← Chapters

နဂါးကိုးကောင်ပေါင်းစည်းခြင်းအစီအရင်

Vol. 69 Ch. 955

နဂါးကိုးကောင်ပေါင်းစည်းခြင်းအစီအရင်

Vol. 69 Ch. 955

နန်းတော်ခေါင်မိုးမှ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် လုံကျန့်ယု၏အရှေ့တွင် ရပ်ကာ ထန်ရှုက မေးလိုက်သည်"တစ်ခုခုရှိလို့လား"

"ငါတို့ရဲ့သဘောတူညီချက်အတိုင်း အလုပ်အားလုံးပြီးသွားပြီ"လုံကျန့်ယုက ပြုံးကာ ပြော၏"ဒီ‌‌နေ့ပဲ အလုပ်သမားတွေအားလုံးကို နဂါးကိုးကောင်ကျွန်းကနေ ခေါ်ထုတ်သွားနိုင်တယ်၊ စက်ပစ္စည်းတွေကိုတော့ သုံးရက်အတွင်း ပို့ဆောင်လို့ရမယ်"

"အနာဂတ်မှာ အသုံးလိုလောက်မယ့်စက်ပစ္စည်းအချို့ကို ဒီနေရာမှာ ချန်ထားခဲ့ပါ"ထန်ရှုက ပြောလေ၏"မင်းနဲ့တွဲဖက်လုပ်ဖို့ အားဝူကို ငါ အမိန့်ပေးလိုက်မယ်။ ပြီးတော့ လုံကျန့်ယု၊ မင်းက ငါတို့ထဲကတစ်ယောက်ပဲ။ ဒါကြောင့် ဒီကျွန်းရဲ့တည်ရှိမှုကို လျှို့ဝှက်ချက်အဖြစ် မင်း ထိန်းထားနိုင်မယ်လို့ ငါ မျှော်လင့်တယ်။ အလုပ်သမားတွေကတောင် ဒီနေရာရဲ့လျှို့ဝှက်ချက်ကို ထိန်းသိမ်းရမယ်"

"သူတို့ရဲ့ပါးစပ်ကို ပိတ်ဖို့ သူတို့ကို ပိုက်ဆံပေးထားပြီးသား"လုံကျန့်ယုက အေးစက်သောမျက်လုံးနှင့် ပြောလေ၏"ဒါနဲ့ ပတ်သက်ပြီး မင်း စိတ်အေးအေးထားပါ။ ဖောက်ဖျက်ရင် ဖြစ်လာယ့် သွေးထွက်သံယိုပြကွက်တွေကို သူတို့ကို ငါ ပြထားပြီးသားပါ၊ ဒါကြောင့် ဘာကို ပြောလို့ရတယ်၊ ဘာကို ပြောလို့မရဘူးဆိုတာ သူတို့ ရှင်းရှင်းလင်းလင်းသိပါတယ်။ ပြီးတော့ လူအချို့ကို သူတို့ရဲ့လိပ်စာနဲ့နေအိမ်ကို စာရင်းပြုစုခိုင်းထားတယ်၊ သူတို့ကို ခြိမ်းခြောက်ဖို့ သူတို့ရဲ့ဆွေမျိုးတွေ၊ မိတ်ဆွေတွေရောပေါ့။ သူတို့ မသေချင်ရင် ဘာတစ်ခုမှ ဖွင့်ဟရဲမှာ မဟုတ်ဘူး"

ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လျက် သူ့ပခုံးအား ပုတ်လိုက်သည်။"နဂါးကိုးကောင်ကျွန်းက အနာဂတ်မှာ ငါ့ရဲ့ဌာနချုပ်ဖြစ်ပြီး လက်နက်ကိုင်တပ်သားအမြောက်အများက စောင့်ကြပ်နေလိမ့်မယ်။ ငါ့ခွင့်ပြုချက်မပါဘဲ အပြင်လူတစ်ယောက်မှ ဝင်ခွင့်မရှိဘူး။ ဒါပေမယ့် မင်းကိုတော့ အချိန်မရွေး ဒီနေရာနေ ကြိုဆိုပါတယ်"

