အနာဂတ်အတွက် ပြင်ဆင်ခြင်း
Vol. 69 Ch. 953
ဥရောပ၊ ပိုလန်။
ဗရော့ဆွာက ပိုလန်နိုင်ငံ၏စတုတ္ထအကြီးဆုံးမြို့ဖြစ်ပြီး ဝါဆောမြို့နောက် တိုင်းပြည်၏ဒုတိယအကြီးဆုံးစီးပွားရေဗဟိုချက်ဖြစ်သည်။ အိုးဒါမြစ်ကမ်းပါး၏အနောက်တောင်ဘက်ပိုင်းတွင် တည်ရှိပြီး ၎င်း၏စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကြောင့် ပိုလန်နိုင်ငံတွင် အရေးပါသောမြို့တစ်မြို့ဖြစ်၏။
ဗရော့ဆွာ၏အရှေ့မြောက်ပိုင်းတွင် အနက်ရောင်ရဲတိုက်တစ်ခုပါဝင်သည့်ဧရိယာတစ်ခုရှိပြီး လမ်းများနှင့် ဝန်းရံထား၏၊ ရှုခင်းအရ လူကျဲကျဲအိမ်ကျဲကျဲဖြစ်သည်။ နယ်မြေ၏တစ်ခုတည်းသောမတူညီကွဲပြားသည့်အင်္ဂါရပ်က ပိုလန်တွင်ကျော်ကြားသောမိသားစုတစ်စုနေထိုင်ရာအဖြစ်လူသိများသည့် ဆန်းကြယ်သောရဲတိုက်ပင်ဖြစ်၏။
ရဲတိုက်ထဲတွင် မီးခိုးရောင်အတွင်းပိုင်းဒီဇိုင်းနှင့် အခန်းတစ်ခုရှိပြီး ရှေးဟောင်းပရိဘောဂအမျိုးမျိုးဖြင့် အလှဆင်ထားကာ အလွန်ရှေးကျသောစတိုင်တစ်ခုအား ပေးစွမ်းနေလေသည်။ တည်ကြည်သောအသွင်အပြင်နှင့်ဝီယာကိုဗေဆိုလော့က ဥရောပစတိုင်ဆိုဖာတစ်ခုပေါ်တွင် ထိုင်နေပြီး ရှေးဟောင်းမှတ်တမ်းတစ်ခုအား လက်ထဲတွင် ကိုင်လျက် သမင်သားရေစာလိပ်ပေါ်တွင်ရေးဆွဲထားသောမြေပုံတစ်ခုနှင့် နှိုင်းယှဉ်နေ၏။ အနက်ဝတ်လူအိုနှစ်ယောက်က အဝတ်ပတ်ထားသောလူအရိုးစုများပမာ အနီးနားတွင် ရပ်နေသည်။
ဘန်း....
အခန်းတံခါးအား အပြင်ဘက်မှ ခပ်ကြမ်းကြမ်းတွန်းဖွင့်လိုက်ပြီး အသားအရေဖြူဖတ်ဖြူရော်နှင့်ချောမောခန့်ညားသောလူရွယ်တစ်ယောက်က အထဲသို့ ပြေးဝင်လာသည်။ သူက မခံမရပ်နိုင်ဖြစ်သောမျက်နှာအမူအရာနှင့် အမောတကောပြောလိုက်၏"ကလန်အကြီးအကဲဝိုင်ခရက်ဆိုလော့နှင့်ဝစ်ဇနစ်ဆိုလော့တို့ရဲ့အသက်တံဆိပ်တွေ ခုလေးတင်ပဲ ပျက်ဆီးသွားတယ်။ သူတို့....သူတို့ သေသွားပြီ"
"ဘာ"
ဝီယာကိုဗေ၏အသားအရောင်က ချက်ချင်းပြောင်းလဲသွားပြီး အခြားလူအိုနှစ်ယောက်က ကြက်သေသေသွားကာ လူငယ်အား မယုံသင်္ကာနှင့် စိုက်ကြည့်လိုက်ကြသည်။ သတ်ဖြတ်လိုစိတ်က သူတို့သုံးယောက်ထံမှ တထောင်းထောင်းထွက်ပေါ်လာ၏။
