← Chapters

ကြယ်ရှစ်ပွင့် တာအိုပုံသဏ္ဌာန်

Vol. 72 Ch. 1005

ကြယ်ရှစ်ပွင့် တာအိုပုံသဏ္ဌာန်

Vol. 72 Ch. 1005

နောက်ရက်များတွင် မိုယောင်အာက ပို၍ ရိုကျိုးလာကာ သမီးကောင်းတစ်ယောက် ဖြစ်လာလေသည်။ သူမသည် ဒေါသလည်း မထွက်တော့သလို မိုချီနှင့် အခြားသူများကိုပင် လေးလေးစားစား ဆက်ဆံလာသည်။ မိုချီနှင့် မိုဖူတို့က ထိုပြောင်းလဲမှုကို အသားမကျနိုင်ဖြစ်နေကြသည်။ သူတို့ ကျန်းရီအပေါ် ကြည့်သော အမြင်များလည်း ပြောင်းလဲလာသည်။

ဤလောကကြီးတွင် တစ်တောင်ပေါ် တစ်တောင်ဆင့်နေသည်သာ။

ကျန်းရီသည် အကြီးအကဲများနှင့် မိုရှန်းကိုယ်တိုင်ပင် မထိန်းချုပ်နိုင်ခဲ့သော ထိုနတ်ဆိုးမလေးကို ယဉ်ပါးသွားအောင် လုပ်နိုင်ခဲ့ပေသည်။ ထို့ကြောင့် အကြီးအကဲအားလုံးသည် ကျန်းရီအပေါ် အမြင်ပြောင်းသွားပေပြီ။ သူတို့သည် ကျန်းရီ၏ စွမ်းဆောင်ချက်ကို မငြင်းနိုင်ပေ။ ထို့ကြောင့် သူတို့ ကျန်းရီကို ပို၍လေးလေးစားစား ဆက်ဆံလာကြသည်။ မိုယောင်အာ၏ ပုံစံကိုကြည့်ရသည်မှာ သူမသည် ကျန်းရီကို တန်းတန်းစွဲနေပုံပင်။ ကျန်းရီသည် မိုရှန်း၏ သားမက်ဖြစ်လာရမည့် ကံကြမ္မာမှ ရှောင်ရှားနိုင်တော့မည့်ပုံ မပေါ်ချေ။ မိုရှန်းက သဘောမတူလျှင်ပင် မိုယောင်အာက ကျန်းရီနှင့် ခိုးပြေးနိုင်ပေသည်။

ကျန်းရီကလည်း မိုယောင်အာအပေါ် ယခင်ကထက်စာလျှင် ပိုကောင်းကောင်း ဆက်ဆံလာသည်။ သို့သော် သူ ထိုသို့ ဆက်ဆံခြင်းမှာ သူမကို သဘောကျ၍ မဟုတ်ပေ။

ကျန်းရီ၏ မိုယောင်အာအပေါ်ထားသော သဘောထားက များစွာ မတိုးတက်လာချေ။ သူသည် ရေလိုက်သင့်၊ ငါးလိုက်သင့် ဆက်ဆံကာ လူပုမျိုးနွယ် ပျက်သုဉ်းသွားမည့်နေ့ကို စောင့်နေခြင်းပင်။ လူပုမျိုးနွယ် ပျက်သုဉ်းသွားသည့်နေ့က သူ ကောင်းကင်နတ်ဆိုးမျိုးနွယ်မှ ထွက်သွားမည့်နေ့ ဖြစ်ပေလိမ့်မည်။ သူ့တွင် မိန်းမများနှင့် ပျော်ပါးနေရန် အချိန်မရှိပေ။

လမ်းခရီးက အလွန်လုံခြုံခဲ့သည်။ ကျန်းရီတို့အုပ်စုသည် မကြာခဏဆိုသလို အခြားမျိုးနွယ်များမှ သိုင်းသမားများနှင့် တွေ့ခဲ့သော်လည်း ၎င်းတို့သည် ကျန်းရီတို့အုပ်စုမှ ရှိန်လောက်ဖွယ် အကြီးအကဲများ၏ အရှိန်အဝါများကို အာရုံခံမိသောအခါ ရှောင်သွားကြလေသည်။ ထို့ပြင် တပ်မှူးလေးယောက်ကလည်း ပတ်ဝန်းကျင်ကို အမြဲထောက်လှမ်းနေပေသည်။ သူတို့သည် အန္တရာယ်တစ်စုံတစ်ရာကို တွေ့သည်နှင့် ချက်ချင်း သတင်းပို့မည်ဖြစ်သည်။

