သူက ကျန်းရီ
Vol. 73 Ch. 1013
ကျန်းရီသည် အစွမ်းကုန်ထုတ်သုံးလိုက်လျှင် သူ မည်သူဖြစ်ကြောင်း ပေါ်သွားမည်ကို သိပေသည်။ ထို့ကြောင့် ဤနေရာရှိ လူအားလုံး သေရပေမည်။ ထို့ပြင် တိုက်ပွဲက ကောင်းကင်နတ်ဆိုးမျိုးနွယ်ဝင်များ အနားတွင် ဖြစ်၍မရပေ။ မဟုတ်လျှင် သူတို့ကလည်း သူက ကျန်းရီဖြစ်ကြောင်း သိသွားပေလိမ့်မည်။ သူ လူပုမျိုးနွယ်ကို ရှင်းပစ်နိုင်ရန် ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အကူအညီကို လိုအပ်သေးသည် မဟုတ်ပါလား။
ဝှစ်...ဝှစ်...
ကျန်းရီသည် တောင်ဘက်သို့ အရှိန်ကုန် ပျံသန်းသွားလိုက်၏။ ထို့နောက် သူ မိုင်တစ်ထောင် ရေခဲလွှမ်းကို ထပ်မံထုတ်၍ အော်ပြောလိုက်သည်။
“ငါ့လမ်းကို ပိတ်တဲ့သူမှန်သမျှ သေရမယ်”
ရွှီ...ရွှီ...
ကျန်းရီ၏လက်ထဲတွင် လှံရှည်တစ်ချောင်း ထွက်ပေါ်လာသည်။ သူ ၎င်းလှံအတွင်းသို့ အတွင်းအားထည့်လိုက်ရာ သောင်းချီသော လှံပုံရိပ်များ ထွက်လာကာ အေးခဲနေသော လူပုမျိုးနွယ်ဝင်များကို ထိုးစိုက်သွားလေသည်။
ကျန်းရီသည် လေအသင်္ချေကို အဆက်မပြတ်သုံးနေပြီး အတွင်းအား လေး၊ ငါးကြိမ် ထုတ်လွှတ်လိုက်သည်။ အရှေ့မှ လူပုတစ်ထောင်နီးပါး သေဆုံးသွားပေပြီ။ သူ ဝန်းရံထားမှုတွင် အပေါက်တစ်ပေါက် ဖန်တီးနိုင်လောက်ပြီဖြစ်သည်။ ထို့နောက် သူသည် ချိုးပိုင်တို့ကို လှည့်ကြည့်၍ ကျယ်လောင်စွာ ရယ်ကာ အော်ပြောလိုက်သည်။
“ဂျပုချိုး... မင်းက ငါ့ကို သတ်ချင်တာလား။ မင်းတို့ ဂျပုတစ်စုလောက်နဲ့ ငါ့ကိုသတ်နိုင်ဖို့ မလုံလောက်သေးဘူးကွ။ ငါ ကောင်းကင်နတ်ဆိုးတောင်ကို ပြန်ရောက်ရင် ဒီကိစ္စကို ဂိုဏ်းချုပ်ကို တင်ပြလိုက်မယ်... အဲ့ကျရင် သူက စစ်တပ်ကို ခေါ်ပြီး လူပုတောင်ကို မြေလှန်ပစ်လိမ့်မယ်”
ကျန်းရီသည် ထိုသို့ပြောပြီးနောက် တောင်ဘက်သို့ ဆက်ပျံသန်းသွားလိုက်လေသည်။ ချိုးပိုင် ဒေါသူပုန်ထပေပြီ။ သူ လက်ဝှေ့ယမ်းကာ အော်ပြောလိုက်သည်။
“သူ့နောက်ကိုလိုက်ကြ။ ချိုးမီ... မင်းရဲ့ လူတွေကို ခေါ်သွားပြီး မိုရှင်းကို သတ်ပစ်။ ဟော်ကူး.. မင်းတို့မျိုးနွယ်က သူ့ရဲ့ မိုင်ထောင်ချီ ရေခဲလွှမ်းကို ခံနိုင်တယ်၊ အဲ့တော့ မင်းတို့လည်း သူ့ကို သွားသတ်ကြပါ။ ငါ သူ့ကို လွတ်သွားခွင့် မပြုနိုင်ဘူး။ မဟုတ်ရင် နောက်ကျ ပြဿနာတွေ တက်လာလိမ့်မယ်”