"ထပ်ပြောစမ်း"ဝီယာကိုဗေဆိုလော့က အော်လိုက်၏။
လူငယ်က တံတွေးမျိုချရင်း ကမန်းကတန်းပြော၏"ကလန်အကြီးအကဲဝိုင်ခရက်ဆိုလော့နှင့်ဝစ်ဇနစ်ဆိုလော့တို့ရဲ့အသက်တံဆိပ်က အခုပဲ ပျက်ဆီးသွားတယ်၊ သူတို့ရဲ့စိတ်ဝိညာဉ်အမျှင်လဲ ပျောက်ကွယ်သွားတယ်၊ သူတို့က သေသွားပြီးလို့ ဖော်ပြနေတယ်။ ခေါင်းဆောင်နဲ့ကလန်အကြီးအကဲနှစ်ယောက်ကို တင်ပြဖို့ ဘိုးဘေးခန်းမအကြီးအကဲက ငါ့ကို အမိန့်ပေးခဲ့တယ်"
လက်သီးတင်းတင်းဆုပ်လျက် ဝီယာကိုဗေဆိုလော့၏မျက်လုံးများက သတ်ဖြတ်ခြင်းဆန္ဒတို့ တဖျပ်ဖျပ်လက်လျက် သူက အသံလေးလံစွာနှင့် ပြော၏"သူတို့က ပစိဖိတ်သမုဒ္ဒရာရဲ့ကျွန်းတစ်ကျွန်းပေါ်မှာရှိနေတယ်လို့ ကလန်အကြီးအကဲနှစ်ယောက်က သတင်းပို့ခဲ့တယ်။ ငါတို့ရဲ့စုန်းအတတ်ကို သုံးပြီး သူတို့ရဲ့နေရာအတိအကျကို သိနိုင်တယ်။ ဒါပေမယ့် သူတို့သေသွားရင် သူတို့ရဲ့နေရာအတိအကျကို ရှာဖွေဖို့ နည်းလမ်းမရှိတော့ဘူး။ သူတို့ရဲ့အသက်ကို ပေးရလောက်တဲ့အထိ သူတို့ အတိအကျ ဘာဖြစ်ခဲ့တာလဲ။ သူတို့က ငါတို့ကလန်ရဲ့အသန်မာဆုံးလူနှစ်ဆယ်ထဲမှာ ပါတယ်မလား"
"သူတို့မသေခင် ကလန်အကြီးအကဲနှစ်ယောက်ပို့ခဲ့တဲ့သတင်းအရ သူတို့ရောက်နေတဲ့ကျွန်းက ကုန်းမြေထုနဲ့ သိပ်မဝေးဘူး"အနက်ဝတ်လူအိုတစ်ယောက်က သတ်ဖြတ်လိုစိတ်နှင့် ကြားဖြတ်ပြောလိုက်သည်"ဒါပေမယ့် ငါတို့စုဆောင်းထားတဲ့မြေပုံပေါ်မှာ အဲလိုကျွန်းမရှိဘူး၊ ငါတို့မှာ သူတို့တည်နေရာရဲ့ကိုဩဒိနတ်အတိအကျလဲ မရှိဘူး။ ငါတို့ ဘယ်လိုရှာရမှာလဲ"
"ဘယ်လောက်ခက်ခက်ခဲခဲ ငါ ဂရုမစိုက်ဘူး။ သူတို့အသတ်ခံရတဲ့နေရာကို ရှာရမယ်....။ ပြီးတော့ သူတို့ကို ဘယ်သူပဲသတ်သတ် သူတို့က ကြောက်စရာကောင်းတဲ့တန်ဖိုးတစ်ခု ပြန်ပေးရမယ်"ဝီယာကိုဗေဆိုလော့က အေးစက်စက်ပြန်ပြော၏"မဟာအကြီးအကဲဝါးတော့စ်ကို ဆင့်ခေါ်လိုက်။ ကလန်အကြီးအကဲအချို့ကို ခေါ်၊ အဖွဲ့ဖွဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ လိုက်လံရှာဖွေဖို့ သူ့ကို ပြော။ သူတို့က တိကျတဲ့ကိုဩဒိနိတ်ကို ရှာရမယ်၊ ငါတို့ကလန်အဖွဲ့ဝင်တွေကိုသတ်ဖြတ်သွားတဲ့သူတွေကို ရှာရမယ်"