ကျန်းရီသည် မိုယောင်အာနှင့် ရံဖန်ရံခါ စကားပြော၏။ သူက ယခင်ကကဲ့သို့ အေးစက်စက် မနိုင်တော့သဖြင့် မိုယောင်အာ အလွန်ပျော်နေသည်။ သူမသည် အချစ်၏အရသာကို ပထမဆုံးအကြိမ် ခံစားဖူးသည့် မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ပင်။ အမှန်လည်း သူမက ငယ်ရွယ်၊ ဆိုးသွမ်းသော သခင်မလေးတစ်ယောက် မဟုတ်ပါလား။ သူမသည် နှလုံးသားရေးရာတွင် မည်သို့ ကျန်းရီနှင့် ယှဉ်နိုင်ပါမည်နည်း။

လမ်းခရီးတစ်လျှောက်တွင် ညအချိန်ရောက်လာတိုင်း ရွက်ဖျင်တဲများဆင်ကာ အနားယူကြ၏။ အကြီးအကဲများသည် စားသောက်ပြီးနောက် နားရှက်စရာအသံများကို မကြားလိုသဖြင့် သူတို့၏ တဲများအတွင်းသို့ ဝင်ကာ အာရုံခြောက်ပါးကို ပိတ်၍ ကျင့်ကြံကြသည်။ ကျန်းရီက အံကြိတ်၍ သူ့တဲထဲဝင်သွားလျှင် မိုယောင်အာက ပျော်ရွှင်စွာဖြင့် သူ့အနောက်မှ လိုက်သွားတတ်သည်။

ကျန်းရီက ကုတင်စောင်းတွင် ခြေထောက်ချိတ်၍ ထိုင်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်လျှင် မိုယောင်အာက လိုလိုချင်ချင်ဖြင့် သူ၏ပေါင်ကို လာနှိပ်ပေးလေသည်။ အကယ်၍ အကြီးအကဲတစ်စုသာ ထိုမြင်ကွင်းကို မြင်လိုက်ပါက အလွန်တုန်လှုပ်သွားပေလိမ့်မည်။

ကျန်းရီသည် ကောင်စုတ်တစ်ယောက်ပင်။

ကျန်းရီက မိုယောင်အာကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်၏။ သူမက ပြုံးကာ ရိုရိုကျိုးကျိုး ထိုင်နေသည်။ ထိုမြင်ကွင်းက မယုံနိုင်စရာပင်။ ကျန်းရီသည် မိုယောင်အာနှင့် ပထမဆုံးတွေ့ဆုံခဲ့သည့် အချိန်ကို ထင်ထင်ရှားရှား အမှတ်ရနေသေး၏။ ထိုစဉ်က သူမသည် အလွန်မောက်မောက်မာမာ ပြုမူခဲ့သည်။ ထို့ကြောင့် သူက သူမကို အဝတ်များချွတ်၍ သစ်ပင်တွင် ကြိုးနှင့်တုပ်ထားရန်ပင် တွေးမိခဲ့သည်။ ယခုတွင်မူ အခြေအနေက ပြောင်းလဲသွားပေပြီ။ ယခု သူမက သူ့ကို ပြုစုပေးနေပေသည်။

“သခင်... မြွေဖြူသီး စားချင်ပါသလား”

မိုယောင်အာသည် အတန်ကြာ နှိပ်ပေးပြီးနောက် ကျန်းရီ၏ဘေးတွင် ဒူးထောက်ကာ သိမ်မွေ့စွာ မေးလိုက်လေသည်။ ကျန်းရီက မိုယောင်အာကို မျက်လုံးစွေကာ ကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

“ငါက ယုန်ဖြူသီး စားချင်တာ”