ကျန်းရီက ငယ်ရွယ်သေးသော်လည်း ကြယ်ငါးပွင့် နှင့် ကြယ်ခြောက်ပွင့် တာအိုပုံသဏ္ဌာန်တို့ကို သိမြင်နားလည်ထားပြီဖြစ်သည်။ ထို့ကြောင့် တစ်နေ့နေ့တွင် သူ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်သွားလိမ့်မည်ဟု မျှော်လင့်နိုင်သည်။ အကယ်၍ ကောင်းကင်နတ်ဆိုးမျိုးနွယ်တွင် နတ်ဘုရားတစ်ပိုင်း ပညာရှင်နှစ်ယောက် ရှိလာပါက ကျားနိုင်ဂိုဏ်း၏ အဆင့်အတန်းကိုပင် ခြိမ်းခြောက်လာနိုင်ပြီး နှင်းဒေသ၏ အာဏာရှင်များ ဖြစ်လာပေလိမ့်မည်။ လူပုမျိုးနွယ်နှင့် ကောင်းကင်နတ်ဆိုးမျိုးနွယ်ကြားမှ သွေးကြွေးက နက်ရှိုင်းပေသည်။ ထို့ကြောင့် လူပုမျိုးနွယ်က ပစ်မှတ်ထားခံရမည်ဖြစ်သည်။ သို့ဖြစ်ရာ ချိုးပိုင် ကျန်းရီကို လွတ်မြောက်ခွင့် မပေးနိုင်ပေ။
“လိုက်ကြ...”
မီးနဂါးမျိုးနွယ်ဝင် တစ်ရာလောက်က ကျန်းရီအနောက်သို့ လျင်မြန်စွာ လိုက်သွားကြ၏။ အမွေးရှည်ဆင်မျိုးနွယ်မှ မျိုးနွယ်ခေါင်းဆောင်ငယ်ကလည်း အချက်ပြလိုက်သဖြင့် သူ့လူတစ်ဝက်သည် ကျန်းရီနောက်သို့ လိုက်သွားကြသည်။ လူပုမျိုးနွယ်မှ သိုင်းပညာရှင်တစ်ဝက်ကျော်နှင့် တပ်သားနှစ်ထောင်ကျော်တို့ကလည်း ကျန်းရီနောက်သို့ လိုက်သွားလေသည်။
မိုယောင်အာတို့သည် ကျန်းရီမရှိလျှင် များစွာ ပြန်မတိုက်နိုင်ကြပေ။ သူမတို့အုပ်စုသည် မကြာခင်တွင် အဖမ်းခံရ သို့မဟုတ် အသတ်ခံရတော့မည်ဖြစ်သည်။ ထို့ကြောင့် ချိုးပိုင် လုံးဝ စိတ်မပူချေ။
“အနေတော်လောက်ပဲ”
ကျန်းရီသည် ပျံသန်းနေရင်းဖြင့် အရှိန်ကို တဖြည်းဖြည်း လျှော့ချလိုက်ပြီး အကွာအဝေးကို ခန့်မှန်းလိုက်သည်။ မိုယောင်အာသည် သူမ၏ ကောင်းကင်စိတ်အာရုံက ဆယ်မိုင်ပတ်လည်အတွင်း ထောက်လှမ်းနိုင်ကြောင်း ပြောခဲ့သည်။ ထို့ကြောင် သူ စတင်တိုက်ခိုက်ရန် မူလတိုက်ပွဲပြင်နှင့် အနည်းဆုံး မိုင်နှစ်ဆယ်အကွာသို့ ရောက်ရန် လိုအပ်ပေသည်။ သူသည် လိုက်လာသူများအားလုံးကို သတ်ပစ်၍ ကျန်သူများကို သတ်ပစ်နိုင်မည့် နည်းလမ်းကိုလည်း ရှာရမည်ဖြစ်သည်။
“ဟဲဟဲ...”
