← Chapters

လူပျိုလေး

Vol. 72 Ch. 1004

လူပျိုလေး

Vol. 72 Ch. 1004

ကောင်းကင်နတ်ဆိုးတောင်က နှင်းဒေသ၏ အနောက်ဘက်တွင် ရှိပြီး ကျားနိုင်တောင်က အလယ်ပိုင်းတွင် တည်ရှိသည်။ ထို့ကြောင့် တောင်နှစ်လုံးက သိပ်မဝေးပေ။

ကျန်းရီတို့အုပ်စုသည် ဖေးလျန်သားရဲများကို စီးနှင်းထားသဖြင့် အလွန်မြန်နေသည်။ သို့သော် သူတို့သည် ညအချိန်တွင် မသွားနိုင်ကြချေ။ နှင်းဒေသမှ ဝိညာဉ်လေများက အရှေ့ဘက် တော်ဝင်နယ်မြေမှ ဝိညာဉ်လေများထက် ပို၍ အားကောင်းပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့က အလျင်မလိုပေ။ ညရောက်လာလျှင် သူတို့သည် လုံခြုံသောနေရာတစ်နေရာကိုရှာကာ အနားယူကြလေသည်။

လူပုမျိုးနွယ်နှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းသည် ဂိုဏ်းချုပ်ချောင်၏ ကြားဝင်ဖျန်ဖြေမှုကြောင့် သဘောတူညီချက်တစ်ခု ရယူနိုင်ထားပေသည်။ ထို့ကြောင့် လက်တလောတွင် မည်သည့် စစ်ပွဲကြီးမှ ဖြစ်လာဦးမည် မဟုတ်ပေ။ ကျန်းရီတို့နှင့် အတူပါလာသူများထဲတွင် အားအနည်းဆုံးသူပင် ကြယ်သုံးပွင့်အဆင့် ရှိပေသည်။ ထို့ပြင် လူထူးဆန်း ကျန်းရီလည်း ပါလာရာ အားလုံးသည် လူပုမျိုးနွယ်က အလစ်တိုက်ခိုက်မည်ကို မကြောက်ကြချေ။

သို့သော် ညဘက် အနားယူသည့်အခါတိုင်း တပ်မှူးလေးယောက်က လူပုမျိုးနွယ်၏ အလစ်တိုက်ခိုက်မှုကို မခံရရန် ကီလိုမီတာငါးဆယ်ပတ်လည်အတွင်း ကင်းလှည့်ကြပေသည်။ ကျန်းရီသည် ထိုကိစ္စကို မစိုးရိမ်ပေ။ ထို့ကြောင့် သူက သူ့တဲထဲ၌သာ အနားယူသည်။

အကြီးအကဲအားလုံးသည် မိုရှင်း၏ နောက်ကြောင်းကို သိထားပေသည်။ မိုရှင်းက တစ်ယောက်တည်း သီးသန့်နေတတ်သူတစ်ယောက်ဖြစ်သဖြင့် ကျန်းရီ၏ အပြုအမူက သူတို့အတွက် အံ့ဩစရာ မဟုတ်ပေ။ သို့သော် မိုယောင်အာကတော့ စိတ်မပျော်ဖြစ်နေသည်။ အမှန်တွင် အစ၌ မိုရှန်းက သူမကို ဤခရီးတွင် လိုက်ပါခွင့်မပေးခဲ့ပေ။ သို့သော် သူမသည် ကျန်းရီအနားသို့ ပိုကပ်နိုင်ရန်နှင့် ကျန်းရီကို သူမ၏ ညှို့ဓာတ်ဖြင့် ဆွဲဆောင်နိုင်ရန် ဤခရီးတွင် လိုက်ပါနိုင်ခွင့်ကို အတင်းတောင်းဆိုခဲ့လေသည်။ သို့သော် ကျန်းရီက သူမကို လျစ်လျူရှုနေပေသည်။

ငါးရက်မြောက်ညတွင် ကျန်းရီတို့သည် တောင်ကြားလေးတစ်ခုအတွင်း၌ စခန်းချကြ၏။ တပ်မှူးအချို့က အသားကင်နေကြသည်။ ကျန်းရီသည် ညစာ စားသောက်ပြီးနောက် သူ၏တဲသို့သာ တန်းသွားလိုက်ပြီး အိပ်စက်အနားယူရန် ပြင်ဆင်လိုက်သည်။ သူ မိုယောင်အာ၏ ငေးကြည့်မှုများကို လျစ်လျူရှုခဲ့သည်။

“ဟွန်း...”

