← Chapters

အခန်း (၅၇၁)

Vol. 42 Ch. 571

အခန်း (၅၇၁)

Vol. 42 Ch. 571

လို့ယွဲ့ရွှမ်းကို အံ့ဩသွားစေသည်မှာ သူမ နောက်လိုက်လာသော ထိုလူများက  သူမကို ကျော်သွားခြင်း ဖြစ်၏။ သူမက ထင်ထင်သာသာကြီး ရှိနေလျက်နှင့်  သူတို့က သူမကို မမြင်သကဲ့သို့ ပြုမူသွားကြသည်။

နောက်ထပ် ဆယ်ရှိုက်စာလောက် အကြာတွင်  ထိုလူများက အဝေး တစ်နေရာအထိ ရောက်နေပြီး သူမ  ထွက်ပြေးသွားကြောင်း စိုးရိမ်နေကြဟန် ပေါ်သည်။

“ရှင်က  လျှို့ဝှက် လွတ်မြောက်ရေး အတတ်ပညာကို သိနေတာလား“ လို့ ယွဲ့ရွှမ်းက မိုဝူကျီကို တအံ့တဩ ကြည့်လိုက်ပြီး သူမ အသံတွင် စိတ်လှုပ်ရှားမှု အနည်းငယ် ပါဝင်နေသည်။

သူမက မိုဝူကျီ တစ်ယောက် ကျောက်ခဲများ၊ တုတ်ချောင်းများ နေရာချနေသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ထို့ကြောင့်သာ  သူမနောက်မှ လိုက်လာသူများမှာ  သူမကို မမြင်တွေ့တော့ခြင်း ဖြစ်ပေသည်။

လျှို့ဝှက် လွတ်မြောက်ရေး အတတ်ပညာဆိုပါ့လား  ...

မိုဝူကျီက ကမ္ဘာမြေရှိ ကိုယ်ပျောက် အတတ်ပညာကို တွေးမိလိုက်ပြီး ထိုနှစ်ခုမှာ ပုံစံဆင်နေလေသည်။ သို့သော် လက်တွေ့တွင် သူ လုပ်လိုက်သည်က ဖုံးကွယ်ရေး အစီအရင် ခင်းကျင်းလိုက်ရုံမျှ ဖြစ်၏။ ဤအစီအရင်တွင် ဝိညာဉ်စွမ်းအားများ မပါဝင်နေသောကြောင့် အားကောင်းသော ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် အသုံးမဝင်ပေ။  သူ့အစီအရင်မှာ ကျောက်ခဲ၊ တုတ်များ နေရာချထားပြီး ခင်းကျင်းထားရုံမျှ ဖြစ်ကာ ထိုလူများ၏ အမြင်အာရုံကို လှည့်စားလိုက်ခြင်း ဖြစ်၏။ တခြားနည်းဖြင့် ဆိုရလျှင် အာရုံပြောင်းလဲစေသည့် နည်းစနစ် တစ်ခုသာ ဖြစ်သည်။

ကိုယ်ပျောက် အတတ်ပညာမှာလည်း အာရုံလွဲခြင်း နည်းစနစ်နှင့် ဆင်တူသော်လည်း  ပို၍ အဆင့်မြင့်ပေသည်။

တရုတ်သမိုင်းကား အံ့ဖွယ်များနှင့် ပြည့်နှက်နေရာ ရှေးဟောင်း အချိန်တုန်းက မဟာဗျူဟာ ပညာရှင်တချို့က   ရန်သူများကို ရင်ဆိုင်ရန် ကိုယ်ပျောက် အတတ်ပညာကို သုံးခဲ့ကြဖူးသည်။  ထိုလူများနွင် ကျန်းဇီယာ၊ ကျူးကောလျန့်တို့ အစရှိသဖြင့် ပါဝင်ကြသည်။  သို့သော် အမှန်တရားကို ပြောရလျှင် ဤကိုယ်ပျောက် အတတ်ပညာမှာ  တာအိုမှော်ပညာ မဟုတ်ဘဲ အာရုံလွဲသည့် နည်းစနစ်တစ်ခုသာ ဖြစ်နေ၏။

လို့ယွဲ့ရွှမ်း ပြောလိုက်သည့်  လျှို့ဝှက် လွတ်မြောက်ရေး အတတ်ပညာသည် ကိုယ်ပျောက် အတတ်ပညာနှင့် ဆင်တူနေလေ၏။