“မိုရှင်း... ခွေးကောင်၊ မင်း ဘယ်တော့မှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”
“မိုရှင်း အသာတကြည် အသေခံလိုက်။ အဲ့ဒါဆို ငါတို့ မင်းအလောင်းကို အကောင်းအတိုင်းထားပေးမယ်လို့ ကတိပေးတယ်”
ကျန်းရီ၏ အရှိန်က ပိုမြန်လာပေသည်။ သူ၏ အတွင်းအားအဆင့်က ကောင်းကင်ဧကရာဇ် သတ္တမအဆင့်သို့ ရောက်နေပြီဖြစ်၍ သူ၏အရှိန်က ပိုမြန်လာခြင်းပင်။ အထွတ်အထိပ်အဆင့် ကောင်းကင်ဧကရာဇ်များပင် အချိန်တိုအတွင်း သူ့ကို မီအောင်လိုက်နိုင်မည် မဟုတ်ပေ။ ကျန်းရီသည် ကြာမြင့်စွာ ပျံသန်းနေရန် မလိုပေ။ သူသည် မိုင်ဒါဇင်ကျော်အကွာအဝေးကို အသက်ဆယ်ကြိမ်မှနှစ်ဆယ်ကြိမ်ရှူစာ အချိန်အတွင်း သွားနိုင်ပေသည်။
ဆယ်မိုင်၊ မိုင်နှစ်ဆယ်... မိုင်သုံးဆယ်...
ကျန်းရီသည် အကွာအဝေးကို တိတ်တဆိတ် တွက်ချက်နေ၏။ သူ့နောက်သို့ လိုက်နေသူများကလည်း တဖြည်းဖြည်း နီးကပ်လာလေသည်။ လူပုအချို့က သူတို့၏ သတ္တုဆူးချွန်များဖြင့် ရေခဲပြင်ကို ထိုးစိုက်၍ အာကာပြင်ကို တုန်ခါသွားအောင် လုပ်နေပြီး ကျန်းရီကို နှေးသွားအောင် လုပ်နေ၏။
ဆယ်မိုင်ထပ်ပျံသန်းပြီးနောက် ကျန်းရီ၏ အရှိန်က နှေးလာ၏။ လိုက်လာသူများ ပိုနီးကပ်လာကြသည်။ အနောက်မှ လူပုများ၏ မျက်လုံးများက တောက်ပနေ၏။ သူတို့က အဆက်မပြတ် တိုက်ခိုက်နေကြလေသည်။ မီးနဂါးမျိုးနွယ်မှ ပညာရှင်အချို့ကလည်း လက်ထဲမှနေ၍ အနီရောင်အလင်းတန်းများထုတ်ကာ ပစ်လွှတ်ရန် အသင့်ပြင်လိုက်ကြသည်။
ဝုန်း...ဝုန်း...ဝုန်း...
တစ်ဘက်နှင့်တစ်ဘက် ပေတစ်သောင်းအကွာသို့ ရောက်သောအခါ လူပုဆယ်ယောက်က ခုန်လိုက်ပြီး သူတို့၏ တူများကို မြှောက်၍ ရေခဲပြင်ကို ထုချလိုက်၏။ ရေခဲပြင်က လှိုင်းကဲ့သို့ တွန့်သွားပြီး အာကာပြင်တွင်လည်း ဂယက်ထသွားလေသည်။ ကျန်းရီသည် ဧရာမလှိုင်းကြီးကို စီးနေသော လှေငယ်တစ်စင်းကဲ့သို့ ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ကိုသူ မထိန်းချုပ်နိုင်တော့ဘဲ အရှေ့သို့ တွန်းထုတ်ခံလိုက်ရသည်။
“ဟုတ်ပြီ...”
မီးနဂါးမျိုးနွယ်မှ အကြီးအကဲဆယ်ယောက်က လျင်မြန်စွာ ပျံတက်လိုက်ပြီး ကြောက်မက်ဖွယ် နဂါးဆယ်ကောင်အဖြစ် ပြောင်းလဲလိုက်၏။ သူတို့သည် တညီတညာတည်း လက်ဆုပ်ကာ ကျန်းရီထံသို့ ကြောက်မက်ဖွယ် မီးမြွေများ စေလွှတ်လိုက်လေသည်။
မီးမြွေများ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်အပူချိန်က လျင်မြန်စွာ တိုးလာသည်။ အောက်ဘက်ရှိ နှင်းများလည်း အလွန်လျင်မြန်စွာ အရည်ပျော်သွားသည်။ ကောင်းကင်မှ ကျဆင်းလာသော နှင်းပွင့်များကလည်း ရှေးဦးစွာ နှင်းရည်စက်များအဖြစ် ပြောင်းလဲသွားပြီး ရေငွေ့များအဖြစ် ဆက်ပြောင်းလဲသွားကာ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွားလေသည်။
ရွှီ...ရွှီ...