"နားလည်ပါပြီ"
အနက်ဝတ်လူအိုနှစ်ယောက်က ပြန်ဖြေကာ ချက်ချင်းထွက်ခွာသွား၏။
****
နဂါးကိုးကောင်ကျွန်း။
ထန်ရှုက စည်းလုံးခြင်းဂိုဏ်းမှလူငယ်ခြောက်ယောက်နှင့် အချိန်အကြာကြီး စကားပြောခဲ့ပြီး ကျင့်ကြံခြင်းလောကအနေအထားအား အမြောက်အများသိရှိခဲ့ရသည်။ စည်းလုံးခြင်းဂိုဏ်းအပြင် သူတို့၏အမွေအနှစ်အားလက်ဆင့်ကမ်းလာခဲ့သည့်အခြားဂိုဏ်းများလည်းရှိသည်ကို သူက သိရှိခဲ့ရ၏။ ဂိုဏ်းအဖွဲ့ဝင်အရေအတွက်က နည်းပါးသော်လည်း သူတို့က တည်ရှိနေသေးသည်။ သို့သော် သူတို့အများစုက တောင်တန်းများ၊ ကျွန်းများသို့မဟုတ်ကမ္ဘာငယ်များတွင် သီးခြားနေထိုင်ကြ၏။
ကျင်းချန်ဇီ၏ပုံပြင်အရ ကမ္ဘာမြေပေါ်ရှိကျင့်ကြံသူများထဲတွင် အခြေတည်စိတ်ဝိညာဉ်အဆင့်က အထွတ်အထိပ်အဆင့်ဖြစ်ပြီး ကမ္ဘာမြေပေါ်တွင် ထိုအဆင့်ကိုရောက်ရှိနေသူများက ငါးယောက်ပတ်လည်ရှိ၏။ သို့သော် ရွှေအမြုတေအဆင့်ကို ရောက်ရှိနေသူများက သုံးဆယ်အောက်ရှိသည်။
"ကြည့်ရတာ တာအိုကျင့်ကြံသူတွေ၊ အခြားကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံသူတွေရဲ့အရေအတွက်က ငါထင်ထားတာထက် ပိုများပုံပဲ။ ဒါပေမယ့် ငါ တစ်ခုခု သိချင်တာရှိတယ်။ ဘာလို့ ဒီလိုအချိန်တိုလေးအတွင်းမှာ မင်းတို့က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ထိ ရောက်ရှိနေရတာလဲ၊ ကမ္ဘာကြီးက ကျင့်ကြံခြင်းအရင်းအမြစ်တွေ နည်းလွန်းပြီး ယနေ့ခေတ်မှာ ကောင်းကင်မြေကြီးရဲ့စိတ်ဝိညာဉ်ချီကလဲ ပါးလွှာလွန်းတယ်မလား"လူငယ်ခြောက်ယောက်အား ကြည့်ရင်း ထန်ရှုက သိလိုက်စိတ်နှင့် မေးလိုက်သည်။
"မင်းလဲ တစ်ခုခု သိလောက်မှာပါ၊ အကိုထန်။ ငါတို့ရဲ့ကမ္ဘာငယ်က ကောင်းကင်မြေကြီးစွမ်းအင်အရမ်းကြွယ်ဝတယ်၊ အပြင်ကမ္ဘာထက် အဆများစွာ ပိုသိပ်သည်းတယ်"ကျင်းချန်ဇီက ပြုံးကာ ပြော၏"ပြီးတော့ ငါတို့ဂိုဏ်းက ကျင့်ကြံခြင်းအတွက် သက်တမ်းတစ်ထောင်ရှိတဲ့ဆေးပင်တွေကို အသုံးပြုတယ်၊ ငါတို့ရဲ့သုံးစွဲနှုန်းကို အစားထိုးဖို့အတွက်လဲ သူတို့ကို စိုက်ပျိုးထားတယ်လေ။ ဒါ့အပြင် ငါတို့က နေရာတိုင်းမှာ တန်ဖိုးရှိဆေးပင်တွေကို စုဆောင်းတယ်၊ ဒါကြောင့် ငါတို့က ကျင့်ကြံခြင်းအရင်းအမြစ်တွေ မကင်းမဲ့ဘူးပေါ့"