"မင်းက ငါ့ကို ညီအကိုတစ်ယောက်အဖြစ် ဆက်ဆံသလို ငါကလဲ မင်းကို ဆွေမျိုးသားချင်းတစ်ယောက်လို သတ်မှတ်ထားပါတယ်"လုံကျန့်ယုက ပြုံးကာ ပြောလိုက်၏။

"ငါ မင်းပြောတာ ယုံပါတယ်"ထန်ရှုက ပြုံးကာ ပြော၏"ဟုတ်ပြီ၊ မင်းရဲ့ပစ္စည်းတွေကို ထုတ်ပိုးပြီး ဆောက်လုပ်ရေးအဖွဲ့ရဲ့အလုပ်သမားတွေကိုလဲ ဂရုစိုက်အုံး။ ကျွန်းက မကြာခင် ငြိမ်းချမ်းမှုမရှိတော့မှာ ငါ စိတ်ပူတယ်၊ ငါ မင်းကို မပါဝင်မပတ်သက်စေချင်ဘူး"

"ငါတို့က ညီအကိုတွေလို့ မင်း ပြောခဲ့တယ်မလား၊ ထန်ရှု။ မင်း တစ်ယောက်တည်း အရာအားလုံး ရင်ဆိုင်နေတာကို ငါ ဘေးမှာ ရပ်ကြည့်မနေနိုင်ဘူး"လုံကျန့်ယုက ‌ပြတ်သားစွာ ပြောချေသည်"ငါ့ ဘာလုပ်ရမလဲ မင်း ငါ့ကို ပြော။ ငါ မင်းနဲ့ အကောင်းဆုံးပူးပေါင်းလုပ်ဆောင်မှာပါ"

"ငါလက်မခံနိုင်ဘူး၊ အကို"ထန်ရှုက ခေါင်းခါယမ်းလိုက်၏"နဂါးကိုး‌ကောင်ကျွန်းပေါ်မှာ သာမန်လူတွေ ဆက်နေတာက ငါ့အတွက် အကူအညီထက် ဝန်ထုတ်ဝန်ပိုး ပိုဖြစ်စေတယ်။ငါ ပြောတာ နားထောင်ပြီး မြန်မြန်ထွက်သွား။ ငါ ပြည်မကို ပြန်လာတာကို စောင့်နေပါ"

ဤအရာက လုံကျန့်ယုအား ခဏနှုတ်ဆိတ်သွားစေပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်"ဒါဆိုလဲ ဂရုစိုက်ပါ။ မင်း ပြည်မ ပြန်လာမှာကို ငါ စောင့်နေမယ်"

"စိတ်ချပါ"ထန်ရှုက ခေါင်းညိတ်လိုက်သည်။

လုံကျန့်ယုနှင့်ဆောက်လုပ်ရေးအဖွဲ့ထွက်ခွာသွားပြီးနောက် နောက်တစ်နေ့မနက်တွင် ကျွန်းပေါ်တွင်တည်‌ဆောက်ထား‌သောသီးသန့်ဂိုဒေါင်သို့ ထန်ရှုက ရောက်ရှိလာသည်။ ဤနေရာတွင် သိုလှောင်ထားသော ကျောက်စိမ်းအရိုင်းတုံးများ၏ရှားပါးမှုကြောင့် သူက မိုအားဝူအား သည်ရက်အနည်းငယ်အတွင်း စောင့်ကြပ်စေခဲ့၏။

"သူဌေး...."သူ ရောက်လာသည်ကို မြင်ပြီး မိုအားဝူက ချက်ချင်းနှုတ်ဆက်၏။

သူ့အား ခေါင်းညိတ်တုံ့ပြန်ကာ ထန်ရှုက ပြော၏"ကျွန်းပေါ်မှာ အပြင်လူတွေ ရှိနေတာကြောင့် ကျောက်စိမ်းအရိုင်းတုံးတွေကို ဒီနေရာမှာပဲ ငါ ထားထားတယ်။ ငါ အားလုံး ယူသွားမှာမို့လို့ မင်း ထပ်စောင့်ကြပ်စရာမလိုတော့ဘူး။ ဒါပေမယ့် မင်းကို လုပ်ခိုင်းရမယ့် ကိစ္စတစ်ခု ရှိတယ်"