မိုဝူကျီက ခေါင်းခါကာ “မဟုတ်ပါဘူး၊ အာရုံလွဲတဲ့ နည်းလမ်းလေး ထုတ်သုံးလိုက်ရုံပါ။  ကျုပ် အားတုန်း သင်ထားတာလေနဲ့ လှည့်စားလိုက်တာပါ။  အဲဒီလူတွေ ပြန်မလာခင် မြန်မြန် သွားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်  ... မဟုတ်ရင် ပြဿနာ များသွားနိုင်တယ် ”

“အစ်ကိုကြီးကို ကျေးဇူးတင်ပါတယ် ... ကျမ နာမည်က လို့ယွဲ့ရှန်းပါ။ အန်းကျင်း တက္ကသိုလ်မှာ အလယ်အလတ်အတန်း    မှော်စွမ်းအင် ကျင့်ကြံခြင်း ကျောင်းသူပါ“ လို့ ယွဲ့ရှန်းက  မိုဝူကျီသည် ရိုးရှင်းသည့်သူ မဟုတ်ကြောင်း သေချာ၍  ချက်ချင်း ဦးညွှတ်ကာ ကျေးဇူးစကား ဆိုလိုက်သည်။

မိုဝူကျီက မြန်မြန် မေးလိုက်သည် “အဲဒါဆို မှော်စွမ်းအင်ကို ဘယ်လို ကျင့်ကြံတာလဲ။ ဘေးပတ်လည်ကနေ သဘာဝစွမ်းအား စုပ်ယူတာပဲလား”

လို့ယွဲ့ရှန်းက မိုဝူကျီသည် မှော်စွမ်းအင် ကျင့်ကြံခြင်းကို  မသိကြောင်း ကြားသောအခါ မိုဝူကျီ၏ ယခင် စကားများကို စတင်ယုံလာသည်။ သူက  လျှို့ဝှက် လွတ်မြောက်ရေး အတတ်ပညာကို မရည်ရွယ်ဘဲ တတ်မြောက်လာခြင်း ဖြစ်လိမ့်မည်။

သူမက ရှင်းပြလိုက်သည် “ကျမလည်း သေချာမသိဘူး။  အလယ်အလတ် အတန်းပဲ ရှိသေးတာ ဆိုတော့လေ ... အဆင့်မြင့်အတန်းက ကျောင်းသားတွေတော့  မိုးနဲ့မြေက မှော်စွမ်းအင်ကို ခံစားနိုင်ကြတယ်”

“အဆင့်မြင့်အတန်းက  ကျောင်းသားတွေပဲ အချိန်မရွေး မှော်စွမ်းအင်ကို ခံစားမိကြတာလား “မိုဝူကျီက အလောတကြီး မေးလိုက်၏။

လို့ယွဲ့ရွှမ်းက ခေါင်းခါကာ “တချို့ ပါရမီရှင်တွေတော့ လုပ်နိုင်တယ်။  ဒါပေမဲ့လည်း  လူ အများစုက  မှော်စွမ်းအင် အစီအရင် ပညာရှင် ခင်းကျင်းပေးထားတဲ့ မှော်စွမ်းအင် အစီအရင်ထဲက စွမ်းအင်ကို အာရုံခံမိကြတာ ...  ပြီးတော့ သူတို့က  မှော်စွမ်းအင် ကျောက်တုံးတွေကို သုံးကြတယ် ”

သူမက ထိုအထိ ပြောပြီးနောက် လို့ယွဲ့ရွမ်းက  ထိုလူများ  ပျောက်သွားသည့် နေရာသို့ ကြည့်လိုက်သည်။  သူမက မိုဝူကျီကို ထပ်မပြောသင့်ဘဲ ချက်ချင်း ထွက်သွားသည်က အကောင်းဆုံး ဖြစ်ကြောင်း သိပေသည်။

မိုဝူကျီက ထိုအရာကို သတိပြုမိပြီး “အရင်ပြန်နှင့် လိုက်တော့လေ  ... ဒါနဲ့ ကျုပ် အန်းကျင်း တက္ကသိုလ်ဆီ ဝင်ဖို့ နည်းလမ်း များရှိလား ”