မိုယောင်အာသည် ကျောက်တုံးတစ်တုံးပေါ်တွင်ထိုင်ကာ သူမလက်ထဲမှ အသားကို ကင်နေရင်း နှုတ်ခမ်းဆူလိုက်၏။ သူမသည် မိုချီနှင့် ကျန်သူများက သူမကို ကြည့်နေကြောင်း တွေ့လိုက်သောအခါ မျက်လုံးပြူး၍ ပြောလိုက်၏။

“ရှင်တို့က ဘာတွေကြည့်နေတာလဲ။ သွားပြီး အိပ်ကြတော့”

မိုချီတို့သည် တစ်ယောက်ကိုတစ်ယောက် ရှက်ရွံ့ဟန်ဖြင့်ကြည့်၍ သူတို့၏ တဲများဆီသို့ ပြန်သွားကြလေသည်။ မိုယောင်အာကမူ မကျေမနပ်ဖြင့် ခေတ္တမျှ ဆက်ထိုင်နေလိုက်သည်။ ထို့နောက် သူမသည် ကျန်းရီ၏တဲကို ကြည့်၍ ဒေါသတကြီး လျှောက်သွားလိုက်၏။

ဗြုန်း...

မိုယောင်အာသည် ရွက်ဖျင်စကို မလိုက်ပြီး တဲထဲသို့ ဝင်သွားလိုက်၏။ ကျန်းရီက ကုတင်ပေါ်တွင် လှဲနေပြီး မျက်လုံးခပ်မှေးမှေးဖွင့်ကာ သူမကို အရေးမစိုက်ဟန်ဖြင့် ကြည့်နေသည်ကို မြင်လိုက်သောအခါ သူမ အလွန်ဒေါသထွက်သွားလေသည်။ ထို့ကြောင့် သူမ ကျန်းရီကို ခြေထောက်ဖြင့် ကန်လိုက်သည်။

သို့သော် ကျန်းရီသည် အကြောင်းမရှိဘဲ အကန်ခံမည် မဟုတ်ပေ။ သူသည် သူမ၏ သေးသွယ်သော ခြေထောက်လေးကို လက်တစ်ဘက်တည်းဖြင့် လှမ်းဖမ်းလိုက်ပြီး သူမကို ကြည့်ကာ ပြောလိုက်သည်။

“တော်ဝင်သခင်မလေး... ဘာဖြစ်လို့ပါလဲ”

“ရှင်... မကောင်းတဲ့လူ”

မိုယောင်အာသည် ခြေထောက်အဖမ်းခံထားရသဖြင့် မလှုပ်နိုင် ဖြစ်နေသည်။ သူမသည် ကျန်းရီ၏ အရေးမစိုက်သော လေသံကို ကြားလိုက်သောအခါ ခုန်၍ နောက်ခြေထောက်တစ်ချောင်းဖြင့် ကျန်းရီ၏ ရင်ဘတ်ကို ကန်လိုက်လေသည်။ သူမသည် ခြေထောက်သို့ အတွင်းအား ပို့လိုက်၍ ကန်ချက်က အတော်လေး ပြင်းထန်ပေသည်။

ကျန်းရီလည်း ဒေါသထွက်သွား၏။ ထိုကောင်မက ခွေးမပင်။ သူမသည် သုံးရက်ထက်ပို၍ အေးအေးဆေးဆေး မနေနိုင်ပေ။ ကျန်းရီသည် သူ၏ ကျန်လက်တစ်ဘက်ဖြင့် သူ့ရင်ဘတ်သို့ ဝင်လာသော ခြေထောက်ကို ဖမ်းလိုက်ပြီး သူမကို ကုတင်ပေါ်သို့ ပစ်တင်လိုက်လေသည်။

ကျန်းရီသည် ဘေးသို့ လှည့်လိုက်၏။ ထို့နောက် သူသည် လက်တစ်ဘက်ဖြင့် မိုယောင်အာ၏ ကျောကို ဖိထားလိုက်ပြီး ကျန်လက်တစ်ဘက်ဖြင့် သူမ၏တင်ပါးကို ခပ်ဆတ်ဆတ် ရိုက်လိုက်လေသည်။ သူသည် သူမ၏တင်ပါးကို ရိုက်နေရင်းဖြင့် ဒေါသတကြီး ပြောလိုက်သည်။

“မင်း ဘာလုပ်တာလဲ။ မင်းက ငါ့ကို အဲ့လိုကန်ရဲတယ်ပေါ့လေ။ မင်း အရိုက်ခံချင်နေတာလား”

ဖြန်း...ဖြန်း...ဖြန်း...