မိုယောင်အာ ကြောင်သွား၏။ သူမ တုံ့ဆိုင်းဆိုင်းဖြင့် မေးလိုက်သည်။

“ယုန်ဖြူသီးဆိုတာဘာလဲ။ ကျွန်မ ဘာလို့ အဲ့အသီးကို မကြားဖူးရတာလဲ။ သခင်... အဲ့အသီးက နှင်းဒေသမှာ ရှိရဲ့လား”

“ရှိတာပေါ့”

ကျန်းရီက ရယ်လိုက်ပြီး မိုယောင်အာ၏ ရင်နှစ်မွှာကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက အရောင်လက်နေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။

“မိန်းမတိုင်းမှာ အဲ့အသီး နှစ်လုံး ရှိကြတယ်”

“အို...”

နောက်ဆုံးတွင် မိုယောင်အာ နားလည်သွားပေပြီ။ ထို့ကြောင့် သူမတစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။ သူမ၏ မျက်နှာကလည်း ရဲရဲနီလာသည်။ ထို့နောက် သူမသည် လက်သီးလေးဆုပ်၍ ကျန်းရီ၏ ရင်ဘတ်ကို အဆက်မပြတ် ထုနှက်လိုက်လေသည်။ ထို့နောက် သူမသည် နှုတ်ခမ်းလေးစူ၍ ပြောလိုက်သည်။

“ကျွန်မ ဒီကို ထပ်မလာတော့ဘူး။ သခင်က ကျွန်မကို ထပ်စပြန်ပြီ။ သခင်က ဆိုးလွန်းတယ်”

“ဟားဟားဟား...”

ကျန်းရီက ရယ်ကာ ပြန်ပြောလိုက်သည်။

“ယောက်ျားတွေက မဆိုးရင် မိန်းမတွေက ယောက်ျားတွေကို ဘယ်ချစ်ပါ့မလဲ။ မင်းတို့ မိန်းမတွေက မိန်းမပျက်တွေလို့ပဲ ငါထင်တယ်။ မင်းတို့တွေက ဆိုးတဲ့ယောက်ျားတွေကိုပဲ ကြိုက်ကြတာ။ ဘယ်မိန်းမကမှ လူကြီးလူကောင်းကို မကြိုက်ဘူး”

“ဟုတ်ပါတယ်... ကျွန်မက ဈေးပေါတဲ့ မိန်းမပျက်ပါ”

မိုယောင်အာက နှုတ်ခမ်းထော်၊ မျက်လုံးပင့်ကာ ပြောလိုက်သည်။

“ကျွန်မကသာ ‌ဈေးမပေါရင် သခင့်လို လူဆိုးကြီးကို ဘယ်လိုလုပ် ကြိုက်မိမှာလဲ။ ဘာလို့ သခင့်ကို ပြုစုနေမှာလဲ။ ကျွန်မက ဘယ်သူ့ကိုမှ ပြုစုပေးဖူးတာ မဟုတ်ဘူး။ အဖေက သူ့ကျောကို နှိပ်ပေးဖို့ ပြောရင်တောင် ကျွန်မ နားထောင်မှာ မဟုတ်ဘူး”

ကျန်းရီက ကုတင်ပေါ်တွင် လှဲချလိုက်ပြီး သူ့စောင်ကို လှပ်ကာ ပြောလိုက်သည်။

“အင်း... ငါ အိပ်တော့မယ်။ ငါ့အတွက် ကုတင်ကို နွေးသွားအောင် လာလုပ်ပေး”

“မလုပ်ပါဘူး...”

မိုယောင်က လျင်မြန်စွာ ခုန်ထလိုက်ပြီး ခေါင်းခါကာ ပြောလိုက်လေသည်။

“အမေကပြောတယ်... မိန်းကလေးတွေက အရမ်းမလွယ်သင့်ဘူးတဲ့။ မိန်းကလေးတစ်ယောက် သူ့ရဲ့ခန္ဓာကိုယ်ကို လက်ထပ်ပြီးမှ သူ့ရဲ့ယောက်ျားကို ပေးရမှာ။ မိုရှင်း... ရှင် မြန်မြန် ကောင်းကင်ဧကရာဇ် အထွတ်အထိပ်အဆင့်ကို ရောက်အောင် ကျင့်ကြံပါ။ အဲ့ကျမှ ကျွန်မကို ရှင့်နဲ့လက်ထပ်ပေးဖို့ အဖေ့ကို ပြောမယ်။ အဖေက သေချာပေါက် သဘောတူမှာပါ။ သူက ကျွန်မကို တကယ်ချစ်ပါတယ်”