လို့ယွဲ့ရွှမ်းက  အံ့ကို ကြိတ်ကာ  အသက်ပြင်းပြင်း ရှုပြီးနောက်  ပြောလိုက်သည် “ကျမ ခေါ်သွားပေးမယ် ... အတူ လိုက်ခဲ့လေ ”

မိုဝူကျီက ထိုစကားကို ကြားသောအခါ  ထပ်မမေးတော့ဘဲ  လို့ယွဲ့ရွှမ်းနောက်မှ မြန်မြန် လိုက်သွားလိုက်သည်။

သူက ထိုကျောက်တုံးများမှာ ဝိညာဉ်စွမ်းအား ကျောက်တုံးများလား သိချင်မိသည်။  မှော်စွမ်းအင် အစီအရင်များမှာ ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်များ ဖြစ်နေမလား ...

တက္ကသိုလ်အဝင်ဝ၌  အစောင့် ခြောက်ယောက် ရှိနေသည်။ လို့ယွဲ့ရွမ်းက အစောင့်များဆီ  သစ်သား အမှတ်အသားပြားကို ထုတ်ပြလိုက်ပြီးနောက် မိုဝူကျီကို ညွှန်ပြကာ ပြောလိုက်သည် “သူက ကျမရဲ့ ကိုယ်ပိုင် သက်တော်စောင့်ပဲ  ”

အစောင့်များက ဂိတ်တံခါးကို ချက်ချင်း ဖွင့်ပေးလိုက်ကြသည်။ သူတို့က မေးခွန်းပင် မထုတ်ပေ။ သို့သော်လည်း မိုဝူကျီက လို့ယွဲ့ရွှမ်းနောက်မှ လိုက်ဝင်လိုက်သည့်အခါ  အစောင့်နှစ်ယောက်၏ မျက်နှာ၌  အံ့ဩသွားသည့် အမူအယာ ဖြတ်ပြေးသွားကြောင်း သတိပြုမိလိုက်သည်။ သိသာလှစွာ  သူတို့က လို့ယွဲ့ရွမ်း  ဘေးကင်းကင်း ပြန်ရောက်လာလိမ့်မည်ဟု မထင်ထားကြပေ။

သူတို့ အမူအယာကို  တစ်ချက်ကြည့်ရုံဖြင့် မိုဝူကျီက  ထိုလူနှစ်ယောက်မှာ လို့ယွဲ့ရွှမ်းနောက်မှ လိုက်လာသော  လူများ၏ သတင်းပေး ဖြစ်ကြောင်း  တန်းသိလိုက်သည်။

“လို့ယွဲ့ရွမ်း ... အဲဒီအစောင့်တွေက  အဲဒီလူတွေရဲ့ သတင်းပေးတွေ ထင်တယ်“ မိုဝူကျီက တိုးတိုး ပြောလိုက်သည်။

လို့ယွဲ့ရွမ်းက ခေါင်းညိတ်ကာ “ကျမလည်း သိပါတယ်။ တက္ကသိုလ်ထဲ ရောက်တာနဲ့ သူတို့မှာ ဘယ်လိုပဲ သတင်းပေးရှိရှိ အဲဒီလူတွေက ကျမကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး။  ဒီနေ့ ကျမ အပြင်ထွက်လာတာကို သိလို့ တမင် စောင့်နေကြတာ ... ”

နှစ်ယောက်သား ပြောရင်းဖြင့် အန်းကျင်း တက္ကသိုလ်ထဲ ဝင်လာကြသည်။ လို့ယွဲ့ရွှမ်း၏ ခြေလှမ်းများက နှေးကွေးလှရာ မိုဝူကျီက သူမသည် သူ့အား မည်သည့်နေရာတွင် ထားရမည်ကို မသိသေးကြောင်း မှန်းဆမိ၏။

အကယ်၍ သူက အစီအရင်ထဲ ဝင်လိုလျှင် ဒါမှမဟုတ်  မှော်စွမ်းအင် ကျောက်တုံး ရလိုလျှင် လို့ယွဲ့ရွမ်းနှင့် မိတ်ဆွေဖွဲ့ထားရန် လိုအပ်မှန်း ကောင်းကောင်း သိ၏။

