လီကျွီရမ်၏ရွေးချယ်မှု
Vol. 69 Ch. 954
ဤအခါတွင်မှ မိုအားဝမ်၏သတိပေးချက်က သူ့အား သတိရသွားစေသည်။ သူတို့အားလုံးက ကျင့်ကြံသူများဖြစ်ကြပြီး ဓားပျံကို အသုံးပြုလျက် ပင်လယ်ပြင်၌ လျင်မြန်စွာ ရွေ့လျားနိုင်သည်။ ထို့ပြင် သူက မုန်တိုင်းမသက်ရောက်နိုင်သည့်ဆက်သွယ်ရေးကျောက်စိမ်းစာရွက်များအားလည်း သန့်စင်နိုင်သည်။
"မင်း မှန်တယ်၊ အားဝမ်"ထန်ရှုက ခေါင်းညိတ်ကာ မေးလိုက်သည်"ဒါနဲ့ လုံကျန့်ယုက ဘယ်မှာလဲ။ သူ့ကို ဒီကို လာဖို့ပြော။ ငါ သူနဲ့ ဆွေးနွေးစရာတစ်ခုခု ရှိတယ်"
"ကောင်းပါပြီ၊ သူဌေး....."
ကျင်းရှီက ချက်ချင်း ထွက်ခွာသွား၏။
မိနစ်အနည်းငယ်ကြာပြီးနောက် လုံကျန့်ယုက ကျင်းရှီနှင့်အတူ ရောက်ရှိလာသည်။ ထန်ရှုအား မြင်သောအခါ လုံကျန့်ယုက ချက်ချင်း ပြောလိုက်၏"ညီအကိုထန်၊ ငါတို့က အရမ်းခင်မင်ရင်းနှီးတဲ့သူတွေမလား"
မေးခွန်းက ထန်ရှုအား မျက်မှောင်ကြုတ်သွားစေပြီး သူက ခေါင်းညိတ်ကာ ပြန်ဖြေ၏"ငါတို့က၊ ငါတို့က တကယ်ကို အရမ်းကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုရှိပါတယ်"
"ဒီလိုဆိုရင် ဘာလို့ မင်း ငါ့ကို ကျင့်ကြံခြင်းပညာရပ်တစ်ခု မသင်ကြားပေးနိုင်တာလဲ"လုံကျန့်ယုက မေး၏"ငါက ရေတွင်းအောက်ခြေကနေကောင်းကင်ကိုမော့ကြည့်နေရတဲ့ဖားတစ်ကောင်လိုပဲ။ ကမ္ဘာမှာ မင်းလိုလူတွေ တည်ရှိမှန်း ငါ ဘယ်တော့မှ မသိခဲ့ဘူး။ အခု ငါ သိသွားပြီ၊ ငါ မင်းလို ဖြစ်ချင်တယ်၊ ကောင်းကင်မှာ ပျံသန်းပြီး ကြောက်စရာကောင်းတဲ့တိုက်ခိုက်ရေးစွမ်းပကားကို ပိုင်ဆိုင်ချင်တယ်"
ထန်ရှုက လုံကျန့်ယု၏ဆန္ဒအား ခန့်မှန်းထားပြီဖြစ်၏၊ ထို့ကြောင့် ထိုသို့ တောင်းဆိုလာမည်ကို သူက မျှော်လင့်ထားပြီးသားပင်။ စဉ်းစားပြီးနောက် သူက ပြန်ဖြေလိုက်သည်"ဒီနေရာမှာ ဘာဖြစ်နေလဲဆိုတာ မင်း ရှင်းရှင်းလင်းလင်းသိမယ်လို့ ငါ ယုံတယ်၊ ကျန့်ယု။ ငါတို့ ထိုမှော်ဆရာနှစ်ယောက်ကို