ကျန်းရီသည် သူမကို အလွန်ပြင်းထန်စွာ ရိုက်နေ၏။ တဖြန်းဖြန်းရိုက်သံများကို တောင်ကြားထဲရှိ မိုချီနှင့် အခြားသူများက ရှင်းရှင်းလင်းလင်း ကြားနေရလေသည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သို့သော် မည်သူမှ သွားမကူဝံ့ပေ။ သူတို့သည် မိုယောင်အာတစ်ယောက် တဖြန်းဖြန်း အရိုက်ခံနေရသော မြင်ကွင်းကို စိတ်ထဲတွင် ပုံဖော်ကြည့်နေကြသည်။ အကယ်၍ သူတို့သာ အနားသို့ ကပ်သွားလိုက်ပါက မိုယောင်အာ ရှက်သွားပေလိမ့်မည်။

“မိုရှင်းက တကယ့်ကောင်ပဲ။ ထားလိုက်ပါတော့လေ... ငါ ဘာမှမကြားသလိုပဲ ဟန်ဆောင်လိုက်တာပေါ့”

မိုချီက ဉာဏ်ကောင်းပေသည်။ သူသည် သူ၏အာရုံခြောက်ပါးကို ပိတ်ကာ တဲထဲတွင် ကျင့်ကြံနေလိုက်လေသည်။ သူသည် ကျန်းရီကို အလွန်လေးစားနေပေသည်။ ဤတစ်လောကလုံးတွင် မိုယောင်အာကို ထိုသို့ရိုက်ဝံ့သူမှာ ကျန်းရီတစ်ယောက်သာ ရှိပေလိမ့်မည်။ မိုရှန်းသည်ပင် မိုယောင်အာကို ထိုသို့မရိုက်ရက်ပေ။

“အား...အား...အင်း...အင်း...”

မိုယောင်အာသည် နာကျင်သဖြင့် အော်ဟစ်နေ၏။ မကြာခင်မှာပင် နာကျင်တကြီး အော်သံက ကျေနပ်အားရစွာ ညည်းသံအဖြစ် ပြောင်းလဲလာသည်။ အကြီးအကဲများအားလုံး ရှက်သွားကြသည်။ ထို့ကြောင့် သူတို့လည်း မိုချီအတိုင်း သူတို့၏ အာရုံခြောက်ပါးကို ပိတ်၍ ကျင့်ကြံလိုက်ကြလေသည်။ ထိုကဲ့သို့သော အခြေအနေတွင် မည်သူက ပြဿနာရှာဝံ့မည်နည်း။

‘လခွမ်းနဲ့... သူက တကယ့်ကို မိန်းမပျက်ပဲ... မိန်းမပျက်တောင်မှာ ခပ်ကြမ်းကြမ်းကို ကြိုက်တတ်တဲ့ မိန်းမပျက်’

ကျန်းရီသည် ဆက်ရိုက်ရနိုး၊ မရိုက်ရနိုး ချီတုံချတုံဖြစ်သွား၏။ အစပိုင်းတွင် မိုယောင်အာသည် နာကျင်စွာ အော်နေသော် မကြာခင်မှာပင် တအင်းအင်းဖြင့် ညည်းညူနေလေသည်။ ထို့ကြောင့် ကျန်းရီ ကြက်သီးတဖြန်းဖြန်း ထသွား၏။ သူ ရပ်လိုက်သောအခါ မိုယောင်အာက လှည့်ကြည့်သည်။ သူမ၏ မျက်လုံးများက ဝေဝါးနေ၏။ ထို့နောက် သူမ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဘာလို့ ရပ်လိုက်တာလဲ... ဆက်ရိုက်လေ”

“ထွက်သွားစမ်းပါတော့”

ကျန်းရီက မျက်လုံးပင့်လိုက်ပြီး စိတ်ပျက်ဟန်ဖြင့် အော်ပြောလိုက်သည်။ မိုယောင်အာက ထထိုင်လိုက်၏။ သူမ၏မျက်ဝန်းများထဲမှနေ၍ မျက်ရည်များ စီးကျလာသည်။ သူမ သနားစဖွယ် မေးလိုက်လေသည်။