“ငါ သူ့ကို မင်းနဲ့ လက်ထပ်ပေးဖို့ တောင်းဆိုမှာ မဟုတ်ဘူး”

ကျန်းရီက မျက်လုံးပြူးကာ ပြောလိုက်သည်။

“ငါ ဘယ်တုန်းက မင်းနဲ့လက်ထပ်မယ်လို့ ပြောခဲ့လိုလဲ။ အချိန်တစ်ခု စောင့်ကြည့်ကြတာပေါ့။ အနည်းဆုံးတော့ မင်းရဲ့ အကျင့်စရိုက် တကယ်ပြောင်းလဲသွားတဲ့အချိန်အထိ စောင့်ကြည့်ရမှာပဲ”

“ရှင်...”

မိုယောင်အာသည် စိတ်လိုက်မာန်ပါ လုပ်မိမလို ထပ်ဖြစ်သွားသည်။ သို့သော် သူမသည် သူမကိုယ်သူမ ပြန်တည်ငြိမ်အောင် လုပ်နိုင်လိုက်၏။ ထို့နောက် သူမသည် မတရားခံရသဖြင့် မျက်ရည်များဝဲကာ ပြောလိုက်သည်။

“အခုတလော ကျွန်မ ကောင်းကောင်းမွန်မွန် ပြုမူနေခဲ့တာပဲ မဟုတ်ဘူးလား။ မိုရှင်း... ရှင် သိပ်တရားမလွန်နဲ့”

ကျန်းရီက မိုယောင်အာကို ခေတ္တမျှ အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူမက သူနှင့် မျက်လုံးချင်းမဆုံအောင် ရှောင်နေကြောင်း တွေ့လိုက်သောအခါ သူ လေသံပျော့ဖြင့် ပြောလိုက်သည်။

“မင်း လုပ်နေတာ မဆိုးပါဘူး။ ကဲ..ကဲ... ငါ ပြောတာနားထောင်၊ သွားအိပ်တော့။ နောက်ရက်ပိုင်းအတွင်း ငါတို့ ကျားနိုင်တောင်ကို ရောက်တော့မှာ။ အဲ့ကျရင် ငါတို့ လူပုမျိုးနွယ်နဲ့ တွေ့ရနိုင်တယ်။ ငါတို့ တိုက်ပွဲအတွက် အသင့်ဖြစ်နေအောင် စွမ်းအင်ကို ချွေတာထားဖို့လိုတယ်”

“အွန်း...”

မိုယောင်အာသည် ကျန်းရီ၏ လေသံပျော့ကို ကြားလိုက်သောအခါ ချိုသာစွာ ပြုံးလိုက်၏။ သူမသည် ကျန်းရီကို ချစ်ခင်စွာ ကြည့်ကာ လှည့်ထွက်သွားလေသည်။

သို့သော် ကျန်းရီ အိပ်မပျော်နိုင်ပေ။ ဤအတောအတွင်း၌ မိုယောင်အာက သူထင်ထားသလောက် မဆိုးကြောင်း ကျန်းရီ တွေ့ခဲ့ရသည်။ သူမသည် အလိုလိုက်ခံထားရ၍ ဗိုလ်ကျတတ်ခြင်းသာ။ သူမသာ ရန်သူဖြစ်ပါက သူသည် သူမကို အညှာအတာမရှိ သတ်ပစ်မည်ဖြစ်သည်။ သို့သော် လက်ရှိတွင် သူက သူမကို လှည့်စား၍ အသုံးချနေခြင်းပင်။ ယင်းက သူ့ကို လိပ်ပြာမလုံဖြစ်စေပေသည်။