သတ်ခဲ့ပေမယ့် ပြဿနာက ကျန်သေးတယ်။ ကောင်းကင်ဘုံမှော်ဆရာကလန်ကကျွမ်းကျင်သူတွေ မကြာခင် ဒီကို ရောက်လာလောက်တယ်။ ဒီလိုရန်သူနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ မင်းကို ကျင့်ကြံခြင်းပညာရပ်သင်ကြားပေးမယ့်အကြောင်း လောလောဆယ်ဘေးဖယ်ထားလိုက်ရအောင်။ ငါတို့ ဒီပြဿနာကို ဖြေရှင်းပြီးတာနဲ့ မင်းကို ကျင့်ကြံခြင်းပညာရပ်သေချာပေါက်သင်ကြားပေးမယ်၊ မင်း ကျင့်ကြံခြင်းလမ်းကြောင်းပေါ် ခြေချနိုင်အောင် ကူညီပေးမယ်"
အဖြေက လုံကျန့်ယုအား ကျေနပ်သွားစေပြီး သူက ချက်ချင်း ပြော၏"ပြဿနာမရှိပါဘူး။ ငါ မင်းပြောတာ နားထောင်ပါ့မယ်၊ ညီအကိုထန်။ ပြီးတော့ ငါ မင်းကို တိုက်ပွဲမှာ မကူညီနိုင်ပေမယ့် မင်း ငါ့အကူအညီလိုအပ်ရင် အခြားငါလုပ်နိုင်တာတွေ ရှိရင် ငါ့ကို ပြော။ ငါ့ရဲ့လုပ်ဆောင်နိုင်စွမ်းအတွင်း ရှိသရွေ့ ငါ အကောင်းဆုံးလုပ်ပေးမယ်"
"ငါ မင်းကို ဆောက်လုပ်ရေးစီမံကိန်းရဲ့အရှိန်ကို မြှင့်တင်စေချင်တယ်။ မင်း လဝက်အတွင်း ပြီးစီးနိုင်ရင် အကောင်းဆုံးပဲ"ထန်ရှုက ပြော၏"ကျွန်းပေါ်ကဆောက်လုပ်ရေးအဖွဲ့ထွက်သွားတာနဲ့ ငါ အကောင်အထည်ဖော်ရမယ့်အစီအစဉ်ကြီးတစ်ခု ရှိသေးတယ်"
"အစီအစဉ်ကြီးတစ်ခုလား"လုံကျန့်ယုက ခေါင်းရှုပ်သွားပြီး မေးလိုက်၏"အဲဒါ ဘာလဲ"
"လောလောဆယ် အဲဒါနဲ့ ပတ်သက်ပြီး ထားလိုက်ရအောင်။ တစ်လအတွင်း ပြီးနိုင်လား မပြီးနိုင်လား မင်းရဲ့အာမခံချက်ကို ငါ လိုအပ်တယ်"ထန်ရှုက ပြောလိုက်သည်။
လုံကျန့်ယုက ခဏစဉ်းစားပြီး အံကြိတ်ကာ ပြော၏"ငါတို့က အချိန်ပိုလုပ်ရင် စီမံကိန်းကို လဝက်အတွင်း ပြီးစီးအောင်လုပ်ဖို့က ပြဿနာတစ်ခုမဟုတ်ဘူး"
"ကောင်းပြီ"ထန်ရှုက ခေါင်းညိတ်ကာ ပြော၏"ဒါနဲ့ ငါ မင်းကို ဒီနေရာကို ကျောက်စိမ်းတစ်သုတ် ယူလာဖို့ ပြောခဲ့တယ်မလား။ မင်း ယူလာခဲ့လား"