“မိုရှင်း... ရှင် ဘာလို့ ကျွန်မကို အဲ့လို ဆက်ဆံနေရတာလဲ။ ကျွန်မက ဘာအမှားတွေ လုပ်မိလို့လဲ။ ကျေးဇူးပြုပြီး ကျွန်မကို ပြောပြပါ... ကျွန်မ ပြင်ပါ့မယ်”

ကျန်းရီသည် မိန်းမတစ်ယောက်၏ မျက်ရည်ကို အကြောက်ဆုံးပင်။ သူ မည်သို့လုပ်ရမည်မသိ ဖြစ်သွားသည်။

“အင်းပါ... အင်းပါ... မငိုပါနဲ့တော့”

ပြောခါမှ မိုယောင်အာက ပို၍ပင် ဝမ်းနည်းတကြီး ငိုလိုက်လေသည်။ သူမသည် ရုတ်တရက် ကျန်းရီ၏ လက်ကိုကိုင်လိုက်ပြီး ရှိုက်သံလေးဖြင့် ပြောလိုက်သည်။

“မိုရှင်း... ရှင် ကျွန်မကို ရိုက်လို့ရ၊ ဆူလို့ရတယ်။ ဒါပေမဲ့ ကျွန်မကို စကားမပြောဘဲ‌တော့ မနေပါနဲ့။ ရှင် ကျွန်မကို စကားမပြောဘဲနေရင် ကျွန်မ ဝမ်းနည်းရတယ်”

“ဟူး...”

ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်၏။ နတ်ဆိုးအပြုံးက အလွန်အစွမ်းထက်သဖြင့် မိုယောင်အာက သူ့ကို တန်းတန်းစွဲဖြစ်နေပေပြီ။ အနည်းဆုံးတော့ အချိန်တစ်ခုအထိ သူမ၏စိတ်ထဲတွင် သူ၏အပြုံးက ကြီးစိုးနေမည်ဖြစ်သည်။ သူက အရေးမစိုက်ဘဲ နေပြလေလေ၊ သူမက ပို၍ မရိုးမရွဖြစ်လာလေလေပင်။ ထိုသို့သော အခြေအနေမျိုးတွင် အတင်းရှောင်နေပါက ပိုဆိုးသွားနိုင်ပေသည်။

ကျန်းရီသည် ခေတ္တမျှ တွေးတောလိုက်ပြီး မျက်နှာထားလျှော့ကာ ပြောလိုက်လေသည်။

“တော်ဝင်သခင်မလေး... သခင်မလေးက အရမ်း တဇွတ်ထိုးနိုင်တယ်။ အဲ့ဒါကို ကျွန်တော် မကြိုက်ဘူး။ ကျွန်တော် သခင်မလေးကို ရှောင်နေရတာက ကျွန်တော်တို့နှစ်ယောက်စလုံး မထိခိုက်အောင်ပါ။ သခင်မလေးက အဆင့်အတန်းမြင့်တဲ့ တော်ဝင်သခင်မလေးပါ... ဒါပေမဲ့ ကျွန်တော်ကတော့ အညတရတစ်ယောက်ပါ။ ကျွန်တော်က သခင်မလေးနဲ့ မထိုက်တန်ပါဘူး”

“ဟင့်အင်း...”

မိုယောင်အာက နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။

“ရှင်က ထိုက်တန်ပါတယ်... ထိုက်တန်ပါတယ်။ ကျွန်မက အရမ်းတဇွတ်ထိုးဆန်တယ်လို့ ရှင်ထင်တယ်ပေါ့လေ။ ကျွန်မ အဲ့ဒါကို ပြုပြင်နိုင်ပါတယ်။ ကျွန်မ တဇွတ်ထိုး ထပ်မလုပ်တော့ဘူး၊ လူတွေကိုလည်း မရိုက်တော့ဘူးလို့ ကတိပေးပါတယ်... ဟင်.. ဟုတ်ပြီလား”

“သခင်မလေး သေချာရဲ့လား”