"ဘာကိစ္စလဲ၊ သူဌေး"မိုအားဝူက မေး၏။

"မင်း ယောက်သွားကျွန်းကို သွားပြီး လေ့ကျင့်ပေးထားတဲ့ကလေးအယောက်တစ်သောင်းထဲကနေ အကောင်းဆုံးသုံးထောင်ကို ရွေးခေါ်လာခဲ့"ထန်ရှုက ပြောလိုက်၏"ဒီနေရာကို သူတို့ကို အလျှို့ဝှက်ဆုံး ခေါ်လာပါ။ တစ်ယောက်မှ မင်းတို့ရဲ့တည်‌နေရာကို မသိစေနဲ့၊ သိတဲ့လူဘယ်သူမဆို ရှင်းပစ်"

"ငါ သေချာပေါက် အောင်မြင်အောင် လုပ်ပါ့မယ်၊ သူဌေး။ စိတ်အေး‌အေးထားပါ"မိုအားဝူက မျက်နှာတည်တည်နှင့် ပြောလိုက်၏။

ထန်ရှုက ခဏစဉ်းစားပြီး ထပ်ပြော၏"အစ္စ‌ရေးရဲ့၁၃၁၉အကျဉ်းထောင်က‌‌နေ ငါခေါ်ထုတ်လာတဲ့ အကျဉ်းသားတွေ ရှိတယ်။ သူတို့ကို စစ်ဆေးစောင့်ကြည့်နေတုန်းပဲ၊ ငါတို့ထာဝရခန်းမရဲ့အဖွဲ့ဝင်တွေ မဖြစ်လာသေးဘူး။ ဒါကြောင့် ကလေးသုံးထောင်ဦးတည်သွားမယ့်‌နေရာနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ သူတို့သိလို့မရဘူး"

"သူတို့မေးလာရင် ငါ ဘယ်လိုပြောရမလဲ"မိုအားဝူက မေးလိုက်သည်။

"ငါ မင်းကို ကလေးသုံးထောင်ကို အခြားတစ်နေရာကို ပြောင်းရွှေ့ခိုင်းတယ်လို့ သူတို့ကို ပြော"ထန်ရှုက ပြောလေ၏"ဒါက လုံးဝလျှို့ဝှက်ချက်တစ်ခုဆိုတာ သူတို့ကို သိစေပါ"

"ငါ နားလည်ပါပြီ"ပြန်ဖြေပြီးနောက် မိုအားဝူက ချက်ချင်းထွက်ခွာသွား၏။

ထန်ရှုက ကျောက်စိမ်းအရိုင်းတုံးအားလုံးအား သူ၏နေရာလပ်လက်စွပ်ထဲသို့ ထည့်သွင်းပြီး နဂါးကိုးကောင်ကျွန်းပတ်ပတ်လည်၌ ဖုန်းရွှေအစီအရင်တည်ဆောက်ရန် သူ၏ယခင်အစီအစဉ်အား စတင်အကောင်အထည်ဖော်ခဲ့၏။

အစီအရင်က နဂါးကိုးကောင်ပေါင်းစည်းခြင်းအစီအရင်ဟု ခေါ်ပြီး အင်မော်တယ်ကမ္ဘာတွင် သူ စီရင်ခဲ့သောအကာအကွယ်အစီအရင်ဖြစ်၏။ လက်ရှိသူ့စွမ်းအားအကန့်အသတ်ကြောင့် သူက ပိုရိုးရှင်းသောဗားရှင်းကိုသာ တည်ဆောက်နိုင်သည်။ သို့သော် ဤအစီအရင်ပြီးသွားသည်နှင့် အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူများအသာထား၊ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် ကိုယ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ကျွမ်းကျင်သူများပင် ထိုးဖောက်နိုင်မည်မဟုတ်ပေ။