လုံကျန့်ယုက ချက်ချင်း ပြန်ဖြေ၏"ငါ အချို့ ယူလာခဲ့တယ်၊ ဒါပေမယ့် ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းတာဝန်ခံဟောင်လဲ့ထံကနေ သူမ ကျောက်စိမ်းအလုံအလောက်မစုဆောင်းရသေးဘူးလို့ ငါ ကြားခဲ့ရတယ်"
ထန်ရှုက သူ့ဟန်းဆက်အား ထုတ်ကာ ဟောင်လဲ့၏ဖုန်းနံပါတ်အား ခေါ်လိုက်သည်။
"မင်္ဂလာပါ၊ သူဌေး"ဟော်လဲ့၏အသံက ဖုန်းမှ ထွက်ပေါ်လာသည်၊ သူမ၏အသံက အတော်လေးစိတ်လှုပ်ရှားနေပုံရ၏။
"မင်းရဲ့လက်ရှိအခြေအနေ ဘယ်လိုရှိလဲ"ထန်ရှုက အသံနက်ရှ်ိုင်းစွာနှင့် မေးလိုက်သည်"မင်း ငါ့အတွက် ကျောက်စိမ်းအလုံအလောက် မစုဆောင်းရသေးဘူးလား"
"ငါ အလုံအလောက်ရနိုင်သင့်ပေမယ့် အခက်အခဲအချို့ တွေ့ခဲ့ရတယ်၊ သူဌေး"ဟော်လဲ့က ခါးသီးစွာ ပြုံးလျက် ပြော၏"လူအချို့ကလဲ ကျောက်စိမ်းတွေကို အများအပြား ဝယ်နေတယ်၊ ဒါကြောင့် တန်ဖိုးက ဆက်တိုက်မြင့်တက်လာနေတယ်။ ဒီအချိန်မှာ ငါတို့က ကျောက်စိမ်းတွေကို လက်လွတ်စပယ်ဝယ်ရင် ငါတို့ လုံးဝအကျိုးအမြတ်ရမှာမဟုတ်ဘူး"
"အခြားဝယ်သူတွေက ဘယ်သူလဲဆိုတာ မင်း သိလား"ထန်ရှုက မေးလိုက်သည်။
"သိပါတယ်။ ငါ လူအချို့လွှတ်ပြီး စုံစမ်းခဲ့တယ်။ အဲဒါ ဟောင်ကောင်မှလီကျွီရမ်ပဲ"
လီကျွီရမ်လား။
ထန်ရှု၏မျက်ခုံးများက တွန့်သွားပြီး သူက ပဟေဠိဖြစ်သွားရသည်။ လီကျွီရမ်က သာမန်လူတစ်ယောက်မျှသာ၊ ဤလူက သူ၏သက်တမ်းတိုးမြှင့်ရန်အတွက် သူ့ထံမှ ဆေးလုံးအချို့ ဝယ်ခဲ့သည်။ ဒီလောက်များတဲ့ကျောက်စိမ်းတွေ ဝယ်ပြီး သူက ဘာလုပ်ချင်တာလဲ။ စဉ်းစားသော်လည်း မဖော်ထုတ်နိုင်သဖြင့် ကျောက်စိမ်းများအား တန်ဖိုးဂရုမစိုက်ဘဲ အမြန်ဝယ်ရန် ဟော်လဲ့အား အမိန့်ပေးပြီးနောက် လီကျွီရမ်အား တိုက်ရိုက်ဖုန်းခေါ်ရန် ဆုံးဖြတ်ခဲ့သည်။
.
ဟောင်ကောင်။
လီကျွီရမ်က သူ့ရုံးခန်းထဲတွင် စာရွက်စာတမ်းတစ်ပုံအား ဖတ်ရှုနေသည်။ သူ့အရှေ့တွင် တရုတ်ချူးနစ်ဝတ်စုံနှင့်လူလတ်ပိုင်းနှစ်ယောက်ရှိသည်၊ ဓားရှည်လွယ်ထားလျက် သူ့အား စိုက်ကြည့်နေသည်။
"အလိုလေး....."