မီးမြွေဆယ်ကောင်က ကျန်းရီကို ရစ်ပတ်လိုက်၏။ အားလုံးသည် တိုက်ခိုက်မှုများ ရပ်တန့်လိုက်ပြီး ကျန်းရီကို လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့က ထိုပါရမီရှင်၏ ပျက်သုဉ်းခန်းကို စောင့်နေကြလေသည်။ နှင်းဒေသ၌ မီးနဂါးမျိုးနွယ်က မီးအသုံးပြုရာတွင် အတော်ဆုံးဖြစ်သည်။ အကြီးအကဲဆယ်ယောက်၏ မီးတောက်များက အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ သာမန်လူများဆိုလျှင် ထိုမီးတောက်များနှင့် ရစ်ပတ်ခံရပါက ချက်ချင်း ပြာကျသွားမည်ဖြစ်သည်။
“အာ...”
အကြီးအကဲဆယ်ယောက် အံ့အားသင့်သွား၏။ ကျန်းရီသည် မီးတောက်များ၏ ရစ်ပတ်မှုကို ခံထားရသော်လည်း နည်းနည်းမှ ပူလောင်ပုံ မပြပေ။ အားလုံးသည် ကျန်းရီ၏ ခုခံစွမ်းအားက အလွန်ကြီးသည်ဟု တွေးလိုက်ကြ၏။ သို့သော် အချိန်တစ်ခုအတွင်း သူ လောင်ကျွမ်း သေဆုံးသွားမည်သာ။
သို့ပေသည့် ကျန်းရီ ရေခဲပြင်ပေါ်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် မီးတောက်များက ပျောက်ကွယ်သွားလေသည်။ ထို့နောက် သူသည် သူတို့ထံသို့ ပြေးဝင်သွားလိုက်သည်။ သူ့လက်ထဲတွင် လှံ ပျောက်ကွယ်သွားပြီး ဓားပျော့တစ်ချောင်း ထွက်ပေါ်လာသည်။
ဝူး...ဝူး...ဒုန်...ဒုန်...
ဓားပျော့က စတင် ယိမ်းထိုးသွား၏။ မသုံးရသည်မှာ ကြာခဲ့ပြီဖြစ်သော နတ်ဘုရားအသံ ကောင်းကင်အတတ် ထွက်ပေါ်လာပေပြီ။ ရုတ်ခြည်းပင် ကြောက်မက်ဖွယ် အသံတစ်သံ ပဲ့တင်ထပ်သွားသည်။ ယခု နတ်ဘုရားအသံ ကောင်းကင်အတတ်က ယခင်အကြိမ်များထက် ပိုကြောက်မက်ဖွယ်ကောင်းနေသည်။ ကျန်းရီက အဆင့်တက်သွားပြီဖြစ်ရာ နတ်ဘုရားအသံ ကောင်းကင်အတတ်၏ အစွမ်းကလည်း တိုးတက်လာသည်။ အားလုံးသည် သူတို့၏ ဦးခေါင်းများကို ဆုပ်ကိုင်လိုက်ကြ၏။ သူတို့၏ မျက်နှာများကလည်း နာကျင်မှုကြောင့် ရှုံ့တွနေကြသည်။ သန်မာသော စိတ်ဝိညာဉ်ရှိသည့် သိုင်းသမားနှစ်ဦးသာ ထိုအသံကို တောင့်ခံနိုင်ပေသည်။
“မိုင်တစ်ထောင် ရေခဲလွှမ်း”
ကျန်းရီ၏ အခြားလက်တစ်ဘက်ကလည်း စတင်လှုပ်ရှားလိုက်၏။ သူသည် မိုင်တစ်ထောင်ပတ်လည်အတွင်းရှိ မိုးမြေအတွင်းအားနှင့် ရေခဲနှင်းစွမ်းအားကို စုစည်းလိုက်ပြီး မိုင်တစ်ထောင် ရေခဲလွှမ်းကို ထပ်မံ ထုတ်လွှတ်လိုက်လေသည်။ ထိုအတောအတွင်း နတ်ဘုရား အသံကောင်းကင်အတတ်ကိုလည်း အဆက်မပြတ်စေပေ။