သူတို့ အန်းကျင်း တက္ကသိုလ်ထဲ ရောက်လာသည်နှင့် မိုဝူကျီက ပြောလိုက်သည် “ကျုပ်နာမည်က မိုဝူကျီပါ။ ကျုပ် အဖြစ်ချင်ဆုံး ဆန္ဒက  မှော်ကျောက်တုံးကို တစ်ခါလောက် မြင်ဖူးချင်တာပါ။ ဒါမှမဟုတ်  အစီအရင် ပညာရှင်တွေကနေ ခင်းကျင်းထားတဲ့  မှော်စွမ်းအင် အစီအရင်ကို ကြုံတွေ့ဖူးချင်တာပါ  ”

“အစ်ကိုကြီးမိုက အဲဒီနယ်ပယ်ကို စိတ်ဝင်စားမှန်း သိပါတယ်။ မဟုတ်ရင် အစ်ကိုကြီးက  လျှို့ဝှက်လွတ်မြောက်ရေး အတတ်ပညာကို သင်ထားမှာ မဟုတ်ဘူး။ ဒါပေမဲ့   ဒီအန်းကျင်း တက္ကသိုလ်မှာ လေ့လာချင်ရင်တော့ အတော်လေး ခက်လိမ့်မယ်”

သူမက ထိုသို့ပြောပြီးနောက် လို့ယွဲ့ရွမ်းက ခဏ ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။  “ကျမမှာ အကြံရှိတယ်။  သိပ်မကြာခင်  မှော်စွမ်းအင် ကျင့်ကြံခြင်း အတန်းအတွက် စစ်ဆေးမှု ရှိတယ်။  တကယ်လို့ ကျမ ကြိုးစားရင် ဝင်နိုင်လောက်တယ်။ အဆင့်မြင့် ကျောင်းသားတိုင်းက  ကိုယ်ပိုင် ကာကွယ်နိုင်ဖို့  မှော်စွမ်းအင် အစီအရင်ထဲ  သက်တော်စောင့်  ခေါ်ခွင့် ရှိတယ်။ အဲဒီအချိန်ကျ ရှင်က ကျမရဲ့ သက်တော်စောင့် လုပ်လို့ ရတယ် .... ဒါပေမဲ့ ရှင့်အနေနဲ့ မတရားသလို ဖြစ်နေမှာ  စိုးလို့   ”

မိုဝူကျီအနေဖြင့် အဘယ်ကြောင့် တရားမှုတွေ၊ အတုအယောင်တွေ ဂရုစိုက်နေနိုင်မည်နည်း။ သူက စိတ်စွမ်းအင် နည်းနည်း ပြန်ကောင်းလာလျှင်  ဤနေရာမှ အလွယ်တကူ ထွက်သွားနိုင်လိမ့်မည်။

“မဖြစ်ပါဘူး  ... ကိစ္စမရှိပါဘူး  ...  ကျုပ် လုပ်မယ်“ မိုဝူကျီက ပြောလိုက်ရသည်။

“ဒါပေမဲ့  အဆင့်မြင့် အတန်းကို ဝင်ဖို့ ဘယ်လောက်ကြာမှာလဲ ”

“နောက်နှစ်ဝက်နေရင် ဝင်ဖြေဖို့ ကြံထားတာ ... အဲဒီကျ အောင်မြင်လိမ့်မယ်လို့ ယုံကြည်တယ် “လို့ယွဲ့ရွမ်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။

နှစ်ဝက်အကြာတဲ့လား  ...

မိုဝူကျီက အနည်းငယ် ကြောင်အမ်းမိသွားသည်။ အကယ်၍ သူသာ ဤဂြိုလ်၌ နှစ်ဝက်ခန့် နေနေရမည်ဆိုလျှင် တခြားနေရာသို့သာ သွားပြီး တခြားအခွင့်အရေး သွားရှာလိုက်မည်။  သူက ဤနေရာ၌ နှစ်ဝက် စောင့်နေမည် မဟုတ်ပေ။

မိုဝူကျီက ထိုအတွေးဖြင့်  မလိုလားစွာ ပြန်ပြောလိုက်သည် “နှစ်ဝက်က အချိန်အတိုဆုံးလား ... အဲဒီထက် နည်းလို့  မရတော့ဘူးလား ”

လို့ယွဲ့ရွမ်းက နေရခက်စွာ ပြန်ဖြေလိုက်၏ “သုံးရက်အကြာရင် စစ်ဆေးမှုတော့ ရှိပေမဲ့  ကျမ ရှုံးမှာ သေချာနေတာမလို့ မသွားတော့တာ”