အချိန်တစ်ခုကြာ ဖတ်ရှုပြီးနောက် လီကျွီရမ်က သူ့လက်ထဲရှိ စာရွက်စာတမ်းများအား ချကာ လူလတ်ပိုင်းနှစ်ယောက်အား ကြည့်လိုက်သည်။ အားတင်းပြုံးလျက် သူက ပြော၏"လူကြီးမင်းနှစ်ယောက်၊ တကယ်တော့ မင်းတို့လိုအပ်တဲ့အရေအတွက်က များလွန်းတယ်။ လက်ရှိအနေအထားအရ ဈေးကွက်ထဲမှာ အလုံအလောက်မရှိဖြစ်နေတယ်၊ ဒါကြောင့် တန်ဖိုးက မြင့်တက်နေတယ်။ လက်ရှိတန်ဖိုးက အတိတ်မှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့အထိ ပိုမြင့်နေပြီ"
ဘယ်ဘက်တွင်ရပ်နေသောလူလတ်ပိုင်းက ခေါင်းခါယမ်းကာ ပြော၏"ပိုက်ဆံက ငါတို့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး၊ တန်ဖိုးနဲ့ ပတ်သက်ပြီး ငါတို့ဂရုမစိုက်ဘူး၊ မစ္စတာလီ။ အခု ငါတို့က ကျောက်စိမ်းတွေ အမြောက်အများ အဆောတလျင် လိုနေတယ်၊ ဒါကြောင့် မင်း ငါတို့ကို ကူညီပေးဖို့ မျှော်လင့်တယ်။ ငါတို့က မင်းရဲ့မြေးကို အမည်ခံတပည့်တစ်ယောက်အဖြစ် လက်ခံနိုင်တယ်၊ ဒါဆိုရင် အနာဂတ်မှာ မင်းတို့ရဲ့လီမိသားစုမှာ ကျင့်ကြံသူတစ်ယောက် ရှိလာလိမ့်မယ်။ ဒါက ငါတို့ မင်းကို ကမ်းလှမ်းနိုင်တဲ့ရိုးသားမှုပဲ"
သို့သော် လီကျွီရမ်၏မျက်လုံးများက စားပွဲပေါ်ရှိစာရွက်စာတမ်းများပေါ်သို့ ကျရောက်သွားပြန်သည်။ စာရွက်စာတမ်းပေါ်ရှိအကြောင်းအရာများအရ ဟောင်ကောင်၏ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းပါဝင်နေသောကြောင့် သူ့အား သတိကြီးစေသည်။ ဤလုပ်ငန်းအား ဘယ်သူပိုင်ဆိုင်သလဲကို အခြားသူများ မသိနိုင်သော်လည်း သူက ရှင်းရှင်းလင်းလင်းသိ၏။
ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းက ကျောက်စိမ်းအရိုင်းတုံးများအား အမြောက်အများဝယ်ယူနေသည်။ ထန်ရှုက ကျောက်စိမ်းများအား အရေးတကြီးလိုအပ်နေသည်ဟု ပြောနိုင်သည်။ ဤအချိန်တွင် ကျောက်စိမ်းအရိုင်းတုံးများအတွက် ထန်ရှုနှင့် ယှဉ်ပြိုင်ရန် ရွေးချယ်လျှင် ထန်ရှုအား ဆန့်ကျင်မိမည်ကို စိုးရိမ်၏။ သို့သော် သူက သူ့ရှေ့ရှိလူနှစ်ယောက်၏သဘောတူညီချက်အား မဖြည့်ဆည်းပေးနိုင်လျှင်၊ ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းနှင့်အပြိုင် ဈေးကွက်ထဲရှိ ကျောက်စိမ်းများအား ဝယ်ယူရန် တိုက်ပွဲမှ သူ နောက်ဆုတ်သင့်သလော။