နတ်ဘုရားအသံ ကောင်းကင်အတတ်နှင့် မိုင်တစ်ထောင် ရေခဲလွှမ်းတို့၏ တိုက်ခိုက်မှုအောက်တွင် ထိုနေရာရှိ လူအားလုံး ရူးသွပ်သွားကြလေသည်။ မီးနဂါးမျိုးနွယ်တွင် မိုင်တစ်ထောင် ရေခဲလွှမ်းကို ခုခံနိုင်သောစွမ်းရည် ရှိသော်လည်း သူတို့၏ စိတ်ဝိညာဉ်များက အဆက်မပြတ် တိုက်ခိုက်ခံနေရသဖြင့် သူတို့ ထိုစွမ်းရည်ကို ကောင်းကောင်း ထုတ်မသုံးနိုင်ကြချေ။ သူတို့သည် မီးတောက်များကိုလည်း မထုတ်နိုင်ကြချေ။ ထို့ကြောင့် ရလဒ်အနေဖြင့် အားလုံး အေးခဲသွားကြသည်။
“ဝိညာဉ်လေဓား...”
ကျန်းရီသည် မိုင်တစ်ထောင် ရေခဲလွှမ်းကို ထုတ်လွှတ်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ဝိညာဉ်လေများကို ချက်ချင်း ထုတ်၍ ဝိညာဉ်လေဓားများအဖြစ် စုစည်းလိုက်၏။ ထိုဝိညာဉ်လေဓားများက အရပ်မျက်နှာအနှံ့သို့ ပျံထွက်သွားကြသည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်လည်း ရှိနေသေးသဖြင့် မည်သူကမှ ဝိညာဉ်လေဓားများကို မခုခံနိုင်လိုက်ဘဲ သက်ရှိပစ်မှတ်များ ဖြစ်သွားကြလေသည်။
“အား...အား...”
နာကျင်တကြီး အော်လိုက်သံများ ပဲ့တင်ထပ်သွားသည်။ ဝိညာဉ်လေဓားများက ရက်စက်ပေသည်။ မျိုးနွယ်သုံးခုမှ လူများသည် ခုလည်းမခုခံနိုင်သလို၊ ရှောင်လည်းမရှောင်နိုင်ခဲ့ချေ။ မည်သူမှ ထိုဓားများကို မခုခံနိုင်ပေ။ အသက်နှစ်ကြိမ်ရှူစာအချိန်အတွင်းမှာပင် ထိုနေရာရှိ လူတစ်ဝက်ကျော် သေသွားပေပြီ။ သေသွားသူများထဲတွင် မီးနဂါးမျိုးနွယ်မှ အကြီးအကဲဆယ်ယောက်လည်းပါသည်။ သူတို့ခန္ဓာကိုယ်များက သွေးမှုန်သွေးမွှားများ ဖြစ်သွားပြီး အစအနပင် မကျန်ခဲ့တော့ချေ။
“ဝိညာဉ်လေ... ဒါက ဝိညာဉ်လေတွေလား။ ပြီးတော့ နတ်ဘုရားအသံ ကောင်းကင်အတတ်၊ သူက မိုရှင်းမဟုတ်ဘူး။ သူက ကျန်းရီပဲ... အား... မဖြစ်ဘူး...”
နောက်ဆုံးတွင် လူပုမျိုးနွယ်မှ အကြီးအကဲတစ်ယောက်က အမှန်တရားကို သိသွားလေတော့သည်။ သို့သော် သူ၏ခန္ဓာကိုယ်က လုံးဝအေးခဲနေသဖြင့် သူ များစွာ မပြောလိုက်နိုင်ပေ။ ဝိညာဉ်လေဓားများက သူ့ကို ပိုင်းဖြတ်သွားပေပြီ။ တဒင်္ဂအတွင်းမှာပင် သူ တမလွန်ဘဝသို့ ကူးပြောင်းသွားလေသည်။
“သေပေတော့...”
