ရ၏။ သူမ၏အဖေ ရောက်မလာသော်လည်း ဆန်းကြယ်မှုတစ်ခုက အမှန်ပင် ဖြစ်လာလေသည်။
ဝုန်း...
မြေပြင်က ရုတ်တရက် အက်ကွဲသွားပြီး မြေကြီးထဲမှနေ၍ ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက် ထွက်လာသည်။ သူက လက်များကို အဆက်မပြတ် လှုပ်ယမ်းနေရာ ပတ်ဝန်းကျင်ရှိ လေများနှင့် တိမ်များက ရွေ့လျားလာသည်။ မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ မိုးမြေအတွင်းအားနှင့် ရေခဲနှင်းစွမ်းအားက သူ့ဆီသို့ သွားနေသည်။ ထိုစဉ် ထိုသူက အော်ပြောလိုက်သည်။
“မိုင်တစ်ထောင် ရေခဲလွှမ်း”
ထိုသူ၏စကားဆုံးသွားသောအခါ သူ့ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ် အအေးလှိုင်းတစ်လှိုင်း ထွက်လာပြီး မိုင်တစ်ထောင်ပတ်လည်ကို လျင်မြန်စွာ လွှမ်းခြုံသွားလေသည်။ အအေးလှိုင်းသည် လူပုများကို အေးခဲသွားစေပြီး ရေခဲရုပ်တုများအဖြစ် ပြောင်းလဲသွားစေသည်။ တောင်လေး၊ သစ်ပင်များ၊ ကျောက်တုံးများနှင့် မြေပြင်ပေါ်ရှိ သွေးအိုင်များပင် အေးခဲသွားသည်။
ထိုအခိုက်တွင် အရာအားလုံးက ငြိမ်သက်တိတ်ဆိတ်သွားလေသည်။
ရွှီ...ရွှီ...
မြေကြီးထဲမှ ထွက်လာသူမှာ ကျန်းရီမှလွဲ၍ အခြားမည်သူဖြစ်နိုင်ပါဦးမည်နည်း။ သူသည် ‘မိုင်ထောင်ချီ ရေခဲလွှမ်း’ကို ထုတ်လွှတ်ပြီးနောက် မရပ်တန့်လိုက်ဘဲ ချိုးမင်ဆီသို့ ခက်ထန်သော နဂါးတစ်ကောင်ကဲ့သို့ ပျံသန်းသွားလိုက်သည်။ ထို့နောက် သူသည် လက်နှစ်ဘက်ဖြင့် ဝိညာဉ်လေများကို ထုတ်လိုက်ပြီး ၎င်းလေများကို ဝိညာဉ်လေဓားများအဖြစ် ပြောင်းလဲလိုက်သည်။ ယင်းဝိညာဉ်လေဓားများသည် ချိုးမင်နှင့် သူ့ဘေးမှ လူပုတစ်ဒါဇင်ကျော်ကို တိတ်တဆိတ် သတ်ဖြတ်သွားလေသည်။
ကျန်းရီသည် တစ်စုံတစ်ခုကို ရှင်းရှင်းလင်းလင်းသိထား၏။ ‘မိုင်တစ်ထောင် ရေခဲလွှမ်း’က ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန်တစ်ခုဖြစ်သော်လည်း သူ၏အတွင်းအားအဆင့်က အလွန်နိမ့်နေပေသေးသည်။ သူသည် သာမန်လူပုများကို လုံးဝအေးခဲသွားအောင် လုပ်နိုင်မည်ဖြစ်သော်လည်း ကြယ်လေးပွင့်နှင့် ကြယ်ငါးပွင့် ပညာရှင်များကိုမူ အသက်နှစ်ရှူစာမျှလောက်သာ အေးခဲသွားအောင် လုပ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူသည် အမြန်ဆုံးအရှိန်ဖြင့် ထိုပညာရှင်များကို အရင်သတ်ဖြတ်လိုက်ခြင်းပင်။
မိုယောင်အာဘက်တွင်လည်း ကြယ်လေးပွင့် တစ်ယောက်နှင့် ကြယ်ငါးပွင့်ပညာရှင်တစ်ယောက် ရှိပေသည်။ သူတို့၏ ခန္ဓာကိုယ်များနှင့် စိတ်ဝိညာဉ်များကလည်း အသက်နှစ်ရှူစာအချိန် လွန်လျှင် ပြန်လှုပ်ရှားလာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီတွင် အသက်နှစ်ရှူစာအချိန်သာ ရှိပေသည်။ ထိုအချိန်ကိုလွန်မှ သူ ဝိညာဉ်လေဓားများကို ထုတ်လွှတ်လိုက်လျှင် သေချာပေါက် သံသယအဝင်ခံရပေလိမ့်မည်။
ရွှစ်...ရွှစ်...