တစ်နေ့လုံး မစားမသောက်မအိပ်ဘဲ ထန်ရှုက အစီအရင်အား တည်ဆောက်ခဲ့သည်။ အောင်မြင်စွာ စီစဉ်ပြီးနောက် ရွှေရောင်စွမ်းအင်ဒိုင်းကာတစ်ခုက နဂါးကိုးကောင်ကျွန်းတစ်ခုလုံးအား လွှမ်းခြုံသွား၏။ ထူးခြားလှသည့်ရွှေရောင်စာလုံးများက ဒိုင်းကာအား အဆက်မပြတ်လှည့်ပတ်နေပြီး ကီလိုမီတာငါးရာအတွင်းရှိကောင်းကင်မြေကြီးစွမ်းအင်အား အထဲသို့ စုပ်ယူခဲ့သည်။

"ကမ္ဘာ့စွမ်းအင်ကြွယ်ဝမှုက ဆယ်ဆပိုတိုးလာတာပဲ။ ရှုသွင်းလိုက်တိုင်း သိပ်သည်းတဲ့ကမ္ဘာစွမ်းအင် ငါ့ခန္ဓာကိုယ်ထဲ ဝင်လာတာကို ငါ ခံစားမိတယ်။ ဒီလိုခံစားချက်.....တကယ်ကို အံ့ဖွယ်ပဲ"

တူညီသောအတွေးများက နဂါးကိုး‌ကောင်ကျွန်းပေါ်ရှိလူတစ်ရာထဲတွင် ဖြစ်ပေါ်လာနေလျက်ရှိ၏။

****

ကျယ်ပြောတဲ့ပင်လယ်ထဲတွင် အလယ်အလတ်စားသင်္ဘောတစ်စင်းက နဂါးကိုးကောင်ကျွန်းဆီသို့ ခုတ်မောင်းလာနေသည်။ သင်္ဘောဦးပေါ်တွင် အပြာရောင်ဝတ်ရုံနှင့်တင့်တယ်လှပသည့်တာအိုအမျိုးသမီးတစ်ယောက်က ရပ်နေလေ၏။ သူမအနောက်တွင် ဆံထိုးထုံးထားသည့်အဖြူရောင်ဝတ်ရုံနှင့်လှပသောအမျိုးသမီးလေးယောက်ရှိသည်။ အသွင်အပြင်အရ သူတို့က ကျင့်ကြံခြင်းလောကထဲ နစ်မြုပ်ထားသူများ ဖြစ်တန်ရာ၏။

"အခု ဘာဖြစ်နေတာလဲ"

ရုတ်တရက် အပြာရောင်ဝတ်ရုံနှင့်တာအိုသီလရှင်၏အမူအရာက ပြောင်းလဲသွားသည်။ ပတ်ဝန်းကျင်ရှိကမ္ဘာစွမ်းအင်က အရှေ့တောင်ဘက်သို့ ဒီရေလှိုင်းတစ်ခုအလား စုပြုံသွားနေသည်ကို သူမက အာရုံခံစားနိုင်၏။ ထို‌နေရာတွင် အာကာသတွင်းနက်တစ်ခုက ကမ္ဘာစွမ်းအင်အား ဝါးမျို‌နေသလိုပင်။

အဖြူရောင်ဝတ်ရုံနှင့်မိန်းကလေးလေး‌ယောက်သည်လည်း သူတို့မျက်လုံးများအား တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြသည်၊ မျက်နှာပေါ်တွင် အံ့အားသင့်သောအကြည့်များနှင့်အတူ သူတို့၏အာရုံအား တောင်စူးစူးသို့ ရွှေ့ပြောင်းလိုက်ကြ၏။

သူတို့ထဲကတစ်ယောက်က ရှေ့သို့ နှစ်လှမ်းတိုးကာ ရိုသေလေးစားစွာ ပြော၏"ဆရာ၊ စိတ်ဝိညာဉ်ချီရဲ့ပန်းတိုင်က ငါတို့သင်္ဘောရဲ့ဦးတည်ဘက်နဲ့ ကိုက်ညီနေတယ်။ ဂျူနီယာမောင်လေးတွေရှိတဲ့ကျွန်းပေါ်ကို သွားနေတာ ဖြစ်နိုင်မလား"