ကျန်းရီသည် နဂါးတစ်ကောင်ကဲ့သို့ ခက်ထန်နေ၏။ သူ၏မျက်ဝန်းများကလည်း ငရဲမှ တက်လာသော နတ်ဆိုးတစ်ကောင်၏ မျက်ဝန်းများကဲ့သို့ အေးစက်နေသည်။ နတ်ဘုရားအသံ ကောင်းကင်အတတ်က နတ်ဆိုးအော်သံကဲ့သို့ဖြစ်ပြီး ဝိညာဉ်လေဓားများက နတ်ဆိုး၏ ဇီဝိန်ခြွေလက်နက်ကဲ့သို့ မမြင်ရ၊ မကြားရဘဲ သတ်ဖြတ်နေလေသည်။
“အာ...”
ပတ်ဝန်းကျင်မှ ကြည့်နေသော အခြားမျိုးနွယ်များစွာသည် ကျန်းရီက ထိုနေရာတွင် သေဆုံးတော့မည်ဟု သေချာတွက်ထားကြ၏။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် အခြေအနေက ပြောင်းလဲသွားပေပြီ။ လူထောင်ကျော်က ကျန်းရီ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ထိုအတိုင်းဆက်သွားလျှင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်သွားပေတော့မည်။
“အဲ့ဒါက ဝိညာဉ်လေတွေလား၊ နတ်ဘုရားအသံ ကောင်းကင်အတတ်၊ သူက... ကျန်းရီများ ဖြစ်နေမလား”
ပရိသတ်များထဲမှ အကြီးအကဲအချို့က စတင် သံသယဝင်လာ၏။ နှင်းဒေသက အရှေ့ဘက် တော်ဝင်နယ်မြေ၏ မြောက်ဘက်တွင် တည်ရှိခြင်းပင်။ သို့သော် မျိုးနွယ်ကြီးများမှ အကြီးအကဲများသည် အရှေ့ဘက် တော်ဝင်နယ်မြေတွင် ဖြစ်ပျက်သမျှကို အမြဲ စောင့်ကြည့်နေခဲ့ကြသည်။ ထိုသို့စောင့်ကြည့်နေခြင်းမှာ အရှေ့ဘက် တော်ဝင်နယ်မြေက စတင်လှုပ်ရှားလာလျှင် သူတို့၏ စစ်တပ်များကို ကြိုတင်ပြင်ဆင်ထားနိုင်ရန်ဖြစ်သည်။ နှင်းဒေသမှ သာမန်လူများသည် ကျန်းရီကို မသိနိုင်သော်လည်း မျိုးနွယ်အသီးသီးမှ စွမ်းအားကြီး သိုင်းပညာရှင်များနှင့် အကြီးအကဲများကတော့ ကျန်းရီအကြောင်းကို ကြားဖူးကြပေသည်။
ဝှစ်...ဝှစ်...
ကျန်းရီသည် ထိုနေရာရှိ မျိုးနွယ်သုံးခုမှ လူများအားလုံးကို သတ်ပစ်လိုက်၏။ ထို့နောက် သူသည် ပတ်ဝန်းကျင်မှ ပွဲကြည်ပရိသတ်များကို စတင် ပစ်မှတ်ထားလိုက်လေသည်။ ထူးခြားသော မျိုးနွယ်တစ်ခုမှ အကြီးအကဲတစ်ယောက်သည် ကျန်းရီ၏ နီရဲနေသော မျက်လုံးများကို တွေ့လိုက်၍ လုံးဝသေချာသွားလေတော့သည်။ ထို့ကြောင့် သူ အော်ပြောလိုက်သည်။
“သူက မိုရှင်း မဟုတ်ဘူး... ကျန်းရီပဲ။ သူက အရှေ့ဘက် တော်ဝင်နယ်မြေက ကျန်းရီပဲ”
“သေကြစမ်း... ဒီနေ့ ဒီနေရာမှာ ရှိနေတဲ့လူတိုင်း သေရမယ်”
ကျန်းရီ၏ ဓားပျော့က လှုပ်ယမ်းသွား၏။ သူ၏ နီရဲနေသော မျက်ဝန်းများက လူအားလုံး၏ စိတ်ဝိညာဉ်ကို တုန်ယင်သွားစေသည်။ ထိုအခိုက်တွင် ကျန်းရီထံမှ သေမင်း၏အငွေ့အသက်ကိုပင် ရနေလေသည်။
***