ကျင်းချန်ဇီ၏ရှင်းပြချက်က ထန်ရှုအား ချက်ချင်းသဘောပေါက်သွားစေသည်။ ဒါက တာအိုကျောင်းများ၊ ဂိုဏ်းများ၏မရှိမဖြစ်အခြေခံအုတ်မြစ်လည်း ဖြစ်၏။ နှစ်ထောင်ချီအမွေအနှစ်ရှိသည့်ထိုကျင့်ကြံခြင်းဂိုဏ်းများက စည်းလုံးခြင်းဂိုဏ်းကဲသို့နက်ရှိုင်းသောအခြေခံအုတ်မြစ် ရှိတန်ရာသည်။
ရုတ်တရက် ကျင်းချန်ဇီက မေး၏"အကိုထန်၊ ငါ မင်းကို မေးချင်တာ တစ်ခုခုရှိတယ်"
"မေးပါ"ထန်ရှုက ပြန်ဖြေ၏။
"ခဏက မင်း အသုံးပြုခဲ့တဲ့လျှပ်စီးကြောင်းပညာရပ်ပဲ။ ၎င်းရဲ့စွမ်းအားက အံ့အားသင့်စရာပဲ၊ ဒါကြောင့် ငါ တစ်ဖက်သတ်ဆုံးဖြတ်ပြီး အဲဒါနဲ့ပတ်သက်ပြီး ငါတို့ဆရာသခင်ကို အကြောင်းကြားဖို့ ရှင်းဇီကို ပြောလိုက်တယ်"ကျင်းချန်ဇီက ပြော၏။ "ငါ့ဆရာသခင်လဲ ဒီပညာရပ်ကို ကျွမ်းကျင်တယ်၊ သူမက အဲဒါကို အရမ်းစိတ်စွဲနေတာ။ ဒါနဲ့ပတ်သက်ပြီး သူမ ကြားတာနဲ့ ငါတို့ဆီ ချက်ချင်းလိုက်လာလောက်တယ်၊ ဒါမှ သူမက မင်းကို လျှပ်စီးကြောင်းပညာရပ်နဲ့ပတ်သက်ပြီး မေးမြန်းနိုင်မှာလေ"
ဤအရာက ထန်ရှု၏မျက်နှာအား အနည်းငယ်ပြောင်းလဲသွားစေသည်။ ကျင်းချန်ဇီဆရာ၏ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်မြင့်မားသလဲကို သူ မသိသော်လည်း ထိုသို့အားကောင်းသောကျင့်ကြံသူတစ်ယောက်လာရောက်မည်ဟုသိရှိခြင်းက သူ့အတွက် သတင်းကောင်းမဟုတ်ပေ။
နဂါးကိုးကောင်ကျွန်းက သူ၏အနာဂတ်ဌာနချုပ်ဖြစ်သောကြောင့်ပင်။ အခြားစွမ်းအားရှင်များ လာရောက်ခြင်းအား ခွင့်ပြုလိုစိတ်အလိုအလျောက်မရှိပေ၊ ကျွန်း၏လျှို့ဝှက်ချက်အား ရှာတွေ့သွားနိုင်သည့်အချက်အပြင် သိမ်းပိုက်လိုသောလောဘကြီးသည့်အတွေးများပေါ်လာမည့်မတော်တဆဖြစ်ရပ်များအား ကာကွယ်ရန်အတွက် ဖြစ်၏။