"မင်းတို့အားလုံး ကျွန်းပေါ်မှာ နေခဲ့၊ ငါ့အတွက် အနေအထားကို ကင်းထောက်ထားပေး"အမျိုးသမီးတာအိုပညာရှင်က လေးနက်စွာ ပြောလိုက်သည်"မင်းတို့ရဲ့ဂျူနီယာမောင်လေးတွေဆီက ငါ ရထားတဲ့ သတင်းအရ သူတို့က နဂါးကိုးကောင်ကျွန်းပတ်လည်ကစွန့်ပစ်ကျွန်းတွေပေါ်မှာလဲရှိတယ်ဆိုတာ မှတ်ထားပါ။ ကျွန်းပိုင်ရှင်က သူ့လူတွေကို အဲဒီစွန့်ပစ်ကျွန်းတွေပေါ်ကနေ စောင့်ကြည့်ခိုင်းထားတယ်။ သူတို့နဲ့ တွေ့တဲ့အခါကျရင် မင်းတို့ရဲ့အထောက်အထားကို ပြောပြလိုက်ပါ"

"နားလည်ပါပြီ"မိန်းကလေးလေးယောက်က ရိုသေလေးစားစွာ ပြန်ဖြေသည်။

အမျိုးသမီးတာအိုပညာရှင်၏ပုံရိပ်က လွင့်မျောသွားပြီး အရှေ့တောင်အရပ်ဆီသို့ ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ခြေထောက်အောက်ရှိဆံကျင်က ပိုပိုကြီးလာပြီး သူမအား သယ်ဆောင်လျက် နဂါး‌ကိုးကောင်ကျွန်းဆီသို့ လျင်မြန်စွာ ချဉ်းကပ်သွားနေ၏။

"ဟမ့်၊ ဒါ ဘာလဲ"

နဂါးကိုးကောင်ကျွန်းတစ်ခုလုံးလွှမ်းခြုံထားသည့်ရွှေရောင်စွမ်းအင်ဒိုင်းကာအား မြင်ပြီး သူမမျက်လုံးများက ကျုံ့သွားတော့သည်။ မြင်ကွင်းက ကြီးမားသောလှိုင်းဂယက်များအား သူမ၏နှလုံးသားထဲ၌ ထကြွစေ၏။ထိုအရာ ဘာဖြစ်သည်ကို သူမ သိ၏၊ ဤအရာက သူမအား ထိတ်လန့်တုန်လှုပ်စေသည်၊ သူမအား ယုံကြည်ရန် ခက်ခဲစေ၏။

ဒါ အစီအရင်တစ်ခုပဲ၊ ပြိုင်ဘက်ကင်းစွမ်းအားရှိတဲ့အစီအရင်တစ်ခုပဲ......

သူမက အစီအရင်ဝင်္ကပါများစွာအား မြင်ဖူးသည်၊ သူမသည်လည်း ကျွမ်းကျင်မှုအချို့ ရှိ၏၊ သို့သော် သူမတစ်သက်တွင် ဤကဲ့သို့ဧရာမအား‌ကောင်းသောအရှိန်အဝါတစ်ခုအား ထုတ်လွှတ်သည့် ဆန်းကြယ်လှသောအစီအရင်တစ်ခုအား မြင်တွေ့ရလိမ့်မည်ဟု ဘယ်တော့မှ မထင်ထားခဲ့ပေ။

"ဒါ ဘယ်သူများ ဖြစ်နိုင်လဲ။ ဒီအဆင့်ရှိတဲ့အစီအရင်ကို ဘယ်သူများ လုပ်ခဲ့တာလဲ။ ဂိုဏ်းရဲ့တောင်အကာအကွယ်အစီအရင်ကတောင် ဒီတစ်ခုလောက် အားမကောင်းဘူး။ စွမ်းအားချင်းယှဉ်ရင် နေ့နဲ့ညလိုပဲ"