မိုဝူကျီက မျက်မှောင်ကျုတ်ကာ စဉ်းစားကြည့်လိုက်သည်။ အချိန်ခဏအကြာတွင် မေးလိုက်သည် “ အဲဒါဆိုရင် မင်းရဲ့ ကျင့်စဉ်ကို ပြလို့ ရမလား  ”

လို့ယွဲ့ရွမ်းက  မသက်မသာ ခံစားနေရပြီး ခေါင်းခါလိုက်ကာ “အစ်ကိုကြီးမို ... ကျမ မပြချင်တာ မဟုတ်ပါဘူး။ ဒါပေမဲ့  ကျောင်းကို ဝင်တုန်းက သဘောတူညီမှုကို လက်မှတ် ထိုးခဲ့ရတယ်။ ကျောင်းရဲ့  မှော်စွမ်းအင် ကျင့်စဉ်ကို ဘယ်သူကိုမှ မပြပါဘူးလို့  ...”

“ဒီလိုဆိုတော့မှလည်း  မင်း  မသိတာ မရှိဘူးလား။  မေးကြည့်ပါလား“ မိုဝူကျီက ဗလာနတ္ထိမှ ကိုယ်ပိုင် ကျင့်စဉ်ကို ဖန်တီးခဲ့ကြောင်း ရုတ်ချည်း တွေးမိသွားသည်။ သူ့တွင် ဝိညာဉ်ကြော မရှိသော်လည်း  ချီသွေးကြော ၁၀၈ ခုကို ဖွင့်နိုင်ခဲ့၏။  လို့ယွဲ့ရွမ်းကို အဆင့်မြင့်အတန်း ဝင်နိုင်ရန် မကူညီနိုင်ကြောင်း မယုံပေ။

လို့ယွဲ့ရွမ်းက ခဏတာ စဉ်းစားနေပြီးနောက် “အစ်ကိုမို  အဲဒါကလေ ...”

သူမက မေးခွန်း  မေးရန် ချင့်ချိန် စဉ်းစားနေခြင်း မဟုတ်ပေ။ မိုဝူကျီက မှော်စွမ်းအင် ကျင့်ကြံခြင်းကိုပင် မသိရာ သူ့အနေဖြင့် သူမကို မည်သို့ ဖြေရှင်းပေးနိုင်မည်နည်း။

“အရင်ဆုံး ရိုးရှင်းတာ မေးကြည့်ပေါ့ ... တကယ်လို့ ကျုပ်က အဲဒါကို မဖြေနိုင်ရင်  ထပ်မမေးနဲ့တော့လေ“ မိုဝူကျီက ပြောလိုက်သည်။

သူက စာအုပ်ဆိုင်၌ ကျင့်ကြံခြင်းဆိုင်ရာ စာအုပ်အချို့ မြင်တွေ့ဖူးသော်လည်း အထဲရှိ အကြောင်းအရာများမှာ ပြန့်နေပြီး  နားမလည်နိုင်ပေ။ သို့သော် လို့ယွဲ့ရွမ်း၏ စကားကို ကြားပြီးနောက် သူ ဖတ်ထားသည့် အရာများကို  ဝါးတားတား နားလည်လာသည်။  မှော်စွမ်းအင်မှာ ဝိညာဉ်စွမ်းအား၏ အတွင်းပုံစံ တစ်ခု ဖြစ်ပြီး ဤသို့သော ဝိညာဉ်စွမ်းအားမျိုးမှာ ကျင့်ကြံခြင်းရှိ ဝိညာဉ်စွမ်းအားနှင့် ကွဲပြား၏။  ထို့ကြောင့် သူ့အနေဖြင့် မခံစားနိုင်ခြင်း ဖြစ်ပေသည်။ ရလဒ်အနေဖြင့် သူ ဖတ်ထားသော အကြောင်းအရာများကို နားမလည်ခြင်း ဖြစ်ပေသည်။

သို့သော် မှော်စွမ်းအင် စုပ်ယူနည်း အဆင့်နိမ့် ကျင့်စဉ်ကို ယူမည်ဆိုလျှင် သူ့အနေဖြင့်  မကျေမနပ် ဖြစ်မိလိမ့်မည်။