မိုယောင်အာက ကျန်းရီအပေါ် ပို၍ ပို၍ စွဲလမ်းလာနေသည်။ ကျန်းရီသည် လူပုမျိုးနွယ်ပျက်သုဉ်းသွားမည့် နေ့အထိ အလိုက်သင့် ဆက်ဆံပေးနိုင်၏။ သို့သော် လူပုမျိုးနွယ် ပျက်သုဉ်းသွားသည်နှင့် သူက ထွက်သွားမည်ဖြစ်သည်။ ထိုအချိန်ကျလျှင် မိုယောင်အာက ရူးလျှင်ရူး မရူးလျှင် သူမကိုယ်သူမ သတ်သေသွားပေလိမ့်မည်။

“အခြေအနေတွေက ဒီလိုဖြစ်နေမှတော့ အတွေးလွန်နေလည်း ဘာအကျိုးမှ မရှိဘူး။ နောင်ခါလာ နောင်ခါဈေးပေါ့ကွာ။ ဘာဖြစ်လာမလဲ ကြည့်ကြတာပေါ့”

ကျန်းရီသည် သူ့ဘာသာ ရေရွတ်လိုက်ပြီး မျက်လုံးများမှိတ်ကာ အိပ်စက်လိုက်လေသည်။ ပတ်ဝန်းကျင်တွင် အကြီးအကဲများ ရှိနေသဖြင့် သူ မကျင့်ကြံဝံ့ပေ။ သူသည် ရှစ်လကြာ ကြိုးကြိုးစားစား ကျင့်ကြံခဲ့ပြီးပြီဖြစ်၍ ကောင်းကောင်းအနားယူရန် လိုအပ်ပေသည်။ လက်ရှိက သူ အိပ်ရေးဝဝအိပ်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။

နေထွက်လာသောအခါ ခရီးဆက်ကြ၏။ သူတို့ ကျားနိုင်တောင်နှင့် နီးကပ်လာသောအခါ ပတ်ဝန်းကျင်က ပို၍ စည်းကားလာလေသည်။ သူတို့သည် လမ်းတွင် တပ်ဖွဲ့သုံးဖွဲ့နှင့် တွေ့ခဲ့၏။ ထိုတပ်ဖွဲ့များက နှင်းဒေသရှိ မျိုးနွယ်ကြီးနှစ်ခုမှ တမန်တော်များဖြစ်ကြောင်း မိုချီက ရှင်းပြသည်။ သူတို့ကလည်း ဂိုဏ်းချုပ်ချောင်ကို မွေးနေ့ဆုမွန်းကောင်းတောင်းပေရန် လာခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

ချောင်ဖေးဝမ်က ဤနှစ်တွင် အသက်(၁၅၀)ပြည့်မည်ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်(၈၀)က ကျော်ကြားလာခဲ့ခြင်းပင်။ သူ၏ ခေါင်းဆောင်မှုအောက်တွင် ကျားနိုင်ဂိုဏ်းက နှစ်(၇၀)အတွင်း နှင်းဒေသဂိုဏ်းဆယ်ဂိုဏ်း၏ နံပါတ်(၂)ဂိုဏ်း ဖြစ်လာခဲ့ပေသည်။

ချောင်ဖေးဝမ်က နှင်းဒေသတွင် ဒုတိယ စွမ်းအားအကြီးဆုံးသူဖြစ်သည်။ သူ့အထက်တွင် ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းချုပ်သာရှိသည်။ သူက မယုံနိုင်လောက်အောင် စွမ်းအားကြီးသော ကြယ်ရှစ်ပွင့် တာအိုပုံသဏ္ဌာန် ပထဝီဒိုင်းကို ကျွမ်းကျင်စွာ တတ်မြောက်ထားသည်ဟူသော ကောလာဟလများလည်း ရှိပေသည်။

ထိုတာအိုပုံသဏ္ဌာန်၏ စွမ်းအားအပေါ် အခြေခံ၍ ဆိုရလျှင် ချောင်ဖေးဝမ်၏ ခုခံစွမ်းအားက မယုံနိုင်လောက်အောင် အားကြီးသည်ဟု ဆိုနိုင်သည်။ ကောင်းကင်လျှို့ဝှက်ဂိုဏ်း၏ ဂိုဏ်းချုပ်မှလွဲ၍ နှင်းဒေသအတွင်းရှိ ကျန်နတ်ဘုရားတစ်ပိုင်းများ အားလုံး ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူ့ကို သတ်နိုင်မည် မဟုတ်ချေ။ သူက လက်တစ်ချောင်းပင် မြှောက်ရန် လိုမည် မဟုတ်ပေ။