ဤစည်းလုံးခြင်းဂိုဏ်းက မည်သို့သောအကျင့်သိက္ခာရှိသည်ကို သူ မဖော်ထုတ်ရသေးပေ။ ကိုယ်ကျင့်တရားကောင်းသောလူများအဖြစ်ဟန်ဆောင်ထားသည့်တပည့်များရှိသည့်ဂိုဏ်းပေါင်းမရေမတွက်နိုင်လောက်အောင် သူမြင်ဖူးသည်၊ သို့သော် သူတို့၏အလိုလောဘအတွက် စက်ဆုပ်ရွံရှာဖွယ်အပြုအမူများအား ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ကျင်းချန်ဇီ၏ဆရာက ဘယ်လိုပုဂ္ဂိုလ်မျိုးမှန်း သူ မသိပေ။
ဒီလိုဆိုလျှင်လည်း နောက်မကျခင် မတော်တဆဖြစ်ရပ်များအား တားဆီးရန် သူက အစီအရင်အား အဆောတလျင်စီရင်ရမည် ဖြစ်၏။
လူငယ်ခြောက်ယောက်၏တည်ငြိမ်လျက်ရှိသည့်မျက်နှာများအားကြည့်ရင်း ထန်ရှုက တွန့်ဆုတ်ခြင်းမရှိပြောလိုက်လေသည်"စီနီယာအချို့လာမယ်ဆိုတော့ ငါက သူတို့ကို ကြိုဆိုရမှာပေါ့။ မင်းတို့ဆရာရောက်လာရင်လဲ ငါက သူနဲ့ အချက်အလက်တွေ ဖလှယ်ခွင့်ရတာပေါ့"
ထန်ရှုက လူငယ်ခြောက်ယောက်နှင့် အချိန်အချို့စကားပြောခဲ့ပြီး အခြားအရေးကိစ္စများဆောင်ရွက်စရာရှိသည်ဟု ဆင်ခြေပေးကာ ထွက်လာခဲ့သည်။ သူက မိုအားဝူ၊ မိုအားဝမ်နှင့် အခြားသူများစုရုံးတည်ရှိနေသည့် နန်းတော်၏တတိယအထပ်သို့ ရောက်ရှိလာခဲ့၏။
"မင်းတို့ အဲဒီကောင်းကင်ဘုံမှော်ဆရာကလန်ရဲ့ကျွမ်းကျင်သူနှစ်ယောက်ကို ဖယ်ရှားရှင်းလင်းပြီးပြီလား"
"ပြီးပြီ၊ ဘာခြေရာလက်ရာတစ်ခုမှ မတွေ့နိုင်ဘူး၊ သူဌေး"မိုအားတမ်က တင်ပြလာသည်။
သူ့အား ခေါင်းညိတ်ပြပြီးနောက် ထန်ရှုက မိုအားဝူဘက်သို့ လှည့်ကာ ပြော၏"ရှောင်ရွှယ်ကို ဆက်သွယ်ပြီး ထန်ကွမ်းနဲ့ထန်အန်းတို့ကို ငါ့ရဲ့မှာကြားချက်ကို အကြောင်းကြားပေးဖို့ သူ့ကို ပြော။ သူတို့ရဲ့တာဝန်က စင်းလုအန်ကို ကာကွယ်ပြီး ဒီကျွန်းကို လျှို့ဝှက်လာဖို့ပဲ။ စင်းခေါလွှတ်လိုက်တဲ့ဘယ်အဖွဲ့ကိုမဆို အားလုံးသတ်ပစ်။ ပြီးတော့ ထာဝရခန်းမရဲ့ကျန်ရှိနေတဲ့ပင်မအဖွင့်ဝင်အားလုံးကို ဒီကို ပြောင်းလာခိုင်း"
"ယောက်သွားကျွန်းကအခြားအဖွဲ့ဝင်တွေကိုရော ဘယ်လိုလုပ်မလဲ၊ သူဌေး"မိုအားဝူက တုံ့ဆိုင်းလျက် မေး၏"သူတို့ကိုရော ဒိီနေရာကို ပြောင်းရွှေ့ခိုင်းရမလား"
ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီးနောက် ခေါင်းခါယမ်းကာ ပြောလိုက်သည်"လောလောဆယ် ယောက်သွားကျွန်းကသူတွေ လာဖို့ မလိုသေးဘူး။ ဒါပေမယ့် ဒီကျွန်းရဲ့ဆောက်လုပ်ရေးစီမံကိန်းက မကြာခင်ပြီးလိမ့်မယ်၊ အဲအခါကျမှ ဂရုတစိုက်ရွေးချယ်ထားတဲ့ပါရမီရှင်ကလေးတွေကို သူတို့က ဒီကျွန်းကို လိုက်ပို့ပေးရမယ်"
မိုအားဝူက ခေါင်းညိတ်ပြပြီးနောက် တီးတိုးပြောလိုက်ချေသည်"သူဌေး၊ မုန်တိုင်းတစ်ခု လာဖို့ အစပျိုးနေတယ်လို့ ငါ ခံစားမိတယ်။ ငါတို့တွေ အဲဒီကောင်းကင်ဘုံမှော်ဆရာကလန်မှမှော်ဆရာတွေ၊ နတ်ဆရာတွေနဲ့ တိုက်ခိုက်ရမယ်မလား"
"ငါ သေချာတော့ မပြောနိုင်ဘူး။ ဒါပေမယ့် သူတို့ရဲ့ကျွမ်းကျင်သူနှစ်ယောက် ဒီနေရာမှာ သေသွားပုံထောက်ရင် သူတို့က ဒီကိစ္စကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး"ထန်ရှုက နှာခေါင်းရှုံ့၏"ကောင်းကင်ဘုံမှော်ဆရာကလန်နဲ့တိုက်ပွဲက မလွဲဧကန်ဖြစ်လာမှာဆိုပေမယ့် ငါတို့တွေ စည်းလုံးခြင်းဂိုဏ်းမှကျင့်ကြံသူတွေကိုရော သတိထားရအုံးမယ်"
"ဟိုလူငယ်ခြောက်ယောက်ရဲ့ဂိုဏ်းကလား"မိုအားဝူက မေးလိုက်သည်။
"ဟုတ်တယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"သူတို့ရဲ့အပြောအရ ဒီဂိုဏ်းမှာ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူအချို့နဲ့ ရွှေအမြုတအဆင့်ပုဂ္ဂိုလ်တွေ ရှိတယ်။ ဒီဂိုဏ်းရဲ့တပည့်အားလုံးက ငါတို့ကို တိုက်ခိုက်လာရင် ယန်အာဒါမှမဟုတ်ကျီချီးမိန်မလာဘဲနဲ့ ငါတို့တွေ တားဆီးနိုင်မယ်လို့ ငါ မထင်ဘူး"
အမူအရာပြောင်းလဲသွားသည်နှင့်အတူ သူ ပိုတိုးတက်လာလေ ကျင့်ကြံခြင်းအဆင့်များအကြားကွာဟချက်အား ပိုသိလာလေဖြစ်သည်ဟု မိုအားဝူက ခံစားမိသည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူများရောက်ရှိလာသည့်အကြောင်း မပြောနှင့်အုံး၊ ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများရောက်ရှိလာသည်ကိုပင် သူနှင့်အခြားသူများက မတားဆီးနိုင်ပေ။