သူမက ရွှေရောင်စွမ်းအင်ဒိုင်းကာနှင့် နီးကပ်လာသောအခါ အမျိုးသမီးတာအိုပညာရှင်က နဂါးကိုးကောင်ကျွန်းပေါ်ရှိတစ်‌ယောက်ယောက်အား မဆက်သွယ်သေးဘဲ ကျွန်းပတ်လည်၌ ပျံသန်းနေ၏၊ လှည့်ပတ်ရင်း တစ်နာရီကျော်ကြာသည့်မထိ လေ့လာ‌နေခဲ့သည်။ သို့သော် သူမက ဤအစီအရင်၏ဆန်းကြယ်မှုအား ဖြတ်မမြင်နိုင်သေးပေ။ သူမက မထိုးဖောက်နိုင်ရုံတင်မက ကြိုးစားလျှင် အသတ်ခံရလိမ့်မည်ဟု ခံစားမိနေ၏။

အဆုံးတွင် သင်္ဘောက ရောက်လာပြီး သူမက ကုန်းပတ်ပေါ်သို့ တက်ကာ အော်ပြောလိုက်သည်"စည်းလုံးခြင်းဂိုဏ်းရဲ့တာအိုဇီရွှယ်က ကျွန်းပိုင်ရှင်ဆီ အလည်လာပါတယ်။ ကျွန်းပိုင်ရှင်အနေနဲ့ တွေ့ဆုံခွင့်ပြုဖို့ ငါ မျှော်လင့်ပါတယ်"

"အစီအရင်က အသက်သွင်းကာစပဲ၊ ပြီးစီးဖို့ နောက်ခုနှစ်ရက် လိုအပ်တယ်။ ခုနှစ်ရက်ပြည့်မှ ကျွန်းအစီအရင်က အပြည့်အဝပုံပေါ်လိမ့်မယ်၊ ထိုအခါကျမှ မင်း ဝင်ဖို့ အစီအရင်ကို ဖွင့်ပေးမယ်။ အခု ဖွင့်မယ်ဆိုရင် အစီအရင်ကို ပျက်ဆီးစေလိမ့်မယ်။ တာအိုဇီရွှယ်အနေနဲ့ နားလည်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်"

အဖြေက တာအိုဇီရွှယ်က အချိန်အတန်ကြာ နှုတ်ဆိတ်သွားစေသည်။ ထို့နောက် သူမက ဖြည်းဖြည်းချင်း ပြန်ဖြေ၏"ဒီလိုဆိုတော့ ငါတို့ ခုနှစ်ရက် စောင့်နေပါ့မယ်"

နန်းတော်ခေါင်မိုးအထက်တွင် ထန်ရှုက နေ့လည်စာ စားလျက်ရှိပြီး အသားများအား အငမ်းမရမျိုချနေ၏။ အစီအရင်တည်ဆောက်နေရသောကြောင့် သူက တစ်ငုံတစ်လုတ်ပင် မဝါးမမျိုရသေးပေ၊ တစ်ချိန်တည်းတွင် သူက စွမ်းအင်အမြောက်အများသုံးစွဲခဲ့ရသည်၊ ဤအရာက သူ့အား အလွန်ဆာလောင်စေ၏။

သူ့အနောက်တွင် ကျီချီးမိန်က သဘောကျကာ ပြုံးနေမိ၏။ တစ်ချိန်က ထန်ရှု၏အဆင့်အတန်းကို သူမ သိသောကြောင့် စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိသည်။ အင်မော်တယ်ကမ္ဘာရဲ့အန္တိမအရှင်က သူ့ရဲ့ပုံရိပ်ကိုတောင် ဂရုမစိုက်ဘဲ ခေါင်းမိုးထက်တွင် ထိုင်ကာ ဝံပုလွေတစ်ကောင်အလား စားသောက်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူ၏လက်ရှိအသွင်အပြင်အား အင်မော်တယ်ကမ္ဘာရှိမျိုးနွယ်စုများ၊ သက်ရှိများကသာ မြင်တွေ့ခဲ့မိလျှင် သူတို့က မျက်လုံးများပြူးကျယ်လျက် သေချာပေါက် အံ့ဩတုန်လှုပ်သွားပေလိမ့်မည်။

"မင်း ဖြည်းဖြည်းစားသင့်တယ်၊ ငါ့အရှင်။ မလုံလောက်ရင် ငါ နောက်ထပ်ယူလာပေးပါ့မယ်"ကျီချီးမိန်က တရိုတသေပြောလိုက်၏။