ထို့ပြင် ချောင်ဖေးဝမ်၏ တိုက်ခိုက်စွမ်းအားကလည်း မနိမ့်ပေ။ လက်ရှိအခြေအနေတွင် ကောင်းကင်လျှို့ဝှက်ဂိုဏ်းက နှင်းဒေသတွင် ဖြစ်ပျက်နေသော ပဋိပက္ခများကြားတွင် ဝင်မပါလိုပေ။ ထို့ကြောင့် ချောင်ဖေးဝမ်က နှင်းဒေသ၏ အာဏာရှင် ဖြစ်လာပေသည်။ သို့ဖြစ်ရာ ချောင်ဖေးဝမ်၏ မွေးနေ့ပွဲသို့ နှင်းဒေသရှိ မျိုးနွယ်တစ်ထောင်နီးပါးစလုံးက သူတို့၏ လူများကို စေလွှတ်ကာ မွေးနေ့ဆုမွန်ကောင်းတောင်းပေးစေမည်ဖြစ်သည်။

“ကြယ်ရှစ်ပွင့် တာအိုပုံသဏ္ဌာန်၊ ပထဝီဒိုင်း”

ကျန်းရီသည် မိုချီ၏ ရှင်းပြမှုကို အံ့အားသင့်သော မျက်နှာထားဖြင့် နားထောင်နေလေသည်။ သူ၏ ကြယ်ငါးပွင့် တာအိုပုံသဏ္ဌာန်သည်ပင် မိုင်တစ်ထောင်ပတ်လည်အတွင်း အေးခဲသွားအောင် လုပ်နိုင်ပေသည်။ လဲ့ပန်းရှန်း၏ ကြယ်ခုနစ်ပွင့် တာအိုပုံသဏ္ဌာန်က အချိန်ကို နောက်ပြန်စီးဆင်းစေနိုင်သည်။ ထို့ကြောင့် ကြယ်ရှစ်ပွင့် တာအိုပုံသဏ္ဌာန်က မည်မျှ စွမ်းအားကြီးမည်ကို တွေးကြည့်နိုင်ပေသည်။ သို့သော် ကျန်းရီသည် ကြယ်ကိုးပွင့် တာအိုပုံသဏ္ဌာန်နှင့် ဒဏ္ဍာရီလာ အထွတ်အထိပ်တာအိုပုံသဏ္ဌာန်တို့က မည်မျှစွမ်းအားကြီမည်ကို တွေးပင်မကြည့်နိုင်ပေ။

“သခင်... ကျွန်မတို့ ကျားနိုင်တောင်ကို ရောက်ပြီ။ စိတ်ကို ထိန်းနိုင်ဖို့ ကြိုးစားပါ။ ကျွန်မတို့ ကျားနိုင်ဂိုဏ်းက လူတွေကို အပြစ်ပြုမိလို့မရဘူး”

မိုယောင်အာ၏ အသံက နားထဲတွင် ထွက်ပေါ်လာ၍ ကျန်းရီ အသိစိတ်ပြန်ကပ်လာသည်။

“ကျားနိုင်ဂိုဏ်းက မျိုးနွယ်ခေါင်းဆောင်ငယ်က ကျွန်မကို နှစ်ပေါင်းများစွာ ပိုးပန်းနေခဲ့တာ။ အဲ့တော့ ကျားနိုင်ဂိုဏ်းကို ရောက်ရင် ကျွန်မတို့ အရမ်းအရောတဝင်မနေမိဖို့ ကြိုးစားရမယ်။ မဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်။ မစိုးရိမ်ပါနဲ့ သခင်... ကျွန်မရဲ့ နှလုံးသားထဲမှာ သခင်တစ်ယောက်ပဲ ရှိတာပါ”

“အို့...”

ကျန်းရီသည် မျက်လုံးပင့်လိုက်ပြီး မျက်နှာထား တည်လိုက်လေသည်။ ကျားနိုင်တောင်သို့ ခရီးသည် ထင်ထားသလို အေးချမ်းမည့်ပုံ မပေါ်ပေ။

***

All Chapters