မိုအားဝူနှင့်ထန်ရှုတို့ပြောနေသည်ကို ကြားပြီး ကြံရည်ဖန်ရည်ရှိသောမိုအားဝမ်က မျက်လုံးအရောင်လက်နေလျက်ရှိသည်။ သူက ကြားဖြတ်ပြော၏"သူဌေး၊ ငါတို့က ကောင်းကင်ဘုံမှော်ဆရာကလန်ဒါမှမဟုတ်စည်းလုံးခြင်းဂိုဏ်းနဲ့ တိုက်ပွဲဆင်နွှဲမယ်ဆိုရင် နဂါးကိုးကောင်ကျွန်းကို စစ်မြေပြင်သတ်မှတ်တာ အကောင်းဆုံးလို့ ငါ မထင်ဘူး။ ဒီကျွန်းက အနာဂတ်မှာ ငါတို့ရဲ့ဌာနချုပ်ဖြစ်လာမယ်လို့ မင်း ပြောခဲ့တယ်၊ ဒါကြောင့် ဒီနေရာမှာ ငါတို့ တိုက်ပွဲဖြစ်ရင် ငါတို့ရဲ့နေရာ ပျက်ဆီးသွားမှာကို ငါ စိုးရိမ်တယ်။ ဒါကြောင့် စစ်မြေပြင်ကို အခြားနေရာမှာ ပြောင်းလဲရမယ်"
ထန်ရှု၏အမူအရာက ပြောင်းလဲသွားပြီး သူက မေး၏"မင်းမှာ အကြံပြုချင်တဲ့တည်နေရာတစ်ခုရှိလား"
"ငါတို့နဂါးကိုးကောင်ကျွန်းရဲ့ပတ်လည်မှာ စွန့်ပစ်ကျွန်းငယ်၁၆ကျွန်းရှိတယ်"မိုအားဝမ်က ပြော၏"အနီးဆုံးကျွန်းက ရေမိုင်၅၀အကွာမှာ ရှိပြီး အဝေးဆုံးက ရေမိုင်၂၀၀ခန့်အကွာမှာ ရှိတယ်။ ဒီကျွန်း၁၆ကျွန်းပေါ်မှာ စောင့်ကြည့်ရေးစခန်းတစ်ခု တည်ဆောက်ဖို့ ငါ အကြုံပြချင်တယ်။ ဒီလိုဆိုရင် ရန်သူတွေ ဘယ်ဘက်ကလာလာ ငါတို့တွေ သူတို့ကို ရှာတွေ့နိုင်မယ်။ ငါတို့ရဲ့လူတွေကို တစ်ကျွန်းနဲ့တစ်ကျွန်းရွှေ့ပြောင်းဖို့ ရဟတ်ယာဉ်ကို အသုံးပြုလို့ရတယ်။ ဒီနည်းလမ်းနဲ့ ငါတို့တွေ အဲဒီစွန့်ပစ်ကျွန်းတွေပေါ်မှာပဲ စစ်မြေပြင်လုပ်လို့ရတာပေါ့"
"ဒါပေမယ့် လောလောဆယ် ငါတို့မှာ ရဟတ်ယာဉ်တွေ အများကြီးမရှိဘူး၊ ပြီးတော့ ပင်လယ်မှာအချက်ပြစနစ်က ဆိုးလွန်းတယ်။ ရာသီဥတုဆိုးလာတဲ့အခါကျရင် သတင်းပို့ဖို့ ပိုခက်ခဲလာလိမ့်မယ်"ထန်ရှုက ပြော၏"ဒီလိုအနေအထားတစ်ခုဖြစ်လာပြီး ရန်သူရောက်လာတဲ့အခါကျရင် ငါတို့တွေ အရေးမသာဖြစ်သွားလိမ့်မယ်"
"မလုံလောက်ရင် ငါတို့တွေ ရဟတ်ယာဉ်တွေ ချက်ချင်းဝယ်နိုင်တာပဲ၊ သူဌေး"မိုအားဝမ်က ပြောလိုက်၏"အချိန်တိုအတွင်းမှာ ရဟတ်ယာဉ်အနည်းဆုံးဆယ်စီးဝယ်နိုင်တဲ့နည်းလမ်း ငါ့မှာ ရှိတယ်။ ပတ်ဝန်းကျင်ပြဿနာအတွက်ကတော့ ဆယ်သွယ်ဖို့ ငါတို့ရဲ့စွမ်းရည်ကို ထိခိုက်စေလိမ့်မယ်လို့ ငါ မထင်ဘူး၊ သူဌေး။ ငါတို့ရဲ့အဆင့်အတန်းကို မင်း မေ့နေတယ်လို့ ငါ ထင်တယ်....."
ငါတို့ရဲ့အဆင့်အတန်းလား။
ထန်ရှုက ငေးကြောင်သွား၏။
***