ကျန်းရီ၏ ကံက အတော်လေးကောင်းပြီး ဝိညာဉ်လေဓားများက အလွန်ထက်ရှပေသည်။ ချိုးမင်နှင့် သူ့လူများသည် မတုံ့ပြန်နိုင်ခင်မှာပင် အပိုင်းပိုင်း ပြတ်သွားပေပြီ။ ထို့နောက် ကျန်းရီသည် ဝိညာဉ်လေဓားများကို ချက်ချင်း ပြန်သိမ်းလိုက်ပြီး ဟန်ဆောင်ကာ အော်ပြောလိုက်လေသည်။
“ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန် လေခွင်း လျှပ်တစ်ပြက်သတ်ကွက်”
လက်ရှိတွင် ကျန်းရီက မိုယောင်အာတို့နှင့် ဆယ်ကီလိုမီတာအကွာတွင် ရှိနေသည်။ သူမတို့အားလုံးသည် အေးခဲနေကြသဖြင့် ကောင်းကင်စိတ်အာရုံဖြင့် အာရုံမခံနိုင်ကြသော်လည်း မျက်လုံးများဖြင့် မြင်နိုင်ပေသေးသည်။ ထို့ကြောင့် မိုယောင်အာနှင့် အခြားသူများသည် ကျန်းရီက လက်ဝါးချက်အနည်းငယ် ရိုက်ထုတ်လိုက်သည်ကို မြင်လိုက်ကြသည်။ သို့သော် မည်သည့်တိုက်ခိုက်မှုပုံစံကို မမြင်လိုက်ရပေသည်။ မည်သို့ပင်ဖြစ်စေ ချိုးမင်နှင့် သူ့လူများကတော့ အပိုင်းပိုင်းပြတ်သွားခဲ့လေသည်။
“ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန် လေခွင်း လျှပ်တစ်ပြက်သတ်ကွက်တဲ့လား”
လူများစွာ အံ့အားသင့်သွားကြသည်။ မိုယောင်အာကို ကာကွယ်ပေးနေသော ပညာရှင်နှစ်ယောက်က လှုပ်ရှားနိုင်လာပြီဖြစ်ပြီး ကျန်းရီ၏ အော်သံကို ကြားလိုက်ရလေသည်။ သူတို့၏ ခန္ဓာကိုယ်များက တုန်ယင်နေပြီး သူတို့၏မျက်ဝန်းများထဲတွင် အကြောက်တရားနှင့် ပြည့်နှက်နေပေသည်။ ကျန်းရီကို ကြည့်နေသော သူတို့၏မျက်ဝန်းအကြည့်များက ပြောင်းလဲနေပေပြီ။
သို့သော် ပညာရှင်နှစ်ယောက်သည် များစွာတွေးတောအနေတော့ဘဲ ဝမ်းသာသော မျက်နှာထားပြုလိုက်ကြလေသည်။ ထို့နောက် သူတို့သည် မိုယောင်အာထံသို့ ချက်ချင်း ပျံသန်းသွားကာ သူမကိုယ်ပေါ်မှာ ရေခဲလွှာကို ခွဲပေးလိုက်ကြပြီး သူမကိုယ်တွင်းသို့ အတွင်းအားထည့်ပေး၍ လေအေးကို ဖယ်ရှားပေးလိုက်သည်။
“ကောင်းတယ်... မိုရှင်း... လုပ်တာကောင်းတယ်”
မိုယောင်အာသည် လှုပ်ရှားလာနိုင်သည်နှင့် ဝမ်းသာအားရ အော်ပြောလိုက်သည်။ သေဘေးမှ လွတ်လာနိုင်သဖြင့် သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ပျော်ရွှင်မှုအရိပ်အယောင်များ ပြည့်နှက်နေလေသည်။ သို့သော် ချက်ချင်းပင် သူမ၏မျက်ဝန်းများထဲတွင် သတ်ဖြတ်အရှိန်အဝါများ ပြန်ထွက်ပေါ်လာသည်။ သူမ တင်းမာစွာ အော်ပြောလိုက်သည်။
“မိုရှင်း... မြန်မြန် လူပုတွေအကုန်လုံးကို သတ်ပစ်လိုက်။ ကျွန်မတို့ ဂိုဏ်းကိုပြန်ရောက်ရင် ရှင့်ကို အကြီးအကဲရာထူးပေးဖို့ အဖေ့ကို ပြောပေးမယ်”
***