ဒါက သူ့အား ခေါင်းကိုက်စေသည်၊ ဘေးကျပ်နံကျပ်ဖြစ်စေ၏။
လီကျွီရမ်က နားထင်ပွတ်ရင်း ပြောမည့်ဆဲဆဲတွင် စားပွဲပေါ်ရှိဖုန်းက ရုတ်တရက် မြည်လာ၏။ သူက စကားများအား ပြန်မျိုချပြီး ဖုန်းမျက်နှာပြင်ပေါ်ရှိ ဖုန်းခေါ်သူအမည်အား မြင်ပြီးနောက် သူ့အမူအရာက ပြောင်းလဲသွားသည်။
အခု ထန်ရှုက ငါ့ကို ဖုန်းခေါ်နေတာလား။ ငါက ဈေးကွက်ထဲရှိကျောက်စိမ်းတွေအမြောက်အများဝယ်ယူနေတဲ့သူဆိုတာ သူ့လူတွေက စုံစမ်းသွားပြီးပြီလား။
သူက တွေးလိုက်ရင်း လီကျွီရမ်က တရုတ်ချူးနစ်ဝတ်စုံအားဝတ်ဆင်ထားထားသောလူလတ်ပိုင်းနှစ်ယောက်အား ချက်ချင်းကြည့်ကာ ပြောလိုက်၏"လူကြီးမင်းနှစ်ယောက်၊ ဒါနဲ့ပတ်သက်ပြီး စဉ်းစားဖို့၊ အဖြေရှာဖို့ မင်းတို့ ငါ့ကို အချိန်အချို့ပေးနိုင်မလား။ ပြီးတော့ ဒီည ထာဝရခန်းမမှာ ညစာစားဖို့ ငါ မင်းတို့ကို ဖိတ်ခေါ်ချင်တယ်၊ ထိုအချိန်ကျရင် ငါ မင်းတို့ကို အကြောင်းပြန်ပါ့မယ်။ ဘယ်လိုသဘောရလဲ"
လူလတ်ပိုင်းနှစ်ယောက်က အကြည့်များဖလှယ်ကာ ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။ သူတို့အား လိုက်ပို့ရန် လီကျွီရမ်၏ကမ်းလှမ်းမှုအား ငြင်းပယ်ပြီးနောက် သူတို့က ရုံးမှ တိုက်ရိုက်ထွက်ခွာသွားခဲ့၏။
လီကျွီရမ်က ဖုန်းကိုင်ကာ ပြောလိုက်သည်"မင်္ဂလာပါ၊ ထန်ရှု"
"အကြီးအကဲလီ၊ ငါ မင်းဆီကနေ ရှင်းပြချက်တစ်ခု လိုချင်တယ်"
"မင်း ငါ့ဆီက ဘာရှင်းပြချက်လိုအပ်တယ်ဆိုတာ ငါ သိတယ်၊ ထန်ရှု"လီကျွီရမ်က ခါးသီးစွာ ပြုံးလျက် ပြောလေသည်"မင်းရဲ့ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းက ကျောက်စိမ်းအရိုင်းတုံးတွေ ဝယ်နေတယ်ဆိုတာ ငါ မသိခဲ့တာကြောင့် ရန်စတယ်လို့ မမှတ်ယူလိုက်ပါနဲ့၊ ထန်ရှု။ လွန်ခဲ့တဲ့ဆယ်ရက်လောက်က ဆန်းကြယ်တဲ့လူနှစ်ယောက်က ငါ့ဆီ ရောက်လာတယ်။ သူတို့ရဲ့အထောက်အထားက ကျင့်ကြံသူတွေဆိုပေမယ့် သူတို့ရဲ့ဇာစ်မြစ်ကိုတော့ မသိသေးဘူး။ ကျောက်စိမ်းတွေ ဝယ်ယူဖို့ သူတို့ကို ကူညီပေးတဲ့အတွက် အလဲအလှယ်အနေနဲ့ ငါ့မြေးကို သူတို့ရဲ့တပည့်အဖြစ် လက်ခံပြီး ကျင့်ကြံခြင်းပညာရပ်သင်ကြားပေးဖို့ ညှိနှိုင်းခဲ့တယ်။ မင်း ဖုန်းမကိုင်ခင် စောစောကပဲ သူတို့ ငါ့ရှေ့မှာ ရပ်နေခဲ့တာ"