“မကျေမနပ်” ဖြစ်မိသည့် အကြောင်းအရင်းမှာ  အထဲရှိ နည်းလမ်းမှာ  ကိုယ့်လက်သည်းကို ဒေါသတကြီး ပြန်ကိုက် ရလောက်သည့်အထိ ညံ့ဖျင်းနေ၍ ဖြစ်သည်။  ကျင့်ကြံခြင်းမှာ ရိုးရှင်းသော်ငြား  သူတို့က လေမလည်ခင် ဘောင်းဘီ ချွတ်ရမည့်အလား ရေးသားထားခြင်း ဖြစ်၏။ ပြောရမည်ဆိုလျှင် မှန်ကန်သည့်  တူညီချက် မဟုတ်သေးပေ။ အတိအကျမှာ ဘောင်းဘီချွတ်ပြီးနောက် နာရီအတော်ကြာ စောင့်ပြီးမှ လေလည်သည့် သဘောမျိုး ဖြစ်နေသည်။

“ဟုတ်ပြီလေ .... ကျမ မှော်စွမ်းအင်ကို ကျင့်ကြံတဲ့အခါ  စွမ်းအင်တွေက စွမ်းအင် ဗဟိုချက်ထဲ ရွေ့လျားနေပေမဲ့ မှော်စွမ်းအင် တချို့ကျ ပျောက်ကွယ်သွားတယ်။ ကျမ စုပ်ယူထားတာက  အသုံးမဝင်တဲ့ အညစ်အကြေးတွေလိုမျိုး ဖြစ်သွားတယ်”

လို့ယွဲ့ရွမ်း စကားမဆုံးခင် မိုဝူကျီက ပြောလိုက်သည် “လွယ်လွယ်လေးပါ  ... သဘာဝ စွမ်းအားတွေကို ဖွဲ့စည်းဖို့က အရင်ဆုံး မကျင့်ကြံခင်  စွမ်းအားကို ဖိထားဖို့ လိုတယ် ...  အဲဒါကြောင့် ဝိညာဉ်စွမ်းအား  မပြည့်လာတာ ... မဟုတ်သေးဘူး  မင်းရဲ့ မှော်စွမ်းအင် ပြည့်မလာတာက  မင်း မဖိထားလို့ပဲ။  ဗဟိုချက် အစွန်းကို သုံးကြည့်  ...  စွမ်းအင်ကို စုပ်ဖို့  အစွန်းဆုံး  ဝိညာဉ်လမ်းကြောင်းကို သုံးကြည့်  ... ပြီးရင် လှည့်ပတ်ကြည့်လိုက်  ... ”

“ခဏ အစ်ကိုမို ...  အစွန်းဆုံး ဝိညာဉ်လမ်းကြောင်းက ဘာကြီးလဲ“ လို့ ယွဲ့ရွမ်းက မိုဝူကျီ စကားကို ဖြတ်မေးလိုက်သည်။

မိုဝူကျီက မျက်မှောင် ကျုတ်လိုက်သည်။ သူက လို့ယွဲ့ရွမ်းမှာ  ဝိညာဉ်လမ်းကြောင်း တစ်ခုမှ မဖွင့်ရသေးကြောင်း မှန်းဆမိသွားသည်။ ပို၍ ဆိုးရွားလျှင် သူမက စိတ်ဝိညာဉ် မဖွင့်ရသေးခြင်း ဖြစ်နိုင်သည်။

သူက ခဏတာ တွေးတောလိုက်ပေမဲ့  လို့ယွဲ့ရွမ်း၏ လည်ချောင်း အောက်ခြေကို ထောက်ကာ ပြောလိုက်သည် “ဒါက အစွန်းဆုံး ဝိညာဉ်လမ်းကြောင်းပဲ။ တကယ်လို့  အဲဒီလမ်းကြောင်း မဖွင့်ရသေးရင် မင်းကို ကူပေးနိုင်တယ်။ ဒါပေမဲ့ အဲဒီနေရာကနေ မှော်စွမ်းအင်ကို ခံစားလို့ ရလားဆိုတာ  အရင်ဆုံး စမ်းကြည့်ပါဦး ...”