ထိုအချိန်တွင် ထန်ရှု၏ပါးစပ်က အစာများနှင့် ပြည့်နေရကာ သူက စကားမပြောသေးဘဲ လက်ကိုသာ ဝှေ့ယမ်းပြလိုက်သည်။ နောက်ဆုံးအလုတ်အား စားပြီးနောက် သူက ပါးစပ်သုတ်ကာ ပြောလိုက်ချေသည်"မင်းက အင်မော်တယ်ဟုတ်မဟုတ်ကိစ္စမရှိဘူး၊ အစားအစာတွေ မတူညီရင်တောင် လူတိုင်းက စားသောက်ဖို့ လိုအပ်တယ်။ အခု ငါက သာမန်လူတစ်ယောက်ပဲ၊ ဒါကြောင့် ဆန်နဲ့ပေါင်မု့န်တွေ စားဖို့ မရှိမဖြစ်လိုအပ်တယ်။ ဘာပဲပြောပြော မင်းရဲ့ဗိုက်ကို အပြည့်ဖြစ်ထားတာက ခံစားချက်ကောင်းစေတယ်လေ။ ဒါနဲ့ ငါ ခဏအနားယူအုံးမယ်၊ ကျီချီးမိန်။ အရေးကြီးတာမရှိရင် ငါ့ကို မနှောင့်ယှက်နဲ့"

"သင့်ဆန္ဒအတိုင်းပါ၊ အရှင်"ကျီချီးမိန်က ပြုံးကာ ပြန်ဖြေသည်။

ထို့နောက် ထန်ရှုက ခေါင်မိုးမှ ဆင်းသက်၏။ သူ နန်းတော်သို့ ရောက်သောအခါ ကျင်းချန်ဇီဦးဆောင်လာသောစည်းလုံးခြင်းဂိုဏ်းမှလူငယ်များက ထို‌နေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရ၏။ သူတို့က ဓားရှည်များ ကိုင်ဆွဲလျက် သူ့ဆီသို့ အလျင်အမြန်ပြေးလာသည်။

"မင်းတို့ ဘာပြောချင်တယ်ဆိုတာ ငါ သိတယ်။ ငါက ဧည့်ဝတ်မကျေပွန်ချင်လို့တော့မဟုတ်ဘူး၊ မင်းတို့ဆရာရောက်လာတာက အချိန်ကိုက်သွားလို့ပဲ။ ငါ အစီအရင်ကို အသက်သွင်းပြီးမှ သူမ ရောက်လာတာ။ ငါ ပြောခဲ့သလိုပဲ၊ လောလောဆယ် ငါ အစီအရင်ကို ပြန်ပိတ်လို့မရဘူး၊ ဒါကြောင့် သူမ ခုနှစ်ရက် စောင့်ရမယ်၊ မဟုတ်ရင် ငါ့ရဲ့အားထုတ်မှုက အလဟဿဖြစ်သွားလိမ့်မယ်"

"အကိုထန်၊ ငါ့ဆရာက အထဲကို မဝင်နိုင်ဘူး။ ဒါဆို ငါတို့ရော.....ငါတို့က အပြင်ထွက်လို့ရလား"ကျင်းချန်ဇီက အားတင်းပြုံးလျက် မေး၏။

"မင်းတို့လဲ အပြင်ထွက်လို့မရဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"မင်းတို့မှာ အဲလိုလုပ်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ မထင်ရင် မင်းတို့ရဲ့တစ်ခုတည်းသောရွေးချယ်စရာက ကျွန်းပေါ်မှာ တစ်ပတ်တိတိနေဖို့ပဲ"

လူငယ်ခြောက်ယောက်က အကြည့်များဖလှယ်ကြကာ ရှုံ့မဲ့ပြံးလျက် ခေါင်းခါယမ်းလိုက်ကြ၏။ ကျွန်းကို ကာကွယ်ထားသော အစီအရင်ဘယ်လောက်အားကောင်းသလဲကို သူတို့က အာရုံခံနိုင်သည်။ သူတို့က အတင်းထိုးဖောက်လျှင် ရလဒ်ကို သူတို့ သိ၏၊ ထိုအရာက သေခြင်းတရားပင်။

***

All Chapters