ကျန်းရီက မိုယောင်အာကို အလေးအနက် ကြည့်လိုက်၏။

“နောက်သုံးလအတွင်း သခင်မလေး ထပ်ပြီး တဇွတ်ထိုး မလုပ်တော့ဘူးဆိုရင် နောက်ကျ ကျွန်တော် သခင်မလေးကို စကားမပြောဘဲ နေမှာမဟုတ်ဘူးလို့ ကတိပေးပါတယ်”

“တကယ်လား”

မို‌ယောင်အာ ပြုံးသွား၏။ သူမ ဝမ်းသာအားရ ပြောလိုက်သည်။

“မိုရှင်း... ရှင် စောင့်ကြည့်နေပါ။ ကျွန်မ စကားတည်စေရမယ်”

“အင်း... မဆိုးပါဘူး”

ကျန်းရီက ခေါင်းညိတ်လိုက်ပြီး သူမ၏ မို့မောက်နေသော ရင်နှစ်မွှာကို စိုက်ကြည့်လိုက်လေသည်။ ထို့နောက် သူသည် ပြုံးကာ အရောင်လက်နေသော မျက်ဝန်းများဖြင့် ပြောလိုက်၏။

“သခင်မလေး ဒီည ဒီမှာပဲ အိပ်လိုက်ရင် ဘယ်လိုလဲ။ ညက ရှည်ဦးမှာဆိုတော့ ကျွန်တော်တို့နှစ်ယောက် အဓိပ္ပာယ်ရှိတာလေးတွေ လုပ်လို့ရတယ်”

“ဟွန်း... လူဆိုး...”

မိုယောင်အာက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်၏။ ထို့နောက် သူမသည် ယုန်ငယ်လေးတစ်ကောင်ကဲ့သို့ ခုန်ရပ်လိုက်ပြီး တဲဝသို့ လှည့်ကာ ရေရွတ်လိုက်လေသည်။

“မိုရှင်း... ကျွန်မ ပြောင်းလဲနိုင်ပါတယ်။ ဒါပေမဲ့ ရှင် နောက်ကျရင် အဲ့လို စကားတွေ မပြောဖို့ ကတိပေးရမယ်။ ကျွန်မက... အပျိုလေးပဲ ရှိသေးတယ်”

“သွားလိုက်တော့”

ကျန်းရီက မျက်လုံးပြူးကာ ပြောလိုက်သည်။

“မင်းက အပျိုလေးဆိုရင် ငါကလည်း လူပျိုလေးပဲ။ ငါရဲ့ အကျင့်ကဒီလိုပဲ... ငါ အဲ့ဒါကို မပြောင်းလဲနိုင်ဘူး။ မင်း သဘောမကျဘူးဆိုရင် ငါနဲ့ လာမပတ်သတ်နဲ့”

ကျန်းရီက ဒေါသထွက်သွားသဖြင့် မိုယောင်အာ မျက်နှာငယ်သွားသည်။ သူမသည် ကျန်းရီကို သနားစဖွယ်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“အင်းပါ... ရှင် ကြိုက်သလို ပြောနိုင်ပါတယ်။ ဒါပေမဲ့ ရှင် အဲ့စကားတွေကို တခြားသူတွေကိုတော့ ပြောလို့မရဘူး။ ကျွန်မကိုပဲ ပြောရမယ်”

‘လခွမ်းပဲ...’

ကျန်းရီ ဆွံ့အသွားသည်။ မိုယောင်အာက အမှန်ပင် ခပ်ကြမ်းကြမ်းကြိုက်သော နာခံတတ်သူတစ်ယောက် ဖြစ်နေပေသည်။ ကြည့်ရသည်မှာ သူ သူမကို ပိုရိုက်လေလေ၊ ပိုဆူပူဆဲဆိုလေလေ၊ သူမက ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်နေပုံပင်။ သို့သော် သူသည် ထိုတောင်ဝင်သခင်မလေးကို နှိပ်စက်နိုင်မည့် အခွင့်အရေးတစ်ခု ရလိုက်၍ ဝမ်းထဲမှကြိတ်ဝမ်းသာနေပေသည်။ ထို့ကြောင့် သူ ခပ်ရွှင်ရွှင် ပြောလိုက်သည်။

“တော်ဝင်သခင်မလေး... ဒီကို လာပြီး ကုန်းလိုက်ပါ။ ကျွန်တော် သခင်မလေးကို ထပ်ရိုက်မယ်”

“ဟင်...”

မိုယောင်အာတစ်ယောက် ထွက်ပြေးသွားပေပြီ။

***

All Chapters