"သူတို့ဘယ်သူလဲ၊ ဘာလို့ ဒီလောက်များတဲ့ကျောက်စိမ်းအရိုင်းတုံးတွေကို သူတို့ဝယ်ဖို့လိုအပ်တယ်ဆိုတာ မင်း တကယ်မသိတာလား"ထန်ရှုက မေး၏။
"ငါ တကယ်မသိတာပါ"လီကျွီရမ်က ပြန်ဖြေ၏။
ထန်ရှုက ခဏနှုတ်ဆိတ်သွားပြီး ပြောလိုက်သည်"အကြီးအကဲလီ၊ ငါ ကျောက်စိမ်းအရိုင်းတုံးတွေကို အရေးတကြီးလိုအပ်နေတယ်။ ငါ့ရဲ့အဓိကအစီအစဉ်တစ်ခုကို လုပ်ဆောင်ဖို့ ဆယ့်ငါးရက်အတွင်း ကျောက်စိမ်းတွေ အလုံအလောက်ရရမယ်။ ဒါကြောင့် မင်းရဲ့အဆက်မပြတ်ဝယ်ယူမှုကို လက်လျော့ဖို့ ငါ မျှော်လင့်တယ်။ လျော်ကြေးအနေနှင့် မင်းရဲ့မိသားစုကို ကျင့်ကြံခြင်းပညာရပ်တစ်ခု ငါ သင်ကြားပေးမယ်"
ထန်ရှု၏စကားများမှ အခြားအဓိပ္ပါယ်တစ်ခုကို ကောက်ထုတ်နိုင်သောကြောင့် လီကျွီရမ်၏မျက်လုံးများက လင်းလက်သွား၏။ အရင်ကျင့်ကြံသူနှစ်ယောက်က သူ့မြေးကိုသာ အမည်ခံတပည့်အဖြစ် လက်ခံရန် ကတိပေးခဲ့သည်။ သူတို့ထံမှ နောက်ထပ်တောင်းဆိုချက်တစ်ခုရှိသေး၏၊ ကျင့်ကြံခြင်းပညာရပ်အား အခြားတစ်ယောက်အား လွှဲပြောင်းပေးခြင်းမှ တားမြစ်ထားသည်။ သို့သော် ထန်ရှု၏စကားများတွင် ထိုအဓိပ္ပါယ်မပါဝင်ပေ။ သူက ကျင့်ကြံခြင်းပညာရပ်အား လီမိသားစုထံ ပေးအပ်မည်၊ ဆိုလိုသည်ကား သူ့မိသားစုက ရရှိသည်နှင့် ဘယ်သူကျင့်ကြံနိုင်သလဲအား ဆုံးဖြတ်ပိုင်ခွင့်ရှိ၏။
လူတစ်ယောက်နဲ့ မိသားစုတစ်ခုလုံးနဲ့ ယှဉ်ရင်.......
လီကျွီရမ်အနေနှင့် ချက်ချင်းဆုံးဖြတ်ချက်ချရန် လွယ်ကူသည်။ သူက လေးနက်စွာ ပြောလိုက်၏"ထန်ရှု၊ ငါ ဝယ်ယူထားတဲ့ကျောက်စိမ်းအရိုင်းတုံးအများစုကို တစ်ဖက်လူတွေကို လွှဲပေးပြီးပြီ၊ ဒါပေမယ့် ငါ့ရဲ့ဂိုဒေါင်မှာ သိမ်းထားတဲ့ အချို့ ကျန်ရှိသေးတယ်။ ငါ အဲဒါတွေကို ခမ်းနားသောကံကြမ္မာကျောက်မျက်ရတနာလုပ်ငန်းတာဝန်ခံဟောင်လဲ့မိုဆီ လျှို့ဝှက်ပို့ပေးလိုက်မယ်။ ပြီးတော့ ကျောက်စိမ်းအရိုင်းတုံးတွေ ဝယ်ယူတာကို အနည်းဆုံး လဝက်ရပ်တန့်လိုက်မယ်"
"ဒါဆိုရင် ကျေးဇူးအများကြီးတင်ပါတယ်၊ အကြီးအကဲလီ"ထန်ရှုက ကျေနပ်စွာ ပြုံးလျက် ဆိုလိုက်သည်"အချိန်အချို့ကြာရင် ငါ ဟောင်ကောင်ကို လာလည်မယ်၊ ငါ့ရဲ့ကျေးဇူးတင်မှုကို ပြသဖို့ မင်းကို စားသောက်ပွဲတစ်ခု လာဖို့ ဖိတ်ခေါ်ပါ့မယ်"