လို့ယွဲ့ရွမ်းက တွေဝေမနေဘဲ မိုဝူကျီ၏ ညွှန်ကြားချက်များအတိုင်း လိုက်လုပ်လိုက်သည်။ အသက်ရှုကြိမ် ဆယ်ကြိမ်ခန့်အတွင်း သူမက မိုဝူကျီကို တအံ့တဩ ကြည့်ကာ ပြောလိုက်သည် “အစ်ကိုမို ... ကျမ မှော်စွမ်းအင်ကို အလွယ်လေး ခွဲနိုင်သွားတယ် ... ဒါက လှည့်ပတ် လမ်းကြောင်းက ဘယ်နေရာမှာလဲ  ”

လို့ယွဲ့ရွမ်း အသံတွင် စိတ်လှုပ်ရှားမှုများ ပါဝင်နေရုံသာမက ပျော်ရွင်မှုများနှင့်အတူ အံ့အားသင့်မှုများလည်း ပါဝင်နေသည်။

မိုဝူကျီက လို့ယွဲ့ရွမ်းကို သာမာန်ကျင့်ကြံသူများ အသုံးပြုသည့် နည်းလမ်းကို သင်ပြလိုက်ရုံမျှ ဖြစ်ပြီး ဘာမှ မဟုတ်သေးပေ။ ကျင့်ကြံသူများ ကျင့်ကြံကြသည့်အခါ  သူတို့ စုပ်ယူလိုက်သော ဝိညာဉ်စွမ်းအားများတွင် မသန့်စင်မှုများ ပါဝင်နေ၏။ ထိုအညစ်အကြေးများကို  အစွန်းဆုံး ဝိညာဉ်လမ်းကြောင်းထဲ  ဖယ်ရှားပေးဖို့ လိုအပ်ပြီး  လှည့်ပတ် လမ်းကြောင်းထဲ ဖိနှိပ်ထားဖို့ လို၏။  ဝိညာဉ်ကြော မတူညီသူများအတွက် လှည့်ပတ် လမ်းကြောင်းလည်း မတူညီကြပေ။

မိုဝူကျီက  လို့ယွဲ့ရွမ်းသည်  ဝိညာဉ်လမ်းကြောင်း မဖွင့်ရသေးသော်လည်း  မှော်စွမ်းအင်ကို ခွဲခြားနိုင်လိမ့်မည်ဟု မမျှော်လင့်မိခဲ့ပေ။ မကြာခင် မိုဝူကျီက အဖြစ်အပျက်ကို နားလည်သွား၏။ သူက မြန်မြန် မေးလိုက်သည်။

“လို့ယွဲ့ရွမ်း  ... အရင် မှော်စွမ်းအင် မကျင့်ကြံခင်တုန်းက  စိတ်ဝိညာဉ် ဖွင့်တာမျိုးနဲ့ တူတာမျိုး လုပ်ဖူးလား ”

လို့ယွဲ့ရွမ်းက စိတ်အားထက်သန်စွာ   ခေါင်းညိတ်ကာ “ဟုတ် ... အန်းကျင်း တက္ကသိုလ်ရဲ့ မှော်စွမ်းအင် ကျင့်ကြံခြင်းအတန်းက ကျောင်းသားအားလုံးက မှော်စွမ်းအင်ကြော ဖွင့်တာက ကျော်ဖြတ်ရတယ်။ မှော်စွမ်းအင်ကြောနဲ့ ကျောင်းသားတွေပဲ ကျင့်ကြံနိုင်ကြတာ ... လူတော်တော်များများက သူတို့ မှော်စွမ်းအင်ကြောကို မဖွင့်နိုင်ကြလို့  မကျင့်ကြံနိုင်ကြဘူး  ”

ဒီလိုကိုး ...

ဤသို့ဆိုလျှင် မိုဝူကျီက လို့ယွဲ့ရွမ်းကို  အဆင့်မြင့်အတန်းဆီ ပို့ဖို့ရာ ယုံကြည်ချက် ပိုရှိသွား၏။  မိုဝူကျီ စိတ်ပူနေသည့် တစ်ခုတည်းသော အရာမှာ  ဤနေရာရှိ မှော်စွမ်းအင်တွင် ဝိညာဉ်စွမ်းအားများ မပါဝင်နေမည်ကို ဖြစ်သည်။ သူက ကျင့်ကြံဖို့ ကြိုးစားကြည့်သော်လည်း  ဝိညာဉ်စွမ်းအားမျိုး မခံစားမိပေ။

မရင်းနှီးသည့် စွမ်းအားမျိုးသာ ခံစားမိ၏။

***

All Chapters