"ဒါ ပြောစရာမလိုပါဘူး။ ငါတို့က မိတ်ဆွေတွေပဲ။ အရင်ကတည်းက မင်းဆီကနေ အကျိုးအမြတ်အများကြီး ငါ ရထားပြီးပြီ"လီကျွီရမ်က ရယ်ကာ ပြောလိုက်ချေသည်။
နဂါးကိုးကောင်ကျွန်း။
ထန်ရှုက ဖုန်းချကာ မိုအားဝူအား ကြည့်လိုက်၏"ရှောင်ရွှယ်ကို ဖုန်းခေါ်။ ကျီချီးမိန်ကို ကျင်းမန်ကျွန်းပေါ်က သူမရဲ့အလုပ်တွေ ရပ်ခိုင်းပြီး နဂါးကိုးကောင်ကျွန်းကို အမြန်လာခိုင်းလိုက်။ ငါ့ရဲ့လက်ရှိစွမ်းအားက အားနည်းနေသေးတယ်၊ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတွေအတွက် ပြိုင်ဘက်မဟုတ်လောက်ဘူး။ ဒီနေရာက ငါတို့ရဲ့ဌာနချုပ်ပဲ၊ ဒီနေရာမှာ အမိန့်ပေးဖို့ ငါ သူမကို လိုအပ်တယ်"
"နားလည်ပါပြီ"မိုအားဝူက ခေါင်းညိတ်ကာ ပြန်ဖြေသည်။
နောက်တစ်နေ့ရောက်လာပြီး ထန်ကွမ်းနှင့်ထန်အန်းတို့က စင်းလုအန်၊ လှပသောအမျိုးသမီး၊ စင်းလုအန်၏အစောင့်အကြီးအကဲငါးယောက်တို့နှင့်အတူ ရောက်ရှ်ိလာသည်။ သူတို့အား လက်ခံပြီးနောက် ကျွန်းပေါ်တွင် အသစ်ဆောက်လုပ်ထားသောအဆောက်အဦးတစ်ခု၌ နေရာချပေးသည်။ ပြဿနာများအား ရှောင်ရှားရန် ကျွန်းပေါ်ရှိအနေအထားနှင့်ပတ်သက်ပြီး သူတို့အား ဘာတစ်ခုမှ မပြောခဲ့ပေ၊ သတ်မှတ်ထားသောအဆောက်အဦးထဲတွင်သာ နေပြီး ကျွန်းပေါ်တွင် လိုက်လျှောက်မသွားရန် သူတို့အား ပြောထားခဲ့၏။
တတိယနေ့တွင် ထာဝရခန်းမမှကျွမ်းကျင်သူအယောက်ရှစ်ဆယ်က ရောက်ရှိလာ၏။ ထန်ရှု၏စီစဉ်မှုအောက်တွင် သူတို့အား ကျွန်းတစ်လျှောက် ဖြန့်ကျဲကာ စောင့်ကြပ်စေသည်။ လာမည့်တိုက်ပွဲအတွက် ပြင်ဆင်ရန်အလို့ငှာ ထန်ရှုက အချိန်အချို့ယူကာ သူတို့အား မှော်မန္တန်များအား သင်ကြားပေးခဲ့သည်။
ထို့ပြင် ထန်ရှုက အရန်အဖွဲ့ဝင်တစ်ဖွဲ့အား စီစဉ်ကာ ရေမိုင်နှစ်ရာအတွင်းရှိစွန့်ပစ်ကျွန်းများ၌ တပ်စခန်းချရန် အမိန့်ပေးခဲ့သည်။ သူတို့က ပင်လယ်အနေအထားအား စောင့်ကြည့်ရန် တာဝန်ရှိသည်၊ သံသယဖြစ်ဖွယ်လှေ၊ သင်္ဘော၊ ရေယာဉ်နှင့်လူများအား ရှာတွေ့ပါက သူ့အား ချက်ချင်းတင်ပြရမည်။
အချိန်က တရွေ့ရွေ့ သွားနေပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်လေးရက်တာ ကုန်ဆုံးသွားလေပြီ။ အရှေ့အရပ်မှ နေရောင်ခြည်တန်း ပထမဆုံး ထွက်ပေါ်လာသည့်အချိန်တွင် နန်းတော်ခေါင်မိုးပေါ်တွင်ထိုင်နေသောထန်ရှုက လုံကျန့်ယု၏သူ့အားခေါ်သံကို ကြားလိုက်ရသည်။
***